Sunday, November 14, 2010

ကွန်ပျူတာ BIOS သို့သွားရန်

amt က သူ့ရဲ့  Compaq presario ကွန်ပျူတာလေးမှာ BIOS menu သို့ ဘယ်လိုဝင်ရမလဲ ဆိုတာ မေးမြန်းထားတာအတွက် ပြန်ကြားပေးလိုက်ပါတယ်။ စက်ကို Boot လုပ်ချိန်မှာ Compaq ဆိုတဲ့ စာလုံးပေါ်လာချိန်မှာ <Alt>+<Ctrl>+<Esc> ကီးတွေကို ပြိုင်တူနှိပ်ရမှာ ဖြစ်ပါတယ်။ အခြားကွန်ပျူတာများ အတွက်လဲ အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။ အဆင်ပြေမယ်လို့ ထင်ပါတယ်။


How to Enter the BIOS



General Description


You should only enter the BIOS immediately after booting the computer and never from within an operating system (i.e. Windows). On some computers you can enter the BIOS from a DOS prompt.

Several  ways can be used to enter the BIOS/CMOS:

The video monitor will usually say on the bottom of the screen just as the computer is turned on, which key to use.

The BIOS information is stored in the CMOS hardware section of the motherboard and the contents are maintained by applying constant electrical current using a CMOS battery.


to enter the BIOS during boot up hold down one of the following keys:

  • Hold down the <Del> key
  • Hold down the <F1> key
  • Hold down the <F10> key

To enter the BIOS from a DOS prompt...( ...NOT from inside windows)

  • <Alt><Cntrl><Esc>
  • <Alt><Cntrl><Enter>
  • <Cntrl> <Alt> <A>
  • <Cntrl> <Alt> <S>

Some manufacturers have their own way for entering BIOS as shown below...

  • Acer - Ctrl+Alt+Esc
  • Compaq - F10
  • Compaq Presario - Press <Alt> <Ctrl> <Esc> at boot when you see the "Compaq" log in big letters
  • Dell - F1 or Del.
  • Gateway 2000 - F1, many also use F2
  • Hewlett Packard - F1
  • IBM
    • Older Models - In order to get into the configuration of the IBM setup screen (CMOS)
      screen you need to hold down both mouse buttons during boot-up.
    • Aptiva - Press F1

  • Leading Edge
    • Fortiva 5000 - <Cntrl> <Alt> <A> or <Cntrl>
      <Alt> <S>

  • NEC - F2
  • Packard Bell - F1 or F2
  • Sharp Laptop 9020 - F2
  • Sony - F3, then F2, or F1
  • Tandon computers - Hold down the <Esc> key after turning on power
  • Toshiba Laptops - Toshiba Utility, on selected models you can hold the ESC key during boot which will then prompt you to press the F1 key to enter the BIOS.

 


တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကြီး

2cp6czo.jpg

ယနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီမှ စ၍ မီးပုံးပျံ ကွင်းဖွင့်ပွဲနှင့် မီးပုံးပျံ ပြိုင်ပွဲကို ထုတ်လွှင့်ပြသသွားပါမည်။

ကျန်သည့်ရက်များတွင် မြန်မာစံတော်ချိန် ည ၈ နာရီမှ စ၍ ပြိုင်ပွဲ ပြီးဆုံးသည် အထိ ပြသ သွားပါမည်။

http://www.meeponepyan.com/live.aspx

Windows Theme များ

လှချင်ရက် စက်စက်ယိုသူများ..

လှချင်ရက် စက်စက်ယို......


