အကြင်နာနန်းတော် ၏ ရည်ရွယ်ချက်များ


မြန်မာ လူငယ်များအတွက်
၁။ အသုံးဝင်သော ဆော့(ဖ်)၀ဲ များ
၂။ နည်းပညာဆိုင်ရာ စာအုပ်များ (ကွန်ပျူတာ၊ ပရိုဂရမ်၊ ဓာတ်ပုံ နှင့် ဒီဇိုင်း၊ အင်တာနက်၊ အင်ဂျင်နီယာ)
၃။ ဘာသာရေး၊ တရားတော်ဆိုင်ရာ စာအုပ်များ၊ အသံဖိုင် နှင့် ဗီဒီယိုများ
၎။ ၀တ္ထု၊ ကဗျာ၊ ကာတွန်း၊ ဟာသ စာအုပ်များ
၅။ တေးသီချင်းများ (မြန်မာ၊ နိုင်ငံခြား)
၆။ ရုပ်ရှင် နှင့် ဗီဒီယိုများ (မြန်မာ၊ နိုင်ငံခြား)
၇။ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဗဟုသုတနှင့်အကြံပြုချက်များ
၈။ သတင်း နှင့် အထွေထွေဗဟုသုတများ
၉။ ဂိမ်းများ
၁၀။ အလှအပ နှင့် ဖက်ရှင် ဆိုင်ရာ ဗဟုသုတ နှင့် အကြံပြုချက်များ
၁၁။ အသုံးဝင်သော ၀က်ဘ်ဆိုက် လိပ်စာများ
ကို မျှဝေပေးရန် ဖြစ်ပါသည်။



အကြင်နာနန်းတော် သို့ လာရောက်သူများအတွက် ပျော်ရွှင်မှု၊ ဗဟုသုတ နှင့် နည်းပညာ တစ်ခုခုတော့ ရရှိသွားစေရပါမည်။

စိတ်တူ၊ ကိုယ်တူ၊ ရည်မှန်းချက်ရှိသူ လူမှုအသိုင်းအ၀ိုင်း (Community) တစ်ခု ဖန်တီးသွားရန် နှင့် မြန်မာလူငယ်များ ပိုမို တိုးတက်အောင်မြင်အောင် အချင်းချင်း ပံ့ပိုးဆောင်ရွက် သွားကြရန် ရည်ရွယ်ပါသည်။


Flash သီချင်းများစုစည်းမှု

ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ် တခါထဲချစ်ချင်လို့ပါ ထူးဆန်းလွန်းတဲ့အချစ် ပြော ကြွေသူနှစ် ကောက်သူတစ်

မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင် သတိရရ-မရရ အဖြည့်ခံချစ်သူ တိတ်တခိုး နင်မလိုချင်လဲ လမ်းပျောက်ချိန် အလွမ်းကဗျာ အေးဆေးဖြစ်သွားပြီ မညာပါနဲ့ ချစ်သူလေး ညလေပြေ အိနြေ္ဒရှင်မလေး မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် လေပြေ၂ တဖက်သတ်အလွမ်း ဝေးပြီးတဲ့နောက် မနဲ့မောင် ချစ်တယ် ပြုံးလိုက်ပါ နှလုံးသားချင်းထိတွေ့ခဲ့တယ် ဖူးစာရှင် ဗုဒ္ဓမေတ္တာပန်း အိမ်မက်ရဲ့သမီးပျို မင်းမရှိတဲ့ကမ္ဘာ အလွမ်းသင့်ပန်းချီ ပျော်သလိုနေလိုက်တော့ စိတ်ကူးလွင်ပြင် အလွမ်းနိဂုံး မျှော်လင့်ခြင်းအဆုံး ဘ၀ရဲ့လမ်းများ နင်သိရဲ့လား အလွမ်းပြေအနမ်း၃ လရောင်ဆမ်းသောလမ်း တစ်ဖက်သက်အလွမ်း ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူ နားနားဘေးမှာ ပျံသန်းသွားတော့ ဟုတ်လို့လား Never Be Replaced ချစ်မိနေပြီ နိုးတစ်ဝက်အချစ် အချစ်အတွက်ကိုယ်စား ငါ့ရဲ့အနား ၂ ဝေးသွားတဲ့အခါ မီးအိမ်ရှင် ငါ့နေရာ Anywhere for you Justin Bieber(Baby) သီရိသူ ဒီဇင်ဘာည ဒီဇင်ဘာည၂ ငါမှားလားမင်းမှန်လား ဆေးကျောင်းသား တကယ်ဆိုရင် အမေ စွန့်လွှတ်ခက်သူ နင်စေရင် အနှိုင်းမဲ့ ရင်ဘတ်ထဲက အနိုင်မယူသူရဲ့အရှုံး ခိုးချစ်ရသူ နှလုံးသားအစီရင်ခံစာ ညီမလေးအတွက် မိုး(မျိုးကြီး) မိုး၂(မျိုးကြီး) ( 8.4 ) ချစ်တယ်ဟုတ် ကောင်မလေးတယောက်အကြောင်း ဖက်ထားမယ် LetMeKissU ချယ်ရီသက်သေ ဖိတ်စာ နွေအလွမ်း ယူလိုက် အဖေ့မေတ္တာ လက်ခံပေးပါ(မျိုးကြီး) HaHaLaGyiAh မမ အပျိုကြီး ညီမလေး SnowQueen လက်ခံပေးပါ(၂) HERO ( မေ ) မမြင်ကွယ်ရာ ဟိုအရင်လို ငါ့ကိုပြောပါ မျှော်လင့်ချက်မဲ့(မျိုးကြီး) ယုံကြည်ပေးပါ BellyDancer ယုံကြည်ပေးပါ(Remix) အဖြူရောင်လေးပါကွယ် ရင်ထည်းခိုနားလှည့်ပေါ့ကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါ ယုံကြည်ခြင်း၂ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ကမ္ဘာပျက်နေ့ နင့်ကိုငါအချစ်ဆုံး ကင်ဆာ အချစ်နဲပိုက်ဆံ နင်တစ်ယောက်တည်း သံစဉ်နဲ့ချော့သိပ်ခွင့် (မမ) ချစ်တယ်မရေ အချစ်မှတပါးအခြားမရှိပြီ တနေ့တော့ချစ်လာလိမ့်မည် အမေ့ မင်းအကြောင်းအိမ်မက် တန်ဆောင်တိုင်သီချင်း အလွမ်းနဲ့ရူးပြီ နှမြောတယ် သူလေး ကောင်းကင်ကအချစ်ငှက် ဆာဒါငဲယိုး ခိုနားရာ အိမ်မက်ကမ္ဘာ အလွမ်းဝင်္ကဘာ ပထမအနမ်းသီချင်း စကားလုံးတွေမလိုဘုး (နိဒါန်း) လေလွှင့်သူ အာဇာနည် ငါဆက်ချစ်မယ့်သူ ရုပ်သေးရုပ် မျှော်လင့်ချက်မဲ့ ဒီတစ်ခါမခွဲတော့ဘူး ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း) မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း) လက်ခံပေးပါ(၂)မျိုးကြီး မျိုးကြီး=အတိတ်ရဲ့နွေ Baby စပါယ် အမြဲတန်းယုံကြည်တယ် သူငယ်ချင်းသံယောဇဉ် မိန်းကလေးပါ ဒီဇင်ဘာည၂ ပြည့်စုံလွန်း အသိအမှတ်ပြုပါ ကြယ်ကြွေကောင်းကင် Congratulation ညီမလေး မကြင်နာလေသူသို့ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ နင်မသွားခင် နှမြောတယ် မျှော်လင့်မိတဲ့ငါ့နတ်သမီး လမ်းခွဲ နောက်ဆုံးပေါ့ Baby-(Mc Wai Lin) ရင်ထဲကလာတဲ့သီချင်း ကော်ရုပ်လေး လွမ်းဆွတ်ခွင့် ချစ်သူ-ရိန်မိုး ငါ့ရဲ့လမင်း(လေးဖြူ) ရင်ခုန်စရာရှုခင်း(မျိုးကြီး) ကိုယ့်ရဲ့ကွက်လပ် ဆု....ထံသို့ ခလေးလေး မ-အတွက်သီချင်း ယုံမှာလား ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး) မိုးသည်းချိန်မှာ Venus လမ်းဆုံး ပြန်လာပါ အလည်လွန်နှလုံးသား ဒို့ဝေးရာ ကျေးလက်တောတန်း အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် ခွင့်ပြုတယ်ခွင့်လွှတ်တယ် SaveTheAged ဆာဒါငဲယိုး၂ ပျော်တော်ဆက် ကောင်မလေး မင်းအချစ်ကြောင့် မလွမ်းဘဲမနေနိုင် မလှည့်စားနဲ့ အလွမ်းနေ့ရက်ရှည်များ ဒီအတိုင်းလေးဘဲချစ်နေမယ် အတောင်ပံပါရင်မင်းဆီကို TakeMeToYourHeart ထားအတွက် ကင်တင်းထဲကကွင်းလက်ချာ(အရိုး) ILoveYou ရာစုသစ်အလွမ်းသမား Rain Story (ပြည့်စုံ) မင်းနဲ့မှချစ်တတ်ပြီ အချစ်ဒါဏ်ရာ လွမ်းတယ်(မ)ရယ် မင်းနားလည်မှာ ချစ်သူရဲ့ပုံပြင်(အနွန်) (မ)အတွက်သီချင်း ကျောင်းပိတ်ရက်လေး ကျေးဇူးပဲမနက်ဖြန် ကောင်မလေး onelesslonelygirl ငါ့နေရာ "မ" အတွက်သီချင်း ကဗျာမမှီတဲ့အချစ်

တို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin)
ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း

ချယ်ရီသက်သေ snow queen Ma Ma ဖိတ်စာ နွေအလွမ်း Ha Ha La Gyi Ah အပျိုကြီး ညီမလေး ပန်းချစ်သူ.....ဒို့လည်းလိုက်မယ် ယုံကြည်ပေးပါ Belly Dancer MyHappyEnding ယုံကြည်ပေးပါ(Remix) ရင်ထဲခိုနားလှည့်ပေါ့ကွယ် အဖြူေ၇ာင်လေးပါကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါငယ်ကျွမ်းဆွေ ကင်ဆာ ၀ိုင်းဆုရဲ့(လမ်းမကြီးရဲ့ဘေး) အရမ်းလွမ်းတယ်မရယ် မ..မ(၂) တပင်တည်းရင်ထဲကနွယ် တစ်စက္ကန့် နွေရာသီလမ်းခွဲ သခင့်ထံအပြေးပြန်လာမည် နူတ်ဆက်စကား မောင့်အရိုင်းပန်း ငယ်ဖော် အသည်းကွဲမြို့တော် VENUS Baby(Mc Wai Lin) ကြယ်ကြွေကောင်းကင် လမ်းဆုံ နှစ်သိမ့်တဲ့တေး သူစိမ်းတယောက်ပါ နှင်းဝေတဲ့ဆောင်း အလှစစ် ညို့မျက်ဝန်း နှလုံးသာရှာသူ လွမ်းတယ်(မ)ရယ်အသဲကွဲဒီဇင်ဘာ I Love U Baby၀ါရင့်သမ္ဘာရင့်(Old Service) Never Say Never


