အကြင်နာနန်းတော် ၏ ရည်ရွယ်ချက်များ


မြန်မာ လူငယ်များအတွက်
၁။ အသုံးဝင်သော ဆော့(ဖ်)၀ဲ များ
၂။ နည်းပညာဆိုင်ရာ စာအုပ်များ (ကွန်ပျူတာ၊ ပရိုဂရမ်၊ ဓာတ်ပုံ နှင့် ဒီဇိုင်း၊ အင်တာနက်၊ အင်ဂျင်နီယာ)
၃။ ဘာသာရေး၊ တရားတော်ဆိုင်ရာ စာအုပ်များ၊ အသံဖိုင် နှင့် ဗီဒီယိုများ
၎။ ၀တ္ထု၊ ကဗျာ၊ ကာတွန်း၊ ဟာသ စာအုပ်များ
၅။ တေးသီချင်းများ (မြန်မာ၊ နိုင်ငံခြား)
၆။ ရုပ်ရှင် နှင့် ဗီဒီယိုများ (မြန်မာ၊ နိုင်ငံခြား)
၇။ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ဗဟုသုတနှင့်အကြံပြုချက်များ
၈။ သတင်း နှင့် အထွေထွေဗဟုသုတများ
၉။ ဂိမ်းများ
၁၀။ အလှအပ နှင့် ဖက်ရှင် ဆိုင်ရာ ဗဟုသုတ နှင့် အကြံပြုချက်များ
၁၁။ အသုံးဝင်သော ၀က်ဘ်ဆိုက် လိပ်စာများ
ကို မျှဝေပေးရန် ဖြစ်ပါသည်။



အကြင်နာနန်းတော် သို့ လာရောက်သူများအတွက် ပျော်ရွှင်မှု၊ ဗဟုသုတ နှင့် နည်းပညာ တစ်ခုခုတော့ ရရှိသွားစေရပါမည်။

စိတ်တူ၊ ကိုယ်တူ၊ ရည်မှန်းချက်ရှိသူ လူမှုအသိုင်းအ၀ိုင်း (Community) တစ်ခု ဖန်တီးသွားရန် နှင့် မြန်မာလူငယ်များ ပိုမို တိုးတက်အောင်မြင်အောင် အချင်းချင်း ပံ့ပိုးဆောင်ရွက် သွားကြရန် ရည်ရွယ်ပါသည်။


Flash သီချင်းများစုစည်းမှု

ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ် တခါထဲချစ်ချင်လို့ပါ ထူးဆန်းလွန်းတဲ့အချစ် ပြော ကြွေသူနှစ် ကောက်သူတစ်

မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင် သတိရရ-မရရ အဖြည့်ခံချစ်သူ တိတ်တခိုး နင်မလိုချင်လဲ လမ်းပျောက်ချိန် အလွမ်းကဗျာ အေးဆေးဖြစ်သွားပြီ မညာပါနဲ့ ချစ်သူလေး ညလေပြေ အိနြေ္ဒရှင်မလေး မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် လေပြေ၂ တဖက်သတ်အလွမ်း ဝေးပြီးတဲ့နောက် မနဲ့မောင် ချစ်တယ် ပြုံးလိုက်ပါ နှလုံးသားချင်းထိတွေ့ခဲ့တယ် ဖူးစာရှင် ဗုဒ္ဓမေတ္တာပန်း အိမ်မက်ရဲ့သမီးပျို မင်းမရှိတဲ့ကမ္ဘာ အလွမ်းသင့်ပန်းချီ ပျော်သလိုနေလိုက်တော့ စိတ်ကူးလွင်ပြင် အလွမ်းနိဂုံး မျှော်လင့်ခြင်းအဆုံး ဘ၀ရဲ့လမ်းများ နင်သိရဲ့လား အလွမ်းပြေအနမ်း၃ လရောင်ဆမ်းသောလမ်း တစ်ဖက်သက်အလွမ်း ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူ နားနားဘေးမှာ ပျံသန်းသွားတော့ ဟုတ်လို့လား Never Be Replaced ချစ်မိနေပြီ နိုးတစ်ဝက်အချစ် အချစ်အတွက်ကိုယ်စား ငါ့ရဲ့အနား ၂ ဝေးသွားတဲ့အခါ မီးအိမ်ရှင် ငါ့နေရာ Anywhere for you Justin Bieber(Baby) သီရိသူ ဒီဇင်ဘာည ဒီဇင်ဘာည၂ ငါမှားလားမင်းမှန်လား ဆေးကျောင်းသား တကယ်ဆိုရင် အမေ စွန့်လွှတ်ခက်သူ နင်စေရင် အနှိုင်းမဲ့ ရင်ဘတ်ထဲက အနိုင်မယူသူရဲ့အရှုံး ခိုးချစ်ရသူ နှလုံးသားအစီရင်ခံစာ ညီမလေးအတွက် မိုး(မျိုးကြီး) မိုး၂(မျိုးကြီး) ( 8.4 ) ချစ်တယ်ဟုတ် ကောင်မလေးတယောက်အကြောင်း ဖက်ထားမယ် LetMeKissU ချယ်ရီသက်သေ ဖိတ်စာ နွေအလွမ်း ယူလိုက် အဖေ့မေတ္တာ လက်ခံပေးပါ(မျိုးကြီး) HaHaLaGyiAh မမ အပျိုကြီး ညီမလေး SnowQueen လက်ခံပေးပါ(၂) HERO ( မေ ) မမြင်ကွယ်ရာ ဟိုအရင်လို ငါ့ကိုပြောပါ မျှော်လင့်ချက်မဲ့(မျိုးကြီး) ယုံကြည်ပေးပါ BellyDancer ယုံကြည်ပေးပါ(Remix) အဖြူရောင်လေးပါကွယ် ရင်ထည်းခိုနားလှည့်ပေါ့ကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါ ယုံကြည်ခြင်း၂ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ကမ္ဘာပျက်နေ့ နင့်ကိုငါအချစ်ဆုံး ကင်ဆာ အချစ်နဲပိုက်ဆံ နင်တစ်ယောက်တည်း သံစဉ်နဲ့ချော့သိပ်ခွင့် (မမ) ချစ်တယ်မရေ အချစ်မှတပါးအခြားမရှိပြီ တနေ့တော့ချစ်လာလိမ့်မည် အမေ့ မင်းအကြောင်းအိမ်မက် တန်ဆောင်တိုင်သီချင်း အလွမ်းနဲ့ရူးပြီ နှမြောတယ် သူလေး ကောင်းကင်ကအချစ်ငှက် ဆာဒါငဲယိုး ခိုနားရာ အိမ်မက်ကမ္ဘာ အလွမ်းဝင်္ကဘာ ပထမအနမ်းသီချင်း စကားလုံးတွေမလိုဘုး (နိဒါန်း) လေလွှင့်သူ အာဇာနည် ငါဆက်ချစ်မယ့်သူ ရုပ်သေးရုပ် မျှော်လင့်ချက်မဲ့ ဒီတစ်ခါမခွဲတော့ဘူး ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း) မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း) လက်ခံပေးပါ(၂)မျိုးကြီး မျိုးကြီး=အတိတ်ရဲ့နွေ Baby စပါယ် အမြဲတန်းယုံကြည်တယ် သူငယ်ချင်းသံယောဇဉ် မိန်းကလေးပါ ဒီဇင်ဘာည၂ ပြည့်စုံလွန်း အသိအမှတ်ပြုပါ ကြယ်ကြွေကောင်းကင် Congratulation ညီမလေး မကြင်နာလေသူသို့ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ နင်မသွားခင် နှမြောတယ် မျှော်လင့်မိတဲ့ငါ့နတ်သမီး လမ်းခွဲ နောက်ဆုံးပေါ့ Baby-(Mc Wai Lin) ရင်ထဲကလာတဲ့သီချင်း ကော်ရုပ်လေး လွမ်းဆွတ်ခွင့် ချစ်သူ-ရိန်မိုး ငါ့ရဲ့လမင်း(လေးဖြူ) ရင်ခုန်စရာရှုခင်း(မျိုးကြီး) ကိုယ့်ရဲ့ကွက်လပ် ဆု....ထံသို့ ခလေးလေး မ-အတွက်သီချင်း ယုံမှာလား ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး) မိုးသည်းချိန်မှာ Venus လမ်းဆုံး ပြန်လာပါ အလည်လွန်နှလုံးသား ဒို့ဝေးရာ ကျေးလက်တောတန်း အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် ခွင့်ပြုတယ်ခွင့်လွှတ်တယ် SaveTheAged ဆာဒါငဲယိုး၂ ပျော်တော်ဆက် ကောင်မလေး မင်းအချစ်ကြောင့် မလွမ်းဘဲမနေနိုင် မလှည့်စားနဲ့ အလွမ်းနေ့ရက်ရှည်များ ဒီအတိုင်းလေးဘဲချစ်နေမယ် အတောင်ပံပါရင်မင်းဆီကို TakeMeToYourHeart ထားအတွက် ကင်တင်းထဲကကွင်းလက်ချာ(အရိုး) ILoveYou ရာစုသစ်အလွမ်းသမား Rain Story (ပြည့်စုံ) မင်းနဲ့မှချစ်တတ်ပြီ အချစ်ဒါဏ်ရာ လွမ်းတယ်(မ)ရယ် မင်းနားလည်မှာ ချစ်သူရဲ့ပုံပြင်(အနွန်) (မ)အတွက်သီချင်း ကျောင်းပိတ်ရက်လေး ကျေးဇူးပဲမနက်ဖြန် ကောင်မလေး onelesslonelygirl ငါ့နေရာ "မ" အတွက်သီချင်း ကဗျာမမှီတဲ့အချစ်

