Tuesday, April 26, 2011
၂၀၁၁ ဆိုလ်း Motor Show မှ အချော အလှလေးများ၏ ဖက်ရှင် ပုံရိပ်များ
နိုင်ငံတကာ ကားပြပွဲများတွင် နောက်ဆုံးပေါ် ကားများနှင့်အတူ အလှချင်းပြိုင်နေသော မော်ဒယ် အချောအလှလေးများကို မြင်တွေ့ရလေ့ရှိရာ ဧပြီလဆန်းပိုင်းက တောင်ကိုရီးယား နိုင်ငံ မြို့တော် ဆိုလ်းရှိ Korea International Exhibition Center တွင် ပြသခဲ့သော Seoul Motor Show 2011 တွင်လည်း တောင်ကိုရီးယား အချောအလှလေးများ၏ ဖက်ရှင်စတိုင်များကို မြင်တွေ့ကြရသည်။
credit PatheinCity News
credit PatheinCity News
(ဧည့်သည်ကဗျာလေးရဲ့ အတ္ထုပ္ပတ္တိသမိုင်းလေး)
(ဧည့်သည်) ဆိုတဲ့ ကဗျာလေးကို ကဗျာချစ်သူတိုင်း ရင်းနှီးပြီးသားဖြစ်ကြမှာပါနော်.. ဒီကဗျာလေးဟာ တကယ့်ကို သံဝေဂရဖွယ် ကဗျာ့တွေထဲက အကောင်းဆုံးကဗျာလေးတစ်ပုဒ်မို့ ဧကရီအရမ်းနှစ်သက်တဲ့ ကဗျာကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ အရင်ဖတ်ကြည့်ကြပါနော်။
(ဧည့်သည်)
လာတုန်းကလည်း တစ်ယောက်တည်းနော့၊
လက်တွဲခေါ်ကာ အဖော်မပါဘူး၊
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော့၊
လက်တွဲခေါ်ကာ အဖော်မပါဘူး၊
ဥစ္စာချည်းနှီး ကိုယ်ထီးတည်း။
လာပြီးတော့နား မသွားသေးခင် ချိန်လေးတွင်မှ၊
ဝန်းကျင်ယှက်နွယ် နှောင်ကြိုးတွယ်ကြ၊
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ။
မလိုဒေါသ လိုလောဘနဲ့၊
ဘ၀ရိပ်မြုံ-ကကြိုးစုံခဲ့၊
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ၊
သုတ်သုတ်ဆောလျင် ခရီးနှင်သည်၊
တို့များ"ဧည့်သည်"ပါတကား။
(ကဗျာဆရာဗန်းမော်ရွှေညို)ဦးမြအုန်းရေးဖွဲ့ထားတဲ့သံဝေဂကဗျာလေးလို့ လူသိများခဲ့ပြီး ကဗျာခေတ်မှာ သက်တန်းအရင့်ဆုံးကဗျာ လို့ ဧကရီ ထင်ပါတယ်။ ဒီကဗျာလေးကို ရေးဖွဲ့ခဲ့တဲ့ ဆရာဗန်းမော်ရွှေညို ဟာ ၂၀၀၁ခုနှစ်မှာပဲ ရဟန်းဘ၀ဖြင့် ပျံလွန်တော်မူသွားပြီဆိုတာ စာအုပ်လေးတစ်အုပ်မှာတွေ့ရပေမဲ့ ဒီကဗျာလေးကို ဆရာ ဘယ်အချိန်က ရေးခဲ့တယ်ဆိုတာ ရှာမတွေ့ခဲ့ဘူးလေ။
ဒီလူသိများခဲ့တဲ့ ဧည့်သည်ကဗျာလေးကို နာရေးယက်တောင်လေးပေါ်မှာ ကဗျာရှင်အမည်မဖေါ်ပြပဲ လုပ်ငန်းရှင်တော်တော်များ အသုံးပြုခဲ့ကြတော့ အမြင်မစိမ်းတဲ့ရင်းနှီးပြီးသားကဗျာလေးတစ်ပုဒ်လဲဖြစ်ပါတယ်။
ကဗျာချစ်သူတိုင်း ရင်းနှီးပြီးသားဖြစ်မှာပါ။
