Wednesday, November 10, 2010

အမေ့ခွန်အား

သားလို့ခေါ်လိုက်တိုင်း
ကျွန်တော့်မျက်ရည်တွေ
စို့နစ်ခဲ့ရတယ်........အမေ
အမေမွေးတဲ့ကျေးဇူး
အဖေကျွေးတဲ့ကျေးဇူးတွေ
သားမောင်မှာဆပ်ဖို့အတွက်
ဝေးတနယ်မြေမှာ
စိတ်မရွှင်သာပဲ
ေ၀၀ါးစွာလျှောက်နေတာပါ......အမေ
မျက်ရည်မကျနဲ့သားလို့
ပြောခဲ့တဲ့အမေ့စကား
မြေ၀ယ်မကျနားထောင်ရင်း
လောကဓံမုန်တိုင်းကို
ကြံကြံခံခဲ့တာပါ.......အမေ
အစိုးမရတဲ့ကံကြမ္မာကို
အပြစ်မတင်ချင်ဘူးအမေ
ဝေခွဲမရတဲ့စိတ်မှာ
အနာဂတ်တွေမှုန်ဝါးနေရင်လည်း
အမေပြောခဲ့တဲ့စကား
အဖေပေးခဲ့တဲ့သြ ၀ါဒ
နားအထပ်ထပ်မှာ
ပဲ့တင်ဟိန်းနေခဲ့တာတွေက
သာအတွက်ခွန်အားတွေပေါ့.....အမေ
ဆန္ဒနဲ့ဘဝ
တထပ်တည်းမကျပေမဲ့လည်း
အမေမွေးတဲ့သား
အမေ့ကျေးဇူးတွေဆပ်ဖို့
စိတ်ချလိုက်ပါအမေ
အမေပြောတဲ့အောင်မြင်မှု
အမေရွေးချယ်ပေးခဲ့တဲ့လမ်း
ဘယ်လောက်ပဲကြမ်းတမ်းနေပါစေ
အမေ့သားလျှောက်လှမ်ရင်း
ရည်မှန်းချက်ပန်းတိုင်မှာ
အမေ့အပြုံးတွေနဲ့
စီးကြိုနေပါတော့.........အမေ

အမေသို့

မှိုင်းရီရီ ညို့မှိုင်းမှိုင်း
တောင်တန်းကြီးတွေနဲ့
စိမ်းစိုစို လယ်ကွင်းကြီးတွေ မြင်တိုင်း
အမေနဲ့ရွာကိုလွမ်းတယ်
ကြည်လင်စွာနဲ့စီးနေတဲ့
ပြာနှမ်းနှမ်းမြစ်ဧရာကိုမြင်တိုင်း
အမေနဲ့ရွာကိုလွမ်းတယ်
နွေခေါင်ခေါင်..........
မာန်အပြည့်နဲ့
ရက်စက်စွာ...နေသူရိန်မြင်တိုင်း
အမေ့ဘ၀အတွက်အမေ့ကိုစာနာမိတယ်
အိမ်နဲ့ဝေးအမေနဲ့ဝေးလို့
စိတ်မချဘဲနဲ့တော့ မနေပါနဲ့အမေ
မဆီမဆိုင်ဆွေမျိုး
သားမှာ....ရှိတယ်အမေ............။

