Tuesday, November 9, 2010

Prelude ဂီတာတီးလုံးလေး

အပျင်းပြေ ဂီတာတီးလုံးလေး တီးခတ်ချင်သူများအတွက် Prelude ဆိုတဲ့ ဂီတာတီးလုံးလေး တစ်ပုဒ်ကို Guitar Tab လေးနဲ့ အတူ တင်ပေးလိုက်ပါတယ်။ ဒီတီးလုံးလေးကို Fruity Loops နဲ့တီးထားပါတယ်။ ဂီတာသံလေးရဖို့အတွက် Real Guitar ဆိုတဲ့ Plugin ကို Install လုပ်ပြီး Fruity Loops ကနေ ခေါ်သုံးထားတာပါ။ ပျော်ရွှင်ပါစေ...






ဂီတာတီးလုံးလေးကို

ဒေါင်းလုပ် လုပ်ရန်


ဂီတာသင်္ကေတ Guitar Tab လေးကို

ဒေါင်းလုပ် လုပ်ရန်

နှင်းဆီပန်းလေးတွေ

နှင်းဆီပန်းလေးတွေက အရောင်အသွေးနဲ့ ပုံစံ အမျိုးမျိုးရှိပြီး ကိုယ်ပိုင်အမည်လှလှလေးတွေ ပိုင်ဆိုင်ကြပါတယ်၊ လေ့လာကြည့်ပါဗျာ...

ဘုရားစေတီပုထိုးပုံများ




ကျွန်တော်ရှာဖွေစုဆောင်းထားတဲ့ဘုရားပုထိုးစေတီပုံများဖြစ်ပါတယ်။ဘွဲ့အမည်များကိုတော့ မသိလို့
မဖော်ပြပေးနိုင်ပါ။သူငယ်ချင်းများသိတဲ့ပုံတော်နဲ့ဘွဲ့အမည်လေးများရှိရင် မျှပေးခဲ့ပါခင်ဗျာ။ပြန်လည်ပြင်ဆင်ပေးပါ့မယ်။


မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး


မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး







 ထိုပုံတော်အား Coding ရယူရန်....
<embed height="260" pluginspage="http://www.macromedia.com/go/getflashplayer" quality="high" src="http://www.fileden.com/files/2009/8/26/2555384/blog.swf" type="application/x-shockwave-flash" width="220" wmode="transparent"></embed>





 ထိုပုံတော်အား Coding ရယူရန်....
<a href="http://www.blogger.com/post-create.g?blogID=8508682887038990215"><img border="0" height="208" src="http://burmaborn.com/images/BuddhaImage-3.gif" width="164" /></a>




( အဖြူရောင်မေတ္တာမှ ဒါနပြုသည် )
 ထိုပုံတော်အား Coding ရယူရန်....
<a href="http://www.blogger.com/post-create.g?blogID=8508682887038990215"><img border="0" height="350" src="http://2009kyawlay09.googlepages.com/Untitled-1.gif" width="290" /></a>




ထိုပုံတော်အား Coding ရယူရန်....
<a href="http://www.blogger.com/post-create.g?blogID=8508682887038990215"><img border="0" height="245" src="http://burmaborn.com/images/BuddhaImage-1.gif" width="196" /></a>



 ထိုပုံတော်အား Coding ရယူရန်....
<a href="http://www.blogger.com/post-create.g?blogID=8508682887038990215"><img border="0" height="235" src="http://burmaborn.com/images/BuddhaImage-2.gif" width="188" /></a>


 ထိုပုံတော်အား Coding ရယူရန်....
<img border="0" src="http://samanaykyaw.googlepages.com/buddha25.gif" />





( သာသနာ့ရောင်ခြည်မှ ဒါနပြုသည် )
 ထိုပုံတော်အား Coding ရယူရန်....
<embed height="260" pluginspage="http://www.macromedia.com/go/getflashplayer" quality="high" src="http://www.fileden.com/files/2009/10/13/2601127/3.swf" type="application/x-shockwave-flash" width="220" wmode="transparent"></embed>