တို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin)
ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း

ချယ်ရီသက်သေ snow queen Ma Ma ဖိတ်စာ နွေအလွမ်း Ha Ha La Gyi Ah အပျိုကြီး ညီမလေး ပန်းချစ်သူ.....ဒို့လည်းလိုက်မယ် ယုံကြည်ပေးပါ Belly Dancer MyHappyEnding ယုံကြည်ပေးပါ(Remix) ရင်ထဲခိုနားလှည့်ပေါ့ကွယ် အဖြူေ၇ာင်လေးပါကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါငယ်ကျွမ်းဆွေ ကင်ဆာ ၀ိုင်းဆုရဲ့(လမ်းမကြီးရဲ့ဘေး) အရမ်းလွမ်းတယ်မရယ် မ..မ(၂) တပင်တည်းရင်ထဲကနွယ် တစ်စက္ကန့် နွေရာသီလမ်းခွဲ သခင့်ထံအပြေးပြန်လာမည် နူတ်ဆက်စကား မောင့်အရိုင်းပန်း ငယ်ဖော် အသည်းကွဲမြို့တော် VENUS Baby(Mc Wai Lin) ကြယ်ကြွေကောင်းကင် လမ်းဆုံ နှစ်သိမ့်တဲ့တေး သူစိမ်းတယောက်ပါ နှင်းဝေတဲ့ဆောင်း အလှစစ် ညို့မျက်ဝန်း နှလုံးသာရှာသူ လွမ်းတယ်(မ)ရယ်အသဲကွဲဒီဇင်ဘာ I Love U Baby၀ါရင့်သမ္ဘာရင့်(Old Service) Never Say Never


သီချင်းရပ်ချင်ရင် ဗီဒီယိုပေါ်မှာ Right Click-->Rewind. ဒေါင်းချင်ရင် သီချင်းအမည်ပေါ်မှာ Right Click, Save Link As ကိုနှိပ်ပါ။

Friday, November 11, 2011

ကိုးန၀င်း အဓိဌာန် ပုတီးစိတ်နည်း



တနလာၤ
အဂၤါ
ဗုဒၶဟူး
ၾကာသာပေတး
သောကြာ
စနေ
တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ပထမဆင့်
သမ္ဗာသမ္ဗုဒ္ဓေါ
() ပတ်
ဘဂ၀ါ ()ပတ်
သုဂတော
()ပတ်
သတ္တာဒေဝ
မနုဿာနံ
() ပတ်
လောက၀ိဓူ
() ပတ်
ဝိဇ္ဇာစရဏ သမ္ပန္နော
()ပတ်
အနုတ္တရော ပုရိသ ဓမ္မသာရထိ
()ပတ်
အရဟံ ()ပတ်
ဗုဒ္ဓေါ
()ပတ်
ဒုတိယဆင့်
()
()
()
()
()
()
()
()
()
တတိယဆင့်
()
()
()
()
()
()
()
()
()
စတုတ္တဆင့်
()
()
()
()
()
()
()
()
()
ပဉ္စမဆင့်
()
()
()
()
()
()
()
()
()
ဆဌမဆင့်
()
()
()
()
()
()
()
()
()
သတ္တမဆင့်
()
()
()
()
()
()
()
()
()
အဌမဆင့်
()
()
()
()
()
()
()
()
()
န၀မဆင့်
()
()
()
()
()
()
()
()
()
၁) အ၀ါရောင် ခြယ်ထားသောနေ့များသည် သက်သက်လွတ်စားရန်ဖြစ်ပါသည်။
၂) ပထမ အဆင့်မှ ဆက်၍ ကျန်နေ့များ ကို ရည်တွက်ရန်၊ (ဥပမာ ဒုတိယဆင့် အတွက်ဆိုလျင် ဗုဒ္ဓဟူးနေ့  ၊၀ိဇ္ဇာစရဏ သမ္ပန္နော၊ (၃) ပတ် ဖြစ်၍ ကြာသပတေးနေ့၊ ဘဂ၀ါ ၉ ပတ်တွင် ပြီးပါမည်။ တတိယဆင့် အတွက် သောကြာနေ့ ၊ သုဂတော ၄ပတ်တွင် စ၍ စနေနေ့၊ အရဟံ ၁ ပတ်တွင်ပြီးပါမည်။)
၃) တစ်ဆင့် အောင်မြင်တိုင်း လိုရာဆု တစ်ဆုကို လေးနက်စွာဆုတောင်းပါ။ တစ်ဆင့် နှင့် တစ်ဆင့်ကြား အကြားအလပ်မရှိ တစ်ဆက်တည်းဖြစ်ပါသည်။
ကြံတိုင်းအောင်၍ ဆောင်တိုင်းပေါက်ကြပါစေ။
ဆက်ဖတ်ရန်

ခန္ဓာဓမ္မစေတီ ပုတီးစိတ်နည်း


အဓိဌာန် ၀င်ခြင်းဖြင့်ဝါသနာပါသူအတွက် အကြင်နာနန်းတော်ကနေ ဓမ္မကုသိုလ်ယူပါရစေရှင့်..အားလုံးလိုအင်ဆန္ဒမှန်သမျှတောင်းတမိတိုင်း ပြည့်ဝအဆင်ပြေပြီး
ဆောင်တိုင်းမြှောက်လို့ စိတ်သွားတိုင်ကိုယ်ပါ.စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေရှင်..
ဆက်ဖတ်ရန်

