မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဆိုင်ကလုန်းမုန်တိုင်း ဂီရိ သက်ရောက်နိုင်မှုကြောင့် ကြိုတင်နှိုးဆော်ဆောင်ရွက်မှုများကို အောက်တိုဘာလ ၂၂ ရက်နေ့မွန်းလွဲပိုင်းမှစတင်ကာ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိပါသည်။ ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်လာပြီး ၂၄ နာရီအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း ကုန်တွင်းပိုင်းသို့ ၀င်ရောက်လာနိုင်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့နှင့်စစ်ကိုင်းတိုင်းအောက်ပိုင်းရှိ မြို့နယ်အချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။
"နေ့လယ်ပိုင်းလောက်က ရပ်ကွက်ရုံးမှာ အစည်းအဝေးလုပ်ပြီး မုန်တိုင်းသတိပေးမှုတွေ ပြုလုပ်ခဲ့တယ်။အနီရောင်အဆင့်ရောက်နေတဲ့ မုန်တိုင်းက အားကောင်းလာတဲ့အခြေအနေမှာရှိတဲ့အတွက် ၀င်ရောက်လာရင် မြစ်သား၊ သဲတော၊ ၀မ်းတွင်းစတဲ့နေရာတွေမှာ ဖြစ်နိုင်လို့ဆိုပြီး အခုလိုကြိုတင်ပြင်ဆင်မှုတွေ လုပ်တာပါ"ဟု မြစ်သားမြို့ခံ ကျောင်းဆရာတစ်ဦးက ပြောကြားခဲ့သည်။
ထို့အတူ မန္တလေးမြို့ပေါ်တွင် မုန်တိုင်းအခြေအနေနှင့်ပတ်သက်၍ ကြိုတင်သတိပေးမှုများ မတွေ့ရှိသေးသော်လည်း အက်ဖ်အမ်လိုင်းများ၊ ရုပ်မြင်သံကြားလိုင်းများနှင့် နိုင်ငံခြားမြန်မာပိုင်းအစီအစဉ်ရုပ်သံလိုင်းများမှ မုန်တိုင်းအခြေအနေများကို အဆက်မပြတ် လွှင့်ထုတ်ပေးမှုကြောင့် မိမိတို့၏လုပ်ငန်းဆောင်တာများ၊ မုန်တိုင်းဝင်ရောက်ပါက ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း မြို့ခံများထံမှ စုံစမ်း သိရှိရသည်။ မန္တလေးမြို့တွင် အောက်တိုဘာ ၂၁ ရက်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အောက်တိုဘာ ၂၂ ရက်နေ့ညနေပိုင်းတွင်လည်း မိုးရွာသွန်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။
Friday, October 22, 2010
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဂီရိ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသကို ဖြတ်ကျော်ဝင်ရောက်၊ အရေးပေါ်အညိုရောင်အဆင့်ရောက်ရှိပြီး တစ်နာရီလေတိုက်နှုန်း မိုင် ၁၂၀ အထိရှိနေ
ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေခဲ့သော အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသကို ကျောက်ဖြူမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းကြီး ဂီရိသည် လက်ရှိတွင် အရေးပေါ်အညိုရောင်အဆင့်တွင်ရှိနေပြီး မုန်တိုင်း၏ဗဟိုချက်မ၌ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၀၀ မှ မိုင် ၁၂၀ အထိရှိနေကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မင်းပြားတို့တွင် မုန်တိုင်းဒီရေ ၁၂ ပေအထိ မြင့်တက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။ ဂီရိသည် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ပြီးနောက် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်နိုင်ကြောင်း သိရှိရသည်။ မြေပြိုမှု များဖြစ်ပေါ်နိုင်သည့်အတွက်လည်း တောင်စောင်း၊ မြေနိမ့်နေသူများ သတိပြုရန် နှိုးဆော်ထားသည်။ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၈၀ မှ မိုင် ၁၀၀ အထိ တိုက်ခတ်နိုင်ကာ မြစ်ဝကျွန်းပေါ်ဒေသတွင် ၄၅ မိုင် အထိ တိုက်ခတ်နိုင်ကြောင်း သိရှိရသည်။ "လေကတော့ ၃ နာရီလောက်မှာ ပြင်းပြင်းတိုက်လာတယ်။ ၅ နာရီခွဲလောက်အထိ တိုက်တယ်။ နောက်ပိုင်းတော့ လေနည်းနည်း လျော့သွားတယ်။ ဒါပေမယ့် တစ်ချက်တစ်ချက်တော့ တိုက်နေတုန်းပါပဲ။ လုံးဝမငြိမ်သေးပါဘူး။ အိမ်တွေတချို့ပြိုတယ်။ အမိုးတွေလန်တယ်။ သစ်ပင်တွေပြိုတယ်"ဟု ကျောက်ဖြူမြို့နယ်မှ ဒေသခံတစ်ဦး က အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ပြောကြားသည်။ |
ဆိုက်ကလုန်း မုန်တိုင်း ဂီရိ (Giri) ရခိုင် ပြည်နယ်ကို ဖြတ်သန်း တိုက်ခတ်
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နေ့လည် ၂ နာရီ ၃၀ မိနစ် အချိန် ထုတ်ပြန်ချက် အရ ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုက်ကလုံး မုန်တိုင်းကြီး ဂီရိ (Giri) သည် ပိုမိုအားကောင်းလာပြီး စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် ၅၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
အဆိုပါ ဆိုက်ကလုန်း မုန်တိုင်း၏ အဆင့် သတ်မှတ်အချက်မှာ အနီရောင် (အရေးပေါ် အခြေအနေ) ဖြစ်ပြီး မုန်တိုင်း၏ ဗဟိုချက်တွင် လေတိုက်နှုန်းမှာ တစ်နာရီလျင် ၇၅ မိုင်မှ ၈၅ မိုင်အထိ ရောက်ရှိနိုင်ပါသည်။ မုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ တစ်နာရီလျင် ၁၅ မိုင်နှုန်းဖြင့် ဆက်လက် ရွေ့ရှားနေပြီး ယနေ့ညနေ ၅ နာရီခန့် အချိန်တွင် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့များကြားသို့ ဖြတ်သန်း တိုက်ခတ်ကာ ကုန်းတွင်းသို့ ဝင်ရောက်မည်ဟု သိရပါသည်။
