Tuesday, February 1, 2011

blog တစ်ခုကိုစတင်ဖန်တီးဖို့..ဒါတွေဖတ်ပါ။( 3 )

blogspot_icon.png


Blog တစ်ခုတည်ဆောက်ခြင်းနှင့် ပတ်သတ်၍ (အပိုင်း-၂)

Post Title

ဒီနေရာမှာက Post title ၊ ဟိုရှေ့မှာဖြည့်ခဲ့တဲ့ Title  က Blog title ။ မရောထွေးမိပါစေနှင့်။ Blog title  ဆိုတာက စာအုပ်အမည်လို တစ်ခုပဲရှိမယ်။ Post title ဆိုတာက ကိုယ်တင်ရင် တင်သလောက်များမယ်။ ဥပမာ ဆိုရရင် Blog တစ်ခုထဲမှာ post ဆယ်ခုတင်ရင် Post title ဆယ်ခုရှိမယ်ပေါ့။

Text Area

ရေးလိုသမျှ Text area ထဲမှာရေးသားကြပါမယ်။ ဒီနေရာမှာ ရေးသားသမျှတို့သည် မိမိတင်မည့် Post ၏ စာကိုယ်ဖြစ်ပါလိမ့်မည်။

ရေးလိုသမျှရေးပြီး၍ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်လိုက်ပါ။ ရေးခဲ့သော Post ကို အင်တာနက်ပေါ်မှတဆင့် အများသူငါ ကြည့်၍ရအောင် အောင်မြင်စွာ လွှင့်တင်ပြီးဖြစ်ကြောင်း ဖော်ပြသော Page ကိုမြင်ကြရပါမည်။

မိမိရဲ့ တင်လိုက်တဲ့ Blog ကို ကိုယ်တိုင်ကြည့်ချင်ရင် View Blog တွင် Click နှိပ်လိုက်ပါ။ Post တစ်ခုတည်းသာရှိတဲ့ မိမိရဲ့ Blog အသစ်စက်စက်လေးကို တွေ့ကြရပါလိမ့်မယ်။

Sign Out

Post အသစ်တင်ချင်ရာတွေကိုလည်း တင်ခဲ့ပြီးပြီ၊ ပြင်စရာရှိတာတွေကို ပြင်ခဲ့ပြီး၍ လတ်တလော ရှေ့ဆက် အသုံးမရှိသေးသည့်အတွက် ထွက်တော့မယ်ဆိုရင် အမြဲတမ်း Sign out လုပ်ပြီးမှ ထွက်ရပါမယ်။ အပေါ်ညာဘက်ထောင့်တွင်ရှိသော Sign out တွင် Click  နှိပ်ပြီးထွက်ပါ။ မှုလအစဖြစ်တဲ့ www.blogger.com  သို့ ပြန်ရောက်သွားပါလိမ့်မည်။

Blogger Interface အားလေ့လာခြင်း

Blog လေးတစ်ခု ဖန်တီးလိုက်တယ်။ Post လေးတွေရေးတင်တယ်။ လိုအပ်ရင် ရေးထားတဲ့ Post တွေကို ပြန်ပြင်မယ်။ Post အသစ်တွေထပ်တင်ကြတယ်။ ဒါတွေက Blog  နှင့်ဆိုင်တဲ့ သာမာန်လုပ်ရိုးလုပ်စဉ်တွေပါ။ သာမန်ထက်ပိုတဲ့ နည်းလမ်းတွေသုံးပြီး မိမိ Blog ကို ထူးထူးခြားခြားလေး ဖြစ်အောင် ပြင်ဆင်ကြချင်တယ်။ Blogger interface ကို နားလည်ထားဖို့လိုပါလိမ့်မယ်။

Posting Tab

Posting tab အောက်မှာ Create၊ Edit post  အစရှိသဖြင့် အခွဲတွေပါတယ်။ Post အသစ်များတင်ခြင်း၊ တင်ပြီးသား Post တွေကို ပြင်ဆင်ဖြည့်စွက်ခြင်းများကို ဒီ Posting tab အောက်မှာ လုပ်ဆောင်နိုင်ကြတယ်။

Setting Tab

Setting Tab အောက်မှာ Basic၊ Publishing၊ Formatting အစရှိသဖြင့် အခွဲတွေရှိပါတယ်။ Blog title  ပြောင်းခြင်း၊ Comment ပိတ်ခြင်း၊ Email  ဖြင့် post လှမ်းတင်နိုင်အောင် စီစဉ်ခြင်းများ အပါအ၀င် စီမံခန့်ခွဲခြင်းလုပ်ငန်းစဉ် အတော်များများကို ဒီ Setting tab  အောက်မှာ လုပ်ဆောင်နိုင်ကြပါတယ်။

Layout Tab

Layout tab အောက်မှာ Page Elements၊ Pick new template အစရှိသဖြင့် အခွဲတွေပါတယ်။ Template အသစ်ပြောင်းခြင်း၊ မိမိ Blog ရဲ့ အဆင်အပြင်ကို ပိုမိုကြည့်ကောင်းအောင် Page elements များ ထပ်တိုးဖြည့်စွက်ထည့်သွင်းခြင်းများကို ဒီ Layout tab အောက်မှာ လုပ်ဆောင်နိုင်ကြပါတယ်။

The Dashboard

မိမိရဲ့ Blog မှာ Post  အသစ်တွေထပ်တင်ချင်တာပဲဖြစ်ဖြစ်၊ တင်ပြီးသား Post တွေထဲက အချို့ပြန်ပြင်ချင်တာမျိုးတွေပဲဖြစ်ဖြစ်၊ ဖျက်ထုတ်ခြင်တာပဲဖြစ်ဖြစ်၊ အမြဲတမ်း Blogger homepage ဖြစ်တဲ့ (www.blogger.com) ထံသို့ ပြန်လာရပါမယ်။ ရောက်ပြီဆိုရင် Blog ဖန်တီးခဲ့စဉ်က အသုံးပြုခဲ့သော Email address နှင့် Password တို့ကိုပင် သုံးပြီး ပြန်လည် Sign in လုပ်ရပါမယ်။

Sign in ၀င်ရောက်မှု အောင်မြင်ပြီဆိုရင် Blogger Dashboard ဆိုတာကို မြင်ကြရပါမယ်။ Blogger Dashboard သည် Post အသစ်ထပ်တင်ခြင်း၊ ရှိပြီးသား Post ကို Edit လုပ်ခြင်းတို့အပါအ၀င် Blog အားစီမံခန့်ခွဲမှု အလုပ်များကို အလွယ်တကူ လုပ်ဆောင်နိုင်ရန်များစွာ အထောက်အကူပေးပါတယ်။ New post နှင့် Manage post တို့သည် Dashboard ထဲမှ အသုံးပြုရမှုအများဆုံး Icon ၂ခုပင်ဖြစ်ပါတယ်။

