Thursday, March 31, 2011

ယခုနှစ်သင်္ကြန်တွင်း တရားစခန်းဝင်ရန် စာရင်းပေးသွင်းသူများတွင် အများစုမှာ အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်များဖြစ်

6262

သင်္ကြန်တွင်း တရားစခန်းဝင်သူ ဦးရေရာချီလက်ခံသည့် တရားစခန်းများတွင် ယခုနှစ် တရားစခန်းဝင်ရန် စာရင်းပေးထားသူ အများစုမှာ အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်များဖြစ်ကြောင်း နှစ်စဉ်တရား စခန်းဖွင့်လှစ်ပေးနေသည့် ရိပ်သာများမှ စုံစမ်းသိရှိရသည်။

"ဒီနှစ်သင်္ကြန်အတွက် တရားစခန်းကိုတော့ ဧပြီလ ၁၂ ရက်ကနေ ၂၈ ရက်နေ့အထိ လုပ်ဖို့စီစဉ်ထားတယ်။ ၁၆ ရက်လုံး မနေနိုင်တဲ့သူ တွေဆိုရင်လည်း ၁၇ ရက်နေ့မှာ ထွက်လို့ရပါတယ်။ သင်္ကြန်ကာလ အတွင်းဆိုရင် လူဦးရေ ၄၀၀၊ ၅၀၀ ပတ်ဝန်းကျင်လောက်အထိ လက်ခံ သွားမှာပါ။ သင်္ကြန်အတွက်စာရင်း ပေးချင်တဲ့သူတွေကို အခုလကတည်းကစပြီး လက်ခံနေပါပြီ။ လက်ရှိ စာရင်းသွင်းထားသူ ဦးရေ ၂၀၀ ၀န်းကျင်လောက်ရှိပြီး အများစုက လူငယ်တွေများပါတယ်" ဟု လှိုင် မဟာစည်ရိပ်သာမှ တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။


အရင်က သင်္ကြန်ဆိုရင် ဘာအပူအပင်မှမရှိဘဲ ပျော်နိုင်ပေမယ့် အခုနောက်ပိုင်း သင်္ကြန်ဆိုရင် စိုးရိမ်ပူပန်စရာတွေက ပိုပို များလာတယ်

ယခုနောက်ပိုင်းတွင် သင်္ကြန်ကာလအတွင်း တရားစခန်းဝင်လိုသူ များပြားလာသည့်အတွက် တရားစခန်းဖွင့်လှစ်ပေးနေသည့် ရိပ်သာများအနေဖြင့် သင်္ကြန်မတိုင်မီတစ်လ အလိုမှပင် ကြိုတင်စာရင်းသွင်း လက်ခံပေးခြင်းဖြစ်ကြောင်းနှင့် သင်္ကြန်ကာလတွင်မူ တရားစခန်းဝင်လိုသူများသာမက တရားစခန်းဖွင့်လှစ်သည့်နေရာများ၌ ဝေယျာဝစ္စ ကုသိုလ်ယူလိုကြသည့်သူများလည်း များပြားသည့်အတွက် ကြိုတင်စာရင်းပေးသွင်း ထားရန်လိုအပ်ကြောင်း သိရသည်။

"တရားစခန်းတွေကို တစ်လနှစ်ကြိမ် တစ်နှစ်ပတ်လုံး ဖွင့်လှစ်ပေးတယ်။ အခုသင်္ကြန်အတွက်ဖွင့်မယ့် တရားစခန်းကတော့ ဧပြီလ ၉ ရက် ကနေ ၁၈ ရက်နေ့အထိ ဖွင့်မှာဖြစ်တဲ့အတွက် စာရင်းပေးသွင်းတာ ကိုတော့ ဒီလ ၃၀ ရက်နေ့ တစ်ရက်တည်း လက်ခံသွားမှာဖြစ်ပါတယ်။ လူဦးရေ ၄၅၀ ၀န်းကျင် သတ်မှတ်ထားပါ တယ်။ စာရင်းပေးသွင်းရမယ့်ရက်က တစ်ရက်တည်းဆိုပေမယ့် အဲဒီနေ့ တစ်ရက်မှာပဲ သတ်မှတ်ထားတဲ့ လူဦးရေပြည့်ပါတယ်။ ဒီမှာက အသက် ၂၀ ကနေ ၈၀ အတွင်း လက်ခံပြီးတော့ သင်္ကြန်ကာလဆိုရင် စာရင်းပေးတဲ့သူအများစုက ကျောင်းသားတွေနဲ့ လူငယ်လူလတ်ပိုင်း ၀န်ထမ်းတွေများတယ်"ဟု မိုးကုတ်ဝိပဿနာ တရားစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

လူငယ်များအနေဖြင့် သင်္ကြန်ကာလအတွင်း အပျော်အပါးများထက် တရားစခန်းဝင်၍ ကုသိုလ်ယူရန်နှင့် လူငယ်များအချင်းချင်း တစ်နိုင်တစ်ပိုင် စုပေါင်းလှူဒါန်းမှုများ ပြုလုပ်ရန်သာ စိတ်အားထက်သန် လျက်ရှိပြီး ယခင်နှစ်သင်္ကြန်ကာလအတွင်း ဖြစ်ခဲ့သည့်ဖြစ်ရပ်များကြောင့် မိဘများအနေဖြင့်လည်း သင်္ကြန်ကာလအတွင်း သုံးစွဲလျှင် ကုန်ကျမည့် ငွေကြေးများကို စုပေါင်း၍ အလှူအတန်းများ ပြုလုပ်ရန်အတွက်သာ အားပေးလျက်ရှိကြောင်း သိရ သည်။

" ဒီနှစ်သင်္ကြန်ကတော့ အပျော်အပါးထက် သူငယ်ချင်းတွေ စုပေါင်းပြီး ကုသိုလ်လုပ်ကြဖို့ပဲအားလုံး စိတ်ကူးထားကြတယ်။ အရင်နှစ်တွေတုန်းကတော့ သင်္ကြန်ဆိုရင်မဏ္ဍပ် ထိုင်ရင်ထိုင်၊ မထိုင်ရင်လျှောက်လည်ကြတာ များတယ်။ ပြီးခဲ့တဲ့နှစ်က သင်္ကြန်တွင်းမှာဖြစ်ခဲ့တဲ့ အဖြစ် အပျက်တွေကြောင့် ဒီနှစ်သင်္ကြန် လည်ဖို့ကိုကြောက်နေကြတာ။ အခု သင်္ကြန်နဲ့ပတ်သက်လို့ စည်းကမ်း ချက်တွေ အများကြီးထုတ်ပြန်ထားတယ်လို့ ကြားတယ်။ စည်းကမ်းချက် တွေထဲမှာလုံခြုံရေးအတွက် ဃဃွှဠ ကင်မရာတွေတပ်ရမယ်လို့ဆိုပေမယ့် တကယ်တမ်း ကိုယ့်ရဲ့လုံခြုံရေးကို ဘယ်လိုတာဝန်ယူမှုတွေ လုပ်ပေးမှာလဲဆိုတာတော့ မေးစရာရှိပါတယ်"ဟု လသာမြို့နယ်နေလူငယ် တစ်ဦးက ဆိုပါသည်။

"သင်္ကြန်မှာမဏ္ဍပ်ထိုင်ဖို့ အခု တော်တော်စဉ်းစားနေရတယ်။ မနှစ် ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေအပြင် ဒီနှစ် မဏ္ဍပ်တွေမှာဃဃွှဠ ကင်မရာတွေ တပ်ရမယ်လို့ ကြားကတည်းက လန့်နေတာ။ သင်္ကြန်ပြီးရင် ဒီကင်မရာ တွေနဲ့ရိုက်ထားတဲ့ပုံတွေကို သူတို့က ဘယ်လိုလုပ်မှာလဲ။ အင်တာ နက်ပေါ်မတင်ဘူးလို့ ဘယ်သူက အာမခံမှာလဲ။ အရင်က သင်္ကြန်ဆိုရင် ဘာအပူအပင်မှမရှိဘဲ ပျော်နိုင်ပေမယ့် အခုနောက်ပိုင်းသင်္ကြန်ဆို ရင် စိုးရိမ်ပူပန်စရာတွေက ပိုပိုများ လာတယ်"ဟု နည်းပညာတက္ကသိုလ် တက်ရောက်နေသည့် လူငယ်အမျိုးသမီးတစ်ဦးက ဆိုပါသည်။