"လှတာမက်တော့ ညစာခက်တယ်"လို့  ဆိုကြပေမဲ့ ၊ ညစာ ခက်တာ မခက်တာ အရေးမကြီးဘူး လှဖို့သာ အဓိက လို့ ယူဆနေကြသူတွေ တစထက်တစ များပြားလာနေကြပါပြီ ။ပျိုပျို အိုအို ကျားကျား မမ လှချင်ပချင်ကြတယ် ။တချို့ တလေကျတော့ ရှေးကုသိုလ်ကံ အကျိုးပေးကောင်းတော့ ပပဝတီ မဒ္ဒီသမ္ဗူလ လို့ တောင် တင်စားရတော့မလို သဘာဝ အော်ရီဂျင်နယ် လှတပတ လေးတွေမို့  ရုပ်ရည်လေး အရင်းပြုကာ၊ အသံလေး အသုံးချကာ နဲ့ နာမည်ကျော်ကြား လူကြိုက်များ ကြရပေသပေါ့ ။ ကံအကျိုးပေး ချို့ တဲ့သူများကြတော့ မလှ မပ နဲ့ ပေမဲ့ အားငယ်နေစရာတော့ မလိုလှပေဘူး ။ ခေတ်ကာလကြီးက တိုးတက် လာတော့ ပလပ်စတစ် ဆာဂျရီ ၊ ခွဲစိတ်ပြုပြင်ပြီး လှတ ပတ ဖြစ်အောင် လုပ်ယူ လို့ ရနေကြပါပြီ ။ပိုက်ဆံသာရှိ ၊ လူတကိုယ်လုံး လိုသလို ပြုပြင်လို့ ရနေပါပြီ ။ ခုခေတ်စားနေတဲ့ ကိုရီးယား မင်းသမီးချောလေးများမှာ မျက်လုံး၊ မျက်ခုန်း၊ နှာခေါင်း ၊ ပါးစပ် ၊တမျက်နှာလုံးနီးပါး အော်ရီဂျင်နယ် အလှဆိုတာ မရှိသလောက်လို့ ဆိုရအောင် တမျိုးမဟုတ် တမျိုးက ပြုပြင်ပြီးသားတွေ ဖြစ်နေကြပါပြီ ။ ဒါတင်မက ရင်တို့  တင်တို့  မှာလည်း အခုတွေ အခံတွေ အမျိုးမျိုး နဲ့ ပုရိဿ တို့  ဘဝင်ဖို ရင်ခုန် ရလေအောင် လှည့်စားလို့ ရနေကြတော့ ဒီခေတ်ကြီးမှာ လူဖြစ်ရတာလည်း ခပ်ကောင်းကောင်းပါပဲ ။

