Thursday, February 3, 2011

လိမ္မော်သီးပွဲတော်

ယုန်နှစ်ဆိုတဲ့ တရုတ်နှစ်သစ် ဒီနေ့ စပါပြီ။ တရုတ်တွေ အ၀င်အထွက် များတဲ့ကျောင်း ဖြစ်တာကြောင့် တရုတ်နှစ်သစ်ကူးနေ့ကို ထူးထူးခြားခြား သတိထားမိပါတယ်။ တရုတ်ဗုဒ္ဓဘာသာတွေ ဖြစ်ပေမယ့် တရုတ်ရိုးရားဗုဒ္ဓဘာသာတွေ မဟုတ်ကြပါဘူး။ ထေရ၀ါဒဗုဒ္ဓဘာသာတွေ ဖြစ်ကြပါတယ်။ သူတို့ရိုးရာ နှစ်သစ်ကူးပွဲကို ဘယ်လိုကျင်းပသလဲ မသိပါဘူး။ ကျောင်းထဲမှာတော့ Luna New Year, Chinese New Year, Happy New Yearဆိုတဲ့ အသုံးအနှုံးတွေကလွဲလို့ ကျန်တာတွေကတော့ ထေရ၀ါဒဗုဒ္ဓဘာသာ လုပ်ထုံးလုပ်နည်းတွေပဲ ဖြစ်ပါတယ်။ ပထမဆုံး နှစ်ဟောင်းကုန်ချိန်-နှစ်သစ်ကူးချိန် ည(၁၂)နာရီမှာ Midnight Service ဆိုတဲ့ နာမည်နဲ့ မဟာသမယသုတ် ရွတ်ဖတ်ပူဇော်ကြပါတယ်။ နှစ်သက်ကူးနေ့ရောက်တော့ သက်သတ်လွတ်ဒံပေါက် စတုဒိသာကျွေးပါတယ်။ ဘုရားရှိခိုးကြပါတယ်။ ဘုရားရှိခိုးတာကို သူတို့ကတော့ chanting ဒါမှမဟုတ် puja (ပူဇာ၊ ပူဂျာ)လို့ ခေါ်ပါတယ်။ သရဏဂုံနဲ့ ငါးပါးသီလ ဆောက်တည်ရုံပဲ၊ ရှစ်ပါးသီလတော့ မယူကြပါဘူး။ ဘုန်းကြီးတွေက ပရိတ်ရွတ်ရင်းနဲ့ ဒကာဒကာမတွေကို ပရိတ်ရေ ဖျန်းပေးတယ်။ ဒါကိုတော့ သူတို့က blessingလုပ်တယ်တဲ့။ နောက်ပြီး လက်ကောက်ဝတ်မှာ ပရိတ်ကြိုးချည်ပေးတယ်။ ဒါပါပဲ။ တရုတ်နှစ်သစ်ကူးကာလမှာ တစ်ခု ထူးခြားတာက လိမ္မော်သီး။

နှစ်မကူးခင်း တစ်ပတ် (၁၀)ရက်လောက် အလိုကတည်းက ဗဟိုဘုရားခန်းမဆောင်ရှေ့မှာ လိမ္မော်ပင်နှစ် ရောက်လာပါတယ်။

ဗောဓိပင်အောက်က ကျောက်ဆင်းတု စေတီကြီးကိုလည်း လိမ္မော်ပင် လိမ္မော်သီးတွေနဲ့ ပူဇော်ပါတယ်။

ဆရာတော်တွေရဲ့ စာကြည့်စာပွဲနဲ့ ကွန်ပျူတာစားပွဲတွေမှာလည်း လိမ္မော်သီးတွေ ရောက်လာပါတယ်။
  

လာရောက်ကြတဲ့ ဒကာဒကာမတွေကိုလည်း ကျောင်းက လိမ္မော်သီးနဲ့ ဧည့်ခံပါတယ်။ ဘုရားခန်းထဲမှာ ရှိတဲ့ လိမ္မော်သီးတွေကို ကိုယ်တိုင် ယူစားနိုင်ပါတယ်။ ကုန်သလောက် ထပ်ဖြည့်ပေးပါတယ်။

ဒန်ပေါက်စား။ လိမ္မော်သီးစား။ ဘုရားရှိခိုး။ ပရိတ်ရေ အဖျန်းခံ။ ဆရာတော် တစ်ပါးပါးက ပရိတ်ရေ ဖျန်းပေးတာကို ရိုရိုသေသေ ခံယူကြပါတယ်။ လူလတ်တန်းစား များတဲ့နိုင်ငံမှာ လူလတ်တန်းစားတွေ ကားစီးနိုင်ကြတော့ မိသားစုလိုက် ကားနဲ့လာကြတာ များပါတယ်။ မိသားစုတွေ မိသားစုတွေတိုင်း ကျိုးကျိုးနွံနွံ ရှိနေကြပုံကြည့်ရတာ စင်္ကာပူတရုတ်တွေမှ ဟုတ်ရဲ့လားလို့တောင် ထင်ချင်စရာ ကောင်းပါတယ်။

