Friday, October 29, 2010

ကလေးမွေးပြီး စွန့်ပစ်သူ မြန်မာအမျိုးသမီး အမေရိကန်တွင် ထောင် ၃ နှစ်ကျ

 











Nunu Sung ဟု ခေါ်သော မြန်မာ ဒုက္ခသည်တဦးသည်
ကလေးမွေးဖွားပြီး စွန့်ပစ်မှုဖြင့် ထောင် ၃ နှစ် ချမှတ်ခံရသည်ဟု ချီကာဂိုမြို့သတင်းစာ တစောင်၏ အင်တာနက် စာမျက်နှာ suntimes.com တွင် ယနေ့ ရေးထားသည်။ သူက ကလေး မွေးဖွားပြီး စွန့်ပစ်ခဲ့ခြင်းကြောင့် အပြစ်ရှိကြောင်း မကြာသေးမီက တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု ဆိုသည်။ အသက် ၂၅ နှစ်ရှိပြီ ဖြစ်သည်။

အပြစ်ရှိကြောင်း ထွက်ဆိုလျှင် ထောင်မှလွတ်ပြီးနောက်ပိုင်း အမေရိကန်တွင် ဆက်လက်နေထိုင်ခွင့်၊ သားဖြစ်သူကို အုပ်ထိန်းပိုင်ခွင့်တို့ ရမည်ကို Nunu Sung က သိရှိကြောင်း သတင်းတွင် ရေးထားသည်။ ထောင်မကျခင် အာမခံဖြင့် နေစဉ်က အာဏာပိုင်တို့ စောင့်ရှောက်ထားသည့် သူ၏ သားထံသို့ အပတ်စဉ် သွားတွေ့ခွင့် ရခဲ့သည်။ ယခု ထောင်ဒဏ် ကျခံရစဉ် တနှစ် နှင့် လေးလ အရွယ် ကလေးကို တွေ့ခွင့် ရှိမရှိ မသိရသေးပေ။ ကလေးမှာ ညီအစ်မ ၀မ်းကွဲ၏ ခင်ပွန်းသည်နှင့် ရရှိသည့် ကလေး ဖြစ်သည်ဟု သတင်းတွင် ရေးထားသည်။
၂၀၀၉ ဇွန်လ ကလေးမွေးခါနီး အချိန်က လမ်းလျှောက်ထွက်ဦးမည်ဟု ဆွေမျိုးတော်စပ်သူတို့ကို ပြောပြီး ထွက်သွားကြောင်း၊ ပြန်မလာသဖြင့် ဆွေမျိုးတို့က ရဲကို အကြောင်းကြားခဲ့ကြောင်း၊ နောက်ပိုင်း သူပြန်ရောက်လာသည့်အခါ ရဲက သူ့ကို စစ်ဆေးနေစဉ် အိမ်နီးချင်းတို့က ချက်ကြိုးတန်းလန်းနှင့် ကလေး  ခြုံပင်များကြားတွင် ငိုနေသည်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ မွေးကင်းစ ကလေးသည် နာရီပေါင်းများစွာ စွန့်ပစ်ခံရသော်လည်း တစုံတရာ ထိခိုက်မှု မရှိဘဲ အသက်ရှင်ခဲ့သည်ဟု ဆိုသည်။

ယောက်ျားလေးများအတွက် အလှအပထိန်းသိမ်းနည်း

















ယောက်ျားလေးတွေဟာ မိန်းကလေးတွေလို မိတ်ကပ်လိမ်းပြီး အလှပြင်ဖို့ မလို အပ်ပေမယ့် အလှအပဆိုင်ရာ ပြုပြင်ထိန်းသိမ်း သင့်တဲ့ အချက်တွေရှိ ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဆောင်ရွက်တာ၊ အသားအရေ ထိန်းသိမ်း စောင့်ရှောက်တာ၊ ဆံပင်ကို ပြုပြင်ထိန်းသိမ်းတာ စတာတွေကိုတော့ မိန်းကလေးတွေတင်မက ယောက်ျားလေးတွေလည်း လုပ်ဆောင် သင့်ပါတယ်။ ဒါကြောင့် ယောက်ျားလေးတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ အလှအပအတွက် လုပ်ဆောင်သင့်တဲ့ အခြေခံအချက်တွေကို ဖော်ပြလိုက်ပါတယ်။