မှတ်ချက်။   ။ Blog တစ်ခုကို ဖန်တီးခဲ့ဘူးသော Gmail Account နှင့် ပြန်ဝင်တိုင်းမှာ Blogger Dashboard ကိုမြင်ကြရပါမည်။

Post အသစ်များထပ်တင်ခြင်း

ရှေ့ဘက်မှာဖော်ပြခဲ့သလို User name နှင့် Password တို့ကို ထည့်ပြီး Blogger  မှာ Sign in လုပ်ပြီးတာနှင့် မိမိ Blog  ကို အဓိက Control လုပ်ရာ Dashboard ဆိုတာကို တွေ့ကြရပါမယ်။

Post အသစ်တစ်ခု ထပ်တင်ရန်အတွက် အစိမ်းရောင်အပေါင်းသင်္ကေတလေးနှင့် New Post တွင့် Click တစ်ချက်နှိပ်ပါ။ Post တွေရေးသားနိုင်မည့် (Posting create page) ပေါ်လာပါမည်။

ရှေ့မှာတုန်းက Post အသစ်တစ်ခုစရေးစဉ်က အတိုင်းပင် Title နေရာတွင် စာခေါင်းစဉ် Post title နှင့် Text area ထဲတွင် ရေးလိုသောစသားများကို ရိုက်ထည့်ပါ။ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Post အသစ်ကို အောင်မြင်စွာ ထပ်တင်ပြိး ဖြစ်ပါလိမ့်မယ်။ မိမိ Bolg ကို ဖွင့်ကြည့်လျှင် အရင်တင်ခဲ့သည့် Post များနှင့်အတူ Post အသစ်များကိုပါ ယှဉ်တွဲမြင်ရပါလိမ့်မယ်။

တင်ပြီးသား Post များကို ပြန်လည်ဖြည့်စွက်ပြင်ဆင်ခြင်း

မိမိတင်ထားခဲ့တဲ့ Post တွေကို ပြင်ချင်ရင် အချန်မရွေးပြန်လည် Edit လုပ်လို့ရပါတယ်။ သဘောက မကြိုက်တဲ့စာသားတွေကို ဖြုတ်ပစ်မယ်။ ထပ်ထည့်ဖို့လိုအပ်ရင် ထပ်ထည့်မယ်ပေါ့။ Dashboard ပေါ်မှ Manage Post ပေါ်တွင် Click နှိပ်လိုက်ပါ။ မိမိ၏ Blog  မှာတင်ထားသမျှသော Post တို့၏ Title များအားတန်းစီမြင်ရပါမယ်။

ပြန်လည် Edit လုပ်လိုသော Post Title နှင့် သက်ဆိုင်သော Edit ပေါ်တွင် Click နှိပ်လိုက်ပါ။ (Posting /Edit posts) PagePost သို့ရောက်သွားပြီး တွင်ပါ စာသားများကို မြင်ကြရပါမယ်။

၎င်း Post title တစ်ခုစီဘေးမှ Edit တွင် Click တစ်ချက်နှိပ်ပါ။ Title ပဲဖြစ်စေ၊ Text area ထဲမှ စာသားများကိုဖြစ်စေ လိုသလို ပြောင်းလဲဖြည့်စွက်နိုင်ကြပါတယ်။ စိတ်တိုင်းကျပြီဆိုလျှင် Publish post တွင် Click ပြန်နှိပ်ပေးရန်မမေ့ပါနှင့် ။

ဒီနေရာမှာ တင်ပြီးသား Post တွေထဲက အချို့ကို ပြင်ဆင် Edit လုပ်ခြင်းမဟုတ်ပဲ။ လုံးဝကို ဖျက်ထုတ်လည်း ရနိုင်ပါတယ်။ တန်းစီထားသော Post title များထဲမှ ဖျက်ထုတ်လိုသော Title နှင့် သက်ဆိုင်သော Delete ပေါ်တွင် Click နှိပ်လိုက်ပါ။ အမှန်တကယ် ဖျက်ထုတ်လိုခြင်း ဟုတ်မဟုတ်ဆိုတာကို Confrom လုပ်ပါလိမ့်မယ်။ Delete It တွင် Click နှိပ်ဖျက်လိုက်ပါ။ ဒါဆိုရင် ၄င်း Post ကို အပြီးအပိုင် ဖြတ်ထုတ်ပြီး ဖြစ်ပါလိမ့်မယ်။

Add formatting

Text area ထဲမှာ ရှိနေသည့် စာသားတွေရဲ့ စာလုံးပုံစံ Font  ပြောင်းခြင်း၊ Font အရွယ်အစားပြောင်းခြင်း၊ Blod လုပ်ခြင်း၊ အစရှိတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ရန် Compose  တွင် Formatting tools တစ်ခုပါရှိပါတယ်။

စာလုံးပုံစံ Font ပြောင်းခြင်း

ရိုက်ထည့်ထားသည့် စာသားတွေထဲက အချို့ကို Font ပြောင်းချင်ရင် ပြောင်းချင်တဲ့ စာသားတွေကို အပြောရောင် High light ဖြစ်အောင် Mouse ဖြင့် Drag ဆွဲပြီး Select  လုပ်ပါ။ ပြီးလျှင် Font family ထဲက down arrow  တွင် Click နှိပ်ပြီး Font တစ်မျိုးကို ရွေးချယ် Click နှိပ်ပါ။ ဒါဆိုရင် မိမိ Select လုပ်ခဲ့သော စာသားတွေရဲက စာလုံးပုံစံ Font ပြောင်းသွားပါလိမ့်မယ်။

စာလုံးအရွယ်အစားပြောင်းခြင်း

Text area ထဲမှ စာလုံး အရွယ်အစားပြောင်းလိုသော စာသားများကို Mouse ဖြင့် High light ဖြစ်အောင် Select လုပ်ပါ။ Font size icon ပေါ်တွင် Click နှိပ်ပြီး ကျလာမည့် List  ထဲမှ နှစ်သက်ရာ အရွယ်အစားတခုခုပေါ်တွင် Click နှိပ်ရွေးချယ်ပါ။

Bold, Italic, Text color

အချို့စာလုံးတွေကို Bold  ပဲဖြစ်ဖြစ်၊ Italic ပဲဖြစ်ဖြစ်၊ Text color  အရောင်ပြောင်းချင်တာပဲ ဖြစ်ဖြစ် ပထမဦးဆုံး Drag ဆွဲပြီး လုပ်ရပါမယ်။

Bold လုပ်ချင်ရင် "B" တွင် Click နှိပ်ပါ။ စာလုံးအထူများဖြင့် မြင်ရပါမယ်။

Italic လုပ်ချင်ရင် "I" တွင် Click နှိပ်ပါ။ စာလုံးစောင်းများ မြင်ရပါမယ်။

Text Color အရောင်ပြောင်းချင်ရင် Text box တွင် Click နှိပ်ပြီး နှစ်သက်ရာအရောင်ကို ရွေးချယ် Click နှိပ်လိုက်ပါ။ စာလုံးအရောင်ပြောင်းသွားပါမယ်။

