Monday, October 11, 2010

မန္တလေးမြို့တွင် ၆၄ နှစ်အတွင်း စံချိန်တင် မိုးရွာသွန်းခြင်းကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လျက်ရှိနေ၊ အလှူရှင်များက ထမင်းထုတ်များ ပေးဝေလျက် ရှိသော်လည်း လိုအပ်နေဆဲ....

မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့ပြင် ပြင်ဦးလွင်အထွက် မြို့သစ်၊ မြရည်နန္နာ၊ စက်မှုဇုံ ဘက်တို့၌ စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဆည်တော်လေးဆည် ကျိုးပေါက်ခြင်း တို့ကြောင့် လူနေ ရပ်ကွက်များ အတွင်း ရေပြည့်လျှံနေပြီး အိုးအိမ်များ ဆုံးရှုံးလျက်ရှိသလို အချို့နေရာများ၌ အသက်သေဆုံးမှုများ အထိ ဖြစ်ပေါ်လျက် ရှိနေကြောင်း၊ ယခုလည်း နောက်ထပ် ၅ နာရီအတွင်း ၃ ပေခန့်အထိ ရေထပ် တက်လာနိုင်သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက လော်စပီကာ များဖြင့် လိုက်လံ သတိပေး နိုးဆော်လျက် ရှိနေကြောင်း သိရသည်။



ရေဘေး ဒုက္ခသည်များမှာ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် ဘုန်းကြီးကျောင်းများ ဓမ္မာရုံများတွင် စုပေါင်း တည်းခိုနေကြပြီး အလှူရှင်များ လာရောက် လှူဒါန်းသော ထမင်းထုပ်များနှင့် အခြားသော အကူညီများ အပေါ် မှီခို အားထားနေရကြောင်း၊ မန္တလေးမြို့တွင်းမှ ပြည်သူများက ရေဘေး ဒုက္ခသည်များ ရှိရာသို့ မိမိတို့ အစီအစဉ်များဖြင့် ကိုယ်တိုင် သွားရောက်ကြပြီး လှူဒါန်းခြင်းများလည်း ရှိနေကြသော်လည်း လောက်ငှမှုမရှိဘဲ လိုအပ်နေသေးကြောင်းလဲ ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့သူ မသန်း က  ပြောကြားခဲ့သည်။

"ညီမလေးတို့ သွားခဲ့တာတော့ အင်းခရု စက်မှုပေါ့နော်၊ တနည်းအားဖြင့် ချမ်းမြသာစည်ဘက်၊ အဲမှာတော့ ရေတွေ ခါးလောက်အထိ ရောက်နေတယ်၊ တချို့ အရမ်းရေကြီးတဲ့ နေရမှာဆို အိမ်ခေါင်မိုးလေးတွေပဲ မြင်ရတယ်၊ သွားရေးလာရေး အခက်ခဲကြောင့် နေရာအစုံတော့ မရောက်သေးဘူး။ ရေဘေး ဒုက္ခသည်တွေ နေတဲ့ ဓမ္မာရုံ နဲ့ ရေကြီးနေတဲ့ နေရာ အနည်းနည်းလောက်ဘဲ ရောက်ခဲ့တယ်။ အဆိုးဆုံး နေရာတွေကတော့ မန်းလေး ပြင်ဦးလွင် အထွက် ရွှေစာရံ၊ ဆည်တော်လေး ဘက်မှာ အတော်ဆိုးတယ်။ လူလည်း သေတယ်လို့ ကြားတယ်။ ဘယ်လောက် သေတယ်တော့ အတိအကျ မသိပါဘူး။ ဆည်တော်လေး ဆည်ကို ဖောက်ချလိုက်တာလေ။ အိမ်တွေ မြုပ်တယ်။ ရေဘေး ဒုက္ခသည်တွေက ဓမ္မာရုံတွေမှာ နေကြပြီး အစားအသောက်တွေ အတွက် အလှူရှင်တွေကို အဓိက အားထားရပါတယ်။ ပြောရရင်တော့ မကောင်းဘူး။ အချို့ အဖွဲ့တွေက ပိုက်ဆံကောက် နေတာတွေ ရှိတယ်။ အဲ့ဒီ ပိုက်ဆံ တွေ ဒုက္ခသည်တွေ ဆီ တကယ်ရောက် မရောက် သေချာ မသိနိုင်လို့ အမျိုးတွေနဲ့ ကိုယ်တိုင်ဘဲ သွားလှူလိုက်ပါတယ်။ မန်းလေးမှာတော့ ၆၄ နှစ်အတွင်း မိုးရေချိန် စံချိန်တင်ကို ရွာတယ်။ အောက်တိုဘာ ၈ ရက်နေ့ကစရွာတာ မိုးရေချိန် 5.12 လက်မ အထိ ဖြစ်သွားပါတယ်။ " ဟု ပြောကြားခဲ့သည်။



