Monday, December 13, 2010

Justin Bieber ရဲ့ သီချင်းလေးတွေ

Justin bieber ရဲ့  သီချင်းလေးတွေပါ။ Download လုပ်ချင်ရင် သီချင်းအမည်ပေါ်မှာ Right Click-->Save Link As နဲ့ လုပ်နိုင်ပါတယ်။



One Time
Baby Feat-Ludacris
One Less Lonely
Favorite Girl
That Should Be
Down to Earth
First Dance
Where are you now
Enie Meen
Love me
Baby
Set a place at your table
Never say never
Up
Stuck in the moment
Somebody to love
Latin girl

ဝေေ၀၀ါးဝါး

အမေး။      ။  “နိဗ္ဗာန်ရောက်သူနှင့် စပ်လျဉ်း၍ . . . ?

အဖြေ။      ။  နိဗ္ဗာန်အကြောင်း။ ဘာပဲဖြစ်ဖြစ် အဲဒါ ကောင်းတဲ့ စိတ်အကြံပါပဲ။

ဟုတ်တယ်။ သူများတွေလည်း ဖတ်ရတာပေါ့။ အကြင်နာနန်းတော်မှာ “ဘာသာရေး”နဲ့ဆိုင်တဲ့ ကဏ္ဍခွဲ ငါးခုပါတာတွေ့ပြီး ဗုဒ္ဓဘာသာအကြောင်း ရေးရရင်ကောင်းမယ်လို့ စိတ်ကူးပေါက်ခဲ့ပြီး တစ်ခြား ကဏ္ဍတွေကြားမှာ ကန့်လန့်ကန့်လန့် ဖြစ်နေမလားလည်း စဉ်းစားမိခဲ့ပြန်ရော။ လာကြတဲ့ မြန်မာတွေထဲမှာ အများစု မဟုတ်တောင်မှ တော်တော်များများက ဗုဒ္ဓဘာသာဖြစ်မယ်၊ အနည်းနဲ့အများ ဗုဒ္ဓဘာသာအကြောင်း စိတ်ဝင်စားကြမယ်၊ နည်းနည်းပါးပါးဖြစ်ဖြစ် စိတ်လည်းဝင်စားသင့်ကြတယ်လို့ တွေးမိခဲ့ပြန်ရော။ ဒါလည်း ကောင်းတဲ့ စိတ်အကြံပဲ ဆိုပါစို့။

နိပ္ပာန်လို့ရေးမိပြီး စိတ်က ဝေေ၀၀ါးဝါးကြီး ဖြစ်သွားတာ?။ :) အဲဒါ ပြဿနာမဟုတ်ဘူး ထင်ပါတယ်။ တရားအားထုတ်တာ နည်းတဲ့သူမှ မဟုတ်ပါဘူး။ များတဲ့သူတွေလည်း ဝေေ၀၀ါးဝါးကြီး ဖြစ်နေကြတာပါပဲ။ ဒါလည်း ပြဿနာ မဟုတ်ဘူး ထင်ပါတယ်။ နောက်ကလိုက်အော်တဲ့ “ယောဂီများစွာထဲမှာ တပည့်တော်” ပါနေသလို ရှေ့ကအော်တဲ့ ဆရာတော်များစွာထဲမှာ ဆရာတော်လည်း ပါနေပါတယ်ဗျား . . . ။ ပိုလှ နည်းနည်းပေါ့။ “တရားဘောင်မှာ ကျင်လည်နေတဲ့သူ”ဆိုတော့ 1kbလောက်များ ပိုလေမလား မသိပါဘူး။ :) ဒါလည်း ပြဿနာ မဟုတ်ဘူးလို့ပဲ ထင်ပါတယ်။