ဆောင်းပါးလေးတစ်ခုမှာ ဧကရီဖတ်လိုက်ရတော့ မှ ဒီကဗျာရှင်အစစ်ဟာ (ကဗျာဆရာဗန်းမော်ရွှေညို)မဟုတ်ပဲ ကဗျာရှင် အရှင်ဇ၀နလို့ ရေးသားထားပြန်တယ်။ ဒါဆို ဒီကဗျာလေးရဲ့ မူရင်းစာဆိုကဘယ်သူဖြစ်နိုင်ပါသလဲပေါ့ အရှင်ဇ၀န ပဲဖြစ်နိုင်ပါတယ်။
မနေ့ကလည်း မေမေရဲ့အသိတစ်ယောက်ဆုံးလို့အသုဘပို့ကပြန်လာတော့မေမေလက်ထဲမှာ နာရေးကပေးလိုက်တဲ့ ယက်တောင်လေးတစ်ခုပါလာပါတယ်။ယက်တောင်လေးကိုကြည့်မိတော့ တဖက်ကကွယ်လွန်သူရဲ့နာမည်၊အသက်၊ရက်လည်ဆွမ်းသွတ်ဖိတ်စာလေးကဒ်ထားပြီးတဖက်က ဒီဧည့်သည်ကဗျာလေးတွေ့ခဲ့ရပြန်ပါတယ်။ယက်တောင်ပေါ်မှာတော့ ကဗျာဆရာ အရှင်ဇာဂရိယလို့ ရေးထားပြန်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဧကရီဖေဖေ့ရှိစဉ်ကထားခဲ့တဲ့ စာအုပ်စင်လးကို သန့်ရှင်းရေးလုပ်ရင်း ဟိုးအရင်ကစာအုပ်တွေထဲက အ၀ါရောင်းတန်းနေတဲ့ စာဟောင်းတစ်အုပ်ကို လှန်ကြည့်မိတော့ အရှင်ဇာဂရိယရေးတဲ့ သံဝေဂကဗျာလေးမှာ ဒီကဗျာလေးတွေ့ရပါတယ်။အရှင်ဇာဂရိဟာ မကွေးတိုင်း ဂန့်ဂေါမြို့ကယောနယ်သား ဖြစ်ပြီး သံဝေဂဥာဏ်ကိုဖြစ်ပေါ်စေမဲ့ သံဝေဂကဗျာသုံးပုဒ်ကို တပည့်ကြီးအတွက် စပ်ဆိုပေးဖူးခဲ့ကြောင်းဖတ်လိုက်ရပါတယ်။
ဆရာတော် အရှင်ဇာဂရိယ ၁၉၇၉ခုနှစ်က အလုံ၊အောင်မင်္ဂလာတိုက်သစ်မှာသီတင်းသုံးစဉ် တရက်မှာ နာယက၀ိုင်းအတွက် ဆွမ်းခံကြရတဲ့ ဓမ္မာစရိယတန်း စာသင်သားထဲက အရှင်ဦးတိသာ ရုတ်တရက်ပျံလွန်တော်မူသွားတော့ ဒီ ဧည့်သည်ဆိုတဲ့ကဗျာအပါအ၀င် သံဝေဂကဗျာသုံးပုဒ်ကို စပ်ဆိုပြီး ယက်တောင်များကိုမှာယူစေခဲ့ပြီးယက်တောင်များပေါ်ကပ်ခဲ့ကြောင်း။ သီးခြားစာရွက်လေးတွေနဲ့လည်း ရိုက်နိုပ်ပြီး ပရိသာတ်များကိုဝေငှာခဲ့ကြောင်း အရှင်ဇာဂရိယနဲ့ အနီးကပ်နခွင့်ဖူးတဲ့ စာရေးဆရာ တစ်ဦးက အတည်အလင်း ရှင်းလင်းရေးသားထားတာတွေ့လိုက်ရပါတယ်။
ဒါဆို ဒီဧည်သည့်ကဗျာသက်တမ်းဟာ ခုဆို ၂၀၁၁ခုနှစ်ထိ ကျော်ကြားလူကြိုက်များပြီး ပုံနိုပ်လုပ်ငန်းရှင်များ အသုံးပြုခဲ့တဲ့ ကဗျာလေးမို့ လူသားအကျိုးပြု ကဗျာလေးလို့လည်း ဧကရီ မှတ်ချက်ချ လိုက်မိပါတယ်။ နှစ်ပေါင်းသုံးဆယ်ကျော်ပါပြီ။
နောက်တစ်ပုဒ်က အလျဉ်းသင့်သလို ဖတ်တတ်တဲ့ ဧကရီကြိုက်နှစ်သက်တဲ့ ခေတ်ဟောင်းလက်ရာ ခေတ်သစ်လက်ရာ လို့အငြင်းပွားခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ရှိပါသေးတယ်။ အဲဒီကဗျာလေးကို ကင်းဝန်မင်းကြီး ဦးကောင်းအတွက် လယ်တီဆရာတော် ရှင်ဥာဏဓဇ ကသံဝေဂရရှိဖို့ သတိပေးရေးစပ်ပေးခဲ့တဲ့ ဒွေးချိုးကဗျာလေးတစ်ပုဒ်ပါ။
ဖတ်ကြည့်ပါနော်.
