အကြင်နာနန်းတော် ၏ ရည်ရွယ်ချက်များ


မြန်မာ လူငယ်များအတွက်
၁။ အသုံးဝင်သော ဆော့(ဖ်)၀ဲ များ
၂။ နည်းပညာဆိုင်ရာ စာအုပ်များ (ကွန်ပျူတာ၊ ပရိုဂရမ်၊ ဓာတ်ပုံ နှင့် ဒီဇိုင်း၊ အင်တာနက်၊ အင်ဂျင်နီယာ)
၃။ ဘာသာရေး၊ တရားတော်ဆိုင်ရာ စာအုပ်များ၊ အသံဖိုင် နှင့် ဗီဒီယိုများ
၎။ ၀တ္ထု၊ ကဗျာ၊ ကာတွန်း၊ ဟာသ စာအုပ်များ
၅။ တေးသီချင်းများ (မြန်မာ၊ နိုင်ငံခြား)
၆။ ရုပ်ရှင် နှင့် ဗီဒီယိုများ (မြန်မာ၊ နိုင်ငံခြား)
၇။ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဗဟုသုတနှင့်အကြံပြုချက်များ
၈။ သတင်း နှင့် အထွေထွေဗဟုသုတများ
၉။ ဂိမ်းများ
၁၀။ အလှအပ နှင့် ဖက်ရှင် ဆိုင်ရာ ဗဟုသုတ နှင့် အကြံပြုချက်များ
၁၁။ အသုံးဝင်သော ၀က်ဘ်ဆိုက် လိပ်စာများ
ကို မျှဝေပေးရန် ဖြစ်ပါသည်။



အကြင်နာနန်းတော် သို့ လာရောက်သူများအတွက် ပျော်ရွှင်မှု၊ ဗဟုသုတ နှင့် နည်းပညာ တစ်ခုခုတော့ ရရှိသွားစေရပါမည်။

စိတ်တူ၊ ကိုယ်တူ၊ ရည်မှန်းချက်ရှိသူ လူမှုအသိုင်းအ၀ိုင်း (Community) တစ်ခု ဖန်တီးသွားရန် နှင့် မြန်မာလူငယ်များ ပိုမို တိုးတက်အောင်မြင်အောင် အချင်းချင်း ပံ့ပိုးဆောင်ရွက် သွားကြရန် ရည်ရွယ်ပါသည်။


Flash သီချင်းများစုစည်းမှု

ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ် တခါထဲချစ်ချင်လို့ပါ ထူးဆန်းလွန်းတဲ့အချစ် ပြော ကြွေသူနှစ် ကောက်သူတစ်

မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင် သတိရရ-မရရ အဖြည့်ခံချစ်သူ တိတ်တခိုး နင်မလိုချင်လဲ လမ်းပျောက်ချိန် အလွမ်းကဗျာ အေးဆေးဖြစ်သွားပြီ မညာပါနဲ့ ချစ်သူလေး ညလေပြေ အိနြေ္ဒရှင်မလေး မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် လေပြေ၂ တဖက်သတ်အလွမ်း ဝေးပြီးတဲ့နောက် မနဲ့မောင် ချစ်တယ် ပြုံးလိုက်ပါ နှလုံးသားချင်းထိတွေ့ခဲ့တယ် ဖူးစာရှင် ဗုဒ္ဓမေတ္တာပန်း အိမ်မက်ရဲ့သမီးပျို မင်းမရှိတဲ့ကမ္ဘာ အလွမ်းသင့်ပန်းချီ ပျော်သလိုနေလိုက်တော့ စိတ်ကူးလွင်ပြင် အလွမ်းနိဂုံး မျှော်လင့်ခြင်းအဆုံး ဘ၀ရဲ့လမ်းများ နင်သိရဲ့လား အလွမ်းပြေအနမ်း၃ လရောင်ဆမ်းသောလမ်း တစ်ဖက်သက်အလွမ်း ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူ နားနားဘေးမှာ ပျံသန်းသွားတော့ ဟုတ်လို့လား Never Be Replaced ချစ်မိနေပြီ နိုးတစ်ဝက်အချစ် အချစ်အတွက်ကိုယ်စား ငါ့ရဲ့အနား ၂ ဝေးသွားတဲ့အခါ မီးအိမ်ရှင် ငါ့နေရာ Anywhere for you Justin Bieber(Baby) သီရိသူ ဒီဇင်ဘာည ဒီဇင်ဘာည၂ ငါမှားလားမင်းမှန်လား ဆေးကျောင်းသား တကယ်ဆိုရင် အမေ စွန့်လွှတ်ခက်သူ နင်စေရင် အနှိုင်းမဲ့ ရင်ဘတ်ထဲက အနိုင်မယူသူရဲ့အရှုံး ခိုးချစ်ရသူ နှလုံးသားအစီရင်ခံစာ ညီမလေးအတွက် မိုး(မျိုးကြီး) မိုး၂(မျိုးကြီး) ( 8.4 ) ချစ်တယ်ဟုတ် ကောင်မလေးတယောက်အကြောင်း ဖက်ထားမယ် LetMeKissU ချယ်ရီသက်သေ ဖိတ်စာ နွေအလွမ်း ယူလိုက် အဖေ့မေတ္တာ လက်ခံပေးပါ(မျိုးကြီး) HaHaLaGyiAh မမ အပျိုကြီး ညီမလေး SnowQueen လက်ခံပေးပါ(၂) HERO ( မေ ) မမြင်ကွယ်ရာ ဟိုအရင်လို ငါ့ကိုပြောပါ မျှော်လင့်ချက်မဲ့(မျိုးကြီး) ယုံကြည်ပေးပါ BellyDancer ယုံကြည်ပေးပါ(Remix) အဖြူရောင်လေးပါကွယ် ရင်ထည်းခိုနားလှည့်ပေါ့ကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါ ယုံကြည်ခြင်း၂ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ကမ္ဘာပျက်နေ့ နင့်ကိုငါအချစ်ဆုံး ကင်ဆာ အချစ်နဲပိုက်ဆံ နင်တစ်ယောက်တည်း သံစဉ်နဲ့ချော့သိပ်ခွင့် (မမ) ချစ်တယ်မရေ အချစ်မှတပါးအခြားမရှိပြီ တနေ့တော့ချစ်လာလိမ့်မည် အမေ့ မင်းအကြောင်းအိမ်မက် တန်ဆောင်တိုင်သီချင်း အလွမ်းနဲ့ရူးပြီ နှမြောတယ် သူလေး ကောင်းကင်ကအချစ်ငှက် ဆာဒါငဲယိုး ခိုနားရာ အိမ်မက်ကမ္ဘာ အလွမ်းဝင်္ကဘာ ပထမအနမ်းသီချင်း စကားလုံးတွေမလိုဘုး (နိဒါန်း) လေလွှင့်သူ အာဇာနည် ငါဆက်ချစ်မယ့်သူ ရုပ်သေးရုပ် မျှော်လင့်ချက်မဲ့ ဒီတစ်ခါမခွဲတော့ဘူး ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း) မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း) လက်ခံပေးပါ(၂)မျိုးကြီး မျိုးကြီး=အတိတ်ရဲ့နွေ Baby စပါယ် အမြဲတန်းယုံကြည်တယ် သူငယ်ချင်းသံယောဇဉ် မိန်းကလေးပါ ဒီဇင်ဘာည၂ ပြည့်စုံလွန်း အသိအမှတ်ပြုပါ ကြယ်ကြွေကောင်းကင် Congratulation ညီမလေး မကြင်နာလေသူသို့ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ နင်မသွားခင် နှမြောတယ် မျှော်လင့်မိတဲ့ငါ့နတ်သမီး လမ်းခွဲ နောက်ဆုံးပေါ့ Baby-(Mc Wai Lin) ရင်ထဲကလာတဲ့သီချင်း ကော်ရုပ်လေး လွမ်းဆွတ်ခွင့် ချစ်သူ-ရိန်မိုး ငါ့ရဲ့လမင်း(လေးဖြူ) ရင်ခုန်စရာရှုခင်း(မျိုးကြီး) ကိုယ့်ရဲ့ကွက်လပ် ဆု....ထံသို့ ခလေးလေး မ-အတွက်သီချင်း ယုံမှာလား ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး) မိုးသည်းချိန်မှာ Venus လမ်းဆုံး ပြန်လာပါ အလည်လွန်နှလုံးသား ဒို့ဝေးရာ ကျေးလက်တောတန်း အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် ခွင့်ပြုတယ်ခွင့်လွှတ်တယ် SaveTheAged ဆာဒါငဲယိုး၂ ပျော်တော်ဆက် ကောင်မလေး မင်းအချစ်ကြောင့် မလွမ်းဘဲမနေနိုင် မလှည့်စားနဲ့ အလွမ်းနေ့ရက်ရှည်များ ဒီအတိုင်းလေးဘဲချစ်နေမယ် အတောင်ပံပါရင်မင်းဆီကို TakeMeToYourHeart ထားအတွက် ကင်တင်းထဲကကွင်းလက်ချာ(အရိုး) ILoveYou ရာစုသစ်အလွမ်းသမား Rain Story (ပြည့်စုံ) မင်းနဲ့မှချစ်တတ်ပြီ အချစ်ဒါဏ်ရာ လွမ်းတယ်(မ)ရယ် မင်းနားလည်မှာ ချစ်သူရဲ့ပုံပြင်(အနွန်) (မ)အတွက်သီချင်း ကျောင်းပိတ်ရက်လေး ကျေးဇူးပဲမနက်ဖြန် ကောင်မလေး onelesslonelygirl ငါ့နေရာ "မ" အတွက်သီချင်း ကဗျာမမှီတဲ့အချစ်