မိဘပေးထားတဲ့ ခန္ဓာကိုယ်အတိုင်း မနှစ်သိမ့်နိုင်ကြသူတွေ ၊ရတာမလို ၊ လိုတာမရ ကြသူတွေ ထဲ ၊ အထူးသဖြင့် ရင်သားကြီးချင်သူ မိန်းမသားများဟာ ရင်သားအလှ ခွဲစိတ်ပြုပြင် ခုခံကြပါတယ် ။(ခုခံတယ် ဆိုတာ ရင်သားကြီးအောင် Silicone gel တို့  ၊ အငန်ရည်(saline liquid) တို့ ဖြည့်သွင်းထားတဲ့ ရင်သားပုံသဏ္ဍန် အိတ်ပျော့ပျော့ကို ရင်သား နေရာမှာ ခုပြီး ခံပြီး ခွဲစိတ် ခြင်း (augmentation mammoplasty ) ပေါ့ ။ အမြင်အရ ပိုလှလာတယ် ထင်ရပေမဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ လည်းရှိတတ်ပါတယ် ၊ အဲ့ဒီ အိတ်က အကြောင်းအမျိုးမျိုးကြောင့် ပေါက်ပြဲ သွားနိုင်တယ်။အဲ့ဒီလိုပေါက်ပြဲသွားတဲ့အခါ silicone gel နဲ့အတူတွဲသုံးရတဲ့ အနည်းငယ်မျှသော Platinum ဟာ ရင်သား တစ်သျှူးထဲ စိမ့်ဝင်ပြီး အဆိပ်ဖြစ်စေတတ်တယ် ။ တချို့ တလေလည်း အလာဂျီ ၊ တချို့ လည်း ကာလကြာရင် ပုံသဏ္ဍန်ပြောင်းတာတို့  ၊ နေရာရွေ့ သွားတာတို့ ၊ ယောင်ရမ်းတာတို့  ၊အနာဖြစ်တာတို့ ဖြစ်လာတတ်တယ် ။
ဒါကတော့ ရင်ခေါင်းဓါတ်မှန်ပါ ။ အဖြူဝိုင်း အရိပ်၂ ခုက ခုခံပြုပြင်ထားတဲ့ ရင်သားနေရာပါ ။ ရိုးရိုးပုံမှန်ဆို ဒီလို ဝိုင်းစက်စက် အရိပ်ကို အပြည့် တွေ့ ရမှာ မဟုတ်ပါဘူး ။
Augmentation mammoplasty ကို လုပ်ရခြင်းအကြောင်းတချို့က ရင်သားကင်ဆာကြောင့် ရင်သားတခုလုံး ခွဲစိတ်ဖြတ်တောက်လိုက်ရသူ မိန်းမသားများအတွက် အလှအပ အနေနဲ့ ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည် ဖြည့်ဆည်းပေးလိုတဲ့  အနေနဲ့ အစားထိုး ကုသပေးခြင်း တမျိုးလည်း ဖြစ်ပါတယ်။
ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ၊ဒီလို ခွဲစိပ်ထားသူများ အကယ်၍ ကလေးမွေးလို့  မိခင်နို့ ချို တိုက်ကျွေးမယ်ဆိုရင် နို့ထွက်စေတဲ့ ဂလင်း အကြိတ် တစ်သျှူးတွေကို ဒီရင်သားအတုက ဖိထားတဲ့ အတွက် နို့ သိပ်မထွက်နိုင်တဲ့ အခက်အခဲမျိုးတွေလည်း ရှိတတ်ပါတယ် ။

လှချင်ရက် စက်စက်ယို ၊ ပေါ့စေချင်လို့ ကြောင်ရုပ်ထိုး ဆေးအတွက် နဲ့ လေး ဆိုသလို ပြုပြင်ရင်းနဲ့  အခန့် မသင့်ဖြစ်သွားတဲ့ အခါများမတော့ ပြောကြတာက " ပြင်လွန်းတော့ဖင်ချွန်းသတဲ့ "။ ဘယ်လို ချွန်းသလည်းဆိုတာ သိလိုရင် ဆက်လက်ပြီး ရှုစားတော်မူကြပါ။
သမင်မျက်လုံး ။ကြာညိုနှုတ်ခမ်း နဲ့  ရုန်းကန်လှုပ်ရှား နှစ်လုံးသား ။

ဒီပုံလေးကြည့်ရတာ ဆပ်ကပ်ထဲက လူပျက် clown လေးရဲ့  နှုတ်ခမ်းလို ချစ်စဖွယ်လေးနဲ့ပေါ့ ။

နှုတ်ခမ်းလည်းနှုတ်ခမ်းပေမို့ ၊ ရင်သားလည်းရင်သားပေမို့  ..ထူထူထဲထဲ မို့ မို့ မောက်မောက်လေးတိုင်းလည်း လှမယ် ထင်နေကြပါသလား ။သူ့ အချိုးအဆနဲ့သူမှ ကြည့်ရတာ အဆင်ပြေပါလိမ့်မယ်

လူတယောက်တည်းပါ လို့ပြောရင် ယုံနိုင်ပါ့မလား ။ ပိုပြီးလှအောင်လို့  ပြင်လိုက်မိပါတယ် ။ခုတော့ ..ဘယ်ပုံက မပြုပြင်မီ နဲ့  ဘယ်ပုံက ပြုပြင်ပြီးလည်း ဆိုတာ နေရာပြောင်းပြန်ထားကြည့်ရင်တော့ အိုကေပါတယ်။

မခွဲစိတ်မီ နဲ့ ခွဲစိတ်အပြီး ဘယ်ပုံက ပိုလှပါလိမ့်..