မုန်တိုင်း တိုက်ခတ်ရာ ဒေသများတွင် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ပင်လယ်ရေမျက်နှာပြင်သည် ၁၂ ပေခန့်အထိ မြင့်တက်နိုင်သောကြောင့် ၎င်း ဒေသများအတွင် နေထိုင်သော ပြည်သူများသည် ဘေးလွတ်ရာသို့ ကြိုတင်ရှောင်ရှားသင့်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။
မုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနှင့် ဧရာဝတီဖြစ်ဝကျွန်းပေါ်ဒေသတို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်ကျရောက်စဉ် ရေပြင်မြေပြင်လေသည် ရခိုင်ကမ်းရိုးတန်းတွင် တစ်နာရီ ၇၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် တစ်နာရီလျင် ၅၀ မိုင်ခန့်အထိ တိုက်ခတ်နိုင်သောကြောင့် ပင်လယ်ကမ်းနီး ကမ်းဝေး ငါးဖမ်းစက်လှေများသည် မုန်တိုင်းနှင့် လွတ်ကင်းရာသို့ ကြိုတင်ရှောင်ရှားသင့်ကြောင်း အကြံပြုကြောင်း ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ သတိပေးချက် ထုတ်ပြန်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန
04B GIRI တစ်နာရီမိုင်(၈၀)ကျော် တိုက်ခတ်နိုင်သည့် Category II ရှိ ဆိုင်ကလုန်း မုန်တိုင်းကြီး အဖြစ်ဖြင့် ရခိုင်ပြည်နယ်အလယ်ပိုင်းကို ဖြတ်ပျော်လျက်ရှိ ။ (၂၂-၁၀-၂၀၁၀၊ နေ့လည်(၁)နာရီ(၁၅)မီနစ်အချိန်ထုတ်ပြန်ချက်)
04B GIRI တစ်နာရီမိုင်(၈၀)ကျော်တိုက်ခတ်နိုင်သည့် Category II ရှိ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးအဖြစ်ဖြင့် ရခိုင်ပြည်နယ်အလယ်ပိုင်းကို စတင်ဖြတ်ကျော်နေပြီဖြစ်။
ဒီကနေ့မနက်ကဖြစ်နေခဲ့တဲ့ ဘင်္ဂလားပင်လယ်အော်မုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာပြီး
ဒီနေ့ည(၉)နာရီခွဲအချိန်မှာ မုန်တိုင်းမျက်စိပေါ်တဲ့အဆင့်ရှိတဲ့ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး
ဖြစ်နေပါတယ်။ လေတိုက်နှုန်းတစ်နာရီ (၇၅)မိုင် အထိရှိနိုင်ပါတယ်။ အန္တရာယ်ကြီးတဲ့
အဆင့်ရောက်နေပါပြီ။ လေသာမက အထူးသဖြင့် ရေတက်ပါတော့မယ်။ အခုမုန်တိုင်းကို မနက်ဖန်
(၂၂-၁၀-၂၀၁၀)ရက်နေ့ နေ့ခင်းပိုင်းကစပြီး သတိထားရပါ့မယ်။ ညနေ(၃)နာရီလောက်စပြီး
ဆိုးလာနိုင်ပါတယ်။ ဖြတ်မယ်လို့ခန့်မှန်းးတဲ့နေရာက ကျောက်ဖြူမြို့အနီးက ဖြစ်ပါ့မယ်။(အမြဲ Update
လုပ်ပါ့မယ်။)
ဒီနေ့ည(၉)နာရီခွဲအချိန်မှာ မုန်တိုင်းမျက်စိပေါ်တဲ့အဆင့်ရှိတဲ့ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး
ဖြစ်နေပါတယ်။ လေတိုက်နှုန်းတစ်နာရီ (၇၅)မိုင် အထိရှိနိုင်ပါတယ်။ အန္တရာယ်ကြီးတဲ့
အဆင့်ရောက်နေပါပြီ။ လေသာမက အထူးသဖြင့် ရေတက်ပါတော့မယ်။ အခုမုန်တိုင်းကို မနက်ဖန်
(၂၂-၁၀-၂၀၁၀)ရက်နေ့ နေ့ခင်းပိုင်းကစပြီး သတိထားရပါ့မယ်။ ညနေ(၃)နာရီလောက်စပြီး