Post တွင်းသို့ပုံများထည့်တင်ခြင်း ( Add Image)

တစ်ခါတစ်လေကျတော့လည်း စာသားတွေချည်းပဲ တင်ထားတာထက်စာရင် အကြောင်းအရာနှင့် လိုက်ဖက်တဲ့ ပုံလေးတွေပါဆွဲပြီး တင်သည့် Post တွေဟာ လူအများအား ပိုမိုဆွဲဆောင်နိုင်စေပါတယ်။ အချို့က သူတို့ဖြတ်သန်းခဲ့ရတဲ့ ကာလတွေအတွင်း စုဆောင်းထားသည့် အမှတ်တရာ ပုံတွေကို မိမိနှင့် စိတ်ချင်းနီးသူတို့ ခံစားနိုင်အောင် မျှဝေချင်သည့် ရည်ရွယ်ချက်တွေနှင့် ပုံတွေကို မှတ်တမ်းတင်သဘောမျိုး တင်ထားပေးတတ်သည်။

Add to Picture

ပုံတွေကို ရှေ့မှာတုန်းကလို Post  ထဲမှာ မဟုတ်ပဲ Page Element (widget) တွေအဖြစ်မိမိ Blog  မှာထည့်ထားလို့ရပါတယ်။ Picture နေရာရှိ Add to Blog တွင် Click နှိပ်လိုက်ပါ။ Configure Image ပွင့်လာပါမည်။

Title နှင့် Caption တို့တွင် နှစ်သက်သလို စာသားများ ဖြည့်သွင်းပါ။ ထို့နောက် Browse တွင် နှိပ်ပြီး တင်လိုသော ပုံကို ရွေးချယ်ညွှန်ပြပေးလိုက်ပါ။ Image နေရာတွင် ပုံပေါ်လာပြီဆိုရင် Save Change တွင် Click နှိပ်လိုက်ပါ။

မှတ်ချက်။   ။ ယခုဖော်ပြခဲ့တဲ့ပုံ (Picture) များထည့်သလိုပင် (Text) များ (Lables)များကိုလည်း မိမိတို့ စိတ်ကူးရှိသလို Page Elements တွေအဖြစ် ပေါင်းစပ်ထည့်သွင်း ထားနိုင်ကြပါတယ်

(ကူးယူတင်ပြခြင်း) ပြန်ရေးရမှာအလွန်ပျင်းပါသည် ထို့ကြောင့်..:D

နောက်တစ်ခု မြန်မာပြည်ရှိ ဘလော့ဂါတွေအဆင်ပြေဖို့ ကိုယ့်ပိုင်ဂျီမေးလ်က နေ ကိုယ်ပိုင်ဘလော့ဂ်ကို blogspot မ၀င်ပဲ တိုက်ရိုက်ပို့စ်တင် တဲ့နည်းလေးကို
ဧကရီ တို့ရေးပေးထားတာရှိပါတယ်..ရှာဖတ်ကြည့်ပါနော်။

                                                                       ***ဧကရီ***

blog တစ်ခုကိုစတင်ဖန်တီးဖို့..ဒါတွေဖတ်ပါ။( 2)

ဘလော့ဂ်ရေးချင်သူများရှင့်...Blog တစ်ခုရေးတော့မယ် ဆိုရင်...

Blog မလုပ်ခင် အရင်စဉ်းစားပါ။

Blog ရေးတာ အိမ်ဆောက်တာနဲ့ တူပါတယ်။ အိမ်သာတော့ ဧည့်လာတယ်ဆိုတော့လည်း ကိုယ့်အိမ် လေးကို လူတွေအလာများအောင် နည်းအမျိုးမျိုးနဲ့ လှအောင်ပအောင် စုံလင်အောင် ရေးကြ၊ ဖိတ်ကြ တာပါပဲ။ ကိုယ့် blog လေးကို လူအလာများရင် ရလာတဲ့ ပီတိကိုတော့ blogger တိုင်း သိကြမှာပါ။ blogger မဟုတ်တဲ့သူတွေ ကျတော့လည်း ဟိုအိမ်သွားလည်၊ ဒီအိမ်သွားလည်နဲ့ ခြေတွေလည်း အတော်ညောင်း ကြတာပေါ့လေ။ အများအားဖြင့် Blog တွေဖတ်တာများလာရင် ကိုယ်ကိုယ်တိုင်လည်း ကိုယ်ပိုင် Blog လေးတစ်ခုလောက်တော့ ရေးချင်စိတ်ပေါ်လာကြတာပါပဲ။ ဒါပေမဲ့ Blog ရေးတာဟာ ဘယ်လောက် တာဝန်ကြီးတယ်ဆိုတာ သိရင် နည်းနည်းလေးများ လက်တွန့်သွားကြမလားပဲ။

နံပါတ်တစ်- ရေးမည့်အကြောင်းအရာကို သေချာရွေးချယ်ပါ

Blog ရေးမယ်လို့ ပထမဆုံးစဉ်းစားလိုက်တာနဲ့ ဘယ်အကြောင်းအရာကို ရေးမှာလဲဆိုတာကို စဉ်းစားပါ။ ဟိုဟာလျှောက်ရေး၊ ဒီဟာလျှောက်ရေးနေလို့တော့ မဖြစ်ပါဘူး။ ကိုယ်ဟာ ဘယ်အပိုင်းမှာ ကျွမ်းကျင် သလဲ၊ ကိုယ်ကျွမ်းကျင်တဲ့အပိုင်းကိုသာ ရေးပါ။ ဘယ်ဟာကိုမှ ပိုင်ပိုင်နိုင်နိုင်မသိပဲနဲ့ Blog ရေးမယ်ဆိုရင် အလကားနေရင်း လူအထင်သေးခံရနိုင်ပါတယ်။ အင်တာနက်သုံးနေတဲ့သူတွေ၊ ဘလော့ခ်တွေကို လိုက် ဖတ်နေတဲ့သူတွေထဲမှာ ပညာရှင်တွေ ပါတယ်ဆိုတာ သတိထားပါ။ ကိုယ်က သီချင်းတွေကို ခံစားတတ် ရင်၊ သုံးသပ်ဝေဖန်တတ်ရင် အဲဒီအကြောင်းတွေကို ရေးပေါ့။ ဒါတောင်မှ တကယ်တမ်းပြောရရင် မတိကျ သေးပါဘူး။ သီချင်းအကြောင်း ရေးတာတောင်မှ အနောက်တိုင်းသီချင်းတွေလား၊ မြန်မာသီချင်း အ ကြောင်း လား၊ မြန်မာသီချင်းတောင်မှ Rock အကြောင်းရေးမှာလား၊ Hip Hop အကြောင်းရေးမှာလား စသည်ဖြင့် တိတိကျကျ ရွေးချယ်မှ ဖြစ်မှာပါ။

