Wednesday, January 12, 2011

ဆယ်ကျော်သက် သားသမီးများနှင့် ဆက်ဆံရေး

"How can we have good relationships with our children, especially when they are teenagers?"

သားသမီးတွေနဲ့၊ အထူးသဖြင့် သူတို့တတွေ ဆယ်ကျော်သက်အရွယ်မှာ သူတို့နဲ့ ဆက်ဆံရေး ပြေပြစ်အောင် ဘယ်လိုလုပ်ရမလဲ။

ဆယ်ကျော်သက် သားသမီးတွေနဲ့ ပွင့်လင်းတဲ့ ဆက်ဆံရေး ရှိနေဖို့ အရေးကြီးပါတယ်။ မှန်ကန်မျှတတဲ့ ဆက်ဆံရေးရှိမှ ပွင့်လင်းတဲ့ ဆက်ဆံရေး ရှိနိုင်ပါတယ်။ မိဘတွေ ဘာဖြစ်နေနေ သားသမီးဆိုတာ မိဘကို လေးစားရမယ်၊ ကြောက်ရွံ့ရမယ်ဆိုတဲ့ အယူအဆဟာ မမှန်ကန် မမျှတပါဘူး။ မိသားစုရဲ့ စားရေးနေရေး ကုန်ကျစရိတ်၊ သားသမီးတွေရဲ့ အသုံးစရိတ် နဲ့ ပညာရေးစရိတ်အတွက် ငွေရှာပေးနိုင်ရင် တာဝန်ကျေပြီ၊ သားသမီးတွေ လေးစားခန့်ငြားလောက်ပြီဆိုတဲ့ မိဘတွေရဲ့ အယူအဆဟာ မမှန်ကန် မမျှတပါဘူး။ မိဘတွေ အနေနဲ့ သားသမီးတွေ လေးစားလောက်တဲ့ ကိုယ်ကျင့်သီလ နဲ့ ကိုယ်ကျင့်သိက္ခာ ပြည့်စုံတယ်ဆိုရင်၊ သားသမီးတွေ အတုယူလောက်တဲ့ အကြင်နာ နဲ့ အမြော်အမြင်လည်း ပြည့်စုံတယ်ဆိုရင် သားသမီးတွေက အလိုအလျောက် လေးစားခန့်ငြားလာဖို့ပဲ ရှိပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပွင့်လင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ သားသမီးတွေအပေါ် ကြင်ကြင်နာနာ မဆက်ဆံနိုင်ဘဲ မိဘက အတင်းအကြပ် အသာစီးယူထားတဲ့ ဆက်ဆံရေးမျိုး ဖြစ်လာပါလိမ့်မယ်။ မပြေပြစ်နိုင်ပါဘူး။

မိဘနဲ့ သားသမီးအကြား တရားမျှတပြီး လွတ်လပ်ပွင့်လင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ မိသားစုအတွက် လုံလောက်တဲ့အချိန် ပေးနိုင်ဖို့ လိုပါတယ်။ သားသမီးတွေကို မိဘတွေက အကောင်းမြင်ဖို့၊ အကောင်းမျှော်လင့်ဖို့လည်း လိုပါတယ်။

