Friday, October 15, 2010

သေတ္တာကြီးထဲက သေတ္တာလေး

သေတ္တာကြီးကို ဖွင့်လိုက်ရင် သေတ္တာလေး ထွက်လာမယ်၊ အဲဒါကိုထပ်ဖွင့်ရင် နောက်ထပ်သေတ္တာ ..... (ပျော်ရွှင်ပါစေ)



၂၁ ရာစုနည်းပညာများနှင့် တု-တူ-တူး ပြဿနာ

နည်းပညာတွေ အရမ်းဖွံ့ဖြိုး တိုးတက်ပြီး လူတိုင်းနီးပါး လက်လှမ်းမီလာတဲ့ ယနေ့ခေတ်မှာ အစစ်တစ်ခု၊ အတုတစ်ထောင်၊ အယောင်ဆောင်တစ်သိန်းလို့ ဆိုရအောင်ကို အတုတွေ ပေါလာပါတယ်။ ပစ္စည်းတစ်ခု အောင်မြင်ပြီဆိုရင် အတုက နေ့ချင်းညချင်းကို လိုက်ထွက်ပါတယ်။ နယ်ပယ်တိုင်းမှာကို အတုပြဿနာက ရှိနေပါတယ်။ ၀တ္ထုအတု၊ ရုပ်ပြအတု၊ ကြက်ဥအတု၊ အရာရှိအတု၊ ငန်ပြာရည်အတု၊ အရက်အတု၊ ဆေးဝါးအတု စသဖြင့်ပေါ့လေ အမျိုးစုံအတုရှိပါတယ်။ (အတုမဟုတ်ပေမယ့် နာမည်ဆင်တူ ထုတ်ပြီး ပုံမှားရိုက်တာမျိုးလဲ ရှိပါတယ်)

နည်းပညာဟာ ထုတ်လုပ်ရေးပိုင်းမှာ တိုးတက်လာသလို တုပခြင်းအပိုင်းမှာလဲ အစစ်နဲ့ ခွဲခြားရခက်လောက်အောင် ထုတ်နိုင်တဲ့ အထိ တိုးတက်လာပါတယ်။ အခုတလော ဒါကြောင့် အခုတလော ကြားနေရတဲ့ အတုကိစ္စ အချို့ကို သတိပြုဖွယ် တင်ပြပေးလိုက်ပါတယ်။

အီလက်ထရွန်းနစ် ပစ္စည်းတွေ ဈေးကွက်မှာ အာမခံကတ်ပြားတွေကို အတုလုပ်ပြီး ပေးနေကြသတဲ့။ ဒီပစ္စည်းမျိုးတွေ ဆိုတာက နိုင်ငံတကာ အီလက်ထရွန်းနစ် ကုမ္ပဏီကြီးတွေက ပြည်တွင်းကုမ္ပဏီ တစ်ခုကို တရားဝင်ကိုယ်စားလှယ် (သို့) တစ်ဦးတည်း ကိုယ်စားလှယ် အနေနဲ့ ထားပြီး တင်သွင်းရောင်းချတာ ဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေက အရောင်းပြခန်းတွေမှာ လာဝယ်တဲ့သူတွေကို အာမခံကတ်ပြား ပေးပြီး ရောင်းတာ စာဖတ်သူတို့ သိပြီးသားပါ။ အစစ်နဲ့ အတုက ဒီအနေအထားနဲ့ ခွဲခြားသိနိုင်ပြီး ဈေးကွက်ထဲမှာလည်း အာမခံပေးတဲ့ အစစ်ထက် အာမခံမပါတဲ့ အတုက ဈေးအနည်းငယ် နိမ့်တယ် ဆိုတဲ့ အချက်နဲ့ ခွဲနိုင်ပါတယ်။


