Monday, November 22, 2010

တစ်လတစ်ခါ စိတ်ညစ်ရတဲ့ ပျိုပျိုမေ တွေ ဖတ်ကြည့်ပါ။



အာလုံးမင်္ဂလာပါရှင့်။ဒီနေ့တော့ ဧကရီ အထူးအစီအစဉ်လေးတစ်ခုအနေနဲ့ ဒီပို့စ်လေးကို
အကိုကြီး ဒေါက်တာညီညီလွင် နဲ့ မိန်းခလေးတို့ အများစု ဖြစ်လေ့ဖြစ်ထရှိတဲ့ ရာသီသွေး
လာရင် ခံစားရတဲ့ ဝေဒနာ နဲ့ ပါတ်သက်ပြီးမေးမြန်းထားတာလေးတွေကို တင်ပြလိုက်ပါတယ်ရှင့်။


ကဲ...အရှက်အကြောက်ကြီးတဲ့ ပျိုပျိုမေလေးတွေကိုယ်စားပေါ့ ဧကရီမေးမြန်းထားတဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ဓမ္မတာကိစ္စလေးတွေ
ကို ဖတ်ကြည့် ရင်းဆောင်ရန်ရှောင်ရန်လေး ကိုမှတ်ထားလိုက်ကြတာပေါ့နော်.။

human-anatomy-vagina-400x320.jpg.

အကိုကြီးရေ..ညီမလေးဆေးပညာဗဟုသုတအနေနဲ့ မေးမြန်းချင်ပါတယ်။
ညီမလေးတို့ မိန်းခလေးအတော်များများပေါ့ ရာသီလာချိန်မှာ ခါးနာတာတွေ
နို့နာတာတွေ ဖြစ်တတ်ပါတယ်..တချို့ဆိုရင် ဗိုက်ထဲကမခံမရပ်နိုင်အောင်ထိုးနာ
တာတွေလည်းရှိတယ်လေ. နောက်ပြီး တချို့  မိန်းခလေးတွေကျပြန်တော့လည်း
သူ့နံဘေး က ဖြတ်သွားမိရင် သွေးညှိနံ့ တွေ ရတတ်တယ်။

အဲဒါလေးနဲ့ ပါတ်သက်ပြီးတော့ အကိုကြီးအနေနဲ့ ဆောင်ရန် ရှောင်ရန်လေးပြောပြပေးပါနော်။

ဓမ္မတာလာစဉ် ဘာကြောင့် ဆိုးဝါးတဲ့ အနံ့အသက်တွေ ဖြစ်ပေါ်လာရခြင်း။

သွေးမှာကိုက အနံ့ရှိနေပြီးသားပါ။ သွေးနံ့ပေါ့။ တကယ်လို့ ရာသီလာစဉ် သွေးနံ့တင် မကတော့ပဲ ဆိုးဝါးတဲ့ အနံ့အသက်တွေ ရှိနေရင်တော့ 

မိန်းမကိုယ်ထဲမှာ E. coli လို့ခေါ်တဲ့ ဘက်တီးရီးယားပိုး ရောက်ရှိပေါက်ပွားနေလို့ပါ။ ပုံမှန်အားဖြင့် ဒီဘက်တီးရီးယားပိုးဟာ မိန်းမကိုယ်ထဲမှာ မရှိပါဘူး။ 

သူက အူလမ်းကြောင်း မစင်ထဲမှာ ရှိတာပါ။ စအိုဝနဲ့ မိန်းမကိုယ်ယောနိ အ၀ တို့ဟာ အလွန်နီးကပ်စွာ တည်ရှိနေလို့ ဒီဘက်တီးရီးယားပိုးတွေက 

မိန်းမကိုယ်ထဲကို ရောက်ရှိသွားနိုင်ပါတယ်။ ဒီပိုးတွေက မိန်းမကိုယ်ယောနိ (Vagina) ရဲ့  pH (အက်ဆစ်ဓာတ်) ပြောင်းလဲမှုဖြစ်စေတယ်၊ 

အခြားဘက်တီးရီးယားပိုးတွေ ထပ်မံပေါက်ပွားစေတယ်။ ဒီပိုးတွေကပဲ ဆိုးဝါးတဲ့ အနံ့အသက်တွေကို ထုတ်လွှတ်တာပါ။ မိန်းကလေးတစ်ယောက်ဟာ 

မစင်စွန့်ပြီး စအိုကို အရင်ဆေးမယ်၊ ပြီးရင် မိန်းမကိုယ်ကို ဆက်ပြီးဆေးမယ်ဆိုရင် ဒီပိုးက မိန်းမကိုယ်ထဲကို ရောက်သွားနိုင်ပါတယ်။ နောက်ပြီး 

ရာသီလာစဉ်သုံးတဲ့ Pad တွေကနေတဆင့်လဲ ကူးသွားနိုင်ပါတယ်။ အတွင်းခံဘောင်းဘီကနေလဲ တဆင့်ကူးသွားနိုင်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ယောနိ 

ရဲ့  pH က အက်ဆစ်ဓာတ်၊ အချဉ်ဓာတ်ပါ။ ဒီအချဉ်ဓာတ်က ယောနိထဲမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားမှုကို ကာကွယ်ပေးပါတယ်။ ရာသီလာချိန်မှာ 