သင်္ကြန်ကာလအတွင်း တစ်ဦး ချင်းသည်သာမက အခြေခံပညာ ကျောင်းများ၊ အသင်းအဖွဲ့များနှင့် ကုမ္ပဏီများမှဝန်ထမ်းများစုပေါင်း၍ တရားစခန်းဝင်ခြင်း၊ ပဉ္ဇင်းတက်ခြင်းနှင့် ဒုလ္လဘ၀တ်ရန် စုံစမ်းမှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် သင်္ကြန်ကာလအတွင်း တရားစခန်းများတွင် ဝေယျာဝစ္စကုသိုလ်ယူရန် စာရင်းပေးသွင်းမှုများတွင် လူငယ်များ အများဆုံး ပါဝင်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီနှစ်သင်္ကြန်မှာ ရုံးကသူငယ်ချင်းတွေစုပြီး တောင်ဥက္ကလာပမြို့နယ်အတွင်းက ဘုန်းကြီးကျောင်းတစ်ခုမှာ ပဉ္ဇင်းတက်ဖို့ စာရင်းပေးထားတယ်။ ကျွန်တော်တို့လိုပဲ တခြားအသင်းအဖွဲ့တွေ၊ ကုမ္ပဏီတွေကလည်း လာစာရင်းပေးထားတာ တွေ့တယ်။ သင်္ကြန်ကျတော့ ၀န်ထမ်းတွေအတွက် အားလပ်ရက် ရှည်ရတာရယ်၊ နောက်ပိုင်းသင်္ကြန်ဆိုရင် အရင်ကလို ထူးထူးခြားခြား ပျော်စရာမရှိတော့တာရယ်ကြောင့် နောက်ပိုင်း ကုသိုလ်ရေးနဲ့ပဲ သင်္ကြန် ကာလကို ဖြတ်သန်းဖြစ်တာ များတယ်"ဟု အသက် ၃၅ အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုပါသည်။

"သင်္ကြန်မှာ သင်္ကြန်ရေနဲ့ဆေးကြော သန့်စင်ကြတယ်။ ဒါပေမယ့် တစ်နှစ်တာလုံး ညစ်ခဲ့ရတဲ့စိတ်တွေကို တရားရေနဲ့ ဆေးတာအကောင်းဆုံးပဲ။ စိတ်ရဲ့ထွက်ပေါက်က ဘာသာရေးပဲ ရှိတယ်"ဟု ဓမ္မပိယ ဆရာတော်က မိန့်ကြားခဲ့သည်။

မဏ္ဍပ်ကြီးများ ဆောက်လုပ်ရာတွင် CCTV ကင်မရာများ တပ်ဆင်ခြင်း၊ တယ်လီဖုန်းများ ထားရှိရမည် ဖြစ်ခြင်း၊ ကားတစ်စီးနှင့်လုံခြုံရေး ၀န်ထမ်းများအနည်းဆုံး ၁၀ ဦး ထားရှိရမည်ဖြစ်ခြင်း စသည့်အချက် များသည် ကုန်ကျစရိတ်များစွာ ကုန်ကျနိုင်မည်ဖြစ်သောကြောင့် မဏ္ဍပ်ဆောက်လုပ်ရန် စီစဉ်သူများ အနေဖြင့်လည်း ယခုနှစ်တွင်မဏ္ဍပ် အများအပြားဆောက်လုပ်ရန် ချိန်ဆနေကြကြောင်းနှင့် ယခင်နှစ်များထက် မဏ္ဍပ်လက်မှတ်ခဈေးနှုန်းများ ပိုမိုမြင့်တက်ဖွယ် ရှိကြောင်းလည်း သိရသည်။

ထို့အပြင် ဓာတ်ဆီဈေးနှုန်းများ မြင့်တက်မှုများကြောင့် ကားငှားရမ်းခများလည်း မြင့်တက်နိုင်သည့်အတွက် ယခုနှစ်သင်္ကြန်တွင် ယခင်နှစ်များထက် စည်ကားမှုလျော့နည်းနိုင်ကြောင်း ရန်ကုန်မြို့နေသူများက ဆိုပါသည်။

သင်္ကြန်ကာလအတွင်း ဖွင့်လှစ်သွားမည့် တရားစခန်းအချို့

တရားစခန်း ရိပ်သာအမည်
လက်ခံမည့်ဦးရေ
တရားစခန်းဖွင့်လှစ်မည့် နေ့ရက်
လှိုင်မဟာစည်ရိပ်သာ
၄၀၀ မှ၅၀၀ ၀န်းကျင်
ဧပြီလ ၁၂ ရက်မှ ၂၈ ရက်အထိ
ချမ်းမြေ့ရိပ်သာကျောင်းတိုက်
လူဦးရေကန့်သတ်ထားခြင်းမရှိ
အပတ်စဉ်ဖွင့်လှစ်လျက်ရှိ
မိုးကုတ်ဝိပဿနာ တရားစခန်း
၄၅၀ ၀န်းကျင်
ဧပြီလ ၉ ရက်မှ ၁၈ ရက်ထိ
ဓမ္မပိယသာသနာ့ရိပ်သာ
၂၀၀ ၀န်းကျင်
ဧပြီလ ၁၁ ရက်မှ ၂၁ ရက်ထိ
ကိုးဘွဲ့ရကျောင်းတိုက်
၁၀၀၀ ကျော်
ဧပြီလ ၁၂ ရက်မှ ၁၉ ရက်ထိ
မင်္ဂလာဗျူဟာဗုဒ္ဓဘာသာသင်တန်းကျောင်း
၁၃၀ ၀န်းကျင်
ဧပြီလ ၁၁ ရက်မှ ၁၇ ရက်ထိ

credit news-eleven

Wednesday, March 30, 2011

ဆရာတော်များ၏ ဓမ္မပဒမှ အဆုံးအမစကားများ...!

ကုသိုလ်အကျိုးမျှော်လျှက် အကြင်နာနန်းတော်လေး မှ ရှာဖွေစုဆောင်းထားသော

ဆရာတော်များ၏ ဓမ္မပဒမှ အဆုံးအမစကားများ ကို

ဓမ္မလက်ဆောင်အဖြစ် ကုသိုလ်ပြုလုပ်အပ်ပါတယ်.

အလည်လာတဲ့ ဧည့်သည်တော်များ အစဉ်ကျန်းမာရွှင်လန်းကြပါစေရှင့်။

Tuesday, March 29, 2011

ချမ်းမြေ့တဲ့ အိမ်ထောင် - ၂

 

 လိင်


အချစ်ဟာ လိင်ကိစ္စရဲ့ အကျိုးရလဒ် ဖြစ်နိုင်ပါတယ်။ လိင်ကိစ္စဟာလည်း အချစ်ကို လှစ်ဟပြခြင်းတစ်မျိုး ဖြစ်နိုင်ပါတယ်။ ချမ်းမြေ့တဲ့ အိမ်ထေင်တစ်ခုမှာ အချစ် နဲ့ လိင်သံဝါသဟာ မကွဲမပြား တစ်သားတည်း ပါဝင်နေပါတယ်။

 

ဒါပေမယ့် သံဝါသကိစ္စဟာ ချမ်းမြေ့တဲ့ အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ အရေးအကြီးဆုံး လိုအပ်ချက်တော့ မဟုတ်ပြန်ပါဘူး။ ဒီကိစ္စကို အလေးထားလွန်းရင် လိုက်စားလွန်းရင် အချစ်ဟာ ပျက်စီးတောင် သွားတတ်ပါတယ်။ အိမ်ထောင်ရေးသုခလည်း ဆိတ်သုဉ်းသွားတတ်ပါတယ်။

အိမ်ထေင်သည် ဘ၀မှာ အိမ်ထောင်ဘက်တိုင်းဟာ၊ အထူးသဖြင့် အမျိုးသမီးများဟာ အိမ်ထောင်ဘက်ဖြစ်သူအတွက် လိင်ဖျော်ဖြေရေးသမားသက်သက် ဖြစ်မသွားဖို့ အရေးကြီးပါတယ်။ မဖိုနှစ်ဘက်လုံး လူ့ဂုဏ်သိက္ခာ ပြည့်ဝသူတွေ ဖြစ်ဖို့လိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ မဟတ္တမ ဂန္ဓီက ဒီလို မှတ်ချက်ချခဲ့ပါတယ်။

လိင်အာသာဖြေဖျောက်ဖို့ အိမ်ထောင်ပြုတာဟာ အိမ်ထောင်ပြုခြင်း မမည်ပါဘူး။ ကာမဂုဏ်သောင်းကြမ်းခြင်းသာ ဖြစ်ပါတယ်”တဲ့။

