အကြင်နာနန်းတော် ၏ ရည်ရွယ်ချက်များ


မြန်မာ လူငယ်များအတွက်
၁။ အသုံးဝင်သော ဆော့(ဖ်)၀ဲ များ
၂။ နည်းပညာဆိုင်ရာ စာအုပ်များ (ကွန်ပျူတာ၊ ပရိုဂရမ်၊ ဓာတ်ပုံ နှင့် ဒီဇိုင်း၊ အင်တာနက်၊ အင်ဂျင်နီယာ)
၃။ ဘာသာရေး၊ တရားတော်ဆိုင်ရာ စာအုပ်များ၊ အသံဖိုင် နှင့် ဗီဒီယိုများ
၎။ ၀တ္ထု၊ ကဗျာ၊ ကာတွန်း၊ ဟာသ စာအုပ်များ
၅။ တေးသီချင်းများ (မြန်မာ၊ နိုင်ငံခြား)
၆။ ရုပ်ရှင် နှင့် ဗီဒီယိုများ (မြန်မာ၊ နိုင်ငံခြား)
၇။ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဗဟုသုတနှင့်အကြံပြုချက်များ
၈။ သတင်း နှင့် အထွေထွေဗဟုသုတများ
၉။ ဂိမ်းများ
၁၀။ အလှအပ နှင့် ဖက်ရှင် ဆိုင်ရာ ဗဟုသုတ နှင့် အကြံပြုချက်များ
၁၁။ အသုံးဝင်သော ၀က်ဘ်ဆိုက် လိပ်စာများ
ကို မျှဝေပေးရန် ဖြစ်ပါသည်။



အကြင်နာနန်းတော် သို့ လာရောက်သူများအတွက် ပျော်ရွှင်မှု၊ ဗဟုသုတ နှင့် နည်းပညာ တစ်ခုခုတော့ ရရှိသွားစေရပါမည်။

စိတ်တူ၊ ကိုယ်တူ၊ ရည်မှန်းချက်ရှိသူ လူမှုအသိုင်းအ၀ိုင်း (Community) တစ်ခု ဖန်တီးသွားရန် နှင့် မြန်မာလူငယ်များ ပိုမို တိုးတက်အောင်မြင်အောင် အချင်းချင်း ပံ့ပိုးဆောင်ရွက် သွားကြရန် ရည်ရွယ်ပါသည်။


Flash သီချင်းများစုစည်းမှု

ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ် တခါထဲချစ်ချင်လို့ပါ ထူးဆန်းလွန်းတဲ့အချစ် ပြော ကြွေသူနှစ် ကောက်သူတစ်

မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင် သတိရရ-မရရ အဖြည့်ခံချစ်သူ တိတ်တခိုး နင်မလိုချင်လဲ လမ်းပျောက်ချိန် အလွမ်းကဗျာ အေးဆေးဖြစ်သွားပြီ မညာပါနဲ့ ချစ်သူလေး ညလေပြေ အိနြေ္ဒရှင်မလေး မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် လေပြေ၂ တဖက်သတ်အလွမ်း ဝေးပြီးတဲ့နောက် မနဲ့မောင် ချစ်တယ် ပြုံးလိုက်ပါ နှလုံးသားချင်းထိတွေ့ခဲ့တယ် ဖူးစာရှင် ဗုဒ္ဓမေတ္တာပန်း အိမ်မက်ရဲ့သမီးပျို မင်းမရှိတဲ့ကမ္ဘာ အလွမ်းသင့်ပန်းချီ ပျော်သလိုနေလိုက်တော့ စိတ်ကူးလွင်ပြင် အလွမ်းနိဂုံး မျှော်လင့်ခြင်းအဆုံး ဘ၀ရဲ့လမ်းများ နင်သိရဲ့လား အလွမ်းပြေအနမ်း၃ လရောင်ဆမ်းသောလမ်း တစ်ဖက်သက်အလွမ်း ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူ နားနားဘေးမှာ ပျံသန်းသွားတော့ ဟုတ်လို့လား Never Be Replaced ချစ်မိနေပြီ နိုးတစ်ဝက်အချစ် အချစ်အတွက်ကိုယ်စား ငါ့ရဲ့အနား ၂ ဝေးသွားတဲ့အခါ မီးအိမ်ရှင် ငါ့နေရာ Anywhere for you Justin Bieber(Baby) သီရိသူ ဒီဇင်ဘာည ဒီဇင်ဘာည၂ ငါမှားလားမင်းမှန်လား ဆေးကျောင်းသား တကယ်ဆိုရင် အမေ စွန့်လွှတ်ခက်သူ နင်စေရင် အနှိုင်းမဲ့ ရင်ဘတ်ထဲက အနိုင်မယူသူရဲ့အရှုံး ခိုးချစ်ရသူ နှလုံးသားအစီရင်ခံစာ ညီမလေးအတွက် မိုး(မျိုးကြီး) မိုး၂(မျိုးကြီး) ( 8.4 ) ချစ်တယ်ဟုတ် ကောင်မလေးတယောက်အကြောင်း ဖက်ထားမယ် LetMeKissU ချယ်ရီသက်သေ ဖိတ်စာ နွေအလွမ်း ယူလိုက် အဖေ့မေတ္တာ လက်ခံပေးပါ(မျိုးကြီး) HaHaLaGyiAh မမ အပျိုကြီး ညီမလေး SnowQueen လက်ခံပေးပါ(၂) HERO ( မေ ) မမြင်ကွယ်ရာ ဟိုအရင်လို ငါ့ကိုပြောပါ မျှော်လင့်ချက်မဲ့(မျိုးကြီး) ယုံကြည်ပေးပါ BellyDancer ယုံကြည်ပေးပါ(Remix) အဖြူရောင်လေးပါကွယ် ရင်ထည်းခိုနားလှည့်ပေါ့ကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါ ယုံကြည်ခြင်း၂ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ကမ္ဘာပျက်နေ့ နင့်ကိုငါအချစ်ဆုံး ကင်ဆာ အချစ်နဲပိုက်ဆံ နင်တစ်ယောက်တည်း သံစဉ်နဲ့ချော့သိပ်ခွင့် (မမ) ချစ်တယ်မရေ အချစ်မှတပါးအခြားမရှိပြီ တနေ့တော့ချစ်လာလိမ့်မည် အမေ့ မင်းအကြောင်းအိမ်မက် တန်ဆောင်တိုင်သီချင်း အလွမ်းနဲ့ရူးပြီ နှမြောတယ် သူလေး ကောင်းကင်ကအချစ်ငှက် ဆာဒါငဲယိုး ခိုနားရာ အိမ်မက်ကမ္ဘာ အလွမ်းဝင်္ကဘာ ပထမအနမ်းသီချင်း စကားလုံးတွေမလိုဘုး (နိဒါန်း) လေလွှင့်သူ အာဇာနည် ငါဆက်ချစ်မယ့်သူ ရုပ်သေးရုပ် မျှော်လင့်ချက်မဲ့ ဒီတစ်ခါမခွဲတော့ဘူး ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း) မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း) လက်ခံပေးပါ(၂)မျိုးကြီး မျိုးကြီး=အတိတ်ရဲ့နွေ Baby စပါယ် အမြဲတန်းယုံကြည်တယ် သူငယ်ချင်းသံယောဇဉ် မိန်းကလေးပါ ဒီဇင်ဘာည၂ ပြည့်စုံလွန်း အသိအမှတ်ပြုပါ ကြယ်ကြွေကောင်းကင် Congratulation ညီမလေး မကြင်နာလေသူသို့ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ နင်မသွားခင် နှမြောတယ် မျှော်လင့်မိတဲ့ငါ့နတ်သမီး လမ်းခွဲ နောက်ဆုံးပေါ့ Baby-(Mc Wai Lin) ရင်ထဲကလာတဲ့သီချင်း ကော်ရုပ်လေး လွမ်းဆွတ်ခွင့် ချစ်သူ-ရိန်မိုး ငါ့ရဲ့လမင်း(လေးဖြူ) ရင်ခုန်စရာရှုခင်း(မျိုးကြီး) ကိုယ့်ရဲ့ကွက်လပ် ဆု....ထံသို့ ခလေးလေး မ-အတွက်သီချင်း ယုံမှာလား ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး) မိုးသည်းချိန်မှာ Venus လမ်းဆုံး ပြန်လာပါ အလည်လွန်နှလုံးသား ဒို့ဝေးရာ ကျေးလက်တောတန်း အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် ခွင့်ပြုတယ်ခွင့်လွှတ်တယ် SaveTheAged ဆာဒါငဲယိုး၂ ပျော်တော်ဆက် ကောင်မလေး မင်းအချစ်ကြောင့် မလွမ်းဘဲမနေနိုင် မလှည့်စားနဲ့ အလွမ်းနေ့ရက်ရှည်များ ဒီအတိုင်းလေးဘဲချစ်နေမယ် အတောင်ပံပါရင်မင်းဆီကို TakeMeToYourHeart ထားအတွက် ကင်တင်းထဲကကွင်းလက်ချာ(အရိုး) ILoveYou ရာစုသစ်အလွမ်းသမား Rain Story (ပြည့်စုံ) မင်းနဲ့မှချစ်တတ်ပြီ အချစ်ဒါဏ်ရာ လွမ်းတယ်(မ)ရယ် မင်းနားလည်မှာ ချစ်သူရဲ့ပုံပြင်(အနွန်) (မ)အတွက်သီချင်း ကျောင်းပိတ်ရက်လေး ကျေးဇူးပဲမနက်ဖြန် ကောင်မလေး onelesslonelygirl ငါ့နေရာ "မ" အတွက်သီချင်း ကဗျာမမှီတဲ့အချစ်

