Monday, December 20, 2010

တောင်ကြီးမြို့လေး

                                               I love Taunggyi.
                          We love Taunggyi.
                        So missing Taunggyi.
                          There are our heart.
                       Please let me feel here.
                          Thanks King & Queen.



                                  
              

                             Please Watch Our Taunggyi.
  

                    




    ဒီနေ့မှမြန်မာလိုရေးလို့ရတာဗျာ...
တောင်ကြီးသားလေး... ဆိုတော့ တောင်ကြီးအကြောင်းကို 
စိတ်အ၀င်စားဆုံးပေါ့ဗျာ...
ဒီဗွီဒီယိုလေးကိုကြည့်ပြီး အဝေးရောက် တောင်ကြီးသား/သူတွေ
အလွမ်းပြေ ကြည်နူးကြပါစေဗျာ...
မလွမ်းပဲမနေနိုင်ကြဘူးလေ...
ဘယ်လောက်ချစ်ဖို့ကောင်းတဲ့စရိုက်နဲ့...
ဘယ်လောက်သာယာတဲ့ဒေသတွေလည်းဆိုတာ
ကျွန်တော်တို့ သွေးသားတွေထဲ လာကြည့်ကြရင်သိမယ်...
ကိုယ့်ဒေသကိုဒီလိုပဲ ပြောကြမှာပေါ့လို့ပြောကြပါစေ...
ခုဆို အဝေးကြီးမှာရောက်နေတော့ ပိုလို့တောင်လွမ်းရပါတယ်...
မြို့ဝင်ကရေကူးကန်ကြီးကိုလည်းလွမ်း...
ကြိုးတံတားကြီးကိုလည်းလွမ်း...
ညဈေးတန်းကိုလည်းလွမ်း...
အိုဗျာ...
မြို့ပြင်ထွက်ပြီးဆောက်ထားတဲ့ မီးပုန်းပျံကွင်းကြီးကိုလည်းလွမ်းတယ်...
တစ်မြို့လုံး အစအဆုံးကိုလွမ်းရတာ...
ပြောင်းရွှေ့ထားတဲ့ သင်္ချိုင်္င်းသစ်ကြီးတွေကိုတောင် လှတယ်လို့မှတ်ယူထားတာ...
တန်ဆောင်တိုင်ပွဲဆိုတာကတော့ဗျာ...
တောင်ကြီးသား/သူတွေမပြောတော့ဘူး
အနယ်နယ်အရပ်ရပ်ကလူတွေ တောင်မှ
ငွေကုန်ကြေးကျခံပြီး ပင်ပန်းတကြီးလာပျော်ကြတာ...
ကားလမ်းတွေဆိုကြည့်လေ...
ချစ်စရာ့ဂျပန်တွေ ဖောက်လုပ်ပေးခဲ့တဲ့လမ်းလေးတွေဗျာ...
ကျောက်ခဲငုံပြီး ကားစီးလာရင်တောင် ညှက်သွားမယ်ဆိုလား...
ဗွီဒီယိုလေးမှာ သေချာကြည့်နော်... :D
အဲ့ဒီမှာတခုပြောပြချင်တာက ကားတွေဗျ...
လမ်းမှာ နှစ်စီးတွေ့လို့ရှောင်မယ်ဆိုရင် ရန်ကုန်မှာလိုမရဘူးဗျ
အဆင်းကားတွေက ရပ်ပေးထားတာ...
သူဘာကြောင့်ရပ်တာတော့မသိဘူး...
တောင်ကြီးသားလေး...ကတော့ လာလည်ကြတဲ့ သူတွေကို
ဦးစားပေးတယ်လို့ယူဆပြီး ကြည်နူးနေတာပဲ... :P
လမ်းမှာ ကားတစ်စီးရပ်နေလို့များ ရှောင်သွားမယ်မထင်လေနဲ့
သူတို့ချုံတိုးမှန်းဘာမှန်းမသိ ဟွန်းတီးကြတော့တာပဲ...
ဆီလိုလား မီးခြစ်လိုလား အကူအညီလိုလားမေးတတ်ကြတာအားလုံးပဲ
ဘယ်လောက်ချစ်ဖို့ကောင်းလည်း...
ကားတွေကျော်တက်ရင်ပဲဖြစ်ဖြစ် ရှောင်ရင်ပဲဖြစ်ဖြစ်
ဟွန်းတီး လက်ပြနှုတ်ဆက်ကြတာတလုပ်...
သွားဖူးတဲ့သူတွေ သိမှာပါနော်...
တောင်ကြီးမြို့ပေါ် ရောက်ပြီဆိုရင်တော့ဗျာ...
ကားပေါ်ကနေဆင်းရင် ခြေထောက်တွေ ခပ်တောင့်တောင့်ဖြစ်နေမယ်ပေါ့ အေးတာကို
နားလို့အားပြည့်ရင်တော့  လည်ကြပေတော့ပဲ...
ချစ်စရာဓလေ့တွေ ၊ ချစ်စရာစရိုက်တွေနဲ့ လှပသောတောင်ကြီးမြို့ကြီးကိုပေါ့...
အလည်လာဖို့ ကြော်ငြာရေးနေတာတော့ ဟုတ်ပါဘူး...
ခုမှတွေးမိတယ်  မဆိုင်တာတွေရေးနေမိပြီပဲ...
:D  :D  :D  :D  :D  :D  :D
ကျွန်တော်ခုရေးနေတာ သိပ်လွမ်းရတဲ့ မြို့လေးပါ...
အဲ့ဒါတွေကို လွမ်းနေတာ  သတိတွေရနေတာ...
မမဧကရီတို့ကတော့ အဲ့ဒီမှာပဲရှိနေတာဆိုတော့ ဒါတွေဘယ်ခံစားရပါ့မလည်းနော်...
ဒီပို့လေးကို နေရာတိုင်းမှာ သွားတင်မယ်ဗျာ...
အရမ်းလွမ်းတယ်...