ဟုတ်ပါတယ်။ ရဟန္တာ မဖြစ်ခင်တော့ မောဟပါးအောင်ပဲ လုပ်နေကြရတာပါ။ မောဟကို ထိုးနှက်နေကြရတာပါ။ ထိုးနှက်သူ ကိုယ်တိုင်နဲ့ သူ့ရဲ့ ထိုးနည်းနှက်နည်းအပေါ် မူတည်ပြီး ထိချက် ဘယ်လောက်ပြင်းတယ် ဆိုတာတော့ ကွာမှာပေါ့။ ထိချက်ပြင်းအောင် ဘယ်လိုထိုးနှက်မလဲ။ အဖြေက ကာယကံရှင် ကိုယ်တိုင်နဲ့ပဲ ဆိုင်ပါတယ်။ ဝေေ၀၀ါးဝါးလေး ဖြေကြည့်မယ်။ နိဗ္ဗာန်အတွက်ဆိုရင် မောဟတင် မကဘူး။ မောဟ အပါအ၀င် ကိလေသာ ဆယ်မျိုးလုံးကို ထိုးနှက်ကြရမှာ။ ကိလေသာအားလုံးကို အမြစ်ပြတ် သုတ်သင်ပယ်ရှားနိုင်မှ နိဗ္ဗာန်ရောက်တာ တဲ့။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ။ [ဒီ ဆယ်မျိုးကို သီးခြားလေ့လာပါ။ Home Work. :)] ဥပမာ လောဘကို ဘယ်လိုလျှော့မလဲ၊ ဘယ်လောက်လျှော့မလဲ။ ဒေါသကို ဘယ်လောက်လွှာမလဲ၊ ဘယ်လိုလွှာမလဲ။ မာနကို ဘယ်လိုနွှာမလဲ၊ ဘယ်လောက်နွှာမလဲ။ ဒီနေရာမှာလည်း အဖြေက ကာယကံရှင် ကိုယ်တိုင်နဲ့ပဲ ဆိုင်ပါတယ်။ “အရှင်းကြီး မဟုတ်တောင်မှ သဘောတရားလေးလောက် ရုံး(ရုန်း)ထွက်နိုင်”ဖို့ဆိုတဲ့ သဘောထားကို ချီးကျူးပါတယ်။ သဘောထား တိုက်ဆိုင်နေလို့ပါ။ :)

နိဗ္ဗာန်ဆိုတာ ရှင်းပြလို့ မရနိုင်တဲ့အကြောင်း၊ နိဗ္ဗာန်ဆိုတာ (အအေးကြောက်တဲ့ ဒကာမလေး ထင်သလို) ဘုံဌာန မဟုတ်တဲ့အကြောင်း . . . . . “အပြည့်အစုံသို့ . . .”လို့ ညွှန်းခဲ့တဲ့ အထဲမှာ တွေ့ပါလိမ့်မယ်။ ကိုယ်တိုင် ရဟန္တာဖြစ်မှ ပြည့်ပြည့်၀၀ နားလည်နိုင်မှာ ဖြစ်ပါတယ်။ ပြည့်ပြည့်၀၀ မပြည့်ဝ နိုင်ကြသေးခင်မှာတော့ တတ်နိုင်သလောက်ဖြစ်ဖြစ်၊ အားကြိုးမန်တက်ဖြစ်ဖြစ် . . . လျှော့တယ် လွှာတယ် နွှာတယ် ဆိုရင် လုံလောက်ပြီ ထင်ပါတယ်။

ယက်ကန်းသည်မလေးရဲ့ “အပ္ပမာဒတရား ဆိုတဲ့အဓိပ္ပာယ် နဲ့ ဘယ်လို့(လို)ကျင့်ရမယ်ဆိုတာလေး”။ အပ္ပမာဒတရားဆိုတာ “သတိ”ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဘယ်လိုကျင့် မလဲဆိုတာကတော့ ကျင့်နည်း အမျိုးမျိုး ရှိတာပေါ့။ သီလ ဆိုပါစို့။ မသတ်မိအောင်၊ မခိုးမိအောင်၊ မလိမ်မိအောင်၊ မဖောက်ပြန်မိအောင်၊ မသောက်မိအောင် “သတိ”နဲ့ စောင့်ထိန်းရပါတယ်။ သမာဓိ ဆိုပါစို့။ စိတ် တည်နေအောင်၊ စူးစူးစိုက်စိုက် ရှိနေအောင် “သတိ”နဲ့ နေရပါတယ်။ သတိဆိုတာ ဆားပမာတဲ့လေ။ သတိနဲ့ . . . လျှော့ကြ လွှာကြ နွှာကြတာပေါ့။ စိတ် တည်နေအောင်၊ စူးစူးစိုက်စိုက် ရှိနေအောင် “သတိ”နဲ့ နေတယ်ဆိုတဲ့ နေရာမှာ တရားအားထုတ်ပြီး စူးစိုက်တာနဲ့ တစ်ခြားအာရုံမှာ စူးစိုက်တာ၊ အထူးသဖြင့် လောကီအာရုံမှာ စူးစိုက်တာတို့ မတူတာကို သတိထားစေချင်ပါတယ်။ တရားအားထုတ်တာက ကိလေသာကို လျှော့တာ လွှာတာ နွှာတာဖြစ်ပြီး တစ်ခြားအာရုံမှာ စူးစိုက်တာက အနည်းနဲ့အများ ကိလေသာကို တိုးအောင်လုပ်တာ ဖြစ်ပါတယ်။ စူးစိုက်တာ တူပေမယ့် အာရုံမတူတဲ့အတွက် အကျိုးရလဒ် မတူပါဘူး။

