Tuesday, September 28, 2010
ရင်သားကင်ဆာ လွယ်ကူစွာ ကာကွယ်ပါ
ရင်သားကင်ဆာဟာ အမျိုးသမီးတွေအတွက် အရမ်းကို ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ကင်ဆာရောဂါတိုင်းဟာ ဆိုးဝါးလှသလို ရင်သားကင်ဆာ ဆိုတာကလည်း ထိုနည်းတူပါပဲ။ စောစီးစွာ သိရှိပြီး မပျံ့နှံ့သေးဘူး ဆိုရင် ခွဲစိတ်ကုသလို့ ရတယ် ဆိုပေမယ့် ခံစားရသူ အမျိုးသမီးမှာ ရင်သားတစ်ဖက် ကံဆိုးရင် နှစ်ဖက်လုံး ထုတ်လိုက်ရတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်မှု ဖြစ်စေ သလို ခွဲစိတ်မှု နောက်ကနေ လိုက်သွင်းရတဲ့ ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး တွေကလည်း ကြောက်ခမန်းလိလိပါပဲ။
ဒါတွေကြောင့် အမျိုးသမီးတွေအတွက် ရင်သားကင်ဆာကို ကြိုတင်ကာကွယ် နိုင်တဲ့ သိပ္ပံနည်းကျ နေထိုင်စားသောက်ပုံ နည်းလမ်း (Lifestyle) များကို ဖော်ပြပေးလိုက်ပါတယ်။
(၁) သွက်လက်လှုပ်ရှား တက်ကြွစွာ နေထိုင်ပါ
နော်ဝေနိုင်ငံက ကျန်းမာရေး ပညာရှင်များရဲ့ မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့ ရင်သားကင်ဆာနဲ့ ကိုယ်လက်လှုပ်ရှားမှု ဆိုင်ရာ သုတေသန တစ်ခုရဲ့ ရလဒ်အရ သွက်လက်တက်ကြွ ဖျတ်လတ်စွာ နေပြီး အပတ်စဉ် ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်သူ အမျိုးသမီးများဟာ သာမန်အမျိုးသမီးများအောက် ရင်သားကင်ဆာ ဖြစ်နိုင်စွမ်း ၇၂% လျော့နည်းပါသတဲ့။
(၂) သဘာဝ အီစထရိုဂျင် ကြွယ်ဝသော အစားအသောက်များ ပုံမှန် စားပေးပါ
အီစထရိုဂျင် (Oestrogen) လို့ခေါ်တဲ့ မဟော်မုန်းဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပြည့်ဝ မျှတတဲ့ ပမာဏ ပုံမှန်ရှိနေမယ် ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ရန် အခွင့်အလမ်း ၄ ဆ လျော့နည်းတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
ဒါပေမယ့် အီစထရိုဂျင် ဆေးပြားတွေမှာ ပါဝင်တဲ့ အီစထရိုဂျင်က တိရိစ္ဆာန်တွေက ထုတ်လုပ်ထားတာ ဖြစ်ပြီး အီစထရိုဂျင် မော်လီကျူးရဲ့ ပုံစံက active form (အသင့်သုံးပုံစံ) ဖြစ်နေလို့ သောက်သုံးလိုက်ရင် သွေးထဲမှာ အီစထရိုဂျင် ဟော်မုန်း ပမာဏ မြင့်မားခြင်းကို ဖြစ်စေကာ သားအိမ်ကင်ဆာကို ဖြစ်စေတဲ့ အန္တရာယ် အနည်းငယ် ရှိပါတယ်။
အပင်တွေက ရတဲ့ အီစထရိုဂျင် (phytoestrogen) တွေကျတော့ precursor form (ကနဦးပုံစံ) ဖြစ်နေလို့ လိုအပ်တဲ့ အချိန်ကျမှ လိုအပ်သလောက်ပဲ active form ပြောင်းလိုက်လို့ ရတဲ့အတွက် အထက်မှာ ပြောခဲ့တဲ့ အန္တရာယ်မျိုး မရှိပါဘူး။ သဘာဝ အီစထရိုဂျင် ကြွယ်ဝတဲ့ အစားအသောက် တွေကတော့ ဂျုံ၊ အုတ်၊ ဘာလီ စသော နှံစားသီးနှံများ၊ ပဲကြီး၊ အခွံမာသီး အဆန်များ၊ နေကြာစေ့ ဖရုံစေ့ စသော အစေ့မျိုးစုံ၊ ပဲပင်ပေါက်၊ ပဲပြား၊ တို့ဟူး စသည်တို့နဲ့ အသီးအရွက်များ ဖြစ်ပါတယ်။ တရုတ်လို ဒေါင်းကွေးလို့ ခေါ်တဲ့ အပင်တစ်မျိုးဟာ ကောင်းမွန်တဲ့ သဘာဝ အီစထရိုဂျင် ကြွယ်ဝလွန်းလို့ ဒီအပင်ကနေ အီစထရိုဂျင် ဆေးပြားများ ထုတ်ရောင်းနေပါတယ်။ သွေးဆုံးပြီး အမျိုးသမီးများ အတွက် အထူးသင့်တော်ပါတယ်။
အရွယ်ရောက်ပြီး အမျိုးသမီးများ အနေနဲ့လည်း ရာသီမလာခင် ရက်အနည်းငယ် ကြိုပြီး ရာသီလာစဉ်တွေမှာပါ မှီဝဲပေးမယ် ဆိုရင် လစဉ်ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို အထူးသက်သာစေပါတယ်။
(၃) နို့ထွက်ပစ္စည်းများနဲ့ အသားများလည်း စားပေးပါ
အသီးအရွက်တွေချည်းပဲ စားတဲ့ အမျိုးသမီးတွေဟာလည်း ရင်သားကင်ဆာ အန္တရာယ်ကနေ သိသာစွာ ကင်းလွတ်မှု မရှိတာ တွေ့ရပါတယ်။ အသား အရမ်းစားရင် ကင်ဆာရောဂါတွေ ဖြစ်စေနိုင်တယ် ဆိုပေမယ့် တိရိစ္ဆာန်အဆီတွေထဲမှာ ရင်သားကင်ဆာ ဖြစ်ပေါ်ခြင်းကို အားမပေးတဲ့ ဒြပ်ပေါင်းတွေ အများကြီး ပါပါတယ်။
ဒါကြောင့် အမျိုးသမီးများ အနေနဲ့ အသီးအရွက်ချည်းပဲ မစားဘဲ သမမျှတစွာ စားသုံးသင့်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်၊ ချိစ်၊ နို့၊ ထောပတ်၊ သံလွင်ဆီ စတာတွေထဲက တစ်မျိုးမျိုးကို နေ့စဉ် ပါဝင်အောင် စားသုံးပေးမယ်၊ သင့်တော်တဲ့ အချိန်တိုင်းမှာ အသားဟင်းတစ်ခွက် စားသုံးပေးမယ် ဆိုရင် ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ရာ ရောက်ပါလိမ့်မယ်။
(၄) ပဲနို့နဲ့ တို့ဖူးများ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်ပါ
ဒီလမ်းညွှန်ချက်ဟာ ထူးဆန်းသလို ဖြစ်နေပါတယ်။ ဒီနှစ်မျိုးဟာ သဘာဝ အီစထရိုဂျင် ကြွယ်ဝတဲ့ ပစ္စည်းတွေ ဖြစ်လို့ ရင်သားကင်ဆာကို တစ်ဖက်က ကာကွယ်ပေးနေသလို တစ်ဖက်ကလည်း isoflavone လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ဒီအစားအသောက် တွေထဲမှာ ပါဝင်နေတဲ့ အတွက် ရင်သားကင်ဆာဆဲလ်တွေ ပျံ့ပွားခြင်းကို အားပေးရာ ရောက်စေ လို့ပါတဲ့။
ရင်သားကင်ဆာ အပါအ၀င် အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာအများစုကို လုံးဝ တားဆီးနိုင်စွမ်း ရှိတဲ့ အသီးတစ်မျိုးကတော့ မန်ကျည်းသီး ဖြစ်ကြောင်း တွေ့ရှိထားရပါတယ်။ ရောဂါ ရှိပြီးသား လူတွေမှာတောင် ကင်ဆာဆဲလ်တွေ ပျံ့ပွားနှုန်း နှေးစေတာကို တွေ့ရှိရလို့ မန်ကျည်းဖျော်ရည် အေးအေးလေး တစ်ခွက်ဟာ အမျိုးသမီးများ အဆင်ပြေတိုင်း သောက်သုံး ပေးသင့်တဲ့ သဘာဝဓာတ်စာ တစ်မျိုးလို့ ဆိုနိုင်ပါတယ်။
(၅) ဗိုက်တာမင် အီး နဲ့ ဗိုက်တာမင် စီ အားဖြည့်ဆေးများ ပုံမှန် မှီဝဲခြင်းကို ရှောင်ကြဉ်ပါ
ဗိုက်တာမင် အီးဟာ အမျိုးသမီးများရဲ့ အသားအရေ စိုပြေလှပခြင်း အတွက် မရှိမဖြစ် လိုအပ်သလို ဗိုက်တာမင် စီ ချို့တဲ့ရင် ခုခံအားစနစ် အားလျော့နိုင်ပါတယ်။ ယနေ့ခေတ်မှာ ဒီဆေးတွေကို ဒီရည်ရွယ်ချက်တွေ အတွက် သီးသန့် ကြော်ငြာအား ကောင်းကောင်းနဲ့ ထုတ်ရောင်းနေကြတာ ဖြစ်လို့ ပုံမှန် သောက်သုံး နေကြသူတွေတောင် ရှိပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဗိုက်တာမင် အီး နဲ့ စီ အားဖြည့်ဆေးတွေ ပုံမှန် စွဲသောက်ရင် ရင်သားကင်ဆာ ဖြစ်နိုင်စွမ်းကို မြင့်မားလာစေကြောင်း တွေ့ရှိထားရလို့ ဆင်ခြင်ဖွယ်တစ်ခု တင်ပြပေးလိုက်ပါတယ်။
အသားအရေ လှပြီး ကိုယ်ခံအား ကောင်းချင်ရင် သဘာဝ သစ်သီးတွေကို အားကိုးတာ အကောင်းဆုံး နည်းလမ်းပါပဲ။
(၆) အလင်းရောင်နဲ့ အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ
မီးတွေ ပိတ်ပြီး အိပ်တာ ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။ မကြာသေးမီက လေ့လာချက်များအရ ညဖက်မှာ အလင်းရောင်တွေအောက် အိပ်စက်လေ့ရှိတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်လာနိုင်ဖို့ အခြားသူများထက် ၃၆% ပိုနီးစပ်တယ်လို့ တွေ့ရှိထား ရပါတယ်။
(၇) ပင်လယ်ရေမှော် နဲ့ ကျောက်ပွင့်များ စားသုံးပေးပါ
ဒီအစားအသောက်တွေဟာ မကြာခဏ စားသုံးပေးရင် ရင်သားကင်ဆာကို ထိရောက်စွာ ကာကွယ်နိုင်ကြောင်း အတည်ပြု တွေ့ရှိထားရပါတယ်။ အထက်ပါ အချက်များကို လိုက်နာကျင့်သုံးမယ် ဆိုရင် အမျိုးသမီးတွေအတွက် အရမ်းကြောက်စရာ ကောင်းတဲ့ ရင်သားကင်ဆာကို ကာကွယ်ပြီးသား ဖြစ်မှာပါ။
အထူးသဖြင့် မိမိရဲ့ မိခင်၊ အဒေါ်၊ အဘွား စသူတွေမှာ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာ ရှိခဲ့ဖူးသူများ ဆိုရင် အထူးလိုက်နာသင့်ပါတယ်။
နောက်ပြီးတော့ ရင်သားကင်ဆာ အပါအ၀င် ကင်ဆာရောဂါ မှန်သမျှဟာ ဖြစ်ရန်အကြောင်း မျိုးစုံ ရှိသော ရောဂါ (Multifactorial Diseases) များ ဖြစ်ကြတဲ့အတွက် ရောဂါအစပျိုးချိန်မှာ လက်ဦးမှု ရယူနိုင်ဖို့လဲ အရေးကြီးပါတယ်။
ဒါကြောင့် အမျိုးသမီးများ အနေနဲ့ အ၀တ်အစားလဲတိုင်း၊ ရေချိုးတိုင်း ချိုင်းနား အထိ အပါအ၀င် ရင်သားရဲ့ နေရာအနှံ့ကို ပုံမှန် စမ်းသပ်ပေးသင့်ပါတယ်။
အလုံးအကျိတ် တစ်ခုခု တွေ့ရင်လည်း လုံးဝ ထိတ်လန့်သွားတာမျိုး မဖြစ်ပါနဲ့။ နေ့စဉ် မှန်မှန် စမ်းသပ်လာတဲ့ ကြားက ပေါ်လာတဲ့ အလုံးအကျိတ်တစ်ခုဟာ ကင်ဆာ ဖြစ်နေစေဦးတော့၊ သေချာပေါက် ကုလို့ ပျောက်ပါတယ်လို့ ကျန်းမာရေး ပညာရှင်များက အာမခံထား ကြပါတယ်။
ဂျပန်နိုင်ငံတွင် သူတစ်ပါးဆေးလိပ်ငွေ့ကြောင့် နှစ်စဉ် လူပေါင်း(၆၈၀၀) သေဆုံးနေရကြောင်း ကျမ္မာရေးဝန်ကြီးဋ္ဌာနမှ ပြောကြား
ဂျပန်နိုင်ငံ ကျမ္မာရေးဝန်ကြီးဋ္ဌာနမှ သုတေသနအဖွဲ့တစ်ခုက ဂျပန်နိုင်ငံတွင် ကိုယ်တိုင်ဆေးလိပ်မသောက်ဘဲ တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှူရှိုက်ရခြင်း (passive smoking)ကြောင့်ဖြစ်သည့် အဆုပ်ကင်ဆာနှင့် နှလုံးရောဂါဖြင့် သေဆုံးသူဦးရေ (၆၈၀၀)ခန့် နှစ်စဉ်ရှိနေပြီး၊ (၃၆၀၀)နီးပါး (ထက်ဝက်ကျော်)မှာ လုပ်ငန်းခွင်အတွင်း ရှူရှိုက်မိရာမှ ရောဂါဖြစ်ပွား သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောကြားသွားသည်။
ကျမ္မာရေးနှင့် အလုပ်သမားရေးရာ ၀န်ကြီးဋ္ဌာနလက်အောက်မှ ဤသုတေသီအဖွဲ့၏ ပြောကြားချက်အရ ဆေးလိပ်ကြောင့်သေဆုံးသူ (၄၆၀၀)မှာ အမျိုးသမီးများ ဖြစ်နေသည်။
 အမျိုးသား ကင်ဆာတိုက်ဖျက်ရေးဋ္ဌာနမှ ၀ါရင့်သုတေသီတစ်ဦးဖြစ်သူ ယူမီကို မိုချီဇူကီက "ကြီးမားတဲ့ ကျန်းမာရေးပျက်စီးဆုံးရှုံးမှုကြီးပါ။ နိုင်ငံတော်အစိုးရနဲ့ လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်လုပ်နေတဲ့လူထုရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးရမယ်ဆိုတာ သတိပြုအရေးလုပ်ဖို့ လိုအပ်နေပါပြီ"ဟု ပြောကြားသွားခဲ့သည်။
၂၀၀၅ခုနှစ် စစ်တမ်းတစ်ခုကို အခြေခံ၍ သုတေသီအဖွဲ့က "အရွယ်ရောက်ပြီးသော ဆေးလိပ်မသောက်သူဦးရေ (၇၈)သန်းမှ_ အမျိုးသား(၂၈)သန်းနှင့် အမျိုးသမီး(၄၈)သန်းမှ_ အမျိုးသား(၆)%နှင့်  အမျိုးသမီး(၃၀)%တို့မှာ သူတို့နေအိမ်များမှလည်းကောင်း၊ အမျိုးသား(၃၀)%နှင့် အမျိုးသမီး(၂၀)%တို့မှာ သူတို့၏လုပ်ငန်းခွင်များမှလည်းကောင်း ဆေးလိပ်ငွေ့များကို တစ်ဆင့်ရှူရှိုက်နေကြရကြောင်း" ခန့်မှန်းခဲ့သည်။
 အခြားလေ့လာမှုတစ်ခုမှလည်း အဆုတ်ကင်ဆာကြောင့် သေဆုံးသူများတွင် အမျိုးသား(၄၉၀၀၀)မှ (၁)%နှင့် အမျိုးသမီး(၁၈၀၀၀)မှ (၈)%မှာ တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် ဖြစ်ပြီး၊ နှလုံးသွေးကြောပိတ်ခြင်း ရောဂါကြောင့် သေဆုံးသူများတွင်လည်း အမျိုးသား(၄၂၀၀၀)မှ (၄)%နှင့် အမျိုးသမီး(၃၄၀၀၀)မှ (၉)%မှာ ဆေးလိပ်ငွေ့တဆင့်ခံ ရှူရှိုက်မိခြင်းကြောင့် ဖြစ်သည်။ တစ်ဆင့်ဆေးလိပ်ငွေ့ကြောင့် ဒုက္ခရောက်ခဲ့ရသူ အမျိုးသား(၂၂၀၀)နှင့် အမျိုးသမီး(၄၆၀၀)ကို လေ့လာမှုပြုခဲ့ရာမှာ လုပ်ငန်းခွင်မှ ခံစားခဲ့ရသူ အမျိုးသား(၁၈၀၀၀)နှင့် အမျိုးသမီး(၁၈၀၀၀) ဖြစ်နေကြောင်း သုတေသီအဖွဲ့က ထပ်မံတင်ပြခဲ့ကြသည်။
ထို့ကြောင့် ဂျပန်နိုင်ငံတွင် တစ်ဆင့်ဆေးလိပ်ငွေ့ကြောင့် ကျန်းမာရေးထိခိုက်ပျက်စီးရမှုကို ကာကွယ်သွားနိုင်ရန် ကျမ္မာရေးဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီလမှစတင်၍ အများပြည်သူစုဝေးရာ နေရာဋ္ဌာနများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် ကုန်တိုက်များတွင် အဆောက်အဦအတွင်း မည်သည့်နေရာမှာမှ ဆေးလိပ်သောက်သုံးခြင်းမပြုရဟု ကြေငြာချက်ထုတ်ပြန်ကာ ကြိုးစားသွားတော့မည် ဖြစ်သည်။
ဂျပန်နိုင်ငံ၌ ပထမဆုံး ဆေးလိပ်သောက်ခြင်း ကင်းလွတ်ရေးနယ်အဖြစ် Kanagawa Prefectureကို ဧပြီလက ကြိုးစားစည်းကြပ် သတ်မှတ်ခဲ့ပြီး ဆေးရုံများ၊ စာသင်ကျောင်းများ၊ အစိုးရရုံးများ အစရှိသည့် လူထုအများစုဝေးရာ နေရာများတွင် ဆေးလိပ်သောက်ခြင်း လုံးဝတားမြစ်ခဲ့သည်။
Window xp Theme
အခုကျနော်တင်မယ်ဟာကတော့ကျနော်ဆိုင်မှာတော့တင်လိုက်ပြိဘာတင်လိုက်တာလဲဆိုတော့
window xp ကို window 7 တင်လိုက်တာ တင်ဒါဘယ်လောက်ကြာလဲဆိုတော့ 30 စက္ကန်းလေးဘဲကြာတယ.်
(ဟဲဟဲ) နဲ့နဲ့ တော့စိတ်ဝင်စားသွားပြိနဲ့ တူတယ်ဘာမှတော့မဟုတ်ပါဘူး ( Theme ) လေးချိန်လိုက်တာပါ
ဒါပေးမဲ့ ဒိ ( theme ) ကလန်းတယ်နော် window 7 နဲ့ တပုံစံထဲ ( တိုင်ခုနလုံးကွဲကြည်၇င်ပေါ့ ) ဟဲဟဲ
နောက်တာပါဗျာ..တင်ကြည်လိုက်ပါ ပြိတော့တချိုကပြောတယ် ( Theme ) Install လုပ်ရင်စက်လေးတယ်တဲ့ 
ကျနော်ဆိုင်မှာ စမ်းပြိပြိး ပေါ့ပေါ့လေး ( မယုံဘူးမကြိးမယ်ဆို၇င်တော့မတက်နိုင် ဟိးဟိး)
ကယ် Download ဆွဲပြိမြန်မြန် Inatall လုပ်ကြည်လိုက်အဆင်မပြေ၇င်ပြောပေါ့မသိခြင်းယောင်ဆောင်နေမယ်လိုမထင်နဲ့ 
Here Download
Blogger name  :   K@ungM!nHtat       Email  :     Than.minhtie@gmail.com
Adobe Photoshop CS (မြန်မာလို)
Adobe photoshop CS အကြောင်း ဒိစာအုပ်ကတော့တောင်းနေကျဒါပဲပြိတော့ပြောသေးတယ်ကောင်းမင်းထက်တဲ့ ကောင်းမင်းထက်က၇န်ကုန်ကဆိုတော့ကျနော်ကို Print ပါထုပ်ပေးပါတယ်ကျနော်ဘိုင်ပြတ်နေလိုတဲ့ ဟိးဟိး သေရော ကျနော်လဲကိုယ်တိုင်မရေးနိုင်ဒါနဲံကိုညီကိုပဲအကူအညီတောင်းဒါပေါ့ မြန်မာလိုရေးထားတဲ့ စာအုပ်လေးရတာနဲ့ တင်ပေးလိုက်ပါတယ် .
