Tuesday, September 21, 2010
သင်္ကန်းကျွန်းမြို့နယ်နေ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး Chatting မှ ရီးစားရပြီး ချိန်းခေါ် အဓ္ဓမပြုကျင့်ခံရလို့ ရဲစခန်းတိုင်
သင်္ကန်းကျွန်း မြို့နယ်နေ အသက် ၂၀ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် Online Chatting မှတဆင့် ပုဇွန်တောင်မြို့နယ်နေ အသက် ၂၈ နှစ် အရွယ်ရှိ အမျိုးသားလေး တစ်ဦးနှင့်  ချစ်သူ ဖြစ်သွားကြပြီး အမျိုးသားလေး၏ ချိန်းဆို ကမ်းလှမ်းမှုအရ ၂၁.၈.၂၀၁၀ ရက်နေ့တွင် ချိန်းဆိုရာ ကန်တော်ကြီးစောင်းရှိ ကော်ဖီဆိုင်သို့ နေ့လည် ၁ နာရီအချိန်က သွားရောက် တွေ့ဆုံခဲ့ကြသည် ဟူ၏။
နှစ်ယောက်အတူ တွေ့ဆုံကြပြီး အအေးသောက်နေစဉ် အမျိုးသမီးလေးမှာ အအေးသောက်လက်စမှ မူးဝေ လာသဖြင့် အမျိုးသားလေးက အိမ်ပြန်ပို့ပေးမည် ဆိုပြီး မည်သည့်နေရာ ခေါ်သွားနေမှန်းမသိဘဲ လိုက်ပါသွားခဲ့သည် ဟူ၏။
အမူးပြေစဉ် သတိရလာသော အခါ တိုက်ခန်းကျဉ်း တစ်ခုအတွင်းရှိ အိပ်ယာပေါ်တွင် ခေါ်ဆောင်လာသူ အမျိုးသားလေးနှင့် အတူရှိနေပြီး သားမယားအဖြစ် ပြုကျင့်နေရာ ငြင်းဆန် ရုန်းကန်သော်လည်း ခေါင်းမူးသည်က တစ်ဖက်၊ အားချင်း မမျှသည်က တစ်ကြောင်း တို့ကြောင့် ရုန်းကန်ရင်းပင် မူးပြီး အိပ်ပျော် သွားခဲ့သည် ဟူ၏။
နောက်တစ်နေ့ နံနက် ၇ နာရီ အိပ်ယာနိုးချိန်ရောက်မှ သူမရောက်နေသော နေရာသည်  အမျိုးသားလေး၏ အိမ်မှန်း သိလိုက်ရပြီး သူမ၏ အိမ်သို့ ပြန်လာပြီး မိဘများကို ပြောပြသဖြင့် မိဘများက ၂၆.၈.၂၀၁၀ နေ့တွင် ပုဇွန်တောင် ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ကြောင်းနှင့် ရဲစခန်းမှ (ပ) ၂၆၄/၂၀၁၀ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်ပြီး ပြစ်မှု ကျူးလွန်သူ အမျိုးသားအား ဖမ်းဆီး စစ်ဆေးလျက် ရှိနေကြောင်း မှုခင်းသတင်း ဂျာနယ်အရ သိရသည်။
၂၀၁၃ ခုနှစ်တွင် နေ၏ စွမ်းအင်ဆိုင်ရာ ပေါက်ကွဲမှုများကြောင့် ကမ္ဘာကြီးကို ချိနဲ့စေတော့မည်ဟု သိပ္ပံပညာရှင်များက အတည်ပြု
လာမည့် ၃ နှစ်အတွင်း နေမှ ကြီးမားလှသော စွမ်းအင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံး ချိနဲ့ထိခိုက် ဆုံးရှုံးမှုများ ဖြစ်လာမည်ဟု မနေ့က သိပ္ပံပညာရှင်များက တရားဝင် ပြောကြားလိုက်ပြီ ဖြစ်ကြောင်း ဆန်းသတင်းစာအရ သိရသည်။