“နိဗ္ဗာန် နဲ့ ၀ိပဿနာ တရားအားထုတ်မှု့(မှု)”ဟာ “အကျိုး - အကြောင်း” အဖြစ်နဲ့ ဆက်စပ်ပါတယ်။ နိဗ္ဗာန်က အကျိုး။ အားထုတ်မှုက အကြောင်း။ အားထုတ်မှုကြောင့် နိဗ္ဗာန်ရောက်ပါတယ်။ အားထုတ်ကြတယ်ဆိုတာ သတိနဲ့ . . . လျှော့ကြ လွှာကြ နွှာကြတာဖြစ်ပါတယ်။ . . . လျှော့နည်း လွှာနည်း နွှာနည်းတွေထဲမှာ အားထုတ်ခြင်းဟာ အကောင်းဆုံးနည်း အထိရောက်ဆုံးနည်း ဖြစ်ပါတယ်။ ဒီအချက် ဘယ်လောက်မှန်သလဲဆိုတာ သိဖို့ဆိုရင်တော့ လက်တွေ့လုပ်ကြည့်ဖို့ လိုပါတယ်။

ဒီလောက်ဆိုရင် တော်တော်လေး ဝေေ၀၀ါးဝါး ဖြစ်သွားလောက်ပြီ ထင်ပါတယ်။ :)

ပိုပြီးေ၀၀ါးသွားအောင် အရင် ကောက်နုတ်ခဲ့တဲ့အထဲက နောက်ထပ်တစ်ခု ကောက်နုတ်ပြီး ဒီ အဖြေကို နိဂုံးချုပ်လိုက်ပါတယ်။
နိဗ္ဗာန်ကို ပသာဒ ငါးမျိုးဖြင့် မသိမြင် မခံစားနိုင်ပေ။ နိဗ္ဗာန်သည် သာမန် လူတို့ ပတ်သက်နိုင်သမျှ အတိုင်းအတာအတွင်း၌ မရှင်းမလင်း ဖြစ်နေ၏။ သို့သော် နိဗ္ဗာန်သို့ တိုက်ရိုက်ရောက်နိုင်သည့် အကျင့်နည်းလမ်းကို ဘုရားရှင် ဟောတော်မူခဲ့၏။ လိုအပ်သမျှ အသေးစိတ် ရှင်းလင်းချက်များ ပါဝင်ပြီး လူသားအားလုံး ကျင့်သုံးနိုင်သော နည်းလမ်းဖြစ်၏။ ပန်းတိုင်သည် အုံ့ဆိုင်းေ၀၀ါး နေသော်လည်း အောင်မြင်ပြီးမြောက် ပန်းတိုင်ရောက်မည့် နည်းလမ်းမှာ ပြည့်စုံ ရှင်းလင်း၏။ အောင်မြင် ပြီးမြောက်သည့် အခါ၌ ထို ပန်းတိုင်သည် တိမ်ကင်းစင်သည့် လကဲ့သို့ ကြည်လင် ပြတ်သားလေ၏။

ငြိမ်းချမ်းကြပါစေ။

နိဗ္ဗာန်ရောက်သူနှင့် စပ်လျှင်း၍....