သူ့ ကိုတော့ ဂီတ ဝါသနာအိုးများ သိကြမှာပါ ။တနေ့ တခြား အလှတိုးလာတယ် ဆိုတာ..(၉ နှစ်တာ ကွာခြားသွားတော့လည်း ရော့ရဲရဲဖြစ်တာ မဆန်းလှပေဘူး ။)၂၀၀၆ မှာ အတောင့်ဆုံး အချိန်ထင်ပါတယ်

ဗူးသီးနုနု မခူးရဆိုလို့  မနဲကြိုးစားလိုက်ရတာ ..ကဲ ခုတော့ ဗူးလေးရာ ဖရုံဆင့် ။ သူတို့ ရှေ့ ရေး ရင်လေးမိပါသေးတယ် ။

မာရီလင် မွန်ရိုးသာ တွေ့ ရင် ဘယ်လိုနေမလည်း လို့  ။

သူ့ အဖေါ်ခမျာ အစားအသောက် ပျက်မစိုးလို့  စေ့စေ့ မကြည့်ရဲရှာဘူး ထင်ပါ့ ။

နှစ်ပေါင်း ၂၅ နှစ်ကြာပြီ ဆိုတော့လည်း ဒီလောက်ထိန်းနိုင်တာ မဆိုးလှပါဘူး ။

သူလည်းလေ လောကီသားပေမို့  လှချင်ရှာ ပေလိမ့်မယ် ။ယောကျာင်္းမှာလည်း အသည်းနဲ့ပါ ။ညှို့ မျက်လုံးမှ မခို့ တရို့ မျက်လုံးတစုံ အဖြစ်သို့  ။

ဒီတော့ ဒီတော့ အလှပိုလိုသူ ပျိုပျို အိုအို၊ ကျားကျား မမ များ အတွက် ၊ ခေတ်စားနေတဲ့  ပလပ်စတစ် ဆာဂျရီ ဆိုတာ ကြီး ကို မလုပ်မှီ ၊ တော်၏ မတော်၏ စဉ်းစား ဆင်ခြင်တော် မူနိုင်ကြပါရန် ဝေမျှလိုက်ပါတယ် ။
ဒီပုံတွေကို ဒီနေရာမှ ရယူထားပါတယ်



.kiki မှ

Internet Download Manager 5.19



Internet Download Manager ဆိုတဲ့ Software ကိုတော်တော်များများရင်နှီးပီးသားဖြစ်ပါလိမ့်မယ်
Download Speed ကို ၅ဆအထိ တင်ပီ Download ချနိုင်သလို
Youtube က Video file များကိုလည်း အလွယ်တကူ Download ချနိုင်ပါတယ်
ဒါကတော့ Installer Version ပါ
ဒါကတော့ Portable Version ပါ

နောက်ဆုံး ထွက်ရှိတဲ့ Version 6 ကို မကြာခင်ထပ်တင်ပေးပါဦးမယ်။

သွားပိုးစားနေရင်...


သွားပိုးစားခြင်း


ပုလဲလေးတွေ စီထားသလို သွားလေးတွေက လှပနေမယ်။ အာခံတွင်း နံ့လေး သင်းပျံ့ နေမယ်ဆိုရင် ချစ်စရာ ကောင်းတဲ့ စွဲဆောင်မှု ကောင်းတဲ့ အပြုံးလေး တစ်ပွင့်ကို ပိုင်ဆိုင် နိုင်ပါတယ် ။

အဲဒီ သွားလေးတွေက မျက်နှာပြင် အလှကို အထောက်အကူ ပြုပေးနိုင်သလို ၊ အစား အသောက်စားတဲ့ နေရာမှာလဲ အစာတွေကို အဓိက ကိုက်ဖြတ် ချေမွ ပေးရပါတယ်။ ဒါပေမယ့် အများစုကတော့ သူ့ကို ဂရုစိုက်ဖို့ကြတော့ မေ့နေ တတ်ကြပါတယ်။ သွားကိုက် နေရင် ပတ်ဝန်းကျင်က လူတွေက သတိမထား မိကြပေမယ့် ကိုယ်ကိုယ် တိုင်ကတော့ ခံစားရ ခက်တဲ့ ဝေဒနာတစ်ခုပါ။ ကိုယ်တိုင် ခံစားဖူး တဲ့သူတွေ တိုင်း သွားကိုက်တာ ဘယ်လောက် ခံစား ရတယ်ဆိုတာ ကို သိကြ မှာပါ။