သိပ္ပံပညာရှင်များ စိုးရိမ်နေသည်မှာ ကြီးမားလှသော နေ၏ ဆိုလာ အ၀န်းအ၀ိုင်းကြီးသည် ၂၀၁၃ ခုနှစ်၌ ပျံကား ထွက်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို အဆုံးတိုင် ၀ရုန်းသုန်းကား ဖြစ်မှုများကို ပေါ်ပေါက်စေမည်ဟု ကြိုတင် ခန့်မှန်း ရခြင်းကြောင့် ဖြစ်သည်။ ရာစုနှစ် တစ်ခုအတွင်း ပေါ်ပေါက်ခဲလှသော သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်ပြီး စွမ်းအား ကြီးမားလှသော အာကာသ အတွင်းမှ ကျောက် အပိုင်းအပြတ်များ တစ်စစီ ကြွေမွ လွင့်ပျံလာခြင်းက ဂြိုလ်တု ဆက်သွယ်ရေး စနစ်များကို ထိခိုက် ပျက်စီးစေပြီး ကမ္ဘာမြေပြင် တစ်ခုလုံးကိုလည်း ပြောင်သလင်း ခါသွားလောက်သည်အထိ ထိခိုက်မှုများ ဖြစ်စေမည့် အပြင် အကျိုးဆက်အဖြစ် အစာရေစာများ ရှာပါးလာပြီး အင်တာနက် ဆက်သွယ်ရေးများသည်လည်း လုံးဝ ပြတ်တောက်သွားမည် ဖြစ်သည်။ 
လူနေအိမ်များနှင့် ဆက်စပ်ပြီး အိမ်သုံး ရေခဲ သတ္တာများနှင့် ကားများမှာ ထိခိုက်မှု အများဆုံး ဖြစ်လာနိုင်သည်။ ယခု ဖြစ်ပေါ်လာဖွယ် ရှိသည့် သဘာဝ ဘေးအန္တရာယ် ဆိုးကြီးမှာ ၁၈၅၉ ခုနှစ်က တစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးသည့် သဘောဝ ဘေးအန္တရာယ်ကြီးနှင့် ထပ်တူညီ ပုံစံမျိုး ဖြစ်လာမည်ဟု သုံးသပ်နေကြသည်။ ထိုစဉ်က မီးခိုးကြွက်လျောက် ပျက်စီးဆုံးရှုံးမှု အဖြစ် ဥရောပ နှင့် အမေရိကတို့ ဆက်သွယ်ထားသော တယ်လီဂရပ် ၀ါယာများမှ တဆင့် နီးစပ်ရာ ပတ်ဝန်းကျင်များကို လောင်ကျွမ်းပျက်စီး စေခဲ့ခြင်း ဖြစ်သည်။
အလားတူ သဘာဝ ဘေးအန္တရာယ် ကျရောက်မှု အဖြစ် ၂၀၁၂ ကမ္ဘာပျက်မည့်နေ့ ဟု အမည်ရသော ဟောလီးဝုဒ်၏ ဇာတ်ကားများထဲမှ မြင်ကွင်းများ ကဲ့သို့ပင် ကြုံတွေ့ရဖွယ် ရှိနေပြီး ကာကွယ်ရေးဌါန အတွင်းရေးမှူး Liam Fox က လန်ဒန်တွင် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးတစ်ရပ် မနေ့က ခေါ်ယူခဲ့သည်။
ဒေါက်တာ ဖေါက်စ်ကလည်း ၁၈၅၉ ခုနှစ်က ပေါက်ကွဲမှုများ၏ ဖြစ်စဉ်အတိုင်း ပြန်လည် ဖြစ်ပေါ်လာမည်ဟု အတည်ပြု ပြောကြား ခဲ့သည်။ ၄င်းက သိပ္ပံပညာရှင်များနှင့် စည်းဝေးပြီး ထပ်မံ ပေါ်ပေါက်လာဖွယ် ရှိသည့် သဘာဝ ဘေးအန္တရာယ်ကို ရင်ဆိုင် ဖြေရှင်းရန် မဟာဗျူဟာများကို စီမံကိန်းများအဖြစ် စတင် တည်ဆောက်မည် ဖြစ်သည်။