မင်္ဂလာပါဘုန်းဘုန်းဘုရား.. တပည့်တော် လက်အုပ်ချီမိုးပြီးထိခြင်းငါးဖြာနဲ့ကန်တော့လိုက်ပါတယ်ဘုရား။ .ဘုန်းဘုန်းရှင်အာစာရရေးသားတင်ပြတဲ့နိဗ္ဗာန်ရောက်သူဆိုတဲ့ပို့စ်လေးဖတ်ရတော့တပည့်တော်သိချင်တာ
လေးတစ်ခု စိတ်ထဲကဖြစ်ပေါ်လာပါတယ်ဘုရား။

ဒီပို့စ်လေးရေးမယ်လို့ စဉ်းစားရင်း  တပည့်တော် အဖြစ်ကဘုန်းဘုန်းပြောတဲ့ နိဗ္ဗာန် ဆိုတာကို
စာချရေးရုံရှိသေးတယ် စာလုံးအမှားနဲ့ ဖြစ်နေတယ်။ နိဗ္ဗာန် ကို နိပ္ပာန်လို့  မှားရေးနေမှန်း နောက်မှ သိတော့ ကိုကိုယ်ကိုရီချင်သွားတယ်ဘုရား ။ "အော် ..ငါ့နယ်နော် နိဗ္ဗာန် ဆိုတဲ့စာလုံးလေးတောင် မှန်အောင်မရေးနိုင်ပဲ ဘယ်မှာ နိဗ္ဗာန် ရောက်တော့မှာလဲပေါ့" အဲလိုလေးတောင်တွေးမိတဲ့အထိ ကို့ကိုယ်တိုင်ကိုက တရားအားထုတ်မူ့နည်းနေတာမို့ စိတ်ကဝေေ၀၀ါးဝါး ကြီးဖြစ်သွားရပါတယ်။

ဘုန်းဘုန်းဘုရား တပည့်တော် တရားအကြောင်းဘာမှလည်လည်ဝယ်ဝယ်မသိပါဘုရား။ ထိုနည်းတူပဲ ဒီပို့စ်လေးဖတ်နေကြတဲ့ သူတွေထဲမှာလည်း ဆယ်ယောက်မှာ ကိုးယောက်က တပည့်တော်နည်းတူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သစ္စာလေးပါးနဲ့ ပဋိစ္စသမုပ္ပါဒ် ကို စာတွေ့ နာသိ သိတာမျိုးမဟုတ်ပဲ စက်ဝိုင်းကြီးကိုထောက် ဆရာပြောသမျှ နောက်က အာဂုံလိုက်အော်ရင်း "သဋိစ္စသမုပ္ပါဒ်အကြောင်း(စက်ဝိုင်းထဲကစာသားလေးတွေ)
အလွတ်ရတယ် ဆိုရုံလောက်လေးပဲ ရှိတဲ့ ယောဂီများစွာထဲမှာ တပည့်တော်လည်းပါနေတယ်ဘုရား...:)

တကယ်ဆိုရင် ဘုရားရှင်လက်ထက်ကတည်းက  ပေါ်နေတဲ့ ရုပ်နဲ့နာမ်ကို  ဖြစ်ပေါ်နေဆဲအခိုက်မှာ သတိပဋ္ဌာန်နည်းလမ်းကျကျ ၀ိပဿနာကို ကိုယ်တိုင်ရှုပွားပြီး ငါ့တွေ့သိကြတဲ့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရိယာ တွေတောင်မှ မောဟပိုက်ကွန်ကြီးကို ပါးသထက်ပါးအောင်ပဲတတ်နိုင်ခဲ့ကြပါတယ်တဲ့။

လုံးဝ ပြတ်တောက်သွားအောင်မစွမ်းဆောင်ခဲ့ကြဘူးတဲ့။ ရဟန္တာ ဖြစ်မှပဲလုံးဝပြတ်တောက်သွားကြတယ် လို့သိထားပါတယ်ဘုရား။ဒီမောဟပိုက်ကွန်ကြီးအရစ်အပတ်တွေချည်နှောင်နဲ့နေသရွေ့သံသရာဝဋ်ဆင်းရဲက အ၀ိဇ္ဇာသင်္ခါရ သဘော တရားတွေနဲ့ပဲ သံသရာစက်ရဟတ်ကြီးအောက်မှာ
တပည်တော်တို့ဘယ်လိုနည်းနဲ့ ရုံးထွက်နိုင်အောင် အရင်လုပ်သင့်ပါသလဲဘုရား။
(အရှင်းကြီးမဟုတ်တောင်မှ သဘောတရားလေးလောက်ရုံးထွက်နိုင်မဲ့နည်းလေးပေါ့ဘုရား)