လောကီနယ်က သဘာဝ လိင်ကိစ္စကို ဗုဒ္ဓဘာသာက အသားလွတ်ကြီး အပြစ်မဆိုပါဘူး။ လင်နဲ့မယားတို့ရဲ့ ဒီ လောကီကိစ္စကို မတားမြစ်ပါဘူး။ ဒါပေမယ့် ကျူးလွန်ဖောက်ပြန်တဲ့ အခြေအနေကိုတော့ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်နဲ့ တားမြစ်ပါတယ်။ အတင်းအကြပ်ကို တားမြစ်ပါတယ်။ တရားဝင် အကြင်လင်မယားကလွဲလို့ တစ်ခြားတစ်ယောက်ယောက်နဲ့ ဖောက်ပြားတဲ့ ကာမေသုမိစ္ဆာစာရ မှောက်မှားမှု အပါအ၀င်ဖြစ်တဲ့ ငါးပါးသီလကို ဗုဒ္ဓဘာသာဝင်တိုင်း မဖြစ်မနေ ကျင့်သုံးရမယ်၊ ဒီသီလကို ခါးဝတ်ပုဆိုးလို ခိုင်မြဲရမယ်လို့ သွန်သင်ဆုံးမပါတယ်။ ဒီသီလ မလုံရင် ကိုယ်ကျင့်စဉ်ကြယ်မှု သီလ၀ိသုဒ္ဓိ မဖြစ်တော့ဘူး။ သီလ၀ိသုဒ္ဓိ မဖြစ်ရင် စိတ္တ၀ိသုဒ္ဓိဆိုတဲ့ စိတ်စင်ကြယ်မှု သမာဓိတွေ ဈာန်တွေ သမာပတ်တွေ မရနိုင်တော့ဘူး။ ဒိဋ္ဌိဝိသုဒ္ဓိဆိုတဲ့ အယူမမြင် စင်ကြယ်မှုလည်း မဖြစ်နိုင်တော့ဘူး။ မဂ်ဖိုလ်နိဗ္ဗာန်နဲ့ ဝေလာဝေးပြီလို့ ဘုရားရှင် ဟောတော်မူပါတယ်။ ဒီသီလဟာ မဂ်ဖိုလ်ရရေး အထောက်အပံ့ ပေးသလို ချမ်းမြေ့တဲ့အိမ်ထောင်တစ်ခု တည်ဆောက်ဖို့လည်း အထောက်အပံ့ပေးပါတယ်။

 

မဂ်အရေး ဖိုလ်အရေး အားထုတ်ရာမှာတော့ တိုးတက်ဖြစ်ထွန်းမှုကို လိင်ကိစ္စက နှောင့်ယှက်ပါတယ်။ စိတ်တည်ငြိမ်မှုကို ဖျက်ဆီးပါတယ်။ ဒါကြောင့် တရားဘာဝနာ အားထုတ်သူတွေကို လိင်ကိစ္စ ရှောင်ကြဉ်တာ အပါအ၀င်ဖြစ်တဲ့ ရှစ်ပါးသီလ ဗြဟ္မစရိယသီလ ကျင့်သုံးဖို့ ဘုရားရှင် တိုက်တွန်းတော်မူပါတယ်။ ပုံစံကျနေတဲ့ ဗုဒ္ဓဘာသာတွေဟာ သီတင်းစဉ် ဥပုသ်စောင့်ပြီး ဗြဟ္မစရိယ အကျင့်ကို ကျင့်သုံးကြပါတယ်။ ဈာန်မဂ်ဖိုလ်ရဲ့ အခြေခံကို တည်ဆောက်တဲ့သဘော၊ ပါရမီ ဖြည့်တဲ့သဘော ဖြစ်ပါတယ်။ တရားဘာဝနာကို စူးစူးစိုက်စိုက် အားထုတ်ရမယ့် ရဟန်းသံဃာ သူတော်သီလရှင်တွေကိုလည်း ဒီကိစ္စ မပြုလုပ်ဖို့ အတင်းအကျပ် တားမြစ်တော်မူပါတယ်။

 

လောကီကို လွန်မြောက်လိုသူတွေအတွက် လိင်ကိစ္စဟာ ယုတ်ညံ့တယ်လို့ ဘုရားရှင် မိန့်တော်မူပါတယ်။ ဘုရားဖြစ်ဖြစ်ချင်း ပထမဆုံး ဟောတော်မူတဲ့  တရားဦး ဓမ္မစကြာမှာ လိင်ကိစ္စ အပါအ၀င် ကာမဂုဏ်ခံစားမှု မှန်သမျှကို ယုတ်ညံ့တယ် အကျိုးမဲ့တယ်လို့ ရှုတ်ချတော်မူပါတယ်။

 

လောကီနယ်မှာတော့ လိင်ကိစ္စဟာ အပြစ်မဆိုသာတဲ့ မနဲ့ဖိုတို့ရဲ့ အပေးအယူ ကိစ္စ ဖြစ်ပါတယ်။ နှစ်ဘက်လုံးကို အပြည့်အ၀ ကျေနပ်စေနိုင်တဲ့ ခန္ဓာဗေဒ သဘာဝ ဖြစ်ရပ်တွေထဲက တစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် စည်းကမ်းရှိဖို့ လိုပါတယ်။ အဋ္ဌကအင်္ဂုတ္တရပါဠိတော် ဒီဃဇာဏုသုတ်မှာ အပါယ်ကျစေတဲ့ မကောင်းမှု လေးမျိုးကို ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ အဲဒီ လေးမျိုးကတော့ “မိန်းမလိုက်စားခြင်း၊ လောင်းကစားလိုက်စားခြင်း၊ မူးယစ်သောက်စားခြင်း၊ မိတ်ဆွေဆိုးနဲ့ ပေါင်းသင်းခြင်း”တို့ ဖြစ်ပါတယ်။ သုတ္တနိပါတ်ပါဠိတော် ပရာဘ၀သုတ်မှာတော့ “မိန်းမလိုက်စားခြင်း၊ လောင်းကစားလိုက်စားခြင်း၊ မူးယစ်သောက်စားခြင်း”တို့ဟာ လူ့ဘ၀ ပျက်စီးကြောင်းတွေ ဖြစ်တယ်လို့ ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။

ဒီဒေသနာတော်တွေမှာ “မိန်းမလိုက်စားခြင်း”လို့ ဆိုတဲ့အတွက် အမျိုးသားတွေနဲ့သာ ဆိုင်တယ်၊ အမျိုးသမီးတွေနဲ့ မဆိုင်ဘူးလို့ မယူဆရပါဘူး။ ယောက်ျားတွေကို ကိုယ့်အိမ်ရှင် ဇနီးမယားကလွဲပြီး အပိုအပျော် မရှာဖို့ ညွှန်ကြားသလို မိန်းမတွေကိုလည်း ကိုယ့်အိမ်ရှင် လင်ယောက်ျားကလွဲပြီး အပိုအပျော် မရှာဖို့ ညွှန်းကြားထားတာ ဖြစ်ပါတယ်။ လောကီသားတို့ မရှောင်နိုင်တဲ့ လင်ကိစ္စမှာ သစ္စာရှိကြဖို့ စည်းကမ်းရှိကြဖို့ သွန်သင်ဆုံးမထားတာ ဖြစ်ပါတယ်။

ဒီကိစ္စကို ဒီလိုမှ စောင့်ထိန်းမှု မရှိရင် လူတွေဟာ တိရစ္ဆာန်တွေနဲ့ အဆင့်တူသွားပါလိမ့်မယ်။ လူပဲဖြစ်ဖြစ် တိရိစ္ဆာန်ပဲဖြစ်ဖြစ် မျိုးဆက်ပြန့်ပွားဖို့ မနဲ့ဖိုတို့ရဲ့ အိမ်ထောင်ကိစ္စ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမယ့် လူ့အိမ်ထောင်ဟာ မျိုးဆက်ပြန့်ပွားဖို့ထက် ပိုသင့်ပါတယ်။ လူသားအချင်းချင်း စည်းစည်းလုံးလုံး ဟန်ချက်ချက်ညီညီ ပေါင်းသင်းနိုင်ဖို့၊ ဆက်ဆံရေး နယ်ပယ်မှာ အပြန်အလှန် နာလည်နိုင်ဖို့အတွက် တာဝန်ဝတ္တရား နဲ့ တာဝန်ယူမှုတွေ အရေးတကြီး လိုအပ်ပါတယ်။ ဒီလိုအပ်ချက်ကို အလေးအနက် ဖြည့်ဆည်းပေးခြင်းဟာ ချမ်းမြေ့တဲ့ လူ့အိမ်ထောင်ရဲ့ အဓိက ထောက်တိုင် ဖြစ်ပါတယ်။

ဒီထောက်တိုင်ကို ထူထောင်တဲ့ အနေနဲ့ အိမ်ထောင်ဘက်ချင်း အပြန်အလှန် တာဝန်ကျေပြီး အပြန်အလှန် သစ္စာရှိကြမယ်၊ လိင်ကိစ္စကို စည်းနဲ့ဘောင်နဲ့ ပြတ်ပြတ်သားသား ကန့်သတ်ထိန်းချုပ် ရောင့်ရဲနိုင်ကြမယ်ဆိုရင် ချမ်းမြေ့တဲ့အိမ်ထောင်ကို တည်ဆောက်ရာမှာ များစွာ အထောက်အကူ ရပါလိမ့်မယ်။

ငြိမ်းချမ်းကြပါစေ။

ရှင်အာစာရ

 

Ref (March 23, 2011):

ဒီဃဇာဏုသုတ်၊ ပရာဘ၀သုတ်

 “A Happy Married Life” by Venerable K. Sri Dhammananda

http://www.dharmaweb.org/index.php/A_Happy_Married_Life_by_Venerable_K._Sri_Dhammananda