တို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin)
ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း

ချယ်ရီသက်သေ snow queen Ma Ma ဖိတ်စာ နွေအလွမ်း Ha Ha La Gyi Ah အပျိုကြီး ညီမလေး ပန်းချစ်သူ.....ဒို့လည်းလိုက်မယ် ယုံကြည်ပေးပါ Belly Dancer MyHappyEnding ယုံကြည်ပေးပါ(Remix) ရင်ထဲခိုနားလှည့်ပေါ့ကွယ် အဖြူေ၇ာင်လေးပါကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါငယ်ကျွမ်းဆွေ ကင်ဆာ ၀ိုင်းဆုရဲ့(လမ်းမကြီးရဲ့ဘေး) အရမ်းလွမ်းတယ်မရယ် မ..မ(၂) တပင်တည်းရင်ထဲကနွယ် တစ်စက္ကန့် နွေရာသီလမ်းခွဲ သခင့်ထံအပြေးပြန်လာမည် နူတ်ဆက်စကား မောင့်အရိုင်းပန်း ငယ်ဖော် အသည်းကွဲမြို့တော် VENUS Baby(Mc Wai Lin) ကြယ်ကြွေကောင်းကင် လမ်းဆုံ နှစ်သိမ့်တဲ့တေး သူစိမ်းတယောက်ပါ နှင်းဝေတဲ့ဆောင်း အလှစစ် ညို့မျက်ဝန်း နှလုံးသာရှာသူ လွမ်းတယ်(မ)ရယ်အသဲကွဲဒီဇင်ဘာ I Love U Baby၀ါရင့်သမ္ဘာရင့်(Old Service) Never Say Never


သီချင်းရပ်ချင်ရင် ဗီဒီယိုပေါ်မှာ Right Click-->Rewind. ဒေါင်းချင်ရင် သီချင်းအမည်ပေါ်မှာ Right Click, Save Link As ကိုနှိပ်ပါ။

Monday, July 25, 2011

လူတစ်ယောက်ကို ချစ်မိရင် သင်ဘယ်လိုပေးဆပ်မလဲ..?

ဒီဆောင်းပါးလေးကို သူငယ်ချင်းတစ်ယောက်ကပို့ပေးလိုက်တဲ့ ဖေါ်ဝပ်မေးလ်ကရတာပါ။ ဧကရီ ကြိုက်နှစ်သက်မိလို့ နန်းတော်လာသူတွေလည်း ဖတ်စေချင်တယ်လေ။နောက် ကိုယ်ချစ်တဲ့သူကို ဘယ်လိုအရာမျိုးနဲ့ ပေးဆပ်ချစ်သင့်လဲ ဆိုတာ ပြန်သုံးသပ်ကြည့်ကြစို့နော်..
အပြင်မှာမဟုတ်တာဘဲ အွန်လိုင်းပေါ်က သံယောဇဉ် အနှောင်အဖွဲ့တစ်ခုနဲ့ တကယ်အသက်ပေးချစ်ခဲ့ကြဖူးတဲ့ ချစ်သူနှစ်ဦးဇာတ်လမ်းလေးကိုလည်း
ဧကရီ တွေ့မြင်ကြားသိဖူးတာလေးလည်း ရှိပါခဲ့ပါသေးတယ်..အားရင် ပို့စ်တစ်ခုအနေနဲ့ဝထ္ထုတိုလေးတစ်ဗုဒ်ရေးကြည့်ပေးမှာပါ။
အရေးအသားမကျွမ်းကျင်လို့ ကိုယ့်စိတ်ကူးလေးတွေ အကောင်အထည်မဖေါ်နိုင်မိတာတစ်ခုပါပဲရှင့် ..:(
အခု ဒီ ဆောင်းပါးလေးကိုအရင်အားပေးလိုက်ပါအုံးနော်..
၉လပိုင်းမှာ ကျွန်တော် ကုမ္ပဏီတစ်ခုပြောင်းလိုက်တယ်။ အဲကုမ္ပဏီမှာ ရုံးခန်းက ကျယ်ပြီး အခန်းတွေကန့်ထားလို့ အလုပ်လုပ်သူ အချင်းချင်း မမြင်တွေ့ရဘူး။ ဒါပေမယ့် ဘေးခန်းက ပြောတဲ့တယ်လီဖုန်းသံတိုင်းကိုတော့ ရှင်းရှင်းလင်းလင်းကို ကြားရတယ်...
အဲဒီမှာ ကျွန်တော်ဘယ်ဖက်ဘေးခန်းက လုပ်ဖော်ကိုင်ဖက်က မိန်းမကို အရမ်းကပ်ချွဲတဲ့ ယောကျာင်္းဖြစ်နေတယ်...။
မိန်းမ ဒီနေ့ည ငါအသားကင်စားချင်တယ်
မိန်းမ မီးခိုးရောင်အကျီလေး မီးပူတိုက်ပြီးပြီလား
မိန်းမ ငါမင်းလုပ်တဲ့ ကြက်သွန်ကြော်မုန့်စားချင်လိုက်တာ