ကမ္ဘာမြေပေါ်တွင် ၁၈၅၉ ခုနှစ်က အကြီးမားဆုံး စွမ်းအင် ပေါက်ကွဲမှုအဖြစ် ကြုံတွေ့ခဲ့ဖူးပြီး ထိုစဉ်က ကမ္ဘာ၏ သုံးပုံနှစ်ပုံမှာ ကောင်းကင် တစ်ခုလုံးတွင် သွေးရောင် ကဲ့သို့ ချင်းချင်း နီသော မိုးသောက်ရောင်ခြည်များကို ဖုံးလွှမ်းခြင်း ခံခဲ့ရသည်။ အလားတူ ဖြစ်ရပ်မျိုး ယခုထပ်မံ ကြုံတွေ့ရမည် ဖြစ်ပြီး တိမ်တိုက်များမှာ မုန်တိုင်းများ ဖြစ်ပေါ်ရန် အတွက် အဓိက အားဖြည့် လောင်စာများ ဖြစ်လာမည် ဖြစ်သလို ၄င်းမုန်တိုင်းများ၏ အတိုက်ခိုက် အခံရဆုံးမှာ လန်ဒန်၊ ပဲရစ်စ် နှင့် နယူးယောက်တို့ ဖြစ်လာမည် ဟုလည်း သုံးသပ်နေကြသည်။ ယခုတစ်ကြိမ် ပေါ်ပေါက်လာမည့် စွမ်းအင် ပျံ့ကားမှုနှင့် အလားတူစွာ ၁၉၈၉ ခုနှစ်က အလွန် သေးငယ်သော စွမ်းအင် ပေါက်ကွဲမှုတစ်ခု ကနေဒါ နိုင်ငံရှိ Quebec လျပ်စစ် ဓါတ်အားရုံ အနီးတွင် ပေါ်ပေါက် ခဲ့ဖူးသည်။
၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည့်နေ့ ဟူသည့် ရုပ်ရှင်ဇာတ်လမ်းတွင် တစ်ကမ္ဘာလုံး အပူချိန် တိုးမြင့်လာခြင်းနှင့် အပူလှိုင်းသင့်မှုများ ဖြစ်လာမည်ဟု မင်းသား John Cusack က သရုပ်ဆောင် ထားခဲ့သည်။ ကမ္ဘာ ဂြိုလ်ကြီးသည်လည်း မြေငလျင် နှင့် လူသားတို့၏ မဆင်မချင်မှုများကြောင့် အကြိမ်ကြိမ် ထိခိုက်ဒဏ်ရာ ရမှုများ ကြုံတွေ့နေရသည်ဟု အဆိုပါ ဇာတ်ကားတွင် ထင်ရှားသော စကားအဖြစ် သုံးစွဲခဲ့သည်။
မနေ့က ကျင်းပခဲ့သော ကွန်းဖရန့်စ် တွင် ကြားနာခဲ့ရသမျှ အရ အာကာသ အတွင်း နူကလီးယားလက်နှက်များ ပေါက်ကွဲသည်နှင့် အလားသဏ္ဍန်တူသည့် အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်သည်အထိ ခန့်မှန်းနေကြကြောင်းလည်း ကြားသိခဲ့ရသည်။
Dr. Fox က ဖြည့်စွက် ပြောကြားခဲ့ရာတွင် "သိပ္ပံပညာရဲ့ အကျိုးကျေးဇူးနဲ့ ရှေ့ပြေးနေတဲ့ တီထွင်ကြံဆ မှုတွေက ကျွန်တော်တို့ အားလုံးရဲ့ သဘာဝ ရန်သူကြီးကို ကိစ္စတုံး နိုင်လောက်တဲ့ အခြေအနေ ရှိနိုင်ပါတယ်။ ဟု အားပေးစကားလည်း ပြောကြားခဲ့သည်။ 
လွန်ခဲ့သော ညက Dr. Fox က လျပ်စစ် ကောင်စီမှ အတွင်းရေးမှူးများနှင့် အရေးပေါ် အခြေအနေကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှုများကို အသေးစိတ် ဆွေးနွေး ခဲ့ကြသည်။ ယခင် အမေရိကန် အစိုးရ၏ ကာကွယ်ရေး အကြံပေး ပုဂ္ဂိုလ် Dr Avi Schnurr ကလည်း "မြေမျက်နှာ အသွင်အပြင် ဆိုင်ရာ သံလိုက်ဓါတ်များက ကမ္ဘာမြေကြီးကို လွှမ်းခြုံသွားပြီး အဆက်အသွယ် ဖြတ်တောက်လိုက်တဲ့ အချိန်အထိ ကျွန်တော်တို့ စောင့်နေလို့ မဖြစ်ဘဲ ရန်သူ အင်အား မကြီးမား လာခင်ကတည်းက ထိရောက်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်နေပါတယ် " ဟု သတိပေးစကား ပြောကြားခဲ့သည်။