Picture from (March 30, 2011):

http://fineartamerica.com/featured/evil-born-safak-tulga.html

အနောက်တိုင်းဗေဒင် တွက်ကြမယ်

သင့်ရဲ့ မွေးရက်၊ မွေးချိန်၊ မွေးဖွားရာမြို့တွေ အရ အနောက်တိုင်းနည်းစနစ်နဲ့ ဗေဒင်တွက်ကြည့်ရအောင်။ အောက်မှာ အချက်အလက်တွေကို အင်္ဂလိပ်လို ထည့်သွင်းပေးပါ။ မွေးဖွားရာ မြို့အမည်ကို ထည့်သွင်းလို့ မရရင် နီးစပ်ရာ မြို့အမည်ကို ထည့်သွင်းပေးပါ။ ပြီးရင် Next ဆိုတာလေးကို နှိပ်လိုက်တာနဲ့ Ascendant လို့ခေါ်တဲ့ ဇာတာခွင် လဂ် ကိုတွက်ပေးပြီး အင်္ဂလိပ်လို ဗေဒင်ဟောပေးပါလိမ့်မယ်။ (ဘာသာပြန်ရခက်နေရင် အင်္ဂလိပ် မှ မြန်မာဘာသာသို့ ပြန်ဆိုပေးတဲ့ ဆော့ဝဲ သုံးပြီး ပြန်ကြည့်ပါ။ ပို့စ်တင်ပေးထားတာ ရှိပါတယ်)။

ဒီနည်းစနစ်က လဂ်ကို သာယန စနစ်နဲ့ တွက်ပေးလို့၊ မြန်မာ ဇာတာခွင်က လဂ် (နိရာယနစနစ်) နဲ့ ၂၃ မှ ၂၄ ဒီဂရီခန့် ကွာနေတတ်ပါတယ်။ တွက်ကြည့်ပါဗျာ။


To Myo tz

Myo tz: virtual drive ကတော့အဆင်ပြေသွားပြီခင်ဗျ။နောက်ထပ်ကူညီပါဦးအကိုရေ။ u torrrent ကလေ option ထဲကsetting တွေပြောင်းရသေးလား၊ download လုပ်လို့ မရဘူးလေ၊ torrent သုံးပုံသုံးနည်းလေးလည်းရှင်းပြပေးပါ ၊ ကျေးဇူးပါ.
ဧကရာဇ် :utorrent သုံးနည်းက အရင်ဆုံး utorrent ဆော့ဝဲကို ဒီနေရာလေးမှာ သွားဒေါင်းလိုက်ပါ။
http://www.utorrent.com/downloads

ဒေါင်းပြီး၇င်runလိုက်ပါ။
ဒုတိယအဆင့်က ကိုယ်လိုချင်တဲ့ဆော့ဝဲရှာတာပါ။ရှာတဲ့ဆိုဒ်ကတော့ google ကရှာလဲရပါတယ်။
အောက်ကဆိုဒ်မှာလဲ  torrent အတွက် ရှာနိုင်ပါတယ်။အစုံပေါ့ ရုပ်ရှင်တွေရော ဆော့ဝဲတွေရော အကုန်ရှာနိုင်ပါတယ်။
http://torrentz.eu/search?q=software

ကျွန်တော် window7 ကို ဒေါင်းပြပါမယ်။search ဘောက်မှာ windows7 ဆိုပြီးရိုက်ထည့်ပါတယ်။အောက်ပုံထဲကအတိုင်း window7 တွေ ကျလာပါတယ်။ကိုယ်နှစ်သက်ရာတစ်ခုကို ကလစ်ပေးလိုက်ပါ။

 ဒါကတော့ click ပေးလိုက်ရင် ဒီလို ပုံစံလေးကျလာပါမယ်။

ကိုယ်နှစ်သက်တဲ့ လင့်ကနေ ဒေါင်းနိုင်ပါတယ်။ကျွန်တော်ကတော့ Torrage.com ကဒေါင်းတယ်။

အပေါ်ကပုံလေးကလိုဘဲ ဖိုင်လေးတစ်ခု ရလာပါမယ်။အဲ့ကောင်လေးကို open လိုက်ပါ။

အပေါ်ကပုံထဲက အတိုင်းဘောက်လေးပေါ်လာပါမယ်။OK ပေးလိုက်ပါ။
















ပုံထဲကအတိုင်း download လုပ်နေပါလိမ့်မယ်။ပြည့်သွားရင် completed ထဲ ရောက်သွားပါလိမ့်မယ်။
ဒေါင်းလို့ပြီးသွားရင် completed ထဲဝင်ပြီး ကိုယ်ဒေါင်းတဲ့ဟာစာပေါ်မှာ right click ထောက်ပြီး ကိုယ်ဒေါင်းလိုက်တဲ့ဖိုင်ကို ရှာပါ။ဒေါင်းလိုက်တဲ့ဟာဘယ်နားရောက်သွားလဲ မသိမှာဆိုးလို့ပြောတာပါ။
တခါတလေကွန်နက်ရှင်းမကောင်းရင် မတက်ပါဘူး။အပေါ်ကပုံလေးမှာ Down speed ဆိုတာလေး ရှိပါတယ်။ဂဏန်းမတက်ရင် မရပါဘူး။အဆင်ပြေပါစေ။

Saturday, March 26, 2011

ရန်ကုန်မြို့၏ အရှေ့မြောက်ဘက် ၃၆၅မိုင်ခန့် အကွာကို ဗဟိုပြု၍ လှုပ်ခတ်သွားသော ငလျင်သတင်းများ.

8eb7340f25177c9aeb344c2bb1ce0391.jpg



မတ်လ ၂၄ ရက် ကြာသပတေးနေ့ ညပိုင်းက မြန်မာနိုင်ငံ နယ်စပ်တွင် လှူပ်ခတ်ခဲ့သော ပြင်းအား ၇.၀ ရှိ  အင်းအားပြင်း မြန်မာ ငလျင်ကြောင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တာချီလိတ် တာပင် ဒေသတွင် တောင်ပြိုခြင်း နှင့် အဆောက်အအုံများ ပြိုကျခြင်းများ ဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။
မြန်မာ့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက် အရ အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် ည ၈ နာရီ ၂၉ မိနစ် (ကမ္ဘာစံတော်ချိန် ၁၃ နာရီ ၆၉ မိနစ်) တွင် ရှမ်းပြည်နယ် လွယ်မွေရွာ အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
36efc8f83f0b2820df5f2f61b14c4d70.jpg

ငလျင်၏ ဗဟိုချက်မှာ မြေအောက် ၁၀ ကီလိုမီတာ အကွာတွင် ဖြစ်ပြီး မြန်မာ၊ ထိုင်း နှင့် လာအို နယ်စပ်တစ်လျောက် ပြင်းထန်စွာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ငလျင်ဖြစ်ပွားပြီး နောက်ထပ် ၂ နာရီခန့်အကြာတွင် ပြင်းအား ၅.၄ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု အဆိုပါ ဒေသတွင်ပင် ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ငလျင်သည် မြန်မာနိုင်ငံအတွင်း နေရာတော်တော်များများကို ထိခိုက်ခဲ့ပြီး နယ်စပ်မြို့ တာချီလိတ် တွင် အပြင်းထန်ဆုံး ဖြစ်ကာ တောင်ကြီး၊ ပဲခူး ၊ ရွှေကျင် ၊ နေပြည်တော် ၊ မန္တလေး နှင့် တောင်ငူမြို့များတွင်လည်း ငလျင်လှုက်ခတ်မှုကို ကြုံတွေ့ခဲ့ရသည်။ တာချီလိတ်ရှိ တာဝန်ရှိသူများက အများပြည်သူများအား မိမိတို့ အဆောက်အအုံ အပြင်ဘက်တွင် ထွက်နေကြရန် နှိုးဆော်ခဲ့သည်။
မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော် ရန်ကုန်တွင်မှု ငလျင်လှုပ်ခတ်မှုကို ဖြည်းညှင်းစွာ တွေ့ကြုံခဲ့ကြောင်း လူအများစုသည် ၎င်းတို့ အိမ်ယာများ အပြင်ဘက်တွင် ထွက်နေကြကြောင်း မြို့နေပြည်သူတစ်ဦးက ဆိုပါသည်။
အဆိုပါ အင်အားပြင်း ငလျင်သည် ထိုင်းနိုင်ငံ ၊ တရုတ်နှင့် ဗီယမ်နမ် နိုင်ငံများကိုလည်း ထိခိုက်ခဲ့ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်မြို့တော်တွင် အဆောက်အအုံ ပြိုကျပြီး လူတစ်ဦးသေဆုံးခဲ့သည်။
ငလျင်သည် ၇၇၂ ကီလိုမီတာ အဝေးတွင်ရှိသော ဘန်ကောက်မြို့တော်ကိုလည်းလှုပ်ခတ်ခဲ့ပြီး အဆောက်အအုံများ လှုပ်ရမ်းနေသည်ကို မြင်တွေ့ရကြောင်း ထိုင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။ အမေရိကန် ဘူမိဗေဒဆိုင်ရာ တိုင်းတာရေးဌာနက ငလျင်ပြင်းအားကို မူလက ၇.၀ ဟု ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် ၆.၈ ဟု ပြင်ဆင်ခဲ့သည်။


myanmar-earthquake.jpg&h=210&w=495&zc=1&q=90

ရန်ကုန်မြို့၏ အရှေ့မြောက်ဘက် ၃၆၅မိုင်ခန့် အကွာကို ဗဟိုပြု၍ ရစ်ချတ်တာစကေး ၇.၀ ( ၆.၈ ဟု ပြင်ဆင်ခဲ့) ရှိ အင်အားပြင်း ငလျင်တစ်ခု ယနေ့ ကြာသပတေးနေ့ ညပိုင်း တွင် မြန်မာ ထိုင်း လာအို နိုင်ငံ နယ်စပ်အနီး မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း လှုပ်ခတ်ခဲ့ကြောင်း နယူးယောက်တိုင်းမ်၏  ဖော်ပြချက်အရ သိရှိရပါသည်။