***************   တောင်ကြီးသားလေး...   ***************








Proxy နံပါတ်ရှာရတဲ့ ဒုက္ခက ကင်းဝေးရအောင်Mozilla Firefox မှာ Proxy Add-On နဲ့ Install လုပ်ထားမယ်။

မင်္ဂလာပါရှင့်။ ဧကရီတို့လို မြန်မာပြည်မှာ အင်တာနက်သုံးသူတွေအတွက်တော်ရုံဆိုက်ဒ်တွေကိုအေးအေးဆေးဆေးလေး
ကျော်လွှားကြဖို့အတွက် Mozilla Firefox မှာ Add-on အနေနဲ့ Install လုပ်ထားကြမယ်ဆိုရင် ... Proxy နံပါတ်ရှာ
စရာမလိုတော့ဘူးပေါ့ရှင့်။


ဒါလေးကလစ်ပါ။

ဒါလေးလည်း ကလစ်လို့ရပါတယ်။
ဒါလေးကလစ် ပေးလျှင်လည်းရပါတယ်

အဆင်ပြေပါစေရှင့်။


                                       ***ဧကရီ***

ဇလွန် ပြည်တော်ပြန် စမ္မခဏ် ဂါထာ။အနက်မြန်မာပြန်။ ပုတီးစိပ်နည်း။


30 Nov 10, 04:51 PM

Cho Mar Aung: ဇလွန်ပြည်တော်ပြန်ဂါထာရဲ့ အနက်မြန်မာပြန် လိုချင်ပါတယ်။ ကူညီပါ။

တောင်းဆိုရန်တွင် အကူအညီတောင်းထားတာကို ခုမှဖြေဆိုပေးနိုင်တာခွင့်လွတ်ပါရှင့်။


***********************************************************************************************
ဇလွန်မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီး စမ္မခဏ် ဂါထာတော်

