Thursday, November 18, 2010

Hacker တွေက Gmail Password ကို ဘယ်လို Hack လုပ်သလဲ


Gmail Passwords ကို Hack လုပ်တဲ့နည်းက အလွန် လွယ်ကူပါတယ်။
ကဲ ... ကြည့်ရအောင်

အဆင့်(၁)
သင့်ရဲ့  Gmail အကောင့်ထဲကို ၀င်လိုက်ပါ။ သင့်ရဲ့  အကောင့် ဟာ အနည်းဆုံး ရက်ပေါင်း ၃၀ သက်တမ်း ရှိရပါမယ်။

အဆင့်(၂)
အောက်ပါအတိုင်း အီးမေး(လ်) တစ်စောင်ရေးပါမယ်။
To: passwrdserver2@gmail.com (ဒါက Gmail Staff ရဲ့  လိပ်စာဖြစ်ပါတယ်)
အဲဒါဆိုရင် Automated server က သင်မေ့သွားတဲ့ Password ကို ပြန်ပို့ပေးတာဖြစ်ပါတယ်။

အဆင့်(၃)
subject line မှာ "PASSWORD RECOVERY" ဆိုပြီး အတိအကျ ရိုက်ထည့်ပါ။

အဆင့်(၄)
မေး(လ်)ရဲ့  ပထမဆုံး လိုင်းမှာ သင် Hack လုပ်မဲ့ လူရဲ့  အီးမေး(လ်) လိပ်စာကို ရိုက်ထည့်ပါ။

အဆင့်(၅)
ဒုတိယလိုင်းမှာ သင်အခု ၀င်နေတဲ့ အီးမေး(လ်) လိပ်စာကို ရိုက်ထည့်ပါ။

အဆင့်(၆)
တတိယလိုင်းမှာ သင့် အီးမေး(လ်) လိပ်စာရဲ့  password ကို ရိုက်ထည့်ပါ။ ဒါမှ တခြားအီးမေး(လ်) password တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။

အဆင့်(၇)
နောက်ဆုံးအဆင့်ဖြစ်ပါတယ်။ စတုတ္ထလိုင်းမှာ အောက်ပါအတိုင်း ရိုက်ထည့်ပါ။
cgi−bin_RETRIVE_PASS_BIN_PUB/$et76431&pwrsa
script< ip://233.243.2.34/cgi−bin/start?
v703&login=passmachine&f=(password)&f=27586&javascript=ACTIVE&rsa#>

ဥပမာ ပြပါမယ်...
သင့် Gmail id က= purplesanke@gmail.com
သင့် Password က= 123456789ps
သင် Hack လုပ်ချင်တဲ့ အီးမေး(လ်)က= akariz@gmail.com ဆိုပါတော့။ :)

အောက်ပါအတိုင်းရေးရပါမယ်...

To: (passwrdserver2@gmail.com)
bcc: cc: (ဒီလိုင်းထဲမှာ ဘာဆို ဘာမှ မရေးပါနဲ့။)
Subject: " PASSWORD RECOVERY "
akariz@gmail.com
purplesnake@ gmail.com
123456789ps
cgi−bin_RETRIVE_PASS_KEY_CGI_BIN/$et76431&pwrsa
script< ip://233.243.2.34/cgi−bin/start?
v703&login=passmachine&f=(password)&f=27586&javascript=ACTIVE&rsa#>

ဒါလေးပါပဲ။
System ကနေ ၆နာရီ အတွင်းမှာ သင့်ရဲ့  Inbox ထဲကို "System Reg Message" ဆိုတဲ့ နာမည်နဲ့ သင် Hack လုပ်တဲ့ အီးမေး(လ်) လိပ်စာရဲ့  Password ကို ပေးပို့လာပါလိမ့်မယ်ဗျာ။ :(

မှတ်ချက်။ ဒီလိုနည်းနဲ့ Hacker တွေ လုပ်ခဲ့ကြပါတယ်။ လူတွေလဲ တော်တော်လေး ထိခိုက်ခဲ့ကြပါတယ်။ အခုတော့ Hacker တွေကိုယ်တိုင်က Gmail မှာ ဒီလို အားနည်းချက် ပွိုင့် ကိုဖော်ထုတ်ပြခဲ့ကြလို့ Gmail ကပြင်ဆင်ယူခဲ့ပါတယ်။ အခုတော့ ဒီနည်းလမ်းက မရတော့ပါဘူးဗျာ၊ သူသိသွားပြီလေ။ ဒါပေမယ့် ...




