Wednesday, October 13, 2010

Windows 7 မှာ Flash Drive သုံးပြီး ReadyBoost လုပ်နည်း။


ပထမဦးဆုံး Flash Drive ကို စက်မှာတပ်လိုက်ပါ။

 

Speed up my system ကိုရွေးလိုက်ပါ။




Use this Device ကိုအမှတ်ပေးလိုက်ပါ။ အဲမှာ MB ကိုတော့ လိုသလောက်ချိန်ပေးပေါ့။



ပြီးရင် Flash Drive ထဲမှာအောက်ကပုံလေးထဲကလိုပေါ်လာပါလိမ့်မယ်။



ဒီလိုလေးလုပ်ခြင်းဖြင့် သင့် Windows 7 ပိုမြန်လာပါလိမ့်မယ်။

မှ ။ ။Logo oHodownloads.com

update များလာရောက်ယူနိုင်ပါတယ်

update Download link ကအချိန်နဲ့ အမျှပြောင်းနေပါတယ်ဘယ်နေ့အတွက်ဆိုတာမရှိပါဘူး လိုတယ်အချိန်ယူလို၇ပါတယ်
Avira Antivir Update
AVG Update
Avast Update
Kaspersky Daily Update
Kaspersky Weekly Update
Kaspersky Complete Update
BitDefender Update
McAfee Virus Update

မြန်မာအိုင်စီတီပြပွဲ အောက်တိုဘာတွင် ကျင်းပရန်ရှိ


မြန်မာနိုင်ငံ
ကွန်ပျူတာပညာရှင်အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့
ပူးပေါင်းကျင်းပသည့် Myanmar ICT Exhibition 2010 ကို အောက်တိုဘာ ၂၉ ရက်မှ
၃၁ ရက်အထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမတွင်
ကျင်းပမည်ဖြစ်သည်။

သုံးရက်တိုင်တိုင်ကျင်းပမည်ဖြစ်သော အဆိုပါပြပွဲတွင် ၉
ပေပတ်လည်အကျယ်အ၀န်းရှိ ပြခန်းပေါင်း ၁၅၆ ခန်းပါဝင်ပြသမည်ဖြစ်သည်။ “ဟာ့ဒ်ဝဲ၊
ဆော့ဖ်ဝဲလ်အပါအ၀င် ဖုန်း၊ အီလက်ထရွန်နစ်နဲ့
သင်တန်းကျောင်းတွေဝင်ရောက်ပြသကြမှာပါ။ ကုမ္ပဏီအရေအတွက်ကတော့ မသိရသေးဘူး” ဟု
ကွန်ပျူတာလုပ်ငန်းရှင်အသင်း တာဝန်ရှိသူတစ်ဦးကပြောကြား သည်။
အဆိုပါပြပွဲကို၂၀၁၀ ခုနှစ်အတွင်း ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ပြီး
ပထမအကြိမ်ကို မတ်လ၌ကျင်းပခဲ့ကြောင်း၊ အဆိုပါပြပွဲကို တစ်နှစ်လျှင်နှစ်ကြိမ်
ကျင်းပလျက်ရှိကြောင်း သိရသည်။

ကုန်ကျစရိတ်ကွာဟမှု ကျဉ်းမြောင်းလာပြီး ၀န်ဆောင်မှု အားသာချက် နှင့် ရေခြားမြေခြား အတွေ့အကြုံ ဆန်းများကြောင့် ပြည်ပအလည် အပတ် သွားရောက်လိုသူ ယခင်ထက် ပိုမိုများပြား

ထိုင်းနိုင်ငံမြဘုရားအတွင်း လာရောက်လည်ပတ်နေကြသော ခရီးသည်များကို တွေ့ရစဉ်
    ကုန်ကျစရိတ်ကွာဟမှု ကျဉ်းမြောင်း လာပြီး ၀န်ဆောင်မှု အားသာချက်နှင့် ရေခြားမြေခြား အတွေ့အကြုံ ဆန်းများကြောင့် ပြည်ပသို့ အလည်အပတ် သွားရောက်လိုသူ မြန်မာလူမျိုးများ ယခင်ကထက် ပိုမိုများပြားလာကြောင်း ခရီးသွားကုမ္ပဏီအချို့ထံမှ စုံစမ်းသိရှိရပါသည်။

    လွန်ခဲ့သည့် ကာလများက မြန်မာလူမျိုးအများစု၏ အားလပ်ရက် အပန်းဖြေ ခရီးထွက်ခြင်းတွင် ရန်ကုန်-မန္တလေး-ပြင်ဦးလွင်၊ ပုဂံညောင်ဦး-ပုပ္ပား၊ တောင်ကြီး-အင်းလေး စသည့် ရက်ရှည် ခရီးစဉ်များ၊ ပဲခူး၊ ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ် စသည့် ရက်တိုခရီးစဉ်များသာ စိတ်ဝင်တစား သွားရောက်လည်ပတ်မှု များပြားခဲ့သည်။

    ပြီးခဲ့သည့် လေးနှစ်တာကာလ အတွင်းတွင်မူ မြန်မာလူမျိုးများ၏ အားလပ်ရက် အပန်းဖြေခရီးစဉ်များ တွင် ပြည်ပအလည်အပတ် ခရီးစဉ်များပါ တစ်စတစ်စ နေရာယူလာခဲ့ကြောင်း သိရသည်။

