Friday, October 8, 2010

Miss Thailand သို့မဟုတ် ၂၀၁၀ မယ်စကြဝဠာ ပြိုင်ပွဲမှ အလှဆုံး အာရှသူ၏ ပုံရိပ်များ


ကမ္ဘာတစ်လွား အလှမယ်များကြားတွင် ချစ်စဖွယ် သွင်ပြင်နှင့် ပြေပြစ်ချောမောမှုတို့ ပေါင်းစပ်ထားသော ထိုင်း အလှမယ် Fonthip Watcharatrakul သည် ၂၀၁၀ မယ်စကြဝဠာ ပြင်ပွဲတွင် ဓါတ်ပုံ အစားဆုံးဆုနှင့် အကောင်းဆုံး နိုင်ငံ့ရိုးရာ ဝတ်စုံဆု နှစ်ခုစလုံးကို တစ်ဦးတည်း သိမ်းပိုက်နိုင်ခဲ့သည့် အလှဆုံး အာရှသူဖြစ်သည်။
ထိုင်း အလှမယ် Fonthip Watcharatrakul သည် ထိုင်းဆင်ပေါ်တွင် ဝတ်ဆင်ပေးသည့် အဆင်တန်ဆာများဖြင့် ဒီဇိုင်းထုတ်ထားသော “Siam Iyara” (Elephant of Thailand) ဟုအမည်ရသည့် ဆန်းဆန်းပြားပြား ရိုးရာဝတ်စုံဖြင့် မယ်စကြဝဠာ ပြင်ပွဲတွင် ယှဉ်ပြိုင် အနိုင်ရခဲ့ခြင်းဖြစ်သည်။

အနိုင်ရခဲ့ခြင်းဖြစ်သည်။
Miss Thailand Universe 2010 Fonthip Watcharatrakul in national costume
The national costume for Miss Thailand Universe 2010 is called Siam Iyara
The designer of Thailand national costume for Miss Universe 2010
Miss Thailand in Miss Universe 2010 10 jpg
Miss Thailand in Miss Universe 2010 11 jpg
http://patheincity.com/news//HLIC/ad1ac3fa44732bf83e3c483a1c39460f.jpg
Miss Thailand in Miss Universe 2010 13 jpg
Miss Thailand in Miss Universe 2010 4 jpg
Miss Thailand in Miss Universe 2010 5 jpg
Miss Thailand in Miss Universe 2010 6 jpg
Miss Thailand in Miss Universe 2010 8 jpg
Miss Thailand in Miss Universe 2010 9 jpg
Miss Thailand in Miss Universe 2010 7 jpg
အရပ်အမြင့် ၅ ပေ ၇လက်မ ရှိပြီး အသက် ၂၀ ရှိပြီ ဖြစ်သူ Fonthip Watcharatrakul သည် Assumption တက္ကသိုလ်မှ ဥပဒေ ကျောင်းသူတစ်ဦးလည်ဖြစ်သည်။




အဖြစ်များနေကြတဲ့ မျက်စိနာရောဂါကို ကာကွယ်ကုသနည်းများ

အခုအချိန်မှာ လူအတော်များများ မျက်စိနာနေကြတာ တွေ့ရပါတယ်။ ပူနွေးစိုစွတ်တဲ့ အခုလို လာနီညာ ရာသီဥတုဟာ ဘက်တီးရီးယား ပေါက်ပွားနှုန်းကို အရမ်းမြန်စေလို့ ဒီနှစ်မှာ မျက်စိနာသူတွေ ပိုများနိုင်ပါတယ်။ မျက်စိနာတယ်လို့သာ ဆိုကြပေမယ့် တကယ်တမ်းကတော့ မျက်လုံးရဲ့ အဖြူရောင်အသား (Sclera) ကို ကာကွယ်ပေးထားတဲ့ အမြှေးပါး အကြည်လေး (conjunctiva) ရောင်တဲ့ ရောဂါမို့ ဆေးပညာအခေါ်အရ conjunctivitis လို့ ခေါ်ကာ အင်္ဂလိပ်လို pink eye လို့ ခေါ်ပါတယ်။

ဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲ အများဆုံး အကြောင်းအရင်းတွေက ဗိုင်းရပ်စ်ပိုး အချို့ ကြောင့် ဖြစ်ရတာ ဖြစ်ပြီး ဘက်တီးရီးယားကြောင့် ဖြစ်ရတာလဲ ရှိပါတယ်။ မျက်လုံးထဲကို မသန့်တဲ့ အရာတစ်ခုခု၊ ခန္ဓာကိုယ်နဲ့ ဓာတ်မတည့်တဲ့ အရာတစ်ခုခု ၀င်ခြင်း (ဥပမာ မီးခိုး၊ ဓာတ်ငွေ့၊ ၀တ်မှုန် စသည်) ၊ မျက်သားခြောက်သွေ့လွန်းခြင်း စတာတွေကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။

လက်ရှိ ဖြစ်ပွားနေကြတဲ့ တစ်ဦးနဲ့ တစ်ဦး အရမ်းကူးလွယ်တဲ့ မျက်စိနာ ရောဂါဟာ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ရတာ ဖြစ်ပြီး ၃ ရက်ကနေ ၅ ရက်ထက် ပိုမကြာပါဘူး။ ဒါကြောင့် မျက်စိနာခြင်း ခံစားနေရတာ ၅ရက်ကျော်သွားရင် ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ ပိုစိုးရိမ်စရာ အကြောင်းအရင်း တစ်ခုခု ဖြစ်နေတတ်လို့ ဆရာဝန်နဲ့ မဖြစ်မနေ ပြသင့်ပါတယ်။

မျက်စိနာရောဂါရဲ့ လက္ခဏာတွေက အားလုံး သိရှိခံစား ဖူးကြတဲ့ အတိုင်း မျက်လုံးနီရဲ ရောင်ယမ်းခြင်း၊ မျက်ရည်ပူတွေ ပုံမှန်ထက် ပိုကျခြင်း၊ မျက်လုံးထဲမှာ ပြင်ပက ပစ္စည်း တစ်ခုခု ၀င်နေသလို ခိုးလိုးခုလု ခံစားရတတ်ခြင်း၊ အလင်းရောင် မကြည့်နိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီဝေဒနာတွေဟာ အတော်ဆိုးကာ ဘာအလုပ်မှ လုပ်ချင်စိတ် မရှိအောင် အနှောင့်အယှက် ဖြစ်စေလို့ မျက်စိနာ ရောဂါ မဖြစ်အောင် ကာကွယ်နည်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မျက်စိနာရောဂါ ဖြစ်စေတဲ့ ပိုးတွေဟာ မသန့်ရှင်းတဲ့ လက်ကနေ အများဆုံး ကူးစက်တာမို့ မျက်စိနာရောဂါ ကာကွယ်ခြင်းအတွက် အထိရောက်ဆုံး နည်းလမ်းတစ်ခု ကတော့ ပြင်ပအရာဝတ္ထုတစ်ခုကို ထိကိုင်ပြီးတိုင်း မျက်လုံး၊ မျက်ခမ်းကို ထိကိုင်ခြင်း မလုပ်တာပါပဲ။ လက်ကို သေချာစင်ကြယ်အောင် ဆေးကြောပြီးမှ မျက်နှာရဲ့ အစိတ်အပိုင်းတွေကို ထိကိုင်ပါ။