ဖြစ်စဉ်အရ အဖိုးတန် ရတနာမိုးများလည်း ဖုံမှုန်များ အကြားမှ လွင့်ပျံလာနိုင်ပြီး ကမ္ဘာဂြိလ်ကြီးကို တောက်ပသည့် အခြေအနေ ဖြစ်လာနိုင်သည်ဟု ၄င်းက ခန့်မှန်းခဲ့သေးသည်။ စိန့်အန်ဒရူး တက္ကသိုလ်မှ အကြမ်းဖျင်း ခန့်မှန်းချက်များအရ လေထုအတွင်း အခြေအနေ ပြောင်းလဲမှုများသည် ဖုံမှုန့် တိမ်တိုက်များ ပေါ်ပေါက်စေပြီး အချို့နေရာများတွင် ပတ္တများနှင့် နီလာများ အပြည့် သွန်းချရန် အသင့်ဖြစ်နေကြမည့် တိမ်တိုက်များ ပေါ်ပေါက် လာနိုင်သည်ဟုလည်း ခန့်မှန်းနေသည်။
http://www.mmdailynews.com/ မှ ကူးယူဖော်ပြသည်။
AMS Software Photo Effects Studio 2.67 Portable
ဓာတ်ပုံတွင် effect ထည့်ချင်သူများအတွက်
ဒေါင်းရန်
ifile
ကိုယ်ယောင်ပျောက်နှင်းဆီ
ပါဝင်သူများ
မင်းမော်ကွန်း၊သက်မွန်မြင့်
ဒေါင်းရန် 
mirrorcreator
mediafire
ifile
zshare
ဓာရဏပရိတ်တော်( ပါဠိ-မြန်မာ)
ဓာရဏပရိတ် နိဿယ
၁။ ဗုဒ္ဓါနံ-ဘုရားရှင်တို့၏၊ ဇီဝိတဿ-အသက်တော်၏၊ အန္တရာယော-အန္တရာယ်ကို၊ ကေနစိ-တစုံတယောက်သောသူသည်၊ ကာတုံ-ပြုခြင်းငှာ၊ န သက္ကာ ယထာ-မတတ်ကောင်းသကဲ့သို့၊ တထာ-ထို့အတူ၊ မေ-ငါ၏၊ အန္တရာယော-အန္တရာယ်ကို၊ ကေနစိ-တစုံတယောက်သောသူသည်၊ ကာတုံ-ပြုခြင်းငှာ၊ န သက္ကာ-မတတ်ကောင်းသည်၊ ဟောတု-ဖြစ်ပါစေသတည်း။
၂။ ဘဂဝတော-ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ-မြတ်စွာဘုရား၏၊ အတီတံသေ-အတိတ်အဖို့၌၊ အပ္ပဋိဟတံ-ဆီးတားဆို့ပိတ် တွန့်လိပ်ခြင်း မရှိသော၊ ဉာဏံ-ဉာဏ်တော်လည်းကောင်း၊ (၁)
ဘဂဝတော-ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ-မြတ်စွာဘုရား၏၊ အနာဂတံသေ-အနာဂတ်အဖို့၌၊ အပ္ပဋိဟတံ-ဆီးတားဆို့ပိတ် တွန့်လိပ်ခြင်း မရှိသော၊ ဉာဏံ-ဉာဏ်တော်လည်းကောင်း၊ (၂)
ဘဂဝတော-ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ-မြတ်စွာဘုရား၏၊ ပစ္စုပ္ပန္နံသေ-ပစ္စုပ္ပန်အဖို့၌၊ အပ္ပဋိဟတံ-ဆီးတားဆို့ပိတ် တွန့်လိပ်ခြင်း မရှိသော၊ ဉာဏံ-ဉာဏ်တော်လည်းကောင်း၊ (၃)
တီဟိ-သုံးပါးကုန်သော၊ ဣမေဟိ ဓမ္မေဟိ-ဤဂုဏ်ကျေးဇူးတော်တို့နှင့်၊ သမန္နာဂတဿ-ပြည့်စုံတော်မူသော၊ ဘဂဝတော-ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ-မြတ်စွာဘုရား၏၊ ဉာဏပုဗ္ဗင်္ဂမံ-ဉာဏ်တော်လျှင် ရှေ့သွားရှိသော၊ ဉာဏာနုပရိဝတ္တံ-ဉာဏ်တော်သို့ အစဉ်လိုက်သော၊ သဗ္ဗံ-အလုံးစုံသော၊ ကာယကမ္မံ-ကာယကံလည်းကောင်း၊ (၁)