    "အရင်က နိုင်ငံခြားကို အလည်အပတ်သွားတာ ရှိပေမယ့် ဟိုမှာအခြေကျပြီးသား မိသားစု၊ ရင်းနှီးတဲ့သူတွေက တစ်ဆင့်ခေါ်လို့ သွားတာများပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့လေးနှစ်၊ ၂၀၀၆ လောက်ကစပြီးတော့ ရန်ကုန်-ဘန်ကောက်  Package Tour ခရီးစဉ်တွေကို ခရီးသွားကုမ္ပဏီတွေ နဲ့လေကြောင်းလိုင်းတွေကစပြီး စီစဉ်ပေးတာတွေ ရှိလာခဲ့ပါတယ်"ဟု ၀ါရင့်ပြင်သစ် ဧည့်လမ်းညွှန်တစ်ဦးက ပြောပြခဲ့သည်။

    ပြည်ပ အလည်အပတ်ခရီးစဉ်များ စတင်ပေါ်ထွက်လာစဉ်က ရန်ကုန်-ဘန်ကောက် ခရီးစဉ်လျှင် အမေရိကန်ဒေါ်လာ ၈၀၀မှ ၉၀၀ ၀န်းကျင် ထိရှိခဲ့ကြောင်း သိရသည်။  ထိုအချိန် က ပြည်ပအလည်အပတ် ခရီးစဉ်များမှာhigher class ဟု ခေါ်ဆိုနိုင်သော လူတန်းစားတစ်ရပ်အတွက်သာ သီးသန့် တည်ရှိနေခဲ့သည်။

    နောက်ပိုင်းတွင် ရန်ကုန်-ဘန်ကောက် Package Tour ခရီးစဉ်သာမက စင်ကာပူ၊ ကွာလာလမ်ပူ အလည်အပတ် ခရီးစဉ်ကိုပါ စီစဉ်ပေးမှုရှိခဲ့ကာ ဈေးနှုန်းအနေအထားမှာ လည်း တဖြည်းဖြည်း လျော့ကျလာခဲ့ပြီး ပြည်ပ အလည်အပတ် ခရီးစဉ်များကို မြန်မာလူမျိုးများ စိတ်ဝင်စားမှုမှာလည်း မြင့်တက်ခဲ့ကြောင်း ဂန္ဓာဝင်ရွှေပုဂံမှ မဇင်မာက ပြောသည်။

    "ပြည်တွင်းမှာ နှံ့အောင်လည်ပြီးမှ ပြည်ပကိုလှမ်းတာကနေ ပြည်တွင်းနဲ့ ပြည်ပဈေးနှုန်းမကွာလို့ ပြည်ပကိုပဲ သွားလည်မယ်ဆိုတဲ့သူတွေ များလာပါတယ်"ဟု New Motion Travels and Tours ပြည်ပအလည် အပတ်ခရီးစဉ် စီစဉ်ပေးမှုဌာနမှ Sales and Marketing  မန်နေဂျာ မစန္ဒာကျော်က ဆိုသည်။

    ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတစ်ဦးကလည်း "အားလပ်ရက်ရောက်ရင် ပြည်တွင်းမှာပဲလည်ဖို့ စဉ်းစားနေကြရာကနေ ပြည်ပကို ထွက်လည်ရင် ကောင်းမလားဆိုပြီး စဉ်းစားမိတဲ့သူ များလာတယ်လို့ထင် ပါတယ်"ဟု သုံးသပ်ခဲ့သည်။။

ရေခြားမြေခြား အတွေ့အကြုံဆန်းတွေ၊ သက်သောင့်သက်သာရှိတဲ့ လမ်းပန်းဆက်သွယ်မှုတွေ၊ ဘာမှမဆိုင်တဲ့ ခေတ်မီတိုးတက်မှုတွေကို မြင်ချင်တဲ့စိတ်တွေ စသဖြင့် အများကြီးရှိနိုင်ပါတယ် ..

    ထိုသို့ မိမိနိုင်ငံနှင့် မတူကွဲပြားခြားနားသည့် အတွေ့အကြုံများ၊ ၀န်ဆောင်မှုပိုင်းဆိုင်ရာ အားသာချက်များနှင့်အတူ အချို့သော ပြည်တွင်း ခရီးစဉ်များမှာ ပြည်ပခရီးစဉ်များနှင့် ဈေးနှုန်းကွာဟမှု ကျဉ်းမြောင်းသည့်အနေ အထားရှိလာခဲ့ကြောင်း သိရသည်။