နံပါတ်သုံး- Home Page ကို လှအောင် လုပ်နိုင်ရဲ့လား။

ကိုယ့် Blog ကို ဖွင့်ဖွင့်ချင်း တက်လာတဲ့ Home Page ဟာ Main Point ပါ။ ဒီ Page ဟာ အရမ်းကြီး မဟုတ်တောင်မှ ဆွဲဆောင်နိုင်စွမ်းရှိရပါ့မယ်။ အရောင်တွဲစပ်မှုတွေ မှန်ရမယ်၊ Navigation လုပ်တာ လွယ်ရမယ်၊ Font တွေရဲ့ Color, Size တွေကို သတိထားရမယ်။ အဖြူရောင် စာမျက်နှာပေါ်မှာ အနက် ရောင်စာလုံးနဲ့ ရေးရင် လူ့မျက်လုံးဟာ ကြာကြာဖတ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြူရောင်ဟာ အရောင်ပျော့မို့လို့ပါ။ နောက်ခံအရောင်ကို အရောင်ပြင်းတွေ မသုံးမိပါစေနဲ့။ နောက်တစ်ခု သတိထား သင့်တာက ကိုယ့် Blog ကို ဖွင့်ရင် ကြာမယ့်အချိန်ပါ။ Blog တစ်ခုကိုဖွင့်လို့ အကြာကြီးစောင့်နေရရင် ဘယ်သူမှ စိတ်ရှည်မှာ မဟုတ်ပါဘူး။ နာမည်ကြီး Blog ဆိုရင်တော့ ရေးထားတာတွေ ဖတ်ချင်လွန်းလို့ စောင့်ချင်စောင့်ကြပါလိမ့်မယ်။ ကိုယ်က အခုမှ အသစ်လုပ်ထားတာ၊ ကိုယ့် Blog ရဲ့ Value ကိုလည်း ဖွင့်တဲ့သူက သိဦးမှာ မဟုတ်ဘူး။ အဲဒီမှာ ဖွင့်ရတာ မြန်ဖို့ အရေးကြီးပါတယ်။ Blog ကို ဖွင့်ရတာမြန်ဖို့ လုပ်နည်းထဲက တစ်ခုကတော့ Object တွေ နည်းနည်းထည့်တာပါပဲ။ ကိုယ့် Blog မှာ မလိုအပ်တဲ့ Widget တွေ၊ ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို တတ်နိုင်သလောက် လျှော့ပြီး ထည့်တာပါပဲ။ ကိုယ်က ဖတ်တဲ့ သူကို ဘာပေးချင်တာလဲ၊ အဲဒါကိုပဲ အဓိကထားပေးပါ။ တခြားမလိုတာတွေ မထည့်ပါနဲ့။ သူများ ဘလော့ခ်လုပ်ထားတိုင်းလည်း လိုက်မလုပ်ပါနဲ့။

နံပါတ်လေး- Language တွေ တတ်ထားရမယ်။

Blog ရဲ့ Home Page ကို စိတ်ကြိုက်ချယ်လှယ်နိုင်ဖို့ ကိုယ့်မှာ Web Language အကြောင်းတွေ ကို တော့ အနည်းငယ်သိထားရပါမယ်။ HTML ဆိုတာဘာလဲ၊ အဲဒီ code ထဲမှာ Head အပိုင်းက ဘယ် နေရာ မှာရှိသလဲ၊ ဘာတွေထည့်လို့ရသလဲ၊ Javascript တွေကိုရော HTML ရဲ့ ဘယ်နားမှာ ထည့်ရသ လဲ စသည်ဖြင့် သိထားရပါ့မယ်။ Blog ရဲ့ Page Formatting အပိုင်း (Font, Color, Page Width…) ကို လှလှပပ ကစားနိုင်ဖို့ CSS ကိုလည်း သိထားရပါမယ်။

နံပါတ်ငါး- ပုံမှန် Update လုပ်ရပါမယ်။

အဲဒါဟာလည်း အရေးကြီးတဲ့အချက်ပါပဲ။ Blog တစ်ခု တစ်ခါဖွင့်လည်းဒါ၊ နောက်တစ်ပတ် လောက်ဖွင့် လည်း ဒါပဲဆိုရင် သေချာပါတယ်၊ နောက်လာတော့မှာ မဟုတ်ပါဘူး။ ငါ ဒီနေ့ဘာတင်မှာလဲဆိုတာ Offline မှာကတည်းက သေချာစဉ်းစားပါ။ ကြိုရေးထားပါ။ ပုံမှန်ရေးနိုင်ဖို့က အရေးကြီးဆုံးပါ။ တစ်ခုခု လုပ်ရမှာမို့ မအားသေးလို့ မရေးနိုင်သေးဘူးဆိုရင်လည်း ဘာကြောင့်မရေးနိုင်သေးတာ၊ ဘယ်အချိန်မှာ ပြန်လာလည်ပါဆိုပြီး information အတိအကျပေးပါ။

နံပါတ်ခြောက်- ကိုယ်ပိုင်ဖန်တီးမှုတွေဖြစ်ပါစေ။

Blog ပေါ်မှာ ရေးတဲ့ Post တွေဟာ ကိုယ့်ရဲ့ Own Creation တွေ ဖြစ်ရင် ပိုကောင်းပါတယ်။ ကိုယ့် Blog ရဲ့ role မြင့်စေနိုင်ပါတယ်။ အဲဒီလိုမဟုတ်ပဲ ဟို Blog ဟာကူး၊ ဒီ Blog ဟာကူးဆိုရင် အလိုလို နေရင်း RoleMyanmar Blog ဆိုတာ အများအစားကြီး မရှိသေးပါဘူး။ တစ်ရက်ကျရင် မိမှာပဲလေ။ တချို့ကျတော့လည်း တကယ့်ကို သဘောရိုးနဲ့ link တွေ ထည့်ပေးထားတယ်၊ အများသိစေချင်လို့ ပြန် ဖြန့် ဝေတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ ဖတ်တဲ့သူတွေဟာ အဲဒီ Original Site ကိုပဲ ရွေ့သွားတတ်ကြတယ်ဆိုတာ သတိထားပါ။ (ဒါပေမယ့် ကျွန်တော်ကိုတိုင်းလဲ နည်းပညာပိုင်းနဲ့ ပါတ်သတ်ရင် မသိတဲ့အတွက်ကြောင့် ကျွန်တော်ဆီ လာလည်တဲ့မိတ်ဆွေတွေ နဲ့ ကျွန်တော်အတွက်ပါ ရှာဖွေဖို့ အချိန်ကုန်နည်းပြီး အကျိုး ရှိမယ့် Post တွေ ကို လေ့လာနိုင်အောင် ကျွန်တော်သိမ်း ထားပါ တယ်။ မူလရေးတဲ့ပုဂ္ဂိုလတွေဆီသွားလိုက လဲ အလွယ်တကူ သွားနိုင်အောင် လင့်တခါတည်း ပေးထား ပါတယ်။)