လိမ္မော်သီးတွေ ထင်းရှားလွန်းလို့ တရုတ်နှစ်သစ်ကူး နဲ့ လိမ္မော်သီး ဘယ်လိုဆက်စပ်သလဲ မေးကြည့်မိပါတယ်။ တရုတ်လို လိမ္မော်သီးကို အင်္ဂလိပ်စကားမှာကျတော့ Thank You လို့ အဓိပ္ပာယ်ရတယ် တဲ့။ လိမ္မော်သီးပေးတာဟာ ကျေးဇူးတင်တယ်လို့ ပြောတာပါတဲ့။ တရုတ်စကား နားမလည်တော့ ရှင်းပြတဲ့အတိုင်းပဲ မှတ်ထားလိုက်ပါတယ်။

တစ်ချို့က တွေ့တွေ့ချင်း Happy New Year လို့ ပါးစပ်က ပြောရင်း လိမ္မော်သီးနှစ်လုံး ပေးလိုက်ကြတယ်။ ကျောင်းက ဧည့်ခံတဲ့ လိမ္မော်သီးကို ယူတဲ့အခါကျတော့လည်း နှစ်လုံးယူကြတယ်။ အဲဒါကတော့ နှစ်ဆပွားဖို့ ရည်ရွယ်ချက်တဲ့။ စည်းစိမ်ဥစ္စာ နှစ်ဆပွားစေ။ ဆထက်ထမ်းပိုး ပျော်စေရွှင်စေ၊ အောင်စေပိုင်စေ ဆိုတဲ့ အဓိပ္ပာယ် တဲ့။ ကတ်သီးကတ်သတ် အတွေးပေါက်ပြီး ကိုယ့်ဟာကိုယ် ပြုံးမိပါသေးတယ်။ ဖွင့်ပြောလိုက်လို့တော့ ဘယ်ဖြစ်မလဲ။ “ဆင်းရဲဒုက္ခတွေ၊ ပြဿနာတွေ၊ အခက်အခဲတွေ နှစ်ဆပွားကုန်ရင် ဘယ်လိုလုပ်မလဲ။” လွှဲပါစေ။ ဖယ်ပါစေ။

Happy New Year! :)

မိမိတို့ရဲ့  ဘလော့(ဂ်)မှာ သုံးဖို့ MP3 Player လေး

မိမိတို့ရဲ့  ဘလော့(ဂ်) မှာ သုံးဖို့ MP3 Player လေးတစ်ခု မျှဝေပေးလိုက်ပါတယ်။ အဲဒီ ပလေယာလေးက သီချင်းတစ်ပုဒ်ကို လက်ခံပြီး Play ပေးပါတယ်။ အရောင်တွေကို စိတ်ကြိုက် ပြောင်းယူနိုင်ပါတယ်။ MP3 ဖိုင်ထဲက သီချင်းအမည်ကို ရှာဖွေပြီး စာတန်းလေးပါ ပြပေးနိုင်ပါတယ်။ အဲဒီ ပလေယာလေးက SWF ဖိုင်လေးဖြစ်ပြီး လိပ်စာက (http://www.purplesnake.limewebs.com/for_blogger/player/play.swf) ဖြစ်ပါတယ်။ အဲဒီဖိုင်လေးကို အောက်ပါအတိုင်း HTML ကုဒ်နဲ့ ခေါ်သုံးရပါမယ်။



သီချင်းဖိုင် လိပ်စာကို
soundFile= နောက်မှာ ထည့်ပါ။ (အပေါ်က လိပ်စာကို ဖျက်ပစ်ပါ)။

သီချင်းကို အလိုအလျောက် Play ဖို့
autostart=yes လို့ ပြောင်းပေးရပါမယ်။

အရောင်တွေကို ပြောင်းဖို့ အောက်ပါ Variable တန်ဖိုးတွေကို ပြောင်းပေးရပါမယ်။ (မလုပ်တတ်ရင် ဒီအတိုင်းထားပါ)။
bg
leftbg
lefticon
rightbg
rightbghover
righticon
righticonhover
text
slider
track
border
loader