တို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin)
ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း

ချယ်ရီသက်သေ snow queen Ma Ma ဖိတ်စာ နွေအလွမ်း Ha Ha La Gyi Ah အပျိုကြီး ညီမလေး ပန်းချစ်သူ.....ဒို့လည်းလိုက်မယ် ယုံကြည်ပေးပါ Belly Dancer MyHappyEnding ယုံကြည်ပေးပါ(Remix) ရင်ထဲခိုနားလှည့်ပေါ့ကွယ် အဖြူေ၇ာင်လေးပါကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါငယ်ကျွမ်းဆွေ ကင်ဆာ ၀ိုင်းဆုရဲ့(လမ်းမကြီးရဲ့ဘေး) အရမ်းလွမ်းတယ်မရယ် မ..မ(၂) တပင်တည်းရင်ထဲကနွယ် တစ်စက္ကန့် နွေရာသီလမ်းခွဲ သခင့်ထံအပြေးပြန်လာမည် နူတ်ဆက်စကား မောင့်အရိုင်းပန်း ငယ်ဖော် အသည်းကွဲမြို့တော် VENUS Baby(Mc Wai Lin) ကြယ်ကြွေကောင်းကင် လမ်းဆုံ နှစ်သိမ့်တဲ့တေး သူစိမ်းတယောက်ပါ နှင်းဝေတဲ့ဆောင်း အလှစစ် ညို့မျက်ဝန်း နှလုံးသာရှာသူ လွမ်းတယ်(မ)ရယ်အသဲကွဲဒီဇင်ဘာ I Love U Baby၀ါရင့်သမ္ဘာရင့်(Old Service) Never Say Never


သီချင်းရပ်ချင်ရင် ဗီဒီယိုပေါ်မှာ Right Click-->Rewind. ဒေါင်းချင်ရင် သီချင်းအမည်ပေါ်မှာ Right Click, Save Link As ကိုနှိပ်ပါ။

Friday, April 22, 2011

အမြင်ကောင်းဖို့ အကောင်းမြင်ကြည့်ခြင်း။

images?q=tbn:ANd9GcS34wk_0hQ1E1OOlwQ58BcbiKa8n3CcOZvCzlxOBee0X3_CEl2AlQ

ဇာတိမရဏရုပ်ပိုင်းဆိုင်ရာက ဆန္ဒပြလာတဲ့ဒီအချိန်၆၀ ကျော် ၇၀နားကပ်နေပြီဖြစ်တဲ့ ကျွန်မ လို့အမေအိုတစ်ယောက်အတွက် အိမ်ကချွေးမ ချက်ပြုတ်ကျွေးမွေးမှစားနိုင်တော့တဲ့အချိန်မျိုး
ကိုယ်တိုင်ရှာဖွေနိုင်စွမ်းမရှိတော့တဲ့အချိန် သားနဲ့ချွေးမ ဆင်မှ ၀တ်ရ စားရတဲ့ ဘ၀မျိုးမှာ
တစ်ရက်မဟုတ် နေ့စဉ်ရက်ဆက်ကျွန်မလိုအမေအိုကျတော့အိမ်ရှေ့ခန်းမှာသေချာကျွေး
ထားတော့ထားပါပေရဲ့။

သားတော်မောင်နေ့စား အလုပ်ကပြန်မှ ချက်ပြုတ်ပြီးကျွေးမွေးတဲ့ ချွေးမ ကြည့်စမ်းပါအုံး ။ မီးဖိုချောင်ထဲက တွတ်ထိုးနေတဲ့ သားတော်မောင်နဲ့ချွေးမတော် ရဲ့  အသံတွေက နားထဲခါးလိုက်ပါဘိကွယ်။
(မောင် ထည့်စားပါဆို ရော့ ကြက်ရင်အုံသားနော်)
(စားပါ ရှင်မလေးရယ်..ရော့ မောင်က လည်း ဒီပုဇွန်တုတ်ကြော်ကြီးကို မစားရက်တော့ဘူး ချစ်လေးစား)
(ဟဟဟဟ)
(ဟွန်းးးးးးမောင်နော် မရပါဘူး မောင်က အလုပ်ကပင်ပန်းပြီးပြန်လာတာ ချစ်လေးမစားရက်ဘူး မောင်စား.
ရော့..)
(ဟားးဟားးးးးးး)
(ရော့ ဒါက မောင်အကြိုက်ဆုံး တုန်ယမ်းဟင်းရည် သောက်ကြည့် ကောင်းမှကောင်း)
(ဟားးးးတော်လိုက်တာ မိန်းမရာ ဒါကြောင့်ချစ်နေရတာ)
(ဟဟဟဟ)
(ရှူးးးတိုးတိုး မောင့်မေမေကြားသွားအုံးမယ်)
(ဟားဟားဟားးး)

ကြည့်စမ်းပါအုံး..အမေအိုကြီးကျတော့ကြက်ရင်အုံသား.ပုဇွန်ကြော်တွေကိုဦးဦးဖျားဖျား ကျွေးမယ်စိတ်မကူးဘူး
ချွေးမအမိုက်မလေးကိုမယားတော်ထားတော့သားကပါမိုက်လုံးနက်လာပါပေါ့လား.ကိုယ့်အမေကို တစ်ချက်ပဲမေးဖေါ်ရတယ်..အလုပ်ကပြန်တာနဲ့ဒီအမေအိုအတွက်ထမင်းစားဖို့လုပ်ပေးတာကမကောင်းတတ်လို့ပဲ...

(မေမေ ခနစောင့်နော် သား ကြက်သားလေးဝယ်လာတယ်အမေ့ ချွေးမကိုကြော်ခိုင်းအုံးမယ်)တဲ့
သားတော်မောင်လက်ထဲက ကျွတ်ကျွတ်အိတ်နဲ့ ထုတ်ထားတဲ့ ကြက်ပေါင်လေးတစ်ခြမ်း တော့လှမ်းတွေ့မိပါသေးတယ်
ခု ပုဇွန်ကြော်နဲ့ တုန်ယမ်းဟင်းရည်က ဘယ်ကပါလာရတာလဲ..
ကိုယ့်ရှေ့မှာရောက်နေတဲ့ ထမင်းတစ်ပန်းကန် ကြက်သားမွပြီးကြက်သွန်နီလေးနဲ့ စိုစိုလေးထောင်းကြော်တစ်ခွက်.အရည်
သောက်လားမသိ ကြက်သားပြုတ်ရည်ထဲ မုန်ညင်းရွက်ခတ်ထားတဲ့ ဟင်းတစ်ခွက်.
(ဦးဦးဖျားဖျား မေမေအရင်စား သားတို့နောက်မှ စားမယ် ရေချိုးအုံးမှာမို့နော် အမေ)တဲ့
ကျွန်မသိနေတာကြာပါပြီ။