နံပါတ်ခုနစ်- စာဖတ်သူနဲ့ အမြဲထိတွေ့ပေးရမယ်။

ကိုယ့် Blog ထဲကို ရေးသွားတဲ့ Comment တွေ၊ Cbox ထဲပြောသွားတဲ့စကားတွေ၊ ပို့လာတဲ့ mail တွေကို ပုံမှန် ပြန်ဖြေတာဟာလည်း ကိုယ့် Blog နဲ့ Blog reader တွေကို Stick ဖြစ်စေတဲ့နည်း တစ်ခု ပါ။ အဲဒါတွေကို ပုံမှန် reply ပြန်နိုင်ဖို့ ကိုယ်ဟာ internet ကို ပုံမှန်သုံးနေတဲ့သူဖြစ်ဖို့လို ကျသွားပါလိ့မ် မယ်။ တချို့ကျတော့လည်း မသိနိုင်ပါဘူးဆိုပြီး ကူးတာမျိုးတွေရှိပါတယ်။ကိုယ့်မှာ အဲဒီအတွက် အချိန်ရှိ ရဲ့လား ဆိုတာ သေချာသုံးသပ်ပါ။

နံပါတ်ရှစ်- ဝေဖန်တာခံနိုင်ရဲ့လား။

ကိုယ်ကရေးပြီဆိုမှတော့ ကိုယ်ရေးတဲ့အကြောင်းအရာကို လက်ခံတဲ့သူတွေရှိသလို လက်မခံတဲ့သူတွေ၊ ရန်တွေ့လာတဲ့သူတွေ ရှိမှာပါ။ အဲဒါတွေကို ကြိုတွေးထားပါ။ ဖြစ်လာရင်ကော ကိုယ့်ဘက်က ဘယ်လို တုံ့ပြန်မလဲ။ တချို့ရှိသေးတယ်။ အလကားနေရင်း Cbox မှာ ၀င်ဆဲသွားတာမျိုး။ ကိုယ့်ကိုဆဲတာဆိုတာ့ ဒေါသထွက်မိမယ်၊ စိတ်တိုမိမယ်၊ အဲဒီဒဏ်တွေကို ခံနိုင်ရဲ့လား။

နံပါတ်ကိုး- လူအ၀င်နည်းရင် စိတ်အားငယ်ရတယ်
Blog လေးဖန်တီးပြီးပြီ၊ ပုံမှန်လည်း Update လုပ်ရဲ့သားနဲ့ လူအ၀င်နည်းပြီဆိုရင် စိတ်ဓာတ်ကျစရာ တော်တော်ကောင်းပါတယ်။ သူများဘလော့ခ်တွေရဲ့ တစ်နေ့တစ်နေ့ ၀င်ကြည့်သူအရေအတွက်ကို ကိုယ့်ဘလောခ့်က မမီဘူးဆိုရင် အလိုလိုနေရင်းကို စိတ်အားငယ်ရပါတယ်။ ကျွန်တော်ဆိုရင် မအိပ်နိုင် တဲ့ထိကို ဖြစ်ခဲ့ရပါတယ်။ ကဲ..အဲဒီလိုမျိုးတွေအတွက် တောင့်ခံနိုင်ရဲ့လားဆိုတာ စဉ်းစားပါဦး။

နံပါတ်တစ်ဆယ်- ရေရှည်လုပ်ငန်း ဖြစ်နေတယ်။

တစ်လနှစ်လလေး ရေးပြီး နောက်မရေးတော့ဘူးကွာဆိုပြီး နေချင်နေလို့ရတာပါပဲ။ မအောင်မြင်လို့ နောက်ဆုတ်တဲ့သူလို့ ကိုယ့်ကိုယ်ကို အဖြစ်ခံမလား။ အောင်မြင်နေရဲ့သားနဲ့ မရေးတော့ ဘူးဆိုပြန်တော့ လည်း ကိုယ့်အောင်မြင်မှုကို မထိန်းသိမ်းနိုင်တဲ့သူ ဖြစ်သွားပြန်ရော။ အဲဒါကြောင့် ရေရှည်အလုပ်လို့ ပြောတာပါ။ အကြာကြီး လုပ်နိုင်ပါ့မလား။

နံပါတ်ဆယ့်တစ်- အသစ်တွေဖြစ်ရမှာနော်
ဘယ်သူမဆို အကြောင်းအရာအသစ်တွေဖတ်ချင်ကြတာပါပဲ။ ဂျာနယ်အဟောင်းနဲ့ ဂျာနယ်အသစ်ကို ယှဉ်ထားလိုက်ရင် ဂျာနယ်အသစ်ကိုပဲ အရင်ကောက်ကိုင်တတ်ကြတာပါ။ ကိုယ့် Blog မှာ တင်လိုက်တဲ့ အကြောင်းအရာတွေဆိုလည်း အသစ်တွေ ဖြစ်နေရပါ့မယ်။ ဒါမှ လူတွေ ပိုပြီး စိတ်ဝင်စားမှာပါ။ သတင်း တွေ ပေးတဲ့ Blog မျိုးဆိုရင် ပိုတာဝန်ကြီးပါတယ်။ နာရီပိုင်းနဲ့အမျှ အသစ်တင်နေရမှာပါ။ ကိုယ့်မှာ အဲဒီလို အသစ်တွေရှာဖို့၊ ရေးဖို့ အခြေအနေပေးရဲ့လား။

နံပါတ်ဆယ့်နှစ်- သတိလည်းထားရမယ်။

ကိုယ်ရေးတဲ့ အကြောင်းအရာဟာ တိကျခိုင်လုံမှုရှိရပါ့မယ်။ ရမ်းဖြီးလို့ မရဘူးဆိုတာ သိထားပါ။ မဟုတ် ရင် ၀ိုင်းခွပ်မယ့်သူတွေ တစ်ပုံကြီးပဲ။

နံပါတ်ဆယ့်သုံး- အများအကျိုးဆောင်တဲ့အလုပ်ပါ
Blog ရေးတယ်ဆိုကတည်းက အကြောင်းအရာတစ်ခုခုကို လူအများသိစေချင်လို့ ရေးတာပါ။ အဲဒီမှာ ကိုယ်က လူထုကို ဘာပေးမှာလဲ၊ အကောင်းတွေပေးမှာလား၊ အကျိုးအပဲ့တွေ ပေးမှာလား။ အရွယ် ရောက် လို့ ကိုယ့်သမိုင်းကို ပြန်ကြည့်ရင် လိပ်ပြာမလုံရတဲ့ အကြောင်းအရာမျိုးတွေ မရေးရင် အကောင်း ဆုံးပါပဲ။ အများအကျိုးရှိအောင်လုပ်ပေးတဲ့သူကို တန်ဖိုးရှိတဲ့လူလို့ ရှေးလူကြီးတွေ ပြောခဲ့ကြပါတယ်။

(ကူးယူတင်ပြထားခြင်းဖြစ်ပါတယ်)

                                                                    ***ဧကရီ***

blog တစ်ခုကိုစတင်ဖန်တီးဖို့..ဒါတွေဖတ်ပါ။

ခင်ခင်: blogspot လုပ်နည်း စဆုံး တင်ပေးပါလား လုပ်ကြည့်ခြင်လိုပါ

အရင်ကလည်း အသိတစ်ယောက်က ဧကရီတို့ကိုမေးထားတာရှိပါတယ်.ဘလော့ဂ်ဂါတိုင်းသိနေပြီးသားဆိုပြီး မတင်ဖြစ်ပေမဲ့
အခု အကြွေးကျန်သေးတယ် မဖြေပေးသေးဘူးလား လို့ ဂျီတိုက်လာလို့ လေ..

