Saturday, October 9, 2010

ကျန်းမာရေး ကောင်းစေတဲ့ ကျောက်ကို ရတနာအဖြစ် ၀တ်ဆင်သူတွေ သတိပြုစရာ အချက်ကလေးများ

ဝတ်ဆင်ထားလျှင် သွေးတွင်းရှိ မကောင်းသော ကိုလက်စထရော ပမာဏကို ကျဆင်းစေပြီး သွေးတိုးရောဂါ၊ နှလုံးရောဂါ နှင့် လေဖြတ်လေငန်း ရောဂါတို့ကို ကာကွယ်ပေးနိုင်စွမ်း ရှိသည်ဟူသော သိပ္ပံနည်းဖြင့် ဖော်စပ် ထုတ်လုပ်ထားသော အဆောင်ကျောက်တစ်မျိုး ပြည်တွင်းဈေးကွက်သို့ ၀င်ရောက်လာခဲ့ပြီးနောက် ၄င်းပစ္စည်း အရောင်းတွင်ကျယ်လာခဲ့သည်။

လက်ရှိ ပြည်တွင်းဈေးကွက်တွင် လက်ဝတ်ရတနာဆိုင် အချို့တွင် အဆိုပါကျောက်ကို ရွှေငွေ 925 စသည်တို့နှင့် ကွင်း၍ လက်ဝတ်ရတနာအဖြစ် ရောင်းချလျက် ရှိနေသည်။

၎င်းကျောက်သည် အနက်ရောင် ရှိပြီး ကျောက်အတွင်း နေရောင်ခြည် စွမ်းအင်ကို စုပ်ယူနိုင်သော ဆိုလာပြားတစ်ခု ထည့်သွင်းထားကာ နေရောင်ခြည်အောက်တွင် မိနစ်၂၀ ခန့် ၀တ်ဆင်ပေးရုံဖြင့် သွေးလှည့်ပတ်မှု မျှတ ကောင်းမွန်စေကာ ပုံမှန် ၀တ်ဆင်ထားလျှင် ရက်သတ္တပတ် ၃ ပတ်အတွင်း ကျန်းမာရေး အခြေအနေများကို သိသာစွာ တိုးတက်ကောင်းမွန်စေသော ကောင်းကျိုးများ ရှိသည်ဟု သိရသည်။

သို့သော် ထိုကျောက်ကို Haemophilia ဟုခေါ်သော မွေးရာပါ သွေးမတိတ် ရောဂါ ရှိသူများ၊ ခွဲစိတ်ခံရတော့မည့် သူများ ၀တ်ဆင်ရန် မသင့်ကြောင်းနှင့် မည်သူမဆို နေရောင်အောက်တွင် ဆက်တိုက် ၃ နာရီထက် ပိုကြာအောင် ၀တ်ဆင်ခြင်းမှ ရှောင်ကြဉ်သင့်သည် ဆိုသော အချက်ကိုတော့ ၀တ်ဆင်သူများ သတိပြုနိုင်စေရန် တင်ပြပေးလိုက်ပါသည်။

မြန်မာနိုင်ငံရှိ အသည်းကင်ဆာ ဝေဒနာရှင်များကို စင်ကာပူတွင် အခမဲ့ ဆေးကုသပေးမည့် အစီအစဉ်

စင်ကာပူအစိုးရ၏ ပံ့ပိုးငွေဖြင့် မြန်မာနိုင်ငံရှိ အသည်းကင်ဆာ ဝေဒနာရှင်များကို စင်ကာပူနိုင်ငံသို့ အခမဲ့ ခေါ်ဆောင်ကာ အခမဲ့ တာဝန်ယူ ဆေးကုသပေးသွားမည်ဟု သတင်းရရှိသည်။ ပထမဆုံး အနေဖြင့် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ အသည်းကင်ဆာ ဝေဒနာရှင် ၃၆၀ ဦးကို ခေါ်ယူကာ ကုသပေးသွားမည် ဖြစ်ပြီး အဆိုပါ ကုသမှုအတွက် လေယာဉ်လက်မှတ်၊ ဟိုတယ်အခန်းခမှ စ၍ အခကြေးငွေ တစ်စုံတစ်ရာ ပေးရန် မလိုကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာ အသည်းကင်ဆာ အဖွဲ့အစည်း (International Liver Cancer Association, ILCA) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကမ္ဘာအသိအမှတ်ပြု မြန်မာ့အသည်းသမားတော် တစ်ဦးဖြစ်သူ ဒေါက်တာခင်မောင်ဝင်းမှ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မီဒီယာများသို့ ပြောကြားရာတွင် အသည်းကင်ဆာ (Hepatocellular Carcinoma) ဖြစ်ပွားလျှင် အကောင်းဆုံး ကုသနည်းမှာ ကင်ဆာဖြစ်သော အသည်းနေရာကို ခွဲစိတ်ထုတ်ပယ်ဖြစ်ခြင်း ဖြစ်ကြောင်း၊ ..............


