Tuesday, October 19, 2010

လက်ထပ် လက်စွပ် ဆိုတဲ့ အဓိပ္ပါယ်လေး (Wedding Ring)

လူတော်တော်များများသိပြီးသားအကြောင်းအရာလေးပါဘဲ။ဒါပေမယ့်အခုအချိန်အခါက သီတင်းလဲကျွတ်တော့မယ် လက်ထပ်ပွဲတွေလဲ လုပ်ကြတော့မယ်ဆိုတော့ အမှတ်တရလေးပေါ့နော်။
စိတ် ၀င်စားနိုင်မယ်ထင်ပါတယ်..။ ဒီလို ... လူတွေ အချင်းချင်း စေ့စပ် တာပဲဖြစ်ဖြစ် ..လက်ထပ်တာ ပဲဖြစ်ဖြစ် စေ့စပ်လက်စွပ် ..ကို လက်သူကြွယ်မှ စွပ်လေ့ စွပ်ထရှိတယ်..။ ဘာလို့ အဲ့လို ဆို စွပ်တာလည်းတဲ့…?

သိပ္ပံ ပညာ အရပြောမယ်ဆို ရင်တော့ လက်သူကြွယ် ရဲ့ သွေး ပြန်ကြော ဟာ နှလုံးသွေးကြောနဲ့  အနီးဆုံး လို့ ဆို ပါတယ်..။ကျွန်တော် တော့နားမလည် ပါဘူး..ဆယ်တန်းတောင် ဇီဝဗေ ဒ ဘာသာဗေ့ မဲ့ သေချာတော့နားမလည် ဘူး..။

ဒါပေမယ့် စိတ် ၀င်စားဖို့ကောင်းတာတစ်ခု က ဘာလို့ လက် သူကြွယ်မှာလက် စွပ်ဝတ်ရလဲ ဆိုတော့သင့်ရဲ့လက် နှစ်ဖက် က လက် ခလယ်(middle finger)ကို အောက်ဘက်ကို ကွေး ပြီး ကျန်တဲ့လက် ချောင်းလေးတွေကို အချင်းချင်းထိကြည့်လိုက်ပါ..။

ပုံမှာ ပြထား ပါတယ်…။

ကျန်တဲ့လက်လေးချောင်းက အပေါ်မှာ အချင်း ချင်း ကပ်နေတာ ကိုတွေ့ ရပါ့မယ်..။

၁ - လက်မ(thumb) ကတော့ သင့်ရဲ့ မိဘ များ ကို ကိုယ်စားပြုပါတယ်…။ အဲ့လက်မနှစ်ချောင်း ကို ခွာလိုက် ကပ်လိုက်လုပ် ကြည့်ပါ..။ သင့်လက်မ နှစ်ခု ဟာ သင်လုပ်သလို ကပ်နေရာကနေ ခွာသွားနိုင် သလို ခွာရာကလည်း ပြန်လည် နီးကပ်နိုင်ပါတယ်တဲ့..။ အဲ့ဒါကြောင့် မိဘ ဆိုတာလည်း တစ်နေ့ မှာ ကိုယ့် ကို စွန့်ခွာ သွားနိုင်တယ်လို့ ဆို ပါတယ်…။

၂ - သင့်ရဲ့ လက်ညှိုး(second finger) ကတော့ သင့်ရဲ့ တစ်မိတည်းဖွား ညီအကို မောင်နှမ များ ၊ချစ်လှစွာသောသူငယ်ချင်း များ ကိုဆို လို ပါတယ်..။ ထို လက် ညှိုးကိုလည်း ထိုနည်းအတိုင်းလုပ်ကြည့်ပါ ခွာလို့ ရတာ ကို တွေ့ ရ ပါမယ်…။ ထို ကြောင့် သင့် ရဲ့ ချစ်လှစွာသော ညီအကိုမောင်နှ မ များ၊သူငယ်ချင်းများ သည်လည်း တစ်နေ့ သင့်ကို ခွဲ ခွာ သွားမယ်လို့ ဆိုလို ပါတယ်..။

၃ - လက်ခလယ်ကတော့ သင် ကိုယ် တိုင် ကို ဆိုလို ပါတယ်..။ ဒီနေရာမှာ လက်ခလယ်ကို ခဏဖယ်ထားမယ်နော်..။

၎ - လက်သန်း(Last (Little) finger) ကတော့ သင့်ရဲ့ နောင်လာနော်ကသား သားသမီးများ ကို ကိုယ်စား ပြုပါတယ်….။ အထက် ကအတိုင်း ပဲ သူ တို့ တွေလည်းအတောင်စုံ လို့ ကြင်ယာ စုံတဲ့အချိန်မှာ သင်တို့ ကို စွန် ခွာ ပြီး သူ့ မိသားစု သူ့ ပတ်ဝန်းကျင်နဲ့ ဖြစ်လာကြဦးမှာ ပါ…။