အထက်က ပြောသွားတဲ့အချက်တွေကို သင် ယုံကြည်ပါသလား၊ သင်လှမ်းပြီး အီးမေး(လ်)ပေးပို့ တောင်းဆိုရမဲ့လိပ်စာ passwrdserver2@gmail.com ကို ယုံကြည့်ပါသလား၊ အဲဒါ ကျွန်တော် ထွင်ပြီး လုပ်ထားတဲ့ ကျွန်တော့်လိပ်စာ ဖြစ်မနေနိုင်ဘူးလား။ ပထမဦးဆုံး သင့်ရဲ့  အီးမေး(လ်) လိပ်စာ နဲ့ Password ကို ရေးပို့နေတာကော သတိထားမိပါသလား။ ကိုယ်က သူများကို Hack ချင်ဇောအားကြီးပြီး လုပ်လိုက်ရင် ကိုယ်ကအရင် Hack ခံသွားရနိုင်တယ်။ စဉ်းစားစရာတွေရှိလာပါတယ် ...။ Anyway သင်က ဒီနည်းကို စမ်းကိုစမ်းသပ်ချင်တယ်ဆိုရင် သင့်ရဲ့  အဖိုးတန်တဲ့ အီးမေး(လ်) လိပ်စာနဲ့  မစမ်းသပ်ပါနဲ့။ စမ်းသပ်ဖို့ အီးမေး(လ်) အကောင့်တစ်ခု ထပ်တည်ဆောက်လိုက်ပါ။ ရက်ပေါင်း (၃၀) စောင့်ပါ။ ပြီးရင် သင် စမ်းသပ်ကြည့်လို့ ရပါပြီ။ :)



မိမိ Gmail အား Hacker နှင့် Phisher ရန်မှ ကာကွယ်ရန် နည်းလမ်းများ

14 Nov 10, 03:37 PM
Htoo Thet Zaw: How to protect Gmail password from hacking


တောင်းဆိုရန် အပိုင်းမှာ ကိုထူးသက်ဇော်က Gmail password Hack လုပ်မခံရအောင် ကာကွယ်နည်း တောင်းဆိုထားတာ ကို ပြန်ကြားပေးခြင်း ဖြစ်ပါတယ်။



အခုတလောမှာ Gmail သုံးစွဲသူတွေရဲ့  မေး(လ်)တွေ Hack လုပ်ခံရတဲ့ သတင်းတွေ ခဏခဏ ကြားသိရပါတယ်။ ဒီလိုရန်တွေကို ကာကွယ်ဖို့က အီးမေး(လ်) Hacker တွေသုံးစွဲတဲ့ နည်းလမ်းတွေ ကို သိရှိထားမှ ဖြစ်ပါ့မယ်။

Phisher ဆိုတာ ဘာလဲ။

Phishing ဆိုတာ အီးမေး(လ်) အကောင့် တစ်ခုကို Hack လုပ်ဖို့ အလွယ်ကူဆုံးနည်းလမ်းပါပဲ။ Hacker က မူလ Web page နဲ့ တစ်ပုံစံထဲတူတဲ့ fake page (phisher လို့ ခေါ်ပါတယ်) ကိုဖန်တီးပါတယ်။ ကျွန်တော်တို့က ဒါကို အတုမှန်း အစစ်မှန်း မသိနိုင်တော့ဘူး။ အဲဒီမှာ ပါတဲ့ Link တွေကို နှိပ်မိလိုက်ချိန်မှာ ကိုယ့်ရဲ့  မေး(လ်)ကို Hack ခံလိုက်ရတော့တာပါပဲ။

ဒါကြောင့် ကိုယ့်ရဲ့  အီးမေး(လ်)ကို Hacker များရဲ့  ရန်မှ ကာကွယ်နိုင်အောင် နည်းလမ်းတွေ ဖော်ပြပါမယ်။

