Sunday, January 9, 2011

skype portable ဆော့ဝဲလေးပါ(with user guide)

SkypePortable.rar (14 MB)

ဒါလေးက skype portable လေးပါ။အကောင့်ဖောက်နည်းရော အသုံးပြုနည်းပါ တင်ပေးလိုက်ပါတယ်။လိုချင်သူများ ဒေါင်းကြပါ။

ဒါက ဆော့ဝဲပါ။

http://www.mediafire.com/?obj36xqu4nxxjsc

http://ifile.it/jwcgork/SkypePortable.rar

http://www.zshare.net/download/849608155876fad9/

http://www.ziddu.com/download/13324368/SkypePortable.rar.html

http://www.mirrorcreator.com/files/3GYKCORI/

ဒါကအသုံးပြုနည်းစာအုပ်လေးပါ။

http://www.mediafire.com/?9hfal0vqhz8gaol

http://ifile.it/g8cjnif/skypeuserguide.pdf

http://www.ziddu.com/download/13324506/skypeuserguide.pdf.html

http://www.mirrorcreator.com/files/KCQOFSNA/

L1 L2 L3 Cache မှတ်ဥာဏ်များအကြောင်း

စာလာဖတ်သူ တစ်ဦးမှ cbox မှာ မေးမြန်းထားတာကို ပြန်ကြားပေးခြင်းဖြစ်ပါတယ်။


Cache memory (ကက်ရှ် မှတ်ဥာဏ်) ဆိုတာကတော့ ကွန်ပျူတာ တစ်လုံးရဲ့  CPU လို့ခေါ်တဲ့ အဓိက တွက်ချက်မှု ချစ်ပ်ကြီး နဲ့ RAM လို့ခေါ်တဲ့ ယာယီမှတ်ဥာဏ် တို့ကြားမှာ ဒေတာ အချက်အလက်များ ပေးပို့ တွက်ချက်မှုနှုန်းကို ပိုမြန်လာအောင် သူတို့နှစ်ခုကြားမှာ ထည့်ပေးထားတဲ့ မြန်နှုန်းမြင့် မှတ်ဥာဏ်တစ်ခု ဖြစ်ပါတယ်။ CPU ပရော်ဆက်ဆာကြီးနားမှာ ထားရှိပါတယ်။ ကက်ရှ် မှတ်ဥာဏ် အဆင့် (၃)မျိုးရှိပါတယ်။

(၁) L1 ကက်ရှ် ဟာ အမြန်ဆုံးဖြစ်ပြီး CPU ထဲမှာ တခါထဲ ထည့်သွင်းတည်ဆောက်ထားပါတယ်။ မှတ်ဥာဏ် ပမာဏက 8KB မှ 64KB ထိရှိပါတယ်။ မြန်နှုန်းမြင့် SRAM (static RAM) နည်းစနစ်ကို အသုံးပြုပါတယ်။ (အဓိကမှတ်ဥာဏ် သုံးတဲ့စနစ်က DRAM - dynamic RAM နည်းစနစ်ပါ။ သူက ပိုနှေးပြီး ကုန်ကျစရိတ် ပိုနည်းပါတယ်)။ Intel Celeron processor က 16KB L1 cache နှစ်ခု အသုံးပြုပါတယ်။ တစ်ခုက instructions ညွန်ကြားခိုင်းစေချက်များ အတွက် ဖြစ်ပြီး အခြားတစ်ခုကတော့ ဒေတာ data အတွက် ဖြစ်ပါတယ်။

(၂) L2 ကက်ရှ် ကို L1 နဲ့ RAM ကြားမှာ ထားရှိပါတယ်။ (processor-L1-L2-RAM) L1 ကက်ရှ် ထက်ပိုကြီးပါတယ်။ ပုံမှန်အားဖြင့် 64KB မှ 4MB ထိရှိပါတယ်။

(၃) L3 ကက်ရှ် က အခုခေတ်မှာ မသုံးတော့ပါဘူး။ သူ့ရဲ့ အလုပ်တွေကို L2 ကက်ရှ် ကအစားထိုးသွားပါပြီ။ L3 ကက်ရှ်ဟာ မားသားဘုတ်ပေါ်မှာ တည်ရှိပြီး RAM နဲ့ L2 ကက်ရှ် ကြားမှာ ရှိပါတယ်။