( သာသနာ့ရောင်ခြည်မှ ဒါနပြုသည် )
 ထိုပုံတော်အား Coding ရယူရန်....
<embed height="260" pluginspage="http://www.macromedia.com/go/getflashplayer" quality="high" src="http://www.fileden.com/files/2009/10/13/2601127/1.swf" type="application/x-shockwave-flash" width="220" wmode="transparent"></embed>



 ထိုပုံတော်အား Coding ရယူရန်....
 <div style="text-align: center; width: 237px;">
<embed height="300" src="http://w692.photobucket.com/pbwidget.swf?pbwurl=http://w692.photobucket.com/albums/vv286/burmaborn/f4b23070.pbw" type="application/x-shockwave-flash" width="237" wmode="transparent"></embed></div>

ဘုရားပုံတော်များ

ကျိုက်ပေါလောမှဲ့ရှင်ဘုရား (ကျိုက်ထိုမြို့)


 မဟာမုနိရုပ်ပွားတော်မြတ် (ကျိုက်ထိုမြို့)



 ပိတ်ချင်းမြောင်ဂူတွင်းဘုရား 


 မဟာအံ့ထူးကံသာ ဘုရားကြီး 


ကျိုက်ထီးရိုးစေတီတော် (မွန်ပြည်နယ်)


 

ဂေါက်ရောဂါ (Gout)

အမေး
မီးငယ်  ဂေါက်ရောဂါရှိတဲ့သူတစ်ယောက်ဟာ နောက်ဆက်တွဲ ဘာရောဂါတွေဖြစ်တတ်ပါသလဲ.ရှင့်။ဘယ်လိုစားသောက်နေထိုင်သွားရမယ်ဆိုတာကော ပြောပြပေးပါလားဟင်..သမီးရဲ့မေမေမှာ ဂေါက်ရောဂါလက္ခဏာတွေရှိနေလို့ပါ။

ပြန်လည် ဖြေကြားပေးခြင်း။     
ဂေါက်ရောဂါ နဲ့ ပါတ်သက်လို့ ဒေါက်တာ ၀င်းသိန်း ရဲ့  Blog (http://www.drwinthein.com/2008/02/blog-post.html) ကနေ ကူးယူဖော်ပြလိုက်ပါတယ်။ အသေးစိတ်ကိုတော့ (အချိန်ရတဲ့အခါ) ထပ်မံရေးသားပေးပါမယ်။



ဂေါက်ရောဂါ(၂)မျိုး ရှိသည်ဟု သတ်မှတ်လို့ရပါသည်။ တစ်မျိုးမှာ မြန်မာဗန်းစကား ဂေါက်ရောဂါ
(ဒီလူတော့ ဂေါက်နေပြီ) နှင့် နောက်တစ်မျိုးမှာ အင်္ဂလိပ်အသံထွက်အတိုင်းခေါ်သော ဂေါက်(Gout)
ရောဂါပေတည်း။ဂေါက်(Gout)ရောဂါသည် သွေးအတွင်း ယူရစ်အက်စစ်(Uric acid) ပုံမှန်ထက်မြင့်
မားခြင်းကြောင့်ဖြစ်ပေါ်လာပေသည်။ သွေးအတွင်း(Uricase)အင်ဇိုင်းချို့ယွင်းမှုကြောင့် ယူရစ်အက်
စစ်ဇီဝကမ္မဖြစ်စဉ် (uric acid metabolism)ယိုယွင်းကာ ယူရစ်အက်စစ်မြင့်တက်နိုင်သလို ကျောက်
ကပ်လုပ်ငန်း ထိခိုက်သူများတွင်လည်း ယူရစ်အက်စစ်စွန့်ထုတ်မှုယိုယွင်းကာ သွေးအတွင်းယူရစ်
အက်စစ်မြင့်တက်နိုင်ပါသည်။ ယင်းကဲ့သို့အခြေအနေမျိုးရှိနေသူများတွင် ယူရစ်အက်စစ်ထုတ်လုပ်မှု
များစေသောအစားအစာများ (high purine diet) စားသုံးခြင်း၊ အရက်/ဘီယာသောက်သုံးခြင်း၊
အခြားရောဂါကြောင့် ဆီးဆေးပုံမှန်သောက်နေရခြင်း၊ အဝလွန်ခြင်းစသည့်အခြေအနေများကြောင့်
ရောဂါလက္ခဏာ ရုတ်တရက်ပေါ်တတ်ပါသည်။ သွေးအတွင်းယူရစ်အက်စစ်(Uric acid) ပုံမှန်ထက်
မြင့်မားခြင်းကြောင့် ပျော်ဝင်နိုင်မှုအဆင့်(Solubility Limit)ကျော်လွန်ကာ မိုနိုဆိုဒီယမ်ယူရိတ်အမှုန်
(Monosodium Urate Crystals)များဖြစ်ပေါ်၍ အဆစ်(joints)၊ ကျောက်ကပ်(kidney)၊ ပျော့
ပြောင်းတစ်ရှူး(soft tissue) တို့တွင် အနည်ကျခြင်းဖြင့် ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါသည်။