အသံက တိုးလွန်းပေမယ့် ညင်သာပျော့ပျောင်းပြီး ချွဲပြစ်နေတယ်... ဒီယောကျာင်္းကတော့ သူမိန်းမကို ချွဲလိုက်တာလွန်ရောလို့ ကျွန်တော်တိတ်တိတ်လေး ကြိတ်ပြုံးနေမိတယ်.. ယောကျာင်္းကတစ်ချက်ချွဲလိုက်တာနဲ့ မိန်းမကလည်း ချက်ချင်း ပျော့သွားတော့တာပဲ....
အခေါက်တိုင်း အခေါက်တိုင်း ကျွန်တော် အဲဒီယောကျာင်္းကို တိတ်တိတ်လေး သတိထားကြည့်မိနေတယ်... သာမာန်လူလတ်ပိုင်းလူငယ်တစ်ယောက်အနေနဲ့ စီးပွားရေးမှာ ပြောသလောက်ကြီးမအောင်မြင်ပေမယ့် အိမ်ထောင်ရေးမှာတော့ တော်တော်လေးကိုအဆင်ပြေနေတာပဲ... သူမိန်းမကလည်း သူ့ကိုတော်တော်ကိုချစ်တယ် မိခင်ကသားသမီးတွေကို ချစ်တဲ့အချစ်မျိုး....
သူမိန်းမဆီ ဖုန်းခဏခဏဆက်.. စကားတိုးတိုး တိုးတိုးပြော ပြီးရင် နောက်ဆုံးတစ်ခွန်းဆိုရင်တော့ သူ့မိန်းမကို ဟိုဟာလုပ်ပေး ဒီဟာလုပ်ပေး တစ်ခုခု ပူဆာတော့တာပဲ... တကယ့်ကို အလိုလိုက်လွန်းလို့ ဆိုးနေတဲ့ ကလေးဆိုးကြီးလိုပဲ... အလုပ်ချိန်တစ်လျှောက်လုံး သူစဉ်းစားလို့ရသမျှတွေကို ချက်ချင်းဖုန်းဆက်ပြီး လုပ်ခိုင်းတော့တာ... ကျွန်တော်သိရသလောက် သူ့မိန်းမကလည်း သူတောင်းဆိုသမျှ ကြီးကြီးမားမား သေးသေးမွှားမွှားပါမကျန် တစ်ခါမှ ငြင်းပယ်တယ်လို့ မကြားဖူးဘူး ပျော်ပျော်ရွှင်ရွှင်ကို လုပ်ပေးတာ...
သူနဲ့ခင်ပြီးတဲ့နောက်မှာ သူငယ်ချင်းမင်းက အရမ်းကိုကံကောင်းတာပဲ... မင်းကိုအရမ်းချစ်အနစ်နာခံတဲ့ မိန်းမရထားတာပဲလို့... ကျွန်တော် သူ့ကိုအားကျတဲ့အသံနဲ့ ပြောမိတယ်.  သူကတော့ ရီရီပြုံးပြုံးပဲ....
ဒီလိုနဲ့ တနင်္ဂနွေနေ့တစ်နေ့မှာ ကျွန်တော် လည်ပင်းနာလို့ ဆေးခန်းသွားပြတော့ မထင်မှတ်ပဲ သူနဲ့သူမိန်းမကိုလည်း ဆေးခန်းမှာ တွေ့လိုက်ရတယ်... သူမိန်းမက ကျွန်တော်ထင်ထားသလို သွက်သွက်လက်လက် တက်တက်ကြွကြွပုံစံနဲ့ မဟုတ်ပဲ လုံးဝကို ထင်ထားတာနဲ့ တစ်ခြားစီဖြစ်နေတယ်လေ... ပိန်ပြီးအားအင်တွေလည်း မရှိသလိုပဲ.. သူကတော့ ကျွန်တော့်ကို နှုတ်ဆက်ပြီး သူမိန်းမကိုတွဲလို့ တဖြည်းဖြည်းခြင်း ထွက်ခွာသွားခဲ့တယ်... ကျွန်တော်ကိုကုပေးတဲ့ ဆရာဝန်နဲ့ သူတို့လင်မယားနဲ့က အရမ်းရင်းနှီးတော့ ဆရာဝန်ပြောပြမှ ကျွန်တော်သိခဲ့ရတာ သူမိန်းမရောဂါက ကုလို့မရတော့ဘူးတဲ့ နှစ်နှစ်လောက်ရှိနေပြီ ရောဂါဖြစ်တာကို သိတဲ့အချိန်မှာ နောက်ကျသွားခဲ့ပြီလေ  ၆လလောက်ပဲ ခံနိုင်တော့မယ်... ကံကောင်းတာက သူမိန်းမက စိတ်ဓာတ်မာတော့ နှစ်နှစ်လောက် အသက်ဆက်ရှင်ခဲ့တယ်.. ဒါပေမယ့် သူမရဲ့ခုခံစွမ်းနဲ့အမြင်စွမ်းအာ
းတွေကတော့ တဖြည်းဖြည်းနဲ့ သိပ်အခြေအနေ မဟန်တော့ဘူးလေ ဘယ်လောက်ကြာကြာနေနိုင်မလဲဆိုတာ မသိသေးဘူး။
လို့ ဆရာဝန်ကသက်ပြင်းချရင်းပြောလာတော့ ကျွန်တော်လည်း ဘာမှန်းမသိ စိတ်ထဲလေးလံသွားခဲ့မိတယ်...
အဲဒီနေ့ကစပြီး  သူမိန်းမဆီဖုန်းဆက်သံကြားတိုင်း ကျွန်တော်စိတ်ထဲကနေ မထိန်းသိမ်းနိုင်ပဲ ဒေါသတွေထွက်နေမိတယ် ဒီကောင်တော့ တကယ်ပဲ မိန်းမကဖြင့်သေခါနီးနေပြီ သူကတော့ မနက်ကနေ ညထိ မရပ်မနား သူမိန်းမကို ခိုင်းစေနေတာပဲ... ဒီကောင် ဒီလောက်တောင် ကျောက်တုံးလိုပဲ အဲလောက် မာကျောရသလား အသည်းမာရသလား။
တစ်နေ့ သူပြက္ခဒိန်က ရက်စွဲတစ်ခုကို ဖောင်တိန်နဲ့ဝိုင်းပြီး ပြောလာတယ်။
ကျွန်တော့်မိန်းမ မွေးနေ့ရောက်တော့မှာ မွေးနေ့မှာ မိန်းမကိုဘာဝယ်ပေးရရင် ကောင်းမလဲလို့ ကျွန်တော်ကို အကြံဥာဏ်တောင်းတယ်....
နှင်းဆီပန်း၊ မွေးနေ့ကိတ်၊ အာ...ဒါတွေလည်း သိပ်ပြီး အသစ်အဆန်းမဟုတ်သေးပါဘူး
စိန်လက်စွပ်ဆိုရင်ရော အင်း ဒါကျတော့ မ၀ယ်နိုင်သေးပါဘူး သူက တစ်ကိုယ်တည်းစဉ်းစားရင်း ရေရွတ်နေတယ်