Tuesday, November 8, 2011

securitales ကနေ ပိတ်ထားတဲ့ဆိုက်ဒ်တွေကျော်ကြည့်မယ်

အလုပ်တွေ ကျောင်းတွေနဲ့ မြန်မာပြည် မှာ ကြည့်မရအောင်ပိတ်ထားတဲ့ ဆိုက်ဒ်တွေကို ကျော်ကြည့်ဖို့
အောက်ကပေးထားတဲ့ လင့်ခ်လေးကိုကလစ်လိုက်ပါ။
https://www.securitales.com/

Sing up now ရဲ့အောက်က Try it for free! (FREE TRIAL ကို ကလစ်လိုက်ရင်ကျလာတဲ့ Home page
ထဲကဘယ်ဖက်အပေါ်နားက ..Now surfing: ရဲ့အောက်ကဘောက်ကွက်လေးထဲမှာ ကိုယ့်ကြည့်ချင်တာ
ရိုက်ထည့်လိုက်ရင်.. ဆိုက်ဒ်လေး ပွင့်လာပါလိမ့်မယ်..
ဒါအပြင်..အောက်ကပုံလေးမှာပါတဲ့သူဘေးနားက

Trial ends in 6 minutes and 58 seconds








ကိုယ်ကြည့်ချင်တာကိုလည်း ကလစ်ပြီး ကြည့်နိုင်ပါတယ်.။။

နောက်တစ်ခုကတော့ သူပေးကြည့်တာက (၁၀ မိနစ်ထဲရပါတယ်.) အပေါ်ကစာနီလေးမှာလို မိနစ်လေးက
ပြေးနေမှာပါ။လုံးဝမကြည့်ရတာနဲ့စာရင်တော့ တော်သေးတာပေါ့။

ဆယ်မိနစ်ပြည့်ပြီး သူဝင်ခိုင်းတဲ့ Email အကောင့်နဲ့
Password တောင်းလာပါမယ်..၀င်လည်းပဲ..ပုံထဲကလို အ၀ါရောင်စာတမ်းလေးပဲ
ထပ်မြင်ရမှာမို့..ဆယ်မိနစ်ပဲ ပေးတဲ့ ဒီဖရီးဆိုက်ဒ်
လေးနဲ့ ပိတ်ထားတာတွေ ခနလောက်ကြည့်ကြတာပေါ့
နော်....
ဆက်ဖတ်ရန်

Monday, November 7, 2011

Kaspersky Virus Removal Tool (AVPTool) 11.0.0.1245 Portable

Kaspersky Virus Removal Tool (AVPTool) 11.0.0.1245 Portable (04.11.2011) | 95.5 MB


ဒီ KVRT Portable လေးက စက်ထဲမှာ ရှိတဲ့ virus တွေကို ရှင်းပေးနိုင်ပါတယ်။



http://www.mirrorcreator.com/files/EKZKGHJL/
ဆက်ဖတ်ရန်

Saturday, November 5, 2011

"တန်ဆောင်မုန်းလပွဲတော်များ"



"တန်ဆောင်မုန်းလ"

တန်ဆောင်မုန်းလသည်. မြန်မာလများတွင် ရှစ်လမြောက်ဖြစ်ပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ကျရောက်သည်. . . ဤလတွင် "ကထိန်အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ကြာသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ သာမညဖလ အခါနေ့ပွဲတော် "တို့ကို ကျင်းပကြသည်.......။

"တန်ဆောင်မုန်းလပွဲတော်"

လှူကထိန်သင်္ကန်းနှင့်၊ မဂ်လမ်းတဲ့ ဆုပန်ရွယ်။

သည်ချိန်ကို ၀တ်မှုန်ကြဲလို့၊ ခ၀ဲရွှေညှာရင်းမှာ၊

သင်းရနံ့ကြွယ်။

ကောင်းကင်လယ်၊ ထက်ဝယ်ဘုံဦး။

ရွှေလစန္ဒာနှင့် ကြတ္တိကာ ကြယ်ရောင်စွန်းတယ်၊

ထွန်းထိန်လို့မြူး။


(ဘိုးသူတော်ဦးမင်း)

ငွေစန်းရယ်တဲ့၊ ပုဏ္ဏမီ။
ရွေကျီးညို တာရာနှင့်

ကြိတ္တိကာ ယှဉ်ပြိုင်လျှမ်းတယ်

ချမ်းစ ရာသီ။

လှူကထိန် ခါပွဲတော်ငယ်နှင့်

ခ၀ဲပွင့် ၀ါစီစီ

သာကြည်လဲံ မြူရှင်း။

လတန်ဆောင်မှာ

ကြွပြောင်ပြောင် အသရေ တင့်ပါဘိ

ရွှေမြင်းမိုရ် ၀ါထိန်ထိန်နှင့်

ခါအချိန် မြောက်လေ သွေးတယ်

အေးတဲ့ ငွေနှင်း။

တန်ဆောင်မုန်းလကို စန်းလသော်တာ ၀ိုင်းစက် ပြည့်ဝန်းသော လ၊ ကြိတ္တိကာနှင့် ယှဉ်၍ နက္ခတ်တာရာ အစုံအလင်တို့ဖြင့် တန်ဆာဆင်ယင်သော လ၊ ဟေမန္တ ဆောင်းကာလကို စတင် ချဉ်းနင်း ၀င်ရောက်သော လ၊ ကထိန်ပွဲတော်ကို ကျင်းပသော လ၊ ရာသီပန်းဖြစ်သော အ၀ါရောင် ခ၀ဲပန်းများ အစီအရီ ပွင့်လန်းသော လ၊ မြူတိမ်မီးခိုးတို့ ကင်းစင်ပြီး ကြည်ကြည်လင်လင် ကျက်သရေတင့်စွာ အဇဋာတစ်ခွင်လုံး ရှုမဆုံးသော လ၊ မြောက်လေ သွေးသဖြင့် အအေးဓာတ်ကို စတင် ခံစားရသော လဟု ကဗျာစာဆိုရှင်များက ဖွဲ့နွဲ့ စပ်ဆိုခဲ့ကြသည်။