နောက်တစ်ခုက ဦးစားပေး ရွေးခြယ်မှု မှန်ကန်ဖို့ ဖြစ်ပါတယ်။ အချိန်များများပေးရတဲ့ ၀င်ငွေကောင်းတဲ့အလုပ်ကို ပထမနေရာမှာထားပြီး သားသမီးတွေကို ဒုတိယနေရာမှာ ထားမလား။ ၀င်ငွေကို မကြည့်ဘဲ အလုပ်ချိန်လျှော့ပြီး သားသမီးတွေကို ကိုယ်ထိလက်ရောက် ကြင်ကြင်နာနာ ပြုစုနိုင်ဖို့ အဓိကထားမလား။ မိဘက အလုပ်အတွက် အချိန်တွေ အများကြီး ပေးလိုက်ရလို့ အလုပ်ကပြန် အိမ်ရောက်တာနဲ့ အရုပ်ကြိုးပြတ် ပင်ပမ်းနေပြီဆိုရင် သားသမီးတွေကို ဂရုစိုက်နိုင်တော့မှာ မဟုတ်ပါဘူး။ ငယ်ရွယ်သူတွေ အရေးတကြီး လိုအပ်တဲ့ မိဘရဲ့ ဂရုစိုက်မှု ကြင်နာယုယမှုဟာ မိသားစုအတွင်းမှာ ဆိတ်သုဉ်းနေပါလိမ့်မယ်။ မေတ္တာငတ်တဲ့ ကလေးတွေ ဖြစ်လာပါလိမ့်မယ်။ မိဘတွေလည်း စိတ်ဖိစီးမှုတွေက မလွတ်နိုင်တော့ဘဲ အမြဲတမ်း မအီမသာ မကြည်မသာ ဖြစ်နေပါလိမ့်မယ်။ ဒါဆိုရင် သားသမီးတွေက မိဘကို လေးစားနိုင်တော့မှာ မဟုတ်ပါဘူး။ အကောင်းမြင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလို အခြေအနေမှာ မိဘနဲ့သားသမီး ဆက်ဆံရေး မပြေပြစ်နိုင်တော့ပါဘူး။

သားသမီးတွေအတွက် ကွန်ပျူတာကောင်းကောင်း လက်ကိုင်ဖုန်းကောင်းကောင်း အစရှိတဲ့ ပစ္စည်းဝတ္ထုတွေထက် မိဘရဲ့ ချစ်ခြင်းမေတ္တာ အကြင်နာနဲ့ ဂရုတစိုက် ပြုစုယုယမှုက ပိုပြီး အရေးကြီးပါတယ်။ ပစ္စည်းဝတ္ထုတွေ ကြွယ်ဝချမ်းသာတာကို အပြစ်မဆိုနိုင်ပါဘူး။ ဒါပေမယ့် သားသမီးအတွက် မိသားစုအတွက် ပစ္စည်းဝတ္ထုတွေ လိုတရအောင် ဖြည့်ဆည်းပေးနိုင်ဖို့ ငွေကိုအဓိကထားပြီး အလုပ်လုပ်တဲ့ မိဘတွေရော၊ မျက်ကွယ်ပြုခံရတဲ့ သားသမီးတွေပါ ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေး ချို့တဲ့လာနိုင်တယ် ဆိုတာကို သတိထားသင့်ပါတယ်။

မိသားစုအတွက် သားသမီးတွေအတွက် အချိန်ယူနိုင်တယ်ဆိုရင် သားသမီးတွေနဲ့ အတူနေချိန် ပြောဆိုဆက်ဆံတဲ့ နေရာမှာ သားသမီးတွေ စိတ်ဝင်စားတဲ့ အကြောင်းအရာကို ပြောဖို့ လိုပါတယ်။ သားသမီးတွေ ကျောင်းမှာ အမှတ်ကောင်းစေချင်တာ၊ အိမ်မှာ သန့်ရှင်းသပ်ရပ် စည်းကမ်းရှိစေချင်တာ အစရှိတဲ့ မိဘတွေရဲ့ ဆန္ဒဟာ ကောင်းပါတယ်။ ဒါပေမယ့် ဒီအကြောင်းအရာတွေကို ဇွတ် မပြောသင့်ပါဘူး။ အားကစားအကြောင်း နောက်ဆုံးပေါ် ဖက်ရှင်အကြောင်း အစရှိတဲ့ ကလေးတွေ စိတ်ဝင်စားတဲ့ အကြောင်းအရာကို မိဘတွေ စိတ်မ၀င်စားရင်တောင်မှ သည်းခံပြီး ပြောဆိုဆွေးနွေးသင့်ပါတယ်။ ပွင့်လင်းတဲ့ ဆက်ဆံရေးတံခါးကို အမြဲ ဖွင့်ထားသင့်ပါတယ်။