ဆိုးလာနိုင်ပါတယ်။ ဖြတ်မယ်လို့ခန့်မှန်းးတဲ့နေရာက ကျောက်ဖြူမြို့အနီးက ဖြစ်ပါ့မယ်။(အမြဲ Update
လုပ်ပါ့မယ်။)
ရေက မုန်တိုင်းဖြတ်မယ့်နေရာ(ဆိုပါစို့ လောလောဆယ် ကျောက်ဖြူပေါ့ဗျာ)ရဲ့ အောက်ဖက်
(မုန်တိုင်းလမ်းကြောင်းကို မျက်နှာမူရင် ညာဖက်ခြမ်း)မှာ ရေတွေတက်ပါ့မယ်။ မုန်တိုင်းဖြတ်တဲံ
နေရာရဲ့အောက် မိုင်(၂၀-၃၀)အတွင်း အဆိုးဆုံးဖြစ်ပါ့မယ်။ လက်ရှိလေတိုက်နှုန်း တစ်နာရီ(၇၅)မိုင်
နဲဆိုရင် (၅)ပေမှ (၆)ပေ လောက်အများဆုံးပါဘဲ။ ရေက လေတိုက်နှုန်း မိုင်(၁၀၀)ကျော်မှ အလွန်ဆိုးတာြ
ဖစ်ပါတယ်။ နောက်ပြီး ရခိုင်ကကမ်းရိုးတန်း ရေနက်တော့ မြစ်ဝကျွန်းပေါ် လောက်ရေအတက် မကြမ်းပါဘူး။
သတိရှိပါ။ ကြိုတင်ပြင်ဆင်ပါ။ ကမ်းပေါ်တွင်နေထိုင်ပါ။ ခိုင်ခံသောအဆောက်အဦတွင်ခိုလှုံပါ။
၂၂-၁၀-၂၀၁၀ နံနပ်ပိုင်းကစပြီး မုန်တိုင်စက်ကွက်းထဲရောက်ပါလိမ့်မယ်။ လေစတိုက်မယ်။
အပြင်းဆုံးလေက ဗစိုချက်နားရှိတာမို့ ဒီလေကိုတော့ နေ့ခင်းပိုင်းလောက်မှ ကြုံနိုင်ပါလိမ့်မယ်။
လှိုင်းကြီးနိုင်တာကြောင့် ရေထဲကိုတော့ ရှောင်စေချင်ပါတယ်။ မုန်တိုင်းဒီရေတက်တာ နည်းနိုင်ပါတယ်။
တစ်နာရီ(၇၅)မိုင်နှုန်းတိုက်တဲ့လေဟာ ရေပြင်၊မြေပြင်တွေအပေါ်မှာ ဘယ်လောက်အထိ
ပျက်စီးစေနိုင်တယ် ဆိုတာကို မှန်းဆနိုင်ဖို့ Web Page တစ်ခုတင်ထားပေါးပါတယ်။
တစ်နာရီလေတိုက်နှုန်း(၇၅)မိုင်ဆိုတာ လှိုင်းကြီးနိုင်တယ်၊ အဆောက်အဦတွေပျက်စီးနိုင်တယ်၊
သစ်ပင်တွေဓါတ်တိုင်တွေ ပြိုလဲနိုင်ပါတယ်။ အကောင်းဆုံး အကြံဥာဏ်အနေနဲ့ (၁)
ပင်လယ်ထဲကိုရှောင်ပါ။
(၂) မုန်တိုင်းဒီရေဆိုးဆိုးဝါးဝါးမရှိနိုင်လို့ ကမ်းပေါ်မှာနေရင် လုံခြုံနိုင်ပါတယ်။ (၃) ခိုင်ခံ့တဲ့ အဆောက်အဦး
တွေမှာ ခိုလှုံနေထိုင်ပါ။
၂၂-၁၀-၂၀၁၀ မနက်ကတည်းက မုန်တိုင်းရဲ့ စက်ကွင်းဖြတ်နေပြီမို့ လေတွေမိုးတွေစပါလိမ့်မယ်။
ဒါပေမယ့် ဗဟိုချက်က ပင်လယ်ထဲမှာဘဲရှိပါလိမ့်မယ်။ တစ်နာရီ (၇၅-၈၀)မိုင်လေတိုက်နှုန်းကလည်း
အဲဒီဗဟိုချက်ဖြတ်မှာတိုက်မှာပါ။ နေ့လည်လောက်ဆိုရင် စမယ်လို့မှန်းပါတယ်။ ညနေ(၆)နာရီခွဲလောက်
ဆိုရင် ကုန်းထဲေ၇ာက်သွားပါပြီ။ အဲ.. ကုန်းထဲရောက်ပြီးနောက်ထပ်တစ်ရက်လောက် (၂၃-၁၀-
၂၀၁၀)ညနေအထိ ရှိနေဦးမှာမို့ ကုန်းတွင်းပိုင်းဒေသတွေ (မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း)မှာ
from U Tunlwin
ကမ္ဘာတစ်ဝှမ်းမှ ပုံတူမျိုးပွားမှု အောင်မြင်ခဲ့သော တိရိစ္ဆာန်အမျိုးပေါင်း (၂၀)