ကျွန်တော်လည်း မအောင့်အီးနိုင်တော့ပဲ
သူငယ်ချင်း မင်းဘာမှ မင်းမိန်းမကို ပေးစရာမလိုပါဘူးကွာ နောက်မင်းသာ မင်းမိန်းမကို မခိုင်းပါနဲ့ကွာ သူကိုအိမ်မှာ နားနားနေနေ နေပါစေလားလို့ နှုတ်က တစ်ခွန်းထွက်လာတော့တယ်...
သူကတော့ ကျွန်တော်ပြောတာကို ဘာမှမဖြစ်သလိုရီရင်း အာ ဒါတော့မဖြစ်နိုင်ဘူး ငါ့မိန်းမ ငါမခိုင်းလို့ ဘယ်သူကခိုင်းမှာလဲလို့ ပြန်ပြောတယ်လေ...။
ဒါနဲ့ ကျွန်တော်လည်း မင်း ယောကျာင်္းတစ်ယောက်ရောဟုတ်ရဲ့လား မင်းမိန်းမကဖြင့် သေတော့မယ် မင်းက ဟိုဟာခိုင်း ဒီဟာခိုင်းနဲ့.... မင်းမိန်းမကို မင်းနည်းနည်းလေးမှ သနားညှာတာစိတ် မရှိဘူးလားလို့ ကျွန်တော်စိတ်ထဲကနေ ကျိန်ဆဲနေမိတော့တယ်... ကျွန်တော်မျက်ဝန်းမှာလည်း သူကိုအထင်သေးတဲ့ အရိပ်အယောင်တွေ ပြည့်နေတော့တယ်
သူကလည်း ကျွန်တော်စိတ်ကို ချက်ချင်းသိလိုက်တယ်... ရီနေတာကို ချက်ချင်းရပ်လိုက်ပြီး ကျွန်တော်ကိုပြောလာတယ်.. မင်းက လူတစ်ယောက်ကို ပေးဆပ်မှ ချစ်တယ်လို့ထင်တာလား တကယ်တော့ လူတစ်ယောက်ဆီက တစ်ခုခု တောင်းဆိုနေတာဟာလည်း အချစ်ပါပဲ... ငါ့မိန်းမ ရောဂါစဖြစ်တော့ သူ့အတွက်အချိန် သိပ်မကျန်တော့ဘူးဆိုတာ သိရတယ် သူ့ကို ဘာအိမ်မှုကိစ္စမှ ငါမလုပ်ခိုင်းတော့ဘူး သူကိုအစားကောင်းကောင်းစားခိုင်းပြီး အိမ်မှာပဲ နားနားနေနေ နေခိုင်းခဲ့တယ် ဒါပေမယ့် သူစိတ်ဓာတ်တဖြည်းဖြည်းကျလာတယ် တစ်နေ့သူက ငါ့ကိုပြောလာတယ် သူအိမ်မှာ ဘာတစ်ခုမှမလုပ်ရဘဲ လူပိုလိုပဲ အသက်ရှင်နေရတာ ဘာအဓိပ္ပာယ်မှမရှိဘူး ဒီလိုမျိုးလူမမာဖြစ်နေရတာထက်စာရင် မြန်မြန်သေသွားတာက ပိုကောင်းလိမ့်မယ်တဲ့... ငါသူကိုမသေစေချင်သေးဘူး သူလုပ်ပေးတဲ့ အသားကင်၊ ဟင်းချိုပူပူတွေ ငါစားလို့မ၀သေးပါဘူးလို့ သူကိုပြောလိုက်တယ်... ဒါနဲ့ငါလည်းအရင်တိုင်းပဲ ငါ့မိန်းမကို ဟိုဟာလုပ်ခိုင်း ဒီဟာလုပ်ခိုင်းတော့တာပဲ.. တစ်နေ့ထက်တစ်နေ့ ငါ့မိန်းမရဲ့ မျက်နှာအရောင်ကလည်း အနီရောင်ြပန်သမ်းလာတယ်... အဲချိန်ကနေစပြီး ငါနားလည်လိုက်တယ် လူတစ်ယောက်ကိုချစ်တာ ပေးဆပ်မှမဟုတ်ပဲ တစ်ဖက်လူရဲ့လိုအပ်ခြင်းခံရတွေလည်း လိုအပ်သေးတယ်ဆိုတာ သိလိုက်ရတယ်...အဲဒါနဲ့ငါလည်း ငါမိန်းမကိုအလုပ်တွေလုပ်ခိုင်းတော့တယ်.... ငါ့ကိုအကျီမီးပူ တိုက်ပေးပါ၊ ငါဟင်းရည်ပူပူလေးသောက်ချင်တယ်၊ စသဖြင့်ပေါ့...... ငါ့မိန်းမကငါ့ကိုပြောတယ် သူနောက်ဆုံးထွက်သက်ရောက်ရင်တောင် ငါ့တွက်ဟင်းတွေချက်ပေးခဲ့ပြီး ရေခဲသေတ္တာထဲ ထည့်ပေးထားခဲ့မယ်တဲ့... လူတစ်ယောက်ရဲ့လိုအပ်ခြင်းကိုခံရတာလည်း စိတ်ချမ်းသာခြင်းတစ်မျိုးပါပဲ... ။
ငါလည်းငါ့မိန်းမကိုစိတ်ချမ်းသာစေချင်တာ တစ်ခုထဲပါပဲ.... ။
ခုဆိုမင်းနားလည်ပြီလား။ ငါသူ့ကိုချစ်လို့ သူ့ကိုဟိုဟာလုပ်ပေး ဒီဟာလုပ်ပေး တောင်းဆိုနေရတာပါ..။
လူတစ်ယောက်ကိုချစ်ရင် မင်းကိုချစ်ဖို့သူကို အခွင့်အရေး ပေးသင့်တယ်.. ။
သူရဲ့အသံတွေ ကျွန်တော်ကြားယောင်ရင်း အဲဒီ တဒင်ကလေးအတွင်းမှာ ဘယ်လိုဟာကို အချစ်လို့ခေါ်တယ်ဆိုတာကို ကျွန်တော်သိရှိသွားတော့တယ်... နားလည်သွားတော့တယ်...။
တကယ်လို့ မင်းလည်းလူတစ်ယောက်ကို တကယ်ချစ်ရင် တစ်ဖက်လူက မင်းကိုချစ်ဖို့အခွင့်အရေးလေးတော့ မင်းသူ့ကို ပေးသင့်တယ်..........။

( ကဲ ဖတ်မိသူတိုင်းနော်..ဒီအကြင်နာနန်းတော်ရဲ့ Cbox မှာ ရင်ဖွင့်ကြပါလို့တောင်းဆိုချင်ပါတယ်ရှင့်)
ပို့ပေးတဲ့ အကို့(နာဂါရာမာ) ကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်နော်..

ဆက်ဖတ်ရန်

တရားမင်းသခင် - ၁၅။ ဗိမ္ဗိသာရမင်းနှင့် တွေ့ဆုံခြင်း


ဗိမ္ဗိသာရမင်း နန်းတက်ခြင်း နှစ်ပတ်လည် ပွဲသဘင်ကို ပျော်ပျော်ပျော်ရွှင် စည်စည်ကားကား ကျင်းပနေကြသည်မှာ ရက်သတ္တတစ်ပတ် ပြည့်လေပြီ။ ရာဇဂြိုဟ် မြို့သူမြို့သားတို့သည် ၎င်းတို့၏ နေအိမ်များကို တန်ဆာဆင်ထားကြ၏။ အဓိကကျသော လမ်းမကြီးများနှင့် လမ်းသွယ်များတို့၌ လူများ ယာဉ်များ စည်ကားလျက် ရှိနေ၏။

ထိုနေ့၌ သိဒ္ဓတ္ထရဟန်းသည် ရာဇဂြိုဟ်သို့ ရောက်ရှိလာ၏။ သိဒ္ဓတ္ထရဟန်းသည် သစ္စာတရား ရှာဖွေရင်း ကောသလတိုင်း လိစ္ဆ၀ီတိုင်း မလ္လတိုင်း အင်္ဂတိုင်း ၀င်္ဂတိုင်း မဂဓတိုင်းများ အတွင်းရှိ ရသေ့သင်္ခမ်းကျောင်း တစ်ခုပြီးတစ်ခု၊ သူတော်စင်တို့ နေထိုင်ရာ တောအုပ် တစ်ခုပြီးတစ်ခု ခြောက်နှစ်ကြာအောင် လှည့်လည်နေထိုင်ခဲ့ပြီးနောက် ရာဇဂြိုဟ်သို့ ရောက်ရှိလာခြင်း ဖြစ်၏။ သိဒ္ဓတ္ထရဟန်းသည် စွန့်ပစ်ထားသည့် အ၀တ်စများကို စုစပ်၍ ချုပ်ထားသော ပံသုကူသင်္ကန်းကို ၀တ်ရုံလျက် မြေသပိတ်ကို လက်ဝယ်စွဲကာ ရာဇဂြိုလ်မြို့အတွင်း အိမ်စဉ်လှည့်ကာ ဆွမ်းခံလေ၏။ ဆွမ်းခံပြီးနောက် ပဏ္ဍ၀တောင်သို့ သွားရောက်ပြီး တောင်ရိပ်ခိုလှုံကာ အရှေ့အရပ်သို့ မျက်နှာမူထိုင်လျက် နေ့ဆွမ်း ဘုဉ်းပေးလေ၏။

အမူအယာ ဣနြေ္ဒရှိလှသော၊ ခန္ဓာကိုယ် အချိုးအဆက် ပြေပြစ်သော၊ ထူးထူးခြားခြား လှပခန့်ငြားသော သိဒ္ဓတ္ထရဟန်းကို တွေ့လိုက်ရသည့် ဗိမ္ဗိသာရ မင်းကြီး၏ မင်းချင်းတို့သည် လိုက်လံစုံစမ်းကြ၏။ သိဒ္ဓတ္ထရဟန်း ပဏ္ဍ၀တောင်ခြေ၌ ရပ်တန့်လိုက်သောအခါ မြင်းသည်တော် မင်းချင်းတို့သည် မြင်းများကို ဒုန်းစိုင်းမောင်းနှင်ကာ နန်းတော်သို့ အမြန်ပြန်လာကြပြီး မင်းကြီးအား အကြောင်းစုံ လျှောက်ထားကြ၏။ သိဒ္ဓတ္တရဟန်းကို တွေ့လိုစိတ် ပြင်းပျနေသော မင်းကြီးသည် မြင်းဆွဲယာဉ်ဖြင့် ပဏ္ဍ၀တောင်သို့ ချက်ချင်း လိုက်သွားလေ၏။ ပဏ္ဍ၀တောင်နှင့် နီးလာသောအခါ လမ်းမသာယာတော့သဖြင့် မင်းကြီးသည် တောင်ခြေအထိ ခြေလျင်ဆင်း၍ လျှောက်ရ၏။ မင်းကြီးသည် နေဆွမ်းဘုဉ်းပေးပြီး နေ့သန့်စင်ရာ၌ ရှိနေသော သိဒ္ဓတ္ထရဟန်းကို ခပ်လှမ်းလှမ်းမှပင် မြင်လိုက်ရ၏။