ရောဂါလက္ခဏာများမှာ





ရုတ်တရက် အဆစ်ရောင်နာကျင်ခြင်း


* လူနာများ၏ ၅၀%ကျော်မှာ ခြေမအရင်းဆစ် ရောင်ရမ်းနာကျင်မှုဖြင့် လက္ခဏာ
ပြတတ်ပါသည်။ နီရဲရောင်ရမ်းပြောင်တင်းပြီး ခြေအိတ်မဝတ်နိုင်၊ အထိမခံနိုင်လောက်အောင် နာကျင်တတ်ပါသည်။ ဖြစ်ပါများလာလျှင် အခြားအဆစ်များပါ ဆက်တိုက်ဆိုသလို ထိခိုက်လာနိုင်သည်။ အစဉ်အတိုင်းအားဖြင့် ခြေကျင်းဝတ်၊ ဒူး၊ လက်ချောင်းအဆစ်များ၊ လက်ကောက်ဝတ်၊ တံတောင်ဆစ် စသည့်အဆစ်များသို့ ပြန့်နှံ့ရောင်ရမ်းနာကျင်လာနိုင်သည်။


မကြာခဏ ခါးနှင့်ကျောအောင့်တတ်ခြင်း



မိုနိုဆိုဒီယမ်ယူရိတ်အမှုန်များ ကျောက်ကပ်တွင်အနည်ကျခြင်းကြောင့် ကျောက်တည်နိုင်ခြင်း၊ ကျောက်ကပ်နာခြင်း (nephrolithiasis & renal colic) တို့ဖြစ်ပေါ်နိုင်ပါသည်။




တိုဖိုင်(tophi)ခေါ် ယူရိတ်အနည်မှုန်များ အရေပြားအောက်တွင်စုပုံအနည်ကျခြင်း



မိုနိုဆိုဒီယမ်ယူရိတ်အမှုန်များ အရေပြားအောက် ပျော့ပြောင်းတစ်ရှူး(soft tissue)တွင် စုပုံအနည်ကျခြင်းကြောင့် ပုံ(၃)ကဲ့သို့ ဖြစ်ပေါ်လာနိုင်သည်။




ရှောင်ကြဉ်ရန်များ



* အရက် အထူးသဖြင့် ဘီယာနှင့်ဝိုင်တို့ကို ရှောင်ကြဉ်ရမည်။

* သွေးတိုးရောဂါအတွက် သောက်နေရသော ဆီးဆေး(Diuretic)ကို အခြားဆေးဖြင့် ပြောင်းလဲအစားထိုးရန်၊

* ပျူရင်း(purine)ကြွယ်ဝသောအစားအစာများကို ရှောင်ကြဉ်ရန၊်

* ပျူရင်း(purine)ကြွယ်ဝသောအစားအစာများမှာ နီရဲသောအသားများ၊ ကလီစာများ၊ ပင်လယ်စာများ၊ ပဲတောင့်၊ ပဲပင်ပေါက် စသည်တို့ကို အလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ်ရမည်။

* ကိုယ်အလေးချိန်လျှော့ချရန်နှင့် အဝမလွန်စေရန် ထိန်းသိမ်းရမည်။

မိန်းမသားတို့အတွက်ဒုတိယအလှအပနေရာလေး..

