Thursday, December 2, 2010
၂၀၁၀ ခုနှစ်မှာ လူကြိုက်အများဆုံး သီချင်း (၁၀)ပုဒ်
ရေဒီယို Station (၄၀) က ပရိတ်သတ်အကြိုက် သီချင်းတွေကို စစ်တမ်းကောက်ယူ လေ့လာထားတဲ့၊ ၂၀၁၀ ခုနှစ်အတွက် လူကြိုက်အများဆုံး သီချင်း (၁၀)ပုဒ်ပါ။ နားထောင်ကြည့်နော်။ :)
1. California Gurls - Katy Perry
2. Love the Way You Lie - Eminem
3. Nothin' on You - B.o.B
4. Break Your Heart - Taio Cruz
5. Need You Now (2010 Mix) - Lady Antebellum
6. Your Love Is My Drug - Kesha
7. Airplanes - B.o.B
8. OMG - Usher
9. Telephone - Lady GaGa
10. Rude Boy - Rihanna
Brief Mahasi Vipassana Method - မဟာစည် ၀ိပဿနာရှုနည်း အကျဉ်းချုပ်
လက်ဆောင်ရထားတဲ့ စာအုပ်လေး တစ်အုပ်ကို Scanဖတ်ပြီး eBookလုပ်ထားတာ ဖြစ်ပါတယ်။ အချိန်ရလို့ ဖတ်ကြည့်မယ်ဆိုရင် (၁၀)မိနစ်လောက်ပဲ အချိန်ကုန်ပါတယ်။ ဖတ်ကြည့်ပြီး စိတ်ဝင်စားတယ်ဆိုရင် စာအုပ်ထဲက ညွှန်ကြားချက်အတိုင်း တတ်နိုင်သလောက် ကျင့်သုံးကြည့်ကြပါ။
ငြိမ်းချမ်းကြပါစေ။
Window XP မှ Window Vista ပြောင်းကြည့်ကြမယ်။
Window XP ကို Window Vista သို့ပြောင်းချင်တဲ့ သူငယ်ချင်းတွေအတွက်ပါ။
အောက်က ဆော့ဝဲလ်လေးကို အင်စတော လုပ်ရုံလေးပါ။
File Size - 18.6 MB
Crack ၊ License ၊ Patch = မလိုပါ။
ဒီ software လေးကို Install လုပ်ပါ။
မသိသေးသူများအတွက်
အဆင်ပြေကြပါစေရှင့်။
***ဧကရီ****
model နိမ့်ကွန်ပြူတာတွေအတွက်ပါ။
ကွန်ပျူတာ မြန်ဆန်စေချင်
ကွန်ပျူတာ သုံးစွဲရာတွင် ပိုမိုမြန်ဆန်စေရန် အတွက် အောက်ပါ နည်းလမ်း နှစ်ခုကို လုပ်ဆောင်ပါ။အတိုင်းအတာ တစ်ခုအထိ မြန်ဆန်လာမှာ ဖြစ်ပါတယ်။
နည်းလမ်း(၁)
၁) Start မှ Run ကို ဖွင့်ပါ။
၂) regedit ကို ရိုက်ဖွင့်ပါ။ ပွင့်လာပါက HKEY_CURRENT_USER > Control > Desktop ကို Select
မှတ်ပါ။ ညာဘက်တွင် MenuShowDelay ကို Select မှတ်ပြီး Double Click လုပ်ပါ။ Value data တွင် 0
ပေးလိုက်ပါ။
နည်းလမ်း(၂)
၁) Start မှ Run ကို ဖွင့်ပါ။
၂) system.ini ကို ရိုက်ဖွင့်ပါ။ အောက်ပါပုံအတိုင်း ပေါ်လာပါလိမ့်မယ်။
၃) အောက်ဆုံးတွင် ယခု page buffer=100000kbps load=100000kbps Download=100000kbps
save=100000kbps back=100000kb စာသားကို Copy ကူးထည့်လိုက်ပါ။
၎) ပြီးလျှင် Save လုပ်ပြီး စက်ကို Restart လုပ်လိုက်ပါ။ စက်ပိုမို မြန်ဆန်လာမည်ကို သိရှိလာပါလိမ့်မယ်။
Shutdown ပိတ်ရာတွင် မြန်စေချင်
Computer Shutdown ပိတ်ရာတွင် ပိုမို မြန်ဆန်စေရန် အတွက် နည်းလမ်းကိုသုံးကြည့်ပါ။၁) Start မှ Run ကို ဖွင့်ပါ။
၂) regedit ကို ရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။