(၂) မျက်နှာသုတ်ပုဝါကို ဂရုစိုက်ပါ။ မျက်နှာ သုတ်ပုဝါဟာ သန့်ရှင်းနေဖို့ မရှိမဖြစ် လိုအပ်သလို လူတစ်ဦးကို မျက်နှာသုတ်ပုဝါ တစ်ထည် သီးသန့် သုံးတာ အကောင်းဆုံးပါ။ မျက်စိနာ ရောဂါ ဖြစ်နေတဲ့ သူအတွက် ဆိုရင်တော့ မျက်နှာသုတ်ပုဝါ တစ်ထည် သီးသန့် ထားပေးရပါမယ်။ မဟုတ်ရင် တစ်အိမ်သားလုံး ကူးကုန်ပါလိမ့်မယ်။ ဒါ့အပြင် မျက်စိနာတဲ့ သူရဲ့ မျက်နှာသုတ်ပုဝါကို နေ့စဉ် လျှော်ဖွပ်ပေးသင့်ပါတယ်။ အစွမ်းချွတ်ဆေး တစ်မျိုးကို သုံးပြီး ဖြစ်စေ၊ ရေနွေး ပွက်ပွက်ဆူမှာ ကြာကြာ ပြုတ်ပြီး ဖြစ်စေ လျှော်ဖွပ်ရမှာ ဖြစ်ပါတယ်။ ဒီလို မလုပ်ပေးရင် လူနာရဲ့ မျက်စိက ပိုးတွေက မျက်နှာသုတ်ပုဝါနဲ့ မျက်လုံးကြား သံသရာ လည်နေမှာမို့ မျက်စိနာရောဂါ ကြာတတ်ပါတယ်။

(၃) မျှတတဲ့ လတ်ဆတ်သော အသီးအရွက်တွေ ပါဝင်တဲ့ အစားအသောက်ပုံစံ မစားဘဲ အသားပဲ စားတဲ့သူတွေ၊ အိပ်ရေးပျက် အစားပျက်လို့ ကိုယ်ခံအား ကျနေသူတွေ၊ မျက်ကပ်မှန် ၀တ်ဆင်သူတွေ၊ ဓာတ်ငွေ့၊ ဖုန်မှုန့် စတာတွေနဲ့ နေ့စဉ် နီးနီးကပ်ကပ် အလုပ်လုပ်ရသူတွေဟာ တခြားသူတွေထက် မျက်စိနာဖို့ ပိုနီးစပ်တာမို့ အခုလို မျက်စိနာတွေ ပေါနေတဲ့ ရာသီမှာ လက်နဲ့ မျက်စိသန့်ရှင်းရေးကို ပိုမို သတိထားသင့်ပါတယ်။ ထူးခြားတဲ့ အနေနဲ့ အမြင်အာရုံ တစ်ဖက်တည်းသာ ရှိသူများဟာ မျက်စိနာဖို့ ပိုနီးစပ်တယ်လို့ တွေ့ရှိထားရတာမို့ ဒီလိုလူတွေလဲ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

(၄) ကြိုတင်ကာကွယ်တဲ့ အနေနဲ့ နေပူဖုံထူတဲ့ အပြင်က ပြန်လာတိုင်း မျက်စဉ်းတစ်ခုခု ခပ်ပေးပါ။ အခုလို မျက်စိနာရောဂါတွေ အဖြစ်များနေတဲ့ မျက်စိမနာသေးပေမယ့်  ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပိုးသတ်ဆေးပါတဲ့ မျက်စဉ်း တစ်ခုခု ခပ်ပေးတာလဲ ကာကွယ်ရာ ရောက်စေပါတယ်။

မျက်စိနာရင် မြန်မြန်ပျောက်စေဖို့ လိုက်နာရမယ့် အချက်တွေကတော့

(၁) မျက်စိနာနေတဲ့ အချိန်မှာ အရက်သေစာသောက်စားခြင်း၊ ဆေးရွက်ကြီး ပါသော ဆေးလိပ်၊ ကွမ်းယာ စားသုံးခြင်း၊ မျက်ကပ်မှန် တပ်ဆင်ခြင်း၊ ရေကူးခြင်း၊ခေါင်းလျှော်ခြင်း စာကြာကြာဖတ်ခြင်း၊ တီဗွီ၊ ကွန်ပျူတာ ကြည့်ခြင်း စတာတွေကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။



(၂) မျက်စဉ်း ခပ်ကို ခပ်ရပါမယ်။ မျက်စဉ်းတွေထဲမှာ Neomycin, Norfloxacin, Ofloxacin စတဲ့ ပဋိဇီဝ ပိုးသတ်ဆေးတွေ ပါဝင်လို့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ မျက်စိနာရောဂါကို သိသာစွာ သက်သာ ပျောက်ကင်းစေပါတယ်။ နောက်ပြီး ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ မျက်စိနာရောဂါဟာ မျက်စဉ်း ခပ်ဖို့ မလိုအပ်ပေမယ့် လက်နဲ့ ခဏခဏ ပွတ်မိရေင် ဘက်တီးရီးယားက ဒုတိယမြောက် ဆင့်ပွား ကူးစက်ခြင်း (Secondary Infection) အနေနဲ့ ၀င်လာတတ်တာမို့ မျက်စဉ်းခပ်ခြင်းကို မဖြစ်မနေ လုပ်ရပါမယ်။