အပေါ်က ပေးထားတဲ့ ကုဒ်တွေ ရေးထည့်လိုက်ရင် အောက်ပါအတိုင်း ရပါမယ်။

PDF ဖိုင်တွေက microsoft word ပြောင်းရအောင်

Quick-PDF_PDF_To_Word_Converter_2.0.zip (5 MB)


PDF ဖိုင်ကနေ microsoft word ပြောင်းရအောင်ကို ပြောင်းချင်သူများအတွက် မြန်မြန်ဆန်ဆန်သုံးလို့ရတဲ့ဆော့ဝဲလေးပါ။

ဒေါင်းရန်

http://www.mediafire.com/?qhq3btp45bjbt5e

http://ifile.it/p963nvi/Quick-PDF_PDF_To_Word_Converter_2.0.zip

http://www.ziddu.com/download/13658779/Quick-PDF_PDF_To_Word_Converter_2.0.zip.html

http://www.zshare.net/download/860606373db50153/

http://www.mirrorcreator.com/files/1UE5JSUK/

မေတ္တာဘာဝနာပွားနည်း

2 Feb 11, 12:47 PM
စိုးနိုင်: မေတ္တာဘာဝနာပွားနည်းလိုချင်ပါတယ်ကူညီပေးပါနော်

.......................................................................................................................
မင်္ဂလာပါအစ်ကို..အစ်ကိုမေးထားတဲ့ မေတ္တာဘာဝနာပွားနည်း ကို ဧကရီသိသလောက်လေး ဖြေဆိုပေးလိုက်ပါတယ်။
အရင်ဆုံး ဒီတရားလေးတွေနဲ့ မိတ်ဆက်ချင်ပါတယ်။
ဒီတရားလေးပါး ဟာ သမထဘာဝနာ လေးမျိုးပင်ဖြစ် သော်လည်း ၀ိပဿနာလုပ်ငန်းကို ကောင်းစွာ
ကျေးဇူးပြုနိုင်တာ ကြောင့် မသိမဖြစ် မပွားမဖြစ် ပွားသင့်သော အခြေခံတရားတွေလို့ လည်း ဆိုနိုင်ပါတယ်။

၁။ ဗုဒ္ဓ၏ ဂုဏ်တော်ပွားများခြင်း (ဗုဒ္ဓါနုဿတိ ဘာဝနာ)

၂။ မေတ္တာပွားများခြင်း (မေတ္တာဘာဝနာ)

၃။ သေခြင်းတရားကို နှလုံးသွင်း ဆင်ခြင်ခြင်း (မရဏဿတိ ဘာဝနာ)

၎။ မတင့်တယ်သော ရုပ်သဘောကို နှလုံးသွင်း ဆင်ခြင်ခြင်း (အသုဘ

ဘာဝနာ)

ဒီတရားလေးပါးထဲကနေ အစ်ကိုမေးထားတဲ့ မေတ္တာဘာဝနာပွားနည်းကို ဧကရီ သိသလောက် အရင်ဆွေးနွေးပါရစေရှင့်။

အမှန်တော့အပေါ်ရံလေး ဧကရီတို့သိခဲ့ကြတဲ့ ၅၂၈သွယ်သော မေတ္တာတရားဆိုတာက

ဂေဟသိတပေမ လို့ဆိုတဲ့ မိဘမောင်နှမ ဆွေမျိုးသားကြားမှာထားတဲ့ မေတ္တာပါပဲ။

ကိုယ့်မိသားစု အပေါ်သာထားနိုင်တဲ့ ကန့်သတ်ချက်ရှိသောမေတ္တာ ဖြစ်တာကြောင့် လောဘအသွင်ဆောင်ပြီး ငြိမ်းချမ်းမှုကို မပေးနိုင်ပါဘူး။

ပဋိပက္ခဆိုတာတွေ ရှိလာမှာမို့ အေးချမ်းမူ့သိပ်မပေးနိုင်ပါဘူး။

တကယ်အမှန်ကိုဆိုရရင် ၅၂၈ မေတ္တာဆိုတာ တဏှာပေမနှင့် မဆက်စပ် သလို ဂေဟသိတပေမနှင့်လည်း မပတ်သက်ပါဘူးနော်။

ဘာလို့လည်းဆိုတော့ သူက ကန့်သတ်မဲ့ မေတ္တာစစ် ဖြစ်နေလို့ပါပဲ။

ဒါကြောင့်အခု ဧကရီဖြေဆိုပေးမဲ့   ၅၂၈သွယ်မေတ္တာဘာဝါနာပွားနည်းလေးက ချစ်သူမုန်းသူမခွဲခြားပဲ လောကထဲက သက်ရှိသတ္တ၀ါအားလုံး

အပေါ်မှာ ကိုယ်နဲ့မခြား တတန်းတည်းထားနိုင်သော ငြိမ်းချမ်းမူ့ပေးနိုင်သော ဥပမာတင်စားရရင် လောကချစ် မေတ္တာပေါ့နော်။..:)


၅၂၈သွယ် မေတ္တာဘာဝနာပွားနည်း

မေတ္တာပွားချက်ကတော့

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

သောကခပ်သိမ်း ငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

(က) ရှေးဦးစွာ မိမိခန္ဓာကို မေတ္တာပွားပေးရပါမယ်။

(ခ) မရည်ညွှန်းသောပုဂ္ဂိုလ်(၁) အားလုံးသတ္တ၀ါတွေ..