နှုတ်ဆက်ခြင်း

ဖြူစင် တဲ့နှလုံးသား
ဖေးမမယ်လက်တစုံ
ရိုးသားတဲ့ငါ့ရင်အစုံကို
မင်းဘ၀အတွက်ပုံပြီး
အပ်နှင်းချင်ပါတယ်......ချစ်သူ
ဒါပေမ
ဲ့ငါ့ဘ၀ငါ့ခန္ဓာ
ငါကိုယ်တိုင်သော်မှ
ပိုင်ဆိုင်ခွင့်မရှိတဲ့ငါ့ရဲ့ဘ၀ကို
ဒီကမ္ဘာလောကမှာ
ဘယ်သူသိနိုင်မှာလဲ.......ချစ်သူ
အမေကမွေးလို့လူဖြစ်ခဲ့ရ
အမေကကျွေးလို့ကြီးထွားလာရတဲ့
ငါ့ရဲ့ဘ၀ငါ့ရဲ့ခန္ဒာဟာ
အမေ့ရဲ့ဘ၀အမေ့ရဲ့ဆန္ဒအတွက်
လိုက်နာဆောင်ရွက်နေခဲ့ရတယ်........ချစ်သူ
တဖက်ကကြည်တော့
အနန္တဂိုဏ်းဝင်ကျေးဇူးရှင်
အမေ့ရဲ့နိုရည်
တဖက်ကလည်း
နှလုံသားတွေကွဲအက်
ဘ၀တစ်ခုလုံးအတွက်ချစ်ခဲ့ရတဲ့
ချစ်သူရဲ့မျက်ရည်
ငါဘယ်ဟာကိုရွေးရမလဲ
ရှင်တော်ဗုဒ္ဓဂေါတမက
မာတာပိတုဂုဏောအနန္တာလို့
ကျမ်းဂန်ပါဠိဟောကြားရှိခဲ့
သို့အတွက်ကြောင့်
ချစ်သူရေ............
ကိုယ့်ကိုနားလည်ပေးပါကွယ်

* ခွင့်လွှတ်ခြင်း *

အိမ်မက်တွေအရောင်ဆိုးခဲ့တဲ့နင့်ကို
ငါမျက်စိမှိတ်လိုက်ချင်တယ်
ပုံအောပြီးလောင်းခဲ့တဲ့
နှလုံးသားတစ်ခုအတွက်
လျှော်ကြေးပြန်ရလိုက်တာ
နာကျင်စရာတွေလား
အတ္တတွေအရည်ဖျော်ပြီး
မာနတွေထွေးအံခဲ့တဲ့ငါ
ညှို့ချက်ပြင်းတဲ့နင့်မာယာအောက်မှာ
ဒူးထောက်ခဲ့ရတာပါ
ကံကြမ္မာစေစားလို့
ေ၀၀ါးခဲ့ရတယ်ဆိုရင်လည်း
ငါ့အပြစ်နဲ့ငါပေါ့
ပျောက်ကွယ်သွားတော့မယ့်
မျက်ရည်စတွေမှာ
အမုန်းမဖက်နိုင်တဲ့နင့်ကို
အပြုံးမပျက်ဘဲ
ပစ်စလက်ခတ်မေ့လိုက်ချင်ပြီ
တစိမ့်စိမ့်နာကျင်ခဲ့ပေမဲ့
အတောမသတ်နိုင်တဲ့ငါရင်အတွက်
အဆုံးသတ်အဖြေဟာ
ခွင့်လွှတ်ခြင်းတဲ့လား

ပဲ့ကြွေနှလုံးသား

မမှီတဲ့ပန်းတစ်ပွင့်
မကြွေလင့်ဖို့အတွက်
ရင်နင့်ခဲ့ရတာ......ကိုယ်ပါ
တုံးခုလို့ခူးချင်ပေမဲ့
မြတ်နိုးခဲ့တဲ့ပန်းတပွင့်
နွမ်းဖတ်သွားမှာ
မမြင်ရက်သူအတွက်တော့
နောက်ကျသမားအဖြစ်နဲ့ပဲ
ဖြေသိမ့်လိုက်ပါတယ်..........
သခင်
ဒီဘ၀ဒီမျှမှာ
ကံကြမ္မာတပတ်
ပြန်လည်ခဲ့ရင်
ကိုယ်လေ
နှလုံးသားတခုအတွက်
ဝေဿန္တရာမဖြစ်ချင်တော့ဘူးကွယ်..............

ကိုယ်ချစ်သူ လူပျိုစစ်မစစ်သိချင်လား?