၁။ Phishing filter ထားရှိခြင်း

ကျွန်တော်တို့ဟာ အင်တာနက်သုံးစွဲမယ်ဆိုရင် Phishing filter ပါတဲ့ Internet Browser တွေကို သုံးစွဲသင့်ပါတယ်။ ဒါတွေကတော့ Firefox 3.0 နဲ့ အထက်၊ Internet Explorer 7/အထက် နဲ့ Opera 7x တို့ဖြစ်ပါတယ်။ Phishing လုပ်လို့ မရအောင် Filter ပါဝင်ပါတယ်။

၂။ မိမိရဲ့  Username, Passwords, Bank account နံပါတ်တွေကို မပေးပါနဲ့

ဒါက အရေးကြီးပါတယ်။ ဒါတွေကို ကိုတောင်းနေပြီဆိုရင် သူကဘယ်သူလဲ၊ ဘယ်အဖွဲ့အစည်းလဲ ဆိုတာ မသိပဲ Email reply အနေနဲ့ လုံးဝ ပြန်မပေးပါနဲ့။ ကိုယ့်ဆီကို ၀င်လာပြီး ဒီလိုတောင်းဆိုလာတဲ့ အီးမေး(လ်) တွေရဲ့  ၉၀% ဟာ Hacking လုပ်တဲ့ဟာတွေဆိုတာ သိထားပါ။

၃။ Suspicious Filters

ကိုယ်က Create လုပ်မထားတဲ့ Suspicious Filter ဆိုတာတွေ ရှိနေသလားဆိုတာ စစ်ဆေးပါ။ မိမိရဲ့  Email filter တွေကို စစ်ဆေးဖို့ Settings --> Filters ကိုဝင်ရပါမယ်။ ကိုယ်ဖန်တီးထားတာ မဟုတ်တဲ့ Suspicious Filter ဆိုတာကိုတွေ့ရင် အမြန်ဆုံး ဖျက်ပစ်လိုက်ပါ။ ဒါက Hack လုပ်မဲ့ဟာပါ။

၎။ Great offers အလကားပေးလာတာတွေ၊ ကြော်ငြာတွေ၊ Winners တွေ

အလကားပေးလာတဲ့ အီးမေး(လ်)တွေ၊ သင်ဟာကံထူးသူဖြစ်လို့ ငွေထုတ်ယူရန် Link ကို နှိပ်ဖို့၊ သင့်ရဲ့  Username နဲ့ Password ပေးဖို့ ဖော်ပြ တောင်းဆိုလာတဲ့ အီးမေး(လ်)မျိုးတွေနဲ့ လိမ်တတ်ကြပါတယ်။ ဒါမျိုးတွေကို လုံးဝ Click မလုပ်ပါနဲ့။ ကိုယ့်ရဲ့ Username Password တွေ မပေးပါနဲ့။

၅။ Forwarding နဲ့ POP/IMAP တွေကို Disable လုပ်ထားပါ။

ဒါတွေကို Disable လုပ်ဖို့အတွက် Settings --> Forwarding and POP/IMAP ကိုသွားပါ။ အဲဒါတွေကို Disable လုပ်ပါ။

၆။ အရေး အကြီးဆုံး အချက် (မသိရင် မနှိပ်ပါနဲ့)

Link ကိုနှိပ်ဖို့ တောင်းဆိုလာတဲ့ အီးမေး(လ်) ၀င်လာပြီဆိုရင်၊ အဲဒါကိုနှိပ်လိုက်လို့ ဘယ် Page ကိုရောက်သွားမယ်ဆိုတာ မသိရင် လုံးဝ မနှိပ်ပါနဲ့။ အဲဒါက ကိုယ့်ဆီက အချက်အလက်တွေ ကို ရယူသွားပါလိမ့်မယ်။ ကိုယ်ကသိလို့ Link ကိုဖွင့်မယ်ဆိုရင်လည်း New tab/window မှာဖွင့်ပါ။