ဆိုင်တွေကိုက ဒါကတော့ အတုပါ။ ဒါက အစစ်ပါဆိုပြီး ဈေးပြောရောင်းကြတာမို့ ပြဿနာ မရှိခဲ့ပါဘူး။ အခုကျတော့ ဘယ်လိုတွေ ဖြစ်ကုန်သလဲဆိုတော့ အတုတွေကလည်း အစစ်ဈေးနဲ့ တူတူ လိုက်ရောင်းနေကြသလို အာမခံကပ်တွေပါ ပေးနေကြပါသတဲ့။ ဒီပစ္စည်းတွေက ဘယ်ကနေ ၀င်လာသလဲ ဆိုတော့ နယ်စပ်တရားမ၀င် လမ်းကြောင်းတွေကနေ အများဆုံးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်း (ဘားလမ်း) က ၀ါရင့် အီလက်ထရောနစ် ဆိုင်ပိုင်ရှင် တစ်ဦးက အောက်ပါအတိုင်း ရှင်းပြခဲ့ပါတယ်။

“ဒီလိုမျိုး ဈေးကွက်ထဲမှာ ရောင်းနေကြတာက ကြာပါပြီ။ တရုတ်က ၀င်တဲ့ ×××တံဆိပ် အဲကွန်းကို မူရင်းတံဆိပ်ဖြုတ် Panasonic တံဆိပ်တပ်ပြီး ရောင်းတယ်။ အရည်အသွေး နည်းနည်းနိမ့်တဲ့ ယိုးဒယားက လာတဲ့ တီဗွီကို တံဆိပ်တူ မော်ဒယ်တူ ကိုရီးယားက လာတဲ့ ဈေးကြီးပစ္စည်းနေရာမှာ ထည့်ရောင်းတယ်။ အခုတော့ အာမခံကတ်ပါ အတုပေးပြီး ဈေးတူ လိုက်ရောင်း နေကြတယ်လို့ ကြားတယ်။ အာမခံကတ်မှာ ပါတဲ့ ကာလအတွင်း ပျက်ခဲ့ရင် ရောင်းတဲ့ဆိုင်က တကယ်ပြင်ပေးပါတယ်။ ဒါပေမယ့် သုံးစွဲသူဖက်က တကယ့် brand ပစ္စည်းအစစ်ကို မသုံးရတာ၊ ဒီ brand ကို မူပိုင်ခွင့် မှတ်ပုံတင်ပြီး တရားဝင်သွင်းတဲ့ ကုမ္ပဏီတွေဘက်က ဈေးကွက်လျော့တာ စတဲ့ နစ်နာမှုတွေ ရှိတာပေါ့။ စီးပွားရှာတာတော့ ရှာတာပဲလေ။ ဒါတွေက စီးပွားရေး ကျင့်ဝတ်အရ မလုပ်သင့်တဲ့ အရာတွေပါ။

တရားဝင် မူပိုင်သွင်းတဲ့ ကုမ္ပဏီတွေ ဖက်က ဆိုရင် showroom ကို နေရာကောင်းကောင်းမှာ သားသားနားနား ဖွင့်ရတယ်၊ ပြည်တွင်းဈေးကွက်အတွက် ကိုယ့်စားရိတ်နဲ့ကိုယ် ကြေငြာရတာ များတယ်၊ အခမဲ့ ပြုပြင်ပေးရတယ်၊ အခါအားလျော်စွာ discount ပွဲတွေ လုပ်ပေးရတယ်။ ဒီတော့ ဈေးက နည်းနည်းများနိုင်တာပေါ့။ အခုတော့ ဒါမျိုးတွေ ဖြစ်လာတော့ မူပိုင်သွင်းတဲ့ ကုမ္ပဏီဘက်ကလည်း တခြား ကုမ္ပဏီတွေ များများမသွင်းနိုင်အောင် ပင်ရင်းကုမ္ပဏီကို အကြောင်းကြားပြီး လိုင်းပိတ်တာမျိုးတွေ၊ အရည်အသွေးတူ မော်ဒယ်လ်တူ ပစ္စည်းကိုပဲ အာမခံ ပေးတာတစ်ဈေး မပေးတာ တစ်ဈေး ခွဲရောင်းတာမျိုး လုပ်လာကြပါတယ်။