 မနက်နေ့ည တိုင်း သူတို့တူတူမစားကြတာ ဒါကြောင့်ကို.အသားကောင်းငါးကောင်းတွေကို
အမေအိုကြီးကိုကျွေးရမှာကြောက်လို့ တူတူမစားကြတာကို ကျေးဇူးတရားမသိတဲ့သားမိုက် .ဒီတစ်ခါတော့ သီးခံနေလို့
မရတော့ဘူး..မလုပ်နိုင်မကိုင်နိုင် တော့လို့ ဘေးဖယ်ထားကြတာခံနိုင်တယ် ဒီလိုလူလည်ကြတာတော့ ရက်ဆက် သီးမခံ
နိုင်တော့ဘူး.
ကျွန်မ အတွေးတွေဘယ်လိုမှထိန်းချုပ်လို့မရတော့ပါ။
နေ့စားလုပ်တဲ့သားကပါ တစ်နေ့လုပ်မှ တစ်နေ့စားကြရမှန်းသိပေမဲ့ အမေအိုကြီးမသိအောင်ခိုးစုထားတဲ့ပိတ်ဆံတွေနဲ့ သူ့မိန်းမကိုကျသိတတ်နေလိုက်တာများကွယ်။ကျွေးမေ မွေးမေ ကျေးဇူးတရားကိုမှမသိတတ်တဲ့ သားမိုက်.
ဒေါသစိတ်က ထိုင်းမရတော့။ ကျွန်မ ရှေ့လာချပေးထားတဲ့ ထမင်းဟင်းပန်းကန်ကို စားကြည့်ပြီးမြိုချလို့မရတော့ ။
သူတို့ လုပ်နေတာတွေ ဒီအမေအိုသိတယ် ကြားတယ်ဆိုတာ ပြမှဖြစ်တော့မှာမို့ ကျွန်မ ခြေလှမ်းကြမ်းကြမ်းနဲ့ မီးဖိုတံခါး
ဆီသို့လျှောက်သွားမိပါတယ်။
ပြောနေကြတာ တဟီးဟီး တဟားဟား ပလုပ်ပလောင်းစားနေကြတဲ့ အသံတွေက ကျွန်မအတွက် ငရဲခန်းတစ်ခုလိုပါပဲ။

(၀ုန်းးးးးးးးးးးးး)
(ဟင် မေမေ ဘာဖြစ်လို့လဲဟင်)
(မေမေ့ )
(ဖြန်းးးးးးးးးးးးး)
(အားးးးးးမေမေ သားကိုဘာလို့ရိုက်တာလဲ)
(သားမိုက်..မဖက်လိုက်လို့မိုက်ဖက်ပါတယ်သားလူဆိုးကြီး ဒီအမေအိုကျတော့ ကျွေးရမှန်းမသိတဲ့သားမိုက် )


ကျွန်မလုံးဝစိတ်မထိုင်းနိုင်တော့ပါ မီးဖိုတံခါးကို ၀ုန်းကနဲ တွန်းကန်ဖွင့်ချလိုက်ပြီး
အားရှိပါးရှိ သားရဲ့နားရင်းကို ကျွန်မလက်ဝါးနဲ့ ရိုက်ချလိုက်ပြီး ချွေးမဆီတို့ ကျွန်မ လက်မရောက်ခင်..ကျွန်မ မြင်လိုက်ရတဲ့မြင်ကွင်းက ...မယုံနိုင်စရာပါလား..
သားနဲ့ချွေးမ စားနေတဲ့ထမင်းဝိုင်းက မုန်ညင်းအရည်သောက်လေးတစ်ခွက် စားပွဲအလည်မှာချလို့ သူ့တို့ပန်းကန်ဘေးမှာငရုတ်သီးကြော်လေးနှစ်တောင့်နဲ့ ချွေးမ ထမင်းပန်းကန်ပေါ်မှာအသားမပါတဲ့  ကြက်ပေါင်းရိုးလေး တစ်ရိုးပါလား။။

ဘုရား ဘုရား ဘယ်မှာလဲ ပုဇွန်ကြော် တွေ တုန်ယမ်းဟင်းအရည်သောက်တွေ ကြက်ရင်အုံကြော်ကြီးတွေ ...ကျွန်မ မယုံနိုင်စရာ ကိုယ့်မျက်စိပဲအကြည့်မှာသွားတာလား..
ကျွန်မ မျက်လုံးကို သေချာပြန်ပွတ်ပြီး သားနဲ့ချွေးမ စားနေတဲ့ ပန်းကန်တွေကိုပြန်ထပ်ကြည့်လိုက်မိပါတယ်။

(ဟင်........သား..သား..ရယ်..မေမေ ..မေမေ..  အကြားမှားတာလားကွယ်.မေမေကို.မေ့မေ့ကို  ...)
ကျွန်မဆက်ပြောဖို့အင်းအားမရှိတော့ပါ။ ချွေးမနဲ့သားကိုဖက်ပြီးအားရပါးရ အော်ငိုမိလိုက်ပါပြီ..

(မေမေရယ်..သတိထားပါဗျာ မငိုပါနဲ့တော့.သားတို့ မေမေကို စိတ်မဆင်းရဲစေချင်လို့ မေမေစားလို့မ၀မှာစိုးလို့ ခုလိုမီးဖိုထဲ သီးသန့်စားရတာပါမေမေရယ်..)
(မေမေ အမြင်မကောင်းတော့တာလားကွယ်)
(ဟုတ်ပါတယ် မေမေရယ် သမီးလည်း မောင်ဝယ်လာတဲ့ ဟင်းစားလေးကို မေမေ့ကအသက်ကြီးပြီ နုးနုးညံညံလေး
စားလို့ရအောင်ထောင်းကြော်လေးလုပ်ပေးပြီး အရိုးကို သမီးတို့စားဖို့ မုန်ညင်းရွက်လေးနဲ့ အရည်သောက်လေး ချက်ပီး
မောင်ပင်ပန်းတာပျောက်ပါစေတော့ဆိုတဲ့  ဆန္ဒတစ်ခု နဲ့ အာသာပြေပြောနေကြတာပါမေမေရယ်)
(သား နဲ့ သမီးရယ်..မေမေ ဒီလိုအတွေးတွေနဲ့ မှားနေတာ နှစ်နဲ့ချီ နေပါပေါ့လားကွယ်..)
(မေမေ..မငိုနဲ့တော့နော်..လာလာ အိမ်ရှေ့သွားရအောင်..)

သားနဲ့ ချွေးမ တွဲခေါ်လို့ အိမ်ရှေ့ရောက်လာတဲ့ ကျွန်မ  အားအင်တွေကုန်ဆုံး နုံးခွေလို့ နောင်တတရားတစ်ခုကို
ကောင်းကောင်းကြီးရလိုက်ပါတယ်..ယောက္ခမ နဲ့ချွေးမကြားမှာရှိတတ်ကြတဲ့ တန်လှန်မူ့လေးတွေဟာ..တကယ်တော့
ကျွန်မ လို သားကိုချစ်စောနဲ့ ချွေးမလုပ်သမျှ ဘာမှအကောင်းမမြင်မိတဲ့ မေမေလို့မခေါ်ထိုက်တဲ့ ကျွန်မလို အမေကြောင့်
ပါပဲလေ။

(မေမေ ဘာမှစိတ်မကောင်းမဖြစ်နဲ့နော်..သမီးတို့ နောက်ဆို မေမေနဲ့ပဲ တူတူထမင်းစားတော့မယ်နော်..
အော်..မေမေ ခနလေးရေသောက်အုံးနော်..သမီးရေခပ်ပေးမယ်)
ချွေးမလေး ရေခပ်ဖို့ မီးဖိုထဲဝင်သွားပြီး ရေတစ်ခွက် ကျွန်မ အတွက် ပါလာပါတယ်။လက်ထဲကအနွေးထည်လေးအသစ်တစ်ထည် ကိုင်လို့။

( ရော့ ဒါမေမေ့အတွက် သမီးတို့ကန်တော့ဖို့  မနက်ကဈေးကပြန်တော့ဝယ်လာတာ.အနွေးထည်လေးလေ. ညမှမောင့်နဲ့
တူတူ ကန်တော့ဖို့ မောင့်ကိုစောင့်နေတာ ဘုရားသွားကျောင်းတက်ရင် မေမေ မှာအဟောင်းပဲရှိတာ သတိရလိုက်လို့ပါ)
(အော်..သမီးရယ်..အဟင့်..ဟင့်)
(မေမေ ရယ် မငိုပါနဲ့ )
(သာဓု သာဓု သာဓု ပါကွယ် သားနဲ့ သမီး စိတ်ချမ်းသာကိုယ်ကျန်းမာလို့ လိုအင်ဆန္ဒ ပြည့်စုံကြပါစေကွယ်.)
(ဟုတ်ကဲ့ပါမေမေ မေမေ့အမြင်လေးတွေ ကောင်းဖို့ သားတို့ကို ဒီနေ့ကစအကောင်းမြင်ပေးပါနော် မေမေ)
(အေးပါကွယ်..သားရယ်)

