Wednesday, June 22, 2011

မိမိကွန်ပြူတာအမြန်နုံးမြင့်ချင်သူအတွက်ပါ။

အကြင်နာနန်းတော်ရဲ့  အကူအညီတောင်းရန်cbox မှာမေးမြန်းထားတာလေးဖြေပေးလိုက်ပါတယ်ရှင့်။
မိမိကွန်ပြူတာ အရမ်းနှေးလာပြီဆိုရင် အောက်ကနည်းလေးတွေအတိုင်းလုပ်လိုက်နော်..

၁။
ပထမဆုံး run box ကိုဖွင့်လိုက်ပါ။
-start ကနေသွားလည်းရတယ်။ Windows key နဲ့ R တွဲနှိပ်လည်းရပါတယ်။
-run box မှာ gpedit.msc လို့ရိုက်လိုက်ပါ။
-ဘယ်ဘက်မှာ computer configuration ကိုရွေးလိုက်ပါ။
-Administrative Templates ကိုရွေးပါ။
-Windows Components ကိုရွေးပါ။
-Terminal services ကိုရွေးပါ။
-Temporary folders ကိုဆက်ရွေးပါ။
-Do not delete temp folder upon exit မှာ right click ခေါက်ပြီး properties ကိုရွေးပါ။
-ပြီးရင် disable ကိုရွေးချယ်လိုက်ပါ။
-ပြီးရင် apply ၊ ok လိုက်ပါ။

ဒါဆိုရင်တော့ temp files တွေဖျက်လို့ရပါပြီ။
ခုနလိုပဲ run box ပြန်ခေါ်လိုက်ပါ။ ပေါ်လာတဲ့ ဘောင့်စ်မှာ %temp% လိုက်ရိုက်ထည့်လိုက်ပါ။
ပြီးရင် enter ခေါက်လိုက်ပါ။ ဒါဆို temp files တွေပေါ်လာပါပြီ။ delete နဲ့ဖျက်လိုက်ပါ။
တချို့ဖိုင်တွေအလုပ်လုပ်နေသေးလို့ဖျက်လို့မဘူးလို့ပြောပါလိမ့်မယ်။

၂။ နောက်တစ်မျိုး

run box ခေါ်လိုက်ပါ။ prefetch လို့ရိုက်လိုက်ပါ။ ctrl+A နဲ့အားလုံး select ပေးပြီးဖျက်ပြစ်လိုက်ပါ။

၃။ Hard disk ကိုရှင်းရအောင်

Windows XP မှာ hard disk ကိုရှင်းတဲ့ tool လေးတစ်ခုပါဝင်ပါတယ်။ တကယ်ကိုကောင်းမွန်ပါတယ်။
Start
All Program
Accessories
System tools
Disk cleanup
ထိသွားလိုက်ပါ။ ရောက်သွားရင် ကိုယ်ရှင်းချင်တဲ့ drive ကိုရွေးချယ်ပြီးတော့ ရှင်းလို့ရပါပြီ။ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေအားလုံးကို ရှင်းလင်းပေးပါလိမ့်မယ်။ မရှင်းတာကြာရင်ကြာသလောက် အချိန်စောင့်ရပါတယ်။

၎။ မသုံးတဲ့ program တွေဖယ်ထုတ်ရအောင်

Start
Run
run box ခေါ်ပြီးရင် msconfig လို့ရိုက်လိုက်ပါ။ System Configuration Utility ဘောင့်စ်ပေါ်လာပါလိမ့်မယ်။ Startup ဆိုတဲ့ tab ကိုရွေးချယ်လိုက်ပါ။
ကိုယ့်အတွက်အသုံးမလိုတော့တဲ့ program တွေရှေ့မှာ အမှန်ခြစ်ထားခဲ့ရင် uncheck (အမှန်ခြစ်ကိုဖြုတ်)လုပ်ပါ။ပြီးရင် restart ပြန်ချလိုက်ပါ။

၅။ ပရိုဂရမ်ရဲ့အမြန်နှုန်းကို မြှင့်တင်ရအောင်

screen အောက်ခြေက taskbar ကို right click ခေါက်ပါ။ ပေါ်လာတဲ့ထဲက Task Manager ကိုရွေးပါ။ process ဆိုတဲ့ tab ကိုထပ်ရွေးပါ။ ကိုယ့်စက်ထဲမှာရှိတဲ့ program တွေ ပေါ်လာပါလိမ့်မယ်။ ကိုယ်မကြာခနသုံးလေ့ရှိတဲ့ program ပေါ်မှာ right click ခေါက် set priority မှာ high ကိုရွေးပေးလိုက်ပါ

ရေးရမှာပျင်းသောကြောင့် လိုင်းပေါ်ကနေကူးယူတင်ပြခြင်းဖြစ်ပါသည်..:)

vzo မှာ မြန်မာလိုရေးချင်သူများအတွက်.