ဒါဆိုရင် ငယ်ရွယ်သူ သားတွေသမီးတွေနဲ့ ဆက်ဆံရေး ပြေပြစ်ပြီး သူတို့ရဲ့ ချစ်ခင်လေးစားမှုကိုလည်း ရရှိနိုင်ပါလိမ့်မယ်။

ငြိမ်းချမ်းကြပါစေ
ရည်ညွှန်း

pp 24-25, “Dealing with Life's Issues, a Buddhist Perspectives” by Ven Thubten Chodron; 1st Edition, January 2008; 4th reprint of 5, 000 copies, May 2010; Printed by Fabulous Printers Pte Ltd (Singapore)

တရုတ်နိုင်ငံရဲ့ ရေခဲပွဲတော် ဟာဘင်

ကမ္ဘာပေါ်မှာရှိတဲ့ ရေခဲပွဲတော်တွေအနက်မှ တစ်ခုဖြစ်တဲ့ ဟာဘင်ရေခဲပွဲတော်ကို တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေလောင်ဂျန်းပြည်နယ်ရဲ့ ဟာဘင်မြို့မှာ ဇန်န၀ါရီ ငါးရက်နေ့က
စတင်ကျင်းပခဲ့ပါတယ်။ ဒီပွဲတော်ကို ဇန်န၀ါရီငါးရက်နေ့တိုင်း ကျင်းပနေကြဖြစ်ပါတယ်။တရုတ်နိုင်ငံ့ရဲ့ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့ ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ရေခဲပွဲတော်ကို အချိန်တစ်လလောက် ကျင်းပသွားမှာဖြစ်ပါတယ်

ကိုနေမင်းသူအတွက်

စီဘောက်ထဲမှာ ကိုနေမင်းသူ မေးထားတဲ့  အမေးကိုပြန်ဖြေပေးတာဖြစ်ပါတယ်။
ကိုနေမင်းသူ: template ကိုပြောင်းချင်လို့  ဒီဟာပဲ http://btemplates.com/2011/blogger-template-aquasprite/demo/ အပေါ်ဆုံးကဓာတ်ပုံကိုမလိုရှင်ဘူးဘုရင်ကြီရယ်ကူညီပါ အရောင်ကိုကြိုက်လို့ပါ။

ကိုနေမင်းသူ ဖျက်ချင်တဲ့ပုံနဲ့စာကို ဖျက်ချင်ရင် Design>Edit Html ထဲက အောက်က ကုဒ်တွေကို

Ctrl+F key နဲ့ ရှာပြီး ဖြုတ်ပေးလိုက်ပါခင်ဗျာ။လုပ်ကြည့်လိုက်နော်။

<b:if cond='data:blog.pageType != "static_page"'>
<b:if cond='data:blog.pageType != "item"'>

This is featured post 1 title

Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.

This is featured post 2 title

Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.

This is featured post 3 title

Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.

This is featured post 4 title

Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.

</b:if></b:if>

မီးဘောလုံးသမား

Desktop ပေါ်မှာဘောသမားလေး
ကလစ်တစ်ချက်နှိပ်လိုက်ရင် တစ်ခါကန်ပြီး
မီးလောင်ကျွမ်းသွားတဲ့အပေါက်တွေဖြစ်ကုန်မယ်ဗျ
မိမိမော်နီတာကြီးကိုမီးရှို့မဲ့စိတ်ကူးပေါ့ :P
Funny sofeware  လေးတွေပါ...
SCREEN ဆိုတဲ့ ပုဂ္ဂိုဟ်ဆီမှ မလာပေးတာပါခင်ဗျာ...
ကို screen ကိုလည်းရောက်လေရာအရပ်မှကျေးဇူးတင်ပါကြောင်း...
:D

***************   တောင်ကြီးသားလေး...   ***************

သူငယ်ချင်းလေး သံလွင်ပေးပို့ခဲ့တဲ့မေးလ်လေးပါ...

သင် ကံကောင်းပါတယ်

If you woke up this morning
Fairly healthy, Congratulations, because
Million people will not live to past a week.