သီချင်းရပ်ချင်ရင် ဗီဒီယိုပေါ်မှာ Right Click-->Rewind. ဒေါင်းချင်ရင် သီချင်းအမည်ပေါ်မှာ Right Click, Save Link As ကိုနှိပ်ပါ။

Tuesday, September 20, 2011

သူလေးအတွက်ပါ။

18 Sep 11, 08:41 AM
thulay: www.myanmarsongs.net��� အခုသုံးမ၇တဲ့အတွက်-အဲဒီဝတ်ဆိုက်နဲ့တူတဲ့ဟာမျိုးနောက်ဝတ်ဆိုက်၇ှိ၇င်တင်ပေးပါနော်

***ဧကရီ***
သူလေးရေ.. မြန်မာသီချင်းလေးတွေရှာချင်ရင်တော့ ဂူဂဲ ကနေရှာလို့လည်းရပါတယ်..
နောက်တစ်ခု အလွယ်တစ်ကူ နားထောင်လို့လည်းရတယ်..Mp3 အနေနဲ့လည်း ပြန်ဒေါင်းလို့လည်းရတဲ့ 4shared ကနေ ရှာရင်လည်းရပါတယ်..
အရင်ဆုံး..http://www.4shared.com  ကိုသွားပါ။
နားထောင်ချင်တဲ့သီချင်းတွေကိုရှာဖွေနိုင်ပါတယ်..
ကိုယ်လိုချင်တာ Search  ကွက်ထဲကနေ ရိုက်ရှာလိုက်ရုံပါပဲ။။


မြန်မာသီချင်းတွေ ဒီကနေ ရှာရတာအဆင်မပြေရင်တော့..
အောက်ကလင့်ခ်လေးတွေထပ်ပေးလိုက်ပါတယ်။

(Free Download မြန်မာ MP3)

MMA Myanmar mp3

Ayinepan.com

Entertainment.shwehinthar.com

Myanmarsongs.net

Myanmarmp3.net

Myanmar-music.com

Innwa.com

(Eng သီချင်း sites)

Mp3.com

Airmp3.net

Yourmp3.net

Mp3-center.org

Emp3world.com

Muchmusic.net

Mp3nutz.com

Top1000mp3.net

Mp3fusion.net

Klarnet.net

Musicmp3.spb.ru

ဆက်ဖတ်ရန်

ထားခဲ့ပြီလား .....

20 Sep 11, 06:04 AM
kolay: ရတနာမိုင်ရဲ့ ထားခဲ့ပြီလား သီချင်းလေးရချင်ပါတယ် mediafire ကနေဒေါင်းလို့ရအောင်ဘယ်လိုလုပ်မလဲ ပြောပြပေးပါလား ကျေးဇူးတင်ပါတယ်ခင်ဗျား.



images?q=tbn:ANd9GcQ4XAgNeqIRLJD2Q-VRMAAKfgtgYjXRp29A8U6wU5MQgXuaY-F6xg

ကိုလေးတောင်းထားတဲ့ ထားခဲ့ပြီလား (ရတနာမိုင်) သီချင်းလေးပါ။

ထားခဲ့ပြီလား(ဒီမှာဒေါင်း)

Mediafire ကို ဘ​န်း​ထား​လို့ သီချ​င်း နှင့်ဆော့ဝဲလ်များ  စာအုပ်များကို download ချ​လို့​မ​ရ​သူများ အတွ​က်
mediafire မှ downloadလုပ်န​ည်းေ​လး​တ​င်ေ​ပး​လိုက်ပါ​တ​ယ်ရှင့်။
အောက်ကပေးထားတဲ့ software တွေကို အဆင်ပြေသလိုယူသုံကြည့်နိုင်ပါတယ်။

Guide (PDF)
mediafire
ifile
Download from MMA
Software
Firefox Setup 5.0
Flock Browser
Ultrasurf Proxy
Internet Download Manager (IDM)


နောက်တစ်နည်း။  ။
download link ကို file flyer နဲ့ ပြောင်းပြီးဆွဲနိုင်ပါတယ်။

mediafire သာမက Hotfile & Rapidshare link တွေကိုပါဆွဲလို့ ရပါတယ်။

အရင်ဆုံး http://www.fileflyer.com/filefetch/ ကိုသွားလိုက်ပါ။

ပြီးရင် Log In with Facebook လုပ်ပါ ပြီးရင်မိမိဆွဲချင်တဲ့ Link ကို ထည့်ပြီး file fetch ကိုနှိပ်ပါ။

 fileflyer link ပြန်ပေးလာပါလိမ့်မယ်ရှင့်။
အဆင်ပြေပါစေ။ ။
ဆက်ဖတ်ရန်

Seven Arhat (2010)




The Chinese version of Home Alone; this action comedy chronicles the antics of the seven mischievous young monks Do, Re, Mi, Fa, So, La and Si as they seek to outwit a group of grave robbers through entertaining tricks and kung fu.





password >>>  i-max.vn



ဆက်ဖတ်ရန်

Monday, September 19, 2011

ချစ်သူကို တရားဟောပါ ရဝေနွယ်(အင်းမ)

မြတ်စွာဘုရားလက်ထက်တော်က သားအမိနှစ်ယောက်ရှိပါတယ်။ သမီးရဲ့နာမည်က ကေသကာရီလို့ ခေါ်ပါတယ်။

   တစ်နေ့အိမ်တံခါးဝမှာထိုင်ပြီး သမီးကအမေ့ရဲ့ဦးခေါင်းမှာ သန်းရှာပေးနေပါတယ်။ အဲဒီအချိန်မှာပဲ ရဟန်းတော်တွေအများကြီး အိမ်ရှေ့က ဆွမ်းခံကြွသွားတာကို  မြင်လိုက်ရပါတယ်။ ဒီတော့ သမီးကေသကာရီက အမေလုပ်သူကိုမေးပါတယ်။


    "အမေ.. ဒီရဟန်းတွေဟာ ပထမအရွယ်ရုပ်ရည်အဆင်း လှလှပပရှိပါလျက်နဲ့ ဘာမှလည်း မပျက်ဆီးသေး ဘဲနဲ့ ဘာဖြစ်လို့ ရဟန်းပြုကြတာလဲ"

ဒီတော့ အမေလုပ်သူက ပြန်ပြောပြပါတယ်။


"သမီး.. မြတ်စွာဘုရားပွင့်နေတယ်။ မြတ်စွာဘုရားတရားနာကြားပြီးရဟန်းပြုကြတာ"


   သားအမိနှစ်ယောက် သန်းရှာရင်းစကားပြေနေတုန်းမှာပဲ သောတာပန်ဒကာတစ်ယောက် အိမ်တံခါးဝ ရောက်လာပါတယ်။ သားအမိနှစ်ယောက်ပြောတဲ့ စကားကိုလည်း ကြားသွားပါတယ်။


  အမေလုပ်သူက အိမ်ရှေ့ရောက်လာတဲ့သောတာပန်ဒကာကို "ဥပသကာကြီး… တစ်ခုမသိ လို့မေးပါရစေ။ အမျိုးကောင်းသားတွေ စည်းစိမ်တွေစွန့်၊ ဆွေမျိုး မိတ်ဆွေတွေစွန့်ပြီး မြတ်စွာဘုရား ထံမှာ ရဟန်းပြုကြတယ်။ ဘာအကျိုးကိုမြင်လို့ ရဟန်းပြုကြတာလဲ"လို့ ထပ်ဆင့်မေးကြည့် ပါတယ်။


    သောတာပန်ဒကာကလည်း " ကာမဂုဏ်ရဲ့အပြစ်ကိုမြင်လို့ ရဟန်းပြုကြတာပါ"လို့ ပြောပြ ပါတယ်။ သောတာပန်ဒကာကဆက်ပြီး သရဏဂုံနဲ့ငါးပါး သီလအကြောင်းကို ပြောပြပေးပြီး ကျင့်သုံးရင် ရမယ့်အကျိုးရလဒ်တွေကိုပါ ပြောပြပါတယ်။


     သောတာပန်ဒကာရဲ့စကားကြးရတော့ ကေသကာရီကစိတ်ဝင်စားသွားပြီး"သရဏဂုံနဲ့ ငါးပါးသီလကို ကျွန်မတို့မိန်းမသားတွေကျင့်သုံးရင်ကော သင်ပြောပြတဲ့ မျက်မှောက်တမလွန် အကျိုးတွေရနိုင်သလား"လို့ မေးလိုက်ပါတယ်။ သောတာပန်ဒကာကလည်း "သမီးရယ် ဒီတရား တွေဟာ လူသား အားလုံးနဲ့ဆိုင်ပါတယ်။ လူသားအားလုံးကျင့်ဖို့ဟောထားတာပါ"လို့ ပြန်ပြော ပြပါတယ်။


နောက်သောတာပန်ဒကာက ကေသကာရီကို သရဏဂုံနဲ့ငါးပါးသီလကို ကိုယ်တိုင်တိုင်ပေး ပါတယ်။


ကေသကာရီက ငါးပါးသီလကိုခံယူပြီးတော့ "ဥပသကာကြီးရယ် သရဏဂုံငါးပါးသီလထက် မြင့်တဲ့တရားရှိသေးလား"လို့ ဆက်မေးလာပြန်ပါတယ်။

ဒီအခါမှာတော့ သောတာပန်ဒကာက ကေသကာရီ တရားကိုတော်တော်စိတ်ဝင်စားနေပြီ ဆိုတာသိရသလို တရားပါရမီရှိသူဆိုတာလည်း သိလိုက်ပါတယ်။ ဒါကြောင့် တရားကို ဆက်ဟောပြပေးပါတယ်။