အသားအရေ ထိန်းသိမ်းစောင့်ရှောက်ခြင်း
ဆယ်ကျော်သက်ယောက်ျားလေးဘဝမှာ အရေပြားပြဿနာတွေကို အများဆုံး ကြုံတွေ့ ရနိုင်ပါတယ်။ ဒီအရွယ်မှာ ဟော်မုန်းပြောင်းလဲတာ၊ အဆီထုတ်လုပ်မှုများတာ၊ ချွေးထွက် များတာနဲ့၊ လေနဲ့ရေ ညစ်ညမ်းမှုတွေကြောင့် ဝက်ခြံတွေအများအပြား ပေါက်တတ် ပါတယ်။ ဝက်ခြံတွေက မျက်နှာမှာသာမက နောက်ကျော၊ ပခုံးနဲ့ ရင်ဘတ်တွေမှာလည်း ပေါက်တတ်ပါတယ်။ ဒါကြောင့် အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုအတွက် မှန်ကန်တဲ့ ပစ္စည်းတွေကို လိုအပ်သလိုသုံးဖို့ အရေးကြီးပါတယ်။ သင့်အသားအရေ အမျိုးအစား အလိုက် ခြောက်သွေ့တာ၊ အဆီပြန်တာ၊ ထိခိုက်လွယ်တာ စတဲ့ အချက်ပေါ်မူတည်ပြီး သင့်လျော်တဲ့ မျက်နှာသစ်ဆပ်ပြာနဲ့ ကိုယ်တိုက်ဆပ်ပြာကို သုံးပါ။ သင့်အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေဖို့ အတွက် Toner သုံးပါ။ အစိုဓာတ်ထိန်းဆေး (Moisturizer) ကတော့ သင့်မျက်နှာကို ချောမွေ့နူးညံ့စေပါတယ်။ မုတ်ဆိတ်ရိတ်တဲ့အခါ အရေပြားပေါ်မှာ မုတ်ဆိတ်ရိတ်ဓားကို ချောချောမွေ့မွေ့သုံးနိုင်စေဖို့အတွက် မုတ်ဆိတ်ရိတ်ဂျဲလ် (Shaving Gel) ကို သုံးပါ။ သင့်အရေပြားမှာ မပျောက်နိုင်တဲ့ ဝက်ခြံ ဒါမှမဟုတ် တခြားအဖုအပိမ့်နဲ့ အနာ၊ ဒဏ်ရာတွေရှိရင် အရေပြား အထူးကုဆရာဝန်ကို ပြပါ။ နေ့စဉ်နေရောင်ကာ လိမ်းဆေး၊ လိမ်းပြီးမှ အပြင်ထွက်ပါ။

သွားကို ဂရုစိုက်သန့်ရှင်းခြင်း
ကောင်းမွန်တဲ့ ခံတွင်းသန့်ရှင်းရေးဟာ အလှအပတင်မက ကိုယ်ရည်ကိုယ်သွေးအတွက်ပါ အရေးကြီးပါတယ်။ ညစ်ပတ်ပြီးမည်းနေတဲ့ သွားတွေ၊ ရောင်နေတဲ့ သွားဖုံးတွေနဲ့ ခံတွင်းနံ့ ဆိုးတွေက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ သင့်ပါးစပ်နဲ့ အဆင်ပြေပြီး နူးညံ့တဲ့ အမျှင်တွေပါတဲ့ သွားတိုက်တံကို ဝယ်ပါ။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားတိုက်ပေးပါ။ သွားမှန်မှန် တိုက်ပေမယ့်လည်း သွားတိုက်တံအမျှင်တွေ မရောက်နိုင်တဲ့ နေရာမှာ စားကြွင်း စားကျန်တွေ ခိုအောင်းနေနိုင်ပါသေးတယ်။ ဒါကြောင့် တစ်နေ့တစ်ကြိမ် သွားကြားပွတ်ကြိုး သုံးဖို့လည်း လိုအပ်ပါတယ်။ သင့်သွားတွေကို သွားဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ပေးပါ။

ဆံပင်ကို ပြုပြင်ထိန်းသိမ်းခြင်း
ယောက်ျားလေးတစ်ယောက်ရဲ့ အလှအပနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဆံပင်ကို ပြုပြင်ထိန်းသိမ်းမှုကလည်း အရေးကြီးပါတယ်။ သင့်မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံ ညှပ်ပါ။ သင့်ဆံပင်သား အမျိုးအစားအလိုက်ပါးတာ၊ ထူတာ၊ အရောင်ဆိုးထားတာ၊ ခြောက်သွေ့တာ၊ အဆီပြန်တာ စတဲ့အချက်တွေပေါ်မူတည်ပြီး သင့်လျော်တဲ့ ခေါင်းလျှော်ရည် သုံးပါ။ သင့်ဆံပင်ကို ကျန်းမာတောက်ပြောင်ပြီး ချောမွေ့စေဖို့အတွက် Conditioner သုံးပေးပါ။ ဆံပင်ပုံကျသပ်ရပ်ဖို့ ပုံမှန်ခေါင်း ဖြီးပေးပါ။ သင့်ဆံပင်စတိုင်ပေါ် မူတည်ပြီး လိုအပ်မယ့် ဂျဲလ်ဒါမှမဟုတ် တခြားပစ္စည်းတွေကို သုံးပါ။

အခြားအချက်များ
မနက်ခင်းတိုင်း ချွေးနံ့ထိန်းချိုင်းလိမ်းတောင့် (Deodorant) လိမ်းပေးပါ။ သင့်မျက်ခုံး နှစ်ခုကြားထဲက နေရာလွဲနေတဲ့ အမွေးတွေကို နုတ်ပစ်ပါ။ သင့်နှုတ်ခမ်းတွေ ခြောက်သွေ့ ကွဲအက်နေရင် အရောင်မပါတဲ့ နှုတ်ခမ်းအဆီ (Lip Balm) လိမ်းပေးပါ။