ဘုန်းဘုန်းဘုရား တပည့်တော် တရားတစ်ပုဒ်နာဖူးပါတယ်ဘုရား။အဲဒီ တရားထဲမှာ..
မြတ်စွာဘုရားရှင်က အာဠ၀ီပြည်ကြီးမှာ တရားပွဲလုပ်စဉ်က ရက်ကန်းသည်မလေးတစ်ယောက်ဟာ
သူ့ဖခင်ဆီ ရက်ဖောက်တောင်းလေး သွားပို့ရင်း တရားဝင်နာတဲ့အခါ ဘုရားရှင်က ရက်ကန်းသည်မလေးကို မေးခွန်းလေးခု မေးဖူးတယ်တဲ့ဘုရား။
ချစ်သမီး ဘယ်ကလာလဲ ဘယ်သွားမလို့လဲ လို့မေးတော့
မသိပါဘုရားလို့ ဖြေသတဲ့။
ချစ်သမီးတကယ်မသိဘူးလားလို့မေးပြန်တော့
သိပါတယ်ဘုရားတဲ့။
ချစ်သမီး တကယ်သိတာ သေချာလားလို့ မေးပြန်တော့
မသိပါဘုရား တဲ့။
မြတ်စွာဘုရာရှင်းမေးသမျှကို ဆန့်ကျင့်သလိုဖြေတဲ့ ရက်ကန်းသည်မလေးကို တရားနာပရိသတ်တွေ
ကအမျိုးမျိုးကဲ့ရဲ့ ရှုတ်ချကြသလို ဘယ်ကလာလဲ အိမ်ကလာတယ် ။ ဘယ်သွားမလဲ ရက်ကန်းရုံသွားမယ်
သိလားမသိလားမေးတာ သိရင်သိတယ် မသိရင်မသိဘူးလို့ ဖြေလိုက်ရုံပဲကို ဘုရားရှင်ကို ပမာမခန့် မလေးမစား ပြောတယ် ဆိုပြီး ပြောတော့ ..

ရက်ကန်းသည်မလေးက ဘယ်ကလာလဲမေးတာ မသိပါဘုရားလို့ဖြေရခြင်းဟာ
ဘယ်ဘ၀က လာမှန်းမသိလို့မသိပါဘုရားလို့ ဖြေသလို။

ဘယ်သွားမလဲမေးတာကို မသိပါဘုရားလို့ပြန်ဖြေခြင်းဟာလဲ
ဒီဘ၀သေပြီး ဘယ်ဘ၀ရောက်မှန်းမသိလို့ ဖြေလိုက်တာပါ။

တကယ်မသိဘူးလားလို့မေးတာကိုလည်း သိပါတယ်ဘုရားလို့ဖြေလိုက်ခြင်းဟာလည်း
တပည့်တော် တစ်နေ့နေ့  တစ်ချိန်ချိန်မှာ ဧကန်မုချသေရမယ်ဆိုတာသိနေလို့ သိပါတယ်
လို့ဖြေခြင်းဖြစ်သလို။

တကယ်သိနေတာသေချာလား မေးတာကို မသိပါဘုရားလို့ ပြန်ဖြေမိခြင်းဟာလည်း
ဘယ်အချိန် ဘယ်အနာရောဂါနဲ့ သေရမယ်။
သေပြီးရင်ရုပ်အလောင်းကိုဘယ်နေရာဘယ်သုဿန်မှာ မြုပ်နှံခံရမယ်ဆိုတာ သေချာမသိနိုင်လို့မသိတာသေချာပါတယ်ဘုရားလို့  ဖြေရခြင်းဖြစ်ပါတယ်လို့ ပြန်ဖြေပေးခဲ့ပါတယ်တဲ့။

မြတ်စွာဘုရားရှင်က အသေးစိတ်မမေးပဲ အဖျားဆွတ်မေးတာကို  ရက်ကန်းသည်မလေးက အသေးစိတ်တွေးပြီးအဖျားဆွတ်ဖြေနိုင်တာဟာ သူမကျင့်သုံးနေတဲ့ အပ္ပမာဒတရားကြောင့် သူမကျင့်သုံး
ခဲ့တဲ့ အပ္ပမာဒတရားရဲ့ စွမ်းရည် သတ္တိကြောင့် လို့ တပည့်တော် တရားနာဖူးပါတယ်ဘုရား။