ယောနိရဲ့  pH က အငန်ဓာတ် (Alkaline) ဘက်ကို ပြောင်းလဲသွားတတ်ပါတယ်။ ဒါဟာ ဘက်တီးရီးယားပိုးတွေပေါက်ပွားဖို့ အခွင့်သာစေပြီး အနံ့ဆိုးတွေ 

ဖြစ်ပေါ်စေပါတယ်။ ဒီလိုအနံ့တွေဆိုးနေရင် ဆရာဝန်နဲ့ ပြသပြီး ဘက်တီးရီးယားပိုးကို သုတ်သင်တဲ့ ပဋိဇီဝဆေးနဲ့ ကုသဖို့ လိုပါတယ်။ စအိုဝဘက်က 

ဘက်တီးရီးယားပိုးတွေ မိန်းမကိုယ်ထဲ ရောက်မသွားအောင် သတိပြု ဆင်ခြင်နေထိုင်ရပါမယ်။
=================================

ရာသီလာစဉ် ရင်သားများ နာကျင်ကိုက်ခဲခြင်း။

အနဲငယ်မျှ ကသိကအောက်ဖြစ်တာကနေ အရမ်းကိုကိုက်ခဲ နာကျင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

အကြောင်းရင်းများ

ရာသီလာစဉ် ဟော်မုန်းဓာတ်များ ပြောင်းလဲမှုကြောင့် ရင်သားအတွင်း ပြောင်းလဲမှုများ (Fibrocystic changes or duct ectasia) ဖြစ်ပေါ်လာလို့ 

နာကျင်ရခြင်း ဖြစ်ပါတယ်။ 

ကုသမှု

အကိုက်အခဲပျောက် လိမ်းဆေးများ (ဥပမာ Voltaren လိမ်းဆေး) လိမ်းခြင်း
အကိုက်အခဲပျောက် သောက်ဆေးများ သောက်ခြင်း (အစာအိမ်နာတတ်ပါတယ်၊ အစာစားပြီးမှ သောက်သင့်ပါတယ်။ အစာအိမ်မနာအောင် 

ကာကွယ်တဲ့ဆေးနဲ့ တွဲပြီး သောက်သင့်ပါတယ်။)
အကိုက်အခဲပျောက် ထိုးဆေး ထိုးခြင်း
ပရိုဂျက်စတီရုန်း ပါသော ကိုယ်ဝန်တားဆေး သောက်ခြင်း
ပရိုဂျက်စတီရုန်း လိမ်းဆေး လိမ်းခြင်း

Bromocriptine, Dostinex သောက်ဆေး
Danazol (low dose) သောက်ဆေး

(ကိုယ့်ဟာကိုယ် ဆိုရင်တော့ အကိုက်အခဲပျောက် လိမ်းဆေး၊ သောက်ဆေး လောက်ပဲ သုံးသင့်ပါတယ်။ အရမ်းနာနေရင် ဆရာဝန်နဲ့ ပြသ ကုသမှုခံယူပါ။)


(အခုလို စိတ်ရှည်စွာဖြေဆိုပေးတဲ့ ဒေါက်တာညီညီလွင်ကို အကြင်နာနန်းတော်မှ စာလာဖတ်ကြတဲ့ သူငယ်ချင်းများနဲ့ မိန်းခလေးတွေကိုယ်စား ဧကရီ အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။)

           (စာဖတ်သူရဲ့ အားပေးစကားလေးတစ်ခွန်းဟာ စာရေးသူတွေအတွက် ပို့စ်အသစ်လေးဖြစ်စေမဲ့ အားဆေးတစ်ခွက်ပါပဲရှင့်)

                                                              ခင်မင်လေးစားစွာဖြင့် ***ဧကရီ****

ကျောင်းသီချင်းများစုစည်းမှု – ၁

ကျောင်းသားဘ၀ကိုမနှစ်သက်/မလွမ်းမောတဲ့ သူရှိမယ်မထင်ပါဘူး။
သူငယ်ချင်းတွေနဲ့ကျောင်းကိုသတိရလို့ ဒီလက်ရွေးစင်လေးကိုတင်လိုက်ပါတယ်။
စုစည်းထားတာလေးတွေဆက်ပြီးတင်သွားပါဦးမယ်။
နာမည်ကိုတော့ ကျောင်းသီချင်းများစုစည်းမှု လို့ ပဲပေးလိုက်ပါရစေခင်ဗျာ။

၁။ ဝေဒနာပြူတင်းပေါက် Black Hole
၂။ သူငယ်ချင်းများကို NGIIK
၃။ သင်ခန်းစာ 101 စိုင်းစိုင်းခမ်းလှိုင် ၊ ကောင်းမြတ်
၎။ မင်းကျောင်းမတက်တဲ့နေ့  ဇော်ပိုင်
၅။ ကျောင်းပုံပြင် အဝေးကဧည့်ခန်း
၆။ အင်းလျားသို့  ဆင်ပေါက်
၇။ ကျောင်းဖွင့်စနေ့  လှိုင်ဦးမော်
၈။ ကျောင်းသီချင်း ရာစု
၉။ သူငယ်ချင်း ချစ်ကောင်း
၁၀။ သူငယ်ချင်းများစွာ စိုင်းစိုင်းခမ်းလှိုင်
၁၁။ သူငယ်ချင်းချစ်သူ အဲလက်စ်
၁၂။ အင်းလျားလမ်းကပန်းဆိုင် BIGBAG