ထိုင်းနိုင်ငံနယ်စပ် ချင်းရိုင် မြို့ ၏ မြောက်ဘက် မိုင်၇၀ အကွာခန့်တွင် ဗဟိုပြု လှုပ်ခတ်ခဲ့သည်ဟု ထိုင်း ရုပ်မြင်သံကြားမှ အပျက်အစီးသတင်းနှင့်အတူ ဖော်ပြခဲ့သည်။ အဆိုပါ ငလျင်ကြောင့် အသက် ၅၅နှစ်အရွယ်အမျိုးသမီး တစ်ဦး အိပ်ပျော်နေစဉ် မျက်နှာကြက်နံရံပြိုကျ ခဲ့ရာမှ သေဆုံးမှုဖြစ်ပွားခဲ့သည် ဟု ဖော်ပြထားပြီး
အခြား အပျက်အစီးအဆုံးအရှုံး သတင်း ကိုမူ အတိအကျ မသိရှိရသေးကြောင်း သိရသည်။  အဆိုပါငလျင်နှင့်ပါတ်သက်ပြီး ပျက်စီး ဆုံးရှုံးမှု ပမာဏကို ၎င်းဧရိယာအတွင်း ပါဝင်သော မြန်မာနိုင်ငံ ဘက်မှသော်လည်ကောင်း လာအိုနိုင်ငံ ခရီးသွားမြို့ တစ်မြို့ ဖြစ်သော လွမ်ပရာဘွမ် မှသော်လည်းကောင်း တိအကျမသိရသေးဟု ဖော်ပြထားပါသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ဒေသတွင်း ဆူနာမီ ကဲ့သို့ နောက်ဆက်တွဲ အန္တရာယ် အကြီးအကျယ် ကျရောက်နိုင်ခြေ မရှိကြောင်း ပစိဖိတ်ဒေသ ဆူနာမီ စောင့်ကြည့်လေ့လာရေးဌာနမှ ပြောကြားပါသည်။
မြေမျက်နှာပြင်မှ အောက်ဘက် ၆မိုင်ခန့် အနက်တွင် ဗဟိုပြုခဲ့သော အဆိုပါငလျင်ကြောင့် ဖြစ်ပွားရာဒေသတွင် ပျက်စီးမှု အကြီးအကျယ်ရှိနိုင်ကြောင်း  အမေရိကန်နိုင်ငံ ဘူမိဗေဒ လေ့လာ တိုင်းတာရေးဌာနမှ ပြောကြားပာသည်။ အဆိုပါ ငလျင်ဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် ပြင်းအား ရစ်ချတ်တာစကေး ၄.၈ ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်ဟာ ပုခက်ထဲ က ခလေးတစ်ယောက်လို့ ဖြစ်နေခဲ့တာ" ဟု ထိုင်းနိုင်ငံမှ ကျောင်းဆရာတစ်ဦး က တယ်လီဖုန်း ဖြင့်ဆက်သွယ်မေးမြန်း မှုတွင် ဖြေကြားခဲ့ပြီး ၄င်း ကပင် "ဒီမှာ ငလျင်လှုပ်ပြီးတော့ အခြေအနေ တွေအားလုံး က  အထိန်းအချုပ်မဲ့ပြီး ရှုပ်ထွေးနေတယ်" ဟု ပြောကြားခဲ့သည်။


မတ်လ ၂၄ ရက် ကြသပတေးနေ့ ညပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်း မြန်မာငလျင်ကြောင့် သေဆုံးသူဦးရေ ၇၃ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၁၂၅ ဦးရှိသွားပြီ ဖြစ်ကြောင်း မြန်မာ့အသံနှင့် MRTV-4 ရုပ်/သံ အစီအစဉ်မှ သောကြာနေ့ညပိုင်း ဒေသစံတော်ချိန် ၉ နာရီ ၃၀ မိနစ်တွင် ကြေငြာခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ် အဓိကခံစားရသော တာချီလိတ်၊ တာလေ စသော ဒေသများတွင် နေအိမ် စုစုပေါင်း ၂၂၅ လုံး၊ ဘုန်းကြီးကျောင်း ၉ ကျောင်း နှင့် အစိုးရဌာန ၉ ခု၏ အဆောက်အအုံများ ပျက်စီးဆုံးရှံးခဲ့ကြောင်း သိရသည်။
ပြင်းအား ရစ်ချတ်တာ စကေး ၇.၀ ရှိ အင်အားပြင်း မြေငလျင်သည် ရှမ်းပြည်နယ် လွယ်မွေရွာ အနီးကို ကြာသပတေးနေ့ မြန်မာ စံတော်ချိန် ၈ နာရီ ၂၉ မိနစ် ၃၀ စက္ကန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်ဗဟိုချက်မှာ မြေအောက်အနက် ၁၀ ကီလိုမီတာတွင် တည်ရှိပြီး မြန်မာ ၊ထိုင်း ၊ လာအို နယ်စပ်တစ်လျောက် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News

မှ သတင်းဖြစ်ပါသည်။



bb1a647b4e1ec2afdf87a73edaa113e8.jpg

b0e81b4a2a646293661c119d29b274ee.jpg

e1d4d86569d17391e9db8b1fb75ffbd2.jpg

65e8a2baba867064b55eafcb46c92d1a.jpg



နီနီလေးသို့

နီနီလေး: IE မှာ ဇော်ဂျီဖောင့်ကို မမြင်ရဘူး..လေးထောင့်တွေဖြစ်နေတယ်..နောက်ပြီး youtubeကိုကြည့်မရဘူး flash player လဲ installed လုပ်ထားပြီးသားပါ။ကူညီပါဦးဗျို့

ဧကရာဇ်: ပြန်ဖြေတာ နဲနဲကြာသွားတဲ့အတွက် တောင်းပန်ပါတယ်နော်။အပြစ်တင်မယ်ဆိုရင်လေ ဧကရီကို တင်သိလား။ဟီးဟီး။သူ့ကို ဖြေခိုင်းထားတာ မဖြေ၀ူးလေ။ကျွန်တော့်ကိုဘဲ ပတ်ခိုင်းနေတယ်။ကျင့်ပုတ်လေးလေ။ကဲ ဖြေပေးမယ်နော်။

IEမှာ ဇော်ဂျီဖောင့်ကိုမမြင်ရရင် အရင်ဆုံး notepad လေးကို အရင်ဖွင့်လိုက်ပါ။ပြီးရင်အောက်က ကုဒ်လေးတွေကူးပြီးထည့်လိုက်ပါ။

body
{
font-family:Zawgyi-one;
}
input, select , textarea
{
font-family:Zawgyi-one;
}

ပြီးရင် disk တစ်ခုခုထဲမှာ တနေရာရာမှာ ie.css ဆိုတဲ့နာမည်နဲ့save လုပ်ပေးလိုက်ပါ။

ပြီးရင် IE ကိုဖွင့်လိုက်ပါ။Tools မှ Internet Options ကိုသွားပါ။General မှ Accessibility ကိုသွားပါ။
အောက်မှာ ပုံလေးနဲ့ ပြထားပါတယ်။



Ignore font styles specified on webpages ဆိုတာလေးကို အမှတ်ခြစ်ပေးပါ။
ပြီးရင် Format documents using my style sheet ဆိုတာလေးမှာ အမှတ်ခြစ်ပေးပြီ။ Browse ကနေ
ကိုယ် save ထားတဲ့ notepad နဲ့ရေးထားတဲ့ ie.css ဖိုင်လေးကို ထည့်ပေးလိုက်ပါ။
ပြီးရင် OK  ပေးလိုက်ပါ။OK နှစ်ခါပါ။ဒါဆိုရင် IE မှာ ဇော်ဂျီဖောင့် မြင်ရပါပြီခင်ဗျာ။

Flash player အလုပ်မလုပ်တာကတော့ သိသလောက်ပြောပေးမယ်နော်။
IE ကိုဖွင့်ပြီး နီနီလေးပြောတဲ့youtube ကိုဖွင့်လိုက်ပါ။ပြီးရင်Tools>manage Add-ons ကိုသွားလိုက်ပါ။


















