Background ပြောင်းမယ် ၃ - Photo Shop Tutorial (pen tools အသုံးပြုခြင်း)



23 Apr 11, 06:31 PM
sawkhyiphyu: လာလည်သွားတယ်နော် ကျွန်တော်သိချင်တာ ပိုတိုရှောခ်.နောက်ခံဗျူးဘယ်လိုပြောင်းရမလဲဆိုတာသိချင်ပါတယ် သိရင်တင်ပေးစေချင်ပါတယ်

.................................................................................................

sawkhyiphyu  မေးထားတာလေးကို ရှာဖွေတင်ထားပေးလိုက်ပါပြီ
အဆင်ပြေပါ့မလားမသိဘူးနော်.
အဆင်မပြေရင်ပြန်ပြောပါနော်..

Background ပြောင်းမယ် ၃ - Photo Shop Tutorial (pen tools အသုံးပြုခြင်း)

ဒီတစ်ခါ အစောကပြင်ထားတဲ့ မိုးဟေကိုတစ်ကိုယ်လုံးပုံကို နောက်ခံပြောင်းဖို့ကြည့်ပါတယ်
1a.jpg

ဒီပုံမှာနောက်ခံကို filter effect သုံးမရပါဘူး တစ်ပြေးတည်းဖြစ်သွားမှာပါ  ဒီတော့ လူပုံကိုဖြတ်ယူပြီး အဆင်သင့်လုပ်ထားတဲ့ photoshop file ထဲထည့်လိုက်ရင်လည်းလှပါတယ် ခုတော့ ကိုယ့်ဘာသာပဲ လုပ်ကြည့်ရအောင်ပါ လူပုံကိုဖြတ်ယူဖို့ Pen tool ကိုအသုံးပြုပါတယ် ဘာကြောင့်သုံးလဲဆိုရင် အခြား tools တွေနဲ့မတူတာက အလုပ်လုပ်ရင်းလည်း ထားခဲ့လို့ရပါတယ် နောက်ပြီး အသေးစိတ်အတိအကျဖြတ်နိုင်တာရော အသုံးပြုတတ်ရင်လွယ်ကူမြန်ဆန်တဲ့အတွက်ကြောင့်ပါ ကိုယ်အားသန်ရာနဲ့ဖြတ်လို့ရပါတယ။ Pen tool သုံးမယ်ဆိုရင်တော့ pen tools ကိုယူပါ သတိပြုရမှာကအပေါ်က toolbar က အနီရောင်ပြထားတဲ့အတိုင်း ဖြစ်ရပါမယ် ပြီးရင် လူပုံဘေးအနားသားအတိုင်း အစက်လေးတွေချသွားပါတယ် ကွေးဖို့လိုအပ်လာရင် အစက်ချနေတုန်း mouse ကိုမလွတ်ပဲ drag လုပ်ပြီးကွေးနိုင်ပါတယ် ပုံ ၂ပုံလောက်ဖြတ်ကြည့်ပြီးရင်တော့ လက်မှန်းရသွားမှာပါနော်

2_thumb_medium380_0.jpg
ကွေးပြီးလို့ နောက် point တစ်ခုချတဲ့အခါ match မဖြစ်ခဲ့ရင် Alt ဖိပြီး ပထမ point ရဲ့ အလယ်မှတ်ကို click လုပ်ပါ ဒါဆို အောက်မှာ မြင်နေရတဲ့အတိုင်းဖြစ်သွားပါတယ် ဒီအတိုင်း ပုံတစ်ပုံလုံးရအောင် click သွားပါ
3_thumb_medium380_0.jpg
ဒီလိုနဲ့ ပထမဆုံး point ပြန်ရောက်လာတဲ့အခါမှာ ပထမဆုံး point ကို ပြန်နှိပ်ပြီး ဆက်လိုက်ပါတယ်
4.jpg

ဆက်ပြီးသွားတဲ့အခါ ခုလိုမြင်ရပါလိမ့်မယ်
5.jpg

Ctrl+Enter နှိပ်ပါ ဒါဆိုပုံပါအတိုင်း select ဖြစ်ပါမယ် Ctrl+ Enter နှိပ်ဖို့အရေးကြီးပါတယ်
6.jpg

ပြီးရင်တော့ ပုံကိုတုံးတိကြီးမပြတ်စေချင်တဲ့အတွက် Ctrl+Alt+Dနှိပ်ပြီး feather 2 ပေးလိုက်ပါတယ်
7.jpg