    "သင်္ကြန်မှာ ချောင်းသာနဲ့ ငွေဆောင်သွားရင် ဟိုတယ်ခနဲ့တင် နှစ်ယောက်ခန်း တစ်ခန်းဆိုရင် တစ်သိန်း ၀န်းကျင်လောက် ဈေးရှိတယ်။ ဒါ အကောင်းစားဟိုတယ် မဟုတ်ဘူး၊ သာမန်ပဲ။ ဘန်ကောက်မှာ သာမန် ဆိုရင် ၂၀၊ ၃၀နဲ့ တည်းလို့ရတယ်။ အစားအသောက်ကလည်း အရမ်းပေါတယ်။ ဒီမှာလည်း ဈေးသက်သက်သာသာနဲ့ စီစဉ်ပေးတဲ့ ပြည်တွင်း အလည်အပတ် ခရီးစဉ်ရှိပေမယ့် သွားရတာ စိတ်ပင်ပန်းမှု အနည်းအများရှိတယ်။ အဆင့်မြင့် ၀န်ဆောင်မှု ပေးတဲ့ Tour ကျတော့လည်း ပြည်ပ Tour တွေနဲ့ တချို့ခရီးစဉ်တွေမှာ ဈေးမကွာတော့ဘူး။  မြန်မာတွေ ဘန်ကောက်ကို ဘယ်လောက်သဘောကျသလဲဆိုရင် ဟိုမှာနိုင်ငံရေး မတည်ငြိမ်တာတောင်မှ သွားလည်တာ မပြတ်ခဲ့ဘူး။ အခုသုံးညအိပ်လေးရက် ဘန်ကောက်ခရီးစဉ်ကို သုံးသိန်းခွဲလောက်နဲ့သွားနိုင်တဲ့ Package Tour တွေ လည်းရှိလာတယ်"ဟု ဘန်ကောက် အလည်အပတ် သွားရောက်လေ့ရှိသူ တစ်ဦးက ဆိုပါသည်။

    မြန်မာနိုင်ငံသည် သဘာဝ အရင်းအမြစ်များစွာဖြင့် သာယာလှပသည့် နေရာများစွာကို ပိုင်ဆိုင်ထားသော်လည်း အဆိုပါနေရာများကို ခရီးသွားနေရာများဖြင့် လုပ်ဆောင်ပေးနိုင်စွမ်း၌ အားနည်းချက်များရှိကြောင်း သိရသည်။

    "ပူတာအို၊ ဆွန်ပရာဘွမ်စတဲ့ နေရာတွေကို မြန်မာလူမျိုး၅၈သန်းမှာ တစ်သန်းရောက်ဖို့ ခက်လိမ့်မယ်။ ဒီခရီးစဉ်တွေကို စီစဉ်ပေးတဲ့ Package Tour တွေရှိပေမယ့် အရမ်းနည်းတယ်။ ဈေးနှုန်းလည်း များပြီး သွားလာရခက်ခဲတော့ ခရီးသွားတွေလည်း သိပ်စိတ်မ၀င်စားကြဘူး။ ဒီခရီးစဉ်တွေဆိုရင် နိုင်ငံခြားသားတွေအတွက် ပဲလို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် သွားရတာအဆင်ပြေလို့ မွန်ဂိုလီးယား ကုန်းမြေထိသွားတဲ့ မြန်မာလူမျိုးတွေ ရှိတယ်"ဟု ခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

    တိုင်းပြည်တစ်ပြည်ရှိ လူမျိုးများ၏ အလည်အပတ်ခရီး သွားနိုင်ခြင်းမှာ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်အချိုးကျမှု ရှိနေသည့်အတွက် ကုန်ကျစရိတ်များသည့် ပြည်ပ ခရီးစဉ်များကို သွားရောက်လည်ပတ်သည့် မြန်မာလူမျိုး များပြားလာသည့် နည်းတူ ဈေးနှုန်းသက်သာစွာ စီစဉ်ပေးမှုရှိသည့် ပြည်တွင်းခရီးစဉ်များအား စိတ်ဝင်စားမှုမှာလည်း ဆက်လက်မြင့်တက် နေမည်ဖြစ်ကြောင်း ခရီးသွားကုမ္ပဏီ တစ်ခုမှတာဝန်ရှိသူက ဆက်လက် သုံးသပ်သည်။

    "စရိတ်များတဲ့ ပြည်တွင်းအဆင့်မြင့် Tour တွေနဲ့ယှဉ်ရင် ပြည်ပ Tour တွေကို ပိုရွေးချယ်မယ့်သူ များလာနိုင်သလို ဈေးနှုန်း သက်သက်သာသာနဲ့ သွားနိုင်အောင်စီစဉ်ပေးတဲ့ ပြည်တွင်း Tour တွေလည်းပိုပြီး develop ဖြစ်လာနိုင်ပါတယ်"ဟု ၎င်းက ဆိုပါသည်။

 အဆင့်မြင့် ပြည်တွင်းခရီးသွား လုပ်ငန်းများ၏ ခရီးစဉ်အလိုက် ဈေးနှုန်းများ(တစ်ဦးနှုန်းထား)
မန္တလေး-မင်းကွန်း-ပြင်ဦးလွင်-လားရှိုး-မူဆယ်-ရွှေလီ    ၇ ညအိပ် ၈ ရက်ခရီး      ၂၇၀၀၀၀ကျပ်
မန္တလေး-မုံရွာ-အလောင်းတော်ကသာပ    ၅ ညအိပ် ၆ ရက်ခရီး     ၂၃၅၀၀၀ကျပ်
တောင်ကြီး-အင်းလေး-ပင်းတယ      ၄ ညအိပ် ၅ ရက်ခရီး  ၁၃၀၀၀၀ကျပ် 
စစ်တွေ-မြောက်ဦး        ၄ ညအိပ် ၅ ရက်ခရီး၃၈၀၀၀၀ကျပ်
ရွှေစက်တော်-ပုဂံ       ၅ ညအိပ် ၆ ရက်ခရီး ၂၀၀၀၀၀ကျပ် 
မြိတ်-ကော့သောင်း-သဌေးကျွန်း      ၅ ညအိပ် ၆ ရက်ခရီး ၃၉၀၀၀၀ကျပ် 
ပူတာအို      ၃ ညအိပ် ၄ ရက်ခရီး  ၃၉၀၀၀၀ကျပ် 