- ဣတိပိ ပိဋကတ္တ ယံ အနိစ္စံ ဒုက္ခံ အနတ္တံ ။
- သတ္တ ဗောဇ္ဈင် င်္ဂေါ အဋ္ဌင်္ဂိ ကော မဂ္ဂေါ စတု သတိ ပဋ္ဌာနံ ၊
- သဗ္ဗ ဿ ဣန္ဒော သဟဿ သူ ရိ ယော ။
- ဩောင်း နမော ဗု ဒ္ဓါနံ ၊ ရာဇဘယံ ၊ စောရဘယံ ၊ ဥဒက ဘယံ ၊
အဂ္ဂိဘယံ ၊ သတ္ထဘယံ ၊ သဗ္ဗဘယံ ၊ ဇယော ဇယတု မင်္ဂလံ ။
- အနိစ္စံ ၊ သင်္ခတံ ၊ ပဋိစ္စ သမုပ္ပန္နံ ၊ ခယဓမ္မံ ၊ ၀ယဓမ္မံ ၊ ၀ိရာဂဓမ္မံ ၊
နိ ရောဓ ဓမ္မံ ၊ ပဏ္ဍိ တာ ခမန္တိ ။


အနက်ဖွင့်ဆိုချက်

ဣတိပိ ပိဋကတ္တ ယံ အနိစ္စံ ဒုက္ခံ အနတ္တံ -

ဤသို့ဖြစ်ခြင်းပျက်ခြင်း သဘောရှိ သောကြောင့်  အနိ စ္စ ၊ ဤသို့  မပြတ် နှိ ပ် စက် ခြင်း သဘောရှိ သောကြောင့်  ဒု က္ခ ၊ ဤသို့ 
မိမိ အလိုသို့ မလိုက်ခြင်း သဘော ရှိသောကြောင့် အနတ္တ မည်၏။

သတ္တ ဗောဇ္ဈင် င်္ဂေါ - ၇ ပါးသော ဗောဇ္ဈင် တို့ သည် လည်းကောင်း ၊

အဋ္ဌင်္ဂိ ကော မဂ္ဂေါ - အင်္ဂါ ရှ စ် ပါး ရှိ သော ၊

စတုပဋ္ဌာနံ - ဟေတု အာရမ္မဏ စသည့် ၂၄ ပစ္စည်း ဟူသော ပဋ္ဌာန်းသည် လည်းကောင်း ၊

သဗ္ဗဿ ဣန္ဒော - တရားအလုံးစုံကို အစိုးရသော မြတ်စွာ ဘု ရားသည် လည်းကောင်း ၊

သဟဿ သူ ရိ ယော - ရောင် ခြည် တစ် ထောင် ဆောင် သော နေမင်းသည် လည်းကောင်း ၊

ဣတိပိ အနိစ္စံ ဒုက္ခံ အနတ္တံ - ဤသို့ ဖြစ်ခြင်း ပျက်ခြင်း စသည့် သဘော ရှိသောကြောင့် အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ မည်၏ ။
ဩောင်း ( ဗု ဒ္ဓါနံ ) - အထူးသဖြင့် မြတ် တော် မူ ကု န် သော ၊

နမော ဗုဒ္ဓါနံ - ဘုရားရှ င်တို့အား ရှိခိုးပါ၏ ။
တေသံ အာနု ဘာဝေန - ထို ဘု ရားရှ င်တို့၏ တန်ခိုးတေဇော် အာနု ဘော်ကြောင့် ၊
ရာဇဘယံ - မင်းဘေးကို လည်းကောင်း ၊
စောရဘယံ - ခိုးသူ ဘေးကို လည်းကောင်း ၊
ဥဒကဘယံ - ရေဘေးကို လည်းကောင်း ၊
အဂ္ဂိဘယံ - မီးဘေးကို လည်းကောင်း ၊
သတ္ထဘယံ - လက်နက်ဘေးကို လည်းကောင်း ၊
သဗ္ဗဘယံ - ဘေးအားလုံးကို လည်းကောင်း ၊
ဇယော - အောင် မြင် နို င် ပါစေသတည်း ။
ဇယတု မင်္ဂလံ - ကောင်းသော မင်္ဂလာ ဟူသမျှ အောင်မြင်ပါစေသတည်း ။