ဉာဏပုဗ္ဗင်္ဂမံ-ဉာဏ်တော်လျှင် ရှေ့သွားရှိသော၊ ဉာဏာနုပရိဝတ္တံ-ဉာဏ်တော်သို့ အစဉ်လိုက်သော၊ သဗ္ဗံ-အလုံးစုံသော၊ ဝစီကမ္မံ-ဝစီကံလည်းကောင်း၊ (၂)
ဉာဏပုဗ္ဗင်္ဂမံ-ဉာဏ်တော်လျှင် ရှေ့သွားရှိသော၊ ဉာဏာနုပရိဝတ္တံ-ဉာဏ်တော်သို့ အစဉ်လိုက်သော၊ သဗ္ဗံ-အလုံးစုံသော၊ မနောကမ္မံ-မနောကံလည်းကောင်း၊ (၃)
ဆဟိ-ခြောက်ပါးကုန်သော၊ ဣမေဟိ ဓမ္မေဟိ-ဤဂုဏ်ကျေးဇူးတော်တို့နှင့်၊ သမန္နာဂတဿ-ပြည့်စုံတော်မူသော၊ ဘဂဝတော-ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ-မြတ်စွာဘုရားအား၊
ဆန္ဒဿ-ဆန္ဒတော်၏၊ ဟာနိ-ယုတ်လျော့ခြင်းသည်၊ နတ္ထိ-မရှိ၊ (၁)
ဓမ္မဒေသနာယ-တရားဟောခြင်း၏၊ ဟာနိ-ယုတ်လျော့ခြင်းသည်၊ နတ္ထိ-မရှိ၊ (၂)
ဝီရိယဿ-ဝီရိယတော်၏၊ ဟာနိ-ယုတ်လျော့ခြင်းသည်၊ နတ္ထိ-မရှိ၊ (၃)
ဝိပဿနာယ-ဝိပဿနာဉာဏ်တော်၏၊ ဟာနိ-ယုတ်လျော့ခြင်းသည်၊ နတ္ထိ-မရှိ၊ (၄)
သမာဓိဿ-သမာဓိတော်၏၊ ဟာနိ-ယုတ်လျော့ခြင်းသည်၊ နတ္ထိ-မရှိ၊ (၅)
ဝိမုတ္တိယာ-အရဟတ္တဖိုလ်ချမ်းသာ၏၊ ဟာနိ-ယုတ်လျော့ခြင်းသည်၊ နတ္ထိ-မရှိ၊ (၆)
ဒွါဒသဟိ-တဆယ့်နှစ်ပါးကုန်သော၊ ဣမေဟိ ဓမ္မေဟိ-ဤဂုဏ်ကျေးဇူးတော်တို့နှင့်၊ သမန္နာဂတဿ-ပြည့်စုံတော်မူသော၊ ဘဂဝတော-ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ-မြတ်စွာဘုရားအား၊
ဒဝါ-ရယ်မြူးခြင်းသည်၊ နတ္ထိ-မရှိ၊ (၁)
ရဝါ-အချွတ်အချော် ပြောဆိုခြင်းသည်၊ နတ္ထိ-မရှိ၊ (၂)
အပ္ဖုဋံ-ဉာဏ်တော်ဖြင့် မတွေ့ထိအပ်သော တရားသည်၊ နတ္ထိ-မရှိ၊ (၃)
ဝေဂါယိတတ္တံ-ဉာဏ်ဖြင့် မဆင်ခြင်ဘဲ အဆောတလျင် ပြုမိသည်၏ အဖြစ်သည်၊ နတ္ထိ-မရှိ၊ (၄)
အဗျာဝဋမနော-ကြောင့်ကြမဲ့သော နှလုံးတော်သည်၊ နတ္ထိ-မရှိ၊ (၅)
အပ္ပဋိသင်္ခါနုပေက္ခာ-အဆင်ခြင်ကင်း၍ ဥပေက္ခာရှုခြင်းသည်၊ နတ္ထိ-မရှိ၊ (၆)
အဋ္ဌာရသဟိ-တဆယ့်ရှစ်ပါးကုန်သော၊ ဣမေဟိ ဓမ္မေဟိ-ဤဂုဏ်ကျေးဇူးတော်တို့နှင့်၊ သမန္နာဂတဿ-ပြည့်စုံတော်မူသော၊ ဘဂဝတော-ဘုန်းတော်ခြောက်ပါး နှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ-မြတ်စွာဘုရားအား၊ နမော-ရှိခိုးပါ၏။
သတ္တန္နံ-ခုနစ်ဆူကုန်သော၊ သမ္မာသမ္ဗုဒ္ဓါနံ-ဝိပဿီ, သိခီ, ဝေဿဘူ စသော ဘုရားရှင်တို့အား၊ နမော-ရှိခိုးပါ၏။
၃။ တထာဂတဿ-ဝိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားအား၊ ကာယဒုစ္စရိတံ-ကိုယ်ဖြင့်ပြုအပ်သော မကောင်းမှု ‘ကာယဒုစရိုက်’သည်၊ နတ္ထိ-မရှိ။