ကထိန်ပွဲ ခေါ် ကထိန်သင်္ကန်းကပ်လှူပွဲတော်



ကထိန်ပွဲ ခေါ် ကထိန်သင်္ကန်းကပ်လှူပွဲ ဓလေ့ကို မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာ စတင်ရောက်ရှိသော ပုဂံခေတ်(ဘီစီ-၁၆၇-
၁၂၈၇) ကပင် အထူးတလည်ကျင်းပခဲ့ကြပါသည်။
ကထိန်ဟူသော ဝေါဟာရသည် ပါဠိဘာသာ
စကား“ကထိန” မှ ဆင်းသက်လာခဲ့သည်။“မြဲမြံခိုင်ခန့် ခြင်း” -ဟူသော အနက်ရှိပါသည်။မြတ်စွာဘုရား
ရှင်သည် ၀ါတော်(၃၇)၀ါ အကျော်တွင် ၊ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်
မူစဉ် ၊ ၀ါကျွတ်အခါ၌ ပါဝါမြို့ မှ လာရောက်ဖူးမြော်ကြသော ဘဒ္ဒ၀ဂ္ဂီ ညီနောင် ရဟန်းသုံးကျိပ်(ခေါ်)
ဓုတင်ဆောင် ရဟန်းတော်အပါး သုံးဆယ်တို့ ၏ သင်္ကန်းနှင့်ပတ်သက်သော ဆင်းရဲ့ ချို့ တဲ့မှုကို တွေ့ 
မြင်ရသဖြင့် ၊ ကထိန်ခင်း(ကထိန်ပြုလုပ်ကျင်းပခြင်း)ခွင့် ပြုတော်မူခဲ့ပါသည်။ရဟန်းတို့ ဝတ်ရုံအပ်သော
သင်္ကန်း(၃)ထည် ဖြစ်သည့် သင်းပိုင်(ခါးဝတ်) ၊ ဧကသီ(ကိုယ်ရုံ) နှင့် သင်္ကန်းကြီး(ကိုယ်ရုံ အထူ)တို့ 
တွင် ၊ မည်သည့် သင်္ကန်းနှင့်မဆို ကထိန်ခင်းနိုင်သည်။မြန်မာဗုဒ္ဓဘာသာဝင်တို့ သည် “ဘုရားမှာစိန်၊
ကျောင်းမှာသိမ် ၊ သင်္ကန်းမှာ ကထိန်”- ဟူ၍ ဆိုရိုးပြုကာ ၊ “ ကထိန်သင်္ကန်း ကပ်လှူခြင်း”-ကို အထွဋ်
အမြတ်ထားလေ့ ရှိကြပါသည်။
မြန်မာ့ရိုးရာ အလှူဒါနပွဲများတွင် ၊ ကထိန်သင်္ကန်း အလှူပွဲ သည် အကြီးကျယ်ဆုံးဖြစ်ပါသည်။မြို့ 
နယ်၊ ရပ်ကွက်၊ ကျေးရွာ ၊ အလုပ်ဌာန ၊စက်ရုံ ၊ကျောင်း စသည်တို့ အလိုက် ၊ ပုဂ္ဂလိကနှင့်နိုင်ငံတော်
အစိုးရ အဖွဲ့ အစည်းများအလိုက် ၊ ကထိန်သင်္ကန်းကပ်လှူပွဲ ကိုကြီးကျယ်ခမ်းနားစွာ ပြုလုပ်လေ့ရှိကြ
ပါသည်။ပဓာန ကထိန်လျာ(ကထိန်ခင်းမည့်)သင်္ကန်း (ခေါ်) ညတ်(သတ်မှတ်ထားသော)သင်္ကန်းနှင့် အခြား အရံလှူဖွယ် သင်္ကန်း ၊ ပစ္စည်း ၊၀တ္ထုမျိုးစုံတို့ ကို ပဒေသာပင် (ခေါ်) သစ်သားတိုင်စင်တစ်ခုတွင် စီရီချိတ်ဆွဲ၍ ၊ လှူဖွယ် ပဒေသာပင်ပေါင်းများစွာတို့ ကို စီတန်းလျက် ၊ မြို့ တွင်း ရွာတွင်း သို့ ဝမ်း
မြောက်ဖွယ် လှည့်လည်ကာ ၊ ကထိန်ကျရာ ကျောင်းတိုက်သို့  ပို့ ဆောင်လှူဒါန်းလေ့ရှိကြပါသည်။
နှစ်စဉ် ကထိန်အလှူပွဲများ ဖြစ်မြောက်နိုင်ရေးအတွက် ၊ နေရာဌာနအလိုက် ကထိန်တော်အသင်းများ
ဖွဲ့ စည်းထားကြသည်။
မိုးရေသည် မည်သူ၏ လုံ့ လ ပယောဂမျှမပါပဲ ကောင်းကင်မှ သူ့ အလိုလိုကျလာသကဲ့သို့ ၊ ဒါယ
ကာ -ဒါယိကာမတို့ ၏ ကိုယ်ပိုင်သဒ္ဓါတရားဖြင့် လှူဒါန်းလာသော ကထိန်သင်္ကန်းဖြင့် ၊ ရဟန်းတော်
များ သည် ၀ိနည်း ဓမ္မကံအရ သိမ်အတွင်း၌ ကထိန်ခင်းခြင်းကို ၊ “မိုးပေါ်ကျကထိန်”-ဟု တင်စားသုံး
နှုံးကြပါသည်။ကထိန်သင်္ကန်း အလှူခံရခြင်းဖြင့် ရဟန်းတော်များမှာ ကထိန်အာနိသင်(ခေါ်) ၀ိနည်း
ပြစ်ချမ်းသာခွင့် အကျိုး(၅)မျိုးတို့ ကို ၊ တပေါင်းလပြည့်နေ့ အထိ ရရှိခံစားနိုင်ကြရပါသည်။လှူဒါန်းသူ
တို့ တွင်လည်း
(၁)ဘေးရန်ကင်းစွာ ခရီးသွားလာနိုင်ခြင်း၊
(၂)လုပ်ငန်းကိစ္စများ လွယ်ကူပေါ့ပါးစွာ ဆောင်နိုင်ခြင်း၊
(၃) အစားအသောက်များမှ ဘေးရန်မကျရောက်ခြင်း ၊
(၄)သိုမှီးသိမ်းဆည်းထားသော

ပစ္စည်းဥစ္စာများ မပျက်မစီးနိုင်ခြင်း နှင့် ၊
(၅) မိမိကိုယ်ပိုင်ပစ္စည်းများကို အနှောက်အယှက်မဲ့ ကိုယ်တိုင်

သုံးစွဲနိုင်ခြင်းအကျိုး(၅)မျိုးကို ရရှိနိုင်ပါသည်။
ကထိန်သင်္ကန်းလှူဒါန်းနိုင်သောကာလမှာ သီတင်းကျွတ်

လပြည့်ကျော်(၁)ရက်နေ့ မှ တန်ဆောင်မုန်းလပြည့်နေ့ ညဉ့် ယံကုန်ဆုံးချိန်အထိ ၊(၂၉)ရက်အတွင်း
သာဖြစ်သည်။
မသိုးသင်္ကန်းရက်လှူပွဲ
တန်ဆောင်မုန်းလပြည့်နေ့  မှ နောက်တစ်ရက်မကူးမီအချိန်ထိ ယက်လုပ်ချုပ်ငင်ရသော
သင်္ကန်းကို “မသိုးသင်္ကန်း” -ဟုခေါ်ပါသည်။မြန်မာနိုင်ငံရှိ အထင်ကရစေတီတော်ကြီးများတွင် ၊နိုင်ငံ

တော်အစိုးရမှ ကြီးမှူးလျက် မသိုးသင်္ကန်းယက်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်ကာ ၊ ရရှိလာသော

သင်္ကန်းတော်ဖြင့် စေတီတော်မှရုပ်ပွားတော်မြတ် ဗုဒ္ဓဘုရားရှင်အား နေ့ မကူးမီ ပူဇေါ်လှူဒါန်းလေ့ရှိ

ကြပါသည်။အချို့ အရပ်ဒေသများတွင်မူ ၊ ပဒုမ္မာကြာပန်းမှ ကြာမျှင်များကို ထုတ်ယူ၍ ကြာသင်္ကန်း

တော် ယက်လုပ်ပြီး ဘုရားရှင်အား ကပ်လှူပူဇေါ်ကြပါသည်။ကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်း

အလေ့အထမှာ ၊ ဘုရားအလောင်းတော် တောထွက်တော်မူစဉ်အခါက ၊ ဗြဟ္မာကြီးက ကြာသင်္ကန်း

ဆက်ကပ်လှူဒါန်းခဲ့ခြင်းကို အကြောင်းပြု၍ ဖြစ်ပေါ်လာခဲ့ကြောင်း ဆိုကြပါသည်။

ပံ့သကူပစ်ပွဲတော်
ရှေးအခါက ဓုတင်ဆောင်ရဟန်းတော်များသည်၊ဒါယကာများ လှူဒါန်းသော သင်္ကန်းကို မ၀တ်ရုံပဲ၊

စွန့် ပစ်သည့် အမှိုက်ပုံ ၊သုဿန် -စသည်တို့ မှ ဖုံလူး ပေကျံနေသော အထည်စကို ၊သင်္ကန်းချုပ်ဆိုး