ကျွန်မ ကိုထိုင်ကန်တော့နေတဲ့ သားနဲ့ ချွေးမ ကိုကြည့်ပြီး အတ္တတရားတွေနဲ့  အရှက်လုံဖို့ သား နဲ့ချွေးမရဲ့ ကရုဏာရှင်မျက်လုံးတွေကြားမှာ ကျွန်မ ပင့်သက်ကိုချွေချွေချရင်း ကိုယ့်ကိုကိုယ် ဓားစာခံလုပ်ကြည့်လိုက်မိပါတယ်.။
ချစ်ခြင်းမုန်းခြင်း သံသရာတစ်ခုကြား အလိုဆန္ဒက ကိုယ့်ဘ၀ကို မရှင်းထုတ်နိုင်သရွှေ့  မနက်ဖန်အတွက် အရှက်လှုံဖို့  ဘ၀ကောင်းကွက်တစ်ခုမှာပဲ ရှင်သန်ခြင်းနိယာမ နဲ့  အားပေးနေတဲ့ မိသားစုတစ်ခု ကို ကျမ မျက်နှာဘယ်သို့ပြရပါလမ့်မလဲ...?
ကျွန်မ ရဲ့  ညနက်နက်လှိုင်ဂေါင်းတစ်ခုထဲမှာပဲ ကိုယ့်အသံကိုယ်မြိုချနေမိပါတော့တယ်။

ကဲ..ဒါဆိုရင်ကျွန်မအတွက်  နေကြည့်မလား သေကြည့်မလား အခြေအနေက  အကြံကုန် ဂဠုန်ဆားမချက်သေးသရွေ့  မျက်ခွန်ကိုတွန်းဖွင့်ရင်း မနက်ခင်းနေခြည်
မှာပဲ  ညနေခင်းအကြောင်းကြိုမတွေးပဲ  အကြည့်မှာလာငြိနေတဲ့ အာရုံတိုင်းကို အရှိတရားရယ် အသိတရားရယ် အိမ်မှားမ၀င်မိအောင်.
ကျွန်မ ဘာလုပ်သင့်သလဲဟင်...........?

အဓိပ္ပါယ်တစ်ခုခုထွက်ကြလာဖို့  ကျွန်မ လှမ်းဆွဲမဲ့ အရိပ်ကအကောင်ဖြစ်နိုင်ပါ့မလား ဆိုတာပါပဲလေ.။ 

ဒါဆိုရင် ကျွန်မလိုအမေတွေအတွက် အမြင်ကောင်းအောင် အကောင်းမြင်ဖို့လိုတာပါပဲလား.။
ဆက်ဖတ်ရန်

သိမ်းငှက် ၁ ကောင်ရဲ့ ဘ၀ဖြတိသန်းမှု (လူတွေအတုယူသင့်ရာ)

သိမ်းငှက်တစ်ကောင်ဟာ သက်တမ်းအမြင့်ဆုံး (၇၈)နှစ်အထိ အကြာကြီးနေနိုင်ဖို့အတွက် ၄င်းရဲ့သက်တမ်း တစ်ဝက်ကျော်ဖြစ်တဲ့ (၄၈)နှစ်ရောက်တဲ့အခါ ခက်ခဲတဲ့ Decision တစ်ခုကိုချရပါတော့တယ်။ သူ့ကိုယ်သူ ပြန်သုံးသပ်ကြည့်တဲ့အခါမှာတော့ လက်သည်းများဟာ ရှည်လွန်းလာလို့ သားကောင်ကို ဖမ်းကုပ်တဲ့အခါ ခဲယဉ်းလာပါတယ်။ ထိုးဆိတ်ဖို့ နှုတ်သီးဟာလည်း ရှည်လာတာနှင့်အမျှ ကွေးကောက်လာတာမို့ ရင်ဝကိုထိုးစိုက်လို့ လာပါတော့တယ်။

အတောင်တွေဟာလည်း လေးလံလောက်အောင် သားမွှေးတွေ ထူထပ်လာတာကြောင့် ပျံသန်းဖို့ ခက်ခဲလာပါတယ်။
ဒီသိမ်းငှက်ဟာ ဒါကိုပဲ စိတ်ပျက်နေရင် သက်တမ်း (၄၈)နှစ်နဲ့တင် ဘ၀ကိုနိဂုံးချုပ်လည်း ရတာပါပဲ။
ဒါပေမယ့် ထိုင်ပြီးစိတ်ပျက် နေမယ့်အစား ခက်ခဲတဲ့စွန့်စားမှုကို စွန့်စားလိုက်ရတာကမှ ဒီတိုင်း အသေခံတာထက် မြတ်တယ်လို့ ခံစားလာရတယ်။
ဒီတော့ ပထမ စွန့်စားခန်းလေး စဖို့အတွက် အမြင့်ဆုံး ကျောက်တောင်တစ်ခုမှာ အသိုက်ကို ဆောက်ပါတယ်။

အသိုက်ထဲမှာ နှုတ်သီးကို ကျွတ်မထွက်မချင်း ကျောက်တောင်နံရံနဲ့ ဆောင့်ပြီး ရက်ပေါင်း (၁၅၀)ကြာအောင် နှုတ်သီးအသစ် ပြန်ပေါက်ဖို့အတွက် သည်းခံစောင့်ဆိုင်း နေပါတယ်။ အသစ်ပြန်ပေါက်လာတဲ့ နှုတ်သီးနဲ့ ဒုတိယ စွန့်စားခန်းအတွက် နှုတ်သီးသစ်နဲ့ ၄င်းရဲ့လက်သည်းရှည်တွေကို တစ်ချောင်းချင်း ဆွဲနှုတ်ပြန်ပါတယ်။

တစ်ဖန် လက်သည်းအသစ်တွေ ထွက်လာတဲ့အခါမှာတော့ အတောင်မှာရှိတဲ့ လေးလံလှတဲ့ Feather တွေကို တစ်ချောင်းချင်း ဆွဲနှုတ်လိုက်ပါတယ်။

(၅)လကြာပြီးချိန်မှာတော့ Feather အသစ်တွေ အစုံထွက်လာတဲ့ အခါမှာတော့ ပေါ့ပါးသစ်လွင်လှတဲ့ နှုတ်သီး၊ လက်သည်း နဲ့ သားမွှေးတွေက သိမ်းငှက်တစ်ကောင်ကို နောင်အနှစ် (၃၀)အထိ ထပ်ပြီးနေသွားနိုင်အောင် ဘ၀သစ်ကို ခေါ်ဆောင် သွားပါတော့တယ်။

ဒီလိုပါပဲ ကျွန်တော်တို့ အသက်ရှင်နေထိုင်နေတဲ့ လောကကြီးထဲမှာ နှုတ်သီး၊ လက်သည်း၊ အမွှေးအတောင်တွေနဲ့တူတဲ့ မိမိကိုယ်ကို ပြန်စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံလာရတဲ့ အခါမှာတော့ ဒီအတိုင်း စိတ်ပျက်လက်မှိုင်ပြီး သူများကို အပြစ်ထိုင်တင်နေမယ့်အစား Painful Process ကိုရအောင်ဖြတ်ပြီး ကိုယ်တိုင်ပြောင်းလဲနိုင်မှ ဘ၀သစ်ကို ရရှိခံစားနိုင်ကြမှာပါ။

ဒီဘ၀သစ်တစ်ခု စဖို့အတွက် ခက်ခဲတဲ့ပြောင်းလဲမှုတွေကို ကိုယ်တိုင်ရင်ဆိုင် ပြောင်းလဲနိုင်မှ၊ ကျွန်တော်တို့ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ အကျင့်ဆိုး၊ စရိုက်ဆိုး (Old habit, Old tradition)တွေကို စွန့်ပစ်နိုင်မှ ဘ၀သစ်ကို ပြန်သွားနိုင်မှာပါ။

နောက်ထပ် သက်တမ်းကြာကြာ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် Idea အသစ်တွေကို လက်ခံပြောင်းလဲနိုင်ရပါမယ်။
အကျင့်ဆိုးဆိုတဲ့ စိတ်အမှိုက်တွေကို လွှင့်မပစ်ဘဲ ဆက်လက် သိမ်းဆည်းထားရင်တော့ မိမိကိုယ်မိမိ ညှဉ်းဆဲပြီး အသေခံတာနဲ့ အတူတူပါပဲ။
လူတိုင်းမှာ ကိုယ်တိုင်မသိနိုင်တဲ့ အတွင်းစိတ်အား Inner Potential တွေ ရှိကြပါတယ်။ မသိကြတာက ခက်တာပါ။