တထာဂတဿ-ဝိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားအား၊ ဝစီဒုစ္စရိတံ-နှုတ်ဖြင့်ပြုအပ်သော မကောင်းမှု ‘ဝစီဒုစရိုက်’သည်၊ နတ္ထိ-မရှိ။
တထာဂတဿ-ဝိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားအား၊ မနောဒုစ္စရိတံ-စိတ်ဖြင့်ပြုအပ်သော မကောင်းမှု ‘မနောဒုစရိုက်’သည်၊ နတ္ထိ-မရှိ။
ဘဂဝတော-ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ-မြတ်စွာဘုရားအား၊ အတီတံသေ-အတိတ်အဖို့၌၊ ပဋိဟတံ-ဆီးတားဆို့ပိတ် တွန့်လိပ်သော၊ ဉာဏံ-ဉာဏ်တော်သည်၊ နတ္ထိ-မရှိ။
ဘဂဝတော-ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ-မြတ်စွာဘုရားအား၊ အနာဂတံသေ-အနာဂတ်အဖို့၌၊ ပဋိဟတံ-ဆီးတားဆို့ပိတ် တွန့်လိပ်သော၊ ဉာဏံ-ဉာဏ်တော်သည်၊ နတ္ထိ-မရှိ။
ဘဂဝတော-ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ-မြတ်စွာဘုရားအား၊ ပစ္စုပ္ပန္နံသေ-ပစ္စုပ္ပန်အဖို့၌၊ ပဋိဟတံ-ဆီးတားဆို့ပိတ် တွန့်လိပ်သော၊ ဉာဏံ-ဉာဏ်တော်သည်၊ နတ္ထိ-မရှိ။
ဗုဒ္ဓဿ-မြတ်စွာဘုရားအား၊ သဗ္ဗံ-အလုံးစုံသော၊ ကာယကမ္မံ-ကိုယ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏာပုဗ္ဗင်္ဂမံ-ဉာဏ်တော် ရှေ့သွားမရှိခြင်းသည်၊ ဉာဏံ-ဉာဏ်တော်သို့၊ နာနုပရိဝတ္တံ-အစဉ်မလိုက်ခြင်းသည်၊ နတ္ထိ-မရှိ။
ဗုဒ္ဓဿ-မြတ်စွာဘုရားအား၊ သဗ္ဗံ-အလုံးစုံသော၊ ဝစီကမ္မံ-နှုတ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏာပုဗ္ဗင်္ဂမံ-ဉာဏ်တော် ရှေ့သွားမရှိခြင်းသည်၊ ဉာဏံ-ဉာဏ်တော်သို့၊ နာနုပရိဝတ္တံ-အစဉ်မလိုက်ခြင်းသည်၊ နတ္ထိ-မရှိ။
ဗုဒ္ဓဿ-မြတ်စွာဘုရားအား၊ သဗ္ဗံ-အလုံးစုံသော၊ မနောကမ္မံ-စိတ်ဖြင့်ပြုအပ်သော အမှုသည်၊ ဉာဏာပုဗ္ဗင်္ဂမံ-ဉာဏ်တော် ရှေ့သွားမရှိခြင်းသည်၊ ဉာဏံ-ဉာဏ်တော်သို့၊ နာနုပရိဝတ္တံ-အစဉ်မလိုက်ခြင်းသည်၊ နတ္ထိ-မရှိ။
ဣမံ ဓာရဏံ-ဤဓာရဏပရိတ်တော်သည်၊ အမိတံ-မနှိုင်းယှဉ်အပ်။ အသမံ-တုဖက်လည်း မရှိ။
သဗ္ဗသတ္တာနံ-သတ္တဝါခပ်သိမ်းတို့၏၊ တာဏံ-မှီခိုပုန်းအောင်းရာ ဖြစ်၏။ လေဏံ-လည်းလျောင်းရာ ဖြစ်၏။
အာနန္ဒ-အာနန္ဒာ၊ သံသာရဘယဘီတာနံ-သံသရာဘေးကို ကြောက်ကုန်သော သူတို့၏၊ အဂ္ဂံ-အထွတ်အမြတ်ဖြစ်သော၊ မဟာတေဇံ-ကြီးသော တန်ခိုးတေဇော် ရှိသော၊ ဣမံ ဓာရဏပရိတ္တံ-ဤဓာရဏပရိတ်တော်ကို၊ ဓာရေဟိ-ဆောင်ထားလော့။ ဝါစေဟိ-မှတ်သား သင်ပေး ပို့ချလော့။ ပရိပုစ္ဆာဟိ-စိစစ်မေးမြန်းလော့။