၃) HKEY_CURRENT_USER မှ Control Panel ကို သွားပါ။
၎) Desktop ကို Select မှတ်ပါ။ ညာဘက်တွင် HungAppTimeout ကို ရှာပြီး Double Click လုပ်ပါ။
၅) Valu Data တွင် 1000 ရိုက်ထည့်ပါ။
၆) ပြီးလျှင် WaitToKillAppTimeout ကိုလဲ အပေါ်နည်းအတိုင်း 1000 ရိုက်ထည့်ပါ။
မြန်ဆန်လာပါလိမ့်မယ်။ ကွန်ပျူတာ သုံးစွဲသူတိုင်း ပျော်ရွှင်ကြပါစေ။
Download လုပ်ရာတွင် မြန်စေချင်
အင်တာနက်မှ မိမိတို့ အလိုရှိရာကို ဒေါင်းလုပ် လုပ်ယူရာတွင် နှေးကွေးသည့် ပြဿနာဟာ တော်တော်ကိုဆိုးပါတယ်။ မြန်မာနိုင်ငံရဲ့ ကွန်နက်ရှင်က ခပ်နှေးနှေး၊ ဒေါင်းလုပ် ယူရာတွင် ခပ်နှေးနှေး ဖြစ်နေရင်တော့
မိုးသာ လင်းသွားမည် ဖိုင်တစ်ခု ရဖို့ မလွယ်ကူလှပါ။ ဒီတော့ တစ်ဖက်ကလဲ ဒေါင်းလုပ် လုပ်ရာတွင်
မြန်ဆန်ဖို့ အောက်က နည်းလမ်းလေးကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အတိုင်းအတာတစ်ခုထိ
မြန်ဆန်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ၁) Start မှ Run ကို ဖွင့်ပါ။
၂) gpedit.msc ကို ရိုက်ဖွင့်ပါ။ Group Policy
Editor ပေါ်လာပါက Computer Configuration ကို ရွေးပါ။
၃) ပြီးလျှင် Administration Templates မှ Network မှတစ်ဆင့် Qos Packet Scheduler ကို Select မှတ်ပါ။
၎) ညာဘက်တွင် Limit reservable bandwith ကို Double Clicke လုပ်ပါ။ Box ပေါ်လာလျှင် Enable လုပ်ပါ။
၅) bandwith limit ကို 0 ပြောင်းလိုက်ပါ။ အိုကေပါ။
ဦးသီ မှ ပြန်လည်မျှဝေထားပါတယ်ရှင့်။ ဧကရီ ရဲ့ model နိမ့်ကွန်ပြူတာ အစုတ်လေးခဏခဏ ဟန်းပြီး အဖွင့်အပိတ်လေးလွန်းလို့
စိတ်ညစ် ရပါတယ်.။ စက်ဖွင့် ရင် အမှိုက်ရှင်းရတဲ့ အလုပ် ဖိုင်စီရတဲ့ အလုပ်တစ်ခုလိုဖြစ်နေလို့ အွန်လိုင်းပေါ်ကရှာရင်း
တွေ့တာလေးကို မသိသေးတဲ့ သူအတွက် ပြန်မျှဝေလိုက်ပါတယ်ရှင့်။
တခြားနည်းလမ်း များ ရှိရင်လည်း ပြောပြပေးကြပါအုံးလို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။:(
***ဧကရီ***
AVG Anti-Virus 2011 10.0.1170
avg_free_stb_all_2011_1170_cnet.exe လေးပါ...
လိုအပ်မဲ့ သူတွေအတွက်တော့ တန်ဖိုးရှိပါတယ်ခင်ဗျာ...
Megauplod ကနေတင်ပေးထားတဲ့ လင့်လေးပါ...
အဆင်ပြေကြပါစေဗျာ...
****************** တောင်ကြီးသားလေး... ********************
လိုအပ်မဲ့ သူတွေအတွက်တော့ တန်ဖိုးရှိပါတယ်ခင်ဗျာ...
Megauplod ကနေတင်ပေးထားတဲ့ လင့်လေးပါ...
အဆင်ပြေကြပါစေဗျာ...
****************** တောင်ကြီးသားလေး... ********************
Photoshop မှတ်စုများ
Download လုပ်ဖို့-၊ Right Click -->Save Target As ကိုနှိပ်။
အောက်က Tool Bar ပေါ်က Save icon ကိုနှိပ်ရင်လဲ ရပါတယ်။
အောက်က Tool Bar ပေါ်က Save icon ကိုနှိပ်ရင်လဲ ရပါတယ်။