ကွန်ပျူတာ တစ်လုံးမှာ အချက်အလက်များ ရယူဖို့ အရင်ဆုံး L1 မှာ ရှာပါတယ်။ အဲဒီမှာ မရှိရင် L2 မှာရှာတယ်။ L2 မှာမရှိရင် L3 မှာ ရှာတယ်။ L3 မှမရှိရင် RAM မှာရှာပါတယ်။ မကြာခဏ အသုံးပြုနေရတဲ့ အချက်အလက်တွေကို L1 L2 ထဲမှာ ခေတ္တသိမ်းဆည်းထားခြင်းဖြင့် မြန်နှုန်းမြင့်အောင် ဖန်တီးထားတဲ့ မှတ်ဥာဏ် နည်းစနစ် ဖြစ်ပါတယ်။

ပျော်ရွှင်ပါစေဗျာ...

Laptop Motherboard

အကြင်နာနန်းတော် ကိုလာရောက် လည်ပတ်သူ တစ်ဦးမှ မေးမြန်းထားတာကို ပြန်ကြားပေးခြင်းဖြစ်ပါတယ်။



System board (သို့မဟုတ်) Motherboard ဟာ Laptop ကွန်ပျူတာတိုင်းမှာ အဓိက ဆားကစ် Board ဖြစ်ပါတယ်။ Desktop Motherboard တွေနဲ့ မတူပဲ Laptop မားသားဘုတ် တွေဟာ ပုံစံ နဲ့ အရွယ်အစား ထောင်ချီပြီးရှိပါတယ်။ မော်ဒယ် တစ်ခုချင်းအတွက် ပုံစံတစ်မျိုးစီ လာပါတယ်။ တိုရှီဘာက မားသားဘုတ်တစ်ခုကို ဒဲ(လ်) Laptop မှာ ပြောင်းတပ်လို့ မရနိုင်ပါဘူး။ Laptop ရဲ့ အခြားအစိတ်အပိုင်း ပစ္စည်းတွေဟာ မားသားဘုတ်နဲ့ ကွန်နက်တာဖြင့် ၄င်း၊ ကြိုးဖြင့် ၄င်း ဆက်သွယ်တပ်ဆင်ထားပါတယ်။

Laptop တစ်လုံးမှာ အောက်ပါအစိတ်အပိုင်းများဟာ မားသားဘုတ်နဲ့ အသေတပ်ဆင်ထားပါတယ်။ ဂဟေဆော် ဂေါက် သုံးပြီးမှ ဖြုတ်ခြင်း၊ အစားထိုးတပ်ဆင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

1. Hard drive (HDD) connector.(ဟာ့ဒ်ဒစ် ကွန်နက်တာ)
2. CD/DVD drive connector.(စီဒီ/ဒီဗီဒီ ကွန်နက်တာ)
3. Memory (RAM) slots.(မှတ်ဥာဏ်ကဒ် စိုက်ရန် ဆော့ကက် မြောင်း)
4. Battery connector.(ဘက်ထရီ ကွန်နက်တာ)
5. Keyboard connector.(ကီးဘုတ် ကွန်နက်တာ)
6. Audio (headphone and microphone) jacks.(အော်ဒီယို ဂျက်ခေါင်းများ)
7. Volume control wheel.(အသံတိုးကျယ်ထိန်း ခလုတ်)
8. USB ports.(ယူအက်စ်ဘီ ပို့တ်)
9. Eithernet (RJ45 aka network) port.(အီသာနက် ပို့တ်)
10. IEEE 1394 (Fire Wire) ports.(ဒေတာ ပို့တ်)
11. Video chip and some other components and ports.(ဗီဒီယို ချစ်ပ် နှင့် အခြားအစိတ်အပိုင်းများ)