အထူးသဖြင့် ပြည်ပရောက် သူငယ်ချင်းများအတွက် အထောက်အကူရအောင်လို့ပါ .
အခုခေတ်မှာ photoshop ကတော့ လူတိုင်းနီးပါး လေ့လာသင့်တဲ့ program တစ်ခုပါ . website design ပဲလုပ်လုပ် ၊ ဓါတ်ပုံပဲပြင်ပြင် တစ်ကယ့်ကို ထိရောက်တဲ့ program တစ်ခုပါ . အောက်မှာ တင်ပေးထားပါတယ် . Download လုပ်လိုက်ပါ .
Download ifile.itDownload mediafireDownload multiupload
bloger name : K@ungM!nHtat Email : ThanMinHtie@gmail.com
SWiSHMax3 Portable
ဒါလဲအခုဆိုဒ်မှာမရှိသေး
ဒါနဲ့ ပြိတော့နောက်ပြိ၇င်တောင်းလာကျမှာဘဲဆိုပြိတင်လိုက်ပါတယ် ကိုကောင်းမင်းထက်ရေကျနော်ဒါလေးပေးပါလိုမပြောခင်တင်ပေးလိုက်ပြိနော် :) SWiSHMax3 လေးနဲ့ စမ်းကြည့်လိုက်ပါ အခုတော့ Portable လေးနဲ့ သုံးကြည့်ကြပေါ့ နောက်မှ Install ဖြင့် ပြန်တင်ပေးမယ် ဘာသုံးတဲ့ ဆော့လ်ဝဲလဲဆိုတော့ အခု ning.com တွေမှာ တင်ထားတဲ့
Flash Video တွေလုပ်တဲ့ ဆော့လ်ဝဲလေး ဖြစ်ပါတယ် လေ့လာနိုင်အောင် ဖိုင်ထဲမှာ pdf ဖိုင်လေးပါ ထည့်ပေးထားပါတယ် စိတ်ဝင်စားရင်တော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေ ဒေါင်းယူလိုက်ပါ အဆင်ပြေပါစေ။ 51.25mb
Download ifile.it | Download mediafire
K@ungM!nHtat Than.MinHtie@gmail.com
3D Font များပြုလုပ်လို့ရတဲ့ 3D.Text.Commander.v3.0.Portable
ကျွန်တော်ဖော်ပြပေးမှာကတော့ရိုးရှင်းသော
3D Textလုပ်နည်းဖြစ်ပါတယ်။
ထွက်နေဒါတော့ကြာပါပြိဒါကျနော်ဒိလောက်မလို့ ပါဘူးထင်ထားဒါ
ဒါပေမဲ့ တောင်းတယ်သူနဲ့ နဲ့ များလာလိုတင်လိုက်တယ်
ကျနော်ဆိုဒ်မှာတော့ထွက်ထဲကတင်ထားဒါပါ
ကျနော်ဆိုဒ်ကတော့ IP block လုပ်ခံထား၇လို update မတင်ဖြစ်တော့ဘူး
နောက်ဆိုလဲဒိအကြင်နာနန်းတော်မှာဘဲတင်သွားတော့ပါမယ်
ကျွန်တော်ရှာထားတာတော့ဟုတ်ဘူး ကိုသံလုံငယ် ဆိုဒ်ကယူထားတာ
သုံးကြည့်တော့အဆင်ပြေပါတယ်။
လုပ်နည်းကလည်းအရမ်းကိုလွယ်ကူရိုးရှင်းပါတယ်။
ကျွန်တော်လုပ်ပြစရာတောင်မလိုလောက်ဘူးထင်ပါတယ်နော်။
နောက်ခံမပါတဲ့ (transparent image) ကိုပါ
ထုတ်ပေးနိုင်တယ်။
ဓါတ်ပုံ file type လေးမျိုးအပြင်၊ Animation အဖြစ် swf ဖိုင်နဲ့လည်း
ထုတ်ပေးနိုင်ပါတယ်။
3D.Text.Commander.v3.0.Portable.rar(Download)
bloger name : K@ungM!nHtat Email : ThanMinHtie@gmail.com
ဟာသ အတိုအစလေးများ
မိန်းကလေး သူငယ်ချင်းတစ်စု..ကမ်းခြေတစ်ခုကိုသွားကြတယ်.
နောက်တစ်ပတ်ကြာတော့....ယောက်ျားတစ်ယောက်က ကမ်းခြေကိုရောက်လာပြီး.
အဲဒီမိန်းမတွေ တည်းတဲ့ဟိုတယ်မှာပဲတည်းတယ်.
ဟိုတယ်က ၀န်ထမ်းကို ဓာတ်ပုံတစ်ပုံထုတ်ပြတယ်.
ဟိုတစ်ပတ်ကလာတည်းသွာတဲ့အမျီုးသမီးတွေပုံ.ခင်ဗျားသိလားဆိုတော့.
ဝန်ထမ်းက သိတယ်တဲ့.
သူတို့တော်တော်ပျော်ကြလားလို့မေးတော့.
ပျော်တာထက်...တော်တော်ကဲကြတယ်ကွာလို့ပြောတယ်.
ဒါနဲ့..အဲဒီထဲက မိန်းမတစ်ယောက်ပုံကို လက်ညှိုးထိုးပီး
ဒီမိန်းမကရော..တော်တော်ကဲသလားလို့မေးတော့
ဝန်ထမ်းက မကဲဘူး အဲဒီမိန်းမက အငြိမ်ဆုံးပဲတဲ့
ယောက်ျားက အရမ်းပျော်သွားပြီး...
အဲဒါ ကျွန်တော့်မိန်းမလေဆိုတော့..
ဟင်.ဒါဆို ဟိုတစ်ပတ်က ပါလာတဲ့ ယောက်ျားက သူ့ယောက်ျားမဟုတ်ဘူပေါ့တဲ့..............
ပန်းခြံထဲမှာ ခုံတန်းလေးပေါ်မှာချစ်သူ စုံတွဲ တီတီတာတာ
တွက်ထိုးနေသတဲ့။ အဲဒီ စုံတွဲနဲ့ဘေးကပ်ရပ် ခုံတန်းမှာ အဖိုးကြီးတစ်ယောက်
စာဖတ်နေရင်း ချစ်သူစုံတွဲတွက်ထိုးသမျှကိုကြားရတယ်ပေါ့။
ကောင်မလေးကပြောတယ်၊ မောင်ရယ်တဲ့ချစ်ချစ် ခေါင်းမှုသလိုလိုပဲတဲ့။ ဒါနဲ
့ကောင်လေးက နဖူးလေကို ကြင်ကြင်နာနမ်းရှိုက်ပေးပြီး
ခေါင်းမှုးတာသက်သာလားတဲ့ ကောင်မလေကိုမေးတယ်။သက်သာသွားတယ်
မောင်မောင်ရယ်တဲ့။
ကောင်မလေးက ဆက်ပြောတယ်၊ မောင်ရယ်..ချစ်ချစ်ဇက်ကြောတွေတက်လာပြန်ပြီတဲ့။
ဒါနဲ့ ကောင်လေးက ကောင်မလေးရဲလည်တိုင်ကို မွေးမွေးပေးလိုက်ပြီး
သက်သာသွားသလားမေရယ်တဲ့။ အခုမှကောင်းသွားတယ်မောင်ရယ်တဲ့။
ခဏကြာတော့ ကောင်မလေးက ပြောပြန်ရော..မောင်ရယ်..မေ့ လက်မောင်းတွေ
တဆစ်ဆစ်နာကျင်တယ်တဲ့.. ကောင်လေးကဒါဆို မေရယ်
မောင် မေ့ရဲ့ လက်မောင်လေးကိုနမ်းပေးမယ်တဲ့....