ပြည်ပ အလည်အပတ် ခရီးစဉ်အချို့၏ ခရီးစဉ်အလိုက် ဈေးနှုန်းများ(တစ်ဦးနှုန်းထား)
ရန်ကုန်-ဘန်ကောက်     ၃ ညအိပ် ၄ ရက်ခရီး  ၃၅၀၀၀၀ ကျပ် 
ရန်ကုန်-ချင်းမိုင်       ၃ ညအိပ် ၄ ရက်ခရီး ၃၈၀၀၀၀ ကျပ် 
ဘန်ကောက်-ကွာလာလမ်ပူ      ၅ ညအိပ် ၆ ရက်ခရီး  ၉ သိန်း 
ဘန်ကောက်-စင်ကာပူ-မလေးရှား       ၇ ညအိပ် ၈ ရက်ခရီး ၁၁ သိန်း 
ဟောင်ကောင်-မကာအို-ကွမ်ကျိုး        ၇ ညအိပ် ၈ ရက်ခရီး ၁၃ သိန်း 
ပီကင်း-ရှန်ဟိုင်း-ကူမင်း        ၈ ညအိပ် ၉ ရက်ခရီး ၁၆ သိန်း
ဂျပန်      ၆ ညအိပ် ၇ ရက်ခရီး ၁၉ သိန်း 
တောင်ကိုရီးယား        ၆ ညအိပ် ၇ ရက်ခရီး ၁၈ သိန်း
ယူရိုခရီးစဉ်       ၁၄ ညအိပ် ၁၅ ရက်ခရီး ၃၈ သိန်း 
အထက်ပါဈေးနှုန်းများသည် ပျှမ်းမျှဈေးနှုန်းများ ဖြစ်ပြီး ခရီးသွားကုမ္ပဏီနှင့် ခရီးစဉ်အလိုက် ဈေးကွာခြားမှုရှိပါသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွား

 မန္တလေးအရှေ့ခြမ်း ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားစဉ်
    မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၌ အောက်တိုဘာလ ၈ ရက်နှင့် ၉ ရက်နေ့များက ရေကြီးရေလျှံမှု များဖြစ်ပေါ်ခဲ့သည့် နည်းတူ အောက်တိုဘာလ ၁၁ ရက်နေ့၊ ၁၂ ရက်နေ့ များတွင်လည်း ဆက်လက်ဖြစ်ပွား လျက်ရှိကြောင်း သတင်းရရှိပါသည်။

    အောက်တိုဘာလ ၈ ရက်နေ့ နှင့် ၉ရက်နေ့များက မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ မန္တလေး၊ အမရပူရမြို့ များ အနီးတစ်ဝိုက်၌ စံချိန်တင်မိုးရေချိန်များဖြင့် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဆည်များ၊ ချောင်းများ၊ အင်းအိုင်များ ရေပြည့်ရေလျှံမှုများဖြစ်ကာ မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်အများအပြားတွင်လည်း ရေလွှမ်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။ အောက်တိုဘာလ ၁၀ ရက်မှစ၍  မိုးရွာသွန်းမှု ရပ်ဆိုင်းသွားခဲ့သော်လည်း မြန်မာပြည်အလယ်ပိုင်းတွင် မိုးရွာသွန်းခြင်း ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ရာ မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်၊ မြင်းခြံမြို့နယ်၊ တံတားဦးမြို့နယ်များ၌ ရေကြီးရေလျှံမှုများ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။

    မြန်မာပြည် အလယ်ပိုင်း၌ မိုးဆက်လက် ရွာသွန်းနေမှုကြောင့် မန္တလေးတိုင်းဒေသကြီးမှ မန္တလေး၊ ပုသိမ်ကြီး၊ အမရပူရ၊ တံတားဦး၊ မတ္တရာ၊ စဥ့်ကူး၊ စဥ့်ကိုင်၊ မြစ်သား၊ မြင်းခြံစသော မြို့နယ်များအပြင် စစ်ကိုင်းတိုင်းဒေသကြီးမှ ညောင်ပင်ဝန်း၊ မုံရွာ၊ မကွေးတိုင်း ဒေသကြီးမှ ပခုက္ကူ၊ မင်းဘူး၊ ရေနံချောင်းစသော မြို့နယ်များတွင်လည်း ရေကြီးရေလျှံမှု များရှိခဲ့သည်ဟု သိရှိရပါသည်။
မန္တလေး-မိုးကုတ်လမ်းပိုင်း ရေကြီးရေလျှံမှုဖြစ်ပေါ်နေစဉ်
   အောက်တိုဘာလ ၁၁ ရက်နေ့ ညသန်းခေါင်အချိန်မှစ၍ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မိုင်တိုင်အမှတ် ၂၄ မိုင် ၇ ဖာလုံရှိ ဘောင်ကြီးတံတားမှ မိုင်တိုင်အမှတ် ၂၅ မိုင် ၇ ဖာလုံရှိ တံငါတံတားအထိ ရေပြင်အကျယ် တစ်မိုင်ခန့် ရေလွှမ်း မိုးမှုကြောင့် မန္တလေး-မိုးကုတ် ကားလမ်းကို ယာယီရပ်နားထားရကြောင်း သိရှိရသည်။