ယခုခေတ်လူတွေတော်တော်များများပေါ့နော်..အဓိကယောကျာင်္းလေးတွေ ကောင်မလေးတစ်ယောက်ကို အပျိုစစ်မစစ် လက်တွေနည်း(သို့) ဆေးပညာ
ဆိုင်ရာနည်းပညာတွေလေ့လာ တတ်ကြတာ သိရှိပြီးသားပါလေ။
အမျိုးသမီးတစ်ယောက်ကို အပျိုစစ်မစစ် သိကြမယ်ဆိုရင်လေ.. ဟော..ယောကျာင်္းလေးတစ်ယောက်ကိုကော လူပျိုစစ်မစစ် မသိနိုင်ဘူးတဲ့လားဟင်..:)

ခုခေတ်မှာ Communication ကို တကမ္ဘာလုံးနဲ့ အလွယ်လေး လုပ်နေကြတာမို့ ဘယ်သူတွေ ဘယ်လို မြင်ကြသလဲ- ထင်ကြသလဲ သိဘို့၊ ကိုယ်က ပြောချင်တာ ပြောဘို့ဆိုတာ ပိုက်ဆံမကုန်ဘူး ပြောရလောက်အောင် ဈေးကလဲ ချိုလှတယ်။ “Male Virginity” အကြောင်း မေးခွန်း တက်လိုက်ရင် Taboo ဘဲလို့ ဖြေတဲ့သူ မနည်းတာ တွေ့ရတယ်။

ယောက်ျားလေး လူပျို စစ်တယ် မစစ်ဘူးက မိန်းကလေးတွေ အပျို စစ်-မစစ်လောက် ပြောရ-စစ်ရတာ မလွယ်ပါ။ သိပ်လဲ မသိချင်ကြပါ။ သူကိုယ်တိုင်ဘဲ သိပါလိမ့်မယ်။ ဘက်လိုက်ပြောတယ်လို့ မထင်ပါနဲ့။ အခု အမေးတွေကလဲ ဆေးပညာ-ဗဟုသုတ သိချင်ကြလို့နဲ့ တူပါတယ်။ သတို့သမီးလောင်းက မေးလာရင်တော့ “သံသယ အကျိုး ခံစားထိုက်တယ်” လို့ဘဲ ဆရာဝန်က ပြောရမှာပါ။

မိန်းမနဲ့ စပ်ယှက်ဘူးလို့ ကျားအင်္ဂါမှာ ထူးပြီး ပြောင်းလဲသွားတာ မမြင်နိုင်ပါ။ တခြား ဘယ်နေရာတွေမှလဲ မပြောင်းလဲပါ။ သစ္စာရေ သောက်ခိုင်းကြမလား မသိပါ။ တရားသူကြီးတွေလဲ ကျမ်းကျိန်တာ လက်ခံတယ်။ ဆရာဝန်လဲ ရှေ့နေလိုဘဲ မှားနိုင်ပါတယ်။

လူ့အသိုင်းအ၀ိုင်းမှာ တန်ဘိုးထားမှုတွေ မတူကြဘူး မဟုတ်ပါလား။ ကိုယ့်ဇနီး၊ ကိုယ့်ခင်ပွန်းကို ဘယ်သူ့ကိုမှ မပေးဘူးတဲ့၊ ပေးလဲမရတဲ့၊ လက်ဆောင်မွန် ဆိုတာ Virginity သာရှိတယ်လို့ လက်ခံကြတာလဲ ရှိတယ်။ စာတပုဒ်မှာ ရေးဘူးလိုက်သလို “ကျမ ကောလိပ် သွားရတော့မယ်၊ အပျိုဘ၀နဲ့တော့ မသွားချင်ဘူး” လို့ မင်းသမီးငယ်က ပြောတာလဲ ရှိသေးတယ်။

ယောက်ျား လိင်အင်္ဂါမှာ Frenulum ဆိုတာ ရှိတယ်။ အပေါ်ဖုံးအရေပြားနဲ့ အထဲက လိင်တံ အောက်ခြေမှာ တွယ်နေတဲ့ အလည်ခေါင် တည့်တည့်က နေရာလေး ဖြစ်တယ်။ Frenulum ကွာသွားရင် အတော် နာတယ်။ ဒါဟာ မိန်းကလေး အပျိုမြှေး ပေါက်သွားတာနဲ့ ယှဉ်ကြည့် နိုင်လောက်ပါတယ်။ ဘာလို့ ကွာရသလဲ။ ပဌမဆုံးအကြိမ် မိန်းမနဲ့ နေလိုက်ရင် နာပါမယ်။ “ဒါဆို သိနိုင်ပြီပေါ့” “လို့ မထင်လိုက်ပါနဲ့။”

