Wednesday, December 29, 2010

ယောကျာင်္းလေးများ မှတ်သားရာ......:)

အစကတော့ မိန်းခလေးတွေအတွက်ပဲရှာဖတ်ရင်း မိန်းခလေးများမှတ်သားရာ အနေနဲ့ပထမပို့စ်လေး
တင်ပေးလိုက်တာပေါ့နော်..:)
အင်း..ခုတော့ ယောကျာင်္းလေးအတွက်လည်းလိုသေးတယ်ထင်လို့ ပြန်ရှာပြီး ရှဲ လိုက်ပါတယ်...
မိန်းခလေးတွေအနေလည်း ရှောင်ကျဉ်လို့ရတာပေါ့လေ..:)
ဒီအပြုအမူလေးတွေကမိန်းခလေးတွေကို အော့အန်ချင်အောင်ဖြစ်သွားတတ်ပါတယ်တဲ့။

images?q=tbn:ANd9GcSeU6Oepb0GG56lkGcE5ERCTTfzdZ9vCzmzc1Pp-ynzI4j9aXllaA

၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား

၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား
၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား
၎. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား
၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား
၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား
၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား
၈. အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင်
တွန့်တိုတတ်သော ယောက်ျား
၉. အာပုပ်စော်နံသော ယောက်ျား
၁၀. ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို…အဲလေ..ယောက်ျား
၁၁. လက်ရဲ ဇက်ရဲ တဏှာယောက်ျား
၁၂. မိန်းကလေးနှင့် တခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင်
ပြောတတ်သော ယောက်ျား
၁၃. ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်သော ယောက်ျား
၁၄. မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်သော ယောက်ျား
၁၅. ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျား
၁၆. ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို
ပြောတတ်သော ယောက်ျား
၁၇. အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျား
၁၈. ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျား
၁၉. စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျား
၂၀. သားသမီးများက တစ်ခုခုမေးလျှင် "နင်တို့အမေကို သွားမေး" ဟု ပြောတတ်သော ယောက်ျား
၂၁. ဆေးလိပ်သောက် ကွမ်းစားပြီး သွားများ မည်းညစ်နေသော ယောက်ျား
၂၂. မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျား
၂၃. နိုက်ကလပ် မသွားဖူးဘူးဟု ပြောတတ်သော ယောက်ျား
၂၄. စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျား
၂၅. ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျား
၂၆. မီးဝါကို ဖြတ်မမောင်းဘဲ ကိုယ့်ကို စည်းကမ်းသေ၀ပ်သူဟု ထင်သော ယောက်ျား
၂၇. မိန်းမဆန်ဆန် ၀တ်စားတတ်သော ယောက်ျား
၂၈. အ၀တ်အစားကို တင်းကျပ်နေအောင် ၀တ်တတ်သော ယောက်ျား
၂၉. ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျား
၃၀. အင်္ကျီကြယ်သီး သုံးလုံးအထက်ကို မတပ်ဘဲ ကိုယ့်ကို ဆက်စီလုပ်ချင်သော ယောက်ျား
၃၁. အထက်လူကြီးကို ဖားပြီး အိမ်ပြန်ရောက်လျှင် မိန်းမကို ရန်ရှာတတ်သော ယောက်ျား
၃၂. ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျား


ကဲ...ပြန်ရှာပြီးတင်ပြလိုက်တာမို့..ယောကျာင်္းလေးတွေအတွက်ကော မိန်းခလေးတွေအတွက်ပါ ရှောင်ဖို့ဆောင်ဖို့
တစ်ခုထပ်တိုးတာပေါ့နော်...ခင်လည်းခင်ပါတယ်အားလည်းနာပါရဲ့ရှင်.................:)

                                                                                            ***ဧကရီ***

မိန်းခလေးများမှတ်သားရာတဲ့..:)

မိန်းခလေးတိုင်း သိထားသင့်တာလေးတွေတဲ့။
ယောကျာင်္းလေးတွေကို အော့နှလုံး အန်စေတဲ့ မိန်းမတစ်ယောက်ရဲ့ အမူအကျင့်လေးတွေပါ။