ဒါ့အပြင် မျက်စဉ်းတွေထဲမှာ Dexamethasone ဆိုတဲ့ ရောင်ယမ်း ယားယံခြင်းကို သက်သာစေတဲ့ စတီးရွိုက် တစ်မျိုး ပါဝင်တာမို့ မျက်စဉ်းခပ်ပေးရင် ယားယံ ရောင်ယမ်းခြင်းတွေ သိသာစွာ သက်သာစေပြီး မြန်မြန် ပြန်ကောင်းစေပါတယ်။ မျက်စဉ်းမခပ်သူတွေကတော့ ဒီအကျိုးမျိုးတွေ မရနိုင်တော့ဘူးပေါ့။

(၃) မျက်နှာသုတ်ပုဝါ၊ နေကာမျက်မှန် စတာတွေကို တစ်ယောက်တစ်ခု သီးသန့်သုံးပါ။ နေ့စဉ် လျှော်ဖွပ်ပါ။ အိပ်ရာခင်း နဲ့ ခေါင်းအုံးစွပ်ကိုလည်း သန့်ရှင်းအောင် အထူးဂရုစိုက်ပေးပါ။

(၄) မြန်မြန် ပျောက်ချင်ရင် မျက်လုံးကို ခဏခဏ ပွတ်ခြင်းကို  လုံးဝ ရှောင်ကြဉ်ရပါမယ်။



(၅) မည်သည့်အရွက်ကိုမှ သတ္တုရည် ညှစ်၍ မျက်စဉ်းခပ်ခြင်း မလုပ်ပါနဲ့။ မြန်မာ့တိုင်းရင်းဆေးလာ ဆေးနည်းတွေကို အထင်သေးလို့ ပြောတာ မဟုတ်ပါဘူး။ ဥပမာ ကွမ်းရွက်ဆိုပါတော့။ ရေနဲ့ ဘယ်လောက်ဆေးပါတယ် ပြောပြော မျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေ မပြောင်တာ အသေအချာပါပဲ။

နောက်ပြီး ယနေ့ခေတ်မှာ အရွက်ပေါ်မှာ ဖျန်းထားမယ့် ဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေကိုပါ ထည့်တွက်ရမှာ ဖြစ်ပါတယ်။ အရွက်ကို ဆားနဲ့ နယ်ကာ အရည်ညှစ်တဲ့ ကိစ္စကလည်း တကယ်ကို မလုပ်သင့်ပါဘူး။ ဆားက မသန့်ရင် အခန့်မသင့် မျက်လုံးကန်းသွား နိုင်ပါတယ်။ အချိန်တန်ရင် ပျောက်မယ့် မျက်စိနာရောဂါဟာ ဒါတွေကြောင့် ပိုကြာနေတတ်လို့ ရှောင်ကြဉ်သင့်ပါတယ်။

