Wednesday, January 5, 2011

Email Password စိတ်ချရအောင် အရင်စမ်းပြီးမှ ပြောင်းကြမယ်။

images?q=tbn:ANd9GcT2ZQiUQqLYK__aUdhQq93FSIMmxha2Kb030BzAukQztE182o6P

မသိသေးတဲ့သူတွေအတွက်ပါ။
ကိုယ့်ရဲ့ Email Password  ဘယ်လောက်အထိစိတ်ချလုံချုံမူ့ ရှိတယ်ဆိုတာ
စမ်းကြည့်ကြမယ်။
အောက်ကလင့်ခ်လေးကိုကလစ်ပြီး စမ်းကြည့်ကြရအောင်။

ဒီနေရာလေးကို ကလစ်ပါ။


စိတ်မချရင် 100% ပြည့်တဲ့ password နဲ့ ချိန်းလိုက်ကြတာပေါ့နော်။

                                                                        ***ဧကရီ***

ကိုယ့်အချစ်က ဘယ်လိုအချစ်မျိုးလဲ?

အချစ်နဲ့နှလုံးသားရှိသူတိုင်း နှလုံးသားကိုဦးနှောက်နဲ့ သေချာဆုံးဖြတ်ကြည့်ကြမယ်။ကိုယ်မှာဘယ်အချစ်နဲ့ တစ်ယောက်သောသူကိုချစ်နေမိပါသလဲဆိုတာမျိုးပေါ့။ ဧကရီကတော့ ၁၂၃၄ မျိုးစလုံး ရဲ့  အဓိပ္ပါယ်သက်ရောက်မူ့  ရှိတဲ့ ခံစားချက်တွေရှိနေတယ်။နောက်ဆုံးTrue Love နဲ့ တသက်လုံး ချစ်သူကို မှန်လေးလိုထိုင်ကြည့်နေမဲ့ အချစ်တွေ..ပေးဆပ်ခြင်းအချစ်မျိုးနဲ့ ချစ်သူကိုချစ်ပါတော့မည်။..

အချစ်လေးမျိုးရှိတယ်တဲ့….


1. Ego Love
2. One-sided Love
3. Blind Love
4. True Love


1. Ego Love

ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ရပါတယ်….အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့…ကိုယ်ချစ်တဲ့သူကို…ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်…မျက်စိအောက်ကအပျောက်မခံချင်ဘူး…သ၀န်တိုနေတယ်…ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင်….အဲဒါ ego love ဖြစ်နေပါပြီ…အဲဒီလိုလူတွေက…ချစ်သူကို စိတ်ဆိုးလွယ်တယ်…
သူက ငါ့ကို ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေးမျိုး.. ခဏခဏ၀င်တတ်ပါတယ်…
အမှားဆိုရင် သေးသေးလေးတောင် သည်းမခံတတ်ကြပါဘူး….
အချစ်ကြီးပြီး အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့..

2. One-sided Love

ဒီအမျိုးအစားက…ကိုယ်ကပဲချစ်နေချင်တယ်……
အရာရာပေးဆပ်နေချင်တယ်……
အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်……
ဒါပေမယ့် တစ်ဖက်လူက,,, ကိုယ်လုပ်ပေးနေတာတွေကို လိုချင်ရဲ့လားဆိုတာ…ဘယ်တော့မှမစဉ်းစားပါဘူး…
အဲဒါကြောင့် တစ်ခါတစ်ခါ…တစ်ဖက်လူက စိတ်ကျဉ်းကျပ်တာတွေ…စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်…
အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့…….
မကြာခင်မှာ ဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်…