ချစ်သူစုံတွဲ တွက်ထိုးသမျှကိုကြားရတဲ့ အဖိုးကြီးက ကြာတော့
နားကြားပျင်းကပ်ကပ်ရှိတာနဲ့ထပြီး ပြောသတဲ့.. ဟေ့ဟေ့ ငါတူ ငါ့လည်းကူညီ
ပေးပါဦး.. ဦးဦးဖင်မှာ လိပ်ခေါင်းပေါက်နေလို့တဲ့..................
ဆေးရုံအုပ်။ ။ ကိုဘမောင်၊ ခင်ဗျားရဲ့မနေ့က လုပ်ဆောင်ချက်ဟာ ခင်ဗျားကို လူကောင်းတစ်ယောက်လို့ထောက်ခံနေပါတယ်။
မနေ့က ခင်ဗျားဟာ ရေထဲဆင်းပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံတဲ့ လူနာတစ်ယောက်ကို ကယ်တင်ခဲ့တယ်။
ဒီအတွက် ခင်ဗျားကိုကျနော် ဂုဏ်ယူစွာနဲ့ ဆေးရုံဆင်းခွင့်ပြုမယ်။
ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုက မနေ့က ခင်ဗျားကယ်ခဲ့တဲ့ လူနာဟာဒီနေ့မနက်ပဲ ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ်သတ်သေသွားပြီဗျာ။
ကိုဘမောင်။ ။ ဟုတ်လား၊ စိတ်မကောင်းလိုက်တာဗျာ။
မနေ့ကညကတောင် သူ့အ၀တ်အစားတွေ ရေစိုနေလို့ ကျနော်သူ့ကို လည်ပင်းကနေ ကြိုးနဲ့ချိတ်ပြီးလှမ်းထားပေးလိုက်သေးတယ်။
ကျွတ်...ကျွတ်....ကျွတ်...
ဆာရာက အာဘရမ်ကို မေးသည်။
" အာဘရမ် ၊ အနုမြူဗုံးတစ်လုံးရဲ့ တန်ဖိုး ဘယ်လောက်ရှိမယ်ထင်သလဲ ဟင် "
" ဒေါ်လာတစ်သန်းအောက် မလျော့ဘူးထင်တယ် "
" ကျွှန်မတို့ ခြံထဲကျလာရင် သိပ်ကောင်းမှာပဲနော် "
ရှာပုံတော်
ိဓာတ်တိုင်တစ်ခုကို ပတ်ပြီး ကိုချူချာ တစ်ခုခုကို သဲသဲမဲမဲ ရှာနေသည်။ ဖြတ်သွားသူတစ်ယောက်ကမေးသည်။
" ဟေ့လူ ၊ ဘာပျောက်လို့ရှာနေတာလဲ ၊ ညအချိန်မတော်ကြီး ။"
" ပိုက်ဆံ တစ်ရူဘယ် "
" ဒီနေရာမှာကျပျောက်တာလား"
" ဟင့်အင်း ၊ ဒီကနေငါးကိုက်အကွာမှာ ။ "
" ဒါဆို ဘာလို့ ဒီမှာရှာနေတာလဲ "
" ဒီမှာအလင်းရောင်ရှိလို့ "
ဘားတစ်ခုမှာ သူငယ်ချင်းသုံးယောက်ဆုံတော့ကိုယ့်မိန်းမကို ၀ယ်ပေးတဲ့
လက်ဆောင်ပစ္စည်း အကြောင်းပြောကြတယ်။ ပထမတစ်ယောက်က "ဟိုတလောက ငါ့မိန်းမကို
၆စက္ကန့်အတွင်း သုညကနေ ၁၀၀အထိ ရောက်သွားနိုင်တဲ့ ပစ္စည်းတစ်ခ
ဝယ်ပေးလိုက်တယ်" လို့ပြောတော့ ကျန်တဲ့ လူနှစ်ယောက်က ဘာပစ္စည်းမှန်း
မသိတော့ သူက " ငါ့မိန်းမကိုPorsche လုပ် ကားတစ်စီး ၀ယ်ပေးလိုက်တယ်လေ"
လို့ပြောတယ်။
ဒုတိယတစ်ယောက်ကလည်း အားကျမခံ"ငါလည်း ငါ့မိန်းမကို ၄ စက္ကန့်အတွင်း သုညကနေ
၁၀၀ထိ ရောက်သွားနိုင်တဲ့ပစ္စည်းတစ်ခု ၀ယ်ပေးလိုက်တယ်"
"နင်ဝယ်ပေးလိုက်တာferrari မဟုတ်လာ
"ဟုတ်တယ်... ငါ့မိန်းမကိုအနီရောင် ferrari တစ်စီး ၀ယ်ပေးလိုက်တယ်"
တတိယတစ်ယောက်ကလည်း"ငါလည်း ငါ့မိန်းမကို ၂ စက္ကန့်အတွင်း သုညကနေ ၁၀၀ အထိ
ရောက်သွား နိုင်တဲ့ပစ္စည်းဝယ်ပေးလိုက်တယ်"
"ဟာ...မဖြစ်နိုင်တာ..ferrari က ကမ္ဘာပေါ်မှာ အမြန်ဆုံးကားပဲ... မင်းကားက
ဘာကားမို့ လို့လဲ"
"အင်း...ငါဝယ်ပေးတာကားတော့ မဟုတ်ဘူး...ဒါပေမယ့် တကယ်ပဲ ၂ စက္ကန့်အတွင်း
သုညကနေ ၁၀၀ ထိ ရောက်သွားနိုင်တယ်"
" ဘာမို့လိုလဲ... ဘာလဲ....
"ဘာလဲ.."
......... ....
......... ....."ပေါင်ချိန်စက်လေ
အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေမသွားဖို့၊ မလုံတလုံ
ဝတ်ထားတဲ့ဖက်ရှင်ရှိုးတွေသွားမကြည့်ဖို့ အမြဲပြောတယ်။
အဖေ့စကားနားမထောင်ဘဲအဲဒီလိုနေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ
မြင်တတ်တယ်လို့ အဖေက ပြောပါတယ်။အဖေက မသွားနဲ့ ပြောမှ တခါမှ
မရောက်ဖူးတဲ့ကျွန်တော်သွားချင်လာမိတယ်။တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး
လက်မှတ်
ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ဝင်ဝင်ချင်းပဲ မမြင်သင့်တာကို
ကျွန်တော်မြင်သွားတယ်။ ဘာမြင်ခဲ့လဲသိလား...ကျွန်တော့် "အဖေ" ကိုလေ....
တခါက တိုင်းပြည် အကြီးအကဲတဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို
မြှင့်တင်ချင်သည့်အတွက် ကိုယ့်ပုံကိုတံဆိပ်ခေါင်းအဖြင့်
ထုတ်ဝေခဲ့သည်။ထုတ်ဝေပြီးတလအကြာတွင် ရောင်းအားကောင်းမကောင်း
စာတိုက်ကြီးသို့ ကိုယ်တိုင်သွားရောက်စုံစမ်းခဲ့သည်။
အကြီးအကဲ..... ငါ့ပုံနဲ့တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့
စာတိုက်မှုး......ကောင်းပါတယ်......ဒါပေမယ့်တံဆိပ်ခေါင်းကော် သိပ်မ
ကပ်ဘူးလို့ ပြောကြတယ်။
အကြီးအကဲ......မဖြစ်နိုင်တာ
ကိုယ်တိုင် တံဆိပ်ခေါင်းတခုကို ယူပြီး နောက်ကျောကို တံထွေး ထွေးကာ
စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။
အကြီးအကဲ........ကပ်တာမှမြဲနေတာပဲ
စာတိုက်မှုး.......သူတို့ကတံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။
ကျေးဇူးရှင်
စကားဝိုင်းတွင် စာရေးဆရာပေါက်စက ပြောသည်။
“စာပေကိုမြတ်နိုးတဲ့စိတ်ကြောင့် ဆရာဝန်ဘ၀ကို စွန့်လွှတ်ပြီး စာပေလောကထဲကျွန်တော်ခြေစုံပစ်ဝင်လိုက် တာပဲဗျာ။ ဆေးပညာထက် စာရေးဆရာတစ်ယောက်အနေနဲ့ပြည့်သူလူထုကို ပိုပြီး အကျိုးပြုနိုင်မယ်လို့ ယုံကြည့်တယ်ဗျာ”
စကားဝိုင်းထဲက တစ်ယောက်က ၀င်ထောက်သည်။
“ဆေးပညာကို စွန့်လွှတ်လိုက်တာနဲ့ပဲ တော်တော်လေးအကျိုးပြုပြီးသား ဖြစ်နေပါပြီဗျာ”
bloger name : K@ungM!nHtat Email : ThanMinHtie@gmail.com
မင်းခိုက်စိုးစံ
၁။စိုမှာစိုးလို့ မိုးမိတယ်       
ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။
၂။ကြယ်ကိုးစင်းနဲ့ လင်းတဲ့ကောင်းကင်
ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။
၃။သုည
ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။
၎။သူရဲဘောကြောင်တဲ့လူညံ့
ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။
၅။ဖိုးသူတော်ပြောသောပုံပြင်
ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။
၆။ဂျစ်ပစီ ၁ ယောက်ရဲ့ရင်ကွဲပက်လက် လမ်းဆုံ
ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။
၇။ကလေးအတွေး
ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။
၈။ကောင်းကင်နဲ့မလွတ်တဲ့ တောင်ပံတစ်စုံ
ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။
၉။ချောင်းကြည့်တတ်သူတစ်ယောက်ရဲ့ည
ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။
၁၀။ကော်ဖီည
ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။
၁၁။ကျွန်တော်နှင့်နမ်မီးဆစ်
ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။
၁၂။ခေတ်သစ်တစ်ခု၏အစ အဓိပ္ပါယ်များ၏ အဆုံး
ဤနေရာတွင်နှိပ်၍ဒေါင်းလုပ်ရယူပါ။
Kaspersky Internet Security 2011 11.0.0.232
How to make it ours!!