တစ်ကယ် ဒီစိတ်ကို ဆွဲထုတ်အသုံးချ နိုင်တဲ့သူကလည်း မိမိကိုယ်တိုင်သာ ဖြစ်ပါတယ်။
Today is for Tomorrow. Yesterday for Today.
ကိုယ့် Habit ကို ကိုယ် Change နိုင်ရင် ကိုယ့်အတွက် Result ပါပဲ။ ကိုယ့်ကိုယ်ကို အရင် ပြောင်းလဲကြည့်ပြီး သူများတွေကလည်း မိမိပြောင်းလဲလာကြောင်း အသိအမှတ်ပြုလာကြရင် သင့်ရဲ့ဘ၀လည်း ပြောင်းလဲသွားမှာပါ။

အဟောင်းထဲမှာပဲ ၀ဲလည်နေကြမယ့်အစား ပြောင်းလဲတာပဲ ကောင်းပါတယ်။
စိတ်ကိုဖွင့်လိုက်ပါ။ အတိတ်ကိုမေ့လိုက်ပါ။
ရင်ထဲမှာ အစိုင်အခဲမထားပဲ ချေဖျက်ဖို့အတွက် တောင်းပန်သင့်တာကို တောင်းပန်လိုက်ပါ၊ ၀န်ခံစရာ ရှိတာကို ရဲရဲဝန်ခံလိုက်စမ်းပါ။

ပြောင်းလဲစရာ ရှိတာကိုလည်း နောက်လှည့်မကြည့်စတမ်း ပြောင်းလဲပစ်စမ်းပါ။
သိမ်းငှက်လို နှုတ်သီးသစ်၊ လက်သည်းသစ်၊ အတောင်ပံသစ်တွေနဲ့ ပေါ့ပါးလွတ်လပ်စွာ ဟိုးအမြင့် စိတ်ရှိရာကို ပျံသန်းလိုက်ကြပါ။ ကျွန်တော်အကြိုက်ဆုံး
"Secrets of the Millionaire Mind"
စာအုပ်ထဲက စာသားလေးနဲ့ အဆုံးသတ်လိုက်ပါရစေ။

ဒီစာကို ဖတ်ကြတဲ့ သူငယ်ချင်းအပေါင်း စိတ်ဓာတ်ခွန်အားတွေ ရရှိနိုင်ကြပါစေခင်ဗျာ...။
"If you want to change the fruits,
You will first have to change the roots."
"If you want to change the visible,
You must first change the invisible."


ရွှေကျွန်းသား   မှကူးယူဖော်ပြသည်။
ဆက်ဖတ်ရန်

Thursday, April 21, 2011

သားတို့ အိမ်ပြန်ကြရအောင် အမေ

သားတို့ အိမ်ပြန်ကြရအောင် အမေ
"ပေါ့ရင် အရသာမရှိဘူးနဲ့ ဒီနေ့ချက်တာ နည်းနည်းငန်တော့ မျိုမကျဘူးတဲ့။
ဘယ်လိုလုပ်ပေးရမလဲ"

အိမ်ထဲဝင်ဝင်ချင်း ထမင်းစားခန်းမှ လွှင့်လာတဲ့အသံက ဆီးလို့ကြိုတယ်။ သားကို
မြင်တော့ အမေက ခေါင်းငုံ့ပြီး ထမင်းဆက်စားတယ်။ မိန်းမက သူ့ကို
မျက်စောင်းနဲ့ ကြည့်တယ်။ အမေစားနေတဲ့ ဟင်းကို သူ မြည်းကြည့်ပြီး
ချက်ချင်း ထွေးထုတ်လိုက်မိတယ်။

"အမေ့ရောဂါက အငန်နဲ့ မတည့်ဘူးလို့ ပြောထားတယ် မဟုတ်လား"

"ဒါဆို ရှင့်အမေကို ရှင်ပဲချက်ကျွေးပေါ့" ခြေဆောင့်ပြီး သူမ ထွက်သွားတယ်။

သက်ပြင်းတစ်ချက်ကို သူခပ်ဖွဖွချရင်း...
"အမေ.. အဲတာတွေ မစားနဲ့တော့.. သား ခေါက်ဆွဲချက်လိုက်မယ်"

"သား... အမေကို သား ဘာပြောစရာရှိလဲ? ပြောစရာရှိတာ ပြောနော်သား..စိတ်ထဲ
ထည့်မထားနဲ့"

"နောက်လကျရင် သားရာထူးတက်ပြီ အမေ။ သား ဒီထက် ပိုအလုပ်များတော့မယ်။
အမေ့ချွေးမကလည်း အပြင်ထွက် အလုပ်လုပ်ချင်တယ်တဲ့.. ဒါကြောင့်.. "

သား ဘာကိုဆိုလိုချင်မှန်း အမေသိလိုက်တယ်။

"သားရယ် အမေ့ကို လူအိုရုံ မပို့ပါနဲ့နော်"

တိုးလျှိုးတောင်းပန်စွာ အမေဆိုတော့ သားစိတ်မကောင်းဖြစ်ပြီး ခဏလောက်
နှုတ်ဆိတ်သွားတယ်။

"အမေ.. လူအိုရုံက မကောင်းတာ မဟုတ်ဘူး။ အမေ့ချွေးမ အလုပ်ရရင် အမေ့ကို
ပြုစုဖို့အချိန် ရှိတော့မှာ မဟုတ်ဘူး။ လူအိုရုံမှာ အမေ့ကို ပြုစုမယ့်လူ၊
ချက်ကျွေးမယ့် ၀န်ထမ်းတွေရှိတယ် အမေ။ အိမ်မှာထက်စာရင် ပိုကောင်းတာပေါ့
အမေရယ်"

"ဒါပေမဲ့.. သားရယ်..."

အမေ့စကားကို သူ မကြားချင်ဟန်ဆောင်ပြီး ရေချိုးခန်းဘက် ထွက်လာခဲ့တယ်။
သားအမိနှစ်ယောက် ခေါက်ဆွဲအတူစားပြီး စာကြည့်ခန်းထဲ သူဝင်ခဲ့တယ်။
ပြတင်းပေါက် အပြင်ဖက်ကို ငေးကြည့်ရင်း သူတွေဝေနေမိတယ်။ ငယ်ငယ်ရွယ်ရွယ်
မုဆိုးမဖြစ်ခဲ့ရတဲ့ အမေ၊ သားကို လူတစ်လုံးသူတစ်လုံး ဖြစ်အောင်
ကျွေးမွေးခဲ့တဲ့ အမေ၊ သားကို လူရာဝင်အောင် နိုင်ငံခြားအထိ ပညာသင်ခွင့်
ပေးခဲ့တဲ့ အမေ.. သားကို ကြီးပြင်းအောင် ကျွေးမွေးအနစ်နာခံခဲ့တာကို
အကြောင်းပြပြီး သားဆီက ဘာမှပြန်မမျှော်လင့်ခဲ့တဲ့ အမေကို အိမ်ထောင်ရေး
တည်မြဲဖို့ မိန်းမဆန္ဒကြောင့် လူအိုရုံပို့ရတော့မယ်။
သက်ပြင်းလေးလေးတစ်ချက် သူချလိုက်မိတယ်။ သား ရင်ထဲမှာ မချိလိုက်တာ
အမေရယ်...

"မင်းရဲ့ လက်ကျန်ဘ၀ကို မင်းအမေက အဖော်ပြုမှာ မဟုတ်ဘူး.. မင်းမိန်းမကပဲ
အဖော်ပြုမှာ"

"မင်း အမေ အသက်ကြီးပြီကွာ။ နေလိုရရင် နောက်ထပ် ၄ . ၅ နှစ်ပေါ့။ အဲဒီ
နှစ်တိုတိုလေးမှာ အမေကို သေချာပြုစု ဂရုစိုက်ပါကွာ။ မရှိတော့မှ
ငါမကျွေးလိုက်ရပါလား? ငါ မမွေးလိုက်ရပါလားလို့ နောင်တမရနဲ့"

ပတ်ဝန်းကျင်က သူငယ်ချင်း မိတ်ဆွေတစ်ချို့ရဲ့ စကားသံကို ပြန်ကြားယောင်ရင်း
သူရှေ့ဆက် မတွေးရဲတော့ဘူး။

