Thursday, October 14, 2010

ကမ္ဘာ့အရှည်ဆုံး လျှပ်စစ် မော်တော်ဆိုင်ကယ် တရုတ်ပြည်တွင် တီထွင်

တရုတ်နိုင်ငံတွင် ကျင်းပသော Zhejiang နိုင်ငံတကာ လျှပ်စစ် မော်တော်ဆိုင်ကယ် ပြပွဲတွင်  ၅.၂ မီတာ (၁၇ ပေ) ရှည်လျားသော မော်တော်ဆိုင်ကယ်ကို ပြသခဲ့သည်။ ထို မော်တော်ဆိုင်ကယ်သည် လူ (၈) ယောက် စီးနိုင်ပြီး ကမ္ဘာ့အရှည်ဆုံး လျှပ်စစ် မော်တော်ဆိုင်ကယ်အဖြစ် ဂင်းနစ် မှတ်တမ်း ဝင်ရန်  ထီထွင်သူက လျောက်ထားပြီး ဖြစ်သည်ဟု သိရသည်။

longest electric bicycle jpg
longest electric bicycle2 jpg
longest electric bicycle3 jpg
longest electric bicycle4 jpg

IC ရဲ့ အဖွဲ့သက်တမ်း နှစ်နှစ်ဆယ်ပြည့် အထိမ်းအမှတ် ရှိုးပွဲကို သီတင်းကျွတ်လပြည့်နေ့ ပြုလုပ်မည်



IC လို့ ဂီတချစ် ပရိသတ်တွေ အဖျားဆွတ်ခေါ်လေ့ ရှိတဲ့ Iron Cross တေးဂီတ၀ိုင်းရဲ့ တည်ထောင်ခြင်း အနှစ်နှစ်ဆယ်ပြည့် အထူးရှိုးပွဲကို အခုလာမယ့် အောက်တိုဘာ ၂၃ သီတင်းကျွတ်လပြည့်နေ့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ ပြုလုပ်မယ်လို့ ကြားသိရပါတယ်။

IC ရဲ့ ဂီတသက်တမ်း အနှစ်နှစ်ဆယ်ပြည့် အထူးဖျော်ဖြေပွဲမှာ IC ရဲ့ အမာခံ နာမည်ကြီး Rocker များ ဖြစ်ကြတဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်းတို့ ပါဝင်သီဆိုမှာ ဖြစ်ပြီး လက်မှတ်များကို ယခုလ ၁၅ ရက်နေ့ နောက်ပိုင်းမှာ စတင်ရောင်းချသွားမှာ ဖြစ်ကာ

လက်မှတ်ဈေးနှုန်းများကတော့ ကျပ် ၇၀၀၀ ၊ ၁၀၀၀၀ ၊ ၁၅၀၀၀ ဆိုပြီး သတ်မှတ်ထားတယ်လို့ ပွဲစီစဉ်သူ Bagan Entertainment ရဲ့ ၀န်ထမ်းတစ်ဦးက  အွန်လိုင်းမှ ပြောကြားခဲ့ပါတယ်။ လက်မှတ်အတုတွေ ပေါ်မှာစိုးလို့ ပိုစတာပေါ်မှာ ကြေငြာထားတဲ့ နေရာတွေမှာပဲ ၀ယ်ယူသင့်တယ်လို့ ဆိုပါတယ်။