1-Close your internet connection..
2-Setup the program, select the trial activation.
3-It will want a key, as it can not connect to internet then, enter the key to that screen.
4-Enjoy!!
Password: devilboy23
FiFA 11 PAL Wii-GLoBAL
FiFA 11 PAL Wii-GLoBAL
Wii | English | PAL | Developer: EA Games | Publisher: Electronic Arts | 4.38 GB
Genre: Sports
ဒေါင်းရန်
R.U.S.E. RIP-TBTP
System requirements:
Supported OS: Windows® XP (SP3), Windows Vista® (SP2), Windows® 7
Processor: 2.8 GHz Intel® Pentium® 4 or AMD Athlon™ 64 3000+ or higher (3.5 GHz Intel Pentium D or AMD Athlon 64 3500+ recommended)
RAM: 1 GB Windows XP / 2 GB Windows Vista, Windows 7 (2 GB / 4 GB recommended)
Video Card: 128 MB DirectX® 9.0c–compliant video card (256 MB recommended)
Sound Card: DirectX 9.0c–compliant sound card (NVIDIA® nForce™ or other motherboards/ soundcards containing the Dolby® Digital Interactive Content Endocer required for Dolby Digital audio)
DirectX Version: DirectX 9.0c (included on disc)
Hard Drive Space: 6 GB
Peripherals Supported: Xbox 360® Controller for Windows, Windows-compliant keyboard and mouse
Multiplayer: Online Play requires a Broadband Connection
Install Notes:
1.: Extract with 7zip or equivalent.
2.: Run " Loader.bat" and play game from desktop!.
ဒေါင်းရန်
http://hotfile.com/dl/72209423/d85d3ce/PC_R.U.S.E.direct.play.-TPTB.part01.rar.html
http://hotfile.com/dl/72209425/5c2eea3/PC_R.U.S.E.direct.play.-TPTB.part02.rar.html
http://hotfile.com/dl/72209418/32f0630/PC_R.U.S.E.direct.play.-TPTB.part03.rar.html
http://hotfile.com/dl/72209420/42486b0/PC_R.U.S.E.direct.play.-TPTB.part04.rar.html
http://hotfile.com/dl/72209422/f9b179f/PC_R.U.S.E.direct.play.-TPTB.part05.rar.html
http://hotfile.com/dl/72209424/7526fad/PC_R.U.S.E.direct.play.-TPTB.part06.rar.html
http://hotfile.com/dl/72209419/a26a2f4/PC_R.U.S.E.direct.play.-TPTB.part07.rar.html
http://hotfile.com/dl/72209421/ba6bafc/PC_R.U.S.E.direct.play.-TPTB.part08.rar.html
http://hotfile.com/dl/72209426/17a7ed6/PC_R.U.S.E.direct.play.-TPTB.part09.rar.html
http://hotfile.com/dl/72209427/1eb9b1d/PC_R.U.S.E.direct.play.-TPTB.part10.rar.html
http://hotfile.com/dl/72213975/9b1416c/PC_R.U.S.E.direct.play.-TPTB.part12.rar.html
http://hotfile.com/dl/72214002/6490fe2/PC_R.U.S.E.direct.play.-TPTB.part13.rar.html
http://hotfile.com/dl/72214017/cdd63cd/PC_R.U.S.E.direct.play.-TPTB.part14.rar.html
http://hotfile.com/dl/72214032/8120902/PC_R.U.S.E.direct.play.-TPTB.part15.rar.html
http://hotfile.com/dl/72214031/461049d/PC_R.U.S.E.direct.play.-TPTB.part16.rar.html
http://hotfile.com/dl/72214030/e4cce45/PC_R.U.S.E.direct.play.-TPTB.part17.rar.html
http://hotfile.com/dl/72214035/6bc3669/PC_R.U.S.E.direct.play.-TPTB.part18.rar.html
http://hotfile.com/dl/72214041/534d613/PC_R.U.S.E.direct.play.-TPTB.part19.rar.html
http://hotfile.com/dl/72214061/7723803/PC_R.U.S.E.direct.play.-TPTB.part20.rar.html
http://www.filesonic.com/file/21969533/PC_R.U.S.E.direct.play.-TPTB.part01.rar
http://www.filesonic.com/file/21969483/PC_R.U.S.E.direct.play.-TPTB.part02.rar
http://www.filesonic.com/file/21969477/PC_R.U.S.E.direct.play.-TPTB.part03.rar
http://www.filesonic.com/file/21969517/PC_R.U.S.E.direct.play.-TPTB.part04.rar
http://www.filesonic.com/file/21969529/PC_R.U.S.E.direct.play.-TPTB.part05.rar
http://www.filesonic.com/file/21969475/PC_R.U.S.E.direct.play.-TPTB.part06.rar
http://www.filesonic.com/file/21969499/PC_R.U.S.E.direct.play.-TPTB.part07.rar
http://www.filesonic.com/file/21969513/PC_R.U.S.E.direct.play.-TPTB.part08.rar
http://www.filesonic.com/file/21969501/PC_R.U.S.E.direct.play.-TPTB.part09.rar
http://www.filesonic.com/file/21969487/PC_R.U.S.E.direct.play.-TPTB.part10.rar
http://www.filesonic.com/file/21969739/PC_R.U.S.E.direct.play.-TPTB.part11.rar
http://www.filesonic.com/file/21969701/PC_R.U.S.E.direct.play.-TPTB.part12.rar
http://www.filesonic.com/file/21969737/PC_R.U.S.E.direct.play.-TPTB.part13.rar
http://www.filesonic.com/file/21969709/PC_R.U.S.E.direct.play.-TPTB.part14.rar
http://www.filesonic.com/file/21969723/PC_R.U.S.E.direct.play.-TPTB.part15.rar
http://www.filesonic.com/file/21969759/PC_R.U.S.E.direct.play.-TPTB.part16.rar
http://www.filesonic.com/file/21969727/PC_R.U.S.E.direct.play.-TPTB.part17.rar
http://www.filesonic.com/file/21969729/PC_R.U.S.E.direct.play.-TPTB.part18.rar
http://www.filesonic.com/file/21969735/PC_R.U.S.E.direct.play.-TPTB.part19.rar
http://www.filesonic.com/file/21969547/PC_R.U.S.E.direct.play.-TPTB.part20.rar
Opera 10.70.9053 Dev Portable
Opera 10.70.9053 Dev Portable
Opera 10.70.9053 Dev Portable | 10.3 Mb
browser portable လေးပါ။
ဒေါင်းရန်
GetDataBack For Fat&NTFS 4.01 Portable
GetDataBack For Fat&NTFS 4.01 Portable | 6.97 Mb 
မှားပြီးဖျက်မိတဲ့ ဖိုင်တွေကို ပြန်ရှာပေးမယ့် recovery ဆော့ဝဲလေးပါ။
ဒေါင်းရန်
http://hotfile.com/dl/72243654/6a59da6/Get..._v4.01.zip.html
http://www.filesonic.com/file/21984989/Get..._NTFS_v4.01.zip
FFSJ 3.3 Portable
FFSJ 3.3 Portable | 5.12 Mb     