သွား တစ်ချောင်း ဆိုတာ ခန္ဓာကိုယ်ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တစ်ခုပါ ။ သေးငယ်လှပေမယ့် အဖိုးတန်လှတဲ့ အစိတ် အပိုင်း တစ်ခု ဖြစ်ပါတယ်။ ဆုံးရှုံးသွား တဲ့အခါ အစား ပြန်မရနိုင်တဲ့ သွား တစ်ချောင်းရဲ့ တန်ဖိုးကို ပေါ့ပေါ့ဆဆ သဘော မထား သင့်ပါဘူး။ ငယ်သွား လဲရင် ကြီးသွား ပေါက်တယ် ဆိုပေမယ့် ငယ်သွား ကိုရော ကြီးသွား ကိုရော ဂရုစိုက်ဖို့ လိုအပ် ပါတယ် ။

ဒီပုံလေးက အပေါ်ကပုံနဲ့ ယှဉ်ကြည့် လိုက်ရင် တော်တော် ကြည့်ရ ဆိုးပါတယ်။ ဘာဖြစ် နေလို့လဲ။ သွားပိုး စားနေတာပါ ။

သွားပိုး စားတယ် ဆိုတာက ကလေးတွေမှာ အဖြစ်များ ပါတယ်။ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်တဲ့ ဆယ်ကျော်သက် ၊ လူလတ်ပိုင်း ၊ လူကြီး တွေမှာလဲ တွေ့ရ တတ်ပါတယ်။ သွား ဆုံးရှုံး စေတဲ့ ၊ သွားနှုတ်ရတဲ့ အဓိက အကြောင်း အရင်း တစ်ခုက သွား ပိုးစား တာ ကြောင့်ပါ။ သွား ပိုးစားတယ် ဆိုတဲ့ စကား အတိုင်း ခံတွင်းထဲမှာ ဘက်တီးရီးယား ဆိုတဲ့ ပိုးတွေ ပုံမှန် အားဖြင့် ရှိနေ ကြပါတယ်။
ပိုးတွေ ကတော့ သွားကို ကိုယ်တိုင် မစားပါဘူး ။ အဲဒီပိုး တွေက ခံတွင်းမှာ အစာစားပြီး ကျန်ခဲ့တဲ့ အချိုဓာတ် ၊ သကြားဓာတ်တွေကို အက်စစ် အဖြစ် ပြောင်းပစ် လိုက်ပါတယ်။

ခံတွင်းထဲက စားကြွင်း စားကျန်ရယ်၊ တံတွေးရယ်၊ အက်ဆစ် ဓာတ်တွေ ရယ် ပေါင်းပြီး သွားချေး အဖြစ် သွားနဲ့ သွားဖုံးကြား မှာ ကပ်ငြိ နေတက် ကြပါတယ်။ အထူးသဖြင့် ခံတွင်း နောက်ပိုင်း အံသွား တွေ နေရာမှာ တွေ့ရ တက်ပါတယ်။ အစာစားပြီး မိနစ် ၂၀ လောက် အတွင်းမှာကို ဘက်တီးရီးယား ပိုးတွေက အချိုဓာတ် တွေကို အက်ဆစ်ဓာတ် အဖြစ် ပြောင်းလဲပြီး သွားရဲ့အပေါ်ယံ ကြွေလွှာ ကို တိုက်စား ပါတယ်။ သွားရဲ့ မျက်နှာပြင်မှာ အပေါက် လေးတွေ၊ အခေါင်း ပေါက်တွေ ဖြစ်အောင် တိုက်စား ပေမယ့် နာကျင်ခြင်း မရှိပါဘူး ။