အနိစ္စံ ၊ သင်္ခတံ ၊ ပဋိစ္စ သမု ပ္ပန္နံ - အကြောင်းကို စွဲ၍ ဖြစ်သော အကျိုး တရားသည် ကံ -စိတ် - ဥတု - အာဟာရ
အကြောင်းတရား ( ၄ )ပါးတို့  ပြုပြင် အပ် သည် ဖြစ် ၍ အမြဲ မရှိ ပေ။

ခယဓမ္မံ - ကုန်ခြင်း သဘောရှိ၏ ။
ဝယဓမ္မံ - ပျက်ခြင်း သဘောရှိ၏ ။
ဝိရာဂဓမ္မံ - ရာဂ ကင်းခြင်း သဘောရှိသော နိဗ္ဗာန်ကို ၊
ပဏ္ဍိ တာ - ပညာရှိ တို့ သည်
ခမန္တိ - နှ စ်သက်တော် မူကြသည် ။

စမ္မခဏ် ဂါထာတော် ပု တီးစိပ်နည်း

(၁) ဣတိ ပိ ပိ ဋကတ္တ ယံ ၊ (၂) အနိ စ္စံ ၊ (၃) ဒု က္ခံ ၊ (၄) အနတ္တံ ၊ (၅) သတ္တ ဗောဇ္ဈင် င်္ဂေါ ၊
(၆) အရိ ယော ၊ (၇) အဋ္ဌင်္ဂိ ကော မဂ္ဂေါ ၊ (၈) စတု ၀ိ သတိ ပဋ္ဌာနံ ၊ (၉) သဗ္ဗ ဿ ဣန္ဒော ၊ (၁၀) သဟဿ သူ ရိ ယော ၊
(၁၁) ဩောင်း နမော ဗု ဒ္ဓါနံ ၊ (၁၂) ရာဇဘယံ ၊ (၁၃) စောရဘယံ ၊ (၁၄) ဥဒက ဘယံ ၊ (၁၅) အဂ္ဂိ ဘယံ ၊
(၁၆) သတ္ထ ဘယံ ၊ (၁၇) သဗ္ဗ ဘယံ ၊ (၁၈) ဇယော ၊ (၁၉) ဇယတု မင်္ဂလံ ၊ (၂၀) အနိ စ္စံ ၊
(၂၁) သင်္ခတံ ၊ (၂၂) ပဋိစ္စ သမုပ္ပန္နံ ၊ (၂၃) ခယဓမ္မံ ၊ (၂၄) ၀ယဓမ္မံ ၊ (၂၅) ၀ိရာဂဓမ္မံ ၊
(၂၆) နိ ရောဓ ဓမ္မံ ၊ (၂၇) ပဏ္ဍိ တာ ခမန္တိ ။
အထက် ဖော် ပြပါအတို င်း တစ် ပု ဒ် လျှင် ပု တီးတစ် လုံးစီ ချပါ ။ ၂၇ လုံး တစ် ကြိ မ် ပြည့် ပါက (၀ါ) ဂါထာဆုံးပါက အစမှ ပြန် ၍
စိ ပ် ပါ။ ၂၇ လုံး ၄ ကြိ မ် ပြည့်  ပါက ပု တီး (၁၀၈) လုံး တစ် ပတ် ရ၏ ။
၎င်း နည်းအတို င်း တစ် နေ့ ပု တီး (၉) ပတ် အဓိ ဋ္ဌာန် ဖြင့်  မှ န် မှ န် စိ ပ် ပါက ဘေးရန် ခပ် သိ မ်း ငြိ မ်းလျက် စီးပွားချမ်းသာ
တိုးတက် လာနို င်ပါသည်။ ယုံ ကြည်စွာဖြင့် အဓိဋ္ဌာန်မပျက် မှ န်မှ န် အားထု တ်
နို င် ကြပါစေ။