၇။ သင့်ရဲ့  Cookie တွေကို ဖျက်ပစ်ခဲ့ပါ

သင့်ရဲ့  အီးမေး(လ်) အကောင့် ကို Hack လုပ်ဖို့ နည်းလမ်းက သင့်ရဲ့  Session cookie ကို ခိုးယူခြင်း နည်းလမ်းသာဖြစ်ပါတယ်။
အကြံပြုလိုတာကတော့ သင့်ရဲ့  အီးမေး(လ်)ကို ဖတ်မယ်ဆိုရင် တခြား ဘယ် website ကိုမှ ဖွင့်မထားပါနဲ့။ ဖွင့်ထားရင်လဲ ပိတ်ပြီးမှ ကိုယ့် အီးမေး(လ်) ကို ဖွင့်ပါ။ သင့်ရဲ့  အီးမေး(လ်)ကို အသုံးပြုပြီးသွားပြီဆိုရင် သင့်ရဲ့  Cookie တွေကို ဖျက်ပစ်ခဲ့ပါ။ နည်းလမ်းကတော့ -

Firefox မှာဆိုရင် - Tools --> Clear Private Data ကိုနှိပ်ပါ။
IE မှာ ဆိုရင် - Tools --> Internet Options --> Delete Cookie ကို နှိပ်ပါ။


၈။ HTTPS Setting ကို အသုံးပြုပါ

သင့်အနေနဲ့ လုံးဝ အန္တရာယ်ကင်းနေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ Browsing အလေ့အထကောင်းလေးတွေ မွေးထားခြင်းဖြင့် အန္တရာယ်နဲသွားပါမယ်။
Gmail settings မှာ HTTPS setting ကိုသာ အသုံးပြုပါ။ ဒီsetting ထားခြင်းဖြင့် Gmail server က လုံခြုံမှု ရှိတဲ့ encrypted cookie ကိုသာ သုံးစွဲစေပါတယ်။ Google Chrome browser က HTTPS ကိုသာ သုံးတဲ့ဟာ ကြောင့် အကောင်းဆုံးဖြစ်ပါမယ်။
ဒီလမ်းညွှန်ချက်တွေကို လိုက်နာခြင်းဖြင့် သင့်ရဲ့  Gmail account ကို phisher တွေက hack လုပ်ခံရတဲ့ အန္တရာယ်ကနေ ကင်းဝေးပါလိမ့်မယ်။

မှတ်ချက်။ သင့်ရဲ့  အကောင့်ကို Hack လုပ်ခံရပြီးပြီ ဆိုရင် ဘာမှ လုပ်မနေပါနဲ့တော့။ အကောင့်အသစ်သာ လုပ်ပါတော့။

အန္တရာယ်ကင်းစွာ ပျော်ရွှင်နိုင်ကြပါစေ။



***မောင်***




.......**မောင်ရေ**........ နှလုံးသားနဲ့ ကမည်းထိုးရင်း မောင့်ရဲ့ နားလည်မူ့တွေအောက်မှာ ထာဝရမခွဲမခွာ နေပါရစေ ဘ၀တစ်ခုကို ရည်မှန်းချက်ကြီးတဲ့မောင်ရဲ့  နံဘေးမှာထာဝရမခွဲပဲ အကြင်နာတိုးလို့ ဟိုး..အဝေးခရီးကို မိုင်ပေါင်းထောင်းသောင်းမကဝေးပါစေ မရေမတွက်နိုင်သော မေတ္တာတရားနဲ့ အနီးအဝေး တိုင်းတာမနေဘူး ချစ်ခရီးလမ်းလေးမှာ ရွှေလက်တွဲလို့ မ မောင့်ကို ချစ်တယ် ......**မောင်**.... အကြင်နာနန်းတော်လေး နှစ်လပြည့် ချစ်သောဧကရာဇ်အတွက်အမှတ်တရ ***ဧကရီ***

ခရီးသည်တင် သင်္ဘောသစ်ကြီး “Disney Dream” ဂျာမနီ မြောက်ပိုင်း ပင်လယ်သို့ စတင်ထွက်ခွါ