အမေ့အတွက် ငွေကုန်ကြေးကျများရင် ဂရုစိုက် ရိုသေရာရောက်တယ်လို့
ထင်မယ်ဆိုလည်း ထင်ကြတော့။ တောင်စွယ်နေကွယ်လုဆဲ ညနေခင်းတစ်ခု မြို့ပြင်မှာ
တည်ထားတဲ့ လူအိုရုံဆီ သူတို့ရောက်လာခဲ့တယ်။ လူအိုရုံရဲ့ဧည့်ခန်းကို
သူတို့ဖြတ်လျှောက်တော့ ၄၂လက်မ တီဗွီဖန်သားပြင်ပေါ်မှာ ဟာသကား
တစ်ကားပြနေတာကို တွေ့လိုက်တယ်။ ဒါပေမဲ့ ကြည့်နေတဲ့ ပရိသတ်ဆီက ဘာရီသံမှ
မကြားရဘူး။

ပုံစံတူ အင်္ကျီ၊ ပုံစံတူညှပ်ထားတဲ့ ဆံပင်နဲ့ လူအိုတစ်ချို့ ဆိုဖာပေါ်မှာ
စောင်းစောင်းရွဲ့ရွဲ့ ထိုင်နေကြတယ်။ ငူငူငိုင်ငိုင် ထိုင်နေတဲ့
အဘွားအိုတစ်ယောက် ပါးစပ်က တစ်တွတ်တွတ်ရွတ်နေတယ်။ တုန်ချိချိ အဘွားအို
တစ်ယောက် ကြမ်းပြင်ပေါ်ကျနေတဲ့ မုန့်ကို ကုန်းကောက်ဖို့ ကြိုးစားနေတယ်။
မြင်ကွင်းတွေကို သားအကြည့် လွဲပြီး နေရောင်ရတဲ့ အခန်းတစ်ခန်းကို
အမေ့အတွက် ရွေးလိုက်တယ်။ အခန်းပြတင်းပေါက်က အပြင်ကို လှမ်းကြည့်မိတော့
သစ်ပင်ရိပ်အောက်မှာ လက်တွန်းလှည်းနဲ့ နပ်စ်တစ်ချို့ကို တွေ့လိုက်တယ်။
ပျင်းရိပျင်းတွဲ ညနေခင်းရဲ့ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မြင်ကွင်းက
မြင်ရသူအဖို့ ရင်နင့်စရာကောင်းလှတယ်။

"အမေ.. သား .. သွားတော့မယ်"
သူ့နှုတ်ဆက်စကားကို အမေ ခေါင်းညိတ်ပြတယ်။ တုန်ရီနေတဲ့
လက်နဲ့ဝှေ့ယမ်းပြတယ်။ သွားမရှိတော့တဲ့ ပါးစပ်ကို ဟပြီး တစ်ခုခုပြောဖို့
ကြိုးစားတယ်။ အမေ.. ဆံပင်တွေတောင် ငွေရောင်သမ်းခဲ့ပါပေါ့လား..
မျက်လုံးထောင့်က အရစ်ကြောင်းတွေတောင် နက်သထက် နက်ဝင်ခဲ့ပါပေါ့လား... အမေ
တကယ်အိုခဲ့ပါပေါ့လား....
သားတို့ အိမ်ပြန်ကြရအောင် အမေ

(၁)
အဲဒီတုန်းက သူ(၆)နှစ်။ ကိစ္စတစ်ခုကြောင့် အမေခရီးထွက်ရမယ်ဆိုလို့ သူ့ကို
ဦးလေးအိမ်မှာ ခဏ သွားအပ်ခဲ့တယ်။ ပစ္စည်းတွေယူပြီး အမေသွားဖို့ပြင်တော့
ကြောက်အားလန့်အားနဲ့ အမေ့ အင်္ကျီိကိုဆွဲပြီး သူအော်ငိုတော့တယ်။

" အမေ.. သားကို ခွဲမသွားပါနဲ့...အမေ သားကို ထားမသွားပါနဲ့"
ရှိုက်ကြီးတငင်ငိုနေတဲ့ သူ့ကို အမေ ထားမသွားရက်ခဲ့ဘူး။ အမေ့လက်ကို
ဆွဲပြီး ဦးလေးအိမ်က ထွက်လာတော့ ခြံတံခါးကို သူဆွဲပိတ်ခဲ့လိုက်တယ်။
သူ့ကို ထားခဲ့ဖို့ လာသွားတယ်ဆိုတဲ့ အိပ်မက်ဆိုးကြီး တစ်သက်လုံး
ကပ်ညှိမလာအောင် တံခါးဝဖက်ကို သူယောင်လို့တောင် လဲမကြည့်ခဲ့ဘူး။

(၂)
အိမ်ထဲ ၀င်လိုက်တာနဲ့ မိန်းမနဲ့ ယောက္ခမက အမေ့အခန်းထဲက ပစ္စည်းတွေကို
လွင့်ပစ်ဖို့ သိမ်းနေတာနဲ့ သွားတိုးတယ်။ ၂ပေမြင့်တဲ့ ဒိုင်းဆုတစ်ခု....
အထက်တန်းတုန်းက "ကျွန်တော်၏ မိခင်" ဆိုတဲ့ စာစီစာကုံးနဲ့ သူ ပထမဆုရထားတဲ့
ဒိုင်းဆုလေး။ အဘိဓာန် စာအုပ်တစ်အုပ်... အမေ့ချွေးနဲစာနဲ့ ၀ယ်ပေးခဲ့တဲ့
သူ့ရဲ့ ပထမဦးဆုံးသော မွေးနေ့လက်ဆောင်။ အကြောပြေ လိမ်းဆေးတစ်ဘူး...အမေ
အိပ်ရာမ၀င်ခင် လိမ်းတတ်တဲ့ဆေး... လိမ်းပေးမဲ့သူ မရှိဘဲ အမေ့ကို
ဒီဆေးပေးလိုက်တော့လဲ ဘာထူးမှာလဲ...

"တော်ပြီ.. မသိမ်းကြပါနဲ့တော့" သူ အော်လိုက်မိတယ်။
"ဒီလောက်များတဲ့ အမှိုက်တွေ မပစ်ထုတ်ရင် ငါ့ပစ္စည်းတွေ ဘယ်နားသွားထားရမလဲ"
ယောက္ခက စူးစူးဝါးဝါး ကြည့်ရင်း ပြန်အော်တယ်။

"ဟုတ်ပါ့.. အဲဒီကုတင်စုတ်ကြီးလည်း ပစ်ထုတ်လိုက်စမ်းပါ။ မနက်ဖြန်ကျမှ
အမေ့အတွက် သမီး ကုတင်အသစ်တစ်လုံး ၀ယ်ပေးမယ်နော်"

ကုတင်ခေါင်းရင်းမှာ ထောင်ထားတဲ့ ဓာတ်ပုံကို သူတွေ့လိုက်တယ်။ အဲဒီပုံက
သူ့ကို အမေ ကစားကွင်း လိုက်ပို့တုန်းက ရိုက်ထားတဲ့ပုံဖြစ်တယ်။
"ဒါတွေဟာ ကျွန်တော့်အမေရဲ့ အမွေတွေ... တစ်ခုမှ မပစ်နိုင်ဘူး"
"ဒါ ဘာအချိုးလဲ.. ဘာလို့ အမေ့ကို ပြန်အော်ရတာလဲ.. အမေ့ကို
ချက်ချင်းတောင်းပန်လိုက်"

"မင်းကို ငါ လက်ထပ်ခဲ့တာနဲ့ မင်းအမေကို ချစ်ရမယ်ဆိုရင် ဘာဖြစ်လို့ ငါ့ကို
လက်ထပ်ခဲ့ပြီး ငါ့အမေကို မင်း မချစ်ခဲ့ရတာလဲ"

(၃)
မိုးရွာပြီးစမို့ ညက ပိုအေးစက်နေတယ်။ လူသူကင်းရှင်းတဲ့ လမ်းမပေါ်မှာ
ကားလေးတစ်စီး မြို့ပြင်က လူအိုရုံဖက် ဦးတည်ပြီး တရိပ်ရိပ်ပြေးနေတယ်။
လူအိုရုံရောက်တော့ ကားပေါ်က အမြန်ဆင်းပြီး အမေ့အခန်းဖက်
သူပြေးသွားလိုက်မိတယ်။ သူ့လက်ထဲမှာ အမေ အမြဲလိမ်းတတ်တဲ့
အကြောပြေဆေးဘူးကို တင်းတင်း ဆုပ်ကိုင်ထားတယ်။

"အမေ.. ဆေးကျန်ခဲ့လို့ သားလာပို့တာ"
အမေ့ကုတင်ရှေ့ သူဒူးထောက်ချလိမ့်မိတယ်။
"မိုးချုပ်နေပြီ သားရယ်.. မနက်ဖြန် အလုပ်ရှိသေးတယ် မဟုတ်လား..
ပြန်ပါသား.. ဆေးကို အမေ့ဘာသာ လိမ်းလို့ရတယ်"

"အမေ.... " သူ့အသံတွေ လည်ချောင်းဝမှာ တစ်ဆို့နေတယ်။
"အမေ သားကို ခွင့်လွတ်ပါ အမေ... သားတို့ အိမ်ပြန်ကြရအောင်နော်"
အိုမင်း ပိန်လှီနေတဲ့ အမေ့ခန္ဓာကိုယ်ကို တင်းတင်းလေး သူဖက်ထားလိမ့်မိတယ်။
သူ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေက အဆက်မပြတ် စီးဆင်းလို့...

