Thursday, December 23, 2010

အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုပေးသော Software

အင်္ဂလိပ်ဘာသာ နဲ့ ရေးသားထားတာတွေကို မြန်မာဘာသာသို့ ပြန်ဆိုဖတ်ရှုနိုင်အောင် English-Myanmar Translator Software Download Link လေး တင်ပြပေးလိုက်ပါတယ်။ အင်္ဂလိပ်လို ရေးသားထားတဲ့ ၀က်(ဘ်)ဆိုက်တွေ၊ နည်းပညာ စာအုပ်တွေ ကို မြန်မာဘာသာသို့ ပြန်ဆိုလေ့လာ ဖတ်ရှုနိုင်ပါတယ်။ ဘာသာပြန်ရာမှာ အင်္ဂလိပ်စာကို ကော်ပီကူး၊ Translator ထဲမှာ Paste ကူးထည့်ပြီး ပြန်ဆိုနိုင်ပါတယ်။ နဲနဲချင်း ကူးထည့်ဖို့ အကြံပြုလိုပါတယ်။ စာအရမ်းများရင် Hang ဟန်း သွားနိုင်လို့ပါ။ စမ်းသပ်ကြည့်ပါဗျာ။ :)

Download လုပ်ရန်

Gtalk ကနေ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကြည့်မယ်

Gtalk ကနေ အင်္ဂလိပ်-မြန်မာ အဘိဓာန် ကြည့်လို့ ရပါပြီ။

Gtalk မှာ အောက်ပါလိပ်စာလေးကို Add လိုက်ပါ။

en2my1@gmail.com



ခဏနေရင် en2my1 က Available ဖြစ်လာပါလိမ့်မယ်။

သိချင်တဲ့ အင်္ဂလိပ်စာလုံးကို ကျွန်တော်တို့ ပုံမှန် ချက်တင် Chatting လုပ်သလို ရိုက်ထည့်လိုက်ပါ။

မြန်မာ ဘာသာပြန်ကို ပြန်လည် ဖော်ပြပေးပါလိမ့်မယ်။ သူ့အဘိဓာန်ထဲမှာ မရှိသေးရင် မရှိကြောင်း ပြန်လည်ဖော်ပြပါလိမ့်မယ်။

မြန်မာစာလုံးတွေက Unicode font ဖြစ်ဖို့ လိုပါတယ်။ စမ်းသပ်ကြည့်ပါဗျာ။ :)

ခေါင်းမူးတာ ခေါင်းကိုက်တာ

12 Dec 10, 05:16 PM
ဗလ: ခေါင်းမူးတာ၊ ခေါင်းအရှေ့ခြမ်း ကိုက်ခဲနေတတ်တာကိုဘယ်လို လုပ်ရမလဲခင်ဗျာ။ ခေါင်းထဲမှာ ဝေပြီး ကြာကြာ အာရုံမစိုက်နိုင်တာ လေ့ကျင့်ခန်းလုပ်ရင် ပျောက်နိုင်ပါသလား။

လူမှုရေးအမေးအဖြေ အပိုင်းမှာ ကိုဗလ မေးမြန်းထားတာကို ပြန်ကြားခြင်းဖြစ်ပါတယ်။


ခေါင်းမူးတာ နဲ့ ခေါင်းကိုက်တာ မတူပါဘူး။
ခေါင်းမူးစေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အဖြစ်များတာတွေကတော့ အထွေထွေအားနည်းခြင်း၊ အိပ်ရေးပျက်ထားခြင်း၊ သွေးပေါင်ချိန်ကျခြင်း၊ သွေးတိုးခြင်း၊ လည်ပင်းကျည်းပေါင်းရောဂါ၊ နားရောဂါ၊ အာရုံတာရှည်စိုက်တာ (ဥပမာ-ကွန်ပျူတာ အချိန်ကြာမြင့်စွာအသုံးပြုခြင်း၊ မရပ်မနား စာဖတ်ခြင်း)၊ မျက်စိမှုန်ခြင်း တို့ဖြစ်ပါတယ်။ (အရက်/ဘီယာ သောက်ထားရင်လည်း မူးတတ်ပါတယ်၊ ဟဲ)။ ဒါကြောင့် အိပ်ရေးဝအောင် အိပ်စက်ပေးတာ၊ အားဆေးသောက်တာ လုပ်သင့်ပါတယ်။ မျက်စိကို အချိန်ကြာမြင့်စွာ အာရုံစိုက်တာမျိုး မလုပ်ပဲ မိနစ်(၂၀) တိုင်း (၅)မိနစ်လောက် နားနားပေးပါ။ နားထဲမှာ အူနေပြီး ချာလပတ်လည်အောင် မူးတာ အန်တာမျိုးက နားရောဂါကြောင့် ဖြစ်တတ်ပါတယ်။ ဒါမျိုးက ဆရာဝန်နဲ့ ပြသင့်ပါတယ်။ သွေးပေါင်ချိန် ချိန်ကြည့်ပါ။ အကြမ်းအားဖြင့် သွေးပေါင် ၉၀/၆၀ အောက်ရောက်နေရင် သွေးပေါင်ချိန်နည်းတယ်လို့ ပြောနိုင်ပါတယ်။ သွေးပေါင် ၁၄၀/၉၀ ထက်များရင် သွေးတိုးတယ်လို့ ပြောနိုင်ပါတယ်။ သွေးပေါင်ချိန်နည်းရင် အိပ်ရေး ၀အောင်အိပ်စက် အနားယူခြင်း၊ အစားအစာ ကောင်းကောင်းစားခြင်း၊ ဓာတ်ဆားရေ သောက်ခြင်း၊ အားဆေးသောက်ခြင်း ဖြင့် သက်သာနိုင်ပါတယ်။ သွေးတိုးသူများကတော့ ဆရာဝန်နဲ့ ပြသတိုင်ပင်ရပါမယ်။ အငန်တွေ လျှော့စားရပါမယ်။ လည်ပင်းကျည်းပေါင်း ရှိမရှိကတော့ ဓာတ်မှန်ရိုက်ကြည့်ရင် သိနိုင်ပါတယ်။ ဇက်ချိုးခြင်း၊ ခေါင်းအရမ်း မော့ခြင်း၊ ငုံ့ခြင်းတွေ မလုပ်ရပါဘူး။ အာရုံကြော အားကောင်းစေတဲ့ ဗိုက်တာမင် ဘီအုပ်စု အားဆေးတွေ (ဥပမာ- B1, B6, B12, Burplex, Neurobion) လိုဆေးမျိုးတွေ သောက်ပေးနိုင်ပါတယ်။ တစ်ရက် တစ်ကြိမ် မှ နှစ်ကြိမ်ထိ သောက်ပေးနိုင်ပါတယ်။