တောင်ကျရေများ ကျဆင်းခြင်းကြောင့် ဆည်တော်လေး ဆည်မှာ လွန်ခဲ့သောလ ၁၇ ရက်နေ့ညက ကျိုးပေါက်ခဲ့ခြင်း ဖြစ်ပြီး ဆည်စတင် ကျိုးပေါက်သည့်နေ့ကပင် အိမ်ခြေ ၁၅၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။ ယခုအချိန်အထိ မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းလျက် ရှိနေသဖြင့်   ရေဘေးဒုက္ခသည်များ ပိုမိုတိုးလာခြင်း ဖြစ်ပြီး ဆက်လက် အခက်ကြုံနေရခြင်း ဖြစ်သလို အလှူရှင်မျာ အကူညီများလည်း လိုအပ်လျက် ရှိနေကြောင်း သိရသည်။



သတင်းနှင့် ဓါတ်ပုံများအတွက် မန္တလေးမြို့မှ ညီမလေးဖြူ အား အထူး ကျေးဇူးတင်ပါကြောင်း

အောင်ဆန်း ဆရာတော် ဘဒ္ဒန္တ သဒ္ဓမ္မ ကိတ္တိသာရ

မိုးကုတ်ဝိပဿနာ တရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေး အဖွဲ့ခွဲ အမှတ် (၇၇) ၌
၁၅-ရက် စခန်းပွဲတွင် ဟောကြားတော်မူသောတရားတော်များ
 
 
 
 
 
 
 
 
 
 
 
 
 
အမေရိကန် မြန်မာ ဗုဒ္ဓဘာသာ အသင်း (နယူးယောက်)
 
 
 
 
 
အမေရိကန် မြန်မာ ဗုဒ္ဓဘာသာ အသင်း (နယူးဂျာစီ)
 
 
 
 
အလုပ်ပေးတရားတော်
 

၁၀/၁၀/၁၀ နေ့စွဲရဲ့ )၁၀း ၁၀း ၁၀) နာရီမှာ မွေးဖွားခဲ့တဲ့ ဗြိတိန်က မီးမီးလေး။ ရာစုနှစ်ရဲ့ ကံအကောင်းဆုံး ကလေးလား?

၁၀/၁၀/၁၀ ဖြစ်တဲ့ ရက်လနှစ် ဂဏန်းတစ်ခုတည်း ထပ်ကျတဲ့နေ့ရက်ကို ထူးထူးခြားခြားမို့ ကံကောင်းတဲ့ရက်လို့ ယူဆထားကြတဲ့ ဇနီးမောင်နှံအချို့က မနေ့ကနေ့စွဲနဲ့ မွေးဖွားတဲ့ သားသားမီးမီးလေးတွေ လိုချင်လို့ ကြိုကြိုတင်တင် ကြံဖန်စီစဉ် ကြိုးစားပြီးတော့ ခွဲစိတ်မွေးဖွားမှုတွေ လုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ Niamh Bond ဆိုတဲ့ ခလေးငယ်ကတော့ ဘာကြိုတင်စီစဉ်မှုမှမရှိခဲ့ဘဲ သူ့အလိုလိုပဲ ၂၀၁၀ခုနှစ်ရဲ့ ၁၀လပိုင်း ၁၀ရက်နေ့ ၁၀နာရီ ၁၀မိနစ် ၁၀စက္ကန့်တိတိမှာ ရိုးရိုး(မခွဲစိတ်ဘဲ)မွေးဖွားပြီး ထူးထူးခြားခြား လူ့လောကထဲ ရောက်ရှိလာခဲ့ပါတယ်။
ပုံမှန်မွေးဖွားရမဲ့ရက် (Due Date) ထက် ရှစ်ပတ်စောပြီး မွေးဖွားလာခဲ့တဲ့ မီးမီးလေးဟာ ကိုယ်အလေးချိန် ၃ပေါင် ၇အောင်စပဲ ရှိတယ်လို့ သိရပါတယ်။ အလေးချိန်ကလည်း (၃+၇=) ၁၀ဂဏန်းပဲ ထူးထူးဆန်းဆန်း တိုက်တိုက်ဆိုင်ဆိုင်ကြီးတွေ ဖြစ်နေတာကို အံ့အားသင့်ဖွယ်ရာ သိရှိရပါတယ်။