ဆက်လက်ပြီး ၄င်းပုဂ္ဂိုလ်မှ ပြောကြားရာမှာ Bagan Entertainment နှင့် IC တို့အကြား တစ်နိုင်ငံလုံး အနှံ့ ရှိုးပွဲ ၂၅ ပွဲ ပြုလုပ်သွားဖို့ စာချုပ်ချုပ်ထားခဲ့ကြောင်း၊ ယခုရှိုးပွဲသည် ၂၅ ပွဲအနက် တတိယမြောက်ပွဲ ဖြစ်ကြောင်း ပထမဆုံးပွဲနှင့် ဒုတိယပွဲတို့မှာ မုံရွာမြို့နှင့် ရန်ကုန် ဆီဒိုးနားဟိုတယ် တို့မှာ အသီးသီး အောင်မြင်စွာ ကျင်းပခဲ့ပြီးကြောင်း ဆက်လက်၍ တနင်္သာရီတိုင်းမြို့ကြီးများနှင့် တောင်ကြီး၊ မန္တလေးတို့တွင် ဆက်လက် ဖျော်ဖြေသွားရန် ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဒီပွဲကို Main Sponsor အနေနဲ့ လွန်ခဲ့တဲ့ လက စတင်ဖွင့်လှစ်ခဲ့တဲ့ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank) မှ ပံ့ပိုးထားပြီး အသံပိုင်းဆိုင်ရာကို ပြည်တွင်းက မြန်မာပညာရှင်များက တာဝန်ယူပြီး မီးအလင်းပေး အလှဆင်မှု အတွက်ကိုတော့ မလေးရှားမှ မြန်မာပညာရှင်များက ခင်းကျင်းဖန်တီးမှာ ဖြစ်ကြောင်း၊ စင်မြင့်အခင်းအကျင်း အနေနဲ့လည်း ထူးထူးခြားခြားလေး ဖြစ်အောင် စင်မြင့်ကို အလယ်မှာထားကို ပတ်ပတ်လည်က ပရိသတ်တွေဘက်ကို လှည့်လည်ဖျော်ဖြေသွားမှာ ဖြစ်ကြောင်း၊ ဒီပွဲကို ပြင်ဆင်တည်းဖြတ်ခြင်း မပြုလုပ်ဘဲ Live Show ခွေအနေနဲ့ ဖြန့်ချိရောင်းချသွားဖို့လဲ အစီအစဉ်ရှိကြောင်း ကြားသိရပါတယ်။



IC ရဲ့ အနှစ်နှစ်ဆယ်ပြည့် အမှတ်တရ စင်တင်ဖျော်ဖြေပွဲ ကျင်းပမယ့် ယခုလ ၂၃ ရက်နေ့ဟာ ပြည်တွင်း Hip Hop နဲ့ R & B ထိပ်သီးအဆိုတော်များ ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ J-me ၊ ရဲလေး၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ ဘန်နီဖြိုး စသဖြင့် အဆိုတော်အများအပြား ပါဝင်တဲ့ “သီတင်းကျွတ် လပြည့်ည ပျော်ပွဲရွှင်ပွဲကြီး” ကျင်းပမယ့် နေ့နဲ့ တိုက်ဆိုင် နေခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တစ်ပွဲအတွက် တစ်ပွဲ လူဝင်အနည်းအများမှာ ထွေထွေထူးထူး ထိခိုက်ဖွယ်ရာ မရှိနိုင်ကြောင်း၊ ဂီတအမျိုးအစား မတူတဲ့ အတွက် သူ့ပရိသတ်နဲ့သူ အပြည့်ရှိပြီးသား ဖြစ်ကြောင်း မိမိနှစ်သက်ရာ ရှိုးပွဲများကို ပုံမှန် သွားကြည့်နေကျ ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက သူ့အမြင်ကို ပြောပြ ခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ တန်ဖိုးရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်း ဘက်စုံစီမံကိန်းကို ထိုင်း-အီတလီ ပူးတွဲကုမ္ပဏီက တည်ဆောက်ပေးသွားမည်


သင်္ဘောဆိပ်ကမ်း၊ အကြီးစားနှင့် အလတ်စား စက်ရုံများ ရေနံလှောင်ကန်များ နှင့် ကျောင်းများ ဆူပါမားကတ်များ၊ ပန်းခြံများ၊ ကွန်ဒိုတိုက်ခန်းများ ပါဝင်သော မြို့တစ်မြို့တို့ပါဝင်သော ဇုန်ငါးဇုန် ခွဲခြား ထားသည့် ထားဝယ်ရေနက်ဆိပ်ကမ်း ဘက်စုံစီမံကိန်းကို ထိုင်းနှင့် အီတလီ ပူးတွဲကုမ္ပဏီ မှ အမေရိကန် ၁၃ ဘီလီယံ အကုန်အကျခံကာ တည်ဆောက်သွားမည်ဟု သတင်းရရှိသည်။