ဒါကြည့်ပြီး လူပျို မဟုတ်တော့ဘူး ပြောဘို့ အခွင့်အလမ်း အင်မတန် နည်းပါးလှတယ်။ ယောက်ျားလေးတွေကို ပြုစု ပျိုးထောင်မှုက မိန်းကလေးတွေလောက် မတင်းကျပ်ဘူး မဟုတ်လား။ ပါတ်ဝန်းကျင်ကလဲ ကွာသေးတယ်။ လူငယ်ဘ၀ လက်နဲ့ ကစားတာက ရာနှုန်းပြည့်ဘဲလို့ ပြောရင် နဲနဲဘဲ ပိုမယ်။ သူ့ဖါသူ လက်နဲ့ ကစားရင်းဖြစ်ဖြစ်၊ ခိုက်မိတာဖြစ်ဖြစ်၊ (မာစတာဘေးရှင်း) လုပ်လို့ ဖြစ်ဖြစ် အဲလို ဖြစ်သွားတယ်။ သမီးရည်းစားတောင်မှ မရှိသေးခင် ဖြစ်နေနိုင်တယ်။

သူများ နိုင်ငံတွေရဲ့ တန်ဘိုးထားမှုတွေကို ဘေးချိတ် ထားပါမယ်။ လူမှုရေးဘာသာရပ်လဲ ဖြစ်လို့ပါ။ ဆေးပညာကိုသာ ရေးပါမယ်။ “မြန်မာ ယောက်ျားလေးတွေ ဘယ်လိုနည်းနဲ့ လူပျိုရည် ပျက်ကြတာ များသလဲ။” လူပျိုလေးတွေဟာ အရွယ် နဲနဲ ပိုကြီးသူတွေ၊ အနီးအနား ရှိသူတွေနဲ့ ပေါင်းသင်းလေ့ရှိတယ်။ အတုမြင် အတတ်သင်ကြတယ်။ စကားအဆန်းတွေ နားထောင်လေ့ ရှိကြတယ်။ အားကျလေ့ ရှိကြတယ်။

လူပျိုပေါက်မှာ ဟော်မုန်းတွေကလဲ တန်ခိုးပြ စိတ်ကလဲ ထကြွလာပြီး၊ “သောင်းကျန်းသူ” ဆိုတာ သူတို့မှ အစစ်။ လူပျိုဖြစ်-ကျူရှင် ယူချင်ကြတယ်။ သင်တဲ့လူတွေကလဲ လက်တွေ့နည်းကိုပါ အခမဲ့ပေးကြတယ်။ ဈေးပေါပေါ၊ ခပ်လွယ်လွယ် “၀ယ်စားလို့ ရတာမျိုး” နဲ့ ကွင်းဆင်းစေတယ်။ နောက်မှ ဆီးအောင့်၊ ဆီးပူ၊ ပန်းအဖျားမှာ အနာပေါက်ရင် ဆေးမီးတို ပေးအုံးမယ်။ တကယ်လို့ ပွဲမ၀င် အပြင်ကကျင်းပ။ မင်္ဂလာဆောင်ခါနီးမှ အနီးကပ် သင်တန်းတက်ရင် “သတို့သမီး ဆေးမီးတိုနဲ့ မရပါ။” ဒါတွေ ပြင်ကြပါ။ အဲဒီကြမှ လူပျို-မစစ်တာ ပေါ်မယ်။

