Thursday, November 4, 2010

USB Secure 1.5.0




မိမိမန်မိုရီစတစ်ကိုသူများကိုမသုံးစေချင်တဲ့သူတွေအတွက်ပါ။

ကမ္ဘာ့ အံ့သြဖွယ် တွင်းပေါက်ကြီး (၇)ခု

(၁) ဆိုက်ဘေးရီးယား မှ Mirny စိန်မိုင်းတွင်းကြီး
၅၂၅ မီတာ နက်ပြီး ၁၂၀၀ မီတာ ကျယ်တယ်၊ အဲဒီအပေါ်က ဟယ်လီကော့(ပ)တာ ပျံလို့မရဘူး၊ စုပ်ယူခံရတယ်။





(၂) တောင်အာဖရိက မှ ကင်ဘာလီ စိန်မိုင်းတွင်းကြီး
၁၀၉၇ မီတာနက်ပြီး စိန်(၃)တန်ကျော် ထုတ်ယူနိုင်ခဲ့ပါတယ်။




(၃) ကယ်လီဖိုးနီးယား မှ မွန်တီဆယ်လို ဆည်ကြီးမှ ရေနှုတ်ပေါက်ကြီး
ဆည်ထဲမှာ ရေတွေများလာရင် ထုတ်ပစ်ဖို့ပါ၊ တစက္ကန့်ကို ရေ(၁၄၄၀၀)ကုဗပေ ထုတ်ပစ်နိုင်ပါတယ်။






(၄) Utah မှ ဘင်ဟမ် မိုင်းတွင်းကြီး
၃/၄ မိုင် နက်ပြီး ၂.၅ မိုင် ကျယ်တယ်ဗျာ၊ ၁၈၆၃ တထဲက အခုထိ လူတွေ တူးဆွလာခဲ့တဲ့တွင်းကြီးပေါ့ဗျာ။




(၅) Belize မှ သဘာဝအလျောက် ဖြစ်ပေါ်နေသော အပြာရောင် တွင်းပေါက်ကြီး
၁/၄ မိုင် ကျယ်ပြီး ၁၄၅ မီတာ နက်တယ်ဗျ၊ ဒိုက်ဗင် သမားတွေ အရမ်းကြိုက်တဲ့ နေရာပါ။




(၆) ကနေဒါ မှ ဒိုင်ယာဗစ် မိုင်းတွင်းကြီး
အဲဒီ တွင်းကြီးမှာ ဘိုအင်း ၇၃၇ လေယာဉ်ကွင်းတောင် ရှိတယ်ဗျာ။




(၇) ဂွါတီမာလာ မှ မြေကျွံကျ ပြီးဖြစ်ပေါ်လာသော တွင်းပေါက်ကြီး
(လူတချို့  ပြုတ်ကျသွားခဲ့ပါတယ်၊ မြေမျိုတာ ဖြစ်မယ်ထင်တယ်)



Photo Slideshow Creator v2.35



Photo Slideshow Creator v2.35 33Mb လေးပါသူငယ်ချင်းညီအကိုမောင်နှမောင်များလို၇င်တော့
downloads လုပ်သွားလို၇ပါတယ်ကိုယ်ပိုင်ဓါတ်ပုံတိုမိသာစုပုံတို့ အဲ့ ဒါတွေ့ ကိုအိမ်မှာအပျင်အပြေကြည်လို၇ဒါပေါ့ကိုယ်ကြိုက်တယ်သိချင်းနဲ့ ကိုရှိမှာအမှတ်တရဓါတ်ပုံတွေနဲ့ 
ဆက်ပြိလုပ်ကြည်ပေါ့သဘောကြပါလိုက်မယ်
တကယ်လိုအသုံးပြု၇ဒါအဆင်မပြေဘူးဆိုပြောပေါ့ကျနော်တင်ပေးလိုက်ပါမယ်