    "ရေကတော့ လွန်ခဲ့တဲ့ ငါးရက်လောက်ကတည်းက စတက်လာတာပါ။ ကားလမ်းပေါ် ရေမကျော်သေးတော့ သွားလို့လာလို့ ရသေးတယ်။ ဒါပေမယ့် အောက်တိုဘာလ ၁၁ ရက်နေ့ ညသန်းခေါင်လောက်က စပြီးရေကတက်လာတော့ လမ်းတွေပါ ကျော်သွားတယ်။ လမ်းမပေါ် အနက်ဆုံးနေရာမှာ ငါးပေလောက် အထိရှိတယ်။ ရေစီးကလည်းသန်တော့ လမ်းမပေါ်မှာ ဖြတ်သန်းသွားလာဖို့ မလွယ်တော့ဘူး။ တချို့ ယောက်ျားကြီးတွေ ရေထဲဖြတ်သွားတုန်း ဟန်ချက်ပျက်ပြီး မျောသွားလို့ လိုက်ဆယ်ရတာတွေရှိတယ်။ အခုတော့ စက်လှေတွေကိုပဲ အသုံးပြုပြီး သွားနေရတယ်။ ဘောင်ကြီးတံတားနဲ့ တံငါးတံတားအကြား လူတစ်ယောက် ကို စက်လှေခ ကျပ် ၁၀၀၀ ပေးမှရတယ်"ဟု ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေသူ မီးသတ်ရဲဘော် တစ်ဦးက ပြောသည်။

    အောက်တိုဘာလ ၁၂ ရက်နေ့ တွင် ရေများတက်လာသည့်အတွက် ဘောင်ကြီးချောင်းဘေးတွင် ယာယီတဲများဖြင့် နေထိုင်လျက်ရှိကြောင်း၊ စားသောက်ရေးအတွက် မတ္တရာမြို့ပေါ်ရပ်ကွက်များမှ ဆန်များ၊ ထမင်း ထုပ်များ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
မန္တလေး-မိုးကုတ်လမ်းပိုင်း ရေကြီးရေလျှံမှုဖြစ်ပေါ်နေစဉ်
      "ကျွန်တော်တို့ ည ၂ နာရီမှာ ဘောင်ကြီးတံတားကို ရောက်တယ်။ ရောက်တော့ လမ်းမပေါ်ရေတွေ လျှံနေတဲ့အတွက် သွားလို့မရတော့ဘူး။ ရေပြန်ကျတဲ့အထိ စောင့်ရုံပဲရှိတော့တယ်။ ကျွန်တော်တို့လိုပဲ တခြား ကုမ္ပဏီကားတွေနဲ့ စဥ့်ကူးလိုင်းကား တွေလည်း ရေပြန်အကျကို စောင့်နေကြတယ်"ဟု ငါးအိုးရွာသို့သွားမည့် ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပါသည်။

    မန္တလေး-မိုးကုတ် ကားလမ်းပိုင်း မတ္တရာမြို့နယ်အတွင်းသာမက စဥ့်ကူးမြို့နယ်အတွင်း၌လည်း ကားလမ်းပေါ်တွင် ရေလျှံလျက်ရှိကြောင်း သိရသည်။ မိုင်တိုင် ၃၇ တွင်ရှိသော တရော်ပင်ကျေးရွာ၊ မိုင်တိုင် ၄၂ တွင်ရှိသော ညောင်ဝန်းကျေးရွာ၊ မိုင်တိုင် ၄၉ နှင့် ၅၀ အကြားရှိ လက်ပံလှတို့တွင်လည်း ရေကြီးရေလျှံလျက် ရှိကြောင်း သိရသည်။

    "လက်ပံလှမှာ လက်ပံလှ စည်ပင်သာယာဈေး အပါအ၀င် အိမ်ခြေ ၃၀၀ လောက် ရေနစ်မြုပ်သွားတယ်။ ပိုဆိုးတာက လက်ပံလှအ၀င် ပြည်စိုးအောင် ရပ်ကွက်မှာရှိတဲ့ တံတားတစ်စင်းနဲ့ နံကပ်နှစ်ထပ်အိမ်တစ် လုံးရေထဲပါသွားတယ်"ဟု လက်ပံလှမှ ဒေသခံတစ်ဦးက ပြောသည်။

    မန္တလေး-မိုးကုတ် ကားလမ်းအပိုင်း မတ္တရာမြို့နယ်အတွင်းတွင် သြဂုတ်လအတွင်းက တစ်ကြိမ်၊ စက်တင်ဘာလအတွင်းက တစ်ကြိမ်ရေ လွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး ယခုဖြစ်ပွားသည့် ရေလွှမ်းမိုးမှုသည် ယခင်အကြိမ်များ ထက် များပြားကြောင်း သိရှိရသည်။

    လက်ရှိကာလသည် မိုးလွန်ကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး မိုးလွန်ကာလအတွင်း မုန်တိုင်းနှင့် မိုးကောင်းခြင်းတို့အပေါ်တွင် မူတည်၍ ဒေသအချို့တွင် ရေကြီးရေလျှံမှုများကို ကြုံတွေ့လာရခြင်း ဖြစ်ကြောင်း သိရှိရသည်။
မန္တလေး-မိုးကုတ်လမ်းပိုင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသောကြောင့် ရေလွတ်ရာသို့ ယာယီရွှေ့ပြောင်းသူ အချို့အားတွေ့ရစဉ်
    ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ပထမပတ်အတွင်း ရေကြီးရေလျှံမှုများ ကြုံတွေ့ရသည့်နည်းတူ ၂၀၀၆ ခုနှစ် အောက်တိုဘာလတွင်လည်း ယင်းသို့ ကြုံတွေ့ခဲ့ဖူးကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။