ဥရောပကော်မစ်ရှင်အဖွဲ့က လက်ရှိတားမြစ်ထားသော ပုံတူမျိုးပွားခြင်းကို မဝေးတော့သည့်အနာဂတ်တွင် တရားဝင်ခွင့်ပြုချက်ရရန် တောင်းဆိုသွားမည်ဟု အောက်တိုဘာ ၁၉ရက်နေ့က ပြောကြားသွားခဲ့သည်။ လာမည့်(၅)နှစ်အတွင်းမှာ ဥရောပသမ္မဂ နိုင်ငံများတွင် အစားအသောက် ထုတ်ကုန်များအတွက် တရိစ္ဆန်ပုံတူမျိုးပွားခြင်းကို တရားဝင်ပြုလုပ်သွားနိုင်ရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။
၁၉၆၀ အစပိုင်းနှစ်များကစ၍ သိပ္ပံပညာရှင်များမှာ ပုံတူမျိုးပွားခြင်းကို လေ့လာစမ်းသပ် ပြုလုပ်နေခဲ့ကြပြီး အောင်မြင်မှုများ ရရှိထားကြ၏။ သို့သော် အမျိုးမျိုးသော အကြောင်းအချက်များကြောင့် ပြင်ပလောကတွင် ပုံတူမျိုးပွားခြင်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်ရန် ကမ္ဘာက တားမြစ်ထားခဲ့သည်။
ဆေးသိပ္ပံနှင့် သုတေသနများအတွက် ရာစုနှစ်ဝက်အတွင်း တိရစ္ဆာန်များစွာကို စမ်းသပ်မျိုးပွား အောင်မြင်ခဲ့ကြပါသည်။ လူသားများကိုပင် အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ကြောင်း သတင်းများလည်း ထွက်ရှိခဲ့သည်။
လက်ရှိအချိန်ထိ အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခဲ့သည့် တရိစ္ဆာန်အမျိုး(၂၀)ကို အောက်တွင်ဖော်ပြလိုက်ပါသည်။
၁။ (မာကက္ကီးစ်)မျောက် (အပေါ်ဆုံးမှပုံ)
၂၀၀၀ခုနှစ်မှာ မာကက္ကီးမျောက်တစ်ကောင်ကို ဓါတ်ခွဲခန်းမှာ အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခဲ့ကြသည်။ နောက်ပိုင်းမှာ သိပ္ပံပညာရှင်များက မျောက်ကောင်ရေအတော်များများကို သွေးချိုနှင့် အခြားရောဂါများအတွက် သုတေသတနပြုလုပ်နိုင်ရန် ပုံတူမျိုးပွားခဲ့ကြကြောင်း သိရသည်။
၂။ ၀က်များ
အမေရိကန်မှ ဓါတ်ခွဲခန်းတစ်ခုက ၂၀၀၀ခုနှစ်တွင် မျိုးဗီဇပုံတူပွားထားသော ၀က်များကို လူသားများ၏ ဆဲလ်တစ်သျှူးများနှင့် ကိုယ်အင်္ဂါများတွင် အစားထိုးကုသနိုင်ရန် မိတ်ဆက်တင်ပြခဲ့သည်။
၃။ အာရှရေချိုငါးများ
၁၉၆၃ခုနှစ်တွင် အာရှရေချိုငါးကြီးတစ်ကောင်ကို အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခဲ့ကြသည်။ နောက်ထပ်(၁၀)နှစ်အကြာတွင် တရုတ်သိပ္ပံပညာရှင် Tong Dizhouက ဥရောပငါးတစ်မျိုးကို ပုံတူမျိုးပွား အောင်မြင်ခဲ့သည်။
၎။ သိုးမလေး ဒေါ်လီ
၁၉၉၆ခုနှစ်မှာ ဒေါ်လီအမည်ရှိ သိုးတစ်ကောင်ကို ပုံတူပွားနိုင်ခဲ့ကြသည်။ သိုးမလေးမှာ ကမ္ဘာတွင် ပထမဆုံးသော နို့တိုက်သတ္တ၀ါ ပုံတူမျိုးပွား အောင်မြင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့၏။ သိုးမလေးဒေါ်လီမှာ (၆)နှစ်ကြာ အသက်ရှည်ခဲ့ပြီး ပုံတူမျိုးပွားခြင်းလောကတွင် အအောင်မြင်ဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ရသည်။ ထို့နောက် နို့တိုက်တရိစ္ဆာန် ရာနှင့်ချီ၍ ပုံတူမျိုးပွားခဲ့ကြပြီး ဖြစ်သည်။