      "ရှိတာပေါ့၊ ချစ်သမီး သေချာနားထောင်ပါ။ ဆံပင်၊ မွေးညင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းချင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးဏှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ နှပ်၊ တံတွေး၊ အစေး၊ ကျင်ငယ်၊ အဲဒီ သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို အပြန်ပြန်အလှန်လှန်စီးဖြန်းပါ။ ဒီကနေတစ်ဆင့်တက်ပြီး အဆင်းဖြစ်ပျက်၊ အသံဖြစ်ပျက်၊ အနံ့ဖြစ်ပျက်၊ အရသာဖြစ်ပျက်၊ ကြမ်း ချော ဖြစ်ပျက်၊ တွန်းတိုးဖြစ်ပျက်၊ ပူအေးဖြစ်ပျက်၊ မြင်ဖြစ်ပျက်၊ ကြားဖြစ်ပျက်၊ နံဖြစ်ပျက်၊ လျက်ဖြစ်ပျက်၊ တွေ့ထိဖြစ်ပျက်၊ ဖြစ်ပျက်ဖြစ်ပျက် အဲဒီလိုနှလုံးသွင်းပါ"လို့ သုံးဆယ့်နှစ်ကောဋ္ဌာသကမ္မဋ္ဌာန်းနဲ့ ဖြစ်ပျက်ကမ္မဋ္ဌာန်း ကို သေချာဟောပြပေးပြီး ပြန်သွားပါတယ်။


   ကေသကာရီလည်း သောတာပန်ဒကာဟောပြပေးခဲ့တဲ့ကမ္မဋ္ဌာန်းကို နေ့စဉ်ပွါးများအားထုတ် လိုက်တာ မကြာမီကာလမှာပဲ သောတာပန် တည်သွားပါတယ်။


လူ့ပြည်မှာသက်တမ်းစေ့နေပြီး ကွယ်လွန်တော့တာဝတိံသာနတ်ပြည်မှာ နတ်သမီးအခြံ အရံ တစ်သိန်းနဲ့ သိကြားမင်းရဲ့မိဖုရားငယ်ဖြစ်သွားရပါတယ်။

(ဝိမာနဝတ္ထုအဋ္ဌကထာ၊ကေသကာရီဝတ္ထု)


   တရားဟောတယ်လို့ပြောလိုက်ရင် ရဟန်းကလူကိုဟောတာကိုပဲ ပြေးပြေးမြင်လေ့ရှိပါတယ်။ ဒီဝတ္ထုလေး မှာတော့ လူအချင်းချင်းပဲဟော လိုက်လို့ ကေသကာရီ သောတာပန်တည် သွားတာပါ။ လူထောင်သောင်းပရိသတ်ကိုဟောမှရယ်မဟုတ်ပါဘူး၊ တစ်နာရီ နှစ်နာရီဟောမှရယ် လည်း မဟုတ်ပါဘူး။ လူအချင်းချင်းတစ်ယောက်တည်းကိုဟောလည်း တရားကတရားပါပဲ။ အလှူတကာ့အလှူတွေထဲမှာ တရားအလှူဟာအမြတ်ဆုံးဆိုတာ အားလုံးသိပါတယ်။


တရားအလှူပေးလှူလိုက်တာဟာ အမတဒါန=နိဗ္ဗာန်အလှူကိုပေးလှူလိုက်တာပါ။ ဒီတော့ ကိုယ့်မိတ်ဆွေကို ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် ကိုယ့်သိသလောက်လေး ပြောပြပေးလိုက်ရင်လည်း အမတဒါန=နိဗ္ဗာန်အလှူကို ပေးလှူလိုက်တာပါပဲ။


    တရားဟောပြီးတဲ့အခါ "ဘုရားတပည့်တော်ဟောပြောပေးရသော ကုသိုလ်ကောင်းမှု အဖို့ဘာဂသည် နိဗ္ဗာန်၏အထောက်အပံ့ဖြစ်ပါစေ။ ဘုရားတပည့်တော်ဟောပြတဲ့တရားလေးကို နာကြားပြီး တရားအသိလေးတွေ ရသွားကြပါစေ။ ရသည့်အားလျော်စွာ ကျင့်နိုင်ကြပါစေ၊ ကျင့်နိုင် သည့်အားလျော်စွာ မဂ်ဖိုလ် နိဗ္ဗာန်ရဲ့ အထောက်အပံ့ ကောင်းတွေရသွားကြပါစေ"လို့ မေတ္တာပို့ ပေးလိုက်ရမှာပါ။ အထူးသဖြင့်တရားဟောပြီးတိုင်း နိဗ္ဗာန်ကိုဆုတောင်းတဲ့အလေ့လေးကိုထုံထားရမှာပါ။  ဒါဆိုကိုယ်ဟောတဲ့တရားကို ပိုပြီးတန်ဖိုးထားသွားမှာပါ။ "ငါပြုတဲ့ကုသိုလ်ဟာ ပေါ့ပေါ့ တန်တန်မဟုတ်ဘူး။ နိဗ္ဗာန်အထိဦးတည်နေတယ်"ဆိုပြီးကိုယ့်ကုသိုလ်အပေါ် အားရ ကျေနပ်နေတော့မှာပါ။


    ဒီလိုပါပဲ။ ကိုယ့်ခင်ပွန်းကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်ဇနီးကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်သားသမီးကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်မိဘကိုလည်းဟောပြပေးရမှာပါ။ ကိုယ့်ချစ်သူကိုလည်း  ကိုယ်သိသလောက် ဟောပြပေးရမှာပါ။  ချစ်သူသဘာဝ သံယောဇဉ် အကြောင်း၊ မေတ္တာအကြောင်း၊ သီချင်းလေးတွေအကြောင်း၊ အိပ်မက်အကြောင်း၊ ပန်းလေးတွေအကြောင်း၊ ပစ္စည်းလေးတွေအကြောင်း စသည်ဖြင့်ပြောပြရမှာပါပဲ။ ဒီသံယောဇဉ်အကြောင်းတွေအပြင် တစ်ခါတလေ ကိုယ်သိသလောက် ကိုယ်လေ့လာထားသလောက် တရား စကားလေးတွေလည်း ပြောပြပေးရမှာပါ။ ဒါနအကြောင်း၊ သီလအကြောင်းတွေအပြင် ဒီကတစ်ဆင့်တက်ပြီး ဝိပဿနာရှုပုံအကြောင်းလေးတွေ လည်း ပြောပြပေးရမှာပါ။ အဲဒီလိုပြောပြပေးနေရင် ကိုယ့်ချစ်သူကို တရားအလှူပေးလှူနေတာပါပဲ။


   မွေးနေ့နီးလာလို့ ကိုယ့်ချစ်သူကကိုယ့်ကို "ဘာလိုချင်သလဲ"လို့မေးလာရင် "သောကြာ, စနေ, တနင်္ဂနွေ နှစ်ညအိပ်သုံးရက် တရားစခန်း ဝင်ပေးပါ"လို့ တောင်းလိုက်ရုံပါ။ ဒါဆိုသူ့အတွက် ရော ကိုယ့်အတွက်ရော အမြတ်ဆုံးကုသိုလ်တွေဖြစ်သွားတာပါ။


သုံးရက်ဆိုတော့ တရားစခန်းဝင်ပေးရမယ့် ကိုယ့်ချစ်သူအတွက်မခက်သလို သောကြာ စနေ တနင်္ဂနွေဆိုတော့ သောကြာညနေရုံးကအပြန် တရား စခန်းဝင်၊ တနင်္ဂနွေနေ့ခင်းပြန်ထွက်၊ ပြီးရင် ဘုရားကိုအတူတူသွား၊ ဘယ်လောက်ပျော်ဖို့ကောင်းသလဲ။


   ဘုရားမှာအတူတူပန်းကပ်၊ ပြီးတော့ ဘုရားပေါ်မှာတရားစခန်းကပြန်ထွက်လာတဲ့ချစ်သူက ကိုယ်နာခဲ့တဲ့ တရားလေးတွေ၊ အားထုတ်ခဲ့ရတဲ့တရား သဘောလေးတွေ ပြန်ပြောပြပေးပြီး ကိုယ်ဆောက်တည်ခဲ့ရတဲ့ သီလကုသိုလ်၊ ကိုယ်ပွားများအားထုတ်ခဲ့ရတဲ့ ဝိပဿနာဘာဝနာ ကုသိုလ်တွေကိုလည်း ကိုယ့်ချစ်သူကို အမျှပေးဝေလိုက်မယ်ဆိုရင်လည်း ချစ်သူရဲ့သာဓုခေါ်သံဟာ ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ အသာယာဆုံး အသံတစ်ခုဖြစ်နေတော့ မှာပါ။ ဒါတင်မကပါဘူး။ အမျှဝေသံ၊ သာဓုခေါ်သံတွေဟာ စည်းချက်ညီ "ပါရမီသံစဉ်" တစ်ခုအဖြစ် ဘဝအဆက်ဆက် တည်တံ့ပျံ့လွင့်နေတော့မှာပါ။


ကုသိုလ်ကောင်းမှုတွေအတူတူပြုခဲ့ရင် ဘဝအဆက်ဆက်ဆုံတွေ့ဦးမှာပါပဲ။ ဘဝအဆက် ဆက်ဆုံတွေ့တဲ့အခါ ကိုယ်လည်းတရားရှိဘို့လိုသလို ကိုယ့်ချစ်သူလည်းတရားရှိဘို့လိုပါတယ်။ နောက်ဘဝတွေမှာ ပြန်တော့ဆုံပါရဲ့ ကိုယ်ကတော့တရားရှိပြီး ကိုယ့်ချစ်သူကတရားမရှိရင်,မရှိခဲ့ရင် အဆင် မပြေလှပါဘူး။ ဥပမာ- ကိုယ့်ချစ်သူက"ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်"ဆို တဲ့အတိုင်း ဒေါသကြီးခဲ့လို့ ဒေါသကြီးနေလို့ ရုပ်ဆိုးအကျည်းတန်နေမယ်။


   နောက်- "ညှဉ်းဆဲသူကား၊ အနာများ၊ သနားကျန်းမာသည်"ဆိုတဲ့အတိုင်း ကိုယ့်ချစ်သူက သူတစ်ပါး,သူတစ်ပါးတွေကို ညှဉ်းဆဲခဲ့လို့ အနာရောဂါ ထူပြောနေမယ်ဆိုရင် ကိုယ်ပဲဆေးကုပေး နေရမှာပါ။ အကုသိုလ်ရဲ့ အကျိုးကို ကိုယ်ကမခံရပေမေယ့် ကိုယ့်ချစ်သူကိုကြည့်ပြီး ကိုယ်ပါစိတ် ဆင်းရဲ နေရတော့မှာပါ။ ဒီတော့ကိုယ်လည်းတရားရှိဘို့လိုသလို သူလည်းတရားရှိဘို့လိုပြန်ပါတယ်။