    ၂၀၀၆ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ ညနေခင်းမှ အောက်တိုဘာလ ၉ ရက်နေ့ နံနက်ခင်းအထိ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်နှင့် အနီးတစ်ဝိုက်တွင် မိုးများ အဆက်မပြတ် ရွာသွန်းခဲ့ခြင်း နှင့် အထက်ပိုင်းဒေသများ၌ မိုးကောင်းခဲ့ခြင်းတို့ကြောင့် ဒုဋ္ဌ၀တီမြစ်၊ ဇော်ဂျီမြစ်၊ မူးမြစ်၊ ပန်းလောင်ချောင်းတို့တွင် ရေလျှံခဲ့သည်။ ကင်းတားဆည်၊ ငပြောင်းဆည်တို့တွင်လည်း ရေထုထည်များလာမှုကြောင့် ရေလွှတ်ပေးခဲ့ရသည်။

    ထို့ကြောင့် ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်နှင့် အမရပူရမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် ရေနစ်မြုပ်ခြင်း၊ ကူမဲမြို့နယ်တွင် ရပ်ကွက်များသို့ ရေများ ၀င်ရောက်ခြင်း၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၊ နေပြည်တော်-မန္တလေး ရထား လမ်းပိုင်းရေကျော်ခြင်း၊ ရန်ကုန်-မန္တလေး ကားလမ်း ရေကျော်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

    ၂၀၁၀ ပြည့်နှစ်တွင် ထူးခြားမှုအနေဖြင့် ဧရာဝတီမြစ်၊ ချင်းတွင်း မြစ်စသော မြစ်ကြီးများ၌ မြစ်ရေကြီးမှုများ ဖြစ်ပေါ်ခြင်းမရှိခဲ့ဘဲ ပဲခူးမြစ်နှင့် ဒုဋ္ဌ၀တီမြစ်တို့တွင်သာ စိုးရိမ်ရေမှတ် ရောက်ရှိခြင်းတို့ကို ကြုံတွေ့ခဲ့ရသည်။ ဒုဋ္ဌ၀တီမြစ်သည် ၂၀၁၀ ပြည့်နှစ်အတွင်း စိုးရိမ်ရေမှတ် အထက်သို့ နှစ်ကြိမ်တိုင် ရောက်ရှိခဲ့ပြီး သြဂုတ်လ ၂၀ ရက်နေ့ အောက်တိုဘာလ ၁၀ ရက်နေ့တို့တွင် အသီးသီး ရောက်ရှိခဲ့ခြင်းဖြစ်သည်။

    ၂၀၁၀ ပြည့်နှစ်သည် ပြီးခဲ့သော ၂၀၀၆ ခုနှစ်ဝန်းကျင်မှ ကြုံတွေ့လာရသည့် ရေကြီးရေလျှံမှုများ ပြားသည့်ဖြစ်စဉ်များကို ထပ်မံကြုံ တွေ့လာရခြင်းဖြစ်ကာ မြစ်ကြီးများ တွင် မြစ်ရေကြီးခြင်းများအစား မြစ် ငယ်များ၊ ချောင်းများတွင် ရေကြီး ရေလျှံခြင်းများ၊ လျှပ်တစ်ပြက် ရေကြီးခြင်းများ များပြားသည့် နှစ်တစ်နှစ်လည်းဖြစ်သည်ဟု သိရှိရသည်။

    ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းသည် လာနီညာနှစ်ဘက်သို့ ယိမ်းနေသည့် အနေအထားတွင်ရှိလာပြီး မိုးလွန်မုန်တိုင်း ဖြစ်ပေါ်မှု၊ မိုးများမှု စသည်တို့ ကြုံတွေ့လာရကာ အောက်တိုဘာလ ပထမပတ်အတွင်း စတင်ဖြစ်ပေါ်သည့် မုန်တိုင်း၏ နောက်ဆက်တွဲ သက်ရောက်မှုများကြောင့်လည်း အလယ်ပိုင်းဒေသ၌သာမက ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်းပေါ် ဒေသများတွင်ပါ မိုးသည်းထန်ခြင်းများကို ကြုံတွေ့ခဲ့ရသည်။

    လာမည့် နိုဝင်ဘာလအတွင်းတွင်လည်း မိုးလွန်မုန်တိုင်းကို ကြုံနိုင်ခြေရှိသည့်အတွက် မုန်တိုင်းနှင့် မိုးများခြင်းကြောင့် ဖြစ်ပေါ်သော သက်ရောက်မှုအချို့ကို ကြုံရနိုင်သည်ဟု သိရှိရသည်။ 

အိန္ဒိယနိုင်ငံရှိ အချို့သော ဈေးဆိုင်များ၌ မြန်မာစကားပြောဆိုခြင်း၊ မြန်မာစာ ရေးသားထားခြင်းများကို တွေ့မြင်လာရကြောင်း သိရ


