pc ကျန်းမာရေးအတွက် ဆော့ဝဲလေးပါ။size က34mbပါ။portableလေးပါ။
Sunday, May 15, 2011
Advanced.SystemCare.Pro.4.0.0.175.Portable
pc ကျန်းမာရေးအတွက် ဆော့ဝဲလေးပါ။size က34mbပါ။portableလေးပါ။
လေ့လာကြည့်ခြင်း
ဒီအဆောက်အဦးကို တွေ့နေတာကြာပါပြီ။ တစ်ချိန်မဟုတ် တစ်ချိန်၊ သွားရင်းလာရင်း တွေ့မိ သတိထားမိနေတာပါ။ အဆောက်အဦးက အတော်လေးကြီးတယ်ဗျ။ ဒါပေမဲ့ သူ့ရဲ့ အပြင်အဆင် ဒီဇိုင်းကတော့ ရိုးရိုးကြီးနဲ့ ဆွဲဆောင်မှုသိပ်မရှိဘူး။ ကြည့်လိုက်ရင် ရှေးဆန်သလိုလို၊ လျှို့ ဝှက်မှုတွေ ရှိနေသလိုလို။ သူ့ရဲ့ အ၀င်ဝမှာတော့ အနက်ရောင်နောက်ခံပေါ်မှာ အပြာရင့်ရောင် စာလုံးတွေနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်လိုဟာတစ်ခု ချိတ်ဆွဲထားတယ်။ တော်တော်လေး အားစိုက်ပြီး ဖတ်ကြည့်လိုက်တဲ့ အခါ ကြိုဆိုပါ၏ တဲ့။ဒီနေ့က အလုပ်အားရက်။ လူတွေနဲ့ တွေ့ဆုံဖို့ ချိန်းဆိုထားတာလည်းမရှိ။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ လုပ်စရာမရှိ။ ပြောရရင်တော့ ခါတိုင်း အမြဲတမ်း ဖိစီးနေခဲ့တဲ့ ၀န်ထုပ်ဝန်ပိုးကြီး မရှိတော့သလိုလို၊ ပိုမိုလေးလံတဲ့ အရာတစ်ခုက ဖိစီးနေသလိုလို။ ဘေးပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်တော့ လူတွေအားလုံးက ကိုယ့်အာရုံနဲ့ကိုယ် နစ်မြောစီးဝင် လှုပ်ရှားနေကြတယ်။ ကိုယ့်ရဲ့ နှလုံးသားကတော့၊ နားကြပ်ထဲက ကြားနေရတဲ့ House Music beat တွေနဲ့ ထပ်တူ ကခုန်နေတယ်။ ကြာပါတယ်။ အားလုံးကို ထားခဲ့လိုက်တော့။ ဒီအဆောက်အဦးထဲ ၀င်ရောက်လေ့လာကြည့်မယ်။
တံခါးကို တွန်းဖွင့်လိုက်တယ်။ သော့ခတ် Lock ချထားတာမရှိ။ မင်းတုန်း မရှိ။ အားလုံးကို ကြိုဆိုတဲ့သဘောဗျ။ ဖုံတွေတက်နေတဲ့ တံခါးကို တွန်းဖွင့်လိုက်တဲ့အခါ တော်တော်လေး လေးလံနေပြီး နားဝင်မချိုတဲ့၊ ခြောက်ခြားစရာ ကောင်းတဲ့ တကျွီကျွီမြည်သံက Music သံတွေကို လွှမ်းမိုးပြီး နားထဲဝင်လာတယ်။ ၀င်ဖို့ပြင်နေတဲ့ ခြေလှမ်းက နဲနဲတွန့်သွားတယ်။ အထဲကို လှမ်းကြည့်လိုက်တော့ အပြင်လောကနဲ့ ဆန့်ကျင်စွာ မှောင်မဲလို့။ အလွန်ဆိုးဝါးတဲ့ သစ်ဆွေးနံ့၊ ဖုန်နံ့၊ အောက်သိုးသိုးအနံ့တွေက အပြေးအလွှားထွက်လာပြီး ကြိုဆိုကြပြန်တယ်။ ကိုယ့်ရဲ့ နှလုံးသားကို ပြန်ကြည့်လိုက်တဲ့အခါ Music Beat တွေရဲ့ နှစ်ဆ နှုန်းနဲ့ ခုန်နေသလိုလို၊ လုံးဝ မခုန်တော့သလိုလို။
ကျွန်တော် အ၀င်ဝမှာတင် (၁၀)မိနစ်လောက်ကြာအောင် ရပ်တန့် စဉ်းစားနေမိတယ်။ လမ်းပေါ်က ဖြတ်သန်းသွားတဲ့ ကားဟွန်းသံနဲ့အတူ ထူးဆန်းတဲ့အတွေးတစ်ခု ခေါင်းထဲဝင်ရောက်လာတယ်။ လက်ဖ၀ါးတွေကို လှန်ကြည့်မိတဲ့အခါ ဖုန်တွေနဲ့ ပေပွနေတာ တွေ့ရတယ်။ ကျွန်တော် တစ်စုံတစ်ရာကို လေ့လာမိခဲ့ပါပြီ။ တော်ပြီဗျာ။ ကျွန်တော် အခန်းပြန်ပြီး စာဖတ်နေတော့မယ်။ ဆုံးဖြတ်ချက်နဲ့အတူ ချာခနဲ လှည့်ပြီး အပြေးတစ်ပိုင်း ပြန်လာခဲ့တော့တယ်။
House Music ကတော့ မပြီးမဆုံးနိုင်အောင် ဆက်လက်ဖျော်ဖြေနေဆဲ။