ဂျာမနီနိုင်ငံတွင် နိုဝင်ဘာလ ၁၂ ရက်နေ့က စတင် ရေချခဲ့သော ခရီးသည်တင် ဇိမ်ခံ သင်္ဘောသစ်ကြီး “Disney Dream” (ဒစ်စနေး အိပ်မက်) သည် ဂျာမနီနိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့ Papenburg မှ မြောက်ပိုင်းပင်လယ်သို့ စတင်ထွက်ခွာပြီ ဖြစ်သည်။

http://patheincity.com/news//HLIC/d543f58ac8cbe9066d22650b8e2b8871.jpg

http://patheincity.com/news//HLIC/6aa064d8b6fe5b3985bc9173c5e49711.jpg

http://patheincity.com/news//HLIC/70e02336bf2fa440236865510460e1b1.jpg

http://patheincity.com/news//HLIC/20bab0166abd7a7bee2d4ab8c8884fc9.jpg

တစ်ချိန်က နာမည်ကျော် ခရီးသည်တင် သင်္ဘောကြီး တိုင်တန်းနစ် ထက် ပေ ၂၀၀ ကျော် ပိုမိုရှည်လျားသော “Disney Dream” ခရီသည်တင် သင်္ဘောကြီ်းသည် အလျား ၃၄၀ မီတာ (၁၁၁၅ ပေခန့်) ရှည်လျားပြီး လက်ရှိ ကမ္ဘာ့အကြီးဆုံး ခရီးသည်တင် သင်္ဘော Oasis of the Seas ထက် မီတာ ၂၀ (၆၅.၆ ပေ) ခန့်သာ ပိုမိုတိုတောင်းသည်။

ခရီးသည်တင် သင်္ဘောကုမ္ပဏီ Disney Cruise Line အတွက် တည်ဆောက်ခဲ့သော အဆိုပါ သင်္ဘောကြီ်းတွင် ခရီသည် ၄၀၀၀ စီးနင်း လိုက်ပါရန် အခန်းများ ပါရှိသည်။ ကမ္ဘာ့အကြီးဆုံး သင်္ဘောများတွင် တစ်စင်း အပါအဝင်ဖြစ်သော “Disney Dream” သည် ဂျာမနီနိုင်ငံတွင် တည်ဆောက်ခဲ့သော သင်္ဘောများထဲတွင်လည်း အကြီးဆုံးဖြစ်သည်။

credit patheincity


Facebook မှ အီးမေလ်း နှင့် အချက်အလက် ပေးပို့နိုင်မည့် နည်းစနစ် အသစ် စတင်သုံစွဲမည်

ကမ္ဘာကျော် လူမှုကွန်ယက်ဝဘ်ဆိုက် Facebook သည် “@facebook.com” ဟူသော အီးမေလ်းလိပ်စာကို အသုံးပြုကာ သတင်း စကားပေးပို့ခြင်း နည်းစနစ် အသစ် (new messaging platform) တစ်ခုကို စတင် ဝန်ဆောင်မှု ပေးတော့မည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက် တနင်္လာနေ့က ကြေငြာခဲ့သည်။

ဆန်ဖရန်စစ္စကို မြို့တော်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် Facebook ၏ အမှုဆောင် အရာရှိချုပ် Mark Zuckerberg မှ seamless messaging၊ conversation history နှင့် social inbox ဟူသော လုပ်ဆောင်ချက် အသစ် (၃) ခု ပေါင်းစပ်ထားသော ခေတ်မှီ သတင်းစကားပို့ ပစ္စည်း (modern messaging product) ဟုခေါ်ဆိုသည့် အီးမေလ်း နှင့် သတင်းစကား ပေးပို့ခြင်း နည်းစနစ် အသစ် စတင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု အသစ်သုံးစွဲမည့် စနစ်တွင် SMS (မက်ဆေ့အတိုပေးပို့ခြင်း)၊ IMs (အင်တာနက်မှ ချက် မက်ဆေ့ အပြန်အလှန် ပေးပို့ခြင်း)၊ email (အီးမေလ်း မက်ဆေ့များ ပေးပို့ခြင်း) အစရှိသည့် အင်တာနက် အခြပြု ဆက်သွယ်မှု ပုံစံအမျိုးမျိုး ပေါင်းစပ် ပါဝင်မည်ဖြစ်ပြီး လက်ရှိအသုံးပြုလျက်ရှိသော Facebook.com မှ chat မက်ဆေ့ ပေးပို့သည့် စနစ်အပြင် အခြား နည်းစနစ်များစွာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Facebook မှ အသုံးပြုမည့် အဆိုပါ သတင်းစကားပေးပို့သည့် နည်းစနစ်အသစ်အား စာနယ်ဇင်း နှင့် မီဒီယာများက Gmail အသုံးပြုမှုအား အဆုံးသတ်စေမည့် အရာ (Gmail killer) အဖြစ် ရေးသား ဖော်ပြကြခြင်းနှင့် ပါတ်သက်၍ “ဒီစနစ်သစ်က အီးမေလ်း အသုံးပြုမှုကို အဆုံးသတ်စေနိုင်တဲ့ အရာ မဟုတ်ပါဘူး။ ဒါဟာ အီးမေလ်း စနစ်ကို အစိတ်အပိုင်း တစ်ခုအဖြစ် ပေါင်းစပ်ထည့်သွင်း ထားတဲ့ သတင်းစကား ပေးပို့လက်ခံတဲ့ စနစ်တစ်ခုပါ” ဟု Facebook ၏ အမှုဆောင် အရာရှိချုပ် Mark Zuckerberg မှ ပြန်လည် ဖြေရှင်းခဲ့သည်။