တစ်နေကွယ်
သေနယ်သို့တစ်ခါကူး
မေ့လျော့ကာ သေဘူးမထင်နဲ့
နေကွယ်တာအချိန်များရင်ဖြင့်
သေနယ်ရွာ တစ်ကြိမ်သွားရမယ်
တားမရဘူး။
ဒါဆို ဧကရီတို့သိတဲ့ ဧည့်သည်ကဗျာလေးရဲ့  မူရင်းကဗျာရှင်ဘယ်သူဆိုတာ သိရှိရလိုက်ပါပြီ ။ ကြားညှပ်လေးတစ်ခု ဧကရီကြိုက်တဲ့ သံဝေဂကဗျာလေးတစ်ပုဒ် လေးလည်းဖတ်သွားပါအုံးနော်. ဧည့်သည်ကဗျာလိုတော့နာမည်ကျော်လူကြိုက်များစေမဲ့ကဗျာတော့ မဟုတ်နိုင်ဘူးပေါ့နော်..:D အားပေးပါအုံးနော်..ကဗျာနာမည်လေးက အမြတ်ဆုံးရှင် ပါ။
(အမြတ်ဆုံးရှင်)
အများသူငါ မရိုးနိုင်ဇာတ်ကြောင်း
ပိုင်ရှင်..ပိုင်ရှင် နဲ့ တစ်ရှင်ထဲရှင်နေတဲ့
လူတွေပါးစပ်ဖျားက ပိုင်ရှင် အကြောင်းလေးပေါ့။
တရားသဘောလေးတစ်ခုနဲ့ အများတွေကြားမှာ
အကြွားပိုစွာ ဘယ်သူကစလို့ မိုက်တွင်းမိုက်ခဲ့ကြပါလိမ့်နော်။
တိုက်ရှင် ကားရှင် မြေပိုင်ရှင် နဲ့
ဟော..............
သားရှင် သမီးရှင် လင်ရှင် မယားရှင်တွေနဲ့
အဖေရှင် အမေရှင်တွေပါမကျန် သားရှင် သားမက်ရှင်
ချွေးမရှင်လည်းပါလိုက်သေးတယ်လေ။
နောက်ဆုံး ခွေးရှင် ကြောင်ရှင်တဲ့ အဲဒီရှင်တွေအကြောင်း
တို့များအပါအ၀င် တနေ့နေ့ တချိန်ချိန်
ပိုင်ရှင်တွေအားလုံး လယ်ဝေးရောက် ထိန်ပင်ရောက်နဲ့
နောက်ဆုံး မြေကြီးထဲ ရောက်မှာပဲမဟုတ်လား
အဲတော့မှ ......
ရှင်တကာ့ရှင် ဘယ်ပိုင်ရှင်က
အမြတ်ဆုံးပါလိမ့်လို့ ဆုံးဖြတ်ရမှာဖြင့်
ကို့ကိုယ်ကိုသာ အသာလေးနိုင်းပါရစေလား။
ကျွန်မ သေလို့ ကျွန်မ မသာဖြစ်ခဲ့ရင်လည်း
ဘယ်သူတွေ မသာရှင်ရှင်ထပ်ဖြစ်အုံးမှာလဲနော်။
အဲတော့ကာ..
ကျွန်မ စဉ်းစားမိသာက အမြတ်တကာ့အမြတ်ဆုံးထဲမှာ
ကျွန်မ မသာမလေးကသာ အမြတ်ဆုံးပါတကား။
(သံဝေဂကဗျာ)
(စာဖတ်သူရဲ့  comments လေးတစ်ခုဟာဧကရီရဲ့နောက်ထပ်ရေးဖြစ်စေမဲ့ပို့စ်လေးအတွက် ကလောင်အားဆေးတစ်ခွက်ပါလို့ ) ...:D
ခင်မင်လေးစားလျှက်
***ဧကရီ***
့