၅ - လက်သူကြွယ်(fourth(ring) finger)ကတော့ သင့်ရဲ့ဘ၀ နဲ့ ဘ၀လက်တွဲ ဖော် တို့ ကို ကိုယ်စား ပြုပါတယ်…။လက်သူ ကြွယ်အကြောင်း ကို နောက်ဆုံးမှပြော ပြတာကတော့ အခုအကြောင်းအရာမှာသူ ကဇါတ်လိုက်လေ..။ တစ်ခြားလက်ချောင်းလေးတွေ ကို သင်တို့ ပူး ကပ်ထားပေမယ့်  ခွာချင်တဲ့အခါ ခွာလိုက်လို့ ရသ လို ကပ်ချင်တဲ့အခါမှာလည်း ပြန် ကပ်လို့ ရပါတယ်…။

ဒါပေမယ့်လက်သူ ကြွယ်တွေ ကို တော့ သင်ခွာ ခြင်တိုင်း ခွာ လို့ မရ ပါဘူး…။ သူ အလို အလျောက်လည်းမခွာနိုင်သလို သင့်ရဲ့ စိတ်အလိုကြောင့်လည်း ခွဲ လို့ မရ ပါဘူး..။

ဒီလို ပဲ လက်ထပ်လက် စွပ် ကို ဘာလို့ လက်သူ ကြွယ်မှာ စွပ်လည်း ဆို တော့ သူ နဲ့ ကိုယ် ဘ၀ ခြင်း ထပ်တူ ပြု ပြီး တစ်သက်လုံးမခွဲ ပဲလက်တွဲ သွားမယ်ဆို တဲ့ သဘောပါ..။ သင်ယုံကြည်ရဲ့လား။

ကိုယ့်ဘာသာလုပ်ကြည့်လိုက် လေ…။ လက်တွေ့ မှ သင်လည်းယုံကြည်မှာပေါ့နော်..။



မှတ်ချက်- သင့်ရဲ့လက် ခလယ် ကိုတော့ လက်ဖ၀ါးအောက်ထဲကွေးထည့်ထားဖို့တော့လို မယ်နော်..။

ဝါကျွတ်အမှီ ပွဲထုတ်နိုင်မယ့် လှလှပပ သတို့သမီး ဝတ်စုံများ

၁။ ဒီဝတ်စုံလေးကတော့ ခါးအကျပ်အစည်း ဂါဝန်ကို ဇာပွင့်ဖတ် အဆုပ်ဆုပ်လေးတွေ ဖြစ်အောင် ခေတ်ဆန်ဆန် အလှဆင်ထားတဲ့ သတို့သမီး ဝတ်စုံလေးပါ။ အပေါ်ပိုင်းက ကြိုးပျောက်မို့ မဝတ်ရဲရင် ဇာပါဝါလေး တင်လို့ရပါတယ်။
a duo
၂။ နောက်တစ်စုံကတော့ ဂါဝန်ပွပွကြီးတွေ မကြိုက်သူတွေအတွက်ပါ။ အဖြူရောင် ပိုးသားဂါဝန်ရှည်ပေါ်မှာ ဇာပါးပါးလေး တစ်ထပ် ထပ်အုပ်ထားတာဟာ တည်ငြိမ် ခေတ်ဆန်ပြီး အမြင်မှာ ကျော့ရှင်းနေစေမယ့် ဝတ်စုံလေးပေါ့။ အပေါ်ပိုင်းကိုတော့ ဇာပန်း အကပ်လေးတွေနဲ့ အလှဆင်ထားပါတယ်။
a duo
၃။ ဒီဂါဝန်လေးကတော့ ပုံပြင်ထဲက စနိုးဝှိုက် မင်းသမီးလေး ထွက်လာတယ်လို့ ထင်ရလောက်အောင် ချစ်စရာကောင်းမယ့် ဝတ်စုံလေးပါ။ မြင်တွေ့နေကျ စနိုးဝှိုက်ပုံစံ ဂါဝန်လေးကို ဇာပန်း အလွှာပါးလေးတွေ အထပ်အထပ်ဖြစ်အောင် ဆင်ထားတဲ့ ဝတ်စုံလေးက ငယ်ငယ်ရွယ်ရွယ် ညီမလေးတွေနဲ့ အင်မတန်ကို လိုက်ဖက်မှာ အမှန်ပါပဲ။
a duo
၎။ ဒီဂါဝန်ကတော့ အတော်လေး ဘေးဘက်ကို ကားတဲ့ဂါဝန်ပါ။ အပေါ်ပိုင်း ခေတ်ဆန်တဲ့ ဒီဇိုင်းနဲ့ ရှေးဆန်တဲ့ ဂါဝန်ကို ပေါင်းစပ်ထားသလိုမျိုးပေါ့။ ပေါ့ပေါ့ပါးပါး ပုံစံမျိုး မဟုတ်တဲ့ အခမ်းအနားကြီးတွေနဲ့ သင့်တော်ပြီး သတို့သမီးကို မြင်သူငေးရမယ့် ဝတ်စုံမျိုးပါ။
a duo
၅။ အနားအတွန့်တွေ အများကြီးနဲ့ လှပတဲ့ ဇာအပါး ဂါဝန်ပေါ်မှာ ဇာအထူ ပန်းကပ်တွေကို တစ်လွာထပ်အုပ်လိုက်တာဟာ ရှေ့ပိုင်း အကပ် နဲ့ နောက်ပိုင်း အပွ ပုံစံနဲ့ အမြင်ဆန်းပြီး ပြီးပြည့်စုံတဲ့ သတို့သမီးဝတ်စုံလေး ဖြစ်သွားပါတယ်။
a duo
၆။ ဒီဝတ်စုံလေးကလည်း ပေါ်ပိုင်း လည်ပင်းအတိလေးကို ဇာပန်းလေးနဲ့ လက်ပုံစံလုပ်ထားပြီး အောက်ဘက်ကတော့ သိပ်လည်းမကပ် သိပ်လည်း မပွတဲ့ ပုံစံပါ။ အပေါ်ပိုင်းနဲ့ ဂါဝန်အောက်ခြေမှာ ကပ်ထားတဲ့ ပန်းထိုးတွေဟာ ဝတ်စုံ တစ်ခုလုံးကို အဆင့်အတန်းမြင့်မြင့် ပုံစံမျိုးနဲ့ ဆွဲဆောင်မှု ရှိအောင် စွမ်းဆောင် ထားနိုင်ပါတယ်။
a duo
၇။ ဒီဝတ်စုံကတော့ ၁၉ ရာစုက အင်္ဂလန်က ရှေးဝတ်စုံ ဒီဇိုင်းလေးကို ပြန်လည်ဆန်းသစ်ပြီး ချစ်စဖွယ် အသွင်ပြောင်းထားတာပါ။ ဇာအနားတွန့်လေးတွေပါတဲ့ လည်ပင်းပေါက်နဲ့ လက်ရယ်၊ ဇာပန်းအလွာပါးလေး တစ်ထပ်အုပ်ထားတဲ့ ဂါဝန်ရယ်ဟာ တိုင်တန်းနစ် ရုပ်ရှင်ထဲက ရိုစ့် ဝတ်တဲ့ ဂါဝန်ဒီဇိုင်းလိုပါဘဲ။ ငယ်ရွယ်တဲ့ သတို့သမီးလေးတွေနဲ့ ပြောစရာမရှိအောင် လိုက်ဖက်မယ့် ပုံစံပေါ့။
a duo
အခုတစ်ခေါက်တော့ ဒီလောက်နဲ့ဘဲ နားကြစို့ရယ်။ နောက်တစ်ခေါက်မှာတော့ ခေတ်ဆန်ဆန် ဝတ်စုံဒီဇိုင်းလေးတွေ စုဆည်းဖော်ပြပေးပါဦးမယ်။