လျှာပေါ်မှာကပ်တဲ့ Fancy တွေ ဘာအန္တရာယ်ရှိလဲ


 





လူငယ်တွေအကြားမှာ ကိုယ်ခန္ဓာကို အပေါက်တွေ ဖောက်ပြီး Fancy၊ အလှအပနဲ့ ယုံကြည်ရာ ဂီတနိမိတ်ပုံလေးတွေကို တပ်ဆင်၊ ၀တ်ဆင်ကြတာကို တွေ့နေရပါတယ်။ သန့်ရှင်းစွာ ပိုးသတ်ထားတဲ့ ကိရိယာတွေနဲ့ ဖောက်တယ် ဆိုရင်တော့ သိပ်ပြဿနာ မရှိပေမယ့် လျှာကိုဖောက်ပြီး Fancy ပစ္စည်း တပ်ဆင်တာမျိုး တွေကိုတော့ သွားနဲ့ခံတွင်း ဆရာဝန်တွေက အားမပေးကြဘူးလို့ အင်တာနက်က ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ဆောင်းပါးတွေမှာ တွေ့ရပါတယ်။ ဗြိတိန်က အသက် ၂၈နှစ်အရွယ် အမျိုးသမီးငယ်လေး တစ်ယောက်ဆိုရင် သူ့ရဲ့လျှာမှာ ဖောက်ပြီး တပ်ထားတဲ့ သတ္တုလုံး အသေးလေးက အသားထဲ နစ်မြုပ်သွားခဲ့လို့ ဖယ်ရှားမရ ဖြစ်ခဲ့ဖူးတယ်လို့ BBC မှာ ဆိုထားပါတယ်။

ပြည်သူ့ အချစ်တော် အနုပညာရှင်တွေမှာလည်း တချို့က ဒီလိုမျိုး တပ်ထားတော့ လူငယ်တွေ လိုက်လုပ်ချင်စရာ ဖြစ်နေပါတယ်။ ဗြိတိန် Spice Girls အဖွဲ့က နာမည်ကျော် တေးသံရှင် မဲလ်ဘီတို့ဆို အသည်းယားစရာ လျှာမှာ နားသန်သီးလေးနဲ့ပါ။ ဘယ်လိုပဲခံတွင်း ကျန်းမာရေးကို ဒုက္ခပေးတယ်လို့ ဆိုပါစေ။ ဒီဆင်ယင်မှုကတော့ တဖြည်းဖြည်း ရေပန်းစား လာနေဆဲလို့ ဆိုရမှာပါ။ “လျှာမှာ လျှောက်ဖောက်တာကို ကျွန်တော့်အနေနဲ့ လက်ခံဖို့ ခက်ခဲပါတယ်။ ခံတွင်းမှာ အပေါက်ဖောက်တယ်ဆိုတာ ရောဂါပိုးကူးဖို့ ဖြစ်နိုင်ခြေ သိပ်များပါတယ်။ ဥပမာ - HIV တို့၊ အသည်းရောင်အသားဝါ B တို့၊ C တို့ပေါ့။ ပြီးတော့ အကျိတ်ရောင်ပြီး ဖျားတာမျိုးလည်း ဖြစ်နိုင်ပါတယ်” လို့ ဗြိတိသျှ သွားနဲ့ခံတွင်းဂျာနယ်မှာ ရေးသားတဲ့ ဒေါက်တာတန်မာသီအိုဒိုစီ က ဆိုပါတယ်။

လျှာကို ဖောက်ပြီး အလှဆင်ပစ္စည်း တပ်ဆင်ခြင်းဟာ သွားကိုလည်း ပွန်းပဲ့စေတယ်လို့ သူက ဆက်လက် ပြောကြား ထားပါတယ်။ “တကယ်တော့ ဖောက်တဲ့နေရာမှာ သန့်ရှင်းမှုနဲ့ ကျန်းမာရေးကို သတိထားမှု တို့ဟာ အန္တရာယ်ကင်းရေးအတွက် အဓိကကျပါတယ်” ဟု လန်ဒန်မြို့မှာ အဆိုပါ အလှပြင် ခန္ဓာကိုယ် ဖောက်ပေးတဲ့ ၀န်ဆောင်မှု ပြုလုပ်နေသူ ဒေးဗစ်ပိုတက်ဇ်နစ်က ဆိုပါတယ်။ ကိုးလိုးကန့်လန့်လျှာက နားသန်သီးဟာ ကျန်းမာရေးနဲ့ လျော်ညီစွာ ဘယ်လိုပဲ တပ်ဆင်ထားပါစေ၊ ခိုးလိုးခုလုကြီး ဖြစ်နေမှာမို့ လှတာနဲ့၊ ကိုယ် သူ့အတွက် ကသိကအောက် စိုးရိမ်ရတာနဲ့မို့ ချိန်စက် ကြည့်စေလိုပါတယ်။