ခွန်ဆန်လောနဲ့ နန်းဦးပြင်ပုံပြင်လေးပါ

ခွန်ဆန်လောဆိုတဲ့ ရှမ်းလေးတစ်ယောက်ဟာ ဖခင်နဲ့ မိထွေးလက်မှာ ကြီးပြင်းလာပြီး ဖခင်သေဆုံးတော့ မိထွေးဖြစ်သူနဲ့နေထိုင်ပြီး ကုန်ရောင်းကုန်ဝယ် အလုပ်နဲ့အသက်မွေးသတဲ့။ တစ်နေ့ ခွန်ဆန်လောဟာ ကုန်ကူးရင်း ရွာလေးတစ်ရွာအရောက်မှာတော့ မောလို့ သစ်ပင်အောက်မှာ ထိုင်နားနေတုန်း သူ့နားထဲကို ပုလွေသံချိုချိုနဲ့အတူ သီချင်းဆိုသံလေးကို ကြားလိုက်ရတယ်။ အသံလေးက တအားနားထောင်လို့ကောင်းတော့ အသံပိုင်ရှင်ကို လိုက်ရှာမိတော့ တွေ့လိုက်ပါပြီ။ သိပ်ချောလှတဲ့ ရှမ်းမလေးတစ်ယောက် သီချင်းဆိုနေတာလေး တွေ့သွားတယ်။ အဲဒီ ရှမ်းမလေးနာမည်က နန်းဦးပြင်တဲ့။ ဒီလိုနဲ့ ခွန်ဆန်လောဟာ အဲဒီရွာမှာ တည်းခိုရင်း နန်းဦးပြင်နဲ့ ချစ်မိသွားကြတယ်။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြသတဲ့။ ဒီလိုနဲ့ ခွန်ဆန်လောလဲ တခြားမြို့ရွာကို ကုန်ကူးထွက်တာပေါ့။ သူ့ရွာပြန်ရောက်တော့ မိထွေးဖြစ်သူက သူသဘောတူတဲ့ မိန်းကလေးကို ပြသတဲ့အတွက် ခွန်ဆန်လော က လက်မထပ်နိုင်ပဲ သူ့ချစ်သူကိုပဲ သစ္စာရှိခဲ့တယ်လေ။ ဒါ့အပြင် လပေါင်းများစွာကြာတော့ နန်းဦးပြင်ကိုလဲ လွမ်းတာနဲ့ နန်းဦးပြင်ရှိရာ ရွာလေးဆီပြန်လာပြီး အပြန်မှာတော့ တစ်ခါတည်း လက်ထပ်ခေါ်ဆောင်လာပါတော့တယ်။

အိမ်ရောက်တော့ မိထွေးဖြစ်တဲ့သူက လုံးဝသဘောမတူပေမဲ့ ခွန်ဆန်လောရှေ့မှာတော့ သမီးရင်းပမာချစ်ပြပြီး နောက်ကွယ်မှာ နှိပ်စက်ပါတော့တယ်။ တစ်နေ့ ခွန်ဆန်လော ကုန်ကူးသွားတော့တယ်။ မိထွေးက ခွန်ဆန်လောလဲ မရှိရော ပိုမိုနှိပ်စက်ပါတော့တယ်။ စားမဲ့ ထမင်းဟင်းခွက်ထဲမှာ အပ်တွေမြှ့ပ်ပြီး ကျွေးတာတို့ ၊ လှေကားတွေမှာ နန်းဦးပြင်ခြေရှအောင် ၀ါးနှီးတွေ ထောင်ထားတာတို့ စသည်ဖြင့် အမျိုးစုံကို နှိပ်စက်ပါတော့တယ်။ နန်းဦးပြင်ခမျာ ခွန်ဆန်လောကို ပြန်အလာကို စောင့်နေပေမဲ့ ခွန်ဆန်လောကလဲ သူ့မိထွေးနဲ့ နန်းဦးပြင် အဆင်ပြေတယ်ထင်ပြီး ဒီတစ်ခါ ခရီးသွားတာ နည်းနည်းကြာသတဲ့။ နောက်ဆုံး နှိပ်စက်မှု့ဒဏ်ကို လုံးဝမခံနိုင်တာနဲ့ မိဘနေရပ်ရွာလေးဆီကို ကိုယ်ဝန်အရင့်အမာနဲ့ ပြန်သွားပါတော့တယ်။