တပည့်တော်သိချင်တာက အပ္ပမာဒတရား ဆိုတဲ့အဓိပ္ပါယ် နဲ့ ဘယ်လို့ကျင့်ရမယ်ဆိုတာလေး သိချင်ပါတယ်ဘုရား။

နောက်တစ်ခဲု့စာအုပ်တစ်အုပ်မှာ တပည့်တော်ဖတ်ဖူးတာပေါ့ဘုရား။
ဘုန်းဘုန်းတစ်ပါးအတွက် ၀ထ္ထုခဲဖွယ်တွေလာကပ်တဲ့ ဒကာမလေးတစ်ယောက်ကိုဘုန်းဘုန်းက...
ဒကာမလေးဤကဲသို့ လျှူတန်းရတဲ့ အကျိုးအားကြောင့် နိဗ္ဗာန်ကိုအလွယ်တကူ ရောက်နိုင်ပါစေလို့ ဆုပေးတော့  အဲ ဒကာမလေးက ဘုန်းဘုန်းကို ဘယ်လိုပြန်လျှောက်လဲ ဆိုတော့..

ဘုန်းဘုန်း တပည့်တော်က အအေးကြောက်တယ်ဘုရား..အေးတဲ့ဒေသတွေတောင်မသွားရဲဘူး။
ဘုန်းဘုန်းပြောတဲ့ နိဗ္ဗာန် ဆိုတဲ့နေရာက အရမ်းအေးချမ်းတယ်ပြောတယ်။ ဒါဆိုတပည့်တော်နဲ့
ကိုက်မှာမဟုတ်ဘူးဘုရား။ တပည့်တော်မ က အေးတဲ့နေရာဆိုမနေရဲ ဘူး လို့ ပြန်ဖြေသတဲ့ဘုရား..:)

အဲဒါလေးဖတ်ရတော့ တပည့်တော်မ ဘုန်းဘုန်းကို မေးချင်တာလေးပေါ်လာတာပေါ့ဘုရား။
တပည့်တော်သိချင်သလို မသိသေးတဲ့သူတွေအတွက်လည်း အကျိုးရှိတာပေါ့ဘုရား။
နိဗ္ဗာန်ဆိုတာဘာလဲတဲ့.။
နိဗ္ဗာန်ဆိုတာ ငြိမ်ချမ်းရာဘုံတစ်ခုဆိုတာတော့ လူတိုင်းသိပေမဲ့ တပည့်တော်တို့က တရားဘောင်မှာ ကျင်လည်နေတဲ့သူမဟုတ်တော့ နိုပ်နိုပ်ချွတ်ချွတ်မသိပါဘုရား။
ဒါဆိုရင် နိဗ္ဗာန် နဲ့ ၀ိပဿနာ တရားအားထုတ်မူ့ တွေဆက်စပ်ပုံလေးတွေ တပည့်တော် သိချင်ပါတယ်ဘုရား။

ဘုန်းဘုန်းဘုရား တပည့်တော် ပို့စ်စရေးစ ကတော့ တစ်ခုပဲမေးမလို့ပဲ..ရေးရင်းရေးရင် သိချင်တာက
များများလာတယ်..ခုတောင်မှ မေးထားမိတာ တစ်ခုမကတော့ဘူးနော်ဘုရာ..:)

ဘုန်းဘုန်းအားလပ်ချိန်လေးမှာ တပည့်တော်မ သိချင်တာလေးတွေဖြေထားပေးပါလို့ လက်အုပ်ချီ ကန်တော့ ရင်း တောင်းပန်အပ်ပါတယ်ဘုရား။
ဘုန်းဘုန်း နေကောင်းကျန်းမာပြီး သာသနာ့အကျိုး ဆကဲဆကဲ သယ်ပိုးသွားနိုင်ပါစေရှင့်။