အတုကို အစစ်လို ရောင်းတယ် ဆိုတာကလဲ အီလက်ထရောနစ် ပစ္စည်း ရောင်းဝယ်ရေး လောကနဲ့ မစိမ်းသူဆိုရင် ခွဲတတ်ပါတယ်။ နားလည်တဲ့သူ မပါမှသာ ဒါမျိုးတွေ ဖြစ်လေ့ရှိတာပါ။ ဒါကြောင့် ၀ယ်သုံးမယ့် သူတွေကို သတိပေးချင်တာက ပစ္စည်းဝယ်ရင် တတ်နိုင်သမျှ မူရင်းကိုယ်စားလှယ်ဆိုင်မှာပဲ ၀ယ်ပါ၊ ရန်ကုန်မှာ ၀ယ်ဝယ် နယ်မှာဝယ်ဝယ် နားလည်တတ်ကျွမ်းသူ တစ်ယောက် ပါမှ ၀ယ်ပါလို့ သတိပေးပါရစေ”


ဒါကတော့ လက်ရှိ ပြည်တွင်း အီလက်ထရောနစ် ဈေးကွက်မှာ အာမခံကတ်ပြား အတုတွေ ပေါ်နေတဲ့ ကိစ္စအပေါ် ၀ါရင့် အီလက်ထရောနစ် လောကသား တစ်ဦးမှ ဝေဖန်သုံးသပ် ပေးသွားတာ ဖြစ်ပါတယ်။



နောက်ထပ် ကြားရတဲ့ သတင်းတစ်ခုက ရှိုးပွဲလက်မှတ် အတုတွေ ပေါ်တာ အရမ်းများလာတယ် ဆိုတဲ့ သတင်းပါ။ ရှိုးပွဲ လက်မှတ် အတုတွေ ပေါ်တာ ကြာပြီ ဆိုပေမယ့် အစကာ လက်မှတ် အစစ်ရဲ့ ငါးပုံတစ်ပုံလောက်ပဲ အတုထွက်တာ ဖြစ်ပြီး အခုလက်ရှိမှာ နာမည်ကြီးအဆိုတော်တွေ ပါဝင်တဲ့ ရှိုးပွဲလက်မှတ် တွေဆိုရင် အတုက အစစ်ရဲ့ ထက်ဝက်လောက်တောင် ထွက်တာမို့ ပြည်တွင်း ဂီတလောကအတွက် ပြဿနာ တစ်ခုအနေအထား ကောင်းကောင်း ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

ခိုးကူးခွေတွေလို အတုကို ဈေးလျှော့ရောင်းချစရာ မလိုဘဲ အစစ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်တာကြောင့် ရှိုးပွဲလက်မှတ် အတုလုပ်တဲ့ လုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်လာကြတာ ဖြစ်တယ်လို့ ကြားသိရပါတယ်။ ရှိုးပွဲ တစ်ပွဲနှင့် တစ်ပွဲရဲ့ လက်မှတ်ဒီဇိုင်းတွေဟာ စီစဉ်သူ တူရင်တောင် အမျိုးမျိုး ကွာခြားကြပြီး လက်မှတ်ကို ပြုလုပ်ထားတဲ့ ပစ္စည်းများ မတူကြပေမယ့် အတုလုပ်သူတွေက ရအောင် အတူလိုက်လုပ်နိုင်ကြတယ်လို့ သိရပါတယ်။

ဒီလို ဖြစ်ရတာတွေဟာ ခေတ်မီနည်းပညာမြင့် သေသပ်လွန်းတဲ့ ပုံနှိပ်စက်တွေ ပေါ်လာခြင်းကို မကောင်းတဲ့ဘက်မှာ သုံးတဲ့ လူတွေကြောင့် ပေါ်လာတဲ့ ဆိုးကျိုးတွေထဲက တစ်ခုလို့ Micasa ဟိုတယ်ရဲ့ ၀န်ထမ်းတစ်ဦး ဖြစ်သူ ရန်ကုန်မြို့ခံ အီလက်ထရောနစ်ပညာရှင် လူငယ်တစ်ဦးက သုံးသပ်ပါတယ်။ (နည်းပညာကတော့ အပြစ်ကင်းပါတယ်လေ.......)