3. Blind Love

ဒီလိုအချစ်အမျိုးအစားကို…စိတ်ကစားတာလို့လဲခေါ်နိုင်ပါတယ်…
အချစ်မှာမျက်စိမရှိဘူးလို့ပြောနေကြတဲ့သူတွေပေါ့…အရာရာကို ရင်ဆိုင်ရဲလာမယ်….သူ့အတွက်နဲ့ အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေဝင်လာမယ်…ဒါဆိုရင် blind love ဖြစ်နေပါပြီ…ဖြစ်သင့်မဖြစ်သင့်လုပ်သင့်မသင့်တွေလဲမစဉ်းစားမိတော့ဘူးလေ….ဒါပေမယ့် ဒီလိုအချစ်မျိုးက ကြာကြာမခံပါဘူး….
အချစ်တွေပျောက်သွားတဲ့အချိန်မှ…ကိုယ်လုပ်မိတာတွေအတွက်..နောင်တရနေတတ်ပါတယ်..


4. True love

နောက်ဆုံးအမျိုးအစားပါ….မေတ္တာလို့လဲခေါ်နိုင်တယ်ပေါ့…..အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါတယ်…ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး….ရယူလိုခြင်းအတွက်လဲ မပူလောင်ရတဲ့အချစ်မျိုးပါ…. ဒီလိုအချစ်မျိုးကတော့….အင်မတန်ရှားပါတယ်… လူတစ်ယောက်ကို….တစ်ခြားဘာကိုမှမကြည့်ပဲ….သူဖြစ်နေတဲ့အတွက်ချစ်နေတဲ့အချစ်မျိုးပါ….အသဲကွဲတယ်ဆိုတာလဲမရှိဘူး….သူနဲ့မပေါင်းရလဲ…ဘာမှမဖြစ်ပဲ…တစ်သက်လုံး…စိတ်ထဲမှာထားပြီး….ချစ်သွားနိုင်တဲ့အချစ်မျိုးပါ….အဲဒါကြောင့် တစ်ချို့က ၅၂၈ မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်….