       အိန္ဒိယနိုင်ငံ ဂါယာမြို့ရှိ မဟာဗောဓိ ပုထိုးတည်ရှိရာ ဗုဒ္ဓဂယာသို့ မြန်မာနိုင်ငံအပါအ၀င် အာရှပစိဖိတ် ဒေသများမှ ခရီးသွားများ နေ့စဉ်လာရောက်လေ့ ရှိကြသည်ဟု ဗုဒ္ဓဂယာ ဘုရားဝင်းရှိ ဂေါပကအဖွဲ့ဝင်များ ဖြစ်ကြသော အိန္ဒိယနိုင်ငံသားများထံမှ စုံစမ်းသိရှိရပါသည်။

    ထို့ပြင် ဗုဒ္ဓဂယာ ဘုရားဖူးသွားရာ ဈေးဆိုင်တန်းတစ်လျှောက်တွင်လည်း မြန်မာစကားသုံးစွဲသူ အိန္ဒိယနိုင်ငံသားအချို့နှင့် ဆိုင်အချို့တွင် မြန်မာပြည်သို့ ဖုန်းခေါ်ဆိုနိုင် သည်ဆိုသော ရေးသားထားခြင်း များကိုပါ တွေ့မြင်လာရကြောင်း  ဗုဒ္ဓဂယာသို့ စက်တင်ဘာ လ ၂၅ ရက်နေ့ကသွားရောက်ခဲ့သူ မြန်မာတစ်ဦးက ပြောပြခဲ့ပါသည်။

     "ဈေးဆိုင်တန်း တစ်လျှောက် မှာ ဈေးရောင်းနေတဲ့ အိန္ဒိယနိုင်ငံသားတွေ တော်တော်များများ မြန်မာ လို ပြောတတ်ကြတယ်။ ဗုဒ္ဓဂယာသွားတဲ့ လမ်းတစ်လျှောက်မှာလည်း မြန်မာနိုင်ငံသားတွေ မြန်မာပြည်ကို ဖုန်းခေါ်ဆိုနိုင်ပြီဆိုတာ ရေးသား ထားတာတွေ တွေ့လာရပါတယ်" ဟု ဗုဒ္ဓဂယာသို့ရောက်ရှိခဲ့သူ မြန်မာနိုင်ငံသား တစ်ဦးက ပြောပြခဲ့ပါ သည်။

    ထို့ပြင် ဗုဒ္ဓဂယာသို့ နေ့စဉ် ဘုရားဖူး ၀င်ရောက်သူဦးရေမှာ ၈၀ နှင့် အထက်ရှိပြီး ယင်းတို့အထဲတွင် ကမ္ဘာလှည့်ခရီးသွားများ အပါအ၀င် အိန္ဒိယနိုင်ငံသားများလည်း လာရောက်ကြသည်ဟု သိရသည်။
ဗုဒ္ဓဂယာသို့ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ်နောက်ပိုင်းမှ စတင်ကာသွားရောက်မှု ပိုမိုလာခဲ့ပြီး အာရှ ပစိဖိတ်နိုင်ငံများမှလည်း သွားရောက်မှုရှိကြကာ ဗီယက်နမ်၊ တောင်ကိုရီးယား၊ သီရိလကာင်္၊ ထိုင်း၊ ဖိလစ်ပိုင် နှင့် ဂျပန်တို့မှလည်း အများဆုံးလာ ရောက်ကြသည်ဟု  ဗုဒ္ဓဂယာ၌ တာဝန်ကျ ဘုရားဖူးလုံခြုံရေး  အဖွဲ့သားတစ်ဦးဖြစ်သူ အိန္ဒိယလူမျိုးတစ်ဦးက ပြောကြားပါသည်။

     မြန်မာနိုင်ငံမှ ဗုဒ္ဓဂယာသို့  တိုက်ရိုက်လေကြောင်း ခရီးစဉ်များ စတင်ပေါ်ပေါက်လာခဲ့သော ၂၀၀၈ ခုနှစ်မှစ၍ ဘုရားဖူးသွားသူဦးရေပိုမို များပြားလာခဲ့ပြီး ဘုရားဖူးစရိတ်ကုန်ကျမှု ပမာဏမှာ ငွေကျပ် ၁၀ သိန်းနီးပါးဖြစ်သည်ဟု မဟာတိုး ခရီးသွားလုပ်ငန်းမှ သိရသည်။

     အဆိုပါခရီးစဉ်တွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိရာဂါယာမြို့၊ အာဂရာ နှင့်နယူးဒေလီသို့ ပို့ဆောင်ခြင်းပါဝင်ပြီး ရက်ပေါင်း ၁၅ ရက်ကြာမြင့်သည်ဟု သိရသည်။

သက်သက်သာသာ လှုပ်ရှားလို သူများအတွက် ကျန်းမာရေး ခြေဖ၀ါးသစ် တစ်စုံ

Vibran Five Fingers ကုမ္ပဏီမှ ထူခြားသော ဖိနပ်တစ်ရံကို စမ်းသပ်ထုတ်လုပ်ခဲ့သည်။ အပြေးသမားတစ်ဦး၏ မိနစ်ပေါင်း ၁၂၀၀ (သို့ ) ၄င်းအချိန်နှင့်ညီမျှသော ခ၇ီးမိုင်များကို ခြေချောင်းများပင်ပန်းခြင်းမရှိဘဲ လှုပ်ရှားသွားလာနိုင်သော ဖိနပ်အမျိုးအစားဖြစ်သည်။ယခုအခါ နယူးယောက်မှ အလုပ်သမားများ၊ ငါးဖမ်းသမားများ
ကဲ့သို့ အလုပ်ကြမ်းလုပ်သူများ လည်းအဆင်ပြေစွာ လုပ်ငန်းခွင်သုံးကဲ့သို့ ဝတ်ဆင်ကြသည။်