ကျန်းမာရေးကောင်းကောင်းမွန်မွန်နဲ့
နေ့သစ်တစ်ခုကို သင် နိုးထနိုင်ခဲ့ပြီလား…
ဒါဆို
သင် ၀မ်းမြောက်လိုက်ပါတော့…
ဘာဖြစ်လို့လဲဆိုတော့
လူသန်းပေါင်းများစွာဟာ
ရက်သတ္တပတ်လေးကျော်အောင်
အသက်မရှင်နိုင်ကြတော့ဘူးလေ။

If you have never experienced the danger of war,
The loneliness of imprisonment,
The agony of torture,
Or cold and hunger,
Congratulations, you better fate than 5 million people.

စစ်ပွဲရဲ့ ကြောက်မတ်ဖွယ်တွေ၊
အထီးကျန် အကျဉ်းချခံထားရမှုတွေ၊
နာကျင်ငြီးတွားမှုတွေ၊
ချမ်းအေးမှုတွေနဲ့ မွတ်သိပ်မှုတွေ…
ဒါတွေကို သင် မတွေ့ကြုံ မခံစားဖူးဘူး မဟုတ်လား၊
ဒါဆို
သင် ၀မ်းမြောက်လိုက်ပါတော့ …
ဘာဖြစ်လို့လဲဆိုတော့
ကမ္ဘာ့လူဦးရေ ၅-သန်းကျော်ဟာ
အဲဒီကြမ္မာဆိုးတွေနဲ့ ကြုံတွေ့နေရတယ်လေ။

If you can participate in religious activities
Without fear of harassment,
Arrest, torture, or death,
Congratulations, you have more freedom than 1.5 billion people .

ခြိမ်းခြောက်ဟန့်တားမှုတွေ မရှိဘဲ
မတရားဖမ်းဆီးမှုတွေ မရှိဘဲ
နှိပ်စက်ညှင်းပန်းမှုတွေ မရှိဘဲ
သတ်ဖြတ်ညှင်းဆဲမှုတွေ မရှိဘဲ
ဘာသာရေးလုပ်ငန်းတွေ လုပ်ဆောင်ခွင့် ရနေသလား၊
ဒါဆို
သင် ၀မ်းမြောက်လိုက်ပါတော့
ဘာဖြစ်လို့လဲဆိုတော့
လူဦးရေ ၁-သန်းခွဲကျော်ထက်
သင် လွတ်လပ်ရေး ရနေပြီလေ။

If you have food,
Have clothes to wear,
There is a place to live, congratulations,
You are richer  than 70% of the world.

သင့်မှာ စားစရာတွေ ရှိနေတယ်မလား
ဝတ်စရာအ၀တ်တွေလည်း ရှိမဟုတ်လား
နေစရာအိမ်လေးကော ရှိနေတယ်မလား
ဒါဆို
သင် ၀မ်းမြောက်လိုက်ပါတော့
ဘာဖြစ်လို့လဲဆိုတော့
ကမ္ဘာ့လူဦးရေ ၇၀%နှုန်းထက် သင်က ချမ်းသာနေပြီလေ။

If you have saving in the bank,
Wallet with money,
There are some coin left, congratulations,
You are among the world's top 10% of the rich.

ဘဏ်ထဲမှာ
ငွေလေးဘာလေး စုထားတယ်မလား
ဒါမှမဟုတ်
သင့်ပိုက်ဆံအိတ်ထဲမှာ
ငွေအနည်းငယ် ရှိနေတယ်မလား
ဒါမှမဟုတ်
သုံးစရာ ငွေစလေးတွေ ကျန်နေသေးတယ်မလား
ဒါဆို
သင် ၀မ်းမြောက်လိုက်ပါတော့
ဘာဖြစ်လို့လဲဆိုတော့
ကမ္ဘာ့ချမ်းသာသူများ ၁၀%နှုန်းထဲမှာ
သင် ပါဝင်နေခဲ့ပြီလေ။

If you often looked up with a smile,
And the heart to thank God,
You are happy,
Because most people can but will
not do so.