                                                                ***ဧကရီ***

နိဗ္ဗာန်ရောက်သူ

နိဗ္ဗာန် ဘယ်မှာ ရှိသနည်း

“မီး၏ အမြဲအစွဲ တည်နေရာ အရပ်ဟူ၍ မရှိ။ လိုအပ်သည့် အခြေအနေ အကြောင်းတရားတို့ ပြည့်စုံသောအခါ မီးသည် ဖြစ်ပေါ်လာ၏။ ဤ အတူသာလျှင် နိဗ္ဗာန်၏ အမြဲအစွဲ တည်နေရာ အရပ်ဟူ၍ မရှိ။ အခြေအနေ အကြောင်းတရားတို့ ပြည့်စုံသောအခါ နိဗ္ဗာန်ကို မျက်မှောက်ပြု၏။”

“ဖွဲ့စည်းမှု 'အာပေါ'ဓာတ်သည်လည်းကောင်း၊ ခက်မာမှု 'ပထ၀ီ'ဓာတ်သည်လည်းကောင်း၊ ရင့်ကျက်မှု 'တေဇော'ဓာတ်သည်လည်းကောင်း၊ ထောက်ကန်မှု '၀ါယော'ဓာတ်သည်လည်းကောင်း မတည်နိုင်သည့် အရပ်ဒေသ”

နိဗ္ဗာန်သို့ ဆိုက်ရောက်သည့် အရာကား အဘယ်နည်း

“ဤ အမေးကို မလျောက်ပတ်သော အမေးအဖြစ် ပယ်မြစ်အပ်၏။ အဘယ့်ကြောင့်ဆိုသော် ထာဝရ တည်မြဲသော အရာ သို့မဟုတ် မပျက်စီးနိုင်သော အတ္တ၀ိဥာဉ်ကို ဗုဒ္ဓဘာသာက ငြင်းပယ်ထားသောကြောင့် ဖြစ်၏။”

“ဒုက္ခသာ ရှိ၏၊ ဒုက္ခကို ခံစားသူ မရှိ။
အမှု အမူအရာသာ ရှိ၏၊ ပြုလုပ်သူ မရှိ။
နိဗ္ဗာန်သာ ရှိ၏၊ နိဗ္ဗာန် ၀င်စံသူ မရှိ။
အကျင့်လမ်းသာ ရှိ၏၊ ကျင့်သုံး လျှောက်လှမ်းသူ မရှိ”

“နိဗ္ဗာန်ဆိုတာ သေပြတ်ခြင်းလို့ သင်ပေးသူရှိရင်၊
ပြောလိုက် သူတို့ ညာနေတယ်။
နိဗ္ဗာန်ဆိုတာ ရှင်သန်ခြင်းလို့ သင်ပေးသူရှိရင်၊
ပြောလိုက် သူတို့မှားတယ်။ (Sir Edwin Arnol)”

“နိဗ္ဗာန်ကို ပသာဒ ငါးမျိုးဖြင့် မသိမြင် မခံစားနိုင်ပေ။ နိဗ္ဗာန်သည် သာမန်လူတို့ ပတ်သက်နိုင်သမျှ အတိုင်းအတာအတွင်း၌ မရှင်းမလင်း ဖြစ်နေ၏။ သို့သော် နိဗ္ဗာန်သို့ တိုက်ရိုက်ရောက်နိုင်သည့် အကျင့်နည်းလမ်းကို ဘုရားရှင် ဟောတော်မူခဲ့၏။ လိုအပ်သမျှ အသေးစိတ် ရှင်းလင်းချက်များ ပါဝင်ပြီး လူသားအားလုံး ကျင့်သုံးနိုင်သော နည်းလမ်းဖြစ်၏။ ပန်းတိုင်သည် အုံ့ဆိုင်းေ၀၀ါး နေသော်လည်း အောင်မြင်ပြီးမြောက် ပန်းတိုင်ရောက်မည့် နည်းလမ်းမှာ ပြည့်စုံ ရှင်းလင်း၏။ အောင်မြင် ပြီးမြောက်သည့် အခါ၌ ထို ပန်းတိုင်သည် တိမ်ကင်းစင်သည့် လကဲ့သို့ ကြည်လင် ပြတ်သားလေ၏။”

ငြိမ်းချမ်းကြပါစေ။

http://mrmrt.blogspot.comမှ ကောက်နုတ်ဖော်ပြပါသည်။