တစ်ခုကြိုပြောချင်ပြချင်ပါတယ်ရှင့်..
ဘလော့ဂ်တစ်ခု စတင်တော့မယ်ဆိုရင် အဓိက အချိန်ပေးနိုင်ရမယ်..
နောက် ကိုယ်က ဘယ်လိုဘလော့ဂ်မျိုးကို စတင်ရုပ်လုံးဖေါ်မလဲ?
စတင်မိပြီးရင် ဘယ်အချိန်အထိ ဆက်လုပ်သွားမလဲ?
အစပျိုး မိရုံလေး တတ်ထားရုံလေးဆိုရင်တော့ သိပ်ပြီးထွေထွေ ထူးထူး မပြောလိုတော့ပါဘူးရှင့်.
အရေးကြီးတဲ့တစ်ခုက စေတနာမှန်ရမယ်ပေါ့..
ခု ဧကရီတို့ အကြင်နာနန်းတော် ဘလောဂ်လေးဟာ စတည်ထောင်တာသိပ်မကြာသေးပါဘူး..ဧကရာဇ် ရဲ့စေတနာကိုရုပ်လုံးဖေါ်ထားတာပါ။
ဧကရီ ကတော့ ပါရမီဖြည့်တဲ့သဘောပါပဲ..အဓိက ကတော့ ၀ါသနာ စေတနာ အနစ်နာ နောက် အကြင်နာ ဆိုတဲ့ နာလေးနာနဲ့ အစပျိုးပြီး
ကူညီပါဝင်ပေးကြတဲ့ ဘုန်းဘုန်း အရှင်အာစာရ.နောက်ဒေါက်တာ ကိုညီညီလွင်.ကိုတောင်ကြီးသား.တို့က အဓိက ကူညီပြီးပို့စ်ပိုင်း ဆိုင်ရာက
နေ အလျှင်းသင့်သလို ကူညီပေးထားကြပါတယ်။သူတို့ကိုလည်း ကျေးဇူး အထူးတင်ရှိကြောင်း(ဒီနေရာကနေ ကြော်ငြာဝင်လိုက်ပါတယ်)...:D

ခု ဧကရီ အကိုတစ်ယောက်တောင်းထားတာလေး ကို သူများဆီက( emtz က say ဆီကနေ ခိုးချပေးလိုက်ပါပြီနော်)..:D
(ကိုယ်တိုင်ရေးနေရင် အချိန်ကအများကြီးပေးရမယ်လေ)အဲဒါကြောင့်ပါ..

Blog တစ်ခုတည်ဆောက်ခြင်းနှင့် ပတ်သက်၍ (အပိုင်း-၁)

မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း install ပြီးခဲ့ပြီဆိုရင် blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့် အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ရေးသားတင်ပြသွားပါမည်။

Step 1) Sign in to blogger

Step 2) Display name (or) Author name

Step 3) Name your blog

Step 4) Choose your template

Step 5) Publish your first post

မှတ်ချက်။ ။ ထိုအဆင့်များပြီးဆုံးလျှင် ဘလော့တစ်ခုကို ရရှိပြီ ဖြစ်ပါသည်။

Step1) Sign to Blogger

မိမိ Gmail Account တစ်ခုရှိပြီဆိုရင် Blog  တစ်ခုဖန်တီးရန်အတွက် www.blogger.com မှာ Sign in တစ်ခုလုပ်ရပါမယ်။ သွားပုံက Browser program တစ်ခုဖြစ်တဲ့ IE (0r) Mozilla ၏ Address bar တွင် www.blogger.com  ဟု ရိုက်ထည့်ပြီး Enter key ကိုနှိပ်ပါ။ Blogger home page ၏ အပေါ်ညာဘက်ထောင့်တွင် " sign in area "  ၏ အပေါ်ရှိ Language တွင် English ဖြစ်ရပါမယ်။ Email Address (မိမိရဲ့ Email ) ၊ Password နေရာတွင် ၄င်း Email password  တို့ကို ရိုက်ထည့်ပါ။ ပြီးလျှင် Keyboard မှ Enter  ကိုနှိပ်ပါ (သို့) Sign in တွင် Click နှိပ်ပါ။

Step 2) Display Name (0r) Auth0r Name

မိမိထည့်သွင်းသည့် Email နှင့် Password တို့ မှန်ကန်ပါက Signup လုပ်ဖို့ရန် တောင်းခံပါလိမ့်မည်။ Display name နေရာတွင် မိမိနှစ်သက်ရာ အမည်ကို ရိုက်ထည့်ပါ။ ဒီနေရာမှာ ထည့်သွင်းပေးလိုက်တဲ့ အမည်ကို Blog မှာတင်သမျှ post တို့၏ အောက်ခြေတွင် ဖော်ပြမှာ ဖြစ်ပါတယ်။ သဘောက Post မှာ ရေးသူ (သို့)ကလောင်အမည်ဖြစ်ပါတယ်။ သည့်အတွက် အမည်ဝှက်နှင့် ရေးချင်ရင် မိမိအမည်ရင်း အစားအခြားအမည်ဝှက် တစ်ခုထည့်သွင်းရပါမည်။

Display name ထည့်သွင်းခဲ့ပြီးပြီဆိုရင် ရှေ့ဆက်သွားဖို့ရန်အတွက် Blogger မှ ထုတ်ပြန်သော Term of Service တွေကို လက်ခံသဘောတူရပါမယ်။ Trem of service ဘေးရှိ Check box တွင် အမှန်ဖြစ်ပေါ်အောင် Click တချက်နှိပ်ပါ။ ပြီးလျှင် Button တွင် Click နှိပ်လိုက်ပါ။

မှတ်ချက်။ ။ ယခုထည့်ပေးခဲ့သည့် Display name အတိုင်းပင် အမြဲတမ်းသုံးရတော့မည်ဟု မစိုးရိမ်ပါနှင့်။ Blog တစ်ခု အစအဆုံးဖန်တီးပြီးသွားသည့် နောက်ပိုင်း Display name ကို အချိန်မရွေး မိမိနှစ်သက်သလို ပြောင်းလဲရေးသားနိုင်ကြပါတယ်။