မင်းကြီးသည် သိဒ္ဓတ္ထရဟန်းထံသို့ ချက်ချင်း မသွားသေးပေ။ မင်းကြီးသည် သိဒ္ဓတ္ထရဟန်းကို ခပ်လှမ်းလှမ်းမှ ကြည့်နေရင်း ပီတိဖြစ်နေ၏။ ထို့နောက် တင်ပလ္လင်ခွေ ထိုင်နေသည့် ရဟန်းအနီးသို့ ချဉ်းကပ်၍ ရိုသေစွာ စကားဆို၏။

“ရဟန်းမြတ် . . .။ တပည့်တော် ဗိမ္ဗိသာရမင်းပါ ဘုရား။ အရှင်ဘုရားအကြောင်း သတင်းရခဲ့ပါတယ် ဘုရား။ အရှင်ဘုရားဆီ လာရောက်တွေ့ဆုံပြီး စကားပြောရတာ အလွန်ပင် နှစ်သက်ဝမ်းမြောက်မိပါတယ် ဘုရား။ အရှင်ဘုရားအတွက် အနှောင့်အယှက် မဖြစ်ဘူးဆိုရင် စကားစမြည် လျှောက်ထားချင်ပါတယ် ဘုရား။”

“မင်းကြီး . . .။ စကားပြောဖို့ သင့်တော်တယ်ဆိုရင် ကျွန်ုပ် စကားပြောပါတယ်။ မင်းကြီး သိချင်တာကို ပြောပြပေးပါမယ်။ မေးပါ။”

“ရဟန်းမြတ် . . .။ အရှင်ဘုရားဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ သိပါရစေ ဘုရား . . .”

“သစ္စာတရား ရှာဖွေနေတဲ့ ရဟန်းတစ်ပါး ဖြစ်ပါတယ် မင်းကြီး . . .။ သစ္စာတရား ရှာဖွေရင်း တောရသင်္ခမ်းကျောင်းတွေဆီ လှည့်လည်လာခဲ့ပါတယ်။ သူတော်စင်တို့ နေထိုင်ရာ တောအုပ်တွေ၊ ကျောင်းတိုက်တွေ တစ်ခုပြီးတစ်ခု လှည့်လည်ရင်း တိုင်းဒေသများစွာ ရောက်ခဲ့ပါပြီ။ အခု ပဏ္ဍ၀တောင်ရိပ် ရောက်လာတာပါပဲ။”

“ရဟန်းမြတ် . . .။ အရှင့်ရဲ့ အရေအဆင်းဟာ နှစ်သက်စရာ ကောင်းလှပါတယ်။ အရှင့်ရဲ့ အသွင်အပြင်ဟာ မင်းမျိုးမင်းနွယ်ပုံ ပေါက်နေပါတယ်။ အရှင်ဟာ အရွယ်ကောင်း ယောက်ျားတစ်ယောက် ဖြစ်ပါတယ်။ အရာရာဟာ နှစ်သက်စရာပါ။ အရှင်ဟာ ကာယဗလ အလွန်သန်မာမယ်ဆိုတာ သေချာပါတယ်။ တော်ဝင်အမျိုးအနွယ်ကနေ ရဟန်းပြုလာတာ ဟုတ်ပါသလား။ အမိန့်ရှိတော်မူပါ။ အရှင့်ရဲ့ အမျိုးအနွယ်ကို သိချင်ပါတယ်။”

“မင်းကြီး . . .။ ချမ်းသာကြွယ်ဝပြီး အာဏာတန်ခိုးလည်း ကြီးမားတဲ့ ကောသလ နေပြည်တော်ဟာ ဟိမ၀န္တာ ဆင်ခြေလျှောမှာ တည်ရှိပါတယ်။ ကျွန်ုပ်ရဲ့ဖခင် သုဒ္ဓေါဒနဟာ တရားမျှတတဲ့ မင်းတစ်ပါး ဖြစ်ပါတယ်။ ကောသလတိုင်းမှာ ပါဝင်တဲ့ ကပိလ၀တ်ကို အုပ်ချုပ်သူ ဖြစ်ပါတယ်။ ကျွန်ုပ်ဟာ အာဒိစ္စမင်းဆက်က ဆင်းသက်လာသူ ဖြစ်ပါတယ်။ သာကီနွယ်ဝင် ဖြစ်ပါတယ်။ မင်းကြီး . . . ကျွန်ုပ်ဟာ လောကီစည်းစိမ် မှန်သမျှကို စွန့်လွှတ်ပြီး ရသေ့ရဟန်း ပြုလာသူ ဖြစ်ပါတယ်။ သတ္တ၀ါ အားလုံးကို သနားကရုဏာ သက်မိလို့ လူသားရဲ့ လွတ်မြောက်ရေးအတွက် သစ္စာတရား ရှာဖွေရင်း လှည့်လည်နေတာပါ။”

“အရှင်ဘုရား . . .။ ငယ်ရွယ်နုပျိုချိန်မှာ ထီးနန်းစည်းစိမ် အားလုံးကို အပြီးအပိုင်းစွန့်လွှတ်၊ ရသေ့ရဟန်းဝတ်ပြီး ၀ိမုတ္တိလမ်းစ ရှာဖွေတဲ့ တစ်ခြား မင်းသားဆိုလို့ နာဋပုတ္တပဲ ရှိပါတော့တယ်။ အရှင်ဘုရားရဲ့ လုံ့လကြိုးကုတ် အားထုတ်မှုဟာ ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ဘဲ အများကောင်းကျိုးအတွက် ဖြစ်တာကြောင့် နှစ်သက်ဝမ်းမြောက်မိပါတယ် ဘုရား။ တပည့်တော် ဦးညွတ်ရိုးကျိုး ရှိခိုးဦးခိုက်ပါတယ် အရှင်မြတ် ဘုရား . . .။”

ဗိမ္ဗိသာရ မင်းကြီးသည် ပြောပြောဆိုဆိုနှင့် သိဒ္ဓတ္ထရဟန်း၏ ရှေ့မှောက်၌ ဒူးထောက် ထိုင်ချလိုက်ပြီး မြေပြင်ပေါ်သို့ ဦးခေါင်းစိုက်ချကာ ရဟန်းမြတ်ကို ရှိခိုးလေ၏။ ရှိခိုးပြီးနောက် ရဟန်းမြတ်၏ နံဘေး၌ ရပ်နေရင်း စကားဆိုပြန်၏။

“ရဟန်းမြတ် ဘုရား . . .။ အရှင်ဘုရားဟာ တပည့်တော်ရဲ့ ရှိခိုးဦးခိုက်မှုကို ခံယူတဲ့ ဒုတိယ ရဟန်းတော် ဖြစ်ပါတယ် ဘုရား။ ပထမ ရဟန်းကတော့ နာဋပုတ္တ အရှင်မြတ် ဖြစ်ပါတယ် ဘုရား။ အရှင်မြတ် နာဋပုတ္တဟာ သက်ရှိအားလုံးကို အနှောင်အတွယ် ကင်းကင်းနဲ့ ကရုဏာသက်နိုင်သူ ဖြစ်တဲ့အတွက် တပည့်တော် သူ့ကို ရှိခိုးခဲ့ပါတယ် ဘုရား။ အရှင်ဘုရား ရှာဖွေတဲ့ သစ္စာတရားကို အခု တွေ့ရှိပါပြီလား အရှင်ဘုရား . . .။ ရှာဖွေတွေ့ရှိပြီး ဖြစ်တယ်ဆိုရင် တပည့်တော်ကို ဟောကြားတော်မူပါ အရှင်ဘုရား . . .။”