(၂) အားလုံးအသက်ရှိသူတွေ…

(၃) အားလုံး ထင်ရှားရှိသူတွေ…

(၄) အားလုံး ပုဂ္ဂိုလ်တွေ…

(၅) အားလုံး ခန္ဓာရှိသူတွေ…

(ဂ) ရည်ညွှန်းပုဂ္ဂိုလ် (၆) အားလုံး အမျိုးသမီးတွေ…

(၇) အားလုံး အမျိုးသားတွေ…

(ဂ) အားလုံး အရိယာတွေ…

(၉) အားလုံး ပုထုဇဉ်တွေ…

(၁၀) အားလုံး နတ်တွေ…

(၁၁) အားလုံး လူတွေ…

(၁၂) အားလုံး အပါယ်ဘုံသားတွေ…

၎င်းပုဂ္ဂိုလ် (၁၂) မျိုးအား တစ်မျိုးလျှင် မေတ္တာပွားချက် လေးချက်ဖြင့် စုစုပေါင်း ၁၂x၄=၄၈ ချက်ပွားပေးရမည်။

ထို့နောက် အရပ်(၁၀) မျက်နှာအားရည်မှန်း၍ အရပ် တစ်မျက်နှာလျှင် အထက်ပါ မေတ္တာအချက် (၄၈) ချက်ပွားပေးရပါမယ်။

အရပ်(၁၀) မျက်နှာ

(၁) အရှေ့မြောက်အရပ်မှာနေ…

(၂) အရှေ့အရပ်မှာနေ…

(၃) အရှေ့တောင်အရပ်မှာနေ…

(၄) တောင်အရပ်မှာနေ…

(၅) အနောက်တောင်အရပ်မှာနေ…

(၆) အနောက်အရပ်မှာနေ…

(၇) အနောက်မြောက်အရပ်မှာနေ…

(၈) မြောက်အရပ်မှာနေ…

(*) အရှေ့မြောက်အရပ်မှာနေ…

(စဖွင့်သည့်အရပ်ကို ပြန်ပိတ်ရသည်။)

(၉) အထက်အရပ်မှာနေ…

(၁၀) အောက်အရပ်မှာနေ…

(ခ) နှင့် (ဂ) အတွက် မေတ္တာပွားချက်ပေါင်း  =  ၄၈ ချက်

အရပ်မျက်နှာလိုက် မေတ္တာပွားချက်ပေါင်း     = ၄၈၀ ချက်

—————————————

စုစုပေါင်း မေတ္တာပွားချက်   =  ၅၂၈ ချက် ရှိရပါမည်။


ဲ အခုတင်ပြလိုက်တဲ့ ၅၂၈ မေတ္တာပွားချက်လေးကို သိရှိနားလည်နိုင် ပြီး ကိုယ်တိုင်ကျင့်ကြံ ပွားများနိုင်ကြပါစေ လို့ မေတ္တာပို့သရင်း

အကြင်နာနန်းတော်ဆိုက်ဒ်လေးကို လာရောက်လည်ပတ်ကြတဲ့ ကိုယ်တိုင်မသိနိုင်သေးတဲ့ အရင့်အရင်ဘ၀ဟောင်းက ဆွေမျိုး မိတ်သင်္ဂဟ

အပေါင်း နဲ့ အခုလိုအသစ်တစ်ဖန် ရေစက်ပြန်ဆုံပြီး  သိရှိခင်မင်ခွင့် ရလို့ အတိုင်းထက်အလွန်ဝမ်းသာကြည်နူးမူ့တွေရခဲ့ပါတယ်ရှင့်။

အကြင်နာနန်းတော်လေးကိုအလည်လာရင်း မေးမြန်းထားသမျှမသိမရှိတာလေးတွေ စိတ်အားထက်သန်စွာ ပြန်လည် ရှာဖွေမျှဝေရင်း

လူသားအကျိုးကို တဖက်တလမ်းက ပြန်လည်မျှပေးသွားပါမယ်။ အဆင်ပြေကြပါစေရှင့်။


                                                                             ***ဧကရီ***