Step3) Name your Blog

ဒီအဆင့်မှာ Blog title နှင့် URL လို့ခေါ်တဲ့ မိမိ Blog လိပ်စာတို့ကို သတ်မှတ်ထည့်သွင်းပေးရပါမယ်။

စာအုပ်အမည်တို့နှင့် သဘောတရားတူပါတယ်။ Blog title ကို မြင်ကြရုံဖြင့် အထဲမှာ ဘယ်လို အကြောင်းအရာတွေ ရေးသားထားမလဲဆိုတာကို မှန်းနိုင်စေပါက ပိုကောင်းပါတယ်။ နှစ်သက်ရာ အမည်ကို Blog Title တွင် ရိုက်ထည့်ရာတွင် Title ကို မြန်မာလို ပေးချင်ပါကလည်း ပေးနိုင်သည်။

URL (or) Blog Address

Bolg လိပ်စာကို ရွေးချယ်တဲ့နေရာမှာ မိမိ Blog ကို ဖတ်သူတို့အနေနှင့် မှတ်မိလွယ်ရမယ်။ ရိုက်လို့လည်း လွယ်ရမယ့် အမည်မျိုးဖြစ်သင့်ပါတယ်။ အများအားဖြင့် မိမိနာမည် (သို့) Blog title ကိုပင် ပြန်ပေးလေ့ရှိကြပါတယ်။ အရေးကြီးတာက လိပ်စာကို အင်္ဂလိပ်လိုသာပေးရပါမည်။ အထူးသတိပြုပါ။

မိမိရွေးချယ်ထည့်သွင်းမည့် စကားလုံးတို့၏ နောက်တွင် blogspot.com ပါရှိမည်ဖြစ်ရာ မိမိ Blog လိပ်စာအပြည့်အစုံ  ဖြစ်ပါလိမ့်မည်။ Blog Address တစ်ခု သည် အခြားမည်သည့် Address တို့နှင့်မှ မတူညီနိုင်သည့် ကိုယ်ပိုင်လိပ်စာ ဖြစ်ကြရပါမယ်။ သည့်အတွက် မိမိအလိုရှိရာအမည်ပါ လိပ်စာအတိုင်း ရရနိုင်မရနိုင်ဆိုတာ စစ်ဆေးကြရပါမယ်။ Check Availability တွင် Click နှိပ်ပြီးစစ်ဆေးပါ။ အခြားသူတဦး လိပ်စာနှင့် တူနေပါက ပြောင်းခိုင်းပါလိမ့်မည်။

လိပ်စာတူရှိနေရင် အနီရောင် စာလုံးတွေနှင့် not available ဆိုပြီးမြင်ရပါမယ်။ ဒါ့အပြင်ယူသုံးလို့ရနိုင်တဲ့ အမည်တွေကို အကြံပြုဖော်ပြထားပါလိမ့်မယ်။ အဲ့ဒီအမည်တွေထဲက တစ်ခုခုကို Click နှိပ်ပြီး ရွေးချယ် နိုင်တယ်။ မကြိုက်ဘူးဆိုရင် စိတ်တိုင်းကျအမည်တစ်ခု ရိုက်ထည့်ပြီး Check Availibility ဖြင့် ထပ်မံစစ်ဆေးကြည့်ရမယ်။ လိပ်စာမတူ၊ လိပ်စာတူမရှိပါက "available" ဆိုတာကိုမြင်ကြရမယ်။ ရှေ့ဆက်သွားရန်အတွက် continue တွင် Click တစ်ချက်နှိပ်လိုက်ပါ။

မှတ်ချက်။ ။ Title ပဲဖြစ်ဖြစ်၊ Address ပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ပြောင်းနိုင်ပါတယ်။ Address ပြောင်းမယ်ဆိုရင် သတိပြုရမှာက မိမိ Blog ၀င်ရောက်ဖတ်ရူ့သူတွေ မျက်ခြေပြတ်သွားနိုင်ပါတယ်။

Step 4) Choose your Template

Template ဆိုတာမိမိ Blog  ရဲ့ design ၊ တနည်းဆိုရရင် Webpage ရဲ့ degsin ဖြစ်ပါတယ်။ အဖြူရောင်နောက်ခံ၊ အစိမ်းရောင်နောက်ခံ၊ အမည်းရောင်နောက်ခံ အစရှိသဖြင့်ပေါ့။ Blogger  မှာ အဆင်သင့် ယူသုံးနိုင်တဲ့ Template များစွာရှိပါတယ်။ ကိုယ့်ရဲ့ Blog ကို အစိမ်းရောင်လေးနောက်ခံနှင့် လိုချင်ရင် Scrodl bar ကို အပေါ်အောက်ဆွဲပြီး အစိမ်းရောင်ပါတာလေးရွေးပေါ့။

Scroll bar ကို အပေါ်အောက်ဆွဲရွေးပြီး ပိုမိုတိကျစွာ သိချင်ရင် စိတ်ဝင်စားစရာ Template ၏ review တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Blog တစ်ခုကို အစအဆုံးရေးပြီးသွားတဲ့အခါ မိမိ Blog အား Webpage တစ်ခုအနေနှင့် ဘယ်လိုမြင်ရမလဲဆိုတာကို သီးခြား Window တစ်ခုဖြင့် ဖော်ပြပါလိမ့်မည်။

အခြားသော Blog Setting တွေကဲ့သို့ပင် Template ကို အချိန်မရွေးပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့် ဒီနေရာမှာ ရွေးခဲ့တဲ့ Template အတိုင်းပဲံအမြဲဖြစ်နေတော့မယ်လို့ စိုးရိမ်စိတ်မထားပါနှင့်။ စဖြစ်သွားအောင် လက်သင့်ရာရွေးပြီး နောက်မှ ပြောင်းမယ်ဆိုရင်လည်း ဖြစ်ပါတယ်။

မိမိနှစ်သက်ရာ Template ရှိ Radio button ကို Click နှိပ်ပြီး Select လုပ်ပါ။ Template ရွေးပြီးပြီဆိုရင် Continue button တွင် Select လုပ်ပါ။ Template ရွေးပြီးပြီဆိုရင် Continue button တွင် Click နှိပ်၍ ရှေ့ဆက်သွားပါ။

Step 5) Publish Your First Post

Template ကိုရွေးခဲ့ပြီးပြီဆိုရင် Blog တစ်ခုကို အောင်မြင်စွာ Create  လုပ်ပြီးပြီဖြစ်ကြောင်းဖော်ပြသော Page ကို မြင်ကြရပါမယ်။ ထို Page ပေါ်မှ Your blog has been create!  စာတန်းအောက်ခြေမှ Start blogging တွင် Click  တစ်ချက်နှိပ်ပါ။