ဖိုင်ဆိုဒ်ကြီးကြီးတွေကို ဆိုဒ်သေးအောင် ခွဲထုတ်ပေး။ပြန်ပြီးဆက်ပေးတဲ့ ဆော့ဝဲလေးပါ။
ဒေါင်းရန်
http://hotfile.com/dl/72243656/56f2798/X-33FFSJ.rar.html
http://www.filesonic.com/file/21984987/X-33FFSJ.rar
360 Amigo System Speedup PRO 1.2.0.5000 + Portable
မိမိကွန်ပျူတာအတွက် လိုအပ်တာတွေ ပြုပြင်ပေးမယ့်ဆော့ဝဲလေးပါ။eror တွေလဲ စစ်ပေးပါတယ်။
ပါဝင်တဲ့ Features တွေကတော့
System Cleaner
One-Click Solution
System Scan Scheduler *
Clean junk data and free up disk space
Fix the common problems instantly
Clean Registry Errors
Clean hidden privacy exposing traces
Permanently delete private data
System Optimizer
Check disks at startup *
Provides a complete list of Internet connections running *
Stop unused and malicious computer processes *
Remove unneeded programs from startup *
Provides Defragmentation for files and folders
Disk Tools
Uninstalls unneeded programs *
Provides a list of installed Drivers *
Provides information about your entire computer system
Provides File Recovery
Manages/ Deletes System Restore Points *System Cleaner
One-Click Solution
System Scan Scheduler *
Clean junk data and free up disk space
Fix the common problems instantly
Clean Registry Errors
Clean hidden privacy exposing traces
Permanently delete private data
System Optimizer
Check disks at startup *
Provides a complete list of Internet connections running *
Stop unused and malicious computer processes *
Remove unneeded programs from startup *
Provides Defragmentation for files and folders
Disk Tools
Uninstalls unneeded programs *
Provides a list of installed Drivers *
Provides information about your entire computer system
Provides File Recovery
Manages/ Deletes System Restore Points *
ဒေါင်းရန်
Deposit 
Uploading 
Hotfile
x7.to
WarPath (PC Game)
WarPath (PC Game) | 678 Mb    
System Requirements:
Operating System / XP / vista
System RAM 512mb
CPU Speed 2.6 ghz
Video Card 128MB 
ဒေါင်းရန်
Download ( Hotfile )
http://hotfile.com/dl/72119332/2028e45/War....part1.rar.html
http://hotfile.com/dl/72119411/b8aa1eb/War....part2.rar.html
http://hotfile.com/dl/72119443/5e3b68f/War....part3.rar.html
http://hotfile.com/dl/72119645/472ece2/War....part4.rar.html
http://hotfile.com/dl/72119691/bfb5019/War....part5.rar.html
http://hotfile.com/dl/72119698/7022a14/War....part6.rar.html
http://hotfile.com/dl/72119711/fbd913f/War....part7.rar.html
Mirror:
Download ( FileServe )
http://www.fileserve.com/file/JER7v3v/Warpath.part1.rar
http://www.fileserve.com/file/wqdNrNj/Warpath.part2.rar
http://www.fileserve.com/file/dBY6NTp/Warpath.part3.rar
http://www.fileserve.com/file/em68eZb/Warpath.part4.rar
http://www.fileserve.com/file/enRHHNP/Warpath.part5.rar
http://www.fileserve.com/file/FeZW5yJ/Warpath.part6.rar
http://www.fileserve.com/file/UE3G6zW/Warpath.part7.rar
Mirror:
Download ( Uploading )
http://uploading.com/files/82929e1a/Warpath.part1.rar/
http://uploading.com/files/86e3346f/Warpath.part2.rar/
http://uploading.com/files/b82d841a/Warpath.part3.rar/
http://uploading.com/files/1a24e8ef/Warpath.part4.rar/
http://uploading.com/files/3b294c4c/Warpath.part5.rar/
http://uploading.com/files/m6f65743/Warpath.part6.rar/
Mirror:
Download ( Oron )
http://oron.com/lpfcaaxyap22/Warpath.part1.rar.html
http://oron.com/if1k7dq7gajn/Warpath.part2.rar.html
http://oron.com/a03848ngz7w3/Warpath.part3.rar.html
http://oron.com/28trpx5bs65n/Warpath.part4.rar.html
http://oron.com/hzma4o5enj5m/Warpath.part5.rar.html
http://oron.com/laxdwdqbk0zz/Warpath.part6.rar.html
http://oron.com/s12yvtvtwmlf/Warpath.part7.rar.html
Mirror:
Download ( depositfiles )
http://depositfiles.com/files/9ibejt1f3
http://depositfiles.com/files/zn0dsxadh
http://depositfiles.com/files/1ih0d8win
http://depositfiles.com/files/k7sm2who1
http://depositfiles.com/files/c4hh44fh2
http://depositfiles.com/files/9s2u4yxpu
http://depositfiles.com/files/642yelo9n
Mirror:
Download ( Ul.to )
http://ul.to/zunmt6/Warpath.part1.rar
http://ul.to/3i2oqh/Warpath.part2.rar
http://ul.to/eba2ux/Warpath.part3.rar
http://ul.to/5gfgyx/Warpath.part4.rar
http://ul.to/c30iuf/Warpath.part5.rar
http://ul.to/aqyw19/Warpath.part6.rar
http://ul.to/3m6g9d/Warpath.part7.rar
အိပ်ရာထဲ ရှူးရှူးပန်းမိလို့ (၈)နှစ်အရွယ် သားငယ်ကို အိမ်ရှေ့ပန်းခြံမှာ တစ်နာရီခွဲကြာ ပိုက်နဲ့ရေထိုး ကျိန်ဆဲရိုက်နှက် ဆုံးမခဲ့တဲ့ဖခင် ထောင်ဒါဏ်ပေးခံရဖွယ်
(၈)နှစ်အရွယ် သားငယ်လေးအား အိပ်ရာထဲ ရှူးရှူးပန်းမိသောကြောင့် အိမ်ရှေ့ပန်းခြံထဲမှာ ပိုက်ဖြင့်ရေထိုးကာ တစ်နာရီခွဲကြာအောင် ချမ်းတုန်အေးစက်နေသည်အထိ ဒါဏ်ပေးဆုံးမခဲ့သည့် ဖခင်ဖြစ်သူအား Margate တရားရုံးက ထောင်ဒါဏ်ချမှတ်ရန် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အသက်(၃၀)နှစ်ရှိ ဖခင်ဖြစ်သူ(တရားရုံးမှ အမည်မဖော်ပြထား)က သားဖြစ်သူအား ဆဲရေးကြိမ်းမောင်း ဒါဏ်ပေးရေထိုးနေစဉ် အိမ်ရှေ့မှကားဖြင့်ဖြတ်သွားရင်း မြင်တွေ့ခဲ့ရသူ အမျိုးသမီးက Kentမြို့၊ Margate တရားရုံးသို့ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး၊ Favershamရှိ နေအိမ်သို့ ရဲများရောက်ရှိလာသည်အထိ ခလေးငယ်မှာ အေးစက်ချမ်းတုန်ကာ ကြောက်ရွှံ့ထိတ်လန့်စွာဖြင့် ရေဖြန်းခံနေရဆဲဖြစ်သည်။ ရဲများက ဖခင်ဖြစ်သူအား ဟန့်တားပြီး ခလေးငယ်အား အိမ်ထဲသို့ ပွေ့ပိုက်ခေါ်ယူသည်ကို ဖခင်ဖြစ်သူက ဒေါသတကြီးဖြင့် အော်ဟစ်ကန့်ကွက်နေခဲ့သေးကြောင်း ရဲအရာရှိက ပြောပြသွားခဲ့သည်။