အပေါ်က ပုံထဲက အတိုင်း shockwave flash object ဆိုတာလေးရှိရင် Disable လုပ်ထားမိလား ပြန်ကြည့်ပါ။လုပ်ထားမိရင် enabled လုပ်ပေးပါ။အဲ့ကောင်လေးမရှိဝူးဆိုရင်တော့
ညီမ install လုပ်ထားတဲ့  flash player က ဘာလဲ ။
adobe flash player က နှစ်ခုရှိတယ်။I.E Flash Player နဲ့ Non I.E Flash Player ဆိုပြီး ရှိတယ်။
အောက်ကလင့်တွေမှာ ဒေါင်းနိုင်ပါတယ်။စမ်းကြည့်လိုက်ပေါ့။ဒါမှအဆင်မပြေဘူးဆိုရင်တော့
ကျွန်တော်လဲ မသိတော့ဘူး။မရရင် ပြောပါ။ထပ်ရှာကြည့်ပေးပါ့မယ်။

http://www.filehippo.com/download_flashplayer_ie/

http://flash-player-ie.brothersoft.com/

Friday, March 25, 2011

Windows 7 Activation software

ွှThan Tun: Windows 7 Activation software ရနိုင်မလား၊

ဧကရာဇ်: ကျွန်တော်မှာရှိတဲ့ window 7 activation software အစုံ ထည့်ပေးလိုက်ပါတယ်ခင်ဗျာ။


http://www.mediafire.com/?bx1todbwbqqcoum

http://ifile.it/ai40dh5/For_Activation.rar

http://www.zshare.net/download/882212801afeb972/

http://www.ziddu.com/download/14333817/For_Activation.rar.html

http://www.mirrorcreator.com/files/0Z3PPGH5/

Virtual Drives လေးပါ

Myo tz: အကိုရေ.. virtual drive software က mediafire နဲ့ တင်ထားတော့ download လုပ်ရတာ အဆင်မပြေဘူးခင်ဗျ။တခြားဟာနဲ့ တင်ပေးလို့ ရရင်တင်ပေးပါလားခင်ဗျ။

ဧကရာဇ် :ဘုန်းဘုန်းအရှင်အာစရတင်ထားတဲ့ဆော့ဝဲလေးထင်ပါတယ်။ကျွန်တော်ပြန်တင်ပေးလိုက်ပါတယ်။
စာတွေပါ ပြန်တင်ပေးလိုက်ပါတယ်နော်။




တစ်ချို့ Software တွေက Installလုပ်ပြီးရင် Installer[CD]မပါလည်း အသုံးပြုလို့ ရပါတယ်။ တစ်ချို့က အသုံးပြုတိုင်း Installer[CD]ကို CD Driveမှာ ထည့်ထားရပါတယ်။ ဥပမာ - Dictionaryတစ်ချို့၊ Gameတစ်ချို့။ အဲဒါမျိုးကို CD Driveဖွင့်လိုက် ပိတ်လိုက် မလုပ်ဘဲ၊ CD Driveမရှိဘဲ သုံးချင်တယ်ဆိုရင် Virtual Driveက အသုံးဝင်ပါတယ်။ CD Driveအတုပေါ့။

စမ်းကြည့်မယ်၊ လက်တွေ့ အသုံးချမယ်ဆိုရင်
Virtual Drive(8 or 9)ကို Downloadယူပါ။
Virtual Driveကို Installလုပ်ပါ။

ပြီးရင်
. . . . . Buildဆိုပြီး Installer Softwareတစ်ခုလုံးကို ကွန်ပျူတာထဲထည့်ပါ [မိနစ်အနည်းနယ်/(လူကြီးမင်း ပိုင်ဆိုင်တဲ့ ကွန်ပျူတာအပေါ် မူတည်ပြီး) နာရီပိုင်းအထိ အချိန်ယူပါလိမ့်မယ်။]
Insultဆိုပြီး Software Installerကို CD Driveအတုထဲထည့်ပါ။ [ဘယ်ကွန်ပျူတာမဆို စက္ကန့်/မိနစ်ပိုင်း အချိန်ယူပါလိမ့်မယ်။]

CD Driveအတုကနေ
Softwareကို Installလုပ်ပါ။

ဒါဆိုရင် အသုံးပြုတိုင်း Installerကို CD Driveမှာ ထည့်ထားရတဲ့ Softwareမျိုးကို CD Drive (အလုံအလောက်) မရှိလည်း Hard Disc အားကိုးနဲ့ ခပ်တည်တည် အသုံးပြုနိုင်ပါပြီ။

လိုအပ်ရင် လုပ်ကြည့်ပါ။
ခက်နေတယ်ဆိုရင် . . . အကြင်နာနန်းတော်မှာ အကူအညီတောင်းပါ။
ကူညီကောင်း ကူညီကြပါလိမ့်မယ်။

----------------------------------------

အရင်ဆုံး Downပြီး စမ်းကြည့်ဖို့။
Virtual Drives:

Portable Your Uninstaller 2010 Pro 7.0.


သူငယ်ချင်းတို့ရဲ့ ကွန်ပျူတာမှာ install လုပ်လိုက်ပြီး ပြန်ဖျက်ချင်တဲ့အခါ ဆော့ဝဲက uninstallလုပ်မရတာတွေ ရှိပါတယ်။အဲလိုလုပ်မရတဲ့ ဆော့ဝဲတွေကို ဖျက်ချင်ရင် ဒီဆော့ဝဲလေးက ကူညီပေးပါလိမ့်မယ်။ပေါ့တေဘယ်လေးပါခင်ဗျာ။

http://www.mediafire.com/?ivbi5kxo46264um

http://ifile.it/8qhnmzr/Portable_Your_Uninstaller_2010_Pro_7.0.2010.11.rar

http://www.ziddu.com/download/14333246/Portable_Your_Uninstaller_2010_Pro_7.0.2010.11.rar.html

http://www.zshare.net/download/882197658dfa7cad/

http://www.mirrorcreator.com/files/0PGEZSIV/

Thursday, March 24, 2011

ချမ်းမြေ့တဲ့ အိမ်ထောင် - ၁


အချစ်

လောကမှာ အချစ်မျိုးစုံ ရှိပါတယ်။ အချစ်ကို ပုံစုံမျိုးစုံနဲ့ ထုတ်ဖော်ပြကြပါတယ်။ အချစ်ဆိုတာကို နာမည်အမျိုးမျိုးပေး၊ တံဆိပ်အမျိုးမျိုး ကပ်ကြပါတယ်။ လိင်ချစ်။ အတ္တကြီးတဲ့ အချစ်။ အတ္တကင်းတဲ့ အချစ်။ လင်ချစ်။ မယားချစ်။ မိခင်ချစ်။ ဖခင်ချစ်။ သားချစ်။ သမီးချစ်။ ညီအစ်ကိုချစ်။ မောင်နှစ်မချစ်။ ဆွေချစ်မျိုးချစ်။ မိတ်ဆွေချစ်။ စုံနေတာပါပဲ။  လူအချင်းအချင်းတင် ဘယ်ကမလဲ။ ရုပ်ဝတ္ထု မျိုးစုံကိုလည်း ချစ်ကြတာပါ။ ဒါတွေ အားလုံးခြုံပြောရရင် ကာမဂုဏ်အချစ်ပေါ့။ အရေးကြီးတဲ့ နောက်တစ်ခုကတော့ အချစ်အားလုံးထက် မြင့်မြတ်တဲ့ စင်ကြယ်တဲ့ အချစ် ဖြစ်ပါတယ်။ အဲဒါကတော့ မေတ္တာချစ်ပေါ့။ သူ့လူကိုယ့်လူ အနီးအဝေး အနိမ့်အမြင့် အယုတ်အလတ်အမြတ် မခွဲခြားဘဲ သက်ရှိအားလုံးအပေါ် ထားရှိနိုင်တဲ့ အချစ်ပေါ့။

ချစ်ကြသူချင်း တစ်ယောက်နဲ့တစ်ယောက် သွေးသားဆန္ဒအချစ် ရမ္မက်မြူးတဲ့အချစ် အတ္တဆန်တဲ့အချစ်တွေနဲ့ပဲ ချစ်နေကြမယ်ဆိုရင် ရေရှည်မှာ မငြိမ်းချမ်းနိုင်ပါဘူး။ အဲဒီလို အချစ်တွေဟာ ရေရှည်မတည်မြဲနိုင်လို့ ဖြစ်ပါတယ်။

ကိုယ်ခန္ဓာရဲ့ လှပပြေပြစ်မှုကိုသာ သွေးသားဆန္ဒနဲ့ ချစ်ခဲ့တာဆိုရင် အဖော်ဖြစ်သူရဲ့ ပြေပြစ်တဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ၀င်းပတဲ့ အသားအရေတွေ အသက်အရွယ်နဲ့အတူ ယိုယွင်းလာတဲ့ အခါမှာ နုပျိုတဲ့ အဖော်အသစ်ကို ရှာကြပါလိမ့်မယ်။ အဲဒီလို အချစ်မျိုးဟာ တိရစ္ဆာန်တွေမှာလည်း ရှိပါတယ်။ ရာဂချစ်၊ တိရစ္ဆာန်အချစ် ဆိုပါစို့။