ဝတ်ရုံကြသည်။ထိုရဟန်းတော်များ သွားလာတတ်သောနေရာများ၌၊လူဒါယကာတို့ က သင်္ကန်းများ ကို

ဖုံလူးပေကျံဟန် စီမံ၍ ပစ်ထားလှူဒါန်းကာ ကုသိုလ်ယူကြသည်။ဤဓလေ့မှ“ ပံ့သုကူဝှက်ခြင်း”(ခေါ်)

“ပံ့သုကူပစ်ခြင်း”များ ဖြစ်ပေါ်လာခဲ့သည်။ယခုအခါ၌ ဘုရားဝင်းစသည်တို့ တွင် သွားရောက်ပစ်ချထား

၍ ၊“ပံ့ သုကူ အလှူဒါန” ကိုပြုလေ့ရှိကြသည်။လပြည့်နေ့ ညအခါတွင် ၊ပံ့သုကူပစ္စည်း အရှာထွက်သော ကလေး၊လူငယ်လူရွယ်တို့ ပေါများလှပါသည်။

ကြာသင်္ကန်းကပ်လှူပွဲတော်

အချို့ အရပ်ဒေသများတွင်မူ ၊ ပဒုမ္မာကြာပန်းမှ ကြာမျှင်များကို ထုတ်ယူ၍ ကြာသင်္ကန်း
တော် ယက်လုပ်ပြီး ဘုရားရှင်အား ကပ်လှူပူဇေါ်ကြပါသည်။ကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်း

အလေ့အထမှာ ၊ ဘုရားအလောင်းတော် တောထွက်တော်မူစဉ်အခါက ၊ ဗြဟ္မာကြီးက ကြာသင်္ကန်း

ဆက်ကပ်လှူဒါန်းခဲ့ခြင်းကို အကြောင်းပြု၍ ဖြစ်ပေါ်လာခဲ့ကြောင်း ဆိုကြပါသည်။



တန်ဆောင်တိုင်မီးထွန်းပွဲတော်


တန်ဆောင်မုန်းလကို ပုဂံခေတ်အခါက “တန်ဆောင်မှုန်” ဟူ၍ ရေးခဲ့ကြသည်။အင်းဝခေတ်(ဘီစီ-

၁၃၆၄-၁၅၅၅)မှစ၍၊ “တန်ဆောင်မုန်း” ဟု ရေးသားလာကြကြောင်း ဆိုကြပါသည်။အဓိပ္ပါယ်မှာ“မီးရှူး

မီးတိုင် ၊ဆီမီးများထွန်းလင်းစေသောလ (၀ါ) အမိုက်အမှောင်ကို မီးအလင်းရောင်ဖြင့် ပျောက်လွင့်စေ

သောလ” -ဟု ၊ဆိုလိုပါသည်။“တန်ဆောင်တိုင်”-ဟူသည် “အလင်းရောင်ကို ဆောင်ယူသောတိုင်(၀ါ)

မီးရှူးတိုင် ၊ အလင်းတိုင်” ကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
ရှေးသုတေသီတို့ အဆိုအရ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာ မထွန်းကားမီ တန်ဆောင်တိုင် ပွဲတော်ကို မီးနက္ခတ်နှင့် ဗိဿနိုးနတ်မင်းကြီးကို ပူဇော်သော ပွဲတော်မျှသာ ဖြစ်သည်ဟု ဆိုကြသည်။ ထိုနတ်မင်းကြီးသည် ၀ါဆိုလဆန်း ၁၂-ရက်နေ့မှ စတင်၍ အိပ်ရာဝင်ခဲ့ရာ တန်ဆောင်မုန်းလဆန်း ၁၂-နေ့ (၄-လတိုင်တိုင် အိပ်ပြီး) မှ နိုးထလာသည်ဟု အဆိုရှိသည်။ သို့ဖြစ်၍လည်း ရှေးက ဤလကို “နတ်နိုးလ” ဟု ခေါ်ကြသ! ည်။ နိုးထလာသည့် နတ်မင်းကြီးကို ဆီမီးတို့ဖြင့် ထွန်းညှိပူဇော်ခြင်း ဖြစ်သည်။ ဤအစဉ်အလာသည် ဟိန္ဒူဘာသာတို့၏ ထုံးတမ်းစဉ်လာ ဖြစ်ပုံ ရသည်။ အဘယ့်ကြောင့်ဆိုသော် ဒီပါဝလီ (သို့မဟုတ်) ဒီဝလီ (မီးထွန်း) ပွဲတော်ကို အိန္ဒိယတွင် ဤခတ္တိကာ (Kartika) လ၌သာ ကျင်းပနေဆဲ ဖြစ်သောကြောင့်တည်း။ အိန္ဒိယ၏ယဉ်ကျေးမှုကို လက်ခံရယူခဲ့သည့် မြန်မာတို့ကလည်း ဤထုံးတမ်းကို ဆက်လက် ကျင့်သုံးကြဟန် တူသည်။ သ!ို့သော် ဗုဒ္ဓဘာသာကို လက်ခံကျင့်သုံးပြီးနောက် ခေတ်ပြောင်း လာသည့်အလျှောက် မီးထွန်းခြင်း၏ အနှစ်သာရ အနည်းငယ် ပြောင်းလဲကောင်း ပြောင်းလဲ သွားပေလိမ့်မည်။ နတ်မင်းကြီးကို ပူဇော်မည့်အစား ဗုဒ္ဓမြတ်စွာကို ပြောင်းလဲ ပူဇော်လာကြခြင်း ဖြစ်တန်ရာသည်။
ဤအချိန်ကာလတွင် ရာသီဥတု ကြည်လင်သောကြောင့် ၊ လူအများတို့ 
သည် တောင်မြင့် ၊တောင်ထွတ် တို့ သို့ မီးတုတ်များ ၊ မီးတိုင်များ စုဝေးကိုင်ဆောင်ကာ တက်ရောက်
၍ ၊“တောင်ထိပ်ပွဲ” (ခေါ်)“ နက္ခတ်ပွဲ ”ကျင်းပလေ့ရှိခဲ့ကြပါသည်။“တောင်ထိပ်နတ်ပွဲသဘင်” ဟူ၍
လည်း ခေါ်ဆိုခဲ့ကြပါသည်။ဘုရားပွင့်တော်မူပြီးကာလတွင်မူ ၊ တာဝတိံသာနတ်ပြည်ရှိ ဘုရား

အလောင်းတော်၏ ဆံတော်ကိန်းဝပ်ရာ စူဠာမဏိစေတီတော် သို့ ရည်မှန်းလျက် ၊မီးပုံးပျံများ ကို ပုံပန်း

သဏ္ဍာန် အမျိုးမျိုးပြုလုပ်၍ ပို့ လွှတ်ပူဇေါ်လေ့ရှိကြပါသည်။ မြန်မာပြည်အထက်ပိုင်း ရှမ်းပြည်နယ်တွင်၊

“မီးပုံပျံလွှတ်ပူဇေါ်ပွဲများ ”ကြီးကျယ်ခမ်းနားစွာ ပြုလုပ်လေ့ရှိကြပါသည်။ မြစ်၊ချောင်း၊အင်း၊အိုင် နီးသော

အရပ်ဒေသများကမူ ၊ ဤလအခါတွင် “ရှင်ဥပဂုတ္တပူဇေါ်ပွဲ”ပြုလုပ်၍ ၊ ဆီမီးများကို ရေမျှောပူဇေါ်လေ့