 ဖိနပ်၏ပုံသဏ္ဏန် မှာလက်အိတ်တည်ဆောက်ပုံနှင့် တူညီပြီး အပြေးသမားများအတွက် အကောင်းဆုံး ပုံစံတွင်ရှိသည်။ ၄င်းဖိနပ်ကို Vibran Five Fingeers ခေါ်တွင်ပြီး တာဝေးပြေးခြင်းအတွက် ခြေချောင်းများကို နာကျင်ကိုက်ခဲခြင်းမရှိအောင် တီထွင်ထားခြင်းဖြစ်သည်။ ခြေဖ၀ါးတွင်ရှိသော အရိုးနု ၂၆ချောင်း၊ အရိုးဆက် ၃၃ခု၊ ကြွက်သား ၂၀ နှင့် ရာပေါင်းများစွာရှိသော အာရုံခံအကြောများ နှင့် အရွတ်၊ခြင်ဆီများကို သာမန် ဖိနပ်များ၏တည်ဆောက်ပုံနှင့် မတူဘဲ ခန္ဓာဗေဒနှင့် ကိုက်ညီစွာ ထုတ်လုပ်ထားခြင်းဖြစ်သည်။ကျန်းမာရေးကို အဓိက အသားပေးထုတ်လုပ်ထားသော ဖိနပ်သည် ခြေချောင်းတိုင်းကို သီခြားဖြစ်နေစေရန် ဖန်တီးထားသောကြောင့် ကြည့်ရရုပ်ဆိုးလှ သော်လည်း ပြင်းထန်သောလေ့ကျင့်ခန်းများကို အင်အားပြည့်လေ့ကျင့်နိုင်စေရန်အတွက်မူ အလွန်သင့်တော်လှသည်။

ဖိနပ်ဟုဆိုပါသော်လည်းဝတ်ဆင်ထားသော အခါဖိနပ်တစ်ရံကဲ့သို့ ဝန်ပို ဖိစီးခြင်းမရှိဘဲ နေသားကျ ကောင်းမွန်ပါသည်။အပြေးအားကစားတစ်ခုအတွက်သာမဟုတ်ဘဲ အခြားသော အားကစားများဖြစ်သည့်
အပြင်းစားယောဂ၊ ကစ်ဘောက်ဆင်၊ ရေကူးနှင့် အားကစား အတော်များများ အတွက်လည်း အဆင်ပြေသည်ကို တွေ့ ရသည်။ မြောက်အမေရိက ၏ ဒေသတွင်း လျော့ဈေးအဖြစ် ကန်ဒေါ်လာ ၆၈.၉၅ ဖြင့် ၀ယ်ယူနိုင်ပြီး ၊ အခြားနေရာမျာမှ ၀ယ်ယူပါက ကန်ဒေါ်လာ ၁၂၀ ကျသင့်မည် ဖြစ်သည်။

ဆန်းဆန်းပြားပြား ဂျပန်ဖက်ရှင်များ

ဂျပန်နိုင်ငံသည် ဖက်ရှင် အဆန်းထွင်ဆုံး နိုင်ငံဖြစ်သည်ဟု ဆိုရမည်။ ဂျပန်တို့သည် ပုံမှန် ကုန်စည်များကို လှလှပပ ဒီဇိုင်းထွင် ထုတ်သကဲ့သို့ ပစ္စည်း အထူးအဆန်းလေးများ နှင့် ရိုးရာပစ္စည်းများကိုလည်း လှလှပပ ပြုလုပ်တတ်ကြသေးသည်။

ထိုကဲ့သို့ ကုန်ပစ္စည်းများကို အထူးအဆန်း ဒီဇိုင်းအမျိုးမျိုး ထွင်သကဲ့သို့ ဖက်ရှင် လောကတွင်လည်း ဂျပန်တို့သည် ဆန်းဆန်းပြားပြား ဖက်ရှင်များကို ဝတ်ဆင်တတ်ကြသည်။ အချို့သော အဆန်းထွင်လွန်သည့် ဖက်ရှင်များကို ရူးရူးနှမ်းနှမ်း ဖက်ရှင် (crazy fashion) ဟုဆိုကြသည်။ ဂျပန်တွင် ခေတ်စားသော ဖက်ရှင်များထဲတွင် ထို crazy fashion များသည်လည်း အပါအဝင်ဖြစ်သည်။

asiantown.net တွင် တွေ့ရသည့် ဂျပန်တွင် ခေတ်စားလျက်ရှိသည်ဟု ဆိုသော ဆန်းဆန်းပြားပြား ဖက်ရှင်အချို့ကို ပရိသတ်များအတွက် ဖော်ပြလိုက်ပါသည်။

asiantown.net တွင် တွေ့ရသည့် ဂျပန်တွင် ခေတ်စားလျက်ရှိသည်ဟု ဆိုသော ဆန်းဆန်းပြားပြား ဖက်ရှင်အချို့ကို  ပရိသတ်များအတွက် ဖော်ပြလိုက်ပါသည်။