System board, processor (CPU) နဲ့ LCD screen တွေဟာ laptop တစ်လုံးမှာ တန်ဖိုးအကြီးဆုံး ပစ္စည်းတွေ ဖြစ်ပါတယ်။ တခါတရံ ဒီအစိတ်အပိုင်းတွေ ပျက်စီးသွားရင် အစားထိုးလဲလှယ်တာထက် Laptop အသစ်တစ်လုံး ၀ယ်လိုက်တာက ပိုပြီး သက်သာပါတယ်။ (အမြဲတမ်းတော့ မဟုတ်ပါ)။


System board ဟာ laptop အောက်ခြေပိုင်းမှာ တပ်ဆင်ထားပါတယ်။ Motherboard ကိုဖြုတ်ဖို့/အစားထိုးတပ်ဆင်ဖို့အတွက် laptop တစ်ခုလုံးကို ဖြုတ်ရပါတယ်။

မားသားဘုတ် ချွတ်ယွင်းသော လက္ခဏာများ


SYSTEM BOARD FAILURE SYMPTOMS.

မားသားဘုတ် ချွတ်ယွင်းရင် အောက်ပါလက္ခဏာများ တွေ့ရတတ်ပါတယ်။
၁။ Laptop ကလုံးဝကို အလုပ်မလုပ်တော့ပါဘူး (Completely dead)။ ကောင်းတဲ့ AC ပါဝါ အဒက်ပ်တာ တပ်ဆင်ပြီး ပါဝါခလုပ်ကို နှိပ်ရင် LED မီးတွေလည်း တစ်ခုမှ မလင်းတော့ဘူး။
၂။ ပါဝါခလုပ်နှိပ် လိုက်ရင် မီးတွေလင်းလာပြီး အလုပ်လုပ်ပေမဲ့ Screen ပေါ်မှာ မှုန်ဝါးဝါးပဲ ပေါ်နေတတ်ပါတယ်။ ဒါဆိုရင် VGA ဗီဒီယို ချစ်ပ် ချွတ်ယွင်းတာဖြစ်ဖို့ များပါတယ်။
၃။ ပါဝါခလုပ်နှိပ်ရင် LED မီးလုံးတွေလင်းလာပေမဲ့ Screen ပေါ်မှာ ဘာမှ မပေါ်လာတော့ဘူး။
၎။ AC ပါဝါ အဒက်ပ်တာ တပ်ပြီးသုံးရင်တော့ ကောင်းတယ်။ ဒါပေမဲ့ ဘက်ထရီ အားမသွင်းနိုင်တော့ဘူး (ဘက်ထရီလည်း ကောင်းတယ်)။ ဒါဆိုရင် ဘက်ထရီ အားသွင်းတဲ့ ဆားကစ်အပိုင်းမှာ ပျက်တာ (သို့မဟုတ်) DC ပါဝါ ဂျက်ပေါက်မှာ ချွတ်ယွင်းတာ ဖြစ်နိုင်ပါတယ်။

window myanmar translator version 1.0_with_myanmar3.rar (77 MB)


window myanmar translator version 1.0 ဆော့ဝဲလေးပါ။myanmar3ဖောင့်လေးပါ ထည့်ပေးထားပါတယ်။သူက myanmar3 ဖောင့်နဲ့ မှ အဆင်ပြေမှာပါ။အရင်က တင်ဖူးပါတယ်။ဒေါင်းလင့်လေးပျက်သွားပြီလို့ စီဘောက်မှာ လာရေးထားတာတွေ့လိုက်ပြန်တင်ပေးလိုက်ပါတယ်။အားလုံးဘဲ အဆင်ပြေပါစေခင်ဗျာ။