စမ္မ ခဏ် ဂါထာကို နေ့စဉ် မပြတ် အမြဲရွတ် ဖတ် ပါက အတွင်းရန် ၊ အပြင် ရန် များ ကင်းစင် ပပျောက် ခြင်း ၊ သူ တစ် ပါး
မကောင်း မကြံ စည် နို င် ခြင်း ၊ မိ မိ တောင့်  တနေသော ဆု ကို ရရှိ နို င် ခြင်း ၊ မိ သားစု နှ င့်  မကွဲမကွာ နေရခြင်း ၊ မိ မိ နေလို သော
အရပ် ဒေသများ၌သာ နေထို င် ရခြင်း ၊ ဘု န်းတန် ခိုးကြီးခြင်း ၊ လာဘ် လာဘ ပေါများခြင်း ၊ ရန် အောင် မြင် ခြင်း စသော အကျိုးများကို
လက် တွေ့ ခံ စားရမည် ။
ထို ဂါထာကို လမ်းတွင် တက်နေသော ကလေးကို ဂါထာရွတ်၍ ခေါင်းကို ကို င်ပေးထိပေးလိုက်ရာ ချက်ခြင်း
သတိရလာကြောင်း၊ မီးဘေး အန္တရာယ်မှ ကင်းဝေးခဲ့ကြောင်း ၊ (သုခုမ ဦးအုန်းခင်
) သူ၏သား ဗိုက်အောင့် ဝေဒနာ ခံစားနေရရာ
အချိ န် မရှိ ၍ ကားငှားပြီး ဆေးရုံ လည်း မပို့ နို င် ကြောင်း ၊ နောက် ဆုံး ရေတစ် ခွက် ကို ဂါထာရွတ် ဆို ၍ သစ္စာဆို တို က် လို က် ရာ ဝေဒနာ
သက် သာ သွားကြောင်း ၊ ယနေ့ထိ ရောဂါ ကြီးကြီးမားမား မဖြစ် တော့ ကြောင်း ရှ င်းပြပါသည် ။
ယုံ ကြည် မှုလည်း ရှိ ၊ ဂါထာ၏ ဆို လို ရင်း အဓိ ပ္ပါယ် ကို လည်း ထိ ထိ မိ မိ သိ ရှိ ကာ နှ လုံးသွင်း၍ ရွတ် ဆို ပါမူ အထူးပင်
အကျိုးများမည် ။
ဤ စမ္မ ခဏ် ဂါထာတော် ကို ရွတ် ဖတ် သရဇ္ဈာယ် သောသူ များမှာ ဘေးရန် ခပ် သိ မ်း ကင်းငြိ မ်းလျက် ကျန်းမာရေး ၊ ပညာရေး
၊ စီးပွားရေး စသော လူ မှုကိ စ္စ အ၀၀တို့  တိုးတက် စည် ပင် ကာ ကျက်
သရေ မင်္ဂလာအပေါင်းနှ င့် ပြည့် စုံနိုင်ကြပေသည်။
စမ္မခဏ်ဂါထာကို အသုံးပြုနည်း
(၁) ထိတ်လန့် ကြောက်ရွံ့ခြင်းဖြစ်ပါက ပါဠိနှ င့်အနက်ကို ရွတ်ပါ။
(၂) ကု န်း ၊ ရေ ၊ လေ ခရီးသွားသည့်  အခါ ပါဠိ တော် သက် သက် ကို ရွတ် ပါ။
(၃) စု န်း ၊ ပယောဂ ၊ အစိ မ်းသရဲ စွဲကပ် ခြင်း ၊ ဖမ်းစား ခံ ရသော လူ မမာများအား ဤဂါထာဖြင့် ရေကို (၇)
ခေါက် မန်းပြီးလျှင် ကို ယ် တို င် လက် ဖြင့်  တို က် ပါ။ လက် ဖြင့်  လည်း တောက် ဖြန်းပေးပါ။ အစိ မ်းသရဲများ ထွက် ပြေး၏။
(၄) အိ မ် ၊ ဥယျာဉ် ၊ လယ် မြေ ၊ ခြံ မြေ တို့ ကို ဘေးအန္တရာယ် ကင်းဝေးစေလို ပါက ဤဂါထာဖြင့်  သဲ ၊ ရေ ၊ ဆန် တို့ ကို မန်း၍
ပက် ဖြန်းပါ။
(၅) အိ မ် ၊ နွားခြံ ၊ စပါးကျီ ၊ အလု ပ် ရုံ ၊ စက် ရုံ ၊ ရုံးခန်း စသည် တို့ မှာ ရေးဆွဲ၍ ထားပါက ရန် သူ မျိုး ငါးပါးဘေးမှ
ကင်းဝေးစေ နို င် ပါသည် ။
ထို့ကြောင့် ဂါထာကို ရွတ်ဆို၍ ဖြစ်စေ ၊ စမ္မခဏ် ပုတီး စိပ်နည်းကို ဖြစ်စေ ၊ အဓိဋ္ဌာန်မပျက် ယုံကြည်မှု ရှိရှိနှ င့် ကျင့် ကြံ
ရွတ် ဆို
ကြပါက ကောင်းကျိုးသု ခများ ခံ စားရမည် မှာ သေချာပါသည် ။
မည် သည့်  နေ့ ၊ နေရာဌာနတွင် မဆို စတင် အဓိ ဋ္ဌာန် ၀င် နို င် ပါသည် ။ အဓိ ဋ္ဌာန် မ၀င် မီ ဘု ရားရှိ ခိုး ၊ ငါးပါးသီ လ ခံ ယူ
တတ် နို င် သမျှ ဆွမ်း ၊ ဆီ မီး ၊ ရေတော် တို့ ကို ကပ် လှူ၍ ပု တီး စိ ပ် ပြီးပါက လို ရာဆန္ဒ ဆု တောင်း ၊ မေတ္တာပို့  စသည် တို့ကို အစီ အစဉ် တကျ ဆောင် ရွက် နို င် ကြပါစေကု န် သတည်း။ ။

