Sunday, February 27, 2011

Gmail Back Up

ကိုယ့်ပိုင်အကောင့်ဟောင်းလေး တစ်ခုကိုမလွဲမသွေဖျက်ရတော့မယ်ဆိုပါစို့။
အဲဒီအကောင့်ဟောင်းက အီးမေးလ်တွေကို တစ်စောင်ခြင်း အကောင့်သစ်ထဲဖေါ်လ်ဝပ်လုပ်စရာ မလိုပဲ
မိနစ်ပိုင်း အတွင်း  အကောင့်သစ်ထဲ ရောက်သွားအောင် မေးလ်ပြောင်းတဲ့ နည်းလေးပါ။
မသိသေးတဲ့ သူတွေအတွက်ပေးလိုက်ပါတယ်။အသုံးဝင်မှာပါ။

1. အသစ်လုပ်ထားသော Gmail ထဲကို အရင် ဝင်ပါ။
2. Setting ကို သွားပါ။
3. Account and Import tab ထဲကို ဝင်လိုက်ပါ။
4. Add POP3 email account button ကို click ပါ။

5. Download ချ မယ့် account ရဲ့ Email Address ကို ဖြည့်ပါ။ (Download ချ ခြင်းခံရမည့် account)။
6. Next Step ကို click ပါ။
7. Password ကို ရိုက်ထည့်ပြီး Label incoming messages box ရှေ့တွင် အမှန်ခြစ်ပေးပြီး Dropdown တွင် မိမိနှစ်သက်သလို lable အသစ်တစ်ခု ပေးပါ။
8. Add Account ကို click ပါ။
9. Next Step ကို ဆက်သွားပါ။
10. နာမည်ဖြည့်ပြီး Next Step ကို click ပါ။
11. Send Verification botton ကို click ပါ။
12. Code နံပါတ်ကို ထည့်ရန် နေရာနှင့် Verify button တစ်ခု ကျလာပါလိမ့်မယ်။ Code နံပါတ် ရရှိရန်အတွက် မူလ account ထဲသို့ ပြန်ဝင်ပါ။ inbox (သို့) span mail ထဲသို့ code နံပါတ် ပါသော mail တစ်စောင် ရောက်ရှိ နေပါလိမ့်မယ်။
13. Code နံပါတ်ကို ဖြည့်ပြီး Verify လုပ်လိုက်ပါ။

ဒါလေးပါပဲ..တကယ်လို့ မေးလ်တွေ မရချင်တော့ပဲ ပို့လာတဲ့မေးလ်တွေ ရပ်ချင်တယ်ဆိုရင်
လည်းရပါသေးတယ်။ အဆင်ပြေကြပါစေ။

                                                                       ***ဧကရီ***

တစ်သက်လုံး မညှိုးနွမ်းဘဲ ကြာရှည်ခံမယ့် ထိုင်းနိုင်ငံမှ အံ့သြဖွယ်ရာ ဆပ်ပြာ ပန်းပွင့်များ

အရောင်စုံ အသွေးစုံဖြင့် အလွန်လှပသော ပန်းပွင့်လေးများ ဖြစ်သည်။ မွေးရနံ့ အမျိုးမျိုးလည်း ထုံမွှန်းနေသေးသည်။ ထို့အပြင် ထိုပန်းပွင့်လေးများသည် တစ်သက်လုံး မညှိုးနွမ်းဘဲ ကြာရှည်ခံမည်ဟု ဆိုလျင် အလွန်ပင် အံ့သြဖွယ် ဖြစ်တော့မည်။ မှန်ပါသည်။ ထိုင်းနိုင်ငံမှ ဆပ်ပြာ ပန်းပွင့်များသည့် အလွန်လှပပြီး ကြာရှည်လည်း အထားခံကြပါသည်။

ယနေ့ခေတ်တွင် ဆပ်ပြတုံးဖြင့် ပြုလုပ်ထားသော ပန်းပုလက်ရာ ပန်းပွင့်လေးများကို ထိုင်းနိုင်ငံ တစ်ဝှမ်းရှိ အမှတ်တရ လက်ဆောင်ပစ္စည်း ရောင်းချသည့် ဆိုင်များတွင် အလွယ်တစ်ကူ ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။