၂၀၁၀ ဇူလိုင် ၂ ရက်နေ့က (CBS/AP) သတင်းမှာ သိပ်ထူးခြားတာတခု ဖတ်ရလိမ့်မယ်။ ဗီယက်နမ်မှာ တိုင်းရင်း-ရိုးရာ ဆေးနည်းနဲ့ တရားခံ ၃ ယောက်ကို စမ်းသပ်စစ်ဆေးပြီး “ဒီလူတွေဟာ တခါမှ မိန်းမနဲ့ မဆက်ဆံဘူးသူတွေ ဖြစ်တယ်” လို့ ထွက်ဆိုပါသတဲ့။ တရားခံတွေဟာ အသက် ၂၀ အမျိုးသမီးတယောက်ကို Gang-rape အုပ်စုလိုက် မတရားကျင့်မှုနဲ့ ထောင်ထဲမှာ ၁၀ နှစ်နေထားပြီး သူတွေပါ။ ယောက်ျားတွေရဲ့ နား နောက်ဖက်မှာ အနီစက်လေးတွေကို စမ်းတွေ့ရင် လူပျိုတဲ့၊ (ဂေး) ဆိုရင်တော့ မသိဘူးတဲ့။ သူ့ဖါသာ-အာသာဖြေဘူးတာလဲ စမ်းမသိနိုင်ဘူးလို့ ဆရာမကြီး Pham Thi Hong က ပြောတာ ဖြစ်ပါတယ်။ ကမ္ဘာမှာ ပဌမဆုံး Male Virginity Test စမ်းသပ်နည်း ဖြစ်ပါမယ်။ “ဒီနည်းက မမှန်နိုင်ပါဘူး” လို့ ပြောကြတဲ့သူတွေထဲမှာ ဆရာဝန်တွေသာမက သူ့ထက် ၀ါရင့် တိုင်းရင်းဆရာတွေလဲ ပါတယ်။ တရားခံတွေ မလွတ်ကြပါ။

နားနောက် Chickenpox ပေါက်နေရင်တော့ အံကျပေါ့။ 


from http://dts-medicaleducation.blogspot.com/2010/10/virginity-2.html

ကမ္ဘာ့ဈေးအကြီးဆုံး အိမ်များ










မဲနား (အမေရိကန်ပြည်ထောင်စု၊ လော့ဆန်းဂျလိစ်မြို့)
တန်ဖိုး - ဒေါ်လာသန်း ၁၅၀

“The Manor” လို့ အမည်တွင်တဲ့ ဒီအိမ်ကြီးကို ပိုင်ရှင် အေရွန်စပယ်လင်ရဲ့ ဇနီး ဆင်းဒီက နာမည်ပေးထားတာပါ။ လော့ဆန်းဂျလိစ်ရဲ့ အိမ်ကြီးရခိုင် စာရင်းဝင်ဖြစ်နေတဲ့ The Manor ဟာ စတုရန်းပေ ၅၆၀၀၀ ကျယ်ပြီး အေရွန်စပယ်လင်အတွက် ၁၉၉၁ ခုနှစ်မှာ ဆောက်လုပ်ခဲ့စဉ်က အခန်းပေါင်း ၁၂၃ ခန်း၊ အိမ်တွင်း၊ စကိတ်စီးကွင်းတစ်ခု၊ ရေပူရေနွေး ချိုးနိုင်တဲ့ ရေချိုးကန်များ၊ မီးဖိုဆောင်သုံးခု၊ အားကစားကွင်းများ၊ ကိုယ်ပိုင်သစ်သီးခြံ၊ ဘိုးလင်းဘောလုံးပစ် ကစားကွင်းနဲ့ အရုပ်ပြခန်းလို အဆင်အပြင်တွေကိုလည်း တွေ့နိုင်ပါတယ်။










တန်ဖိုး - ဒေါ်လာ သန်း ၁၅၅

ကမ္ဘာ့တန်ဖိုးအကြီးဆုံး အိမ် ၁၀ အိမ် စာရင်းထဲကို ပထမဆုံးဝင်လာတဲ့ ရေခဲလျှောစီး သူများ တည်းခိုတဲ့ ဂေဟာစခန်း ဖြစ်ပါတယ်။ ရေခဲလျှောစီးနဲ့ ဂေါက်သီးကစားတဲ့ သန်းကြွယ်သူဌေးတွေသာ လက်လှမ်းမီတဲ့ ‘ယဲလိုးစတုန်းကလပ်အသင်း’ တည်းခိုးခန်းစခန်းတွေထဲမှာ အကြီးဆုံးလို့လည်း ဆိုပါတယ်။ တင်းမ်ဖလစ်ဆက်နဲ့ အက်ဒ်ရာဖလစ်ဆက်တို့ ဇနီးမောင်နှံပိုင်တဲ့ ဒီတည်းခိုစခန်းကြီးမှာ အိပ်ခန်း ၁၀ ခန်းရှိပြီး အခန်းတိုင်းမှာ အပူပေးကြမ်းခင်းခန်းလုံးပြည့် ခင်းထားတယ်။ မီးဖိုတစ်ခုစီနဲ့ မြေအောက်ဝိုင်သိုလှောင်ခန်း တစ်ခုစီလည်း ဖြည့်ဆည်းထားပါတယ်။