မိန်းမသားတွေရဲ့ ကောင်းခြင်းငါးဖြာထဲက ကေသာအဆင်းကောင်းမွန်ခြင်းကလည်း တစ်ပါးအပါအဝင်မို့ ကေသာဆိုတာ ဆင်တတ်ရင် ဆင်သလောက်ရုပ်ထွက်လာစေတဲ့ ဒုတိယမျက်နှာလို့ဆိုရမလားပင်။
ဒါကြောင့်ပဲ မိန်းမလှလေးတစ်ယောက် ဖြစ်ဖို့ မိန်းမသားတို့ရဲ့ဦးခေါင်းထက်ကေသာကို ဝေဆာလှပဖို့ အကြံပြုပါရစေ။
ဆံနွယ်သန်စွမ်းကျန်းမာစေဖို့ အစားအစာ
ဆံကေသာဆိုတာ မိန်းမတစ်ယောက်ရဲ့ အလှအပနဲ့ရူပါကို ထင်ရှားသိသာအောင် ပြောင်းနိုင်စွမ်းရှိလို့ ဆံပင်ကိုဆေးဆိုးမယ် ဒီဇိုင်းထွင်မယ်စတဲ့ ဆံကေသာလှပဖို့ ပြင်ဆင်မှုတွေလုပ်မယ်ဆိုရင် ဆံနွယ်သန်စွမ်းကျန်းမာရေးက အရေးပါလာပြီလေ။ ဒီတော့ ဆံပင်သန်စွမ်းဖို့ရာ ဘာစားမလဲ။ ကြည့်ရအောင်….
မုန်လာဥနီစားပေးပါ
ဥနီဟာ ဗီတာမင်အေဓာတ် ကြွယ်ဝတယ်။ ဗီတာမင်အေဟာ အမြင်အာရုံသန်စွမ်းမှုကို ပေးသလို အသားအရေ စိုပြည်ဖို့လည်း စွမ်းပါတယ်။ ဒါတင်မက သူ့ရဲ့ထူးခြားမှုက ဦးရေပြားကို သန်စွမ်းကျန်းမာစေတယ်။ ဦးရေပြားမှာပေါက်နေတဲ့ဆံပင်တွေကို တောက်ပြောင်စေတဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။ ဒါကြောင့် မုန်လာဥနီကို အစိမ်းတို့လို့ပဲဖြစ်ဖြစ်၊ ကြော်လှော်လို့ပဲဖြစ်ဖြစ် စားသင့်ပါတယ်။
အုန်းဆီကိုလျှော့မတွက်နဲ့
အခုလို အလှအပ အသုံးအဆောင်တွေ တိုးတက်များပြားနေတဲ့ခေတ်ကြီးမှာ ယောက်ျားလေးတွေအနေနဲ့ရော အုန်းဆီကိုလျစ်လျူရှု ဥပက္ခာ ပြုလာကြပါတယ်။ အမှန်တော့ အုန်းဆီဆိုတာ ဘိုးဘေးဘီဘင် လက်ထက်ကတည်းက သုံးစွဲလာကြတဲ့ အဆီတစ်မျိုးပါ။ အုန်းဆီဟာ ဦးရေပြားကို အေးစေတယ်။ ဆံနွယ်တွေကို နက်ပြောင်နက်မှောင်စေတယ်။ သန်စွမ်းမယ်။ ဒါ့အပြင် သုတေသနပညာရှင်တွေ လေ့လာတွေ့ရိုက်ချက်အရ အုန်းဆီတစ်စက်နှစ်စက်နဲ့တင် ဆံပင်အရောင်ကို ပျက်ဆီးစေခြင်းမှ ကာကွယ်ပေးနိုင်တဲ့အတွက် အုန်းဆီကိုလည်း လုံးလုံးလျားလျား မပြစ်ပယ်သင့်ပါဘူး။ အုန်းဆီကိုငြင်းပယ်ချင်တဲ့ ပျိုမေတွေအနေနဲ့ ဆံပင်မလျှော်ခင်ညမှာ ဆံကေသာလှအောင် အုန်းဆီလိမ်းပးသင့်ပါတယ်။
ကမ်းခြေသွားရင် သတိထားစေချင်
ပျိုမေတို့အနေနဲ့ ကမ်းခြေသွားရင် သတိပြုဖို့လိုတာက ပင်လယ်ရေနဲ့ ခရမ်းလွန်ရောင်ခြည်ပေါင်းစပ်လိုက်တဲ့ သက်ရောက်မှုကြောင့် ဆံနွယ်တွေကို ကြီးစွာပျက်စီးစေနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ ပင်လယ်ရေ စိမ်တော့မယ်လို့ စိတ်ကူးမိရင် မစိမ်ခင် conditioners နဲ့ ဆံနွယ်တွေကို လိမ်းပေးရပါမယ်။ ဆံပင်ဖြီးမယ်ဆိုရင်လည်း ဘီးစိပ်ကျဲကျဲဘီးကိုသာ အသုံးပြုသင့်တယ်လို့ လမ်းညွှန် အကြံပြုပါတယ်။