၅။ Cumulina ကြွက်
Cumulina အမည်ရှိ ကြွက်တစ်ကောင်ကို အမေရိကန်နိုင်ငံ ဟာဝိုင်အီမှ ပုံတူမျိုးပွား အောင်မြင်ခဲ့သည်။ ထိုကြွက်မှာ ပုံတူမျိုးပွားစဉ် ချွတ်ချော်မှုတစ်ခုကြောင့် (၃၁)လကြာသာ အသက်ရှင်ခဲ့သည်။
၆။ နွားများ
ပုံမှာဖော်ပြထားသည့် နွားနှစ်ကောင်မှာ ဂျပန်၌ ၁၉၉၈ခုနှစ်မှာ ပထမဆုံးအကြိမ် အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခဲ့သည့် နွားနှစ်ကောင်ဖြစ်သည်။ ၄င်းမှာ ပုံတူမျိုးပွားနည်းတွင် ဂျပန်၏ အကြီးကျယ်ဆုံး အောင်မြင်မှုဖြစ်ပြီး ၄င်းမှတစ်ဆင့် အခြားပုံတူမျိုးပွားမှု နည်းစနစ်များအတွက် ပိုမိုကောင်းမွန်သော အသားနှင့် နို့ကို ဖြန့်ဖြူးနိုင်ခဲ့သည်။ နောက်ပိုင်းမှာ ထောင်နှင့်ချီ၍ နွားများကို ပုံတူမျိုးပွားခဲ့ကြပြီး ဖြစ်သည်။
၇။ ဆိတ်များ
ဖော်ပြပုံပါဆိတ်များမှာ ၁၉၉၈ခုနှစ်က အမေရိကန်နိုင်ငံမှ ဓါတ်ခွဲခန်းတစ်ခုမှာ ပုံတူပွားယူခဲ့သော ဆိတ်များဖြစ်သည်။ သိပ္ပံပညာရှင်များက မွေးမြူရေးတိရစ္ဆာန်များ ပုံတူမျိုးပွားခြင်းနည်းပညာကို လူသားများ၏ အကျိုးကျေးဇူးများအတွက် ဆေးဝါးသုံးပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးချလာနိုင်ကြသည်။
၈။ မော်ဖလွန်တောဆိတ်
ဆိတ်မျိုးစိတ်များအနက် ရှားပါးသော မော်ဖလွန်တောဆိတ်တစ်ကောင်ကို ၂၀၀၀ပြည့်နှစ်က ဥရောပတွင် အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခဲ့ကြရာ ဤနည်းလမ်းဖြင့် မျိုးတုန်းမည့် ရှားပါးတရိစ္ဆာန်များကို ကာကွယ်ထိန်းသိမ်းနိုင်ရန် မျှော်လင့်နေကြသည်။
၉။ အာရှနွားရိုင်းတစ်မျိုး
၂၀၀၁ခုနှစ်က ဖော်ပြပါ အာရှနွားရိုင်းတစ်ကောင်ကို အောင်မြင်စွာ ပုံတူမျိုးပွားယူနိုင်ခဲ့သည်။ သို့သော် ချွတ်ယွင်းမှုအချို့ကြောင့် ဖော်ပြပါနွားလေးမှာ ၂ရက်သာ အသက်ရှင်ခဲ့ကြောင်း သိရသည်။
၁၀။ ယုန်များ
ယုန်ဖြူများကို ၂၀၀၁ခုနှစ်မှာ သိပ္ပံပညာရှင်များ ပုံတူမျိုးပွား၍ အောင်မြင်ခဲ့ကြပြီး၊ နောက်ထပ်ယုန်အကောင် အနည်းဆုံး(၃၀)ကျော် ပုံတူမျိုးပွားယူခဲ့ကြပြီး ဖြစ်သည်။
၁၁။ ကြောင်များ
ကိုဘီအမည်ရှိ ကြောင်တစ်ကောင်ကို ၂၀၀၁မှာ ပုံတူမျိုးပွားယူနိုင်ခဲ့ကြပြီး နိုင်ငံတကာ အိမ်မွေးတိရစ္ဆာန်များ ပုံတူမျိုးပွားခြင်း ဈေးကွက်လမ်းစပွင့်လာခဲ့သည်။
၁၂။ ကြွက်ကြီးများ