အရေဖျား တစ်ထောက်သာ တည်ရှိတဲ့ ရုပ်ဆင်းသွင်ပြင် အလှတရားကို ဘန်းပြပြီး အမျိုးသားတွေကို ဆွဲဆောင်သိမ်းသွင်းချင်တဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ မဟတ္တမဂန္ဓီကြီး စိုးရိမ်ပူပန်ခဲ့ပါတယ်။

သူ ပြောပါတယ် -
ခုခေတ် အမျိုးသမီး တစ်ယောက်ဟာ ရိုမီယို မြောက်များစွာတိုရဲ့ ဂျူးလီးယက်လေး ဖြစ်ချင်နေမှာကို စိုးရိမ်မိပါတယ်။ ခေတ် သမီးပျိုဟာ စွန့်စားခန်းကို သဘောကျပါတယ်။ ခေတ် သမီးပျို ၀တ်စားဆင်ယင်တာဟာ မိုးဒဏ် လေဒဏ် နေဒဏ်တွေ ကာကွယ်ဖို့ မဟုတ်ဘဲ စိတ်ဝင်စားမှုကို ဆွဲဆောင်ဖို့ ဖြစ်နေပါတယ်။ အခြယ်အသတွေနဲ့ သဘာဝအလှကို ပိုလှအောင် လုပ်ပါတယ်။ ကြည့်ရမြင်ရတာ တစ်မျိုး ဖြစ်နေတာပေါ့။ ”တဲ့။

တကယ်တော့ အချစ်ကိစ္စအတွက် ယောက်ျားမိန်းမ အပြန်အလှန် ဆွဲဆောင်သိမ်းသွင်းနေစရာ အထူးတလည် မလိုအပ်လှပါဘူး။ သဘာဝအရ ဖိုနဲ့မ အပြန်အလှန် နှစ်သက်စွဲမက်တတ်ပုံကို အင်္ဂုတ္တရပါဠိတော် စစချင်းမှာ ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။

မိန်းမ၏ အဆင်းသည် ယောကျာ်း၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့ ဤအတူ ယောက်ျား၏ စိတ်ကို သိမ်းကျုံး ယူငင်၍ တည်သော အခြားတစ်ခုသော အဆင်းကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ မိန်းမ၏ အဆင်းသည် ယောကျာ်း၏ စိတ်ကို သိမ်းကျုံး ယူငင်၍ တည်၏”တဲ့။

ယောက်ျား၏ အဆင်းသည် မိန်းမ၏ စိတ်ကို သိမ်းကျုံးယူငင်၍ တည်သကဲ့သို့ ဤအတူ မိန်းမ၏ စိတ်ကို သိမ်းကျုံး ယူငင်၍ တည်သော အခြားတစ်ခုသော အဆင်းကိုမျှလည်း ငါ မမြင်။ ရဟန်းတို့ ယောက်ျား၏ အဆင်းသည် မိန်းမ၏ စိတ်ကို သိမ်းကျုံး ယူငင်၍ တည်၏”တဲ့။

အဆင်းတင် မကပါဘူး။ ဖိုနဲ့မတို့ရဲ့ အဆင်း အသံ အနံ့ အရသာ အတွေ့ဆိုတဲ့ အာရုံငါးပါးလုံးဟာ အချင်းချင်း အပြန်အလှန် ဆွဲဆောင်တဲ့ နေရာမှာ စွမ်းအားအပြင်းဆုံး ဖြစ်တဲ့အကြောင်း ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။ အထူးတလည်း မြှူဆွယ်နေကြစရာ မလိုပါဘူး။

အချစ်စစ်နဲ့ ဆက်ဆံတဲ့ အခါမှာ ဟိုတစ်ယောက်ဆီက ကိုယ် ဘာရမလဲဆိုတာ မစဉ်းစားဘဲ သူ့ကို ကိုယ်က ဘာတွေ ပေးလိုက်နိုင်မလဲ ဆိုတာကို စဉ်းစားသင့်ပါတယ်။ ရေရှည်ခံတဲ့ ပျော်ရွှင်မှုကို ဒီလို အချစ်မျိုးနဲ့ တည်ဆောက်နိုင်ပါတယ်။ ပေးဖို့စဉ်းစားတယ် ဆိုပေမယ့် အချစ်စစ်ရဲ့ ဆက်ဆံရေး နယ်ပယ်မှာ အသားလွတ်ကြီး ပေးလိုက်ရတာမျိုး မရှိသလောက် ရှားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လူဆိုတာ အမြဲ ယူနေတတ်ကြတာမျိုး မဟုတ်လို့ပါပဲ။ ပေးရင် ရပါတယ်။

လူသားတစ်ယောက်က လူသားတစ်ယောက်အပေါ် စိတ်ဝင်စားမှု အလေးအနက်ထားမှု အနေနဲ့ အချစ်ကို ထူထောင်မယ်ဆိုရင် အမျိုးသား တစ်ယောက်ဟာ အမျိုးသမီး တစ်ယောက်ရဲ့ ခန္ဓာကိုယ်အလှ အပေါ်ယံအလှကို အသည်းအသန် အလေးအနက် ဖြစ်နေမှာ မဟုတ်ပါဘူး။ ရုပ်ခန္ဓာရဲ့ ဆွဲဆောင်မှုကို အဓိကထားမှာ မဟုတ်ပါဘူး။ သူ နားလည်ခံစား အကဲဖြတ်နိုင်တဲ့ စိတ်ဓာတ် ကောင်းမြတ်မှု နှလုံးသား လှပမှုကိုပဲ အလေးအနက် ထားပါလိမ့်မယ်။

စိတ်ဓာတ် ကောင်းမြတ်တဲ့ နှလုံးသား လှပတဲ့ အမျိုးသမီးရဲ့ တုံ့ပြန်မှုဟာလည်း လေးစားစရာ ဖြစ်နေပါလိမ့်မယ်။ ဘုရားရှင်ရဲ့ အဆုံးအမတွေကို လေးစားလိုက်နာတဲ့ အိမ်ရှင်မဟာ သူ့ရဲ့ လင်ယောက်ျားကို တစ်သက်လုံး ရိုသေ လေးစားနိုင်ပါလိမ့်မယ်။ လင်ယောက်ျား အိုမင်းတဲ့အခါ ဆင်းရဲတဲ့အခါ မကျန်းမာတဲ့ အခါတွေမှာတောင်မှ ချစ်ခင်လေးမြတ်မှု လျော့သွားမှာ မဟုတ်ပါဘူး။ ဒီလို ဘ၀ဖော်တွေရဲ့ အိမ်ထောင်ဟာ ချမ်းမြေ့သာယာ နေပါလိမ့်မယ်။

ငြိမ်းချမ်းကြပါစေ။

ရှင်အာစာရ

 

Ref (March 23, 2011):

အင်္ဂုတ္တရပါဠိတော်၊ ၁- ရူပါဒိဝဂ်

A Happy Married Life” by Venerable K. Sri Dhammananda

http://www.dharmaweb.org/index.php/A_Happy_Married_Life_by_Venerable_K._Sri_Dhammananda

Picture from (March 24, 2011):

http://wallcoo.net/cartoon/abstract_colors_09_1920x1200/html/wallpaper19.html

Chit Chat For Facebook Software

images?q=tbn:ANd9GcS1rhi7zzXIeAbJ5IpkhNYXjaU21x-_yP-T1SA3BpDkTgtUEXxE

မင်္ဂလာပါရှင့်.
ဒီနေ့ အကြင်နာနန်းတော်လေးကို အလည်လာတဲ့သူငယ်ချင်းတွေအတွက် တိုစမိုစလေး
လက်ဆောင်ပေးလိုက်ပါတယ်..:P
အဓိက ကတော့ မသိသေးတဲ့ သူငယ်ချင်းတွေအတွက်ပေါ့။
ဒီဆော့ဝဲလ်လေးက ကြာပါပြီ.
facebook အကောင့်နဲ့ Gtalk Chat သလိုမျိုး အပျင်းပြေပေါ့။
အောက်ကပေးထားတဲ့ လင့်ခ်လေးကို ကလစ်ပြီးဒေါင်းလိုက်ပါ။
ဒီ Software လေး Run ပြီး သူငယ်ချင်းတွေနဲ့ အပျင်းပြေလေးချက်ကြစို့နော်။

images?q=tbn:ANd9GcRW872SP4YGlBj6W3mQZMvfvJ52McgREFSxbRo3jfUt77NJB9rQnw



Facebook Chat Software လေးပါ။



images?q=tbn:ANd9GcQ-NpF2iQNdzOul_R67ftm3y_izPhhPIG1Hm0zwYc9Q4PxD9miX

ဒီမှာကလစ်ပြီး ဒေါင်းလိုက်ပါနော်။

Tuesday, March 22, 2011

ဖြူဖြူကျော်သိန်း-အချစ်တဲ့လား

လင်းလင်း: ကျေးဇူးပါ ကိုဧကရာဇ် ။အဲဒါဆိုရင်လည်း ဖြူဖြူကျော်သိန်းဆိုထားတဲ့ အချစ်တဲ့လား သီချင်းလေးပဲရှာပေးတော့နော်။ :)