လောကကြီးကို အပြုံးပန်းတွေနဲ့
သင် မကြာခဏ ကြည့်နေနိုင်တယ်
ဘုရားသခင် ကို ကျေးဇူးတင်ဖို့
နှလုံးသားလည်း ရှိနေတယ်
ဒါဆို
သင် ၀မ်းမြောက်ပျော်ရွှင်လိုက်ပါတော့
ဘာဖြစ်လို့လဲဆိုတော့
လူအများစုဟာ အဲဒီလို လုပ်နိုင်စွမ်းရှိပေမယ့်
လက်တွေ့မလုပ်ကြတော့မှာ သေချာနေလို့ပါပဲ။

If you are able to hold someone's hand,
Or give them a hug,
Or pat them on the shoulder,
Congratulations , because you are with the ability to heal people's hearts.

တစ်ယောက်ယောက်ရဲ့လက်ကို ဆုပ်ကိုင်ထားနိုင်တယ်
ဒါမှမဟုတ်
ကြင်နာစွာ ထွေးပွေ့နိုင်တယ်
ဒါမှမဟုတ် ပုခုံးနှစ်ဘက်ကို ကြင်ကြင်နာနာ ယုယနိုင်တယ်
ဒီလိုဆို
သင် ၀မ်းမြောက်လိုက်ပါတော့
ဘာဖြစ်လို့လဲဆိုတော့
သင်ဟာ
လူတွေရဲ့ နှလုံးသားဒဏ်ရာကို
ကုစားပေးနိုင်စွမ်း ရှိနေလို့ပါပဲ။

If you can read this article
That is double fortunate:
Some people think of you as a friend,
And there are 1.5 billion people illiterate.

ဒီစာလေးကို သင် ဖတ်တတ်တယ်မလား
ဒါဆိုရင် သင်ဟာ နှစ်ထပ်ကွမ်း ကံထူးရှင်ပေါ့
အချို့သူတွေက သင့်ကို (ဘ၀တူ)သူငယ်ချင်းလို့ ယူဆလိုက်ကြမယ်
ပြီးတော့ …
ကမ္ဘာ့လူဦးရေ ၁-သန်းခွဲကျော်က စာမဖတ်တတ်ကြဘူးလေ။

You probably never think of
How lucky you are now! ?

ကဲ… ပြော
သင်ဟာ
လောကမှာ ဒီလောက်တောင် ကံကောင်းနေတယ်ဆိုတာ
တစ်ခါမှ
မစဉ်းစားမိဘူးမလား….။

Wellness And Happiness is always with You
ကောင်းမြတ်ခြင်း၊ ပျော်ရွှင်ခြင်းများ သင်နဲ့အတူ ထာဝရ တည်ရှိပါစေ…..

(ဒါလေးက ကိုယ်ပိုင်ရေးထားတာ မဟုတ်ပါဘူး။ ကောင်းမွန်ထူးခြားသော အီးမေလ်များကို ကျွန်ုပ်တို့ထံ အမြဲတမ်း ပို့ပေးနေသော မလေးရှားနိုင်ငံက Miss Shirlin Tan ပို့ပေးလိုက်တဲ့ အီးမေးလ်လေးကို သဘောကျတာနဲ့ တတ်သလိုလေး ဘာသာပြန်လိုက်တာပါ။ အချို့နေရာမှာ မူရင်းအာဘော်နဲ့ လွဲသွားမလား စိုးရိမ်နေပါသေးတယ်။ ဒါပေမယ့် စာဖတ်သူတွေ တစ်စုံတစ်ရာ နှလုံးသားအာဟာရဖြစ်မယ်ထင်လို့ တင်လိုက်ပါတယ်။
ဒီစာလေး ဆုံးသွားတာနဲ့ သင့်ကိုယ်သင် ကံကောင်းသူတစ်ယောက်လို့ ယူဆသွားနိုင်ရင် ဒါလေးရေးတင်ရတာ
အထမြောက်ပါတယ်။)