Saturday, January 8, 2011

ဘလော့(ဂ်) တွင် Page Linking ပြုလုပ်ခြင်း

8 Jan 11, 01:37 PM
ကိုနေမင်းသူ: အော် ဟုတ်ကဲ့ပါကျနော်မေးတာက မီနုးတစ်ခုကို ကလိဒ်လိုက်တာနဲ့ E-book ဆိုရင် E-book ပေါ့ဗျာ အဲ့ဒါကို ကလိဒ်လိုက်တာနဲ့ အဲ့ဒီ page မှာ E-book တွေပဲပေါ်နေရမှာပါ တစ်ခြားဟာတွေ ဘာတစ်ခုမှ မပေါ်စေရဘူး။


ကိုနေမင်းသူ ရဲ့ မေးမြန်းထားချက်ကို ပြန်ကြားခြင်း ဖြစ်ပါတယ်။ မီနျူး Menu သဘောမျိုးမေးမြန်းထားတာလို့ ထင်ပါတယ်။

ဘလော့(ဂ်) တစ်ခုမှာ ပို့စ် တစ်ခုတင်တိုင်း အဲဒီပို့စ်ကို သီးသန့် စာမျက်နှာ (Html file) တစ်ခုအနေနဲ့ သိမ်းပါတယ်။ အဲဒီပို့စ် ရေးသားစဉ်မှာ Tiltle အောက်က Link ဆိုတဲ့နေရာမှာ အခြား Link တစ်ခု မရေးခဲ့ရင် သူ့ကိုယ်သူ ပြန်လည် ရည်ညွှန်းပါလိမ့်မယ်။ အဲဒီပို့စ် တစ်ခုထဲ ရဲ့  လိပ်စာ Link ကိုလိုချင်ရင် ပို့စ် ခေါင်းစဉ်ပေါ်မှာ Right Click, Copy Link Location ကိုရွေးချယ်ခြင်းဖြင့် ရရှိနိုင်ပါတယ်။

ကိုနေမင်းသူအနေနဲ့ အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
(၁) E-book တွေနဲ့ ဆိုင်ရာ ပို့စ် တစ်ခု ရေးတင်လိုက်ပါ။
(၂) ခုနက ဖော်ပြခဲ့တဲ့အတိုင်း E-book ပို့စ် ရဲ့ ခေါင်းစဉ်ပေါ်မှာ Right Click, Copy Link Location နဲ့ ယူပြီး မီနျူးတစ်ခုအနေနဲ့ လုပ်လိုတဲ့ စာသားရဲ့  Link နေရာမှာ Paste လုပ်ပေးပါ။
ဥပမာ...
<*a href="ဒီနေရာမှာပို့စ်ခေါင်းစဉ်ရဲ့ Linkထည့်ပါ">E-book များ<*/a>

ဒါဆိုရင် ကိုနေမင်းသူ လိုချင်တဲ့အတိုင်း E-book တွေနဲ့ ဆိုင်တဲ့ ပို့စ် တစ်ခုထဲ ပါတဲ့ Page ဆီသို့ Link လုပ်သွားပါလိမ့်မယ်။

အဲဒီ မီနျူးကို ဘလော့(ဂ်) ရဲ့ ထိပ်ဆုံးမှာ ထားရှိနိုင်သလို Side bar နေရာမှာလည်း ထားရှိနိုင်ပါတယ်။ မီနျူးကို ရိုးရိုး HTML/CSS ပုံစံ စာသားနဲ့ ဖန်တီးနိုင်သလို၊ Image နဲ့လည်း ဖော်ပြ Link လုပ်နိုင်ပါတယ်။
ဥပမာ...
<*a href="ပို့စ်ခေါင်းစဉ်လိပ်စာ" ><*img src="မိမိဖော်ပြလိုသောပုံ၏လိပ်စာ"/><*/a>

ဒါ့အပြင် Swishmax လို Software သုံးပြီး swf ဖိုင်တစ်ခုအနေနဲ့လည်း animation တွေထည့်ကာ မီနျူးအနေနဲ့ (Button အနေနဲ့) ဖန်တီးနိုင်ပါသေးတယ်။
ဥပမာ...
<*a href="ပို့စ်ခေါင်းစဉ်လိပ်စာ" ><*embed src="မိမိဖော်ပြလိုသော SWFဖိုင် ၏လိပ်စာ" width=50 height=50><*/embed><*/a>

မှတ်ချက်။ အထက်ပါ Code နမူနာများမှ "*" များကိုဖယ်ပြီး ရေးရပါမယ်။
(Swishmax ဖြင့် Page Link များပြုလုပ်ခြင်းကို အချိန်ရရင် ရေးသားပေးပါမယ်။:)

ကိုနေမင်းသူ ကျေနပ်မယ်လို့ ထင်ပါတယ်။ ထပ်မံဆွေးနွေးနိုင်ပါတယ်။ ပျော်ရွှင်ပါစေဗျာ...

Babylon_8.0.8.full.rar (17 MB)


တော်တော်ကောင်းတဲ့dictionary ဆော့ဝဲလေးပါ။ချက်ဘောက်မှာ တစ်ယောက်လာပြောတာတွေ့လို့တင်ပေးလိုက်ပါတယ်။လုပ်နည်းလေးပါ ထည့်ပေးထားပါတယ်။fullပါ။
ထိုင်းနဲ့မြန်မာ နှစ်ဘာသာ ထည့်ပေးထားပါတယ်။အဆင်ပြေပါစေ။

ဒေါင်းရန်

http://www.mediafire.com/?kgm7tlrjenw3ktk

http://ifile.it/23po184/Babylon_8.0.8.full.rar

http://www.ziddu.com/download/13300215/Babylon_8.0.8.full.rar.html

http://www.zshare.net/download/848875808baacfa6/

http://www.mirrorcreator.com/files/0EHXUNVV/

Mavis_Beacon_Teaches_Typing__Platinum_20.rar (98 MB)

Mavis_Beacon_Teaches_Typing__Platinum_20.rar (98 MB)

ဒီဆော့ဝဲလေးက typing လေ့ကျင့်တဲ့ဆော့ဝဲပါ။ဂိမ်းတွေလဲပါပါတယ်။typing စလေ့ကျင့်တဲ့သူတွေအတွက် တော်တော်အသုံးဝင်တဲ့ဆော့ဝဲလေးပါ။တောင်းဆိုရန်မှာ လာတောင်းထားတာတွေ့လို့တင်ပေးလိုက်ပါတယ်။အဆင်ပြေပါစေ

ဒေါင်းရန်

http://www.mediafire.com/?kmdbdjeg16z82xd

http://ifile.it/m2tgc9n/Mavis_Beacon_Teaches_Typing__Platinum_20.rar

http://www.zshare.net/download/84889974eae19f2d/

http://www.ziddu.com/download/13300975/Mavis_Beacon_Teaches_Typing__Platinum_20.rar.html

http://www.mirrorcreator.com/files/100ESLFM/