(၆) တတ်နိုင်သမျှ မျက်လုံးကို အနားပေးပါ။ အပြင်သွားရင် နေကာမျက်မှန် တပ်ပေးပါ။

(၇) မျက်စဉ်းကို မဖြစ်မနေ ခပ်သင့်တယ်လို့ ပြောခဲ့တဲ့ အထဲမှာ အဆင်ပြေရာ ဘယ်မျက်စဉ်းမဆို ခပ်လို့ရပါတယ်။ မျက်စဉ်းတွေရဲ့ ဘူးပေါ်မှာ တစ်နေ့ကို ၃ ကြိမ်လောက်ပဲ ခပ်ရမယ်လို့ ပြောထားပေမယ့် ဝေဒနာ ပြင်းထန်ရင် ပြင်းထန်သလောက် ၂ နာရီခြား တစ်ခါလောက်အထိ ခတ်နိုင်ပါတယ်။ ဘာအန္တရာယ်မှ ထွေထွေထူးထူး မရှိပါဘူး။ သန့်စင်တဲ့ မိခင်နို့ရည် ခပ်ခြင်းဟာ တကယ်ဘေးကင်းထိရောက်တဲ့ ဆေးနည်း ဖြစ်ပါတယ်။ ညှစ်ယူမယ့် နို့သီးခေါင်းရဲ့ ပြင်ပသန့်ရှင်းရေးနဲ့ ခံယူမယ့် ခွက်တို့ ဇွန်းတို့ကတော့ အထူးသန့်နေဖို့ လိုပါတယ်။

(၈) နာကျင် ရောင်ယမ်း ယားယံခြင်း အရမ်းဆိုးရင် သက်သာအောင် အနွေးကပ်ခြင်း (Warm Compress) နဲ့ အအေးကပ်ခြင်း (Cold Compress) တို့ လုပ်ပေးနိုင်ပါတယ်။ သန့်စင်တဲ့ အ၀တ်စ၊ ပတ်တီးစ တစ်ခုကို ရေနွေးနွေးလေးမှာ စိမ်ပြီး မျက်လုံးအပေါ်ကနေ ကပ်ပေးတဲ့ နည်းကို အနွေးကပ်ခြင်း လို့ ခေါ်ပါတယ်။ ရေအေးအေးလေးမှာ စိမ်ပြီး ကပ်တဲ့နည်းကတော့ အအေးကပ်ခြင်းပေါ့။ မျက်လုံး တစ်ဖက်ကို ၅ ကြိမ်ကနေ ၁၀ ကြိမ်လောက် လုပ်ပေးရင် သိသာစွာ သက်သာစေပါတယ်။

(၉) ရောင်ယမ်း ယားယံခြင်းတွေ သက်သာအောင် Cetrizine, Fenofexadine စတဲ့ဆေးတွေ တစ်နေ့ ၂ လုံးလောက် သောက်နိုင်ပါတယ်။ Cetrizine ထက် Fenofexadine က ပိုကောင်းတဲ့ အချက်ကတော့ အိပ်မငိုက်တာပါပဲ။

ဘယ်လိုလဲ..သူယ်ချင်း ???


ကဲ ...သူယ်ချင်းရေ
စိတ်အားငယ်နေတဲ့ငါ့ကို
ယုယစွာ ထွေးပွေ့ထားဖို့ မလိုဘူးနော်။
ကြင်နာမူ့တွေနဲ့ လက်ကမ်းဖို့လည်း မစဉ်းစားနဲ့
ငါမှာ မျက်ရည်တွေနဲ့ အမှီပေးဖို့ ကမ်းပေးနေတဲ့ပုခုံးတစ်ဖက်လည်းမလိုဘူး။
ရယ်မောလာအောင် ဟာသတွေပြော
မင်းတို့အပြုံး နဲ့ ပျော်ရွှင်လာအောင်လုပ်ပေးဖို့လဲမလိုဘူးလေ။
အင်း တစ်ခုတော့ရှိတယ် နော်
ခပ်ထေ့ထေ့ မျက်နှာပေး နဲ့ ငါ ပုခုံးကို အားမာန်အပြည့်
လွှတ်ခနဲ ဆုပ်လိုက်တဲ့ နင့်တို့ရဲ့ လက်တစ်စုံဟာ ငါ ညစ်နေတဲ့ ဒီခဏလေးမှာ
ငါ့အတွက် အင်အားတွေ အစစ်တွေဖြစ်စေတယ်။
အဲ..တစ်ဘ၀လုံးအတွက်လည်း လုံလောက်သွားနိုင်တယ်လေ။
ဖတ်မိတဲ့သူယ်ချင်းတိုင်း ...
စိတ်ညစ်အားငယ်နေတဲ့ သူတိုင်းကို အင်အားပါတဲ့လက်တစ်စုံနဲ့
အားပေးတတ်တဲ့ ဒီအပြုအမူလေး ရှိတတ်မယ်ဆိုရင်ပေါ့။
***ဧကရီ***