Hologram ဟိုလိုဂရမ် ခေါ် မူပိုင်ရောင်ပြန်စတစ်ကာတွေ ပေါ်လာပေမယ့်လည်း ဒီလို ဟိုလိုဂရမ် တွေကို စက်တွေနဲ့ အနီးစပ်ဆုံး ခွဲရခက်အောင် လိုက်ထုတ်နိုင်လာလို့ ရှိုးပွဲလက်မှတ် အတုတွေ ပေါ်နေခြင်းကို တားဆီးရခက်နေပါတယ်လို့ ကြားသိရပါတယ်။

နောက်ပြီး ထုတ်လုပ်ရေးတစ်ခုက စီစဉ်တဲ့ ပွဲရဲ့ လက်မှတ်မှာ ပါတဲ့ ဟိုလိုဂရမ်တွေကို အတုလုပ်တဲ့ သူတွေက မှတ်ပြီး နောက်တစ်ခါ ထုတ်တဲ့ ပွဲရဲ့ လက်မှတ်ပေါ်မှာ လိုက်ကပ်ကာ ရောင်းချပါတယ်။ ဟိုလိုဂရမ်ချင်း မတူပေမယ့် ၀ယ်သူတွေဘက်ကတော့ လိုက်တိုက်ကြည့်မနေနိုင်ဘဲ ရှိုးပွဲနေ့ရောက်တော့မှ သိရလို့ ၀င်မရတော့လို့ ရှိုးပွဲမကြည့်ရဘဲ ပြန်ခဲ့ရကြောင်း လပြည့်ဝန်းပလာဇာမှာ ရှိုးပွဲတစ်ခုရဲ့ လက်မှတ်လာဝယ်သူ အမျိုးသမီးငယ် နှစ်ဦးက ၄င်းတို့ရဲ့ အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။



အခုလို အတုမထွက်အောင် စီစဉ်သူများ ဘက်ကနေပြီး ဟိုလိုဂရမ်များ ကပ်ခြင်းအပြင် Barcode များထည့်ပြီး စစ်ဆေးခြင်း၊ ခရမ်းလွန်ရောင်ခြည်သုံး ကိရိယာဖြင့် စစ်ဆေးခြင်းများကို ပြုလုပ်သွားမယ်လို့ ကြားသိရပြီး ၀ယ်ယူသူတွေ ဘက်ကလည်း လက်မှတ်အတုတွေ ၀ယ်မိလို့ နစ်နာမှုတွေ မကြုံရအောင် လက်မှတ်အရောင်းနေရာများလို့ ဘေဘုတ်ပေါ်မှာ ကြေငြာထားတဲ့ နေရာတွေကို အရောက် သွားဝယ်ယူသင့်ကြောင်း အနားကပ်မှ တွေ့ရာကြုံရာ လူဆီမှာ ၀ယ်ယူတာမျိုး မလုပ်သင့်ကြောင်း ရှိုးပွဲ စီစဉ်သူများက ပြောဆိုပါတယ်။




မြန်မာကျပ်ငွေမှာ တန်ဖိုးအမြင့်ဆုံး ဖြစ်တဲ့ ငါးထောင်ကျပ်တန်တွေလည်း အတုတွေ ပေါ်နေတယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့် စိုးရိမ်စရာတော့ မရှိကြောင်း၊ အတုနဲ့အစစ် အလွယ်တကူ ခွဲခြားနိုင်ပြီး ခွဲခြားနည်းတွေကို ပုဂ္ဂလိကဘဏ်နဲ့ အစိုးရဘဏ်တွေအားလုံးက ၀န်ထမ်းတွေကို ဗဟိုဘဏ်က ညွှန်ကြား ပြသပေးထားကြောင်း ရန်ကုန်မြို့ ပုဂ္ဂလိကဘဏ် တစ်ခုရဲ့ ငွေလက်ခံဌာန ၀န်ထမ်းတစ်ဦးက ပြောပြခဲ့ပါတယ်။

ဘဏ်များသို့ လာရောက်အပ်နှံတဲ့ ငွေထုပ်များမှာ ငါးထောင်တန် အတုများ ပါလာတတ်ကြောင်း၊ ၄င်းငွေစက္ကူ အတုများကို တွေ့ရှိပါက အလျားလိုက် နှစ်ပိုင်း ဖြဲလိုက်ပြီး တစ်ပိုင်းကို လာအပ်သူကို ပြန်ပေးကာ တစ်ပိုင်းကို သိမ်းဆည်းထားရကြောင်း၊ အပ်ငွေကိုတော့ ကျန်သော ငွေအရေအတွက်အတိုင်း စာရင်းလုပ်၍ သိမ်းရကြောင်း အဆိုပါဝန်ထမ်းက ဆက်လက် ရှင်းပြခဲ့ပါတယ်။