အသက်ရှည်လိုလျှင်.သင့်အသည်းကိုညှာတာပါ

အသည်းဟာ လူ့ခန္ဓာကိုယ်မှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ဇီဝဖြစ်စဉ် တော်တော်များများမှာ သူပါဝင်ပါတယ်။ အညစ်အကြေးတွေ စွန့်ပစ်ခြင်းနဲ့ အဆိပ်အတောက်တွေကို ဓာတ်ပြယ်အောင်လည်း သူကပဲ လုပ်ပေးပါတယ်။ အစာခြေဖို့အတွက် အစာခြေရည်တွေကိုလည်း သူကပဲ ထုတ်ပေးတယ်။ ကိုယ်စားလိုက်တဲ့ ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်တွေကို လိုရင်သုံး မလိုရင် သိုလှောင်ဖို့အတွက်လည်း အသည်းကပဲ အဓိက လုပ်ဆောင်ပေးတာပါ။ ဒါ့ကြောင့် တသက်လုံး သုံးရမယ့် အသည်းကို မလိုအပ်ဘဲ အလွန်အကျွံ မခိုင်းမိစေဖို့ အရေးကြီးပါတယ်။ နောက်ပြီး လူတွေက နှလုံးရောဂါ၊ သွေးတိုးရောဂါတွေနဲ့ ဆီးချိုရောဂါတွေ အကြောင်းက သိသင့်သလောက် သိလာတော့ ရှောင်တာဆောင်တာတွေ လုပ်လာကြတယ်။ သွေးတိုးတို့ ဆီးချိုတို့ ကြောက်စရာကောင်းသလို အသည်းကလည်း မမေ့သင့်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အသည်းကျန်းမာရေးကို ကောင်းအောင် မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။
နံပါတ်(၁)။ ။အစားအသောက်စားတဲ့အခါမှာ ကိုယ့်ခန္ဓာကို ကိုယ်နားထောင်ပါ။ ဗိုက်မဆာလျှင်မစားပါနှင့်။ ဆာတယ်မဆာဘူးဆိုတာက ကိုယ့်ရဲ့ စိတ်နဲ့လည်း ဆိုင်သေးတယ်။ ဒါ့ကြောင့် တကယ်မလိုအပ်လျှင် ငါမစားဘူးဟု စိတ်ကို တင်းထားရမည်။ ဥပမာ။ နေ့လည် ၁၂ နာရီလောက်က နေ့လည်စာ စားထားလျှင် ညနေ ၄ နာရီလောက်အထိတော့ နေနိုင်မည်ဖြစ်သည်။ အဲဒါကို ၂ နာရီလောက်မှာ မိတ်ကောင်းလို့ အပြင်မှာ တစ်ခုခုစားလိုက်တာမျိုးဖြစ်သည်။ ဒါမှ မဟုတ် အသုတ်သည်ကိုတွေ့လို့ ၀ယ်စားတာမျိုးဖြစ်သည်။ လိုတာထက် ပိုစားတော့ ဘာဖြစ်ပါသလဲ။ အသည်းက ကိုယ်စားလိုက်တဲ့အစာထဲမှာ ပါဝင်တဲ့ အစာအာဟာရတွေကို စီမံခန့်ခွဲနေရတယ်။ ကိုယ်က အများကြီးစားရင် အသည်းမှာ တာဝန်ပိလာတယ်။ ကြာလာတော့ metabolism လို့ခေါ်တဲ့ ဇီဝဖြစ်စဉ်တွေ ကမောက်ကမ ဖြစ်လာတယ်။ စားလိုက်တဲ့ ကစီဓာတ် တွေကို သွေးထဲမှာ မများလာအောင် pancreas အကူအညီနဲ့ အင်ဆူလင် ဟော်မုန်းတွေကို အများကြီးထွက်စေတယ်။ ကြလာတော့ pancreas က ပင်ပန်းပြီး အင်ဆူလင်မထုတ်နိုင်တော့ဘူး။ အဲဒီမှာ အမျိုးအစား- ၂ ဆီးချိုက ၀င်လာပါရော။ စားလိုက်တဲ့ အဆီတွေကို ကောင်းကောင်းမခြေဖျက်နိုင်တော့ဘဲ အသည်းမှာ အဆီတွေ စုလာမယ်။ တခြားနေရာတွေမှာ အဆီတွေ စုလာမယ်။ အသည်းမှာ အဆီစုတာကို fatty liver လို့ခေါ်ပါတယ်။ အသည်းရောင်ခြင်း မရှိဘဲနဲ့ အသည်းခြောက်တဲ့ အဆင့်ကို ကူးသွားနိုင်တဲ့အတွက် ကြောက်စရာ ကောင်းလှပါတယ်။ ဒါ့ကြောင့် အစားအသောက်ကို လိုအပ်သလောက်သာ စားသုံးဖို့လိုပါတယ်။ စားတဲ့အခါမှာလည်း ကောင်းမွန်စာ ချက်ပြုပ်ထားတဲ့ ဟင်းလျာတွေကို စားသုံးဖို့ လိုပါတယ်။


နံပါတ်(၂)။ ။ရေကို နေ့စဉ် လုံလောက်စွာ သောက်ဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့တာမှာ သောက်ရည် ၂ လီတာ ခွဲစာလောက် သောက်ရပါမယ်။ အဲဒီလောက်မှာ မသောက်ရင် ကျောက်ကပ်ဟာ အညစ်အကြေးများ စွန့်ပစ်ဖို့ အလုပ်ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ပါဘူး။ ကျောက်ကပ်က မနိုင်ရင် အသည်းက ကူပေးရတဲ့အတွက် မလိုအပ်ဘဲ အလုပ်ရှုပ်တာပေါ့။ ဒါ့ကြောင့် တနေ့တာကာလမှာ ရေကို နည်းနည်း နဲ့ ခဏခဏသောက်ပေးခြင်းအားဖြင့် အသည်းအတွက်ကောင်းသလို ကျောက်ကပ်ကိုပါ ဆေးပြီးသား ဖြစ်သွားမှာပါ။ ဗမာတွေက ဆီးခဏခဏသွားရင် မကြိုက်ကြဘူး။ ဆီးသွားတာနဲ့ ကျောက်ကပ်ကစစ်ထုတ်တာနဲ့ က တိုက်ရိုက်တော့လည်း မဆိုင်ပါဘူး။ ရေများများသောက်ပြီး ခဏခဏ မသွားချင်ရင် အောင့်ထားတတ်အောင် ကျင့်ထားခြင်းက အသုံးဝင်မှာ ဖြစ်ပါတယ်။