၂၀၀၂ခုနှစ်တွင် ကြွက်ကြီးတစ်ကောင်ကို ပုံတူမျိုးပွားမှု စတင်အောင်မြင်ခဲ့ကြသည်။ ဤကြွက်မတိုင်မီ ၁၅ကြိမ်တွင် မအောင်မြင်ခဲ့ကြပေ။ ဓါတ်ခွဲခန်းကြွက်ကြီးများကို အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခြင်းမှာ ဆေးပညာဆိုင်ရာ သုတေသနများအတွက် ကြီးမားသောအကျိုးပင် ဖြစ်သည်။
၁၃။ လား
အမေရိကန်နိုင်ငံ သုတေသနအဖွဲ့တစ်ခုက ၂၀၀၃ခုနှစ်မှာ လားတစ်ကောင်အား ပုံတူမျိုးပွား အောင်မြင်ခဲ့ပြီး မျိုးစပ်မြင်းတစ်ကောင်ကို ပထမဆုံး ကလုန်းလုပ်နိုင်ခဲ့သည်။
၁၄။ ပြိုင်မြင်းများ
၂၀၀၃ခုနှစ်မှာပင် အီတလီမှ သိပ္ပံသုတေသနအဖွဲ့တစ်ဖွဲ့က ပြိုင်မြင်းတစ်ကောင်ကို ပုံတူမျိုးပွားနည်းဖြင့် အောင်မြင်စွာ ရယူနိုင်ခဲ့ကြသည်။ အီတာလျံပြိုင်မြင်း အများအပြားကို ပုံတူမျိုးပွားယူရန် မျှော်လင့်ခဲ့ကြသော်လည်း နောက်ထပ်မအောင်မြင်ခဲ့ကြပေ။
၁၅။ အာဖရိကတောကြောင်
အာဖရိကတောကြောင်များမှာ မျိုးတုံးမည့်အန္တရာယ် ရှိမနေသော်လည်း နည်းပါးလာသော တရိစ္ဆာန်မျိုးစိတ်တစ်ခုဖြစ်သောကြောင့် အမေရိကန် သိပ္ပံပညာရှင်များက ၂၀၀၃ခုနှစ်တွင် ပုံတူမျိုးပွားနည်းဖြင့် တစ်ကောင်ရယူခဲ့ကြသည်။
၁၆။ သမင်ပြောက်
တက္ကဆက် A&M တက္ကသိုလ်မှ အမြီးဖြူသမြင်ပြောက်တစ်ကောင်အား ပုံတူမျိုးပွား ရရှိခဲ့သည်။ မြောက်အမေရိကမှ သိပ္ပံပညာရှင်များမှာ သမင်မျိုးပေါင်းများစွာ ပုံတူမျိုးပွားနည်းဖြင့် စမ်းသပ်နေကြဆဲဖြစ်သည်။
၁၇။ Ferrets
၁၉၆၀ အစပိုင်းနှစ်များကစ၍ သိပ္ပံပညာရှင်များမှာ ပုံတူမျိုးပွားခြင်းကို လေ့လာစမ်းသပ် ပြုလုပ်နေခဲ့ကြပြီး အောင်မြင်မှုများ ရရှိထားကြ၏။ သို့သော် အမျိုးမျိုးသော အကြောင်းအချက်များကြောင့် ပြင်ပလောကတွင် ပုံတူမျိုးပွားခြင်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်ရန် ကမ္ဘာက တားမြစ်ထားခဲ့သည်။
ဆေးသိပ္ပံနှင့် သုတေသနများအတွက် ရာစုနှစ်ဝက်အတွင်း တိရစ္ဆာန်များစွာကို စမ်းသပ်မျိုးပွား အောင်မြင်ခဲ့ကြပါသည်။ လူသားများကိုပင် အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ကြောင်း သတင်းများလည်း ထွက်ရှိခဲ့သည်။
လက်ရှိအချိန်ထိ အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခဲ့သည့် တရိစ္ဆာန်အမျိုး(၂၀)ကို အောက်တွင်ဖော်ပြလိုက်ပါသည်။
၁။ (မာကက္ကီးစ်)မျောက် (အပေါ်ဆုံးမှပုံ)
၂၀၀၀ခုနှစ်မှာ မာကက္ကီးမျောက်တစ်ကောင်ကို ဓါတ်ခွဲခန်းမှာ အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခဲ့ကြသည်။ နောက်ပိုင်းမှာ သိပ္ပံပညာရှင်များက မျောက်ကောင်ရေအတော်များများကို သွေးချိုနှင့် အခြားရောဂါများအတွက် သုတေသတနပြုလုပ်နိုင်ရန် ပုံတူမျိုးပွားခဲ့ကြကြောင်း သိရသည်။