ဒေါင်း၇န်

http://www.mediafire.com/?u6m7bcqcp7gk2in

http://ifile.it/oiwn14l/windws_myanmar_translator_version1.0_with_myanmar3.rar

http://www.zshare.net/download/849350322ba2a361/

http://www.zshare.net/download/849350322ba2a361/

http://www.mirrorcreator.com/files/0RZXPYIR/

ဒါလေးက myanmar3 ဖောင့်သပ်သပ် လိုချင်သူများအတွက်ပါ။

http://www.mediafire.com/?b6al8mqpa6eas8l

http://ifile.it/0yxw2au/myanmar3.2.0.273.zip

http://www.ziddu.com/download/13322186/myanmar3.2.0.273.zip.html

http://www.zshare.net/download/84955723b98c6cf1/

http://www.mirrorcreator.com/files/1QNLQVNU/

Pinnacle Studio 14 HD

2Q==


ဒီမှာဒေါင်းနော်။


အဆင်မြင့် ဗီဒီယိုဓါတ်ပုံတွေကို တည်းဖြတ်လိုသူတွေအတွက် အကောင်းဆုံး
Pinnacle Studio 14 HD လေးပါ။ Video file တွေကိုသိမ်းထားလျှင်လည်း DVD အဆင့်အတန်းမီအောင်ကို HD formet ရရှိအောင်လည်းလုပ်ပေးပါတယ်။ Windows မရွေးပဲ အသုံးပြုနိုင်ပါတယ်ရှင့်။ ***ဧကရီ***

FaceBook SpeedBit Video Downloader 2.3.1

Facebook ပေါ်မှ ဗီဒီယိုဖိုင်တွေကို ဒေါင်းလုပ် ယူချင်သူများအတွက်ပါ.. images?q=tbn:ANd9GcRy1ewtwnAs0_fBq44YJ8dnVa0tE0L1V_5l_lm4TgBl1R8pppdfhl_IOt6LsA
Browsers: IE 8 / 7.x / 6.x, Firefox 2 / 3 / 3.5, Google Chrome
OS:
Windows 7 / Vista / XP / Server 2003
Version: 2.3.1
File Size:
3.21 MB
File Name: svd2.exe

ဒီလင့်ခ်လေးမှာကလစ်လိုက်ပြီးဒေါင်းယူနိုင်ပါတယ်ရှင့်။
playfacebook.png
ဒီဆော့ဝဲလ်လေးက facebook မှာဗီဒီယိုဖိုင်တွေကို ဒေါင်းလုပ် ယူမယ်ဆိုရင် လင့်ခ်တွေကော်ပီ ကူးစရာမလိုပဲ facebook ပေါ်ကဗီဒီယို တွေကို တစ်ချက်ကလစ် နိုပ်ရုံနဲ့ ရပါတယ်။ clickfacebook.gif ကလစ်လိုက်တာနဲ့ Browser Tool bar မှာရှိတဲ့ Download Video Lcon လေးက မှိန်လိုက် လင်းလိုက် နဲ့ အချက်ပြနေပါမယ်။ savefacebook.png ဒီ lcon ကိုကလစ်ပြီးနိုပ်လိုက်ရင်.ကိုယ်သိမ်းဆည်းချင်တဲ့ Hard Drive မှာ ရွေးပြီး Save လိုက်ရုံပါပဲ ။ ဒီဆော့ဝဲလ် လေးက Flv Extension ဖိုင်တွေပဲ ဒေါင်းလုပ် ယူလို့ရပါတယ်.ရှင့်။ အဆင်ပြေပါစေနော်။ ***ဧကရီ***

Swishmax Flash သီချင်းများပြုလုပ်ပုံစာအုပ်

Flash Song လုပ်ရန်အခက်အခဲရှိနေသူများအတွက်
အထောက်အကူပြုစာအုပ်လေးတစ်အုပ်ပါ...
ဒီဆိုဒ်လေးက ကိုသူရအောင် ( မိုးသောက်ပန်း ) မှ ရေးသားပြုစုသော
pdf လေးပါခင်ဗျာ... အားလုံးအဆင်ပြေကြပါစေခင်ဗျာ...
ကိုသူရအောင် ( မိုးသောက်ပန်း )လည်း ဒီထက်မက မျှဝေနိုင်ပါစေခင်ဗျာ...




*************** တောင်ကြီးသားလေး... *****************




Photoimpact X3 စာအုပ်

8 Jan 11, 06:53 PM
မွန်ချစ်သူ: potoimpact ကိုသံလုံးစာအုပ်ကဖတ်မ၇သေးဘူး..ကျွန်တော်ဆီမှာreader5.0&9တော.၇ှိတယ်
မွန်ချစ်သူ: ဖြစ်နှိုင်၇င်scribdနဲ.တင်ပေးပါလား။


Photo Impact