“ပိုက်ဆံ အတုနဲ့ အစစ် ခွဲနည်းက လွယ်ပါတယ်။ ထောင့်ဘက်က ၅၀၀၀ လို့ ဂဏန်းတွေနဲ့ ရေးထားတဲ့ နေရာကို စမ်းကြည့်ရင် အစစ်က စာလုံးအရာတွေပါတဲ့ အတွက် ကြမ်းပါတယ်။ အတုမှာတော့ ပုံနျိပ်ရုံ နှိပ်ထားတဲ့ အတွက် ဒါမျိုး မပါဘဲ ချောနေပါတယ်။ နောက်ပြီး အားလုံး သိကြတဲ့အတိုင်း ရေစာနဲ့ ခွဲလို့ရပါတယ်။ အဖြူရောင်ဘက်မှာ ပါတဲ့ ရေစာဟာ အစစ်မှာ ထင်ရှားပြတ်သားပြီး အတုကျတော့ ထင်ရှားပြတ်သားမှု မရှိပါဘူး” လို့ ငါးထောင်တန် အတုအစစ် ခွဲနည်းကို သူက ပြောပြပါတယ်။

လက်ရှိ ပြည်တွင်းမှာ ခေတ်စားနေတဲ့ အတုအမျိုးမျိုးအကြောင်း စုစည်းတင်ပြလိုက်ပါတယ်။ “အတုတို့မည်သည် အစစ်ကို ဘယ်တော့မှ အနိုင်မရ” လို့ ဆိုရိုးစကားရှိပေမယ့် နည်းပညာခေတ်မှာ အတုတွေဟာ ဖန်တီးတုပမှု ကောင်းကောင်းနဲ့ ဈေးကွက်ထဲမှာ နေရာယူ လာနေတာမို့ ပရိသတ်များ သတိထားသင့်ပါတယ်။

ကမ္ဘာကျော် အသံတိတ် ဟာသ သရုပ်ဆောင် ချာလီချက်ပလင်ဟာ သူနဲ့ ရုပ်တူပြိုင်ပွဲကို ကျင်းပစေတဲ့အခါမှာ ဘယ်သူ့ကိုမှ အသိမပေးဘဲ သူကိုယ်တိုင် တစ်နေရာ ၀င်ပြိုင်ပါတယ်။ အမှတ်တွေကို ကြော်ငြာတဲ့ အခါမှာ ချာလီချက်ပလင် အစစ်ဟာ တတိယဆုပဲ ရခဲ့ပါတယ်။ ဒါဟာ တကယ့် ဖြစ်ရပ်မှန်ပါ။ အော်……. အတု အတု…….။ ဖြစ်တတ်ပါတယ်……….။