“မတွေ့ရှိသေးပါဘူး မင်းကြီး . . .။ သစ္စတရား ရှာဖွေဆဲပဲ ရှိပါသေးတယ်။ ပရမတ္ထ သစ္စာတရားကို အမြင့်မြတ်ဆုံး အမှန်ကန်ဆုံး အဓိပ္ပာယ်နဲ့ ခုချိန်ထိ မသိမြင်နိုင်သေးပါဘူး။ အာရုံတစ်ခုတည်း အပေါ်မှာ စိတ်ကို စူးစိုက်ထားရတဲ့ စိတ်တည်ငြိမ်မှု သမထ အကျင့်ကို အနော်မာ မြစ်ကမ်းမှာ သီတင်းသုံးနေတဲ့ ၀ါသိဋ္ဌရသေ့ဆီကနေ သင်ယူခဲ့ပါတယ်။ ဣနြေ္ဒထိန်းချုပ်ရတဲ့ တပအကျင့်ကို ဗြဟ္မဏနွယ်ဖွား ရသေ့မ သာကိယာဆီကနေ သင်ယူခဲ့ပါတယ်။ အ၀တ်သင်္ကန်း အစားအစာဆွမ်းနဲ့ ပတ်သက်တဲ့ အလေ့အကျင့်တွေကိုတော့ ဗြဟ္မဏနွယ်ဖွား ရသေ့မ ပညာရဲ့ သင်္ခမ်းကျောင်းမှာ သင်ယူခဲ့ပါတယ်။ ဒါတင် မကသေးပါဘူး။ အသက်ရှူမှုကို ထိန်းချုပ်တာ အပါအ၀င် တစ်ခြား သမထနည်းတွေကို ရေ၀တရသေ့ဆီကနေ သင်ယူခဲ့ပါတယ်။ ဒါနဲ့လည်း အားမရသေးလို့ ဆက်လက်ပြီး နည်းနာခံယူဖို့ ကောသလတိုင်းမှာ တပည့်တပန်း မြောက်များစွာကို နည်းပြသွန်သင်နေတဲ့ ထင်ရှားကျော်ကြားတဲ့ ရသေ့ကြီး အာဠာရ ကာလာမဆီကို သွားခဲ့ပါတယ်။ အကန့်အသတ်မဲ့ ချစ်ခြင်းတရား (မေတ္တာ)၊ သနားခြင်း (ကရုဏာ)၊ ၀မ်းမြောက်ခြင်း (မုဒိတာ) နဲ့ အညီအမျှ ရှုမြင်ခြင်း (ဥပေက္ခာ)ဆိုတဲ့ ဗြဟ္မ၀ိဟာရတရားလေးပါး သမထကမ္မဋ္ဌာန်းကို အဲဒီ ရသေ့ကြီးဆီကနေ သင်ယူခဲ့ပါတယ်။  ကမ္ဘာပေါ်က သက်ရှိအားလုံး အပေါ်မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ နဲ့ ဥပေက္ခာတရားတွေ ကျင့်သုံးခဲ့ပါတယ်။ မင်းကြီး . . . ကျွန်ုပ်ရဲ့စိတ်ဟာ ထင်ထင်ရှားရှားကြီး ကြည်လင်သန့်ရှင်းခဲ့ပါတယ်။ လွတ်လပ်ပေါ့ပါး ခဲ့ပါတယ်။ အာရုံခံစားမှု နယ်အတွင်းမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ အဲဒီ သစ္စာတရားဟာ ကျွန်ုပ်ရှာဖွေနေတဲ့ လွတ်မြောက်မှု ဟုတ်ပါရဲ့လား။ အဲဒီ အာဠာရ ကာလာမရဲ့ အကျင့်လမ်းဟာ အာကိဉ္စညာယန ဗြဟ္မဘုံမှာ ကပ်ကမ္ဘာ တစ်သောင်းကြာအောင် တည်နေနိုင်တဲ့ လွတ်မြောက်မှုကို ပေးနိုင်ပါတယ်။ အဲဒါကို ကျွန်ုပ် အားမရခဲ့ပါဘူး။ ဒါကြောင့် ဥဒက ရာမပုတ္တရဲ့ သင်္ခမ်းကျောင်းဆီ ဆက်သွားခဲ့ပါတယ်။ သူက ဈာန်သမာပတ် ရှစ်မျိုးကို သင်ပေးပါတယ်။ သိပ်မကြာခင်မှာပဲ စိတ်ဓာတ် အမြင့်မြတ်ဆုံး အသိမ်မွေ့ဆုံးဖြစ်တဲ့ နေ၀သညာနာသညာယနတဈာန်ကို ရရှိခဲ့ပါတယ်။ မင်းကြီး . . . အဲဒါကိုလည်း ကျွန်ုပ် အားမရခဲ့ပါဘူး။

ဒါပေမယ့် . . . မင်းကြီး . . .။ ရသေ့ဆရာကြီးတွေ အာလုံးဟာ မြင့်မြတ်ကြပါတယ်။ ကျွန်ုပ် ရှာဖွေနေတဲ့ ၀ိမုတ္တိ သူတို့ဆီမှာ မရှိပေမယ့် ဒီရသေ့ကြီးတွေဟာ လူ့လောကမှာ ဉာဏ်ပညာ ကြီးမြတ်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဆီက တော်တော်များများ လေ့လာသင်ယူခဲ့ပါတယ်။ အာဠာရ ကာလာမ နဲ့ ဥဒက ရာမပုတ္တတို့ဟာ အထူးရိုသေလေးစားထိုက်သူတွေ ဖြစ်ကြပါတယ်။ လူသားတွေကို လွတ်မြောက်စေနိုင်တဲ့ ပရမတ္ထ သစ္စာတရားကို အမှန်ကန်ဆုံး အဓိပ္ပာယ်နဲ့ ရှာဖွေတွေ့ရှိလိုက်တဲ့ တစ်နေ့မှာ သူတို့ဆီ ပြန်လာပြီး သူတို့ကိုလည်း ပြန်လည်သင်ကြားပေးဖို့ တောင်းပန်လိုက်ပါတယ်။ သူတို့ဟာ အဲဒီလောက်ထိ နှိမ့်ချရိုကျိုးတတ်သူတွေ ဖြစ်ပါတယ်။