ဒီအဆင့်သို့ရောက်ပြီဆိုရင် သိရမှာက blog တစ်ခုလိုတော့ ဖန်တီးပြီးပြီ။ သို့သော် ဘာမှမရှိသေးတဲ့ အခွံချည်းသက်သက်လို့သိထားရပါမယ်။ ဥပမာ-ဆိုရရင် မြေနေရာ (Address) ရလို့ နှစ်သက်ရာပုံစံ (Template) နှင့် အိမ်လည်းတည်ဆောက်ပြီးပြီ ပြည့်စုံအောင် ဖြည့်ရအုံးမယ်။ ဒါတွေဖြည့်ပြီးမှသာ နေလို့ရနိုင်ပြီဖြစ်တဲ့ အိမ်တစ်လုံးအဖြစ်သို့ ရောက်ရှိမယ်ပေါ့။

ထိုသဘောတရားအတိုင်းပါဘဲ။ ကိုယ်လိုချင်တဲ့ အကြောင်းအရာတွေရယ်၊ စာတွေရယ် ရေးမယ်။ တင်ချင်တဲ့ ပုံတွေတင်ပြီး ဝေေ၀ဆာဆာဖြစ်အောင် ဖန်တီးကြရပါအုံမယ်။ အဲ့ဒီလိုစာတွေရေးတင်ခြင်း၊ ပုံတွေလှမ်းတင်ခြင်းကို Post တင်တယ်လို့ခေါ်ပါတယ်။ စပြီး Post လုပ်ရန်အတွက် Start Blogging တွင် Click နှိပ်လိုက်ပါ။ စာတွေရေးသားနိုင်မယ့် ပုံတွေထည့်နိုင်တဲ့ Window တစ်ခုကျလာပါမယ်။ ၄င်းကို Post Editor လို့လည်းခေါ်ပါတယ်။

ကိုယ်ပိုင် Blog တစ်ခုလိုချင်သူများအတွက် တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်ရှင့်။
အကောင်းဆုံးမဟုတ်ပေမယ့် အရှင်းဆုံးဖြစ် အောင်ဖော်ပြပေးထားပါတယ်။

(blogspot အတွက် ထပ်တင်ပေးပါမည်ရှင့်)


                                                                                 ***ဧကရီ***

Folderတွေ ပတ်စဝေါ့ခံပြီး lock ချထားချင်တယ်ဆိုရင်။

minthu
ထူးထူးဆန်းဆန်းလုပ်လိုရတဲ့ အကြောင်းလေးတွေပိုပေးပါနော်
ဥပမာ file တခုကို နာမည်ရိုက်ထဲမှဖွင့်လိုရတဲ့ password ပါမှဖွင့်လိုရတဲ့ဆော့ဝဲ့လေးလုပ် လိုရမယ်ဆိုရင်ပိုးပေးးပါနော်

ဧည့်မှတ်တမ်းထဲမှာ လာတောင်းသွားလို့ Folder Lock 6.5.5+serail လေးတင်ပေးလိုက်ပါတယ်ခင်ဗျာ။3MB ဘဲ ရှိပါတယ်။ဒေါင်းလိုက်ကြနော်။


ဒေါင်း၇န်

http://www.mediafire.com/?4d6qxaafloeoo9s

http://ifile.it/v3ay5fb/Folder_Lock_6.5.5___Serial.rar

http://www.ziddu.com/download/13631381/Folder_Lock_6.5.5___Serial.rar.html

http://www.zshare.net/download/8598269218248197/

http://www.mirrorcreator.com/files/1ABMBTNS/

တစ်နှစ်လျှင်ကျပ်လေးသောင်းဖြင့် .mm ပါ ကိုယ်ပိုင်ဒိုမိန်းလိပ်စာ ရယူနိုင်

တစ်နှစ်လျှင် အနည်းဆုံးကျပ်လေးသောင်း ပေးသွင်းရုံဖြင့် .mm ပါဝင်သော ကိုယ်ပိုင်ဒိုမိန်းလိပ်စာတစ်ခုကို အလွယ်တကူဝယ်ယူနိုင်ပြီဖြစ်ကြောင်း

အဆိုပါဒိုမိန်းလိပ်စာများကို ရောင်းချသည့် Myanmar Technology Gateway ကုမ္ပဏီတာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ထိုကုမ္ပဏီအနေဖြင့် အဆိုပါဒိုမိန်းလိပ်စာများကို ရတနာပုံတယ်လီပို့ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းရောင်းချပေးခြင်းဖြစ်သည်။ .biz.mm, .per.mm ဒိုမိန်းလိပ်စာများကို တစ်နှစ်လျှင် ကျပ်လေးသောင်းနှုန်းဖြင့် ရောင်းချမည်ဖြစ်ပြီး .com.mm, .org.mm, .net.mm အစရှိသည့် ဒိုမိန်းလိပ်စာများကိုမူ တစ်နှစ်လျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ အထက်ဖော်ပြပါ ဒိုမိန်းများကို မှတ်ပုံတင်ရန် တစ်ပတ်သာကြာမြင့်မည်ဖြစ်ပြီး အလွယ်တကူ ၀ယ်ယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကုမ္ပဏီအနေဖြင့် Local Hosting အပိုင်းကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒိုမိန်းတစ်ခုလက်ခံနိုင်ပြီး Disk Space 50MB နှင့် အီးမေးလ်အကောင့်တစ်ခု ရရှိမည်ဖြစ်သော Basic Plan Hosting ကို တစ်နှစ်စာ ကျပ်သုံးသောင်းဖြင့်လည်းကောင်း၊ Disk Space 100MB နှင့် အီးမေးလ်အကောင့် သုံးခုရရှိမည်ဖြစ်သော Enterprise ကို ကျပ်ငါးသောင်းနှုန်းဖြင့်လည်းကောင်း၊ Disk Space 200MB နှင့် အီးမေးလ်အကောင့် ငါးခုရရှိမည်ဖြစ်သော Corporate Plan များကိုလည်း တစ်နှစ်စာ ကျပ်ရှစ်သောင်းနှုန်းထားများဖြင့်လည်းကောင်း ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။ Local Hosting ကို အသုံးပြုခြင်းအားဖြင့် မိမိလွှင့်တင်ထားသည့် ၀က်ဘ်ဆိုက်ကို လျင်မြန်စွာဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ၀က်ဘ်ဆိုက်၏ Update Process များကိုလည်း ပြည်ပတွင် Hosting ပြုလုပ်ထားသော ၀က်ဘ်ဆိုက်များထက် ပိုမိုလျင်မြန်စွာ လွှင့်တင်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့ပြင် အီးမေးလ်ဝန်ဆောင်မှု လေးမျိုးကိုလည်း ပေးအပ်မည်ဖြစ်ပြီး ၀ယ်ယူလိုသူများအနေဖြင့် ကုမ္ပဏီဖုန်း (၅၁၆၈၉၁) သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။

ရေးသားသူ - ကိုစိုင်း
from အင်တာနက်ဂျာနယ်