ဒီပုံလေး ကတော့ ထက်ပိုင်း ဖြတ်ထားတဲ့ သွားက အလွှာတွေကို သွားပိုးစားပုံကို သရုပ်ဖော် ထားတာပါ။ ထူထဲလှတဲ့ အဖြူရောင် ကြွေသွားလွှာ ကို တိုက်စား ပြီးမှ သွားရဲ့ အတွင်းပိုင်း အာရုံကြော တွေဆီကို ရောက်မှ နာကျင်တာ၊ သွားကိုက်တာ တွေ ဖြစ်လာ မှာပါ ။
ပိုးစားနေတဲ့ သွားမှာ အခေါင်းပေါက်တွေ ဖြစ်လာပြီး အစား ၀င်သွားတဲ့ အခါ မခံ မရပ်နိုင်အောင် နာကျင် တတ်ပါတယ် ။အပူ အအေး ၊ အချို စတာတွေကို စားသောက်ပြီးတဲ့ အခါမှာ သွားကိုက် တာတွေ၊ စာကောင်းကောင်း မစားနိုင် တာတွေ ဖြစ်တတ် ပါတယ်။ သွား ပိုးစားတာကို ကုသနည်းရဲ့ အဓိက ရည်ရွယ်ချက် ကတော့ ပိုးစားနေတဲ့ သွားကို မနှုတ်ရအောင် တက်နိုင် သမျှ ထိန်းသိမ်း ခြင်းပဲ ဖြစ် ပါတယ်။

သွား ဆရာဝန်တွေ အနေနဲ့ ပိုးစား နေတဲ့အပိုင်းကို ဖယ်ထုတ်ပြီး သွား အခေါင်းပေါက်ကို ဖာထေးခြင်း၊ အဖုံးစွပ်ခြင်း ၊ သွား အကြော ထုတ် ကုသခြင်း စတဲ့ နည်းတွေနဲ့ ပိုးစား နေတဲ့ သွားကို အတတ်နိုင်ဆုံး ထိန်းသိမ်း ကြပါတယ်။ နောက်ဆုံး အခြေအနေမှ သွား နှုတ် လိုက်ရ တာပါ။ သွား ပိုးစားတာကနေ ရောဂါပိုး ၀င်ပြီး သွားဖုံး ရောင်ယမ်း နေတာ အတွက် အရောင်ကျ ဆေးတွေ ၊ သွား ကိုက်တာ အတွက် အနာ ပျောက်ဆေးတွေ နဲ့ ကုသဖို့ လိုအပ်ပါတယ်။ သွား ပိုးစားတာကို အချိန်မီ ကုသမှု မရှိဘူး ဆိုရင် သွားဖုံး ပြည်တည် တာတွေ ၊ သွားကျွတ်ထွက် တာတွေ ဖြစ်လာနိုင်လို့ အချိန်မီ ကုသဖို့ အရေးကြီး ပါတယ် ။

သွားဟာ အစာဝါးဖို့ အတွက် တင်မကပဲ စကား ပီသမှုတို့ အတွက်ပါ အရေးပါ လှပါတယ်။ အံသွား တွေမရှိခဲ့ ရင် ပါးချောင် တွေကျပြီး မျက်နှာ ရုပ်သွင်ပြင် ပါ ပြောင်းလဲ သွားနိုင်ပါတယ် ။ သွား နဲ့ ခံတွင်းသန့်ရှင်းရေးကို တော်တော်များများက သတိထားလေ့မရှိပါဘူး ။ သွား ပိုးစား တာကလဲ အစပိုင်းမှာ နာကျင်မှု မရှိတာ ကြောင့် ပေါ့ပေါ့ ဆဆ နေလေ့ ရှိပြီး သွားကိုက် ဝေဒနာကို ခံစား လာရမှ သွား ကျန်းမာရေး ကို ဂရုစိုက်ဖို့ သတိပြု လာကြပါတယ်။ သွားတွေ ဆုံးရှုံး သွားပြီမှ သွားတု စိုက်တာတွေ ၊ အံကပ် တာတွေ အသုံးပြု ရတဲ့ အချိန် ရောက်မှ သွား အစစ် တစ်ချောင်းရဲ့ တန်ဖိုးကို သိရှိ လာကြပါတယ်။ အဲဒီအချိန်မှ သွားအစစ် တစ်ချောင်း ပြန်လိုချင်လို့ မရတော့ ပါဘူး။ မိမိ ခံတွင်းထဲမှာ ရှိတဲ့ သွားတွေကို ပုံမှန် ဂရုစိုက် သန့်ရှင်းရေး လုပ်နေမယ် ဆိုရင် အဲဒီ ဒုက္ခတွေကို ကြုံတွေ့ ရမှာ မဟုတ်ပါဘူး။