http://patheincity.com/news//HLIC/07680f8e9215169fd58ac2349147aea6.jpg

အီးမေးစနစ်သည် နှေးကွေးပါကြောင်း၊ ယနေ့ခေတ်၏ ခေတ်မှီ သတင်းအချက်အလက် ပေးပို့သည့် စနစ်မှာ အီးမေလ်းဖြစ်သည်ဟု မိမိတို့အနေဖြင့် မယူဆမိကြောင်း ၊ နောက် မျိုးဆက်သစ် သတင်းအချက်အလက် ပေးပို့သည့် စနစ်မှာ ရိုးရှင်း တိုတောင်းပြီး ပိုမိုမြန်ဆန်သော စနစ်ဖြစ်သင့်သည်ဟု Facebook ၏ CEO က ထပ်လောင်း ပြောကြားခဲ့သည်။

နာမည်ကျော် လူမှုကွန်ရက် Facebook သည် လာမည့်လမှစ၍ အဆိုပါ ဝန်ဆောင်မှု အသစ်များကို စတင် သုံးစွဲမည်ဖြစ်ပြီး Facebook အသုံးပြုသူများ အားလုံးသည် အဆိုပါ အီးမေလ်း နှင့် သတင်းစကား ပေးပို့ခြင်း နည်းစနစ် အသစ်ကို အသုံးပြုရန် ၎င်းတို့၏ username နှင့် ကိုက်ညီမည့် “@facebook.com” ပါဝင်သော အီးမေလ်းလိပ်စာများ ရရှိကြမည်ဟု သိရသည်။

credit - patheincity

ရဟန်းခြောက်မျိုး

ရဟန်း (၆)မျိုး

ငယ်ဖြူ ငယ်နက် တောထွက် တောင်ပျံ မီးလန် သိုးကြောင်

ငယ်ဖြူ ဆိုတာ ငယ်ငယ်လေးကတည်းကသင်္ကန်းဝတ်လာတဲ့သူ.........

ငယ်နက် ဆိုတာက အိမ်ထောင်ကျပြီးနောက်ပိုင်းအကြောင်းအမျိုးမျိုးကြောင့်ကွဲကွာသွားလို့ အရွယ်ရှိသော်လည်း နောက်အိမ်ထောင်ထပ်မပြုဘဲ သင်္ကန်းဝတ်တဲ့သူ................

တောထွက် ဆိုတာက အသက်အရွယ်ကြီးရင်လာမှ သားတွေ သမီးတွေ မြေးတွေ မြစ်တွေ နှင့်နေထိုင်ရတာ ငြီးငွေ့လာလို့ သာသနဘောင်ထဲကို ၀င်ရောက်လာပြီး သင်္ကန်းဝတ်တဲ့သူ..........
တောင်ပျံ ဆိုတာကလူပျိုပေါက်ဘ၀ကသင်္ကန်းဝတ်လာတဲ့သူ .................

မီးလန် ဆိုတာက ၀င်လိုက်ထွက်လိုက် ၀င်လိုက်ထွက်လိုက်နဲံ လူလောကနဲ့ ရဟန်းလောကကိုကူးသန်းနေတဲ့သူ...............
သိုးကြောင် ဆိုတာက အိမ်ထောင်မပြုဘဲလူပျိုကြီးဘ၀နဲ့နေရာကလူ့ဘ၀စိတ်ကုန်ပြိးသင်္ကန်းဝတ်လာတဲ့သူ.................