Sorafenib  ဆေး

သို့သော် လက်ရှိ ပြည်တွင်းတွင် အသည်းကင်ဆာများကို ဤသို့ ခွဲစိတ်ကုသပျောက်ကင်းနိုင်သော စောစီးသည့် အခြေအနေနှင့် တွေ့ရသည်မှာ ၅% ခန့်သာ ရှိကြောင်း၊ ထို့ကြောင့် ခွဲစိတ်ကုသနည်းသည် မြန်မာနိုင်ငံအတွက် အားမကိုးနိုင်ကြောင်း၊ ယခု စင်ကာပူနိုင်ငံမှ ကုသပေးမည့် အစီအစဉ်တွင် အသုံးပြုမည့် နောက်ဆုံးပေါ် ဆေးသည် Sorafenib ဟု အမည်ရပြီး ကနေဒါ ပညာရှင်များ တီထွင်ထားခြင်း ဖြစ်ကြောင်း၊ အသည်းကင်ဆာ ဝေဒနာရှင်များအတွက် အာနိသင် အကောင်းဆုံး ဆေးဖြစ်ပြီး အလွန်ဈေးကြီးကြောင်း၊ ၄င်းဆေးကို Y90 Yttrium Radioembolization အဏုမြူနည်းဖြင့် ပေါင်းစပ်ကုသရမည် ဖြစ်ပြီး လူတစ်ယောက်စာအတွက် မြန်မာငွေ သိန်း ၂၅၀ ခန့် ကုန်ကျမည် ဖြစ်ပြီး ယခု အာရှ-ပစိဖိတ် အသည်းကင်ဆာ ဆေးသုတေသနအဖွဲ့ (Asia-Pacific Hepatocellular Carcinoma Trial Group) မှ ကုသပေးသည့် အစီအစဉ်တွင် ဝေဒနာရှင်များဘက်မှ ကုသခ တစ်စုံတစ်ရာ ပေးရန် မလိုကြောင်း ရှင်းလင်း ပြောကြားသွားခဲ့သည်။


အသည်းကင်ဆာဆဲလ်များကို တိုက်ဖျက်မည့် Y90 အစ်ထရီယမ် အမှုန်လေးများ

အသည်းကင်ဆာဝေဒနာ ရှင်များကို ဦးစွာ စမ်းသပ်စစ်ဆေးပြီး Sorafenib ဆေးသွင်းကုထုံး တစ်မျိုးတည်းဖြင့် ကုသ၍ ရမည်ဆိုလျှင် စင်ကာပူသို့ သွားရန်မလိုဘဲ ပြည်တွင်းသို့ ဆေးများ အရောက်ပို့ပေးမည် ဖြစ်ကြောင်း၊ Y90 Yttrium Radioembolization အဏုမြူနည်းပါ လိုအပ်သူများကိုသာ စင်ကာပူသို့ ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ဆက်လက် ပြောပြခဲ့သည်။

အဆိုပါ ကုသမှုကို ခံယူနိုင်ရန် အကြမ်းဖျဉ်း အားဖြင့် ပြည်သူ့ဆေးရုံ တစ်ခုခုတွင် အသည်းကင်ဆာ ဝေဒနာရှင်အဖြစ် စာရင်းဝင်သူ ဖြစ်ရမည်ဟု ကြားသိရပြီး အသေးစိတ် အချက်အလက်များကိုတော့ သတင်းမရရှိသေးပါ။

(ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း အနေဖြင့် ကုသခွင့် လူနာ ၃၆၀ အနက် အယောက် ၃၀ ပို့ဆောင်ကုသခွင့် ရရှိထားကြောင်း သတင်းရရှိသည်။ ထိုအခွင့်အရေးသည် သူကဲ့သို့သော ကမ္ဘာကျော် ဆေးပညာရှင် တစ်ယောက် အနေဖြင့် ရသင့်သည့် အခွင့်အရေးဟု စာရေးသူ ထင်မြင်မိပြီး ကုသမှု တကယ်လိုအပ်သူ မရှိနွမ်းပါးသူများကို ဆေးရုံစာရင်းများအရ ခေါ်ယူသွားမည်ဟု နောက်ဆက်တွဲ သတင်းရရှိပါသည်)

microsoft_windows_vista_activator

ဒီဆော့ဝဲလေးက window vista မှာ ဖြစ်တဲ့ genuine ပြဿနာအတွက် 
window ကို activate လုပ်ပေးတဲ့ ဆော့ဝဲလေးပါ
Windows Vista Ultimate  ,Windows Vista Business,
Windows Vista Home Premium, Windows Vista Home Basic
တွေအတွက် သုံးလို့ ရပါတယ်

ဒေါင်းရန်
http://sysfilm.tk/
http://www.mirrorcreator.com/files/E3XHMOHI/
http://www.mediafire.com/?aalz3zkxke3kl4m
http://ifile.it/4usc912/microsoft_windows_vista_activator_by_sysfilm.zip


Password: a3392532   

Windows vista Activator 2010

Windows vista Activator 2010 Full Download

Windows vista Activator 2010 [HIGHSPEED]

[COMPLETE] Windows vista Activator 2010

Windows vista Activator 2010 [Working]

Windows vista Activator 2010 Torrent

လိုနေတယ်သူများအမြန် download လုပ်သွားနိုင်ပါပြိ
ဒါပေမဲ့  download link ကကိုယ်ပိုင်မဟုတ်ဘူးနော်ဒါကြောင့်သူဆိုဒ်မှာ mamber လုပ်မှာ down လို၇မှာ
ကျနော်လဲကိုယ်ရှိလာတောင်းနေတယ်သူကမြန်မြန်ဆိုလို့ အမြန်နည်းစဉ်းစားပေးလိုက်တာ
ကိုယ်ပိုင် link လုပ်မလိုပဲဗျဒါပေမဲ့  upload လုပ်တာကြာနေတော့မလုပ်ဖြစ်လိုက်ဘူး
သိတယ်အတိုင်းပဲကော်နရှင်းကထားလိုက်ပါတော့
download ကအဆင်ပြေမယ်လိုထင်ပါတယ်
blogger name : K@ungM!nHt@t Email : Than.MinHtie@gmail.com