ဆပ်ပြာ ပန်းပွင့်များ၏ မူရင်းနေရာမှာ ထိုင်းနိုင်ငံ မြောက်ပိုင်း Chiang Rai မြို့ဝန်းကျင်ရှိ ရွာများမှ ဖြစ်သည်။ ၎င်းရွာများရှိ ဒေသခံတို့သည် မိမိတို့၏ လယ်ကွင်းများ ယာခင်းများအတွင်း အလုပ်အားလပ်ချိန်တွင် ဆပ်ပြာတုံးပေါ်တွင် ပန်းပွင့်နှင့် အရုပ်များ ထွင်းလေ့ရှိသည်။ ဒေသခံတို့၏ ဝါသနာ အလျောက် ပြုလုပ်သည့် ပန်းပွင့် ပန်းပုလက်ရာများသည် အနုပညာ လက်ရာကောင်း တစ်ခုအဖြစ်သို့ ရောက်ရှိလာပြီး ဒေသတွင်း ညဈေးများတွင် ရောင်းချရာမှာ ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်သည့် လက်မှု အနုပညာတစ်ခု အဖြစ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

soap flowers Thailand jpg

soap flowers Thailand10 jpg

soap flowers Thailand11 jpg

soap flowers Thailand12 jpg

soap flowers Thailand2 jpg

soap flowers Thailand3 jpg

soap flowers Thailand4 jpg

soap flowers Thailand5 jpg

soap flowers Thailand6 jpg

soap flowers Thailand7 jpg

soap flowers Thailand8 jpg

soap flowers Thailand9 jpg

credit မြို့တော်ပုသိမ် သတင်းစဉ်

အနာဂတ်ဖုန်း Flex Display ကို ခေါက်နိုင် ဆန့်နိုင်သော မျက်နှာပြင် ဒီဇိုင်းဖြင့် မြင်တွေ့ရမည်

နည်းပညာ မြင့်မားလာသည်နှင့်အမျှ အနာဂတ် နည်းပညာပစ္စည်းများသည် ပိုမိုသဘောကျ နှစ်လိုဖွယ်ရာ ဖြစ်လာသည်။ ဒီဇိုင်နာ Hank Chien-Cheng Chen ၏ ဒီဇိုင်းဖြစ်သော Flex Display Phone ကို ပုံမှန် ၃ လက်မအရွယ် မိုဘိုင်းဖုန်း မျက်နှာပြင်မှ ၅ လက်မအရွယ် notepad မျက်နှာပြင် ဖြစ်အောင် ဆွဲဆန့်နိုင်သော touch screen ဖြင့် မြင်တွေ့ရသည်။

ထို ခေါက်နိုင် ဆန့်နိုင်သော touch screen သည် ဖုန်း၏ မြင်ကွင်းပြင် ဖြစ်သကဲ့သို့ အီးမေလ်းနှင့် မက်ဆေစ့်များ အလွယ်တစ်ကူ ပို့နိုင်သော touch keyboard လည်းဖြစ်သည်။ ထို ဒီဇိုင်းဆန်းဆန်း မိုဘိုင်းဖုန်းသည် ပုံမှန် စမတ်ဖုန်း တစ်လုံး၏ လုပ်ဆောင်ချက်များ အားလုံး ဆောင်ရွက်နိုင်သည့် အပြင် အခြားလုပ်ဆောင်ချက် များစွာလည်း ပါဝင်မည်ဟု ဆိုသည်။

Flex Display Phone Concept

Flex Display Phone Concept 6

Flex Display Phone Concept 5

Flex Display Phone Concept 4

Flex Display Phone Concept 3

Flex Display Phone Concept 2

Flex Display Phone Concept 1
http://patheincity.com/news//HLIC/8eb7bfce91afc40a8cf5b0c2eb75d0df.jpg

credit မြို့တော်ပုသိမ် သတင်းစဉ်