ဒါကြောင့်ကိုယ့်ချစ်သူလည်းတရားရှိဘို့ ကိုယ်ကကိုယ့်ချစ်သူကိုတရားဟောပေးရမှာပါ။ တော်နေကြာနောက်ဘဝ မှာ လေဖြတ်တဲ့ ချစ်သူနဲ့ပြန်ဆုံနေရင် ဘယ်လိုလုပ်မလဲ။ ဒီလိုပြန်ဆုံမယ် ဆိုရင်တော့ ကိုယ့်ဟာကိုတွေးသာကြည့်ပါတော့။ အမျှဝေသံ,သာဓုခေါ်သံလေးတွေဟာ သံယော ဇဉ်တွေကြားမှာ အခါအားလျှော်စွာကြားနေမှ နောက်ဘဝပါစိတ်အေးစိတ်ချရမှာပါ။ သတိထားပါ၊ လေဖြတ်တဲ့ချစ်သူနဲ့ပြန်ဆုံ နေမှာကို။


ဒီနေရာမှာအမျှဝေတာနဲ့ပတ်သက်ပြီး ပြောပြချင်ပါသေးတယ်။

အမျှဝေတဲ့နေရာမှာ ၁။ ဒါနပြုပြီးအမျှဝေတာရယ်၊ ၂။ သီလဆောက်တည်ပြီး အမျှဝေတာရယ်၊ ၃။ သမထဝိပဿနာပွါးများပြီးအမျှဝေတာရယ်ဆိုပြီး သုံးမျိုးရှိပါတယ်။


၁။ ဒါနပြုပြီးအမျှဝေရင် အမျှဝေတဲ့သူဟာ ဒါနကုသိုလ်ကိုထပ်မံရရှိပါတယ်။ လူတစ်ရာ သာဓုခေါ်ရင် ဒါနကုသိုလ်တစ်ရာထပ်မံရရှိပါတယ်။ လူတစ်ထောင်သာဓုခေါ်ရင် ဒါနကုသိုလ် တစ်ထောင်ထပ်မံရရှိပါတယ်။ သာဓုခေါ်ကြတဲ့လူတစ်ရာ ၊လူတစ်ထောင်တွေလည်းဒါနကုသိုလ် ကို ရကြပါတယ်။


၂။ သီလဆောက်တည်ပြီး သီလကုသိုလ်ကိုအမျှဝေရင် သီလကုသိုလ်ကိုထပ်မရတော့ပါဘူး။ ဒါနကုသိုလ်ကိုပဲရရှိပါတယ်။ သာဓုခေါ်တဲ့ပုဂ္ဂိုလ်တွေကျတော့ သီလကုသိုလ်မရကြပါဘူး။ ဒါနကုသိုလ်ကိုပဲ ရကြပါတယ်။


၃။ သမထဝိပဿနာပွါးများပြီးအမျှဝေရင် သမထဝိပဿနာကုသိုလ်တွေ ထပ်မရတော့ပါ ဘူး။ ဒါနကုသိုလ်ကိုပဲရပါတယ်။ သာဓုခေါ်တဲ့သူတွေလည်း သမထဝိပဿနာကုသိုလ်ကိုတော့ မရပါဘူး၊ ဒါနကုသိုလ်ကိုပဲရရှိပါတယ်။


အမျှဝေတာနဲ့ သာဓုခေါ်တာဟာ ဒါနထဲမှာပါပါတယ်။ ဒီသုံးမျိုးကို သဒ္ဓမ္မရံသီဆရာတော်ကြီး က မှတ်ရလွယ်အောင် ဆောင်ပုဒ်လေးစီပေးထားပါတယ်။

၁။ ဒါနဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။

၂။ သီလဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။

၃။ ဘာဝနာဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။

စိတ်ထဲမှာရှင်းကြရဲ့လားမသိပါဘူး။ မရှင်းသေးဘူးဆိုရင် ပုညကြိယဝတ္ထု(၁၀)ပါးကို အာရုံပြုကြည့် လိုက်ပါ။


ပုညကြိယာ ဝတ္ထု(၁၀)ပါး

၁။ဒါန=ပေးကမ်းလှူဒါန်းမှု၊  ၂။ သီလ=၅-ပါး ၊ ၈-ပါး၊ ၁၀-ပါးစသော သီလဆောက်တည်မှု၊ ၃။ ဘာဝနာ- ကမ္မဋ္ဌာန်းစီးဖြန်းမှု၊ ၄။ အပစာယန= အသက်သိက္ခာကြီးသူအား အရိုအသေပြုမှု၊ ၅။ ဝေယျာဝစ္စ= သူများကုသိုလ်ကိစ္စ၌ကူညီဆောင်ရွက်မှု၊ ၆။ပတ္တိဒါန= မိမိရသောကုသိုလ်အဖို့ကို အမျှဝေမှု၊ ၇။ ပတ္တာနုမောဒန= မိမိသို့ရောက်လာသောကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာသာဓု ခေါ်မှု၊ ၈။ ဓမ္မဿဝန=တရားနာမှု၊ ၉။ ဓမ္မဒေသနာ= လာဘ်လာဘကိုမငဲ့ဘဲ တရားဟောမှု၊ ၁၀။ ဒိဋ္ဌိဇုကမ္မ= အယူကိုဖြောင့်မတ်စွာပြုမှု။


ဒီ(၁၀)ပါးကို ဒါန- သီလ - ဘာဝနာထဲပြန်သွင်းပုံလင်္ကာလေးကို အရင်ကျက်ထားလိုက်ရ အောင်ပါ။


ဒါန၊ သီလာ၊ ဘာဝနာ သုံးဖြာစဉ်၍ခင်း။

စနှစ်ကိုလယ်၊ လယ်နှစ်ကိုစ၊ နောက်မှ နောက်ချင်းသွင်း။

ကဲ..ရပြီလား။ လင်္ကာကိုရှင်းပြရအောင်ပါ။ ပုညကြိယာဝတ္ထု(၁၀)ပါးကို သေချာပြန်ကြည့် ထားလိုက်ပါ။ တတ်နိုင်ရင် ခဲတံလေးနဲ့လိုက်တို့လိုက်ပါ။

ဒါန-သီလ-ဘာဝနာကို အစဉ်အတိုင်းထားလိုက်ပါတဲ့၊ အစဖြစ်တဲ့ အပစာယန၊ ဝေယျာဝစ္စ (၂)ပါးကို အလယ်ဖြစ်တဲ့သီလထဲမှာသွင်းလိုက်ပါတဲ့။

အလယ်ဖြစ်တဲ့ ပတ္တိဒါန၊ ပတ္တာနုမောဒန(၂)ပါးကို အစဖြစ်တဲ့ ဒါနထဲမှာသွင်းလိုက်ပါတဲ့။


နောက်ဖြစ်တဲ့ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ(၃)ပါးကို ဘာဝနာထဲမှာသွင်းလိုက်ပါတဲ့။

ဒီခွဲပြပုံလေးကိုအာရုံပြုလိုက်ရင် ဘာတွေဟာ ဘယ်ထဲမှာပါတယ်ဆိုတာ ခွဲခြားသိလို့ရပါပြီ။

အမျှဝေတာ၊ သာဓုခေါ်တာဟာဒါနထဲမှာပါတဲ့အတွက် ဒါနကုသိုလ်ပဲရတာပါ။

တရားနာတာ ၊တရားဟောတာကတော့ ဘာဝနာထဲမှာ ပါနေပါတယ်။


ဒါကိုထောက်ပြီး ကိုယ့်ချစ်သူကိုတရားဟောတာ၊ ကိုယ့်ချစ်သူဟောတဲ့တရားကိုနာတာ တွေဟာ ဘာဝနာထဲမှာပါနေပါတယ်။

အရိုအသေပေးတာ၊ ဝေယျာဝစ္စလုပ်တာတွေကတော့ သီလထဲမှာပါပါတယ်။


လိုရင်းကတော့ ကိုယ့်ချစ်သူ၊ ကိုယ်ချစ်တဲ့သူကိုတရားဟောတာဟာ အမတဒါန= နိဗ္ဗာန် အလှူ၊ အမြတ်ဆုံးအလှူကြီးကို ပေးလှူလိုက်တာပါပဲ။

အမေကိုချစ်တယ်၊ အဖေကိုချစ်တယ်၊ သားသမီးကိုချစ်တယ်၊ သူငယ်ချင်းကိုချစ်တယ်၊ မိတ်ဆွေကိုချစ်တယ်၊ ချစ်သူကိုချစ်တယ်ဆိုရင် တရားဟောရမှာပါ၊ တရားဟောရင်း အမြတ်ဆုံး ကုသိုလ်တွေယူရမှာပါပဲ။


မြတ်စွာဘုရားလက်ထက်တော်က ဝမာတာထေရီဆိုတာရှိပါတယ်။ သူလူ့ဘဝတုန်းက သူ့ရဲ့သားလေးရဲ့ နာမည်ကဝပါ။ ဝဆိုတာ  တိုးပွါးခြင်းလို့အဓိပ္ပါယ်ရပါတယ်။သားနာမည်ကို အစွဲပြုပြီး  "ဝမာတာ=တိုးပွါး အမေ"လို့ခေါ်ကြတာပါ။


ယောင်္ကျားဆုံးပြီးကာလတစ်ခုကြာတော့ ဘိက္ခုနီမဝတ်ပါတယ်၊ ဘိက္ခုနီမဝတ်တော့လည်း ဝမာတာထေရီ ရယ်လို့ခေါ်ဝေါထင်ရှားသွားပြန်ပါတယ်။ ကမ္မဋ္ဌာန်းကိုကြိုးစားအားထုတ်လိုက်တာ ရဟန္တာဖြစ် သွားပါတယ်။