ဖရန်ချပ်ဗီလာ (လန်ဒန်မြို့၊ ကင်ဆင်တန်ဒေသ)
တန်ဖိုး - ဒေါ်လာသန်း ၁၆၁

ဝိတိုရိယ ဘုရင်မလက်ထက်က မိန်းကလေးကျောင်းတစ်ကျောင်းဖြစ်ခဲ့တဲ့ ဒီကျေးလက် စံအိမ်ကို ယူကရိန်းနိုင်ငံသား အေ့ဒ်စ်ပရဟိတဒါနရှင် အယ်လီနာ ဖရန်ချပ်က ၂၀၀၆ ခုနှစ်မှာ ဝယ်ယူပြီး စတာလင်ပေါင် ၁၀ သန်းကျော် အကုန်အကျခံ မွမ်းမံပြင်ဆင်ခဲ့ပါတယ်။ အထောက်အခံ မပါဘဲ ငါးထပ်ဆောက်လုပ်ထားတဲ့ ဒီကျေးလက်စံအိမ်ကြီးဟာ လန်ဒန်မှာ တစ်မူထူးခြားနေပါတယ်။ အိပ်ခန်း ၁၀ ခန်း၊ အိမ်တွင်းမြေအောက်ရေကူးကန် တစ်ကန်၊ အကြောက်လွန် စိုးရိမ်တတ်သူများ နားနေဖို့ အခန်း၊ ပေါင်းခံချွေးထုတ်ခန်းနှင့် ကိုယ်လက်လှုပ်ရှားခန်းများလည်း ရှိပါတယ်။

ဟာ့စ်မဲင်းရှင်း(ဘီဗာလီဟေးဟ်မြို့၊ အမေရိကန်ပြည်ထောင်စု)
တန်ဖိုး - ဒေါ်လာသန်း ၁၆၅

‘ဟာ့စ်ဂေဟာ’ လို့ အမည်တွင်တဲ့ ဒီအိမ်ကြီးကို ကွယ်လွန်သူ ဝီလျံရန်းဒေါ့ဟတ်စ် ပိုင်ဆိုင်ခဲ့ပါတယ်။ အိပ်ခန်း ၂၉ ခန်းနဲ့ ရေကန်သုံးခု၊ ဒစ္စကိုတေးဂီတကခန်းနဲ့ ပြဇာတ်ရုံများ ရှိပါတယ်။ နာမည်ကျော်ပုဂ္ဂိုလ် တချို့ရဲ့ နေအိမ်တွေနဲ့လည်း နီးတယ်။ ကွယ်လွန်သူ အမေရိကန် သမ္မတဟောင်း JFK မင်္ဂလာဦးပျားရည်ဆမ်းခရီးထွက်တုန်းက ဒီအိမ်ကြီးမှာ နေခဲ့တယ်ဆိုတဲ့ အချက်ကလည်း အိမ်ကြီးကို လူသိများ ထင်ရှားစေခဲ့ပါတယ်။

Ref: The Myanmar Times












ဖဲဖီးပွန်း (ဟမ်းတန်မြို့၊ အမေရိကန် ပြည်ထောင်စု)
တန်ဖိုး- ဒေါ်လာသန်း ၁၇၀

လူသူနဲ့ နီးရာမှာ မနေလိုတဲ့ ကုဋေကြွယ် သူဌေးကြီး အီရာရန်းနာ့တ် ပိုင်တဲ့ မြေကွက်အကျယ် ၆၃ ဧကပေါ်မှာ ရှိတဲ့ ဒီအိမ်ကြီးနဲ့ ခြံမြေယာကြီးဟာ အမေရိကန်မှာ အကျယ်ဆုံး လူနေအိမ်ကြီးပဲလို့ ဆိုပါတယ်။ အိပ်ခန်း ၂၉ခန်း၊ ရေချိုးခန်း ၃၉ခန်း၊ ထမင်းစားခန်းကြီး တစ်ခန်း၊ အားကစားကွင်းငါးခု၊ ဘိုလင်းဘောလုံးပစ် ကစားကွင်းနဲ့ ဒေါ်လာ ၁၅၀,၀၀၀တန် ရေနွေးချိုးကန်တစ်ခု ထည့်သွင်းဆောက်လုပ် ထားပါတယ်။