ရဲဘုန်းမင်း စုစည်းရေးသား၍ သီဟသစ် ပံ့ပိုးသည်။

ထူးထူးဆန်းဆန်းဒီဇိုင်းလေးတွေနဲ့ ဖိနပ်လေးများ

ခြေသုတ်နဲ့ ဖိနပ်တွဲလျက်လေးပါ။

Bedside Rug Slippers

LED မီးသီးလေးနဲ့ ဖိနပ်လေးပါ

LED Slippers

ဒါကကြိုးခွေလေးပုံဖိနပ်လေးပါ

SPA Slippers

ငါးပုံစံ ဖိနပ်လေးပါ။

Fish Slippers

ဒါကတော့ဘဲနှုတ်သီးဖိနပ်လေးပါ။

Water Slippers

ဒါကယုန်လေးနော်။

Killer Rabbit Slippers

ဒါလေးက မြက်ခင်းလေးနဲ့ဖိနပ်လေးပါ

Grass Slippers

ဆူရှီပုံစံဖိနပ်လေးပါ

Sushi Slippers

ကြွက်ဆိုပြီးလန့်မသွားနဲ့နော် ဖိနပ်လေးနော်

Rat Slippers

ဒါလေးကဘာကြီးလဲသိဝူးနော်

South Park Slippers

ဒါလေးက ရေချိုးပြီးရင် သုံးဖို့။

Mat Walk Slippers

ဒါက ဒီဇိုင်းအဆန်းလေးပါ

Futuristic Slippers

Homer အကောင်လေးပုံ ဖိနပ်လေးပါ

Homer Simpson Slippers

ဒါက အခန်းသန့်ရှင်းရေးကြမ်းတိုက်လို့ရတယ်နော်

Cleaning Slippers

ကေဘယ်ကြိုး မလိုဘဲ ဂြိုဟ်တု ဆက်သွယ် ရေး စနစ်ဖြင့် နေရာ မရွေး နိုင်ငံတကာ တီဗီလိုင်းများ ကြည့်နိုင် သည့် DTH စနစ်

တီဗီ၊ တယ်လီဖုန်း၊ အင်တာနက် နှင့်အခြား ၀န်ဆောင်မှု မျိုးစုံ သုံးနိုင် သည့် MPS စနစ်လာပြီ။ DTH သည် တစ်နိုင်ငံလုံး သာမက အင်ဒိုချိုင်းနား ဒေသကြီး အတွင်းပါ ဖမ်းယူ အသုံးပြုနိုင်၊ MPS သည် တစ်နိုင်ငံလုံး ဧရိယာ၏ ၇၅ ရာခိုင်နှုန်း အသုံးပြုနိုင်