နံပါတ်(၃)။ ။တတိယမြောက်အချက်ကတော့ အရမ်းချိုတဲ့ အစားအသောက်တွေကို မစားဖို့ပါပဲ။ သဘာဝအတိုင်းချိုတဲ့ အသီးအနှံတွေကိုတော့ စားလို့ရပါတယ်။ မစားသင့်တာကတော့ junk food လို့ခေါ်တဲ့ အသင့်စားအချိုစာတွေ၊ သကြားလုံးတွေ၊ အရမ်းချိုတဲ့ ပေါင်မုန့် ကိတ်မုန့်တွေ ဖြစ်ပါတယ်။ သူတို့ဆီမှာ ပါဝင်တဲ့ သကြားတွေဟာ သွေးထဲကို ရောက်သွားတာနဲ့ သွေးထဲက သကြား level ကို အရမ်းမြှင့်တင်လိုက်တယ်။ ဒီအခါမှာ အသည်းဟာ အင်ဆူလင် ဟော်မုန်းရဲ့ အကူအညီနဲ့ သွေးထဲက ပိုလျှံနေတဲ့ သကြားတွေကို လျော့နည်းသွားအောင် လုပ်ရပါတယ်။ ခဏခဏ လုပ်နေရရင် အသည်းဟာ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ ဆီချိုရောဂါ အ၀လွန်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကိုယ်က အချိုဓာတ်ကို ကြိုက်သူဆိုရင် အကောင်းဆုံးနည်းလမ်းက သဘာဝအသီးအနှံ၊ ပျားရည် အစရှိတဲ့ green product တွေကိုသာ စားသုံးသင့်ပါတယ်။
နံပါတ်(၄)။ ။စတုထ္တအချက်ကတော့ အစာလမ်းကြောင်းကို ကျန်းမာအောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ စားလိုက်သမျှကို အူတွေထဲမှာ ခြေဖျက်ပြီးရင် အသည်းဆီ အရင်ဆုံးရောက်တာပါ။ ကိုယ်စားတဲ့အစာတွေက မသန့်ရှင်းတဲ့ အစာတွေ ဖြစ်နေရင် ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ၊ သန်ကောင်ဥတွေ ပါလာတတ်ပါတယ်။ အူတွေထဲမှာ ရှိတဲ့ ခုခံတဲ့ စနစ်တွေက ဒီကောင်တွေကို နှိမ်နင်းနိုင်တယ်ဆိုပေမယ့် အရည်အတွက်နဲ့လည်း ဆိုင်ပါသေးတယ်။ ကာလ၀မ်းရောဂါပိုးဟာ အကောင်အရေအတွက် နည်းနည်း စားမိရင် လူကို ဘာမှ ဒုက္ခမပေးနိုင်ပေမယ့် လုံလောက်တဲ့ အရေအတွက်ကို စားမိရင် ကာလ၀မ်းရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒီနေရာမှာ အသည်းကို အဓိက ဒုက္ခပေးနိုင်တာက သန်ကောင်ဥတွေပါပဲ။ အချို့သော သန်ကောင်တွေက အူထဲမှာ အကောင်ပေါက်ပြီးရင် အသည်းထဲ အထိရောက်အောင် သွားပါတယ်။ မြန်မာပြည်မှာ သန်ကောင်ပိတ်လို့ သည်းခြေပြွန်လမ်းကြောင်းရောင်ရမ်းပြီး ဆေးရုံရောက်တဲ့ လူနာအရေအတွက်လည်း မနည်းလှပါဘူး။ ရောဂါဖြစ်တဲ့သူတွေကို ရောဂါရာဇ၀င်မေးကြည့်ရင် ဆင်းရဲနွမ်းပါးသူတွေ အဖြစ်များပြီး