တဿ-ထိုဓာရဏပရိတ်တော်ကို ဆောင်ထား မှတ်သား သင်ပေး ပို့ချ စစ်မေးသောသူ၏၊ ကာယေ-ကိုယ်၌၊ ဝိသံ-အဆိပ်သည်၊ န ကေမယ်-မက်ေရာက္ရာ။
ဥဒေက-ေရ၌၊ န လေဂၢယ်-မငြိတွယ် မနစ်မွန်းရာ။
အဂ္ဂိ-မီးသည်၊ န ဋဟေယျ-မလောင်ရာ။
နာနာဘယဝိကော-အထူးထူး အပြားပြား များစွာသော ဘေးရန်တို့ မထိမရောက်နိုင်ရာ။
န ဧကဟာရကော-တစုံတယောက်သောသူမျှ တရက် မကောင်းကြံခြင်းငှာလည်း မတတ်နိုင်ရာ။
န ဒွိဟာရကော-နှစ်ရက် မကောင်းကြံခြင်းငှာလည်း မတတ်နိုင်ရာ။
န တိဟာရကော-သုံးရက် မကောင်းကြံခြင်းငှာလည်း မတတ်နိုင်ရာ။
န စတုဟာရကော-လေးရက် မကောင်းကြံခြင်းငှာလည်း မတတ်နိုင်ရာ။
န ဥမ္မတ္တကံ-ရူးသွပ်ပြန့်လွင့်သော အနာလည်း မဖြစ်နိုင်ရာ။
န မူဠှကံ-တွေဝေမိုက်မဲသော အနာလည်း မဖြစ်နိုင်ရာ။
မနုေဿဟိ-လူတို့သည်လည်းကောင်း၊ အမနုေဿဟိ-လူမဟုတ်သူတို့သည်လည်းကောင်း၊ န ဟိံသကာ-မညှဉ်းဆဲ မဖျက်ဆီး မနှိပ်စက်နိုင်ရာ။
၎။ တံ ဓာရဏပရိတ္တံ-ထိုဓာရဏပရိတ်တော်သည်၊ ယထာ ကတမံ-အဘယ်နည်းဟူမူကား၊
ဇာလော-ကမ္ဘာတသိန်းလောင်သောအခါ ထွက်သော နေခုနစ်စင်း၏ အရှိန်အစော်နှင့်တူသော တန်ခိုးရှိန်စော် အာနုဘော်တည်းဟူသော ဂုဏ်ရှိထသော၊
မဟာဇာလော-နတ်, သိကြား, နဂါး, ဂဠုန်, ဂုမ္ဘန်, ဘီလူး, ရက္ခိုသ် အစရှိသည်တို့ကို တားမြစ်နိုင်သော သံကွန်ရက်နှင့်တူသော ဘုန်းတန်ခိုးရှိန်စော် အာနုဘော်တည်းဟူသော ဂုဏ်လည်း ရှိထသော ဓာရဏပရိတ်တော်သည်၊
ဇာလိတ္တေ-ရေ, မီး, မင်း, ခိုးသူ, မချစ်မနှစ်လိုသောသူဟု ဆိုအပ်သော ရန်သူအန္တရာယ်အပေါင်းကိုလည်း ဖယ်ရှားတားမြစ်နိုင်ရာ၏။
မဟာဇာလိတ္တေ-ရောဂန္တရကပ်, သတ္ထန္တရကပ်, ဒုဗ္ဘိက္ခန္တရကပ်ဟု ဆိုအပ်သော ကပ်သုံးပါးတို့ မထိမရောက်နိုင်ရာ။
ပုဂ္ဂေ-အမိဝမ်းတွင်း၌ ပဋိသန္ဓေနေသော်လည်း အ,ခြင်း ဆွံ့ခြင်း နားပင်းခြင်း ရူးသွပ်ပြန့်လွင့်ခြင်း အနာမျိုးတို့မှ လွတ်စေနိုင်ရာ၏။
မဟာပုဂ္ဂေ-သစ်ပင် တောင် ကမ်း ချောက်တို့မှ ကျငြားသော်လည်း မသေနိုင်ရာ။
သမ္ပတ္တေ-မရသေးသော စည်းစိမ်ချမ်းသာ ရတနာ ဥစ္စာအပေါင်းတို့ကိုလည်း ရစေနိုင်ရာ၏။
မဟာသမ္ပတ္တေ-ရပြီးသော စည်းစိမ်ချမ်းသာ ရတနာ ဥစ္စအပေါင်းတို့သည်လည်း ကြီးကျယ်ပြန့်ပွား များနိုင်ရာ၏။
ဘူတင်္ဂမှိ-ဟုတ်မှန်သောအားဖြင့်၊ တမင်္ဂလံ-အမိုက်ပျောက်၍ အလင်းရောက်ရာ၏။