ရှိကြပါသည်။ပိဋကကျမ်းစာများတွင် မပါဝင်သော်လည်း ၊တောင်ဖက်သမုဒ္ဒရာတွင် ကြေးပြာဿာဒ်(၀ါ)

ကြေးကျောင်းဆောင်တော်ဖြင့် သီတင်းသုံးစံနေတော်မူသည် -ဟု ၊ ယူဆယုံကြည်လျက် ရည်မှန်းပူဇေါ်

ကြခြင်းဖြစ်ပါသည်။

ဆေးပေါင်း ခသောည

တန်ဆောင်မုန်းလအခါတွင် ဆေးပင်အပေါင်းကို စေါင့်သောနတ်တို့ သည် မယ်ဇလီပင်စေါင့်နတ်

မင်းအား တစ်ညီတစ်ညွတ်တည်း လာရောက်ခစားကြသည်။မယ်ဇလီဖူးကို စားသုံးခဲ့သော် ၊(၉၆)ပါး

သော ရောဂါများကင်းရှင်း၍ ဘုန်းကြီးအသက်ရှည်နိုင်သည် ဟု ၊“သာရကောမုဒိ” ဆေးကျမ်း ကပြဆို

ပါသည်။ထို့ ကြောင့် ၊ မြန်မာ့ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့် အခါသမယတွင် ၊မယ်ဇ

လီဖူး ကိုအဆာစုံစွာသုပ်၍ မိသားစုဝင်များအားလုံးစားသုံးကာ ၊ ပတ်ဝန်းကျင် အိမ်နီးချင်းများအား

လည်း ၊ မယ်ဇလီဖူးသုပ်အထုပ်ငယ်များကို ဆေးဝါးအဖြစ်ပေးဝေလျက် ဒါနပြုလေ့ရှိကြပါသည်။နက္ခတ်၊

ကြယ်တာရာ စုံညီစွာပေါ်ထွန်းသောကြောင့် ၊ဆေးအာနိသင်များ နိုးကြွထက်မြက်စေ၍ “ဆေးပေါင်းခ

သည့်ည” -ဟုလည်း ၊ယုံကြည်ကြသည်။ဤညအခါ၌ ၊ခူး ဆွတ် တူးဖေါ်ရရှိသော ဆေးပင် ၊ဆေးရွက်၊

အမြစ် ၊ အဖု ၊အဥ တို့ ကို အထူးသိမ်းဆည်းထားကာ အလိုရှိရာအခါ၌ ၊အသုံးပြုကြသည်။လပြည့်နေ

ညဥ့်လယ် လမွန်းတည့်အချိန်၌ ၊ လရိပ်သည် ရေအပြင်ပေါ်ကျရောက်သောအခါ ၊ “လမွန်းတည့်ရေ”

ကို သောက်သုံး၍ ၊ဆေးအာနိသင်များပြည့်ဝလျက် ကျန်းမာရေးကို ကောင်းမွန်စေသည်-ဟု ယူဆကြ

သည်။ဤအခါ၌ ၊ လက်လှမ်းမီရာ ဆေးပင် ၊ဆေးရွက်တို့ ကို ခူးဆွတ်ကာစားသုံးလေ့ရှိကြသည်။


“ကျီးမနိုးပွဲ” (ခေါ်)“သူခိုးကြီးည”


တန်ဆောင်မုန်းလတွင် ထွက်ပေါ်သော“ကြတ္တိကာနက္ခတ်”ကို နက္ခတ်ပညာရှင်တို့ က၊ “စောရ

နက္ခတ်(ခေါ်) သူခိုး နက္ခတ်” ဟု ၊ဆိုလေ့ရှိကြသည်။ထို့ ကြောင့် လပြည့်နေ့ ညအခါတွင် “ကျီးမနိုးပွဲ”

(ခေါ်)“သူခိုးကာလ” အဖြစ် ကလေး ၊ လူငယ်များ ပျော်ရွှင်စွာ ဆော့မြူးလေ့ရှိကြသည်။တစ်ညလုံး

နံနက်ကျီးမနိုးမီတိုင်အောင်၊ အိမ်ရှင်မသိစေပဲ အလွယ်တစ်ကူ တွေ့ ရှိချီမနိုင်သောပစ္စည်းများကိုယူ၍

လမ်းမတွင် စုပုံထားခြင်း ၊ပုဆိုး ထမီ ရရာတို့ ကို အလံထူ၍ထားခြင်း စသည်တို့ ဖြင့် ၊နံနက်အခါ၌ လူ

ရယ်ဖွယ်ဖြစ်အောင် ဖန်တီးထားတတ်ကြသည်။တစ်ညနေခင်းလုံး အိမ်ပေါက်စေ့လိုက်ကာ အလှူငွေ

နှင့်စားစရာများ အလှူခံကြပြီး၊ တစ်ညခင်းလုံး ချက်ပြုပ်၊စားသောက်ကာ မြူတူး ပျော်ရွှင်ကြသည်။ငွေ

ကြေးပြည့်စုံသူတို့ ကမူ ၊ လပြည့်နေ့ ညတွင် “မခေါ်မုံ့ လုံး”(ခေါ်)မုံ့ လုံးရေပေါ်များကျွေးခြင်း၊ ကြက်

သားဆန်ပြုပ် တိုက်ကျွေးခြင်း ၊ မယ်ဇလီဖူးသုပ်ဝေခြင်းနှင့် ပိုက်ဆံကြဲခြင်း တို့ ကို ပြုကာ ၊ ကုသိုလ်

ယူလေ့ရှိကြသည်။


သာမညဖလ အခါနေ့ပွဲတော်



တန်ဆောင်မုန်း လပြည့်ညတွင် ဗုဒ္ဓမြတ်စွာ သမညဖလသုတ်ကို ဟောကြားခဲ့သဖြင့် သာမည ဖလ အခါတော်နေ့ဟုလည်း ဗုဒ္ဓဘာသာတို့က သတ်မှတ်ကြသည်။ သာမညဖလ အခါတော်နေ့ အကြောင်းကို ပြောရလျှင် လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ နီးပါးက အကြောင်းအရာ တစ်ရပ်ကို ပြောရပါမည်။ ဗုဒ္ဓမြတ်စွာ လက်ထက်တော်က ဖြစ်သည်။ ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်းသည် သာယာကြည်နူးဖွယ်ကောင်းသည့် တန်ဆောင်မုန်း လပြည့် ည၏အလ!ှအပကို ကြည့်ပြီး-
၁။ ရမဏီယာ ဝတ= မွေ့လျော်ဖွယ်ကောင်းသော ညပါတကား။
၂။ အဘိရူပါ ဝတ= အလွန်လှပသော ညပါတကား။
၃။ ဒဿနီယာ ဝတ = ရှုချင်စဖွယ်ကောင်းသော ညပါတကား။
၎။ ပါသာဒိကာ ဝတ=ကြည်လင်ရွှန်းပသော ညပါတကား။
၅။ လက္ခညာ ဝတ= မေ့မရနိုင်သော ညပါတကား - ဟု ရင်တွင်းဖြစ် စကားငါးခွန်းဖြင့် ထုတ်ဖော် ချီးမွမ်းတော်မူပါသည်။