အနှိုင်းမဲ့ : လင်းလင်းတောင်းထားတဲ့ ဖြူဖြူကျော်သိန်းရဲ့အချစ်တဲ့လား သီချင်း တင်ပေးလိုက်ပါတယ်။mtv ရောmp3ပါ တင်ပေးလိုက်တယ်နော်။

mp3


http://www.mediafire.com/?yin3zvuc44xo182


http://ifile.it/eu0wb4n/mp3_0.mp3


http://www.ziddu.com/download/14291057/mp3_0.mp3.html


http://www.zshare.net/audio/8810111328166392/

http://www.mirrorcreator.com/files/CIDVEHIT/


MTV


http://www.mediafire.com/?l0vri0g5ab5s8dt


http://ifile.it/kor965v/vcd_0.flv


http://www.zshare.net/video/88101169291aee6e/


http://www.ziddu.com/download/14291102/vcd_0.flv.html

http://www.mirrorcreator.com/files/L46UMJN2/

Kids Do These





More - http://smilingsmilers.blogspot.com/

Monday, March 21, 2011

Internet Explorer 9

20TH_SCREEN_SHOT_506906f.jpg

Internet Explorer 9 လေးပါ ။ခုနောက်ဆုံး ဗားရှင်းလေးက  Windows7 နှင့် Vista မှာပဲ
အသုံးပြုနိုင်ပြီး. double-duty address bar အစရှိသော လုပ်ဆောင်ချက် အသစ်များလည်း ပါဝင်ပါတယ်။

Internet Explorer 9.0.8112.16421 Windows 7 64-bit



windows 7  အတွက်.အောက်ကလင့်ခ်လေးကို ကလစ်ပြီး ဒေါင်းယူနိုင်ပါတယ်။


ဒီနေရာ မှာ ဒေါင်းလိုက်ပါ.။


Internet Explorer 9.0.8112.16421 Windows Vista 32-bit



Windowes Vista အတွက် အောက်က လင့်ခ်လေးကို ကလစ်ပြီးဒေါင်းယူနိုင်ပါတယ်။


ဒီနေရာလေးမှာ ဒေါင်းလိုက်ပါ။


Window 7 32bit နဲ့ 64bit အတွက် ဒီနေရာလေးမှာလဲ ဒေါင်းနိုင်ပါတယ်။


http://windows.microsoft.com/en-US/internet-explorer/products/ie/home

မြန်မာနိုင်ငံ Miss Tourism 2011 အလှမယ် ရွေးချယ်ပွဲ ကျင်းပ

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း(Union of Myanmar Travel Association)မှ ကြီးမှုပြီး Miss Tourism 2011 အလှမယ် ပြိုင်ပွဲကို ရန်ကုန်မြို့၊ ကမ်းနားဟိုတယ်တွင် မတ်လ ၁၉ ရက်နေ့က ကျင်းပရာ အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်းရှိသော အလှမယ် ၂၀ ဦး ပါဝင် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

http://patheincity.com/news//HLIC/3133ab36c710e6bbcf5a86399fc945c7.jpg

http://patheincity.com/news//HLIC/6f05eee5229ffd7a811e6219e3f66d23.jpg

http://patheincity.com/news//HLIC/6220cc8ba2ad51c37f2aba2f11563f8a.jpg

http://patheincity.com/news//HLIC/ebf420de9db65842c8b986ad19e40d04.jpg

http://patheincity.com/news//HLIC/12b79fb3b6ab031703082fb98f053f08.jpg

http://patheincity.com/news//HLIC/3564994f9c69c31fe1b5571b944d00d0.jpg

http://patheincity.com/news//HLIC/cba731756ee79daec2270213a5d12445.jpg

http://patheincity.com/news//HLIC/8200c06f435ddedfd1904554fded5d3b.jpg

http://patheincity.com/news//HLIC/30ea3f67f5cb3c5f82a1cecfe96cb3c4.jpg

credit PatheinCity News

Sunday, March 20, 2011

Switcher Software

switcher-2704-tile.jpg

 Windows Vista မှာ သုံးတဲ့Switcher Software 2.0.0 လေးပါ။

Browser, Multimedia player , Game , Explorer  ကိုတပြိုင်တည်းဖွင့်ထားတဲ့
Windows တွေကို အလွယ်တကူ  ကူးပြောင်းပေးတဲ့ Software လေးပါ။
ဒီ Switcher Software ဟာသေးငယ်ပေါ့ပါးပြီးပီး ကိုယ်လိုအပ်ချက်နဲ့ ကိုက်ညီအောင်
ဒီဇိုင်း အပြင်အဆင်ကအစ စိတ်ကြိုက် ညှိယူနိုင်ပါတယ်။
စမ်းသုံးကြည့်ပါနော်။
Switcher မှာ ကြိုတင်သတ်မှတ်ပေးထားတဲ့ Hot Key ကိုနိုပ်လိုက်တာနဲ့  ကိုယ့်ရဲ့  ကွန်ပြူတာ
မှာ ဖွင့်ထားတာတွေ အားလုံး  Thumbnail View ပုံ သေးသေးလေးအဖြစ် တွေ့မြင်နိုင်ပါတယ် ။


ဒီနေရာလေးမှာကလစ်ပြီး  ဒေါင်းလိုက်ပါ။

Friday, March 18, 2011

Warning – Keylogger Device on Public PC’s

ဒီနေ့ အကြင်နာနန်းတော် ဆိုက်ဒ်လေးကိုလာလည်ကြတဲ့ သူငယ်ချင်းတွေကို ဧကရီ လက်ဆောင်လေး
တစ်ခုပေးလိုက်ပါ့မယ်။။
ဒါလေးက ဘာလဲဆိုတော့..Black Device လို့လည်းခေါ်တဲ့

Warning – Keylogger Device Hardware  လေးပါ။




black-device-keylogger-1.jpg


သူ့ကို ဘယ်နေရာမှာ အသုံးပြုကြသလဲဆိုတာပြောပြချင်လို့ပါ။
ကိုယ်တိုင်တော့ မသုံးဖူးပါဘူး( အမှန်ဝန်ခံခြင်းပါ)
မြန်မာပြည်က ဟက်ကာနာမည်ခံတဲ့သူတွေ တော်တော်များများ သုံးနေကြတဲ့ ပစ္စည်းလေးလို့ပြောရမှာပေါ့နော်။:P

ဒါလေးက System Casingနှင့် ချိတ်ဆက်ထားတဲ့Keyboard ကြိုးမှာကြားခံတပ်ဆင်ထားရင်
 အမှတ်မထင် ကြည့်မယ်ဆိုရင် Keyboard Adaptor တစ်ခုလိုပဲထင်နိုင်ပါတယ်။
သူ့က ကွန်ပျူတာမှာ ရိုက်နှိပ်လိုက်သမျှ အချက်အလက်များကို ခိုးယူသိမ်းဆည်းထားနိုင်ပြီး
 စာလုံးတိုင်း၊ အက္ခရာတိုင်းကိုသာမက Email Addressနှင့် Passwordများကိုပါ ခိုးယူသွားနိုင်တဲ့
Deviceတစ်ခုဖြစ်ပါတယ်။

တချို့အင်တာနက်ဆိုင်တွေမှာ တပ်ဆင်ထားမှု ရှိမရှိကို စစ်ပြီး မှသုံးသင့်ပါတယ်။
အောက်ကပုံလေးမှာကြည့်ပါ။မျှားလေးပြထားတဲ့နေရာလေးမှာ တပ်ဆင်တာဖြစ်ပါတယ်။


device2.jpg


အင်တာနက်ဆိုင်ကနေသုံးကြတဲ့သူတွေဆိုရင်ကိုယ်သုံးတဲ့ကွန်ပျူတာမှာ Keyboardကေဘယ်လ်ကြိုးကို အရင်စစ်ဆေးသင့်ပါတယ်။
ဒီပစ္စည်းလေးနဲ့တူတဲ့.. ယူဆရဖွယ်ရှိတဲ့ အရာတစ်ခုခု တွေ့လိုက်ရပြီဆိုရင်တော့အဲဒီစက်ကို မထိုင်ပါနဲ့တော့။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ခိုးယူတဲ့နည်းကနေ ဥာဏ်ရှိသလို  ကာကွယ်သင့်ပါတယ်။ ဒါလေးကဒေါ်လာ(၃၀)လောက်ပဲ ဈေးရှိတယ်လိုပြောကြပါတယ်။


black-device-keylogger-2.jpg

နိုင်ငံကြီးတော်တော်များများမှာ အသုံးပြုကြပေမဲ့ တရားဝင်ရောင်းချခွင့်ပေးထားခြင်းမရှိတဲ့ ကိရိယာလေးပါ။
အောက်က လင်ခ်လေးကိုကလစ်ပြီးဖတ်ရှူ့ နိုင်ပါတယ်ရှင့်။

ဒီနေရာမှာ ကြည့်နိုင်ပါသည်။

                                           ခင်မင်လေးစားလျှက် ***ဧကရီ***