ကြိုးမဲ့ဂြိုဟ်တု ဆက်သွယ်ရေး ဖြင့် အွန်လိုင်း နိုင်ငံတကာ တီဗီကြည့်ရှု နိုင်ရန် ၀န်ဆောင်မှု ပေးသည့် Direct To Home (DTH) စနစ်နှင့် တယ်လီဖုန်း၊ အင်တာနက်၊ ဖက်စ်နှင့် အခြား ၀န်ဆောင် မှုများ ပေးသည့်  Multi-play Services (MPS) စနစ်ကို မြန်မာနိုင်ငံ၌ အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းကို ရွှေသံလွင် မီဒီယာ ကုမ္ပဏီလီမိ တက်က စီစဉ် ဆောင်ရွက် နေပြီ ဖြစ် ကြောင်း၊ အဆိုပါ လုပ်ငန်းနှင့် စပ်လျဉ်း ၍ SKYNET ဟု အမည် ပေးထားပြီး SKYNET DTH (Direct To Home) ဟု လည်းကောင်း၊ SKY NET MPS (Multi-play Service) ဟု လည်း ကောင်း အမည် ခွဲခြား သုံးနှုန်း ထား ကြောင်း သိရသည်။
ပူးပေါင်း ဆောင်ရွက်
အဆိုပါ လုပ်ငန်း လုပ်ဆောင်ရာ တွင် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၊ မြန် မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက် တို့နှင့် ပူး ပေါင်း ကာ ရွှေသံလွင် မီဒီယာ ကုမ္ပဏီလီ မိတက်က စီစဉ် ဆောင်ရွက် ခြင်းဖြစ် ကြောင်းသိရသည်။
ခေတ်အမီဆုံး
အဆိုပါ ခေတ်မီ အဆင့်မြင့် လုပ်ငန်း သစ်နှင့် စပ်လျဉ်း၍ ရွှေသံလွင် မီဒီယာ ကုမ္ပဏီ လီမိတက် ၏ ဒုတိယ မန်နေဂျင်း ဒါရိုက်တာ ဦးမိုးဇော်က ပြောကြား ရာတွင် ပြည်သူများ အတွက် ခေတ်မီ အဆင့်မြင့် နည်းပညာ များကို ပုံသဏ္ဌာန် နှင့် အနှစ် သာရ ပြည့်ဝစွာ အသုံးပြု နိုင်ရေး အတွက်  ဤလုပ်ငန်းကို အကောင် အထည် ဖော် ခြင်း ဖြစ်ကြောင်း၊ Broadband နှင့်အတူ တိုးတက် နေတဲ့ ဖျော်ဖြေရေး နှင့် အခြား သတင်း အချက်အလက် နည်းပညာ တွေ ဟာ နိုင်ငံအတွင်း တရားမ၀င် တဲ့ မီဒီယာ ပုံသဏ္ဌာန် အမျိုးမျိုး နှင့် ၀င်ရောက် လွှမ်း မိုး နေရာ ယူရန် ကြိုးပမ်း နေကြတာ ကိုတွေ့ မြင်ကြ ရမည် ဖြစ်ကြောင်း၊ အဆိုပါ လုပ်ရပ် ကို သတိပြု ကြရမည် ဖြစ်ကြောင်း DTH စနစ်သည် ကမ္ဘာပေါ်၌ Digital Broadcasting Technology (ဒစ်ဂျစ်တယ် လွှင့် ထုတ်မှု နည်းပညာ) အနက် ခေတ်အမီဆုံး နည်းပညာ ဖြစ်ကြောင်း၊ ထုတ်လွှင့်မှု တွင် အရည် အသွေး မြင့်မားသည့် အပြင် မြန်မာ နိုင်ငံ အနှံ့ နေရာ မရွေး အလွယ်တကူ ဖမ်း ယူ ကြည့်ရှု နိုင်သည့် စနစ် ဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံ များတွင် ဤစနစ် သုံးသည့်  နိုင်ငံ အနည်းငယ် သာ ရှိသေးကြောင်း၊ ပြည်သူ အားလုံး အတွက် နှစ်သက်ခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်း၊ အောင် မြင်ခြင်း၊ အချိန်ကုန် သက်သာခြင်းနှင့် မြန်မာနိုင်ငံ တနံတလျား မှာရှိသည့် ပြည် သူများ အချင်းချင်း မြန်ဆန် လွယ်ကူ စွာ ဆက်သွယ် နိုင်ခြင်း၊ ပညာရေး၊ ကူးသန်း ရောင်းဝယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ သတ္တု တူးဖော်ရေး အစရှိတဲ့ လုပ်ငန်းတွေမှာ တစ်ဖက် တစ်လမ်းမှ အထောက် အကူပြုမည့် ၀န်ဆောင် မှုများ ကို မကြာမီ သယ်ဆောင် လာတော့မည် ဖြစ်ကြောင်း ပြောကြားသည်။
DTH ဆိုသည်မှာ
DTH နှင့် MPS တို့နှင့် စပ်လျဉ်း၍ ရွှေသံလွင် မီဒီယာ ကုမ္ပဏီ လီမိတက် ၏ နည်းပညာ အရာရှိချုပ် ဦးမျိုးမင်း ကရှင်းပြ ရာတွင်-