ပင့်ဟောက်စ် (လန်ဒန်မြို့) တန်ဖိုး - ဒေါ်လာ သန်း၂၀၀

ကမ္ဘာပေါ်မှာ တန်ဖိုးအများဆုံး အိပ်ခန်းပါပဲ။ လန်ဒန်မှာ လူအများဆုံး နေချင်ကြတဲ့ ဟိုက်ဒ်ပတ်ဥယျာဉ်လမ်းအမှတ် (၁) အဆောက်အအုံရဲ့ အပေါ်ဆုံးထပ်မှာ ရှိပါတယ်။ အဆောက်အအုံတစ်ခုလုံးကို လုံခြုံရေးဝန်ထမ်းတွေ အထူးတာဝန်ယူထားပြီး အစိုးရိမ်လွန်ပြီး ထိတ်လန့်ကြောက်ရွံ့နေသူများအတွက် အခန်းများ၊ ကျည်ဆန်ကာ ပြတင်းပေါက်များ၊ စစ်ဆေးတဲ့ ကိရိယာများနဲ့ အနီးမှာရှိတဲ့ မန်ဒရင်ဟိုတယ်ကို ပေါက်တဲ့ လျှို့ဝှက်မြေအောက်ဥမင်လမ်းလည်း ရှိပါတယ်။












ဗစ်လာလီယိုပိုဒါ (ပြင်သစ်နိုင်ငံ၊ ဖရင့်ခ်ျရစ်ဗီးယားရားကမ်းခြေ) တန်ဖိုး - ဒေါ်လာသန်း ၅၀၆

ဖရဲင့်ခ်ျရစ်ဗီးယားရားကမ်းခြေမှာ ရှိတဲ့ အပန်းဖြေစံအိမ်ကြီးကို ဘယ်လ်ဂျီယံနိုင်ငံ ဒုတိယမြောက်ဘုရင် လီယိုပိုက ၁၉၀၂ ခုနှစ်က တည်ဆောက်ထားပါတယ်။ အက်ဒမွန်ဆပ်ဖရာက မူလပိုင်ရှင် ဖြစ်တယ်။ ဇနီးဖြစ်တဲ့ လီလီက ပိုင်ဆိုင်ထားဆဲပါပဲ။ စတုရန်းပေ ၈၀,၀၀၀ ကျော် ကျယ်ဝန်းပါတယ်။ ရှေးဟောင်းပစ္စည်း၊ အိပ်ခန်း ၁၉ ခန်း၊ အားကစားကွင်း၊ ဘိုးလင်းဘောလုံးပစ်ကစားကွင်း၊ မီးဖိုအမျိုးမျိုး၊ ထမင်းစားခန်း၊ ရုပ်ရှင်ခန်းတွေ ရှိပြီး ပန်းဥယျာဉ်တွေလည်း သာယာလှပါတယ်။










အန်တေလာဂေဟာ (မွမ်ဘိုင်းမြို့၊ အိန္ဒိယနိုင်ငံ) တန်ဖိုး - ဒေါ်လာသန်း ၁,၀၀၀

၂၇ ထပ် မျှော်စင်အဆောက်အအုံ၊ စုစုပေါင်း အကျယ်အဝန်း စတုရန်းပေ ၄၀,၀၀၀ ရှိပြီး မှန်ထည်တွေကို အဓိက သုံးထားပေမယ့် ကြမ်းခင်းတွေ အထပ်တစ်ထပ်နဲ့ တစ်ထပ် မတူတာက ထူးခြားချက် ဖြစ်နေပါတယ်။ ပိုင်ရှင်နှစ်ဦး ဖြစ်တဲ့ မူးကက်ရှ်နဲ့ နီတာအမ်ဘာနီတို့က ဒီအိမ်ကြီးမှာ အိမ်ဖော်ပေါင်း ၆၀၀ နဲ့ နေထိုင်ကြတယ်။