Edit ထဲကနေcopy , paste သို့မဟုတ် Ctrl+C , Ctrl+V အောက်က background ကိုခဏ disable လုပ်တဲ့အခါ ပုံပါအတိုင်းမြင်ရမှာပါ
8_thumb_medium380_0.jpg

ပြီးတော့ အခန်းတစ်ခုရဲ့ ထောင့်တစ်နေရာကို 4x6 resolution 300 ထားပြီး crop လိုက်ပါတယ် ပြီးရင် layer 1 ကို ဆွဲတင်လိုက်ပါတယ် ဒါမှမဟုတ် past လုပ်လဲရပါတယ်
9_thumb_medium380_0.jpg

ဒီအတိုင်းထားရင်လည်း ပုံတစ်ပုံတော့ပြီးသွားမှာပါ ဒါပေမယ့် မိုးပြေးက ဒီအတိုင်းမထားချင်တဲ့အတွက် background ကို နောက် layer တစ်ခုပွားလိုက်ပါတယ် filter-->Render-->lighting effects ကိုနှိပ်ပါတယ်
10_thumb_medium380_0.jpg

ဟိုဖက်က setting တွေကိုလုံးဝမထိသေးပါဘူး ဒီဖက်က အလင်းကိုပဲ မိုးဟေကို မျက်နှာမော့ရာဖက် လှည့်ပေးလိုက်ပါတယ် ပြီးရင် ok ပါ
11_thumb_medium380_0.jpg

ပြီးရင်တော့ layer ထဲက soft light ပြောင်းပေးတဲ့အခါ ပုံပါအတိုင်းတွေ့ရမှာပါ နောက်ခံ ၂ခုကို ctrl+E နဲ့ပေါင်းလိုက်ပါတယ်
12_thumb_medium380_0.jpg

background ဟာ အလင်းထိုးထားရာနောက်က အကွက်လိုဖြစ်ပြီး သိပ် soft မဖြစ်တဲ့အတွက် အဲဒီအပိုင်းကို Patch tool နဲ့ select လုပ်ပါတယ် background soft ဖြစ်နေအောင် feather 20 ပေးလိုက်ပါတယ် ပြီးတော့ အနက်ဖက်ကို ရွေ့ပေးလိုက်ပါတယ် (blur လုပ်လဲရပါတယ် ကြိုက်သလိုသာလုပ်ပါ)
13_thumb_medium380_0.jpg

မိုးဟေကိုပုံကိုလဲနောက်ခံနည်းအတိုင်းပဲလုပ်ပါမယ် layer copy ပွားပြီး filter-->Render-->lighting effects ကိုပြန်သွားပါတယ် ဒီတစ်ခါတော့ အလင်းကိုမစူးပဲ ပြန့်စေချင်တဲ့အတွက် အလင်းကွက်ကို ကြီးပေးလိုက်ပါတယ် (ဘေးက setting မှာ ချိန်လဲရပါတယ် လောလောဆယ်ရှုပ်မှာစိုးတဲ့အတွက် မိုးပြေးကတော့ အလင်းကွက်ကိုပဲကြီးပေးလိုက်ပါတယ်)
15_thumb_medium380_0.jpg

ဒီပုံကိုလဲ soft light ပြောင်းပေးလိုက်ပါတယ်
15_thumb_medium380_0.jpg

ပုံကအလင်းကွာခြားမှုများနေတယ်ထင်လို့ opacity ကိုလိုသလောက် လျော့ချပေးလိုက်ပါတယ် ပြီးရင် ပုံ၂ပုံကို ctrl+E နဲ့ပေါင်းလိုက်ပါတယ်
16_thumb_medium380_0.jpg

နောက်ခံနဲ့ဆိုပုံကဖွေးနေတယ်ထင်လို့ အလင်းကိုပါလျော့ချလိုက်ပါတယ်
16_thumb_medium380_0.jpg

မိုးဟေကိုရဲ့ဆံပင်အဖျား ၂ခုဟာ သိသိသာသာနီရဲချွန်ထွက်နေတဲ့အတွက် burn tools နဲ့ လိုတဲ့အပိုင်းကိုပွတ်ပေးလိုက်ပါတယ်
18_thumb_medium380_0.jpg