   နောက်လူ့ဘဝမှာကျန်ခဲ့တဲ့သား"မောင်တိုးပွါး"ကိုခေါ်ပြီး ကိုရင်ဝတ်ပေးပါတယ်။ သားကိုရင် အသက် နှစ်ဆယ်ပြည့်ပြန်တော့လည်း ရဟန်းဘောင်ကို ပို့ဆောင်ပေးပြန်ပါတယ်။  သားရဟန်း ဝထေရ်ဟာ စာသင်ရင်း ပိဋကတ်သုံးပုံကိုကျွမ်းကျင်တတ်မြောက်သွားပါတယ်။ သားရဟန်းက တရားဟောပြန်တော့လည်း နာမည်ကျော် ဓမ္မကထိကတစ်ပါးဖြစ်သွားပြန်ပါတယ်။ နာမည်ကျော် စာတတ် ဓမ္မကထိကဖြစ်လာတော့ ကြည်ညိုသူတွေပေါပြီး လာဘ်လာဘတွေပေါချင်တိုင်းပေါနေ ပါတော့တယ်။ တရားဟောတာနဲ့ပဲ အချိန်ကုန်နေတဲ့အတွက် ဝိပဿနာတရား အားထုတ်မှုကို မလုပ်နိုင်ပါဘူး။ ဒါကိုမိခင်ထေရီမက မနှစ်သက်ပါဘူး။


တစ်နေ့မှာတော့ ဓမ္မကထိကသားရဟန်းဟာ မိခင်ဘိက္ခုနီမကျောင်းကို သင်္ကန်းမရုံဘဲကြွ လာပါတယ်။ ကျောင်းထဲရောက်တော့ မိခင်ထေရီမက တုတ်ကိုကိုင်ပြီး "အို…သားရဟန်း ဘာဖြစ်လို့သင်္ကန်းမရုံဘဲ ဘိက္ခုနီမကျောင်းကိုလာရတာလဲ သင့်အမူအယာကိုပြန်ကြည့်ပါဦး၊ တရားဟောတာ၊ ဂန္ထဓုရလုပ်တာနဲ့ပဲ အချိန်ပုပ်နေတယ်။ မာန်မာနကလည်းတက်ကြွနေသေးတယ်၊


  ရဟန်းတစ်ပါးတကယ်လုပ်ရမယ့်ဝိပဿနာဘာဝနာအလုပ်ကိုသာလုပ်ပါ။ ကိုယ်ဟန်ကြော့ကြော့မော့မော့နဲ့အမူအယာကိုပြင်ပါ"လို့ဆိုပြီး ခပ်တင်းတင်းလေး ပြောလိုက် ပါတော့တယ်။


သားရဟန်းလည်း မိခင်ထေရီမပြောစကားကြားရတော့ ချက်ချင်းသတိရပြီး "မိခင်.. ကျွန်ုပ်မှားပါပြီ၊ နောင်ဒီလိုအမူအယာတွေနဲ့မနေတော့ပါဘူး"လို့ ဝန်ခံကတိပေးလိုက်ပါတယ်။


သားရဟန်းသတိဝင်သွားတော့မိခင်ထေရီမကြီးက သားရဟန်းကို ဂါထာလေးတွေနဲ့ ထပ်မံဟောပြပေး ပြန်ပါတယ်။


သားရဟန်းဟာ မိခင်ကျောင်းကပြန်ခဲ့ပြီးတရားဟောမှုတွေကို လုံးဝရပ်လိုက်ပါတယ်။ မိခင် ဖြစ်စေချင်တဲ့ ဝိပဿနာဘာဝနာပွါးများမှုကိုပဲ ကြိုးစားအားထုတ် ပါတော့တယ်။ ပါရမီပါပြီးသား ဆိုတော့ မကြာမီ ကာလမှာပဲရဟန္တာဖြစ်သွားပါတော့တယ်။


ဇာတ်သိမ်းတော့ သားရဟန်းရော မိခင်ထေရီမကြီးရော အရတ္တဖိုလ်ကိုယ်စီရပြီး ပရိနိဗ္ဗာန်စံ သွားကြပါတယ်။


  ဇာတ်သိမ်းပိုင်းလေးကသိပ်လှတာပါ။ ဘယ်အချိန်ပြန်ဖတ်ဖတ်လှနေတာပါပဲ။ နောက်ဆုံးတော့ အားလုံးအားလုံးဟာ  ဒီအတိုင်းပဲဇာတ်သိမ်းကြဖို့ လိုရင်းပါ။ သံသရာ ဘယ်လောက်ရှည်ကြ ရဦးမယ်မသိပါဘူး။


   ဒီဝတ္ထုလေးမှာလည်းမိခင်က သားကိုတရားဟောတာပါ။ တရားဟောတဲ့နေရာမှာလည်း ရိုးရိုးဣနြေ္ဒရရထိုင်ပြီး ဟောတာတောင်မဟုတ်ပါဘူး။ တုတ်ကိုကိုင်ပြီးခပ်တင်းတင်းလေးဟော လိုက်တာပါ။


  ဒီသာဓကလေးတွေထောက်ပြီး သားအမိချင်း၊ ဇနီးမောင်နှံချင်း၊ ညီအစ်ကိုမောင်နှမချင်း၊ မိတ်ဆွေချင်း၊ ချစ်သူချင်းကိုယ်သိထားတဲ့ တရားလေးတွေကို ဟောပေးရမှာပါပဲ။ ဟောပေးရင် ကုသိုလ်တွေရနေတာပါပဲ။


   ဒီလိုပါပဲ။ ရဟန်းအချင်းချင်းလည်းဟောရမှာပါပဲ။ ကိုယ်ချစ်တဲ့ရဟန်း၊ ကိုယ်သံယောဇဉ်ရှိ ရှိတဲ့ရဟန်းကိုဟောရမှာပါပဲ။ စာတွေအခြေခံရှိပြီးသားဆိုတော့ ဟောသူရော နာသူရောပိုလို့ တောင်သဘောပေါက် လွယ်ဦးမှာပါ။ ချစ်တဲ့ရဟန်းအချင်းချင်းဟောမှလည်း ပိုပြီးလက်ခံ တာပါ။


   လိုရင်းကတော့တရားဟောပြီးတိုင်း "ဘုရားတပည့်တော်တရားဟောပြောရသော ကုသိုလ် ကောင်းမှုအဖို့ ဘာဂသည် နိဗ္ဗာန်၏အထောက်အပံ့ဖြစ်ပါစေ။ ဘုရားတပည့်တော်ဟောတဲ့တရား လေးကိုနာကြားပြီး ကို..ဘယ်သူ၊ မ…ဘယ်သူတရားအသိလေးတွေရသွားပါစေ။ ရသည့်အား လျှော်စွာကျင့်နိုင်ပါစေ။ ကျင့်နိုင်သည့်အားလျှော်စွာ မဂ်ဖိုလ်နိဗ္ဗာန်ရဲ့ အထောက်အပံ့ကောင်းတွေ ရသွားပါစေ"လို့ နိဗ္ဗာန်ကို ဆုတောင်းတာရယ်၊ မေတ္တာပို့တာရယ်ကို အလေ့အကျင့် အထုံလေး လုပ်ထားရမှာပါ။ ကိုယ့်ရဲ့တရားဟောပြောမှုဟာ နိဗ္ဗာန်ရဲ့ အထောက်အပံကောင်းတွေဆိုတာကို လည်း အထူးအာရုံပြုထားရမှာပါ။


ကိုယ်ချစ်တဲ့မိဘ၊ ကိုယ်ချစ်တဲ့သားသမီး၊ ကိုယ်ချစ်တဲ့ဇနီး၊ ကိုယ်ချစ်တဲ့ခင်ပွန်း၊ ကိုယ်ချစ်တဲ့ မိတ်ဆွေ၊ ကိုယ်ချစ်တဲ့သူငယ်ချင်း၊ ကိုယ်ချစ်တဲ့ချစ်သူကို ကိုယ်သိတဲ့တရားလေးတွေကို သိသလောက်ဟောလိုက်ဖို့ပါပဲ။


ဘဝမှာဘယ်သူကိုပဲချစ်ချစ်၊ ချစ်တဲ့သူကိုတရားဟောလိုက်ဖို့ပါပဲ ။ တရားဟောလိုက်ရင် အမြတ်ဆုံး ကုသိုလ်တွေဖြစ်သွားတာပါပဲလေ။

ရဝေနွယ်(အင်းမ)

ကျမ်းကိုး

၁။ ဝိမာနဝတ္ထုတော်ကြီး ။ မြို့မိဆရာတော်

၂။ အခြေပြုသဂြိုဟ်။ အရှင်ဇနကာဘိဝံသ

၃။ သိကောင်းစရာဓမ္မပဒေသာ (တတိယတွဲ)

သဒ္ဓမ္မရံသီရိပ်သာဆရာတော်

၎။ ထေရီအပဒါန်ဝတ္ထုတော်ကြီး။ အရှင်ဓမ္မဿာမီဘိဝံသ

ဆက်ဖတ်ရန်

“ထမင်းစားရင်း ပါရမီဖြည့်မယ်” (ရဝေနွယ်- အင်းမ)

Resized_Ywn%201.jpg

မြတ်စွာဘုရား လက်ထက်တော်က မထင်ရှားတဲ့ရဟန်းငယ်လေးတစ်ပါးရှိပါတယ်။ အညတရရဟန်းလေးလို့ပဲ ဆိုပါတော၊့ အဲဒီအညတရ ရဟန်းလေးဟာ ဖြစ်ပျက်ကမ္မဋ္ဌာန်းကို ကြိုးစားအားထုတ်နေပါတယ်။ တရားအားထုတ်နေတုန်းမှာပဲ နားကိုက်ဝေဒနာ ဖြစ်လာပါတယ်။ ဒါကြောင့် တရားအားထုတ်လို့မရတော့ပါဘူး။

 

  နားကိုက်ဝေဒနာကို ဆေးဆရာတွေပြပြီးကုပေမယ့် မပျောက်ပါဘူး။ နောက်ဆုံးတော့ အညတရ ရဟန်းငယ်က နားကိုက်ဝေဒနာ ခံစားနေရ တာကို  မြတ်စွာဘုရားကို သွားလျှောက်ပြပါတယ်။


   ဒီတော့မြတ်စွာဘုရားရှင်က ရဟန်းငယ်ဟာ ပုဇွန်ဆီနဲ့ချက်ထားတဲ့ ဆွမ်းဘောဇဉ်ကိုစားရင်သပ္ပါယဖြစ်ပြီး ဓာတ်စာဖြစ်မယ်ဆိုတာ သိတော်မူလို့ "ချစ်သား.. သင် မာဂဓလယ်ကွင်းထဲကို ဆွမ်းခံကြွပါ"လို့ မိန့်လိုက်ပါတယ်။ လယ်တောထဲဆိုတော့ ပုဇွန်လုံးပဲ ပေါတာပါ။


