Thursday, October 21, 2010
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအသစ်အား ယနေ့မွန်းလွဲ ၃ နာရီ၌ တစ်နိုင်ငံလုံးတွင် လွှင့်တင်
ယခင်အသုံးပြုခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံအစား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသော နိုင်ငံတော်အလံသစ်ဖြင့် ပြောင်းလဲအစားထိုးလိုက်ပြီဖြစ်သည်။ နိုင်ငံတော်အလံသစ်လွှင့်တင်ခြင်းကို နေပြည်တော်နှင့်ရန်ကုန်မြို့အပါအ၀င် တစ်နိုင်ငံလုံးရှိ အစိုးရဌာနများ၊ မြို့တော်ခန်းမများစသည်တို့တွင် ယနေ့မွန်းလွဲ ၃ နာရီခန့်၌ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။