"သားတို့ အိမ်ပြန်ကြရအောင် အမေ"


ရွှေကျွန်းသား  မှ ကူးယူဖော်ပြတာပါကောင်လို့ပေါ့ ...
ဆက်ဖတ်ရန်

ခြွင်းချက်မဲ့တဲ့ အချစ်ပုံပြင်



ဟိုရှေးရှေးတုန်းက ဗာရဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံတော်မူနေတဲ့ အချိန်မှာ အတူနေကြတဲ့ ရဟန်းတော် ခုနစ်ပါး ရှိသတဲ့။ သူတို့ဟာ တောရဆောက်တည်ပြီး ဂူကြီးတစ်လုံးထဲမှာ အတူတကွ သီတင်းသုံး နေကြသတဲ့။ သူတို့ထဲမှာ အပြေအပြစ် ပြောတတ်ဆိုတတ်ပြီး ထူးထူးခြားခြား ချစ်ခင်ကြင်နာတတ်တဲ့ ရဟန်းတစ်ပါးကို ဦးစီးခေါင်းဆောင် တင်မြှောက်ထားကြသတဲ့။

ဆရာတော် ခုနစ်ပါးဆိုတာကတော့ ဦးစီးခေါင်ဆောင်ဆရာတော်၊ သူ့ရဲ့ ညီရဟန်းတော်၊ သူ့ရဲ့ မိတ်ဆွေရဟန်းတော်၊ သူ့ကို အမျိုးမျိုး ကလန်ကဆန်လုပ်ပြီး အမြဲတမ်း ဆန့်ကျင်နေတတ်တဲ့ ရဟန်းတော်၊ အချိန်မရွေး သေနိုင်လောက်အောင် နာမကျန်း ဖြစ်နေတဲ့ ဂိလာန ရဟန်းတော်၊ သေရက်စောင့်နေရတဲ့ အိုမင်းမစွမ်း ရဟန်းတော် နဲ့ တရားတစ်လုံးမှ မသိတဲ့ ဆန်ကုန်မြေလေး ရူးကြောင်ကြောင် ရဟန်းတော်တို့ ဖြစ်ကြသတဲ့။

တစ်နေ့တော့ ခိုးသားဓားပြ အုပ်စုတစ်စုဟာ ဆရာတော်တွေ သီတင်းသုံးနေထိုင်တဲ့ ဂူကြီးကို တွေ့ရှိသွားပြီး အဲဒီဂူမှာ စခန်းချဖို့ ဆုံးဖြတ်လိုက်ကြသတဲ့။ ဒီတော့ အရင်ရောက်နှင့်တဲ့ ဆရာတော်တွေကို ဖယ်ရှားပစ်ဖို့ လိုတာပေါ့။ ဖယ်ရှားပစ်ရုံတင် ဘယ်ကမလဲ အဲဒီ ဂူကြီးထဲမှာ သူတို့စတည်းချနေတယ် ဆိုတဲ့သတင်း မပေါက်ကြားရအောင် နှုတ်ပိတ်တဲ့ အနေနဲ့ ဆရာတော်တွေကို သုတ်သင်ပစ်လိုက်ဖို့ပါ လိုတာပေါ့။

ဒါပေမယ့် ဆရာတော်တွေ ကံကောင်းတယ် ပြောရမလားပဲ။ ခေါင်းဆောင်ကောင်းတယ်လို့လည်း ဆိုနိုင်ပါတယ်။ အပြောကောင်းတဲ့ ခေါင်းဆောင်ဆရာတော်က ဓားပြတွေကို အမျိုးမျိုး လှည့်ပတ်နားချပြီး သဘောတူညီမှုတစ်ခု ရယူလိုက်နိုင်သတဲ့။ (ဘယ်လို နားချလိုက်သလဲ မပေးပါနဲ့။) ဆရာတော် ခုနစ်ပါးထဲက ခြောက်ပါးကို သွားလိုရာသွားခွင့် ပေးရမယ်၊ တစ်ပါးကိုတော့ စံပြအနေနဲ့ သတ်ပြရမယ်လို့ သဘောတူသတဲ့။ ခြောက်ပါးရဲ့ ရှေ့မှာ တစ်ပါးကို သတ်ပြပြီး ခြိမ်းခြောက် နှုတ်ပိတ်မယ့် သဘောပေါ့။ သတင်းပေါက်ကြားသွားရင် ကျန်တဲ့ဆရာတော်တွေကိုပါ လိုက်သတ်မယ်ဆိုတဲ့ သဘောပေါ့။

ဘာကိုမှ မငဲ့ကွက်ဘဲ လုပ်ချင်သလို လုပ်လိုက်နိုင်၊ ကြမ်းချင်သလို ကြမ်းလိုက်နိုင်၊ ရမ်ချင်းသလို ရမ်းလိုက်နိုင်တဲ့ သူခိုးဓားပြတွေဆီက နှိုက်ယူလိုက်နိုင်တဲ့ အခွင့်အရေးဟာ အကောင်းနဲ့အဆိုး ခြောက်အချိုးတစ် ဖြစ်နေတယ်ဆိုတော့ တော်တော်သက်သာတယ် ပြောရမှာပါ။ ဒါပေမယ့် ပြဿနာက ဘယ်ဆရာတော်ကို သတ်ခွင့်ပေးလိုက်ရမလဲ ဆိုတာကို ခေါင်းဆောင်ဆရာတော် မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေသတဲ့။

ခေါင်းဆောင်ဆရာတော်ဟာ သီတင်းသုံးဖော် အားလုံးကို ခြွင်းချက်မဲ့တဲ့ အချစ်နဲ့ တစ်ပြေးတည်း တစ်သားတည်း ချစ်ခင်ကြင်နာတော်မူသတဲ့။ ညီမို့၊ ညီမှ၊ မိတ်ဆွေမို့၊ မိတ်ဆွေမှ စတဲ့စတဲ့ အခြေအနေတွေ အငြိုးတွေ အစွဲတွေက ဆရာတော်ရဲ့ ချစ်ခြင်းမေတ္တာကို မထိန်းချုပ် မကန့်သတ်နိုင်ကြဘူး . . . တဲ့။

သူလိုငါလို သာမန်လူတွေ၊ သာမန်ဘုန်းကြီးတွေအတွက် ဆိုရင်တော့ အဖြေက ရှင်းနေတာပါ။

ညီရဟန်းတော် နဲ့ မိတ်ဆွေရဟန်းတော်ကိုတော့ အခွင့်ထူး ပေးရမယ်။ သူတို့ကို အသေခိုင်းလိုက်လို့ မဖြစ်ဘူး။

“ဒါ ခွင်ကောင်းပဲ။ ငါ့ကို အမြဲတမ်း ကလန်ကဆန်လုပ်တဲ့ကောင် သွားကွာ”ဆိုပြီး အမြဲတမ်း ဆန့်ကျင်ဘက် လုပ်နေတဲ့ ရဟန်းတော်ကို အသတ်ခိုင်းလိုက်မယ်။
ဒါမှမဟုတ် နာမကျန်း ဖြစ်နေတဲ့ ရဟန်းတော် နဲ့ အိုမင်းမစွမ်း ရဟန်းတော်တို့ဟာ သေလူတွေပဲ။ ကျန်တဲ့ ဆရာတော်တော်တွေရဲ့ လွတ်မြောက်ခွင့်နဲ့စာရင် သူတို့ဟာ တန်ဖိုးမရှိလှပါဘူး။ သူတို့ကို စွန့်လွှတ်လိုက်ရလို့ ဘာမှ အကျိုးမယုတ်နိုင်ပါဘူး။ သေကြပေါ့။

ဒါမှမဟုတ် ဆန်ကုန်မြေလေး ရူးကြောင်ကြောင် ရဟန်းတော်ကရော နှမြောစရာ မို့လား။ သူ့အတွက်ရော သူတစ်ပါးအတွက်ပါ၊ ပစ္စုပ္ပန်အတွက်ရော သံသရာအတွက်ပါ ဘာအသုံးကျလို့လဲ။ သေလိုက်စမ်း။