images?q=tbn:ANd9GcRFKdf4k0Z0cveMWUID_KnjQQryiNJm8gzYh6w-YtLoxCgS6CCA

၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ
၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ
၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ
၎. အသားအရည် ကြမ်းတမ်းသော မိန်းမ
၅. အခြယ်သလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ
၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ
၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျောက်သော မိန်းမ
၈. အသံထွက်အောင် လေချဉ်တက်ပြီး နှာခေါင်းပေါက်နှိက်တတ်သော မိန်းမ
၉. တစ်ပျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ
၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှိ့ကစားတတ်သော မိန်းမ
၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ
၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ
၁၃. အသုံးအဖြုန်းကြီးသော မိန်းမ
၁၄. ခြေသလုံး တုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ
၁၅. သဘောထား သေးသိမ်သော မိန်းမ
၁၆. သရေစာ မစားဘူး ၊ ဒိုင်ယာရီ မရေးဖူးဘူးဟုဆိုသော မိန်းမ
၁၇. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ
၁၈. ပေါ့ပေါ့တန်တန် နေတတ်သော မိန်းမ
၁၉. ဟာသဥာဏ် မရှိသော မိန်းမ
၂၀. မြူဆွယ်တတ်သော မိန်းမ
၂၁. သူငယ်ချင်း ချစ်သူရီးစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသော မိန်းမ
၂၂. အပြောအဆို မတတ်သော မိန်းမ
၂၃. ယောက်ျားအများကို တုံးအတဲ့ တဏှရူးတွေဟု ထင်သော မိန်းမ
၂၄. လူအများရှေ့တွင် ခြေအိတ်ကောက်စွပ်တတ်သော မိန်းမ
၂၅. အချိန်းအတွေ့ ခံချင်ပြီး ချိန်းတွေ့ရင် ပျက်ကွက်တတ်သော မိန်းမ
၂၆. ရုပ်ဆိုးပြီး စိတ်ပါပုပ်သော မိန်းမ
၂၇. လိုအပ်သည်ထက် အ၀လွန်သော မိန်းမ

ဘယ်ရယ်မဟုတ် ဖတ်မိဖတ်ရာ ဆောင်သင့်ရှောင်သင့် တာလေးတွေ့လို့ ပြန်မျှဝေလိုက်တာပါ..)


                                                                                                 ***ဧကရီ***

Mozilla Firefox ကို ကလိကြမယ်။

images?q=tbn:ANd9GcT64ZPK4oWuwCaeznyjZLLdT5c6CSCq7L1rx0rt2EYr5LU8ZVOXwKq2aSfn


ဟိုကလိ ဒီကလိ ၀ါသနာ ပါသူတွေ အတွက်နှင့်  မသိသေးသူ မကလိဖူးသေးတဲ့သူတွေအတွက်ပေါ့နော်..:P
Firefox မှာ Advanced Configuration Settings ဆိုတာ ရှိပါတယ်။

၁. ပထမဆုံး Firefox ကို ဖွင့်လိုက်ပါ။
၂. Address Bar မှာ  about:config လို့ ရိုက်ထည့်လိုက်ပါ။

images?q=tbn:ANd9GcQqmjiZRSRiIu29ePnsB1Rs5HOV-sD7qMU-60_h7mR_Qz4_TxoJ3Q

ပြီးရင် Preference Name တွေကို  ကြည့်ပြီး လျှောက်ကလိလို့ ရပါပြီ။ နမူနာ တစ်ချို့ ပြထားပါတယ်။ အဲ... မသိတာတွေတော့ လျှောက်မပြင်နဲ့နော်...
Error တွေ တက်နေဦးမယ.်..:)     ။


၃. browser.urlbar.autoFill ဆိုတာကို ရှာပြီး true လို့ပြင်လိုက်ပါ။ ပြီးရင် Address Bar ကို သွားပြီး url တစ်ခုခုကိုရိုက်ကြည့်လိုက်ပါ။
ဘာထူးခြားသွားသလဲ ???

images?q=tbn:ANd9GcRIobN8skHt_qRAeFEhqGpcAikD9KFc3HcewqDTfLk6XIW-rF2Q

၎. browser.tabs.closeButtons ကို ရှာပြီး 0 လို့ ပြင်လိုက်ပါ။ tab တစ်ခုထက်ပိုဖွင့်ထားရင် activeဖြစ်နေတဲ့ tab ကလွဲရင် တစ်ခြား tab တွေမှာ closeButtons တွေ ပျောက်သွားတာကို တွေ့ရလိမ့်မယ်။

images?q=tbn:ANd9GcQENE4ge8v82YJag8E5Z5y7lHW6i5yxndZOqMPi4vNWnqKQnEiA

၅.browser.backspace_action ...Default ကတော့ 0 ပါ။ 1 လို့ပြင်လိုက်ရင် backspace နှိပ်လိုက်ရင် အရင်လို previous page ကို မသွားတော့တာကိုတွေ့ရလိမ့်မယ်။ Mouse wheel scroll up function အတိုင်း လုပ်နေတာကို တွေ့ရပါလိမ့်မယ်။


images?q=tbn:ANd9GcSlGJVbpsBPrjQWtnqQ8Vd1zapHOGXUXj-MakWS25wuQTnaqhqANBw7PWKraQ

၆.
စာသားတွေ blink ဖြစ်နေလို့ မျက်စိနောက်နေလား....browser.blink_allowed ဆိုတာလေး ရှာပြီး false လို့ပြင်လိုက်ပါ။
 (Double Click နှိပ်လိုက်ရင် သူ့အလိုလို ပြင်သွားလိမ့်မယ်။)



images?q=tbn:ANd9GcSQtO3HYILFWUDBxOaf7GNrpOvo89bfu1OScg9Zz9vdjO7O_cgViw






Mozilla Firefox ပိုမြန်စေချင်ပါလား။




အောက်မှာ ဖော်ပြထားတဲ့ entries တွေကိုရှာပြီး  ပြထားတဲ့အတိုင်း ပြင်လိုက်ပါ။

browser.tabs.showSingleWindowModePrefs – true
network.http.max-connections – 48
network.http.max-connections-per-server – 16
network.http.max-persistent-connections-per-proxy – 8
network.http.max-persistent-connections-per-server – 4
network.http.pipelining – true
network.http.pipelining.maxrequests – 100
network.http.proxy.pipelining – true
network.http.request.timeout – 300