မိခင်ဖြစ်တဲ့ Miss Heame (၂၀နှစ်)က "ကျွန်မအတွက်တော့ လုံးဝမမေ့နိုင်တဲ့ နေ့စွဲတစ်ခုဆိုတာ အသေအချာပါပဲ။ ဒါဟာ ကျွန်မရဲ့ သားဦးကိုယ်ဝန် ပထမဆုံးခလေးလည်း ဖြစ်နေတော့ တကယ့်ကိုပဲ ထူးခြားတဲ့ အမှတ်တရနေ့စွဲပါပဲ။ မီးမီးလေးက သေးသေးလေးမှ တကယ့်သေးသေးလေး။ သူကတော့ တကယ့်ထူးခြားတဲ့ ခလေးလေးပါပဲ"လို့ ၀မ်းသာအံသြစွာ ပြောပြခဲ့ပါတယ်။

စားသောက်ဆိုင် စားပွဲထိုးမလေးဖြစ်တဲ့ ဗြိတိန် Kingingstanding, Birminghamက Miss Heame ဟာ due date မရောက်ခင် တစ်လအလို အောက်တိုဘာ ၂၉ရက်နေ့ထိ အလုပ်ဆင်းဖို့ စီစဉ်ထားခဲ့တာပါတဲ့။ ဒါပေမဲ့ စနေနေ့မှာတော့ သူမရဲ့ကိုယ်ဝန်ဟာ ရေမွှာပေါက်ပြဲပြီး တနင်္ဂနွေနေ့ နံနက်(၉း၄၀)နာရီမှာ ဆေးရုံတက်ခဲ့ရပါတယ်။ သူမရဲ့ခင်ပွန်းကတော့ Dean Bond(၂၂နှစ်)ဆိုတဲ့ ပန်းရံပညာသင်ယူနေတဲ့ ကောလိပ်ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။

ထူးခြားတဲ့မီးမီးလေး Niamh ရဲ့အဖေ Mr. Bondက "တကယ့်ကိုပဲ အံ့သြ၀မ်းသာ ဖြစ်ရပါတယ်။ ရာစုနှစ်ရဲ့ ကံအကောင်းဆုံး နေ့စွဲမှာ မွေးဖွားခဲ့တဲ့ မီးမီးလေး Niamh ဟာ ကျွန်တော်တို့အတွက်တော့ ကံကောင်းခြင်းရဲ့ အတိတ်နိမိတ်ပါပဲ။ ကျွန်တော် သိပ်ပျော်တယ်။ မီးမီးလေးက သေးသေးလေးပေမဲ့ လှပချောမောတဲ့ ခလေးလေးပါ"လို့ ပြောကြားခဲ့ပြီး ပျော်မဆုံးမော်မဆုံး ဖြစ်နေပါတယ်။



Good Hope Hospital (ကောင်းမွန်တဲ့ မျှော်လင့်ချက်လို့ အဓိပ္ပါယ်ရတဲ့) ဆေးရုံမှာ ထူးခြားတဲ့နေ့စွဲ ထူးခြားတဲ့တိုက်ဆိုင်မှု အချိန်နာရီမှာ မွေးဖွားလာခဲ့တဲ့ မီးမီးလေး Niamhကို  လာခြင်းကောင်းတဲ့ ဘုရားပေးတဲ့ ကံကောင်းခြင်းလက်ဆောင်ကလေးလို့ မိဘနှစ်ပါးက ယုံကြည်မျှော်လင့်မှု အပြည့်နဲ့ ၀မ်းသာပိတိ အတိုင်းမသိ ဖြစ်နေကြပါတယ်။

ပုံမှန်မွေးဖွားရက်ထက် အလွန်စောစီးစွာ မွေးဖွားခဲ့တဲ့ မီးမီးလေးကိုတော့ ဆေးရုံမှာပဲ နိုဝင်ဘာလထိ စနစ်တကျနဲ့ ဂရုတစိုက် ပြုစုစောင့်ရှောက် ထားရဦးမယ်လို့ သိရပါတယ်။