လမ်းခရီးမှာပဲ ရင်သွေးလေးကို မွေးဖွားလိုက်ပေမဲ့ ကလေးလေးက အသက်မရှင်တော့ သစ်ပင်ခွကြားပေါ်လေးမှာ တင်ထားခဲ့ရပြီး မိဘရှိရာရပ်သို့ ဆက်ထွက်ခွာလာရပြန်တယ်။ အဲဒီကလေးလေးဟာ ဥသြငှက်လေးဖြစ်သွားပြီး အဖေဖြစ်သူကို လိုက်ရှာပါသတဲ့။ ဒါကြောင့် မြန်မာလူမျိုးတွေနားမှာ “ဥသြ “လို့ အသံထွက်ကြားပေမဲ့ ကျွန်မတို့ ရှမ်းတိုင်းရင်းသားတွေနားမှာတော့ “ပေါ့ဝေ့ “(အဖေရေ)လို့ ခေါ်သံကြားရပါတယ်။ တကယ်လဲ ကျွန်မသေချာနားထောင်ကြည့်တာ ဒီအသံလေးအတိုင်းပါပဲ။

နန်းဦးပြင်တစ်ယောက် မိဘအိမ်အရောက်မှာတော့ နှိပ်စက်မှု့ဒဏ် ၊ ခရီးပင်ပန်းဒဏ် ၊ ရင်သွေးဆုံးရှုံးရတဲ့ဒဏ်စတဲ့ ဒဏ်ချက်ပေါင်းများစွာကြောင့် အိပ်ရာထဲလဲသွားပါတော့တယ်။ အဲဒီချိန်မှာ ခွန်ဆန်လောတစ်ယောက် ရွာပြန်အရောက်မှာတော့ အိမ်နီးချင်းတွေရဲ့ပြောပြမှု့တွေကြောင့် အကြောင်းစုံသိရပြီး ချက်ချင်းပဲ နန်းဦးပြင်ရှိရာသို့ လိုက်လာခဲ့ပေမဲ့ နန်းဦးပြင်က ဆုံးသွားခဲ့ပြီလေ။ ဒီမှာတင်ပဲ ခွန်ဆန်လောလဲ နှလုံးကွဲကြေလို့ သေဆုံးသွားပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့မီးသဂြိုလ်ရာသို့ မိထွေးဖြစ်သူက လိုက်လာခဲ့ပြီး သူက ရှေးအဆိုအရ စုန်းကဝေအတတ်ကိုလဲ တတ်တော့ အလောင်းယှဉ်ထားတာကို ကြားကနေ ၀ါးလုံးတစ်ချောင်းခြားလိုက်တယ်တဲ့။ သေတာတောင် လိုက်ခွဲသေးတယ်နော်။ သူတို့နှစ်ယောက်ကို မီးသင်္ဂြိုလ်လိုက်တော့ မီးခိုးနှစ်ခုက ကောင်းကင်ထက်သို့တက်သွားပြီး ပေါင်းစုံမိပြီး ကြယ်လေးအဖြစ် ဖြစ်တည်သွားပေမဲ့ ပေါင်းဆုံခွင့်မရရှာပါဘူး။ သူတို့နှစ်ဦးကြား ( ကြယ်နှစ်လုံးကြားထဲ) ကြယ်တစ်လုံး ၀င်ရောက်တားဆီးနေတယ်လေ။ အခုကောင်းကင်မှာ မြင်နေရတဲ့ တချို့အခေါ်ကတော့ မောင်ရင်ဆိုင်းထမ်းကြယ်ပေါ့နော်။ တစ်ဘက်တစ်ချက်မှာ ရှိနေတဲ့ ကြယ်လေးနှစ်လုံးကတော့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဖြစ်ပြီး အလယ်ကတော့ မိထွေးရဲ့တားဆီးလိုက်တဲ့ ကြယ်ပေါ့။ ညမိုးကောင်းကင်မှာ ထွန်းလင်းနေပေမဲ့ အခုချိန်ထိ ဆုံဆည်းခွင့်မရှိသေးတဲ့ ခွန်ဆန်လောနဲ့ နန်းဦးပြင်ဆိုတဲ့ ဒီကြယ်လေးနှစ်လုံးကို တွေ့မိတိုင်း သနားနေရဆဲပေါ့။။။။။