 ( ဒါတွေက Firefox 3 BETA မှာ မပါတဲ့ အတွက် 
Firefox 4 BETA နှင့် ဒေါင်းမှသာလျှင်ရမည်ဖြစ်ပါတယ်)

                                                                                                    ***ဧကရီ***

တောင်ကြီးမြို့သမိုင်း

ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီင်္းမြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် (၄၇၁၂) ပေ မြင့်သော ရှမ်းပြည်တောင်ပိုင်း ရှမ်းရိုးမ တောင်ပေါ်တွင် တည်ရှိပါသည်။မြန်မာ သဣရာဇ် (၁၂၀၀)ခန့်က နောင်တွင် တောင်ကြီးဟု သမုတ်မည့် နေရာ၌ ပအိုဝ့်ရွာလေး တစ်ရွာ ရှိခဲ့သည်။ ထိုရွာ၏ အမည်မှာ ``ဒုံတောင်တီ´´ ဟု အမည် ရသည်။ တောင်တီကို ရှမ်းအမည်ဖြင့် ``တွမ်တီး´´ ဟုခေါ်သည်။ တည်ပင် (၀ါ) ကတည်ပင် ပေါက်ရာရွာဟု ဆိုလိုသည်။ ထိုရွာနှင့် အနီးတ၀ိုက်တွင် ပင်လုံရွာ၊ ရှမ်းရွာ၊ မိန်မြိန်ရွာနှင့် ၀ါးပြားရွာ များသာ ရှိပေသည်။ ၎င်းအပြင် ရေကန် လေးကန်နှင့် အင်းကြီး တစ်အင်းလည်း ရှိပေသည်။ အင်္ဂလိပ် အစိုးရသည် တောင်ကြီးမြို့ ကို (၁၂၅၃)ခုနှစ်၊ (၁၈၉၀)ပြည့်နှစ်တွင် တည်ထောင်ခဲ့ကြောင်း၊ ပါတ်ဝန်းကျင်ရှိ အင်းနှင့်ကန်များကို ပြုပြင် ဆည်ဖို့ကာ တောင်ကြီးကို မြို့တော်ဖြစ်ရန် ဖန်တီးခဲ့ကြောင်း သိရှိ မှတ်သား ရပါသည်။


သက်ကြီး ရွယ်အို တစ်ဦး၏ ပြောပြချက် အရ (၁၂၅၁)ခုနှစ်တွင် တောင်ကြီးမြို့ တည်ကြောင်း မှတ်သား ရပါ သည်။ ဤ အဆို အမိန့်များကို အခြေခံ၍ သုံးသပ်ကြည့်ရာ အင်္ဂလိပ်တို့သည် အထက် မြန်မာပြည်ကို (၁၂၄၇)နှစ်တွင် အခြေစိုက် နိုင်ခဲ့ပြီး၊ရှမ်းပြည်နယ်သို့ တက်လာကာ ပထမဦးစွာ ညောင်ရွှေမြို့နယ် မိုင်းသောက် ကျေးရွာ အေသတွင် စတင် ရုံးစိုက်ခဲ့ ပေသည်။ ထိုဒေသမှ တစ်ဖန် ယခုတောင်ကြီးမြို့ တည်ရာ ဒေသ တ၀ိုက်သို့ (၁၂၅၁) ခုနှစ်ခန့်၌ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်နိုင် ပါသည်။ ထိုအချိန်က တောင်ကြီးမြို့ အရှေ့ဘက် တောင်တန်းများ ပေါ်၌ မိရဲ၊ သထုံ၊ ၀ိနယ အစရှိသော ပအိုဝ့်ရွာများ ရှိသည်။ ``၀ိနယ´´ဟူသော အဓိပ္ပါယ်မှာ ``မြို့ဟောင်း´´ဟူ၍ ဖြစ်သည်။ ၎င်း၌ ရုံးစိုက်ပြီး နောက် (၁၈၉၄) ခုနှစ်တွင်မှ ယခု တောင်ကြီးမြို့သို့ ပြောင်းရွေ့ တည်ခြင်း ဖြစ်နိုင် ပါသည်။ ဤသို့ဆိုလျင် တောင်ကြီးမြို့၏ သက်တမ်းကား အနှစ် (၁၀၀) ကျော်ပြီဖြစ်ကြောင်း မှတ်တမ်း တင်ရမည် ဖြစ်ပါသည်။ တောင်ကြီးသားများ ဂုဏ်ယူနိုင်ကြပါကုန်။

မှတ်ချက်။ စူဠာမုနိ လောကချမ်းသာ စေတီတော် တည်ဆောက်ရေး မှတ်တမ်းစာအုပ်မှ။

FROM: taunggyicherryland