အဇာတသတ်မင်းသည် ဖခမည်းတော် ဗိမ္ဗိသာရကို သတ်မိသည့် ကြီးလေးသော အပြစ်ကံကြောင့် ကြည်နူးသာယာဖွယ် အတိပြီးသည့် တန်ဆောင်မုန်း လပြည့်ည၏ အလှအပကို အပြည့်အ၀ မခံစားနိုင်ပါ။ ခမည်းတော်အပေါ် ကျူးလွန်မိသည့် အဖသတ်ကံ ဖြစ်ရပ်နောက်ပိုင်း ကျိန်းစက်လိုက်တိုင်း ထိတ်လန့် ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်က ခြောက်လှန့်နေသည်။ ကျုးလွန်ခဲ့သည့် မကောင်းမှု ဖြစ်ရပ်ဆိုးတွေကို တ၀ိုးတ၀ါး ပြန်မြင်ယောင်လေလေ ကျိန်းစက် မရလေလေ ဖြစ်သည်။ သို့ဖြင့် တန်ဆောင်မုန်း လပြည့်ညတွင် ညီလာခံတစ်ရပ် ခေါ်ယူလိုက်ပြီး မှူးမတ်ဗိုလ်ပါတို့အား အထက်ပါ စကားအတိုင်း မိန့်ကြားခဲ့သည်။

မင်းကြီး၏သဘောထားကို အကင်းပါကြသော မှူးမတ်ဟူးရာတို့က မင်းကြီးစကား၏ နောက်ကွယ်တွင် ဘာကို ဆိုလိုမှန်း သိလိုက်ကြသည်။ ထိုကြောင့်လည်း မိမိတို့၏ သက်ဆိုင်ရာ ဘာသာရေး ဂိုဏ်းဆရာကြီးများတို့၏ ဂုဏ်ကျေးဇူးတော်ကို အသီးအသီး ထုတ်ဖော် ချီးကျူးကာ လျှောက်တင်ကြသည်။ တစ်ဆက်တည်း ထိုဂိုဏ်းဆရာကြီးတို့ကို ချဉ်းကပ်ခြင်းဖြင့် မင်းကြီး ခံစားနေရသည့် ဝေဒနာဆိုး အိပ်မက်ဆိုးမှ နို!းထလာမည် အမှန်မသွေဟုလည်း အာမခံကြသည်။

အမတ်အများစု ထုတ်ဖော်ကြသည့် သူတို့ဂိုဏ်းဆရာများ၏ ဂုဏ်ကျေးဇူးကို အဇာတသတ်မင်း စိတ်ဝင်းစား၍ မရနိုင်။ ထင်ရှားကျော်ကြားနေသည့် ဆရာကြီးခြောက်ဆူဖြစ်သော ပူရဏကဿပ၊ မက္ခလိ ဂေါသာလ၊ ကေသကမ္ဗလ၊ ပကုဓ ကစ္စာယန၊ မဟာဝီရ၊ သဉ္စယ-တို့၏အကြောင်းကို မင်းကြီး ကောင်းစွာ သိနှင့်နေပြီ ဖြစ်သည်။ လတ်တလော ခံစားနေရသည့် သူ၏ ကုရာနနတ္ထိ ဆေးမရှိသည့် စိတ်ရောဂါကို ဤဆရာကြီးတို့က ပျောက်ကင်းအောင် ကုသနိုင်မှန်း စိတ်တွင်းမှနေ မင်းကြီး အလိုလို သိရှိနေသည်။ ထိုကြောင့်လည်း စိတ်ဝင်စား၍ မရနိုင် ဖြစ်နေသည်။

ဘာမှ လျှောက်ထားခြင်း မပြုသည့် ဇီဝကအမတ်ဘက်ကို မင်းကြီး လှည့်ကာ “ဘာကြောင့် တိတ်ဆိတ်နေသလဲ” ဟု မိန့်သည်။ ခွင့်ရလျှင်ရချင်း ဇီဝကအမတ်က မြတ်စွာဘုရား ရှိရာအရပ်ကို လက်အုပ်ချီ ကန်တော့ပြီးနောက် မင်းကြီးကို ဤသို့ လျှောက်တင်ခဲ့သည်-
“အရှင်မင်းကြီး ..ဘုန်းတော်ခြောက်ပါးနဲ့ ပြည့်စုံတော်မူတဲ့ ဗုဒ္ဓအရှင် ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ သရက်ဥယျာဉ်မှာ ရဟန်းတော် တစ်ထောင့်နှစ်ရာ့ငါးဆယ်နဲ့ အတူ သီတင်းသုံး နေတော်မူတယ်။ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ တရားတော်ဟာ အစ၊ အလယ်၊ အဆုံး ကောင်းခြင်း သုံးဖြာ၊ အင်္ဂါ ခြောက်သွယ်နဲ့ ပြည့်စုံတဲ့ တရားတော် ဖြစ်တယ်။ ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ ဖြောင့်မတ်ခြင်း စတဲ့ အင်္ဂါကိုးတန်၊ ငြိမ်းအေးသည့် နိဗ္ဗာန်နန်းကို အာရုံပြုတဲ့ ပုဂ္ဂိုလ်များ ဖြစ်တယ်။ ဗုဒ္ဓမြတ်စွာကိုသာ ချဉ်းကပ်ခွင့်ရပါမူ အရှင်မင်းကြီး ခံစားနေရတဲ့ ဝေဒနာများ သက်သာ ပျောက်ကင်းပါလိမ့်မယ်။ စိတ်ကြည်ရွှင် လာပါလိမ့်မယ်” ဟု လျှောက်တင်သည်။ ဗုဒ္ဓဟူသော စကားကို ကြားရရုံဖြင့် အဇာတသတ်မင်း၏ စိတ်တို့သည် လှုပ်ရှား လာသည်။ ဤပုဂ္ဂိုလ်ဆီသို့ သွားရန် သူ ဆုံးဖြတ်လိုက်သည်။

အဇာတသတ်မင်း ဘုရားရှင်ကို အဖူးအမျှော် သွားရောက်သည့် အချိန်ကား တန်ဆောင်မုန်းလပြည့် ညချမ်းချိန်ခါ ဖြစ်ပါသည်။ ထိုအချိန်တွင် မြတ်စွာဘုရားက ရာဇဂြိုဟ် မြို့နှင့် မနီးမဝေး သမားတော်ကြီး ဆရာဇီဝက လှူဒါန်းထားသည့် သရက်ဥယျာဉ်တွင် သီတင်းသုံးစဉ် ကာလ ဖြစ်သည်။

ဗုဒ္ဓဘုရား ရှိရာသို့ ဘုရင် ထွက်ခွါသည့်အခါ နန်းမြို့တော် အရှေ့ဘက် တံခါးမှ ထွက်ရသည်။ ဤတံခါးထွက်ပေါက်သည် တောင်ရိပ်နှင့် သစ်ပင် အရိပ်အ၀ါသများ ထူထပ်သဖြင့် လူသွားလမ်းပေါ် အမှောင်ရိပ် ကျရောက်နေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး မဟူရာရောင် အမှောင်ရိပ်တို့ကသာ ဖုံးအုပ် လွှမ်းခြုံးထားသည်။ ထိုကြောင့် ရဲမက်အပါအ၀င် လိုက်ပါသူတွေ အားလုံးတို့က မီးရှူး မီးတိုင်တို့ကို ထွန်းကာ ကိုင်ဆောင်၍ သွားရောက်ခဲ့ကြရသည်။ (ဤကို အကြောင်းပြု၍ တန်ဆောင်တိုင် ရောက်တိုင်း မီးထွန်းပွဲတော်ဖြင့် ဘုရားရှင်ကို ပူဇော်ပွဲ ကျင်းပသည့် အလေ့အထ စတင် ဖြစ်တည်ခဲ့သည်ဟု ဆိုကြပါသည်။)