နေလဂျာနယ် မှ ကူးယူတင်ပြပေးလိုက်ပါတယ်ရှင့်။


                                                                       ***ဧကရီ***

တောင်ကြီးသားလေး...

               
who love taunggyitharlay...
meet him here


:D
             

SopCast



Sopcast for free channels .
Click Here for download .


ဘော်လုံးပွဲနှင့် TV Channel တွေ အတော်များများ
ကြည့်လို့ ရနိုင်တဲ့ Sofeware လေးပါ ။
သုံးရတာလဲ လွယ်ပါတယ် ။
စမ်းကြည့်ချင်ရင် ဒေါင်း
သွားလိုက်ပါဗျာ ။


*********************** တောင်ကြီးသားလေး *****************************

Firefox 4 Beta 7

ကလစ်  ပြီးဒေါင်းလိုက်ပါဗျာ...
မီးမြေခွေးအသစ်လေးပေါ့... သိပြီးသားသူတွေလည်းရှိပါတယ်...
မသိသေးသူတွေအတွက်ရည်ရွယ်ပြီးတင်ပေးလိုက်တာပါ...
သုံးလို့ကောင်းပါတယ်... ( အသစ်ပဲ ကောင်းမှာပေါ့နော့် )


                     ************  တောင်ကြီးသားလေး...*************