DTH ဆိုသည်မှာ ဂြိုဟ်တုမှ တစ် ဆင့် အိမ် အရောက် ရုပ်သံလိုင်း ထုတ်လွှင့် သည့် စနစ်ဖြစ်ကြောင်း၊ နိုင်ငံတကာ၌ တွင်တွင်ကျယ်ကျယ် အသုံးပြု နေသည့် စနစ် တစ်ခု ဖြစ်ကြောင်း၊ ဤစနစ်သည် တစ်နိုင်ငံ လုံးမြို့ကြီးများ သာမက ဝေးလံ ခေါင်ဖျား နေရာ၊ ကျေးလက် တောရွာ၊ တောင်တန်း မြေပြန့်၊ ပင်လယ် ကမ်းရိုးတန်း၊ ကျွန်းစု များ မကျန်နေရာ အားလုံး ဖမ်းယူကြည့်ရှု နိုင်သည့် စနစ်ဖြစ်ကြောင်း၊ ဖမ်းယူနိုင် သည့် ဧရိယာမှာ တစ်နိုင်ငံ လုံး ရာခိုင်နှုန်း ၁၀၀ ဖြစ်ကြောင်း ထိုမျှမက အင်ဒိုချိုင်းနား ဒေသကြီး အထိ ဖမ်းယူ ရရှိနိုင်ကြောင်း၊ လိုအပ်သည့် ပစ္စည်းမှာ နှစ်ပေ ၀န်းကျင် ဂြိုဟ်တု စလောင်း၊ ဆက်စပ် အသုံးပြု ပစ္စည်း၊ ဂြိုဟ်တု ရုပ်သံဖမ်းစက် စသည်တို့ ဖြစ်ကြောင်း၊ နိုင်ငံတကာ ရုပ်သံလိုင်းများ ကို အခမဲ့ ကြည့်ရှုနိုင် သလို အခပေး smart card ဖြင့်လည်း ကြည့်ရှု နိုင်မည်ဖြစ် ကြောင်း၊ အိမ်၌ အသေ တပ်ဆင်ကြည့် နိုင် သလို မော်တော်ကား၊ မီးရထား၊ သင်္ဘော စသည်ဖြင့် ခရီးသွားရင်း ကြည့်ရှု လိုက ကြည့်ရှု နိုင်ရန်လည်း စီစဉ် ထား ကြောင်း သိရသည်။
MPS ဆိုသည်မှာ
MPS စနစ်ဆိုသည်မှာ အင်တာ နက်၊ ဖုန်း (VOI) ၊ တီဗီနှင့် အခြားဝန် ဆောင်မှု အစုံ ပေးသည့် စနစ် ဖြစ်ကြောင်း၊ DTH ကဲ့သို့ နေရာဒေသ မရွေး အသုံးပြု နိုင်ကြောင်း၊ အဆိုပါစနစ်၏ ဖမ်းယူ ရရှိ နိုင်သည့် ဧရိယာမှာ တစ်နိုင်ငံလုံး ၏ ၇၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ လိုအပ်သော ပစ္စည်းမှာ ဂြိုဟ်တု စလောင်း၊ တွဲဖက်သုံး ပစ္စည်းများ၊ user terminal ၊ ဒစ်ဂျစ် တယ်ဂြိုဟ်တု ရုပ်သံဖမ်းစက် စသည်တို့ ဖြစ်ကြောင်း၊ အဆိုပါ MPS စနစ်ဖြင့် ဗီဒီယို ကွန်ဖရင့်၊ အများသုံး တယ်လီဖုန်း၊ သတင်း အချက် အလက်ပေးပို့မှု၊ tele-medicine ခေါ်ဆေးပညာရှင်နှင့် လူနာ တိုက်ရိုက်   ဆက်သွယ် ကုသနိုင်မှု၊ e-education (ခေါ်) အွန်လိုင်းပညာသင်ကြားမှု၊ e-cinema (ခေါ်) အွန်လိုင်း ရုပ်ရှင် ပြသမှုစ သည့် ၀န်ဆောင်မှု မျိုးစုံကို အသုံးချ နိုင်မည် ဖြစ်ကြောင်း သိရသည်။
အသက်သာဆုံး
အဆိုပါ DTH နှင့် MPS စနစ်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ရွှေသံလွင် မီဒီယာ ကုမ္ပဏီ လီမိ တက် တစ်ခု တည်း ကိုသာ ခွင့်ပြု ထားကြောင်း၊ ကုမ္ပဏီ တစ်ခု တည်းက ဆောင်ရွက် မည်ဖြစ် သော်လည်း ဒေသ ဆိုင်ရာ ကိုယ် စားလှယ် ၃၀၀ ကျော် ထားရှိကာ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ လက်ရှိ စနစ်များ ထက် သာလွန် ကောင်းမွန် သော် လည်း ကုန်ကျ စရိတ်မှာ လက် ရှိစနစ်များ ထက် များစွာသက် သာမည်ဟု ပြောနိုင် ကြောင်း၊ အသေးစိတ် တွက်ချက် နေကြောင်း၊ မကြာမီ ဖွင့်ပွဲ လုပ်မည်ဖြစ်ကြောင်း၊ လျှပ်စစ်မီး မရသည့် နေရာများ တွင် ဆိုလာပြား တစ်ချပ် (နေ ရောင်ခြည် စွမ်းအင်) သုံးရုံဖြင့် အသုံးပြု နိုင်မည် ဖြစ်ကြောင်း ရွှေသံလွင် ကုမ္ပဏီ အုပ်စု ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်  တာဝန် ရှိသူများက ရှင်းလင်း ပြောကြားသည်။