တိုင်တန်းသူ အမျိုးသမီး၏ ပြောပြချက်အရ ဖခင်ဖြစ်သူက ခလေးငယ်အား အော်ဟစ်ဆဲဆိုကာ ရေပိုက်ဖြင့် ဦးခေါင်းကို နှစ်ချက်သုံးချက် ရိုက်နှက်ခဲ့ကြောင်းလည်း သိရသည်။ ဥပဒေအရာရှိ Paul Tapsellက "ခလေးအဖေက ခလေးလေးကို အိပ်ရာထဲ ရှူးရှူးပန်းတဲ့အတွက် တစ်နေ့လုံး ပန်းခြံထဲမှာပဲ ရေစိုကြီးနဲ့ ဒီအတိုင်းနေရမယ်လို့ အော်ဟစ်ကြိမ်းမောင်းပြီးတော့ ထပ်ခါတစ်လဲလဲလည်း ကျိန်ဆဲနေခဲ့တယ်"ဟု ပြောပြခဲ့၏။
တရားရုံးတော်မှ ဖခင်မေတ္တာကင်းမဲ့စွာ လူသားမဆန်စွာ အပြစ်ပေးကြမ်းတမ်းလွန်းသူအား အမှုဖွင့်အရေးယူထားကြပြီး၊ အောက်တိုဘာလ (၁၂)ရက်နေ့ အမှုကြားနာ စစ်ဆေးသည့်အခါ Margate Magistrates Courtမှ တရားခံအား ထောင်ဒါဏ်ထိ ချမှတ်အရေးယူဖွယ်ရှိကြောင်း သိရသည်။
(မိခင်မရှိတော့ကြောင်း ယူဆရသော) ခလေးငယ်အား တာဝန်ရှိသူများက ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
ဖိုင်ဘာဖြင့် အင်တာနက် ချိတ်ဆက်ရာတွင် Bandwidth ငါးမျိုး သတ်မှတ်ထားကြောင်း သိရ
ရန်ကုန်မြို့တွင် မကြာမီ အသုံး ပြုခွင့်ရတော့မည့် ဖိုင်ဘာဖြင့် အင်တာနက် ချိတ်ဆက်ခြင်းတွင် Bandwidth ငါးမျိုး သတ်မှတ်ထားကြောင်း စုံစမ်းသိရှိရသည်။
    ဖိုင်ဘာဖြင့် အင်တာနက်ချိတ် ဆက်ရာတွင် IPTV, VoIP ဖုန်းနှင့် အင်တာနက် သုံးမျိုးလုံး အသုံးပြုမည်ဆိုပါက ကနဦးတပ်ဆင်ခမှာ ကျပ်ကိုးသိန်းဖြစ်ပြီး အင်တာနက်နှင့် VoIP ဖုန်းနှစ်မျိုးသာ အသုံးပြုလျှင် ကနဦးတပ်ဆင်ခမှာ ကျပ်ခုနစ်သိန်းခွဲ ဖြစ်ကြောင်း သိရသည်။ အသုံးပြုမည့်သူ ရွေးချယ်သုံးစွဲနိုင်သော မြန်နှုန်းငါးမျိုး သတ်မှတ်ထားပြီး လစဉ်ကြေးမှာ ကွာခြားမည်ဟု သိရသည်။ Bandwidth- 512 Kbps အတွက် လစဉ်ကြေးမှာ အက်ဖ်အီးစီ ၄၀ ဖြစ်ပြီး 1 Mb မှာ အက်ဖ်အီးစီ ၇၅၊ 2 Mb မှာ အက်ဖ်အီးစီ ၁၂၅၊ 4 Mb ဆိုပါက အက်ဖ်အီးစီ ၂၇၅၊ အမြင့် ဆုံး 8 Mb  ဖြင့် အသုံးပြုမည်ဆိုလျှင် လစဉ်ကြေးမှာ အက်ဖ်အီးစီ ၅၅၀ ဟု နှုန်းထားများ သတ်မှတ်ထား ကြောင်းသိရသည်။ ထို့ပြင်နှစ်စဉ်ကြေး မှာ ကျပ်ခြောက်သောင်းဖြစ်သည်။
    " ၀န်ဆောင်မှုသုံးမျိုးလုံး အသုံးပြုမယ်ဆိုရင် IPTV အတွက် Setup Box  တစ်ခုထားရှိရမှာဖြစ်ပြီး Free Channel တွေကို အခမဲ့ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ Pay Channel တွေလည်း သီးသန့်ရှိဦးမှာ ဖြစ်ပြီး Package အလိုက် အခကြေးငွေနဲ့ ရွေးချယ်သုံးစွဲနိုင်မှာပါ။ သုံးစွဲသူ အများစုရှိမယ့် ကွန်ဒို၊ ဈေးဝယ်စင်တာစတဲ့ နေရာမျိုးတွေမှာ တပ်ဆင်မယ်ဆိုရင် အကောင်အထည်ဖော်ရတာ ပိုမြန်မှာပါ။   နေရာအနေအထားပေါ် မူတည်ပြီး သွယ်တန်းလို့ရ၊ မရဆိုတာ လည်း  အကန့်အသတ် ရှိနိုင်ပါတယ်" ဟု RedLink  ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
    ဖိုင်ဘာဖြင့် အင်တာနက်ချိတ်ဆက်ခြင်းအတွက် မန္တလေးမြို့တွင် လျှောက်လွှာများ စတင်လက်ခံနေပြီး အောက်တိုဘာ ၁၇ ရက်နေ့မှစ၍ သုံးစွဲခွင့်များ စတင်ချပေးသွားမည်ဟု သိရသည်။
    ဖိုင်ဘာဖြင့် အင်တာနက်ချိတ်ဆက်ခြင်းအတွက် ကုမ္ပဏီခြောက်ခု မှလုပ်ကိုင်ခွင့်များရရှိထားပြီး ရန် ကုန်မြို့၌ ယခုနှစ်မကုန်မီ အသုံးပြုခွင့်ရမည်ဟုလည်း သိရသည်။
ယောဂ၏ အကျိုးကျေးဇူးနှင့် စွမ်းအားသက်ရောက်မှုများ
လူသားခန္ဓာနှင်.ပြင်ပလောကတိုက်ရိုက်ဆက်သွယ်နေသောတခါးကြီး(ရ)ပေါက် ကို ကောင်းမွန်စွာ နားလည်ထားမှ သာ ယောဂ၏ အကျိုးကျေးဇူးနှင့် စွမ်းအားသက်ရောက်မှုများကို ထိရောက်စွာ အသုံးချနိုင်မည်ဖြစ်သည်။
ပထမတံခါး          
 တည်ရှိရာ----------ကျောရိုး(မီးညှောင်ရိုးတည်တည်)
ဓါတ်သဘာဝ-------မြေဓါတ်(မာကျောတောင့်ခံနိုင်ခြင်း)
ဝိဒေသ --------------ခန္ဓာကိုယ် အစိတ်အပိုင်းများ ကိုပုံသဏ္ဏန်နှင့် စွမ်းအင်ဖြည့် ဆည်းပေးရာဒေသ။
ဒုတိယတံခါး
တည်ရှိရာ-----------၀မ်းဗိုက်(ချက်၏အောက်တည်တည်)
ဓါတ်သဘာဝ--------ရေဓါတ်(လိုက်လျှောညီထွေရှိ၍အေးလွယ်ခြင်း တုံပြန်လွယ်ခြင်း)
ဝိဒေသ--------------စိတ်၏ခံစားမှူများနှင်.အညီတုံးပြန်ရာဒေသ အဓိကတုံပြန်မှူများ အပြစ်၊ ဒေါသ၊ မျက်ရည်၊၀န်တိုခြင်း ခံစားမှူမဲ.ခြင်း(စိမ်းကားတတ်ခြင်း) စိတ်ပိုင်းဆိုင်ရာ လုံခြုံမှူရှိခြင်း၊ မရှိခြင်းများ ပြုပြင်ဖန်တီးရာဒေသ။
တတိယတံခါး
တည်ရှိရာ------------၀မ်းဗိုက(်ချက်အထက်ပိုင်း)
ဓါတ်သဘာဝ---------အပူ မီးဓါတ်(ကျေပျက်လွယ်ခြင်း)
ဝိဒေသ---------------အာဟာာရများကိုစွမ်းအင်အဖြစ်ကူးပြောင်းပေးရာဒေသ။
စတုတ္တတံခါး
တည်နေရာ ------------- နှလုံး (ရင်ညွှန့် တည့်တည့်)
ဓါတ်သဘာဝ------------လေ(ပျော့ပြောင်း၍ ပူလွယ်၊အေးလွယ်ခြင်း)
ပဉ္စမတံခါး
တည်နေရာ ----------လည်ချောင်း(လည်ချောင်ရိုးစစ်တည့်တည့်)
ဓါတ်သဘာဝ---------
စွမ်းအား
ဝိဒေသ---------------စိတ်၏မှန်ကန်စွာ ရပ်တည်မှူ နှင့် စဉ်းစားတွေးခေါ်ခြင်းများ
ဆဋ္ဌမတံခါး
တည်နေရာ----------နဖူး
ဓါတ်သဘာဝ--------အလင်း
ဝိဒေသ--------------အတွင်းစိတ်၏ပြုပြင် မှူများ ထင်ဟပ်ရာဒေသ
သတ္တမတံခါး
တည်နေရာ---------ငယ်ထိပ်(ဦးခွံရိုးထက်တည့်တည့်)
ဓါတ်သဘာဝ-------အတွေး
ဝိဒေသ-------------ရုပ်ခန္ဓာကြီးတစ်ခုလုံးကိုအမိန့် ပေးရာ၊ ပြင်ပမှရရှိသောသတင်းအချက် အလက်များကိုဘာသာပြန်ဆင်ခြင်သုံးသပ်ပေးရာဒေသ ။
ဟီရိသြတပ္ပတရားနဲ့ ပတ်သက်သမျှ
linlinn: ဟီရိသြတပ္ပတရားနဲ့ဆိုင်တဲ့ အကြောင်းအရာမှန်သမျှရနိုင်သလောက်
အကုန်လိုချင်ပါတယ်။     ဒီတခေါက်လည်း ကူညီပေးကြပါဦးနော် ။ကျေးဇူးတင်ပါတယ်။
ဧကရီ: ကိုလင်းလင်း မေးထားတဲ့မေးခွန်းဖြစ်တဲ့ဟီရိသြတပ္ပတရားနဲ့ဆိုင်တဲ့   အကြောင်းအရာတွေက အများကြီးရှိပါတယ်.အကျဉ်းချူပ်လေးပဲ တင်ပေးလိုက်ရပါတယ်ရှင်။ "ရှက်စိတ်ဆိုတာဟာ ခေတ်တွေပြောင်းလဲလာတဲ့နဲ့ အမျှအဓိပ္ပာယ်ဖွင့်ဆိုချက်တွေလည်းပြောင်းလည်းသွားကြပြီဖြစ်ပါတယ်။ တစ်ချိန်ကရှက်စရာဟာ နောင်တစ်ချိန်ကျတော့ ရှက်စရာမဟုတ်တော့ပါဘူး။ရှက်စရာဆိုတာဟာ ဘာတွေကိုခေါ်တာလဲလို့တောင်ပြောဖို့ ခက်လာပါတယ်" ။ ဒါကြောင့် အကုန်လုံးနီးပါးရှာဖွေ တင်ပြချင်ပါတယ် ..ဒါပေမဲ့အခြေအနေအကြောင်းကြောင်းကြောင့် စာရေးဆရာကြီးလူထုစိန်ဝင်း ရေးသားသမျှ အကျဉ်းလေးသာတင်ပြပေးလိုက်ပါတယ်ရှင့်။ အဆင်ပြေပါစေ။
..........................................................................................................