ဘုရားရှင်က အဇာတသတ်မင်းနဲ့တကွ စုရုံး ရောက်လာကြသည့် ရာဇဂြိုဟ်၏ အထင်ကရ ပုဂ္ဂိုလ်နှင့် ပြည်သူ ပြည်သားတို့ကို သာမညဖလ သုတ္တန် ဒေသနာတော်ကို ဟောကြားတော် မူသည်။ အလွန်သာယာ လှပ၍ တောတောင်ရိပ်တို့ဖြင့် အေးချမ်း ဆိတ်ငြိမ်နေသည့် လပြည့်ညမှာ ဗုဒ္ဓ ဟောကြားသည့် ဤတရားတော်သည် နောင်တတစ်ဖန် ပူပန်မှုတွေဖြင့် ဆူပွက်လောင်မြိုက် နေသည့် အဇာတသတ်မင်း၏ နှလုံးသားကို အေးချမ်းသာယာမှု ဆောင်ကျဉ်း ပေးနိုင်စွမ်း ရှိခဲ့ပါသည်။

သာမညဖလသုတ္တန် တရားတော်သည် ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးကို ပေါ်လွင်အောင် ဟောကြားထားသည့် တရားတော် ဖြစ်သည်။ ဤတရားတော်သည် သုတ္တန္တပိဋကတ်၊ ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ္ဂ ပါဠိတော်မှ လာသော တရားတော် တစ်ပုဒ်ဖြစ်သည်။ သာမညဖလ (သာမည-ရဟန်း၊ ဖလ- အကျိုးကျေးဇူး) - ရဟန်းပြုသောသူတိုင်း ရဟန်းပြုခြင်းကြောင့် ရရှိခံစားရသည့် လက်ငင်း အကျိုးကျေးဇူးများ အကြောင်း ဖြစ်သည်။

ယင်းအကျိုးကျေးဇူးများမှာ-
၁။ မင်းခစားဘဝနှင့် မင်းပြစ် မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။
၂။ အခွန်ထမ်းဆောင်မှုမှ လွတ်ကင်းခြင်း အကျိုး။
၃။ ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။
၎။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက် ဒုက္ခ မှ ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း အကျိုး။
၅။ ပွဲလမ်းသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး၊ မကောင်းသော စကားအမျိုးမျိုးတို့မှ ရှောင်ကြဉ် သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္ဈိမသီလနှင့် ပြည့်စုံခြင်း အကျိုး။
၆။ နက္ခတ်ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ သီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်းအကျိုး။
၇။ ဣနြေ္ဒ ၆-ပါးတို့၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး။ (ဤသည်တို့ကား အခြေခံသီလများ ဖြစ်ကြပါသည်)။
၈။ သတိ နှင့် ပြည့်စုံခြင်း အကျိုး။
၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။
၁၀။ သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။
အခြေခံသီလ ၊သတိ၊ သမ္ပဇဉ် ၊ သန္တုဋ္ဌီ တရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အေက်ပါ အကျိုးများကို လက်တွေ့ ခံစား ရရှိနိုင်ပါသေးသည်။
၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး
၁၂။ ဈာန်တရား ရနိုင်ခြင်း အကျိုး
၁၃။ ဝိဇ္ဇာရှစ်ပါး နှင့် ပြည့်စုံ၍ မဂ် ဖိုလ် ရနိုင်ခြင်း အကျိုး-တို့ ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာ သူ့အတွက် ဟောကြားသည့် အခရာ အကျဆုံးမှာ- “မင်းကြီး အကြင်သူသည် အပြစ်ကို အပြစ်ဟု သိမြင်သဖြင့် အကြောင်းအားလျော်စွာ ကုစားသည်။ နောင်အခါ စောင့်စည်းသည်။ ထိုသူ၏ ကုစား စောင့်စည်းခြင်းသည် အရိယာ၏ ဝိနည်း အဆုံးအမ၌ ကြီးပွားခြင်းပင်တည်း” ဟု ဟောကြားချက် ဖြစ်သည်။ ဤမိန့်ဆိုချက်ကို ကြားနာပြီးနောက် မင်းကြီး၏ ပူပန်သောကစိတ်တို့သည် သက်သာရာကို ရစေခဲ့ပါသည်။ စိတ်ကိုကြည်လင် စေခဲ့ပါသည်။

ထိုအချိန်မှ စ၍ အဇာတသတ်မင်းသည် ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်လာသည်။ ဗုဒ္ဓကို လည်းကောင်း၊ ဗုဒ္ဓဟောကြား တရားဓမ္မကို လည်းကောင်း၊ ဗုဒ္ဓ၏တပည့်သာဝကတို့ကို လည်းကောင်း အကြည်ညိုဆုံး ပုထုဇဉ်မင်းတစ်ပါး ဖြစ်ခဲ့သည်။ ထိုကြောင့် ဗုဒ္ဓဘုရား (မရှိသည့်နောက်) ပရိနိဗ္ဗာန် စံပြီးနောက် ပထမသင်္ဂါယနာ တင်ပွဲကြီး ဖြစ်မြောက်အောင် သာသနာ့ ဒါယကာအဖြစ် ခံယူကာ သံဃာတော်တို့အား ကူညီခဲ့ပါသည်။ သံဃာတော်၏ ဂုဏ်တော်များကို မင်းကြီးက ခရေစေ့တွင်းကျ နားလည်သဘောပေါက်ထားသဖြင့် သူ့ဘ၀တစ်လျှောက်လုံး သံဃာ့ကို အလုပ်အကျွေး ပြုခြင်းဖြင့် ကုန်လွန်စေခဲ့ပါသည်။

သံဃာ့ဂုဏ်တော် (၉) ပါး ကဗျာ
(၁) ကျင့်ကောင်း (၈) ပါး၊
(၂) ဖြောင့်ငြားတသွယ်၊
(၃) ရည်ရွယ်နိဗ္ဗာန်၊
(၄) ရိုသေရန်နှင့်၊
(၅) လှူခံဆောင်ဝေး၊
(၆) ထိုက်သေးဧည့်ကောင်း၊
(၇) မြတ်လှူ လောင်း၍၊
(၈) အပေါင်း လက်ချီ၊
(၉) လယ်ကောင်းမည်၊ ကိုးလီ သံဃာ့ဂုဏ်။

ဤသို့ဖြင့် တန်ဆောင်မုန်းလသည် တန်ဆောင်တိုင် ပွဲတော် ကျင်းပရာလ အဖြစ်၊ ဆေးပေါင်း ခသောည အဖြစ်၊ မဟာသမယ အခါတော်နေ့ အဖြစ် ဖြစ်စဉ်အကျဉ်းကို တင်ပြလိုက်ရပါသည်။

ကျမ်းအကိုးအကား-
ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ္ဂ ပါဠိတော်
ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ္ဂ အဋ္ဌကထာ
မြန်မာ့ဆယ့်နှစ်လအကြောင်း၊ တန်ဆောင်မုန်းလ (မောင်ထင်)

http://shwekanma.blogspot.com/2009/11/blog-post.html
http://www.planet.com.mm
http://maydar-wii.blogspot.com/2007/11/blog-post_24.html
http://myanmartourism.com/festivals.htm
http://www.alankamon.net.

ဒီပို့စ်လေးကို ညချစ်သူ ဆိုတဲ့နာမည်နဲ့ နန်းတော် emailmeform ကနေ လူတစ်ယောက် ပို့ပေးလိုက်တာပါ။
အခုလို ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
နောက်လဲ ရေးသားပေးပို့နိုင်ပါတယ်။တကယ်လို့ နန်းတော်မှာ ပင်တိုင်စာရေးချင်တယ်ဆိုရင်လဲ အဆင်ပြေအောင်စီစဉ်ပေးပါမယ်ခင်ဗျာ။
တခြားစာရေးချင်သူများလဲ ရေးသားပေးပို့နိုင်ပါတယ်။ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
ဆက်ဖတ်ရန်