ခေါင်းကိုက်နိုင်တဲ့ အကြောင်းတွေလည်း အများကြီး ရှိပါတယ်။ အဖြစ်များတာတွေကတော့ အိပ်ရေးပျက်ခြင်း၊ သာမန်ဖျားခြင်း၊ အာရုံတာရှည်စူးစိုက်ထားခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ထိပ်ခတ်နာ (Sinusitis)၊ ဦးနှောက်မြှေးရောင်ခြင်း၊ မျက်နှာပိုင်းမှ အာရုံကြော ရောင်ရမ်းခြင်း၊ သွေးတိုးခြင်း၊ ခေါင်းကြီးကိုက်ရောဂါ (Migraine) တို့ဖြစ်ပါတယ်။ ခေါင်းကိုက်တာ ပြင်းထန်နေရင်၊ တာရှည်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ သောက်ရင်လည်း အစာစားပြီးမှ သောက်ပါ၊ အစာအိမ် နာတတ်ပါတယ်။ သွေးပေါင်ချိန်ကြည့်ပါ။ တာရှည် အာရုံစူးစိုက်တာမျိုး မလုပ်ပါနဲ့။

ကိုဗလကို အကြံပြုချင်တာတွေကတော့-
(၁) အိပ်ရေးဝအောင် အိပ်စက်ပေးပါ။
(၂) အာဟာရဖြစ်မဲ့ အစာတွေကို ပြည့်ပြည့်၀၀ စားပေးပါ။
(၃) လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးနိုင်ပါတယ်။ သတိပြုဖို့ကတော့ လည်ပင်းကျည်းပေါင်းကြောင့် မူးတာမျိုးဆိုရင် လည်ပင်းလေ့ကျင့်ခန်း ပြင်းထန်စွာ မလုပ်ရပါဘူး။
(၄) တာရှည် အာရုံစူးစိုက်တာမျိုး မလုပ်ပဲ မိနစ်(၂၀) တိုင်း (၅)မိနစ်ခန့် မျက်စိကို အနားပေးပါ။
(၅) ဗိုက်တာမင် ဘီပါတဲ့ဆေးတွေ (B1, B6, B12, Burplex, Neurobion) သောက်ပေးပါ။
(၆) ခေါင်းကိုက်ရင် ပါရာစီတမော ဆေးပြား (၅၀၀-မီလီဂရမ်) ကိုအစာတစ်ခုခု စားပြီး တစ်ပြားသောက်ပါ။ တစ်ရက်ကို ၃ကြိမ်လောက်ထိ သောက်နိုင်ပါတယ်။ ဘိုင်အိုဂျက်ဆစ် - ဆိုတာ ပါရာစီတမော(လ်) ဆေးပါပဲ။
(၇) သွေးပေါင်ချိန်ကြည့်ပါ။
(၈) ခဏခဏဖြစ်နေရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ကြည့်ပါ။
(၉) အဝေးမှုန်နေရင် မျက်စိပါဝါ စစ်ကြည့်ပါ။ မျက်မှန်တပ်လက်စ ဆိုရင် ပါဝါကိုက်မကိုက် ပြန်စစ်ပေးပါ။

ကျန်းမာ ပျော်ရွှင်ပါစေ။