ဟီရိသြတပ္ပတရားဆိုသည်မှာ
"ဟီရိသြတပ္ပတရားဆိုတာ မဟုတ်တာ ၊ မမှန်တာ ကိုလုပ်ရမှာ ရှက်ခြင်း ၊ ကြောက်ခြင်းပါပဲ။အဘိဓာန်မှာတော့ မကောင်းမှုမှရှက်ခြင်း ၊ မကောင်းမှုမှကြောက်ခြင်းဆိုပြီး အဓိပ္ပာယ်ဖွင့်ထားပါတယ်။ဒါပေမဲ့ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို မဖွင့်ဆိုတတ်သည့်တိုင် မဟုတ်တာ၊မမှန်တာ(မကောင်းမှု)လုပ်ရမှာ ရှက်စိတ် ၊ ကြောက်စိတ်ရှိရင် ဟီရိသြတပ္ပတရားနဲ့ ညီညွတ်တာပါပဲ " ဆိုပြီးတော့ စာရေးဆရာ ဖေမြင့်က ထောက်ပြပြောဆိုခဲ့ပါတယ် ။
"ဟီရိသြတပ္ပ ဆိုတဲ့ ရှက်ခြင်းတရားကြောင့် လူတွေဟာ ယဉ်ကျေးတဲ့သတ္တ၀ါလို့ အခေါ်ခံလာရတာပါ။ တိရိစ္ဆာန်တွေကတော့ ဟီရိသြတပ္ပ ဆိုတာနားမလည်ကြပါဘူး။ကိုယ်ဆာလောင်လာတဲ့အခါ ကိုယ့်ရှေ့မှာပေါ်လာတဲ့ ကိုယ့်ထက် အားနည်းတဲ့သတ္တ၀ါလေးတွေကို ဖမ်းယူစားသောက်ပစ်လိုက်တာပါပဲ။ အားနည်းသူကို အနိုင်ကျင့်တာဟာ ရှက်စရာပါလားလို့ သူတို့ တွေ မသိကြပါဘူး။သူ့ ထက်အားကြီးတဲ့ အကောင်ကြီးတဲ့ သတ္တ၀ါကိုတွေ့ ရင်တော့ သူဟာ အမြီးတန်းပြီးထွက်ပြေးမှာပါပဲ ။ ရန်သူကို ကျောပေးပြီးပြေးခြင်းဟာလည်း ရှက်စရာပါလားလို့ သူတို့ တွေ မတွေးတတ်ကြပါဘူး ။သူတို့ အတွက် အရေးအကြီးဆုံးကတော့ အသက်ရှင်နေထိုင်နိုင်ဖို့ ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် အရှက် ဆိုတဲ့အရာလေးတစ်ခုဟာ လူနဲ့ တိရိစ္ဆာန် ကိုစည်းခြားပေးထားတဲ့ အရာတွေထဲက အရေးကြီးတဲ့ အရာတစ်ခုလို့ ဆိုချင်ပါတယ် " ဟု ရှက်စိတ်ဆောင်းပါထဲ၌ ဆရာလူထု စိန်ဝင်းက ဆိုထားခဲ့သည် ။
ထို့ ပြင် ရှက်စိတ်သည် လူသားများကို ယဉ်ကျေးပြီး အဆင့်မြင့်သတ္တ၀ါများ အဖြစ်သို့ ရောက်ရှိစေရန် အတွက် အဓိက အခန်းကဏ္ဍမှနေပြီး ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း နှင့် " အရှက်နှင့်လူလူပ်တာ" " အရှက်ကို အသက်နဲ့ လဲမယ် " ဆိုသည့် စကားများကိုလည်း ဖြစ်ပေါ်လာခဲ့စေကြောင်း ထည့်သွင်းရေးသားထားခဲ့သည် ။
မျက်မှောက်ခေတ်နှင့်အရှက်အကြောက်တရား
မဟုတ်သည် ၊ မမှန်သည်ကို ပြောဆိုလုပ်ကိုင်ခြင်း ၊ မိမိ အကျိုးစီးပွားတစ်ခုတည်းသာကြည့်ပြီး တရားသည် ၊ မတရားသည် မစဉ်းစားပဲ မကောင်းသည့်အပြုအမူများကို သိလျက်နဲ့ ပင်လုပ်ကိုင်လာကြခြင်းသည် အရှက်အကြောက်တရား နည်းပါးလာခြင်း ကိုထောက်ပြလျက်ရှိနေကြာင်း သုံးသပ်သူများကလည်း ဆိုကြသည် ။
" မျက်မှောက်ခေတ်မှာ မဟုတ်တာကို လုပ်ကိုင်ရမှာ ရှက်တတ် ၊ ကြောက်တတ် တဲ့သူတွေအများကြီး ရှိနေပါသေးတယ်။ဒါပေမဲ့ သူတို့ ရဲ့ ထိန်းချူပ်တဲ့ အပြုအမူတွေက မထင်ရှားပဲ အရှက်အကြောက်မဲ့သူတွေရဲ့ အပြုအမူတွေက ထင်ရှားမြင်သာနေတဲ့အတွက် အမှတ်တမဲ့ ကြည့်ရင် အရှက်အကြောက် ကင်းမဲ့နေသလို ထင်ရပါတယ် " ဟု လည်း ဆရာဖေမြင့်က သုံးသပ်ခဲ့ပါသေးတယ်။
အရှက်အကြောက်တရားနှင့် နည်းပညာရိုက်ခတ်မှု
ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာကတော့ .. ဒီဟာလေးပါပဲ ဗျာ။ ယနေ့ ခေတ်မှာ အရှက်အကြောက်တရားအပေါ် တန်ဖိုးထားမှု လျော့နည်းခြင်း အကြောင်းအရင်းများထဲမှာ နည်းပညာရိုက်ခတ်မှု များက အကြောင်းတစ်ချက်အနေနဲ့ ပါဝင်နေကြောင်း သိရပါတယ် ။ နည်းပညာ ရိုက်ခတ်မှုမှတစ်ဆင့် ရုပ်ပိုင်းဆိုင်ရာ အရှက်အကြောက်တရားကင်းမဲ့လာပြီး ထိုမှတစ်ဆင့် စိတ်ပိုင်းဆိုင်ရာ အရှက်အကြောက်တရား ကင်းမဲ့လာမှုများဆီသို့ ရောက်ရှိလာခဲ့ကြောင်း လို့ လည်းဆိုကြပါတယ် ။
ယနေ့ အချိန် (အင်တာနက် ခေတ်)၏ နည်းပညာရိုက်ခတ်မှုကြောင့် အရှက်အကြောက်တရား ကင်းမဲ့လာကြသူများထဲတွင် လူငယ်အများစု ပါဝင်လာခဲ့ခြင်းကလည်း စဉ်းစားသင့်သည့် အချက် တစ်ချက်ဖြစ်လာခဲ့ပါတယ်။
နည်းပညာ ကမ္ဘာအတွင်း လူအများ အလွယ်တကူ မမြင်နိုင်သည့် အတွက် မကောင်းမှုများကို စမ်းသပ်လုပ်ကိုင်ရာမှာ ပြင်ပနေထိုင်မှု အထိပါ မကောင်းမှုများပြုလုပ်ခြင်းများ ကူးစက်လာခဲ့သည်ကလည်း လူငယ်များအတွက် သတိထားစရာ အချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဥပမာ ဆိုရရင် ကျွန်တော်တို့ ဆိုဒ်လေးထဲမှာတောင် အကို တစ်ယောက် ရေးသားတင်ပြဖူးပါတယ် ။ ညစ်ညမ်းခွေများ ရောင်းချမှု တားဆီးသင့်နေပြီဆိုတဲ့ ပိုစ့်လေး .. နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ .ကောင်းတဲ့ ဘက်က တိုးတက် သလို မကောင်းတဲ့ဘက်ကလည်း တိုးတက်တာ အရမ်းကို မြန်လွန်းနေပါတယ်။ အင်တာနက် ပေါ်မှာဆိုလည်း ညစ်ညမ်း Website တွေ အရမ်းကို များပြားပါတယ် ။ အဲ့ဒါတွေကြောင့် အရှက်အကြောက် တရားတွေကင်းမဲ့ခဲ့ရတဲ့ လူငယ်တွေလည်း တော်တော်လေးများပြားလာပါပြီ ။
အရှက်အကြောက်တရားနှင့်အသိဥာဏ်ပညာ
(၁) မိမိ၏ ပုဂ္ဂလအတ္တ ကိုထိပါးလာသည့်အခါ၌ ရှက်ခြင်း
(၂) မိသားစု အစရှိသည်မှ နိုင်ငံအထိပါဝင်သော မိမိ၏အုပ်စုကို ထိခိုက်လာသည့်အတွက် ရှက်ခြင်း
(၃) မိမိ၏ယုံကြည်ချက်ကို ထိပါးလာသည့်အတွက် ရှက်ခြင်း
(၄) မိမိထားရှိသော သစ္စာတရားကို သစ္စာဖောက်ရန်အတွက် ရှက်ခြင်း အစရှိသည့် အမျိုးအစားများဖြင့် ခွဲခြားထားပါသည်။
အရှက်အကြောက်တရားကို ဘယ်လို ထိန်းကြောင်းမလဲ
"ဒီနေ့ အင်တာနက် ခေတ်မှာ ယဉ်ကျေးမှုတွေဟာ နယ်နိမိတ် အထူအပါးမရှိကြတော့ဘူး ။ကိုယ့်ယဉ်ကျေးမှုအပေါ် တန်ဖိုးထားမှု အားနည်းနေမယ်ဆို ရင် ဟိရိုသြတပ္ပတရား ဆိုတဲ့ အရှက်အကြောက်တရားနှစ်ပါးစလုံး လျော့နည်းလာမှာပါ။ ဒီနေ့ ကမ္ဘာမှာရောမြန်မာမှာပါ အရှက်အကြောက်တရားတွေ မရှိကြတော့ဘူး။ လူတွေဟာ လက်နက်အားကိုးနဲ့ အကြမ်းဖက်လာကြတယ်၊ ဒီလိုတွေ ထပ်ခါ ထပ်ခါ ဖြစ်လာတဲ့ အခါမှာ အရှက်အကြောက်တရား တွေ အကြောင်းကို ကလေးတွေ ၊ လူငယ်တွေ သိရှိနားလည် လာအောင် လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်" ဟု ဆရာလူထုစိန်ဝင်းကပြောပြခဲ့ပါတယ် ။