ဒါပေမယ့် ခေါင်းဆောင်ဆရာတော်ရဲ့ ချစ်ခြင်းမေတ္တာက ခြွင်းချက်မဲ့တဲ့ ချစ်မေတ္တာတဲ့။ သူရဲ့ နှလုံးသားတံခါးဟာ အချိန်တိုင်း နေရာတိုင်းမှာ လူတိုင်းအတွက် လွတ်လွတ်ကျွတ်ကျွတ်ကြီး ဖွင့်လှစ်ထားပါသတဲ့။ သူမေတ္တာနဲ့ မထိုက်တန်သူရယ်လို့ လောကမှာ မရှိဘူးတဲ့။

ဒါဆိုရင်၊ ခေါင်းဆောင်ဆရာတော်ကြီးဟာ အားလုံးကို အညီအမျှချစ်လို့ ဘယ်သူကိုမှ မသေစေချင်ဘူးဆိုရင် အားလုံးအတွက် အနင့်နာခံပြီး သေပေးလိုက်သင့်တာပေါ့။ “ငါ့ကိုသတ်ပါ။ သူတို့ သွားလိုရာ သွားပါစေ”လို့ ပြောလိုက်သင့်တာပေါ့။ ခေါင်းဆောင်ဆိုတာ လိုအပ်ရင် အနင့်နာခံရမှာပေါ့။ ဒါပေမယ့် ဆရာတော်ကြီးက သူကိုယ်သူလည်း မေတ္တာထားသတဲ့။ အနင့်နာခံပြီး အားလုံးကောင်းဖို့ သေပေးလိုက်ရင် သူ့ကိုယ်သူ မချစ်ရာရောက်သွားမှာမို့ သူ့ကိုသတ်ပါလို့လည်း ပြောမထွက်ရှာဘူးတဲ့။ သတ္တ၀ါ အားလုံးကို မိမိနဲ့ ထပ်တူ ချစ်တော်မူတာတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။ ခြွင်းချက်မထားဘဲ ချစ်တတ်တဲ့ ခေါင်းဆောင်ဆရာတော်ကြီး ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေလေတော့၏ဆိုပြီး ပုံပြင် ဆုံးသွားပါတယ်။

ဖတ်ရတာ ပိုပြီး အဆင်ပြေမလားလို့ သမားရိုးကျ လှပတဲ့ ဇာတ်သိမ်းခန်းလေး ဖြည့်စွက်လိုက်ပါတယ်။

“တစ်ပါးပါးကို နမူနာ သတ်ပြလိုက်ဖို့ ဓားတ၀င့်ဝင့် လုပ်နေတဲ့ ဓားပြဗိုလ်ကြီးဟာ ခေါင်းဆောင်ဆရာတော်ရဲ့ အခက်အခဲကို နားလည်သွားသတဲ့။ ဆရာတော်ကြီးရဲ့ မေတ္တာတရားကိုလည်း နက်နက်နဲနဲ ခံစားမိလိုက်သတဲ့။ မေတ္တာစူးသွားတာပေါ့။ ဒါကြောင့် ဘယ်ဆရာတော်ကိုမှ မသတ်ပါရစေနဲ့တော့ ဘုရားလို့ လျှောက်ထားလိုက်သတဲ့။ ဒါတင် ဘယ်ကမလဲ ဆရာတော်ကြီးရဲ့ ထံမှောက်မှာ ခိုးသားဓားပြတစ်ဖွဲ့လုံး ရဟန်းပြုလိုက်ကြသတဲ့။”


:)

Ref: "Opening the Door of Your Heart and other Buddhist tales of Happiness"
by Ajahn Brahm
Thomas C. Lothian Pty Ltd
132 Albert Road, South Melbourne, Victoria 3205
First published 2004
Printed in Singapore by Brahm Education Centre 2006 - 5000 copies


Picture from (12 Apr 2011):
http://www.dafenoilpaintings.com/dafen-oil-painting-on-canvas-the-love-set156-p-28.html
ဆက်ဖတ်ရန်

Wednesday, April 20, 2011

iPhone Application Collection







ပါဝင်တာတွေကတော့...
 
 
 
90210.The.Game-v3.0.0.ipa
Air.Video-v2.4.5.ipa
Angry.Birds.Seasons-v1.3.0.ipa
Angry.Birds-v1.5.2.ipa
Archetype-v1.5.0.ipa
AVPlayer-v1.31.ipa
Babyphone-v1.8.ipa
BelStatistics.T-Mobile.NL-v1.5.ipa
Bengie's.Maze.Escape-v1.3.ipa
Bier.Aanbiedingen-v1.0.ipa
Blocks.Mania.Premium-v1.6.0.ipa
Buddy.Rush-v1.1.ipa
Bugfest-v1.01.ipa
Camera.for.iPad-v1.3.1.ipa
Clips.for.iMovie-v1.2.1.ipa
Cro-Mag.Rally-v3.0.ipa
Crysis.2.Game.Guide-v1.1.ipa
dB-v1.0.3.ipa
De.Limburger-v1.0.ipa
Dead.Space-v1.0.2.ipa
Desktop.Connect-v4.1.ipa
Discovr-v1.3.ipa
Documents.To.Go.Premium-v4.0.3.412.ipa
EarthQuake.Display-v1.6.2.ipa
Earthquake-v2.0.ipa
Final.Fantasy.II-v1.0.5.ipa
Final.Fantasy-v1.0.3.ipa
FlitsMeister-v1.0.7.ipa
Forum.Runner-v1.4.4.ipa
Fruit.Frenzy-v1.1.ipa
GeeTasksPro-v1.37.ipa
GoodReader-v3.5.1.ipa
Headup.Display-v1.2.ipa
HellKid.Hook.and.Jump-v1.7.2.ipa
iCacti.Server.Monitor-v2.3.ipa
iCruciPuzzle-v3.0.ipa
iKoto-v3.32.ipa
iMovie-v1.2.ipa
IncrediBooth-v1.2.1.ipa
InfiniFX-v1.0.ipa
Infinity.Blade-v1.2.1.ipa
Inotia.3.Children.of.Carnia-v1.1.0.ipa
Instapaper-v3.0.ipa
iReading.HD.The.Nine-Colored.Deer-v1.0.ipa
iTelescope-v1.3.4.ipa
Killzone.3.Guide-v2.0.ipa
KitchenPad.Timer.Pro-v3.1.ipa

Klaverjas-v0.99.41.ipa
knobs.mini-v1.2.ipa
Localscope-v1.2.ipa
Maven.Web.Browser-v1.1.ipa
MegaWeather-v3.1.0.ipa
Millionaire.Tycoon-v6.5.ipa
Minigore-v5.0.ipa
Monopoly.World-v2.4.29.ipa
Mortal.Skies-v1.7.ipa
musicDrop.for.Dropbox-v1.0.5.ipa
Off.Remote-v3.05.ipa
Orient.Express.Train.Simulator-v2.1.ipa
PDF.Reader.Pro-v2.4.ipa
Peekaboo.Wild-v2.0.1.ipa
Pica-v1.5.ipa
Pocket.Informant-v1.67.06.ipa
Puzzle.Madness-v1.0.ipa
Quick.Ever-v1.1.4.ipa
Reckless.Racing.World-v1.3.0.ipa
Skate.It.by.EA.SPORTS-v1.1.71.ipa
Star.Walk-v5.1.2.ipa
Tappi.Bear.All-in-1.Pack.2-v1.0.ipa
Tappi.Bear.All-in-1-v1.8.ipa
Tasty.Planet-v1.2.ipa
Terminator.Salvation-v1.0.7.ipa
The.Moron.Test-v4.2.ipa
TouchRetouch-v2.1.ipa
Tweetings.for.Twitter-v3.7.2.ipa
Verkiezingskaart.App-v1.5.ipa
VideoGet.for.Facebook-v1.42.ipa
Voetbal.nl-v1.2.ipa
Where's.Waldo.The.Fantastic.Journey-v1.1.2.ipa
Wispin-v1.1.2.ipa
Word.Clock-v1.0.4.ipa


ဒီလိုဒီလိုစုံတာပါ
ကဲလိုချင်ပါတယ်ဆိုရင် ထုံစံအတိုင်း
ဒေါင်းကြပါစို့
အဲ  3.47 GB ရှိတယ်နော်
အဆင်ပြေကြပါစေဗျာ...
 

ဆက်ဖတ်ရန်