မင်းကြီး . . .။ ကျွန်ုပ်ဟာ ကောသလတိုင်းကနေပြီး ဝေသာလီနားက ကျောက်လိုဏ်ဂူမှာ ဒုက္ကစရိယအကျင့်တွေ ကျင့်သုံးနေတဲ့ ရသေ့သူတော်စင် ဒဒ္ဒူမဒဏ္ဍိကပုတ္တဆီ သွားရောက်ခဲ့ပါတယ်။ သူ့ဆီမှာ ရသေ့သူတော်စင် အကျင့်တွေကို နည်းလေးမျိုးနဲ့ ကျင့်သုံးခဲ့တာကို သတိရနေတုန်းပါပဲ။ ကျွန်ုပ်ဟာ လွန်ကျူးခဲ့ဖူးတဲ့ အပြစ်တွေကို ဒဏ်ယူပြီး ဖြေဖျောက်ခဲ့ပါတယ်။ ခန္ဓာကိုယ်ကို ညှင်းဆဲတဲ့ အတ္တကိလမထ အကျင့်ကို ကျင့်သုံးခဲ့ပါတယ်။ ဘ၀ကို စိတ်ပျက်ငြီးငွေ့အောင် ကျင့်ခဲ့ပါတယ်။ ခေါင်းမာခဲ့ပါတယ်။ ပထမဆုံး လူ့ဓလေ့ထုံးတမ်းကို အရေးမထားဘဲ ၀တ်လစ်စလစ် နေခဲ့ပါတယ်။ အစားအစာကို လက်ခုပ်နဲ့ ခံယူခဲ့ပါတယ်။ အသား၊ ငါးနဲ့ အချဉ်ဖောက်ထားတဲ့ နို့ကို မသုံးဆောင်ပါဘူး။ ဘောဇဉ်ကို အိမ်တစ်အိမ်ကပဲ ခံယူပြီ သုံးဆောင်ပါတယ်။ မြက်အခင်း တစ်လွှာပေါ်မှာပဲ အိပ်ပါတယ်။ နောက်တော့ ရေညှိ၊ ကောက်ရိုးနဲ့ ကျွဲနွားသိုးဆိတ်တို့ရဲ့ မစင်ကို စားသုံးပါတယ်။ ကျွဲနွားသိုးဆိတ်တို့ရဲ့ ကျင်ငယ်ကို သောက်ပါတယ်။ မုဆိတ်မွှေး ပသိုင်းမွှေးတွေကို ပယ်နှုတ်ပါတယ်။ ဦးခေါင်းစိုက်ထောင် နေရတဲ့ အကျင့်ကိုလည်း ကျင့်ပါတယ်။ ဒါပေမယ့် သစ္စာတရားကို မသိမြင်ခဲ့ပါဘူး။ ရေတစ်ပေါက် အပေါ်မှာတောင် ကရုဏာ ထားခဲ့ပါတယ်။ ရေပိုးရေမွှားလေးတွေကို ညှင်းဆဲသတ်ဖြတ်မိမှာ စိုးလို့ပါ။ ဘယ်လောက်သေးငယ်တဲ့ သတ္တ၀ါကိုပဲဖြစ်ဖြစ် မသေစေမိအောင် ဂရုစိုက်ပါတယ်။ အဲဒီလို ပြင်းပြင်းထန်ထန် တင်းတင်းကြပ်ကြပ် ကျင့်ကြံရင်း ကင်းကင်းဆိတ်ဆိတ် နေချင်တဲ့အတွက် လူသူအရောက်အပေါက် မရှိတဲ့ တောကြီးမျက်မဲထဲမှာပဲ သူတော်စင်စဉ် အကျင့်နဲ့ နေခဲ့ပါတယ်။ အဲဒီ အကျင့်ကို ကျင့်သုံးတဲ့အတွက် စိတ်တည်ငြိမ်မှု သမာဓိကို မရရှိခဲ့ပါဘူး။ သက်ရှိအားလုံးအပေါ်မှာ တစ်သားတည်း ထားရှိတဲ့ ကရုဏာတရားကိုတော့ ပွားများနိုင်ခဲ့ပါတယ်။ အဲဒီအကျင့်ကို ကျင့်သုံးနေရင်း ကျွန်ုပ် ရှာဖွေနေတဲ့ ၀ိမုတ္တိလမ်းနဲ့ ဝေးကွာလာခဲ့ပါတယ်။ မနီးစပ်ခဲ့ပါဘူး။ ရိုးရှင်းတဲ့ သမာဓိဈာန်ကို ကျင့်သုံးပြီး စစ်မှန်တဲ့ အသိဉာဏ်ကို ရရှိနိုင်တယ်လို့ ထင်မိတဲ့အတွက် ခန္ဓာကိုယ်ကို ညှင်းဆဲရတဲ့ အတ္တကိလမထ အကျင့်ကို စွန့်လွှတ်ပြီး ဝေသာလီကို ပြန်လာခဲ့ပါတယ်။ မင်းကြီး . . . ကျွန်ုပ် ဝေသာလီမှာ ရှိနေတုန်းက ပဉ္စ၀ဂ္ဂီငါးဦးက ကျွန်ုပ်ကို အနီးကပ် ပြုစုလုပ်ကျွေးကြပါတယ်။ ကျွန်ုပ် အချိန်မရွေး သစ္စာတရားကို ထိုးထွင်းသိမြင်လိုက်နိုင်တယ်လို့ သူတို့ မျှော်လင့်နေကြတာပါ။ အတ္တကိလမထ အကျင့်ကို ကျွန်ုပ် စွန့်လွှတ်လိုက်တော့ သူတို့ စိတ်ပျက်ပြီး ထွက်ခွာသွားကြပါတယ်။ အခု အမြင့်မြတ်ဆုံး ဉာဏ်အလင်း (သမ္ဗောဓိ)ကို ရှာဖွေရာမှာ စွဲလမ်းယုံကြည်မှု အားလုံးကို ကျွန်ုပ် စွန့်လွှတ်လိုက်ပါပြီ။”

ဗိမ္ဗိသာရမင်းက တောင်းပန်လျှောက်ထား၏။
“အရှင်ဘုရား . . .။ သမ္ဗောဓိ ဆိုတဲ့ အရှင်ဘုရားရဲ့ ရည်ရွယ်ချက် ပြည့်ဝအောင် ကူညီဖို့ ဒီတောင်ပေါ်မှာပဲဖြစ်ဖြစ် တောင်ခြေမှာပဲဖြစ်ဖြစ် အရှင်ဘုရားအတွက် နေရာသင်္ခမ်းကျောင်း ဆောက်လုပ်ပေးပါမယ်။ အရှင်ဘုရား ဆန္ဒရှိမယ်ဆိုရင် ပြောတာပါ။ နေ့စဉ်လည်း ဆွမ်းလှူပါ့မယ်။ တပည့်တော်ရဲ့မြို့မှာ သီတင်းသုံးပါ ဘုရား။”

“မင်းကြီး . . . အလိုမရှိပါဘူး။ ဥရုဝေလမှာ သွားရောက်နေထိုင်ပါမယ်။ အဲဒီမှာ ပတ်ဝန်းကျင် ငြိမ်းချမ်းသာယာတဲ့အတွက် ရည်ရွယ်ချက် ပြီးမြောက်ဖို့ ပိုပြီး ကျေးဇူးများပါလိမ့်မယ်။ အဲဒီမှာ ဧကစာရီ ကျင့်သုံးပြီး သမ္ဗောဓိဉာဏ် ရရှိအောင် အားထုတ်ပါမယ်။”

“ဒါဆိုရင်လည်း အရှင်ဘုရား . . . တပည့်တော်ရဲ့ နန်းတော်ကို ကြွရောက်ပြီး နေ့ဆွမ်းအလှူခံနိုင်မယ် ထင်ပါတယ်။ သင်္ကန်းနဲ့ တစ်ခြား ပရိက္ခရာတွေလည်း အရှင်ဘုရားကို လှူဒါန်းချင်ပါတယ် ဘုရား . . .။”

“မင်းကြီး . . .။ ကျွန်ုပ် ဝေသာလီမှာ အတ္တကိလမထအကျင့်ကို ကျင့်နေတုန်းကဆိုရင် အထီးတည်း ပေါက်နေတဲ့ သပြေပင်ကြီးကို မှီထိုင်ရင်း အဲဒီအပင်ရဲ့ အရွက် အခက် အသီးတွေကိုပဲ စားသုံးပြီး တစ်လလုံးလုံး နေခဲ့တာပါ။ အစားအစာ အားလုံးအပေါ်မှာ တစ်သဘောတည်း ထားပါတယ်။ နန်းတော်က မွန်မြတ်တဲ့ ပွဲတော်စာနဲ့ စဏ္ဍာလအိမ်က နုံချာတဲ့ အစားအစာကို ခွဲခြားပြီး မရှုမြင်ပါဘူး။ ဥရုဝေလကို သွားမယ်။ အဲဒီ လမ်းခရီးမှာ စိတ်တည်ငြိမ်မှု ပျက်ပြားလောက်အောင် ဆာလောင်လာရင် လမ်းမှာပဲ ဆွမ်းခံမယ်။”

“ဒါဆိုရင်လည်း အရှင်ဘုရား . . .။ သင်္ကန်းနဲ့ ပရိက္ခရာတွေ လှူချင်ပါတယ် ဘုရား။ ကြွတော်မူပါ။ အရှင်ဘုရားရဲ့ သင်္ကန်းဟာ ဆွေးမြေ့နေပါပြီ။ စုတ်ပြတ်နေပါပြီ။”

“မင်းကြီး . . .။ မင်းကြီးက ကျွန်ုပ်ရဲ့ အစားအစာအတွက် ပူပန်နေတယ်။ အ၀တ်သင်္ကန်းအတွက် ပူပန်နေတယ်။ ရသေ့ရဟန်းဖြစ်သူ ကျွန်ုပ်ကတော့ မပူပန်ပါဘူး။”

“ဒါဆိုရင်လည်း အရှင်ဘုရား . . .။ ဥရုဝေလကို ခြေလျင်သွားရမယ့် ခရီးဟာ ခက်ခဲပင်ပန်းလွန်းပါတယ်။ အရှင်ဘုရားကို စီးတော်ယဉ်နဲ့ လိုက်ပို့ဖို့ တပည့်တော်ရဲ့ မင်းချင်းတွေကို အမိန့်ပေးလိုက်ပါ့မယ် ဘုရား . . .။ ဒါဟာ အရှင်ဘုရားရဲ့ ကြီးမြတ်တဲ့ လုံ့လဥဿာဟကို အထောက်အကူပြုမယ် ထင်ပါတယ် ဘုရား။”

“မပို့ရပါဘူး မင်းကြီး . . .။ ၀ိမုတ္တိ ရရှိဖို့ ဖြတ်လမ်းမရှိပါဘူး။ အလွယ်လမ်း မရှိပါဘူး။ ၀ိမုတ္တိလမ်းဟာ သဘာဝလမ်း ဖြစ်ပါတယ်။ သဘာဝအတိုင်း လျှောက်လှမ်းရမှာပါ။”