အာနန္ဒ-ချစ်သား အာနန္ဒာ၊ ခေါ ပန-စင်စစ် အကယ် မလွဲသဖြင့်၊ ဣမံ ဓာရဏပရိတ္တံ-ဤဓာရဏပရိတ်တော်ကို၊ သတ္တသတ္တတိ သမ္မာသမ္ဗုဒ္ဓကောဋီဟိ-ခုနစ်ဆယ့် ခုနစ်ကုဋေကုန်သော ဘုရားရှင်တို့သည်၊ ဘာသိတံ-ဟောတော်မူအပ်ပြီ။
ဝတ္တေ-ကောင်းသောအကျိုးနှင့် ယှဉ်ရာ၏။
အဝတ္တေ-မကောင်းသောအကျိုးနှင့် မယှဉ်ရာ။
ဂန္ဓဝေ-ကောင်းသော တရားအရသာ အနံ့မျိုးကို ဆောင်ရာ၏။
အဂန္ဓဝေ-မကောင်းသော တရားအရသာ အနံ့မျိုးကို မဆောင်ရာ။
နောမေ-ကောင်းသော နှလုံးကို ဆောင်ရာ၏။
အနောမေ-မကောင်းသော နှလုံးကို မဆောင်ရာ။
သေဝေ-သူတော်ကောင်းတို့နှင့် ပေါင်းဖော် ယှဉ်တွဲ မှီဝဲရာ၏။
အသေဝေ-သူတော်မဟုတ် သူယုတ်တို့နှင့် ပေါင်းဖော်ယှဉ်တွဲ မမှီဝဲရာ။
ကာယေ-ကောင်းသော ကိုယ်ကို ဖြစ်စေရာ၏။
အကာယေ-မကောင်းသော ကိုယ်ကို မဖြစ်စေရာ။
ဓာရဏေ-ကောင်းသော အမှု ကုသိုလ်ကို ပြုဆောင်ရာ၏။
အဓာရဏေ-မကောင်းသော အမှု အကုသိုလ်ကို မပြုဆောင်ရာ။
ဣလ္လိ-ကောင်းသော အိပ်မက်ကို မြင်မက်ရာ၏။
မိလ္လိ-မကောင်းသော အိပ်မက်ကို မမြင်မက်ရာ။
တိလ္လိ-ကောင်းသော တိတ်နိမိတ်ကို မြင်ရာ၏။
မိလ္လိ-မကောင်းသော တိတ်နိမိတ်ကို မမြင်ရာ။
ယောရုက္ခေ-သေပြီးသော သစ်ပင်တို့ကို ရှင်စေရာ၏။
မဟာယောရုက္ခေ-ရှင်ပြီးသော သစ်ပင်တို့ကိုလည်း အကိုင်းအခက် အရွက်အလက်နှင့် ပြည့်စုံစေရာ၏။
ဘူတင်္ဂမှိ-ဟုတ်မှန်သောအားဖြင့်၊ တမင်္ဂလံ-အမိုက်ပျောက်၍ အလင်းရောက်ရာ၏။
အာနန္ဒ-ချစ်သားအာနန္ဒာ၊ ခေါ ပန-စင်စစ်အကယ် မလွဲသဖြင့်၊ ဣမံ ဓာရဏပရိတ္တံ-ဤဓာရဏပရိတ်တော်ကို၊ နဝနဝုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ-ကိုးဆယ့်ကိုးကုဋေကုန်သော ဘုရားရှင်တို့သည်၊ ဘာသိတံ-ဟောတော်မူအပ်ပြီ။
ဒိဋ္ဌိလာ-မကောင်းသဖြင့် ကြံသောသူတို့၏ အကြံအစည်ကိုလည်း သိမြင်နိုင်ရာ၏။
ဒဏ္ဍိလာ-ဓား, လှံ, လက်နက်, လေး, မြား, မီးပေါက်, အမြောက် အစရှိသော ဘေးတို့သည်လည်း မထိမရောက်နိုင်ရာ။
မန္တိလာ-မန္တရား, ဂါထာ, အင်းအိုင်တို့သည်လည်း ထက်မြက်နိုင်ရာ၏။
ရောဂိလာ-ရောဂါအန္တရာယ်မျိုးတို့ကိုလည်း ပယ်ဖျောက်နိုင်ရာ၏။
ခရလာ-ကြမ်းတမ်းခက်မာသော အနာရောဂါမျိုးသို့လည်း မထိမရောက်နိုင်ရာ။
ဒုဗ္ဘိလာ-ကြိုး, ထိတ်, သံခြေကျဉ်း, ကပ်ဘိ, တွင်းလှောင်, ဝင်းတံခါး, လည်ထောက်ကိုလည်း လွတ်စေနိုင်ရာ၏။
ဧတေန သစ္စဝဇ္ဇေန-ဤသို့ မှန်သော သစ္စာစကားကြောင့်၊ သဗ္ဗဒါ-အခါခပ်သိမ်း၊ မေ-ငါ့အား၊ သောတ္ထိ-ချမ်းသာခြင်းသည်၊ ဟောတု-ဖြစ်ပါစေသတည်း။
ဓာရဏပရိတ် နိဿယ ပြီး၏။