အဓိက ကတော့ သွားတိုက် ရပါမယ် ၊ ပုံမှန် ပြုလုပ် ရပါမယ်။ မနက် ၊ ည ပုံမှန် သွားတိုက်ခြင်း အပြင် အစာစား ပြီးတဲ့နောက် ( အထူး သဖြင့် အချို စားပြီး နောက် ) သွားတိုက်ခြင်း ၊ အာလုပ် ကျင်းခြင်းဖြင့် ခံတွင်းထဲမှာ စားကြွင်း စားကျန်တွေ မကျန်အောင် ပြုလုပ် ပေးရပါမယ် ။

ကလေး တွေရဲ့ ခံတွင်း သန့်ရှင်းရေး ကို မိဘတွေက ဂရုတစိုက် ပြုလုပ် ပေးဖို့ လိုအပ် ပါတယ်။ Fluoride ပါတဲ့ သွားတိုက် ဆေးတွေ ဟာ သွား ပိုးစားတာကို ကာကွယ် တိုက်ဖျက် ပေးနိုင် တာမို့ အသုံးပြု သင့်ပါတယ်။ သွားဘက် ဆိုင်ရာ ဆရာဝန်တွေနဲ့ နှစ်စဉ် ပြသပြီး သွား ကျန်းမာရေး ကို စစ်ဆေး သင့်ပါတယ်။

ခံတွင်းကို ပုံမှန် သန့်ရှင်းရေး ပြုလုပ်ပေးခြင်းဖြင့် သွားတွေ ကျန်းမာ ကြံ့ခိုင် စေသလို အာခံတွင်း ရနံ့လဲ သင်းပျံ့ စေမှာပါ။ သင့် ခံတွင်း ထဲမှာ ရှိတဲ့ အဖိုးတန် လှတဲ့ သွားတွေကို ပစ်မထား ပါနဲ့။ မေ့နေရင်လဲ အခုအချိန်ကစပြီး ဂရုစိုက်ဖို့ အချိန်မှီ ပါသေး တယ်။ အစာ စားပြီး တဲ့ အခါပုံမှန် သန့်ရှင်းရေးပြုလုပ်ပေးခြင်းဖြင့် သင့်သွားတွေကို စောင့်ရှောက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဒါမှသာ သင်းပျံ့တဲ့ အပြုံး လေးတွေကို ထာဝစဉ် ပိုင်ဆိုင် နိုင်ကြမှာပါ ။

Dr Zero

မြန်မာသီချင်း ရေဒီယိုလေး




အမှန်ကတော့ အွန်လိုင်းမှာ ရေဒီယိုဖန်တီးဖို့ဆိုတာ ငွေလိုပါတယ်။ Hosting site နဲ့ Server တွေကို ငွေပေးရပါမယ်။ အခုဟာက အင်တာနက်မှာ ဖရီး ရတဲ့ဟာတွေနဲ့ စုပေါင်းစပ်ပေါင်း လုပ်ပြီး Playlist ဖန်တီးထားတဲ့သဘောပါ။ ရေဒီယို အတုလေး ဖြစ်ပါတယ်။ သီချင်းတွေ ထပ်ထည့်ပေးပါမယ်။