vzo မှာ မြန်မာလိုရေးချင်တဲ့သူတွေအတွက်ပါ။
vzo မှာ မြန်မာလိုရေးလို့ရအောင် စကိုက်တွေမှာလိုဖေါက်ပြောင်းလို့မရပါဘူး။
ဘယ်လိုရေးရမလဲဆိုတော့  မိမိဂျီတောက်အကောင့် တစ်ခုကိုဖွင့်ထားပြီး အဲအကောင့်ထဲမှာအွန်လိုင်းမှာမရှိတဲ့
offline နဲ့ရှိနေတဲ့ တစ်ယောက်ယောက်ရဲ့ အကောင့်ကို go of record ကိုပြောင်းလိုက်ပါ.။
အဲဒီကမှာ ကိုယ်ကvzo မှာရေးချင်တဲ့စာကိုမြန်မာလိုရေးပြီး Enter ခေါက်ပါ။
တက်လာတဲ့စာကို copy လုပ်ပြီး vzo chat box မှာ paste လုပ်ပြီး Enter ခေါက်ကြည့်ပါ။
vzo chat box မှာ မြန်မာလို ပေါ်လာပါလိမ့်မယ်.။
တစ်ဖက်က ချက်နေတဲ့သူလည်း မြန်မာလိုမြင်ရပါလိမ့်မယ်။
တစ်ခုတော့ရှိတယ်...vzo ဗားရှင်းတူမှ လည်း တစ်ဖက်က မြန်မာလိုမြင်ရမှာနော်..
 နောက်တစ်ခုကစာရေးရတာမြန်အောင်လို့  short key ဖြစ်တဲ့ Ctrl + C ကို copy အတွက် သုံးလိုက်ပြီး Ctrl + V ကို တော့  paste  အတွက်သုံးလိုက်ပါနော်...ဒါကတော့  ကွန်ပြူတာသုံးတဲ့ သူတိုင်းသိပါတယ်
အဆင်ပြေကြပါစေရှင့်။။

မေးခွန်းအဖြေများ

မီးလေးငယ်: vzo နဲ့ Skype ကို မြန်မာလိုရေးလို့ရတယ်လို့ပြောနေကြလို့ ရေးနည်းလေး ဖြေပေးပါလားရှင့်..ကျေးဇူးတင်ပါတယ်နော်..

vzoတော့မသိဘူး skype မှာ မြန်မာဖောင့်ဘယ်ကချိန်းတာလဲဆိုတာတော့သိလို့ ရေးပေးလိုက်ပါတယ်။
ပထမဆုံး skype ကို အကောင့်ဝင်လိုက်ပါ။



၁။ပုံမှာပါတဲ့အတိုင်း Tools >Options ကိုသွားပါ။

 အထက်ကပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်။IM&SMS ကိုသွားလိုက်ပါ။



၂။IM appearance ကိုသွားပါ။


၃။ပုံထဲက အတိုင်း ကိုယ်သုံးမယ့်မြန်မာဖောင့်တစ်ခုကို ရွေးပြီး OK ပေးလိုက်ပါ။
အဆင်ပြေပါစေ။



aung min ko: ကျွန်တော် တောင်းထးတဲ့  HTC smart ဖုန်းအတွက် game နဲ့  မြန်မာဖောင့် လေး ကျေးဇူးပြုပြီး တင်ပေးပါအုံး.
 ဒီနေရာလေးမှာ ဂိမ်းအတွက် ဒေါင်းယူနိုင်ပါတယ်။ဖောင့်အတွက်ကတော့ ကျွန်တော်လဲ မတွေ့သေးလို့ပါ။
ကိုယ်တိုင်မစမ်းဖူးတော့ မလုပ်တတ်ဖြစ်နေလို့။
 http://www.mobileheart.com/cell-phone-games/2120-HTC-Smart-Games.aspx


 zuzu: အစ်ကိုတို့ အစ်မတို့ တည်ဆောက်ထားတဲ့ Website လေးတွေကို အရမ်းသဘောကျ၊ အားကျမိပါတယ်။ ကျေးဇူးပြုပြီးတော့ လုပ်ပုံလုပ်နည်းလေး ပြောပြပေးနိုင်မလား။ တော်တော်များများစမ်းကြည့်ပါတယ်။ လိုချင်တဲ့ပုံစံမရဘူးဖြစ်နေလို့

လုပ်ပုံလုပ်နည်းကတော့ လွယ်ပါတယ်။ဒါပေမယ့် ပြောမပြတတ်ဘူးဖြစ်နေလို့ ဖြစ်နိုင်ရင်
18akariz18@gmail.com ကို အက်ပေးပါလား။လက်တွေ့လုပ်ရင်း ပြောပေးတော့ ပိုအဆင်ပြေမယ်ထင်ပါတယ်။