လူသားပုံတူ စက်ရုပ် ဂျပန်နိုင်ငံတွင် လူသား အကအဖွဲ့နှင့် အတူ ကခုန်ခဲ့

ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ကျင်းပသည့် ဒစ်ဂျစ်တယ် နည်းပညာပြပွဲ (Digital Content Expo) တွင် အောက်တိုဘာလ ၁၆ ရက်နေ့က HRP-4C ဟုတ် ကုဒ် အမည်ပေးထားသော လူသားပုံတူ စက်ရုပ်သည် လူသားအက အဖွဲ့နှင့် အတူ သီချင်းသီဆို၍ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
http://patheincity.com/news//HLIC/c61be6db3f486e5b7c7db9e84946b914.jpg
http://patheincity.com/news//HLIC/fc0435db8e6de2d3e4b5eb1e66315e10.jpg
http://patheincity.com/news//HLIC/6b1114804b2f61dffb82b9fcb24003ab.jpg
http://patheincity.com/news//HLIC/448320d0529c3826ba0caede0f7c8a9e.jpg

HRP-4C သည် မိန်ကလေး ပုံစံ ဖန်တီးထားသော လူသားပုံတူ စက်ရုပ်ဖြစ်ပြီး ဂျပန်နိုင်ငံ အမျိုးသား အဆင့်မြင့် စက်မှုသိပ္ပံနှင့် နည်းပညာ အသင်း (National Institute of Advanced Industrial Science and Technology) မှ တီထွင်ခဲ့ခြင်း ဖြစ်သည်။
http://patheincity.com/news//HLIC/e734305eea000ad0a8978af8b1360a07.jpg
အဆိုပါ စက်ရုပ်သည် အရုပ်အမြင့် ၅ ပေ ၂ လက်မ နှင့် ဘက်ထရီ အပါအဝင် ကိုယ်အလေးချိန် ၉၅ ပေါင်ရှိပြီး ၂၀၀၉ ခုနှစ် မတ်လ ၁၆ ရက်နေ့က ပထမဆုံး အများပြည်သူ ရှေ့သို့ ထုတ်ဖော်ပြသခဲ့သည်။ HRP-4C စက်ရုပ်သည်ပါတ်ဝန်းကျင်ရှိ အသံများကို သိရှိနားလည် နိုင်စွမ်းရှိပြီး Vocaloid အသံစနစ်ကို အသုံးပြုကာ တေးသီချင်းများလည်း သီဆိုနိုင်ကြောင်း သိရသည်။