(ကိုဥက္ကာ)မှ ဖတ်မိလို့ ကိုကိုယ်ကို ပြန်ဆန်းစစ်မိခြင်းပါ။

မြန်မာနိုင်ငံသားများအတွက်


ဒီနေ့ ပျင်းနေတာနဲ့ ဟိုကြည့်ဒီကြည့် လျှောက်ကြည့်မိရင်း မြန်မာပြက္ခဒိန်ဆိုဒ်လေးကိုရောက်သွားတယ်
ခင်ဗျာ။ အဲ့ဒါနဲ့ တခါတုန်းက ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးကို သွားသတိရမိတယ်။ကျွန်တော့်မိတ်ဆွေ
တစ်ယောက်နဲ့စကားပြောဖြစ်ရင်း ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးပါ။အချိန်ကတော့ နှစ်သစ်ကူးကာလ
လေးပေါ့။ကျွန်တော်က သူကိုမေးလိုက်တယ်။"ဒီနေ့မြန်မာလို ဘယ်နှစ်ရက်လဲလို့ " သူကပြန်ဖြေပါတယ်။
"မသိဘူးလေ။မြန်မာပြည်မှာ မဟုတ်တော့ မြန်မာပြက္ခဒိန်ကို မသိတော့ဘူး။"တဲ့။ အဲ့ဒါနဲ့ ကျွန်တော်က မေးလိုက်တာပေါ့ "မြန်မာလူမျိုးတော့ဟုတ်ပါတယ်နော်"လို့။သူက ပြန်ဖြေပါတယ်။"မဟုတ်ပါဘူးတဲ့ မြန်မာတိုင်းရင်းသားတစ်ယောက်ပါတဲ့" ။သူပြောတဲ့ အဓိပ္ပာယ်ကိုသိပါတယ်။သူက မြန်မာလူမျိုးဆိုတာကို ဗမာလူမျိုးလို့ အဓိပ္ပာယ်ကောက်နေတာလေ။သူက တိုင်းရင်သားတစ်ယောက်ဆိုတော့ ကျွန်တော့်ကို
စနောက်သလိုပြန်ပြောတာပါ။ကျွန်တော်ရှင်းပြလိုက်ပါတယ်။ကျွန်တော်ပြောတာ ဗမာလူမျိုးကိုပြောတာ
မဟုတ်ပါဘူးလို့။မြန်မာနိုင်ငံမှာနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးရှစ်ခုလုံး ပါဝင်တဲ့ မြန်မာလူမျိုးတစ်စုလုံးကို
ရည်ရွယ်တာပါလို့။ကဲ အဝေးရောက်နေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ပြည်ပမှာရောက်ရှိ
နေလို့မြန်မာဆိုတာကို မမေ့သင့်ပါဘူး။မြန်မာနဲ့ ဗမာ ကိုလဲ ခွဲခြားပြီး သိသင့်ပါတယ်။အရင်တုန်းက ဗမာနိုင်ငံလို့ခေါ်ဆိုတာမှန်ပါတယ်။အဲ့ဒါက ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရ​က်မှာ ဂရိတ်ဗြိတိန်နိုင်ငံက 
( အင်္ဂလိပ်လို "Burma" အဖြစ်နှင့်) ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် လွတ်လပ်ရေးပေးခဲ့လို့ပါ။
နောက်ပိုင်း  ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အဖြစ် ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ ထပ်ပြင်ပါတယ်။အဲ့ဒီနောက် ပြည်ထောင်စု မြန်မာနိုင်ငံတော်အဖြစ် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၃ ရက် ပြောင်းလဲ ခေါ်ဆိုခဲ့ပါတယ်။ဒါပေမယ့် အဲ့အချိန်ထိ Myanmar  လို့ မသုံးသေးဘဲ Burma လို့ဘဲ အသုံးပြုခဲ့ပါတယ်။၁၉၈၉ ခုနှစ် ဇွန် ၁၈ ရက်မှာတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် ပြောင်းလဲ
ခဲ့ပါတယ်။၁၉၈၈ မှာ ပြောင်းတော့လဲ ပြည်ထောင်စုမြန်မာနိုင်ငံတော် ၁၉၈၉ မှာပြောင်းတော့လဲ ပြည်ထောင်စုမြန်မာနိုင်ငံတော် နှစ်ခုထပ်နေသလိုဖြစ်နေပါတယ်။အမှန်တော့ ၁၉၈၈ မှာ ပြောင်းတုန်းက အင်္ဂလိပ်လို Union of Burma အဖြစ်ပြောင်းတာပါ။၁၉၈၉ ကျမှ  Union of  Myanmar  အဖြစ်ပြောင်းလဲ ခဲ့တာပါ။၁၉၈၉ ခုနှစ်မှာ အာဏာရ အစိုးရက အင်္ဂလိပ်ဘာသာမှ ကိုလိုနီအခေါ်အဝေါ်များကို ပြောင်းလဲ ခဲ့ပါတယ်။Burma ဆိုတဲ့အခေါ်အဝေါ်ကို Myanmar အဖြစ်ပြောင်းလဲ့ခဲ့တာပါ။ဒါကြောင့်ဗမာ ဆိုတာ တိုင်းရင်းသားလူမျိုး ရှစ်ခု( ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း)မှ တိုင်းရင်းသားလူမျိုးစု တစ်ခုဖြစ်ပြီးတော့ မြန်မာဆိုတာကတော့ တိုင်းရင်းသားလူမျိုးစု အားလုံးပါဝင်တယ်လို့ ဆိုလိုနိုင်ပါတယ်။
မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဘယ်နိုင်ငံဘယ်အရပ်ဒေသ ရောက်နေပါစေ ငါဟာမြန်မာဆိုတာတော့ မမေ့သင့်ပါဘူး။မြန်မာခုနစ်သက္ကရာဇ် မြန်မာနှစ်သစ်ကူး မြန်မာရက်စွဲလေးတွေကို သိနိုင်ဖို့ မြန်မာပြက္ခဒိန်လေးလဲ ဆောင်ထားစေချင်ပါတယ်။
မြန်မာ ပြက္ခဒိန်လင့်လေးကို ကြည့်ချင်တယ်ဆိုရင်တော့ http://www.myanmarcalendar.info/ မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။