ဗိမ္ဗိသာရမင်းကြီးသည် သိဒ္ဓတ္ထ ရဟန်း၏ ငြင်းပယ်စကားများကို မကျေမနပ် မဖြစ်မိဘဲ အလွန်ပင် ကျေနပ်ဝမ်းမြောက်မိသည်ဖြစ်၍ သိဒ္ဓတ္ထ ရဟန်း၏ ရှေ့မှောက်၌ ဒူးထောက်ထိုင်ချလိုက်ကာ ဒုတိအကြိမ် ရှိခိုးဦးခိုက်လိုက်ပြီး လျှောက်ထား၏။

“သာဓု သာဓု သာဓုပါ အရှင်ဘုရား . . .။ အရှင်ဘုရား အသည်းအသန် ရှာဖွေနေတဲ့ အမြင့်မြတ်ဆုံး ဉာဏ်အလင်းကို ရရှိလိမ့်မယ်လို့ တပည့်တော် သေချာပေါက် ယုံကြည်ပါတယ် ဘုရား။ အောင်မြင်ပြီးမြောက်နိုင်ပါစေ . . .။ သမ္ဗောဓိဉာဏ်ကို ရရှိပြီး ဘုရားဖြစ်တဲ့ အခါမှာ တပည့်တော် သိပါရစေ။ အရှင်ဘုရားကို တပည့်တော် ကိုးကွယ်ဆည်းကပ်ပါတယ် ဘုရား . . .။”
:)
ရှင်အာစာရ



Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)
ဆက်ဖတ်ရန်

Saturday, July 23, 2011

sony ericsson ဖုန်းမှာ အင်တာနက်ချိတ်ကြည့်မယ်။

Sony-Ericsson-W910i-Walkman-Phone.jpg

အကြင်နာနန်းတော် ရဲ့  ချက်ဘောက်မှာ sony ericsson ဖုန်းကို အင်တာနက် ချိတ်ချင်လို့ ပြောပြပါ ဆိုလို့ ။
ဧကရီ ရဲ့ ဖုန်းလေးမှာ အရင်ကလိရင်း ခုမှ ရလို့ တင်ပေးလိုက်ပါတယ်ရှင့်..
လိုအပ်တဲ့ သူတွေအတွက်လည်း အသုံးဝင်သွားတာပေါ့နော်..

အရင်ဆုံး ဖုန်းမှာ အင်တာနက်အရင်ချိတ်မယ်ဆိုရင်။။
၁။  ။ ဖုန်းရဲ့ Setting ထဲကို ပထမဆုံးသွားပါ။ပြီးရင် Connecting ထဲဝင်ပါ။

၂။ ။ အဲဒီထဲက ဖုန်းရဲ့ Accesspoint Name ကိုအရင်ပြောင်းပေးလိုက်ပါ။ ဒါဆိုရပါပြီ။

 နောက်တစ်ခု ဖုန်းထဲကနေ မိမိကွန်ပြူတာကို အင်တာနက်ဆက်ချိတ်မယ်။

၃။ ။ အရင်ဆုံး အောက်ကပေးထားတဲ့ ဆော့ဖ်ဝဲလေးကို အရင်ဒေါင်းပါ။




၎။ ။ ဒီဆော့ဖ်ဝဲလေး ဒေါင်းပြီးရင် Cable Diver  ဆော့ဖ်ဝဲလေးကို ကွန်ပြူတာမှာ ထည့်သွင်းပြီးရင်  Install လုပ်ထား
လိုက်ပါ. ( ဖုန်းဝယ်တုံးက ပါတဲ့ CD ခွေလေးပါ)

images?q=tbn:ANd9GcRgcFwTyqxa9dz6Ukv5fe8Ha9ztseqG6VrN9NnNu2zKZtIpHrw3GQ

၅။ ။ ဒါဆို ဖုန်းနဲ့ အင်တာနက်ချိတ်ဖို့ ကွန်ပြူတာမှာ အရင်ဒေါင်းထားတဲ့ PC Companion ဆော့ဖ်ဝဲကိုဖွင့်လိုက်ပါ.။
Internet Accept Icon ကိုတွေ့ရင်ကလစ်ပြီး အွန်လိုင်းစနစ်လေး ချိတ်ဖို့ အဆင်ပြေသွားပါပြီရှင့်...

အဆင်ပြေပါစေနော်..

***ဧကရီ***

ဆက်ဖတ်ရန်

Wednesday, July 20, 2011

Fl studio 8

ဆက်ဖတ်ရန်

Tuesday, July 19, 2011

NewFolder lock ချမယ်..

 images?q=tbn:ANd9GcT6EhFpwdxpE-v26eu5L0r93IBEv6a0ruog_EQbuGi4BVB47Lg9

နန်းတော်ကိုအလည်လာနေကြ သူငယ်ချင်းတစ်ယောက်က မေးထားတာလေး တင်ပေးလိုက်ပါတယ်..
ကိုယ့် ကွန်ပြူတာထဲမှာ ရှိတဲ့ NewFolder ထဲက ကိုယ့်ထည့်ထားသမျှ ပုံတွေ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို
 အခြားလူ ဖွင့်ကြည့်လို့ မရအောင် Lock ချထားချင်လို့ ပြောပြပေးပါ။။။

ဟုတ်ကဲ့ပါ။ ပြောပြပါ့မယ်နော်...
ကိုယ့်ကွန်ပြူတာထဲ က Folder တွေကို ဘယ်သူမှကြည့်မရအောင်..နောက်ပြီး Delete လုပ်လို့လည်းမရအောင်  ပြုလုပ်တဲ့
နည်းလေး ပြောပြပေးလိုက်ပါတယ်နော်...

၁ ၊ ၊ ပထမဆုံး ..ကိုယ်ရဲ့ ကိုယ်လုပ်ထားတဲ့ Folder က NTFS နဲ့ ပိုင်းထားတဲ့ Partation ပေါ်မှာ ထားရပါမယ်။

၂ ၊ ၊ ပြီးရင် My Computer ကိုဖွင့်။ Menu Bar က View Tab ကို ၀င်ပါ။

၃ ၊ ၊ အောက်ဆုံးစာကြောင်း Use sinple file sharing ( Recommended ) ဆိုတဲ့ ချက်ဘောက်လေးကို အမှန်ခြစ် ဖြုတ်ပေးထားရပါမယ်။

၎ ၊ ၊  ပြီးရင် OK နဲ.ထွက်။

၅။ ။ ပြီးရင်  ကိုယ်ရဲ့အရေးကြီးတဲ့ ဖိုဒါပေါ်မှာ ညာဘက်ကလစ်နှိပ် ။ Sharing and Security ဆိုတာကိုဝင်။ Security ဆိုတဲ့
     Tab မှာ Advance ကို ကလစ်နှိပ်ပါ။

၆ ၊ ၊  ပြီးရင် အောက်နားက Inherit from parent the permission entries that apply to child objects. Include these with explicitly defined here    ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ဖြုတ်ပေးရပါမယ်။

၇ ၊  ၊ ပြီးရင် Remove ..>Apply....>၊ OK ၊ လိုက်ပါ ။

ဒါဆို ကိုလုပ်ထားတဲ့Folder  ကို ဘယ်သူမှ ဖွင့်လို့ မရတဲပအပြင်  Delete လဲလုပ်လို.လည်း မရတော့ပါ။

အကယ်လို့ ကိုယ်က ပြန်ဖွင့်ချင်တယ် ဆိုရင်တော့ ခုလုပ်ခဲ့တဲ့ Folder ရဲ့ ပေါ်မှာ ညာဘက်ကလစ်ပြန်နှိပ် sharing and security ကိုဝင်
 ပြီးရင် Owner ဆိုတဲ့ Tab ကို သွားပါ။

 Administrator ပေါ်မှာ select မှတ်လိုက်ပြီးရင်  Reblace owner in subcontainers and objects ဆိုတဲ့ စာကြောင်းမှာ အမှန်ခြစ်လေး ပြန်ထည့်ပေးရပါမယ်။

 ပြီးရင်တော့ OK ပေါ့။ ဒါဆိုရင်တော့ ပြန်ဝင်လို.ရပါပြီ။

မသိသေးတဲ့သူတွေလည်း အသုံးဝင်ပါတယ်...

အဆင်ပြေပါစေရှင့်

ခင်မင်လေးစားစွာဖြင့် ***ဧကရီ***



ဆက်ဖတ်ရန်