ခြောက်ထပ်ရှိတဲ့ ယာဉ်ရပ်နားစခန်းတစ်ခု၊ အခန်းတွင်း အခန်းပြင် ယမကာ ကောင်တာတွေ၊ စိမ်းရောင်စို အပန်းဖြေစခန်းတွေရှိတယ်။ မနီးမဝေးမှာ လုံခြုံရေး ဝန်ထမ်းတွေနဲ့ အခိုင်းအစေကူဖော်လောင်ဖက်တွေအတွက် သီးခြားအခန်းတစ်ခုလည်း ရှိပါတယ်။ အထပ်တိုင်းမှာ ရဟတ်ယာဉ်နဲ့ လာလိုသူတွေအတွက် ရဟတ်ယာဉ်ဆင်းသက်ဖို့ ကွင်းငယ်ကလေးတစ်ခုကိုပါ ဆောက်လုပ်ပေးထားပါတယ်။


kaspersky 2011(with 3701days crack)without blocking

အရင်ဦးဆုံး kaspersky2011ကို အောက်ကအဆင်ပြေတဲ့လင့်နဲ့ အရင်ဒေါင်းလိုက်ပါနော်။

http://hotfile.com/dl/81478672/bccd0bb/KAV.11.0.2.556.En..rar.html http://www.fileserve.com/file/gPuerZt

http://ifile.it/anedflk/KAV.11.0.2.556.En..rar

http://www.zshare.net/download/825222898a8f98d3/

http://www.filesonic.com/file/30829677 

http://www.mirrorcreator.com/files/16WGQLLI/

http://rapidshare.com/files/429797752/KAV.11.0.2.556.En..rar

http://www.megaupload.com/?d=53C2BUXG

http://www.ziddu.com/download/12457012/KAV.11.0.2.556.En..rar.html


ဒါလေးက crack ဖိုင်ပါ။အဆင်ပြေတဲ့ လင့်ကဒေါင်းလိုက်ပါ။

http://www.mediafire.com/?qg3hbzk64tf70y8

http://oron.com/4vvi1lw4jgaq/Kaspersky_2011_crack.rar.html 

http://www.ziddu.com/download/12456920/Kaspersky_2011_crack.rar.html

http://www.megaupload.com/?d=FR0YHZF0

http://www.fileserve.com/file/t5MCJbE

http://hotfile.com/dl/81478787/95f5a60/Kaspersky_2011_crack.rar.html

http://ifile.it/jd195pu/Kaspersky_2011_crack.rar

http://www.zshare.net/download/82522261838fc26b/

http://rapidshare.com/files/429797347/Kaspersky_2011_crack.rar

http://www.ziddu.com/download/12456920/Kaspersky_2011_crack.rar.html

http://www.mirrorcreator.com/files/JD49C7PY/

 

ဒါလေးက လုပ်ပုံလုပ်နည်းလေးပါ။

 အရင်ဦးဆုံး kaspersky2011ကို Trial Version နဲ့install လုပ်လိုက်ပါ။


၁။ install လုပ်ပြီးရင် kaspersky 2011ကို ဖွင့်လိုက်ပါ။

၂။ပုံထဲမှာပြထားတဲ့အတိုင်း ညာဘက်ဒေါင့်က settings ကို click ပါ။

၃။Self-Defense ကိုရွေးပေးပါ။Enable Self-Defense မှ အမှန်ခြစ်လေးကိုဖြုတ်ပြီး Apply/OKလုပ်ပေးလိုက်ပါ။

 

အောက်ခြေဘားက kaspersky iconလေးကိုထောက်ပြီး Exit လုပ်ပေးလိုက်ပါ။ 

kaspersky crack ကို right click ထောက်ပြီး run as administrator နဲ့ run လိုက်ပါ။

Next လုပ်ပေးပါ။


I have read the instructions ကိုရွေးပေးပြီး Install လုပ်ပေးပါ။

install လုပ်နေပါပြီ။

 
Finish ပေးလိုက်ပါ။

ရက်ပေါင်3း700ကျော်ပါပါတယ်။အားလုံးဘဲ အဆင်ပြေပါစေ။