ဇုန်ငါးဇုန် ခွဲခြားထားသော ထိုင်းဘတ် ၄၀၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံ) တန်ဖိုးရှိ အဆိုပါ စီမံကိန်းကို ထိုင်းနှင့် အီတလီ ပူးတွဲကုမ္ပဏီ မှ အကုန်အကျခံကာ တည်ဆောက် ပေးသွားမည်ဟု ရိုက်တာသတင်းဌာန၏ သတင်းတစ်ပုဒ်အရ သိရှိရသည်။

ဇုန်အေ တွင် သဘောင်္ဆိပ်ကမ်း၊ သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ ၊ ဇုန်ဘီတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး လုပ်ငန်းများ၊ ကျောက်မီးသွေး သန့်စင်စက်ရုံ၊ ရေနံချက်စက်ရုံ၊ ရေနံသိုလှောင်ကန်များနှင့် သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ၊ ဇုန်စီတွင် ရေနံလုပ်ငန်းများနှင့် ရေနံတင်သင်္ဘောများ ချိတ်ဆက် အသွင်းအထုတ် ပြုလုပ်နိုင်သော ရေနံလှောင်ကန်များ စသော အကြီးစားစက်မှုလုပ်ငန်းများ ပါဝင်မည် ဖြစ်သည်။



ဇုန်ဒီတွင် ကားနှင့် ကားအပိုပစ္စည်း ထုတ်လုပ်ရေးစက်ရုံများ၊ သစ်နှင့် အထပ်သားစက်ရုံ၊ ဇုန်အီးတွင် ဆေးဝါးစက်ရုံ၊ အီလက်ထရောနစ်ပစ္စည်း စက်ရုံ စသော လူသုံးကုန်ပစ္စည်း စက်ရုံများနှင့် ကွန်ဒိုတိုက်ခန်းများ၊ ကျောင်းများ၊ ပန်းခြံများ၊ ဆူပါမားကတ်များ ပါဝင်မည်ဟု သတင်းရရှိသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းတွင် အထက်ပါဇုန်များအပြင် ရှစ်လမ်းသွား လမ်းမကြီးတစ်ခုနှင့် ရထားလမ်းတစ်ခုကိုပါ ထည့်သွင်း တည်ဆောက်သွားမည်ဟု ကြားသိရပြီး အဆိုပါစီမံကိန်းအတွက် မြန်မာနိုင်ငံဖက်မှ တာဝန်ရှိသူများနှင့် ထိုင်း-အီတလီပူးတွဲကုမ္ပဏီမှ အကြီးအကဲများ ယခုလကုန် သို့မဟုတ် နိုဝင်ဘာလထဲတွင် သဘောတူလက်မှတ် ရေးထိုးသွားမည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသွားခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း နေရာတွင် ရင်းနှီးမြှုပ်နှံမှု အမျိုးမျိုး ပြုလုပ်ရန် ပြည်တွင်းလုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှု အားကောင်းလျက်ရှိကြောင်း လွန်ခဲ့သော ရက်ပိုင်းက ထုတ်ဝေခဲ့သော ပြည်တွင်း ဂျာနယ်ကြီး တစ်စောင်တွင် ပါရှိခဲ့သည်။

အပူအပင်ကင်းစွာ အိပ်ပျော်နေသော ချစ်စဖွယ်ကလေးလေးများ(၁)

 

La Petite Princesse

"The Little Prince didn't know that somewhere there was another tiny planet with The Little Princess..."

An Ordinary Day

"The flying pigs thought it was going to be another ordinary day...so little they knew."

Little Pink Riding Hood

Copyright © Adele Enersen

The real princess was yawning...

Copyright © Adele Enersen

Here comes Pippi Longstocking..

Copyright © Adele Enersen


One Thousand and One Daydreams

Copyright © Adele Enersen