  အညတရရဟန်းကလည်း"ငါ့အတွက်ကောင်းကျိုးမြင်လို့မိန့်တာပဲ"လို့ နှလုံးသွင်း ပြီးကြွပါမယ်ဆိုတဲ့အကြောင်းဝန်ခံခဲ့ပါတယ်။
ဒီလိုနဲ့သပိတ်သင်္ကန်းကိုယူပြီး လယ်ကွင်းထဲကိုဆွမ်းခံထွက်ခဲ့ပါတယ်။ လယ်ကွင်းထဲရောက်တော့ လယ်စောင့်တဲတစ်ခုတွေ့တာနဲ့ တဲတံခါးဝမှာ ဆွမ်းခံရပ်လိုက် ပါတယ်။


  လယ်စောင့်ယောင်္ကျားကလည်း အဲဒီအချိန်မှာ ပုဇွန်ဆီနဲ့စီရင်ထားတဲ့ထမင်းကို ချက်ထားပြီးစပါ။ ဆွမ်းခံရဟန်းတော်ကိုမြင်တော့ တဲထဲကိုပင့်ပြီး အခင်းလေးတစ်ခုပေါ် မှာထိုင်စေပါတယ်။ ပြီးမှကိုယ်တိုင်ချက်ထားတဲ့ ပုဇွန်ဆီထမင်းကို သပိတ်ထဲလောင်း လိုက်ပါတယ်။


 အညတရရဟန်းဟာ ပုဇွန်ဆီဆွမ်းကို တစ်လုပ်နှစ်လုတ်စားလိုက်တာနဲ့တင် နားကိုက်ဝေဒနာဟာ အစာနဲ့ဆေး သပ္ပါယသင့်ပြီး ပျောက်သွား ပါတယ်။ ဝေဒနာပျောက်သွားတော့  ချက်ချင်းစိတ်ချမ်းသာသွားပါတယ်။ ဒါကြောင့် ဆွမ်းစားရင်းဖြစ်ပျက်ကမ္မဌာန်းကို နှလုံးသွင်းပါတယ်။ ဆွမ်းစားလို့ မပြီးခင်မှာဘဲ ရဟန္တာဖြစ်သွား ပါတော့တယ်။


  ဒီတော့.. အညတရရဟန်းဟာ လယ်စောင့်ဒကာကို "ဒကာ.. သင့်ရဲ့ဆွမ်း ဘောဇဉ်နဲ့ ငါ့ရဲ့ရောဂါဝေဒနာလည်းပျောက်သွားလို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်ရတယ်။ သင်လည်း ဒီကုသိုလ်ကြောင့် ဆင်းရဲမှလွတ်ကင်းပြီး ကိုယ်စိတ်ချမ်းသာဖြစ်လိမ့်မယ်"လို့ ပြောပြီး မိမိကျောင်းကိုပြန်ခဲ့ ပါတယ်။


   လယ်စောင့်ယောင်္ကျားလည်း သူလောင်းလှူလိုက်တဲ့ပုဇွန်ဆီထမင်းကုသိုလ်လေးကို နေ့တိုင်းအောက်မေ့နေပါတယ်။ ကွယ်လွန်တဲ့အခါမှာတော့ တာဝတိံသာနတ်ပြည်မှာ နတ်သားသွားဖြစ်ရပါတယ်။


  ထူးခြားတာကနတ်သားရဲ့ဗိမာန်တံခါးဝမှာ ကုသိုလ်သင်္ကေတဖြစ်တဲ့ ရွှေပုဇွန်လုံး ရုပ်ကြီးပါတွဲလျားချပေါ်နေပါတော့တယ်။  ထူးထူးခြားခြား ရွှေ ပုဇွန် ရုပ်ကြီးပေါ်နေတဲ့ အတွက်အားလုံးက "ရွှေပုဇွန်နတ်သား"လို့ပဲခေါ်ကြပါတော့သတဲ့။

                                                                                                                   (ဝိမာနဝတ္ထုအဋ္ဌကထာ၊ ကက္ကဋကရသဒါယကဝတ္ထု)

  လှူသူလည်းအကျိုးရှိ အလှူခံသူလည်းအကျိုးရှိနဲ့ ဖတ်ရတာကြည်နူးဖို့ ကောင်းတဲ့ဝတ္ထုလေးပါ။ လူတွေပြောပြောနေကြတဲ့ "မစားတတ်တော့ တဏှာ၊ စားတတ် တော့ဘာဝနာ"ဆိုတဲ့စကားလေးကို သာဓကပြသွားတဲ့ အညတရရဟန်းလေးရဲ့ ဘဝ ဖြစ်စဉ်လေးပါပဲ။


အညတရရဟန်းလေးဟာ လူလိုပြောရင်တော့ ထမင်းစားရင်းပဲ တရားအားထုတ်သွားတာပါ။ ထမင်းစားရင်းပဲ တရားထူးတရားမြတ်ရသွားတာပါ။ ဒါကိုထောက်ပြီး ထမင်းစားရင်းလည်းအားထုတ်လို့ ရတယ်ဆိုတာပါပဲ။


  ဒီနေရာမှာတစ်ခုသတိထားရမှာက နားကိုက်တော့စိတ်မချမ်းသာ, စိတ်မချမ်းသာ တော့ တရားအားထုတ်လို့မရဆိုတဲ့ ဆိုးကျိုးအဆင့်ဆင့်လေးကို အာရုံပြထားရပါမယ်။      စိတ်မချမ်းသာဘူးဆိုရင် တရားအားထုတ်ရတာလည်း  အဆင်မပြေတော့ပါဘူး။


  တရားအားမထုတ်ခင် စိတ်ဆင်းရဲစရာတွေရှိနေရင် ကြိုရှင်းထားလိုက်တာ အကောင်းဆုံးပါ။ တရားအားထုတ်နေတုန်း ဒီစိတ်ဆင်းရဲစရာကို ပဲတွေးနေမိရင် အားထုတ်ရတာအဆင်မပြေဖြစ်နေပါလိမ့်မယ်။


 အညတရ ရဟန်းလေးဟာ တရားအားထုတ်တာကို အနှောက်အယှက်ပေးနေတဲ့ နားကိုက်ဝေဒနာကိုအရင်ကုပစ်လိုက်တာပါ။ ရောဂါပျောက်ကင်း သွားတာနဲ့ တရားအားထုတ်ရတာလည်း အဆင်ပြေသွားတော့တာပါ။ ဆွမ်းစားရင်းတရားရသွားတာလေးကလည်း အတုယူစရာလေးပါပဲ။ လိုရင်းကတော့ထမင်းစားရင်းလည်း တရားအားထုတ်လို့ရတယ်ဆိုတာပါပဲ။


သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီးကရိပ်သာမှာ စားခြင်းသုံးမျိုးကိုမကြာခဏ ဟောပြလေ့ရှိပါတယ်။
စားခြင်းသုံးမျိုးကတော့..
၁။ သီလနဲ့စားခြင်း
၂။ သမထနဲ့စားခြင်း
၃။ ဝိပဿနာနဲ့စားခြင်းပါ။


   ဆွမ်းစားခါနီးမှာ "ဒီဆွမ်းဘောဇဉ်တွေကို မြူးတူးပျော်ပါးဖို့၊ အသားအရေလှပ တင့်တယ်ဖို့စားတာမဟုတ်ဘူး။ ကိုယ်ကာယအရှည်တည်တံ့ဖို့၊ မဂ်ဖိုလ်အကျင့်ကို ကျင့်နိုင်ဖို့၊ ဝိပဿနာတရားကိုကျင့်နိုင်ဖို့စားတာ"လို့ ဆင်ခြင်လိုက်ရင် ပစ္စယသန္နိဿိတ သီလဖြစ်သွားပါတယ်။ ဒါဆို သီလနဲ့ စားလိုက်တာပါ ၊သီလကုသိုလ်တွေရ သွားတာပါ။


  ရိပ်သာမှာတော့ "ဤသည့်စားဖွယ် အမယ်မယ်ကို"ဆိုပြီး စားကြတာပါ။ လိုရင်းကတော့ဆင်ခြင်ပြီးစားရင် သီလနဲ့စားတာပါ။ ဆင်ခြင် လိုက်တာလည်း ဘာမှမခက်ပါဘူး။ မိနစ်ပိုင်းလေးပဲရှိပါတယ်။


 ရိပ်သာမှာဆွမ်းစားခါနီးဆွမ်းအလှူရှင်တွေ၊ ဝေယျာဝစ္စကုသိုလ်ရှင်တွေကို  မေတ္တာပို့ပြီးမှစားကြပါတယ်။ မေတ္တာပွားတာဟာသမထထဲမှာပါတဲ့အတွက် သမထနဲ့ စားလိုက်တာပါ။


  အိမ်မှာတော့ ထမင်းဝိုင်းကိုကြည့်ပြီး "ဒီထမင်းဟင်းတွေရှာပေးတဲ့အဖေ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ၊ ဒီထမင်းဟင်းတွေချက်ပေးတဲ့အမေ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ"လို့ မေတ္တာပို့ပြီး စားလိုက်ရင် မေတ္တာကုသိုလ်တွေဖြစ်သွား တော့တာပါ။ မေတ္တာပွားပြီးစားတာဟာ သမထနဲ့စားလိုက်တာပါ။


  မေတ္တာပို့ပြီးစားရင် မိသားစုစားဝတ်နေရေးကိုရှာပေးနေတဲ့ မိဘတွေအပေါ်မှာလည်း  ပိုပြီးတန်ဖိုးထားတတ်သွားပါတယ်။ ထမင်းဟင်းတွေဖြစ်ဖို့ ရှာရတဲ့ ကိစ္စဟာ လွယ်ကူလှတဲ့ကိစ္စမဟုတ်ပါဘူး။ နေ့တိုင်းစားနေရတော့ တန်ဖိုးလည်း မထားမိတော့ပါဘူး။


  မေတ္တာပို့ပြီးစားတာ ဘာမှလည်းခက်လှတာမဟုတ်ပါဘူး။ တကယ့်လွယ်လွယ်လေးပါပဲ။ ကြားရတဲ့မိဘတွေမှာလည်း စိတ်ချမ်းသာ၊ ကိုယ်လည်းကုသိုလ်ရ၊ မုန့်ဖိုး တောင်းရတာလည်းအဆင်ပြေ အကုန်လုံးအဆင်ပြေမှုတွေချည်းပါပဲ။