ဒါဆိုရင်တော့ ပုံပါအတိုင်းရပါပြီ ဒီပုံမှာဆိုရင် မိုးဟေကိုကချွေးရွဲပြီး ဆံပင်တွေပြားကပ်နေတဲ့အတွက် ဆံပင်ကို ပွအောင်ပြန်လုပ်ပေးနိုင်ပါတယ်သေးတယ် ပြီးရင် ခြေထောက်ပိုင်းကိုလဲ background နဲ့ match ဖြစ်အောင်လုပ်နိုင်ပါသေးတယ် ဒီမှာတော့ အရမ်းရှည်သွားရင် စိတ်ညစ်သွားမှာစိုးလို့ ဒီအတိုင်းပဲထားလိုက်ပါတယ် လုပ်ကြည့်ပါဦးနော်
FF1_thumb_medium380_0.jpg

photoshop နဲ့ ပတ်သက်တဲ့ သုတလေးတစ်ခု တင်ပေးလိုက်ပါတယ်
အစဉ်ပြေပါစေ နော်။

  Knowledges zone မှ 

Team viewer လို ဆော့လ်ဝဲ မပါပဲ သူများစက်ကိုကြည့်ရန်။

နန်းတော်လာမိတ်သင်္ဂဟ အပေါင်းမင်္ဂလာပါလို့ နူတ်ခွန်းဆက်သလိုက်ပါတယ်ရှင့်..အွန်လိုင်းပေါ်မှာ ဟိုမွေဒီနှောက်လျှောက်ကလိရင်း ဧကရီဖတ်ရတာလေးတွေ ပြန်တင်ပေးလိုက်ပါတယ်နော်..သိပြီးသူတွေအတွက်တော့ အဟောင်းပေမဲ့ မသိသေးသူတဲ့သူတွေအတွက်တော့ အသစ်လေးပေါ့နော်. အဆင်ပြေကြပါစေရှင့်။

သူများစက်ကိုဝင်ကြည့်ချင်ရင်...

 Window 7 မှာပါတဲ့ Tools လေးတစ်ခု အသုံးပြူပုံလေး တင်ပြချင်ပါတယ်။ Team viewer တို့လို အသုံးပြူနိုင်တဲ့ Tools လေးပါ။ မိမိစက်ကနေ အွန်လိုင်းမှတစ်ဆင့် တစ်ခြားတစ်ယောက်ရဲ့ ကွန်ပျူတာကို ၀င်ကြည့်တာတို့ လိုအပ်တာလေးတွေ လုပ်ပေးလို့ရတဲ့ Tools လေးပါ။ ကျတော်လည်းမသိပါဘူး ကျွန်တော့်သူငယ်ချင်း တစ်ယောက်က ပြောပြလို့ ကျွန်တော်လည်းပြန်လည် ဝေမျှလိုက်တာပါ။ WINDOW TOOLS လေးတွေကို စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် စိတ်ဝင်စားဖို့ကောင်းမှာပါ။ အောက်မှာလုပ်ပုံ လုပ်နည်းလေးတွေ ကြည့်လိုက်ပါဦး။

လုပ်နည်း

အကြည့်ခံရမည့်သူ လုပ်ဆောင်ရမည့်အပိုင်း

၁။ START >> WINDOW REMOTE ASSISTANCE လို့ရိုက်လိုက်ပါ။


၂။ BOX လေးတစ်ခု ကျလာပါလိမ့်မည်။ ကျလာတဲ့ BOX လေးထဲမှာ အနီရောင်ဝိုင်းပြထားတဲ့ ကောင်လေးကို CLICK နှိပ်ပြီးဝင်လိုက်ပါ။

2.png


၃။ ပုံမှာပြထားတဲ့ အတိုင်း အနီရောင်ဝိုင်းပြထားတဲ့ BOX လေးကိုနှိပ်ပြီး ရလာတဲ့ ဖိုင်လေးကို DESKTOP မှာ SAVE ထားလိုက်ပါ။





၎။ SAVE လိုက်တာနဲ့ PASSWORD ပေးတဲ့ BOX လေးပါ။ တစ်ခါတည်း ကျလာမှာဖြစ်ပါတယ်။ (BOX ကိုမပိတ်လိုက်ပါနှင့်။)

4.png
 

၅။ ရလာသည့် FILE နဲ့ PSSWORD ကို ကြည့်မည့်သူ ဆီသို့ G-TALK မှတစ်ဆင့် ပို့ပေးလိုက်ပါ။

ကည့်မည့်သူအပိုင်း

၁။ ကြည့်ခံရမည့်သူ ပို့လာတဲ့ ဖိုင်ကိုဖွင့် ပြီး ပေးထားတဲ့ PASSWORD ကို BOX ထဲမှာ ထည့်လိုက်ပါ။
၂။ ကြည့်လို့ ပြူပြင်လို့ရသွားပါပြီ။

အားလုံးပဲ အဆင်ပြေနားလည်မယ် လို့မျှော်လင့်ပါတယ်။

(ကလောင်ရှင်.အေကေတီ)23986F673D0A0E279F644FF869A86EEE.png