၂။ ၀က်များ
၃။ အာရှရေချိုငါးများ
၎။ သိုးမလေး ဒေါ်လီ
၅။ Cumulina ကြွက်
၆။ နွားများ
၇။ ဆိတ်များ
၈။ မော်ဖလွန်တောဆိတ်
၉။ အာရှနွားရိုင်းတစ်မျိုး
၁၀။ ယုန်များ
၁၁။ ကြောင်များ
၁၂။ ကြွက်ကြီးများ
၁၃။ လား
၁၄။ ပြိုင်မြင်းများ
၁၅။ အာဖရိကတောကြောင်
၁၆။ သမင်ပြောက်
၁၇။ Ferrets
University of Iowa က ၂၀၀၄ခုနှစ်မှာ ပထမဆုံးအကြိမ် ဖာရက်စ်ခေါ် မျိုးတုံးမည့်အန္တရာယ်ကြုံနေရသော (ဖျံမျိုးစိတ်) နို့တိုက်တိရိစ္ဆာန်ငယ်လေးများကို ပုံတူမျိုးပွားခြင်း အောင်မြင်ခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးအတွက် လေ့လာသုတေသနပြုနိုင်ရန် အထောက်အကူပြုခဲ့သည်။
၁၈။ ကျွဲများ
၁၈။ ကျွဲများ
ကျွဲကို အိန္ဒိယနိုင်ငံက အောင်မြင်စွာ ပုံတူမျိုးပွားနိုင်ခဲ့ကြသည်။ မျိုးပွားယူထားသော ကျွဲမများမှ နေ့စဉ် နို့(၃၅)ကီလိုဂရမ် ထုတ်ပေးနိုင်ကြောင်းလည်း သိရသည်။ သို့သော် ထိုကျွဲများ၏သက်တမ်းမှာ အလွန်တိုတောင်းပြီး (၅)ရက်သာ အသက်ရှင်ခဲ့ကြောင်း သိရသည်။
၁၉။ ခွေး
တောင်ကိုးရီးယား သိပ္ပံပညာရှင်များက ၂၀၀၅ခုနှစ်တွင် စနူပီခွေးများကို ၄င်းတို့၏ စတမ်းဆဲလ်(stem cell) မွေးမြူမျိုးပွားကာ ပုံတူမျိုးပွားနိုင်ခဲ့ကြပြီး ပထမဆုံးအကြိမ် ခွေးပုံတူမျိုးပွားခြင်း အောင်မြင်မှု ဖြစ်ခဲ့သည်။ ဤကဲ့သို့ စတမ်းဆဲလ်များ မွေးမြူကြီးထွားစေသော နည်းလမ်းမှာ လူသားများ၏ ရောဂါအများအပြားအတွက် အကျိုးကျေးဖူးများကြောင်း သိရသည်။
၂၀။ ၀ံပုလေ
၁၉။ ခွေး
တောင်ကိုးရီးယား သိပ္ပံပညာရှင်များက ၂၀၀၅ခုနှစ်တွင် စနူပီခွေးများကို ၄င်းတို့၏ စတမ်းဆဲလ်(stem cell) မွေးမြူမျိုးပွားကာ ပုံတူမျိုးပွားနိုင်ခဲ့ကြပြီး ပထမဆုံးအကြိမ် ခွေးပုံတူမျိုးပွားခြင်း အောင်မြင်မှု ဖြစ်ခဲ့သည်။ ဤကဲ့သို့ စတမ်းဆဲလ်များ မွေးမြူကြီးထွားစေသော နည်းလမ်းမှာ လူသားများ၏ ရောဂါအများအပြားအတွက် အကျိုးကျေးဖူးများကြောင်း သိရသည်။
၂၀။ ၀ံပုလေ
ွ
၂၀၀၅ခုနှစ်တွင် တောင်ကိုးရီးယားမှ Seoul National Universityမှ ၀ံပုလွေနှစ်ကောင် ပုံတူမျိုးပွားနည်းဖြင့် ရယူနိုင်ခဲ့ကြပြီး သူတို့က သဘာဝပတ်ဝန်းကျင်မှ တောတိရိစ္ဆာန်များကို ထိန်းသိမ်းကာကွယ်နိုင်ရန် နည်းလမ်းရှိပြီဟု ကြေငြာခဲ့ကြသည်။
၂၀၀၅ခုနှစ်တွင် တောင်ကိုးရီးယားမှ Seoul National Universityမှ ၀ံပုလွေနှစ်ကောင် ပုံတူမျိုးပွားနည်းဖြင့် ရယူနိုင်ခဲ့ကြပြီး သူတို့က သဘာဝပတ်ဝန်းကျင်မှ တောတိရိစ္ဆာန်များကို ထိန်းသိမ်းကာကွယ်နိုင်ရန် နည်းလမ်းရှိပြီဟု ကြေငြာခဲ့ကြသည်။