  ကိုယ်ကလုပ်ငန်းရှင်ဆိုရင်လည်း "ဒီထမင်းဟင်းတွေဖြစ်အောင် ကျေးဇူးပြုသူ အားလုံးကိုယ်ဆင်းရဲကင်းကြပါစေ၊ စိတ်ဆင်းရဲကင်းကြ ပါစေ"စသည်ဖြင့် မေတ္တာပို့ရုံပါပဲ။


     ဒီထမင်းဟင်းတွေဖြစ်ဖို့ ကိုယ့်ကိုကျေးဇူးပြုနေတဲ့သူတွေကို ကိုယ်ပဲအသိဆုံးပါ။ ဒီတော့ ကျေးဇူးပြုသူတွေကို မေတ္တာပို့စားရမှာပါပဲ။
တတိယက ဝိပဿနာနဲ့စားတာပါ။ ဒါကတော့ မြတ်စွာဘုရားသဘောအကျဆုံး စားနည်းပါပဲ။


  ထမင်းစားပွဲထိုင်လိုက်တာနဲ့ ဟင်းခွက်ကိုကြည့်တော့ "ကြည့်တယ်"၊ မြင်တော့ "မြင်တယ်"၊ လှမ်းတော့ "လှမ်းတယ်"၊ ခပ်တော့ "ခပ်တယ်"၊ ယူတော့ "ယူတယ်"၊        
ပါးစပ်ဟတော့ "ဟတယ်"၊ ခွံ့တော့ "ခွံ့တယ်"။ ဝါးတော့ "ဝါးတယ်" စသည်ဖြင့် လိုက်မှတ်တာပါ။ အဲဒီလိုအမှတ်နဲ့စားတာဟာ ဝိပဿနာနဲ့ စားတာပါပဲ။


   ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီးက ထမင်းစားလို့ ဝါးတဲ့နေရာမှာ အထက်မေးနဲ့ အောက်မေးနှစ်ခုမှာ ဘယ်မေးက လှုပ်နေတာလဲလို့ မေးပါတယ်။ ရိုရိုသေသေသ ရှုမှတ်တဲ့ယောဂီတွေကတော့ အောက်မေးကလှုပ်နေတာဆိုတာ သိရပါတယ်။ အဲဒီ အောက်မေး လှူပ်နေတာလေးကိုပဲ မြန်မာဝေါဟာရအားဖြင့် "ဝါးတယ်၊ ဝါးတယ်"လို့ ရှုမှတ်ရတာပါ။


   တစ်နပ်စာအကုန်လိုက်မှတ်ဖို့ကတော့ မလွယ်ကူဘူးထင်ပါတယ်။ ဒါပေမယ့် ထမင်းအလုတ်သုံးဆယ်စားမယ်ဆိုရင် သုံးလုတ်လောက်တော့ မှတ်လိုက်နိုင်မယ်ဆိုရင် မဆိုးပါဘူး။ တစ်မှတ်ကို ကုသိုလ်တစ်ချက်နဲ့ တွက်ရင်လည်း မနည်းပါဘူး။


  ဧည့်ခံပွဲတွေ၊ ညစာစားပွဲတွေမှာလည်း နှစ်လုတ်သုံးလုတ်လောက်တော့ ရသလောက်မှတ်ကြည့်ရမှာပါပဲ။ ကိုယ်က ဝိပဿနာနဲ့စားနေတာကို ဘေးကလူလည်းမသိပါဘူး။ ထမင်းဝိုင်းမှာ အချင်းချင်းစကားပြောသံတွေကြားတော့လည်း "ကြားတယ်" "ကြားတယ်"လို့ မှတ်ရုံပါပဲ။


  အညတရရဟန်းလေးဟာ ဆွမ်းစားရင်းနဲ့ပဲ တရားအားထုတ်ပြီး တရားထူးတရားမြတ်ရသွားတာပါ။ ကိုယ်ကဒါကို အာရုံပြုထားရပါ မယ်။  နှစ်လုတ်သုံးလုတ်လောက် အမှတ်နဲ့စားတာကို နောက်ဘဝတွေအတွက် အထုံဓာတ်ပါသွားအောင် ပါရမီဖြည့် နေတယ်လို့ နှလုံး သွင်းထား လို့လည်းရပါမယ်။ ကောင်းတဲ့အထုံဓာတ်တွေဟာ တရားထူးရဖို့အတွက်လည်းအများကြီး အထောက်အပံ့ပေးတာပါ။ ထမင်းစားရင်း ပါရမီဖြည့် တယ်ပဲပြောပြော၊ ထမင်းစားရင်း တရားအားထုတ်တယ်ပဲပြောပြော စကားလေးကတော့ သိပ်ကြည်ညိုဖို့ကောင်းတာပါ။ ဘဝမှာ တရားလေးတွေနဲ့ ပျော်တာပဲ ကောင်းပါတယ်။


ဒီစားခြင်းသုံးမျိုးကို သဒ္ဓမ္မရံသီဆရာတော်ကြီးက မှတ်ရလွယ်အောင်ဆောင်ပုဒ် ကလေးတွေ စီပေးထားပါတယ်။
၁။ကျင့်နိုင်ဖို့ရာ၊ ဆင်ခြင်ကာ ၊ စားတာ သီလမည်။
၂။ မေတ္တာပွားကာ၊ စားသုံးတာ ၊မှန်စွာ သမထမည်။
၃။ စားသုံးမူရာ၊ ရှုမှတ်ကာ၊ စားတာ ဝိပဿ်မည်။


   ဒီနေရာမှာ ဦးဇင်းအရှင်ဆန္ဓာဓိကက စာရေးသူကိုသင်ပေးထားတဲ့ ဆွမ်းစား နည်းလေးကိုလည်း ဓမ္မဒါနပြန်မျှပါရစေဦး။
ဆွမ်းမစားခင်ဆွမ်းဝိုင်းတစ်ဝိုင်းလုံးကို "မြတ်စွာဘုရား.. ဤဆွမ်းဘောဇဉ်အချိုပွဲများကို ကပ်လှုပူဇော်ပါ၏ဘုရား ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် ဘုဉ်းပေးသုံးဆောင်တော်မူပါဘုရား"လို့ဆိုပြီးမြတ်စွာဘုရားကိုကပ်လိုက်ပါတဲ့။ စိတ်ထဲမှာလည်းမြတ်စွာဘုရား တကယ်ကြွလာပြီး ဘုဉ်းပေးနေတယ်လို့ အာရုံပြုထားပါတဲ့။


  မြတ်စွာဘုရားဘုဉ်ပေးနေတုန်းမှာ နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာန မေတံ၊ ဟေတုပစ္စယော၊ ဘုရားဂုဏ်တော် ၊မေတ္တာသုတ်(၇)မျိုး ရအောင် ရွတ်နေ လိုက်ပါတဲ့။ ပြီးမှ "မြတ်စွာဘုရား…ဘုဉ်းပေးပြီးပြီဖြစ်တဲ့အတွက် ဘုရားတပည့်တော်ကို ဆေးအဖြစ်ပြန်စွန့် တော်မူပါဘုရား"လို့ ဆိုပြီး စွန့်ပြီးစားလိုက်ပါတဲ့။ ဒါဆို ကိုယ့်အတွက် ဆွမ်းဒါနဖြစ်သွားပါတယ်တဲ့။


    ဒီနည်းလေးကိုယူပြီး ဆွမ်းမစားခင်မြတ်စွာဘုရားကို ကပ်ပြီးစားလိုက်ဖို့ပါ။ (၇)မျိုးမရွတ်နိုင်ရင်တောင် နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာနမေတံ ဒါမှမဟုတ် နမောတဿ၊ သရဏဂုံ၊ ဟေတုပစ္စယော ရွတ်နေလိုက်လည်းရပါတယ်။ တစ်ခုသတိထားရမှာက မွန်းတည့်ဆယ့်နှစ်နာရီနောက်ပိုင်းမှာတော့ ဘုရားကိုကပ်လို့ မရတော့ပါဘူး။  ကပ်ချင်ရင် ဆယ့်နှစ်နာရီရှေ့ပိုင်းပဲ ကပ်ရမှာပါ။


  ရှေးခေတ်ဆရာတော်ဘုရားကြီးတွေထေရုပ္ပတ္တိတွေဖတ်ရင် ဆရာတော်ဘုရား ကြီးတွေဟာဆွမ်းခံပြန်လာရင် သပိတ်လိုက် အဖုံးဖွင့်ပြီး မြတ်စွာ ဘုရားကိုကပ်ထားလိုက်တာပါ။ ဆွမ်းစားချိန်ကျမှစွန့်ပြီးစားကြတာပါ။ ဒီခေတ်မှာ ဦးဇင်းတချို့ဆိုလည်း ဘုရားမှာသပိတ် လိုက်ကပ်ပြီးမှ ဘုဉ်းပေးကြတာပါ။ မန္တလေးကဆရာတော်၊ ဦးဇင်း၊ ကိုရင်တချို့ဆိုလည်း မဟာမြတ်မုနိဘုရားကြီးကို သပိတ်လိုက်ကပ်ပြီးမှ ဘုဉ်းပေးတယ်လို့ တဆင့်ကြားဖူးပါတယ်။ မဟာမြတ်မုနိဘုရားကြီးကို သပိတ်လိုက်ကပ်လိုက်ရတာဆိုတော့ အာရုံပြုရတာပိုလို့တောင်ကောင်းဦးမှာပါ။ စပယ်ပန်းလေး ကပ်ရတာတောင် ကြည်နူးလို့မဆုံးဖြစ်ရတာပါ။


     ဘာပဲပြောပြောမြတ်စွာဘုရားကိုဆွမ်းကပ်ပြီးမှစားရင် ဒါနကုသိုလ်ဖြစ်သွားတာ တော့အမှန်ပါပဲ။ ဒါဆိုရင် ဒါနနဲ့စားလိုက်တာပါပဲ။
သဒ္ဓမ္မရံသီဆရာတော်ကြီးရဲ့ ဆောင်ပုဒ်အတိုင်းမှီးဆိုရရင်တော့..
"ဆွမ်းတော်ကပ်ကာ၊ စားသုံးတာ၊ စားတာဒါနမည်"လို့ ဆိုရပါလိမ့်ပါမယ်။