လမ်းဘေးစာတွေ အသုတ်တွေ ၀က်သားဒုတ်ထိုးတွေ ပုံမှန်စားသူတွေ ဖြစ်ကြပါတယ်။ ကိုယ်က လုံလောက်တဲ့ ၀င်ငွေမရှိလို့ အဆင်ပြေသလိုစားရတာကို အပြစ်မပြောလိုပေမယ့် လမ်းဘေးမှာ ဖုန်တောထဲမှာ ရောင်းတဲ့ အစာတွေ ကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေကိုတော့ တားမြစ်ချင်ပါတယ်။ အစားအသောက်ကို သန့်ရှင်းလတ်ဆတ်တာကို စားပါ။ မှိုတက်နေသော အစားအသောက်များသည်လည်း လူကို ဒုက္ခပေးနိုင်ပါတယ်။ မှိုရှိမရှိကို အရောင်ပြောင်းလဲခြင်းနှင့် အနံ့တို့ အပေါ် မူတည်၍ ခွဲခြားနိုင်ပါတယ်။ မှိုသည် အသည်းခြောက်စေနိုင်သည်။ အသည်းကင်ဆာဖြစ်စေနိုင်သည်။
နံပါတ်(၅)။ ။အသည်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းနဲ့ တွဲဖက်ပြီး အလုပ်လုပ်ရတဲ့အတွက် အူလမ်းကြောင်းမကောင်းရင် သူလည်း ဖောက်တတ်ပါတယ်။ အထူးသဖြင့် ၀မ်းချုပ်တဲ့ အခါတွေမှာ အူတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားလာတတ်တယ်။ သာမန်လူတွေမှာတော့ သိပ်ပြီး မသိသာလှပေမယ့် အစကတည်းက အသည်းကောင်းစွာ အလုပ်မလုပ်သူတွေ၊ အသည်းခြောက်ရောဂါရှိသူတွေအတွက် အသက်အန္တာရာယ် စိုးရိမ်ရသည်အထိ ဒုက္ခပေးနိုင်ပါတယ်။ ထို့ကြောင် မူလက အသည်းမကောင်းရင် ၀မ်းမချုပ်အောင် သတိထားဖို့လိုပါတယ်။
နံပါတ်(၆)။ ။သဘာဝအရောင်မဟုတ်တဲ့ ဆိုးဆေးပါတဲ့ အစားအသောက်တွေ၊ ကြာရှည်ခံအောင် ထည့်တဲ့ ယမ်းစိမ်းတွေဟာ အသည်းရဲ့ ရန်သူတွေ ဖြစ်ပါတယ်။ အလွယ်ဆုံး မှတ်တဲ့ နည်းလမ်းကတော့ အဲဒါတွေ ပါတဲ့ အစာများများစားလေလေ အသည်းက မြန်မြန်ပျက်စီးလေ ဆိုတာပါပဲ။ အသည်းမကောင်းရင် အသက်တိုပါလိမ့်မယ်။ ဒါ့ကြောင့် အသက်ကို ဥာဏ်စောင့်သည့် သဘောရှိသောကြောင့် ရှောင်ကြရှားကြပါ။
နံပါတ်(၇)။ ။နောက်ဆုံးအချက်ကတော့ လူအများသိကြသည့် အရက်နှင့် ဆေးလိပ်ပင် ဖြစ်ပါတယ်။ သူတို့နဲ့ ပတ်သက်လို့ကတော့ ထပ်မံမပြောလိုတော့ပါဘူး။ အရက်ထဲမှာတောင်မှ အရက်အတု၊ အရက်အပြင်းသောက်သူက ပိုထိတယ်။ အကောင်းစားအရက် သောက်တဲ့သူက သိပ်ပြီး မထိဘူး။ သောက်ပုံသောက်နည်းမှာလည်း ခွေးသောက်သောက်သူက သူဌေးသောက်သောက်သူထက် ပိုထိတယ်။ အမြည်းမပါဘဲ သောက်သူက အမြည်းစားပြီး သောက်သူထက် ပိုဆိုးပါတယ်။