  ဒါဆိုထမင်းစားတာ ၁။ ဒါနနဲ့စားခြင်း၊ ၂။ သီလနဲ့စားခြင်း၊ ၃။ သမထနဲ့စားခြင်း၊ ၄။ ဝိပဿနာနဲ့စားခြင်းဆိုပြီး စားခြင်းလေးမျိုးဖြစ်သွားပါလိမ့်မယ်။
ထမင်းစားတိုင်းစားတိုင်း စားခြင်းလေးမျိုးပါအောင် နေ့တိုင်းစားနိုင်ရင်တော့ ကိုယ့်အတွက်ကုသိုလ်(၄)မျိုးရနေတော့တာပါ။ ဒါတင်မက ပါဘူး နောက်ဘဝတွေ အတွက်လည်း ပါရမီအထုံဓာတ်တွေပါသွားဦးမှာပါ။

 

   နောက်ဘဝကိုပါရမီအထုံဓါတ်တွေ များများပါသွားဖို့ အရေးကြီးပါတယ်။လယ်စောင့်ဒကာလေးက အညတရရဟန်းလေးကို ဆွမ်းတစ်နပ်ကပ်ပြီး နတ် ပြည်ရောက်သွားရတာပါ။ ကိုယ်ကစားခြင်းလေးမျိုးနဲ့ နေ့စဉ်စားနေမယ်ဆိုရင် ပါရမီအထုံဓာတ်တွေသာမက သုဂတိဘုံဘဝအတွက်လည်း အထောက်အပံ့ပေးနေမှာပါ။

 
  မြန်မာ့ရာဇဝင်မှာ နရသီဟပတေ့မင်းဟာ ဟင်းခွက်ပေါင်းသုံးရာပွဲတော်တည်ပါသတဲ့။ တရုတ်နဲ့စစ်ဖြစ်လို့ပြေးလွှားနေရတဲ့ကာလမှာ ဟင်းခွက် တစ်ရာ့ငါးဆယ်ပဲသုံး ဆောင်ရလို့ "ငါဆင်းရဲလိုက်တာ"လို့ ငိုငြီးပါသတဲ့။


       နရသီဟပတေ့မင်းကြီးမှာ သားတော် ဥဇနာ၊ ကျော်စွာ၊ သီဟသူ၊ သမီးတော် မိစောဦးတို့ရှိပါတယ်။ အမေချင်းတွေတော့ မတူကြပါဘူး။
နရသီဟပတေ့မင်းပွဲတော်တည်တဲ့အခါ ဥဇနာနဲ့ကျော်စွာကို ဝက်လက်ပေးပြီး သီဟသူကိုဝက်ပေါင်ပေးပါတယ်။ မကြာခဏပေးပါများလာတော့ သီဟသူရဲ့အမေ ရှင်မောက်က "သူများသားတွေကျတော့ ဝက်လက်ပေးတယ်၊ ငါ့သားကျတော့ ဝက်ပေါင်ပေးတယ်"ဆိုပြီး မကျေနပ်ပါဘူး။

    ဒါကြောင့်သီဟသူအမေ ရှင်မောက်က စားတော်ကဲ ကိုငွေသုံးဆယ်ပေးပြီး ကျော်စွာကို ဝက်ပေါင်ပေးဖို့၊ သူ့သားသီဟသူကို ဝက်လက်ပေးဖို့ လာဘ်ထိုးပါတယ်။


  ဒါကိုကျော်စွာ့အမေ ရှင်ပါးသိတော့မင်းကြီးကိုသွားတိုင်ပါတယ်။ နရသီဟပတေ့ မင်းဟာလူဘုံအလယ်မှာ မိဖုရားရှင်မောက်ကို "ဝက်လက်ခိုးမ"လို့ဆဲပြီး သားသီဟသူကိုလည်း "ဝက်လက်ခိုးမသား"လို့ ဆဲလိုက်ပါတယ်။ နရသီဟပတေ့မင်းဟာ သီဟသူကို စိတ်အလိုမကျတိုင်း "ဝက်လက်ခိုးမသား"လို့မကြာခဏဆဲရေးတတ်ပါတယ်တဲ့။

   ဒီတော့ သားတော်သီဟသူက အဖေအပေါ်စိတ်နာပြီး အညှိုးအတေးထားလိုက်ပါတယ်။တရုတ်နဲ့စစ်ဖြစ်လို့စစ်ပြေးရင်းပြည်ကိုရောက်တဲ့အခါ သားတော်သီဟသူက ရှေ့ ဆက်မသွားဖို့တားထားလိုက်ပါတယ်။ ပြီးတော့ အဆိပ်ခတ်ထားတဲ့ပွဲတော်အုပ်ကို ပေးပြီး"စားတော်ခေါ်ပါ"လို့ ဆက်သ ပါတယ်။ နရသီဟပတေ့မင်းဟာ အဆိပ်ပါမှန်း သိလို့မစားပါဘူး။ ဒီတော့ သားတော်သီဟသူက ရဲမက်သုံးရာလွှတ်ပြီး ဓားဖွေးဖွေးတွေ နဲ့မင်းကြီးဖောင်တော်ကိုဝိုင်းထားလိုက်ပါတယ်။


   နရသီဟပတေ့မင်းဟာ မိဖုရားဖွားစောကို"ဘာလုပ်ရမလဲ"လို့မေးပါတယ်။ မိဖုရားဖွားစောက"အရှင်မင်းကြီး.. ဓား လှံ လက်နက်တွေနဲ့ သွေးသံ တရဲရဲ သေရတာ ထက် အဆိပ်စားပြီးသေရတာကမြတ်ပါသေးတယ်"လို့ အကြံပေးပါတယ်။


   နရသီဟပတော့မင်းလည်း "ငါသည် နိဗ္ဗာန်မရသေးသရွေ့ သံသရာကျင်လည် ရသမျှဘဝတိုင်း သားယောင်္ကျားကို မရရပါလို၏"လို့ ဆုတောင်းသစ္စာပြု၊ ဝတ်ထားတဲ့လက်စွပ်တော်ကိုရေစက်ချပြီး မိဖုရားဖွားစောကိုပေးပါတယ်။ပြီးမှအဆိပ်ခတ်ထားတဲ့ ပွဲတော်အုပ်ကို စားပြီး သေသွားပါတယ်။ သေချိန်မှာသက်တော်ခြောက်ဆယ်လို့ ဆိုပါတယ်။


  ဒီသမိုင်းဖတ်ပြီး "သြော်"လို့ပဲ တလိုက်မိပါတော့တယ်။ ဝက်ပေါင်၊ ဝက်လက်အစားတစ်ခုကိုအကြောင်းပြုပြီး သားက အဖေကိုသတ်ရတဲ့အထိဖြစ်သွားရပါတယ်။ စိတ်ထဲမှာလည်းတွေးစရာတွေအများကြီးပါပဲ။ ဝက်ပေါင်နဲ့ဝက်လက်ဘာများထူး လို့လဲမသိပါဘူး။ ဘာမှလည်းထူးမယ်မထင်ပါဘူး။ ပြီးတော့အဖေလုပ်သူက သားသမီး တွေအပေါ်ပေးကမ်းတာဘာဖြစ်လို့မညီမျှရတာလဲ၊ ညီညီမျှမျှ ဝက်ပေါင် တစ်လှည့်၊ ဝက်လက်တစ်လှည့်စီပေးလိုက်ရင်လည်း ဒီပြဿနာဖြစ်ချင်မှဖြစ်မှာပါ။ မိဘဖြစ်သူ တွေအတွက်သတိထားစရာပါပဲ။  

     
   မိဘတွေအနေနဲ့ဘယ်ပစ္စည်းပဲပေးပေးသားသမီးတွေကို ညီညီမျှမျှပေးတာ အကောင်းဆုံးပါပဲ။ ဒါတင်မကပါဘူး "ဝက်လက်ခိုးမသား" ဆိုတဲ့ စကားတစ်ခွန်း ကြောင့်ပဲ သားလုပ်သူရဲ့အသတ်ကိုခံသွားရတယ်လို့လည်း ဆိုနိုင်ပါတယ်။ ပြောမယ့် စကား တစ်ခွန်းအတွက်လည်း သတိထားစရာ ပါပဲ။ ပြောတဲ့သူက မှတ်မထားပေမယ့် အပြောခံရတဲ့သူကတော့ မမေ့အောင်မှတ်ထားတော့တာပါ။


   အမေလုပ်သူကလည်း မချစ်တတ်တဲ့အချစ်နဲ့ချစ်မိလိုက်တာပါ။ မချစ်တတ်တာ ကလည်းခက်တာပါပဲ။ ချစ်တော့ချစ်တာပါပဲ၊ မချစ်တတ်တဲ့ အချစ်နဲ့ချစ်လိုက်တဲ့အတွက် သားဖြစ်သူကို ပဉ္စာနန္တရိယကံကြီးကို ကျူးလွန်ခိုင်းသလိုဖြစ်သွားရပါတယ်။ ဘယ်ဘက် ကကြည့်ကြည့် သံဝေဂယူ စရာတွေချည်းပါပဲ။


    တကယ်လို့များစာဖတ်သူတို့လိုစားခြင်းလေးမျိုးနဲ့သာ စားကြမယ်ဆိုရင် ဒီလို အဖြစ်ဆိုးကြီးကိုကြုံကြရမှာမဟုတ်ပါဘူး။သူများကိုသာပြောနေ ရတာပါ။ သံသရာမှာ ကိုယ်လည်းအမှားတွေကျူးလွန်ခဲ့ချင် ကျူးလွန်ခဲ့မှာပါ။ မသိနိုင်လို့သာပါ။ တွေးရင်လန့်စရာကြီးပါ။


   သတ္တဝါတွေဟာ အစာအဟာရကိုမှီပြီးအသက်ရှင်နေကြရတာပါ။ မစားလို့လည်း မရပါဘူး။ သတိကပ်ပြီးအစားကို တရားဖြစ်အောင်စားကြရမှာပါ။ ဒါဆိုရင် ထမင်း စားရင်းပါရမီဖြည့်နေတာပါပဲ။


ဘာပဲပြောပြော တစ်နေ့နှစ်ကြိမ်သုံးကြိမ် စားနေကြရတာဆိုတော့ စားခြင်းလေး မျိုးပါနိုင်သမျှပါအောင်ကြိုးစားပြီးစားကြည့်ဖို့ပါပဲလေ။


       ကျမ်းကိုး။   ။
၁။ သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး၏တရားစာအုပ်များ ။
၂။ ဝိမာနဝတ္ထုတော်ကြီး ၊ မြို့မိဆရာတော်။
၃။ ဦးကုလားမဟာရာဇဝင်ကြီး (ပထမအုပ်) စာမျက်နှာ ၂၄၂-မှ ၂၅၁) ။
၎။ လောကကြေးမုံ(လေးမြိုင်) ။

ဆက်ဖတ်ရန်