Monday, January 10, 2011

Gtalk ကို Blog နှင့် Website များတွင် ထည့်သွင်းခြင်း

ကျွန်တော်တို့ အများဆုံး အသုံးပြုကြတဲ့ Gtalk ကို မိမိတို့ရဲ့  ဘလော့(ဂ်) သို့မဟုတ် ၀က်(ဘ်)ဆိုက်တွေမှာ ထည့်သွင်း အသုံးပြုလို့ ရပါတယ်။ HTML ရေးသားလို့ရတဲ့နေရာတွေမှာ ထည့်သွင်းနိုင်ပါတယ်။ အောက်ပါစာသားလေးကို ရေးလိုက်ရုံပါပဲခင်ဗျာ...

<iframe src="http://talkgadget.google.com/talkgadget/popout" width=400 height=500></iframe>

အပေါ်က Code အတိုင်းရေးလိုက်ရင် အောက်ပါအတိုင်း Gtalk gadget လေးပေါ်လာပါမယ်။ ပျော်ရွှင်ပါစေဗျာ...



မှတ်ချက်။ ဒါကိုသုံးပြီးရင် sign out ပြန်လုပ်ခဲ့ဖို့ မမေ့ပါနဲ့။ နို့မဟုတ်ရင် ကိုယ်က အင်တာနက်ကနေ ထွက်သွားပေမဲ့ ကိုယ့်အကောင့်က စိမ်းပြီး ကျန်နေခဲ့လိမ့်မယ်။ တော်နေ သူငယ်ချင်းတွေက သူတို့ကို စကားပြန်မပြောလို့ ဆိုပြီး အထင်လွဲ စိတ်ဆိုးနေကြလိမ့်မယ်။ နောက်တစ်ခုက ဒီကုဒ်ကို ရေးလိုက်ရင် ကိုယ့်ရဲ့ ဂျီတော့ အကောင့် အလိုအလျောက်တက်လာမှာပါ။ ဒါကို မစိုးရိမ်ပါနဲ့။ အဲဒါ ကိုယ့်တစ်ယောက်ထဲ မြင်ရတာပါ။ သူများတွေဘက်က ကြည့်ရင် သူတို့အကောင့်နဲ့ပဲ တက်နေမှာပါ။ မိမိတို့အကောင့် Hack ခံရတယ်ထင်ပြီး ကြောက်မသွားကြပါနဲ့။

အိပ်ငိုက်တယ်ဆိုရင်

အမေး -
guest (skara.girl@gmail.com): အခုတလော စာကျက်လို့ မရဘူး။ စာကျက်ရင် အိပ်ငိုက်တယ် အိပ်မငိုက်ရအောင် ဘယ်လို ကျက်ရမလည်း ပြောပြပါ။

အဖြေ -
ဘုရားရှင် လက်ထက်တုန်းက ဖြစ်ခဲ့တာလေး တစ်ခုပါ။ အဲဒီထဲက နည်းလမ်းကို သင့်တော်သလို ကျင့်သုံးကြည့်ဖို့ ဖြစ်ပါတယ်။ အဲဒီတုန်းက အရှင်မဟာမောဂ္ဂလာန် ကိုယ်တော်ကြီး အိပ်ငိုက်နေတာကို ဘုရားရှင် တွေ့တော်မူလို့ အိပ်ငိုက်တာ ပြေပျောက်စေတဲ့နည်းလမ်း ညွှန်းကြားတော်မူပါသတဲ့။

“မောဂ္ဂလာန် အိပ်ငိုက်နေတာလား။”

“မှန်လှပါ ဘုရား။”

၁။ အာရုံပြောင်းပါ။
“အိပ်ချင်စရာ ကောင်းတာကို အာရုံမစိုက်ပါနဲ့။ တစ်ခြား အာရုံတစ်ခုခုကို ပြောင်ပြီး အာရုံပြုနေလိုက်ပါ။ အိပ်ချင်ပြေသွားပါလိမ့်မယ်။”

၂။ စိတ်ထဲမှာ ရွတ်ဆိုပါ။
“ဒါမှ အိပ်ချင်မပြေသေးရင် ရထားတဲ့ တရားကို စိတ်ထဲမှာ ဆင်ခြင်နေလိုက်ပါ။ အိပ်ချင်ပြေသွားပါလိမ့်မယ်။”

၃။ အသံထွက် ရွတ်ဆိုပါ။
“ဒါမှ အိပ်ချင်မပြေသေးရင် ရထားတဲ့ တရားကို အထံထွက်ပြီး ရွတ်လိုက်ပါ။ အိပ်ချင်ပြေသွားပါလိမ့်မယ်။”

၎။ နားရွက်ကို ဆွဲပါ။
“ဒါမှ အိပ်ချင်မပြေသေးရင် နားရွက်တွေကို လက်နဲ့ ဆွဲပါ။ ပွတ်သပ်ပါ။ အိပ်ချင်ပြေသွားပါလိမ့်မယ်။”

၅။ မျက်နှာသစ်ပါ။
“ဒါမှ အိပ်ချင်မပြေသေးရင် ထပြီး မျက်နှာသစ်လိုက်ပါ။ အိပ်ချင်ပြေသွားပါလိမ့်မယ်။”

၆။ အလင်းထဲမှာ နေပါ။
“ဒါမှ အိပ်ချင်မပြေသေးရင် လင်းလင်းချင်းချင်း နေပါ။ မီးထွန်းပါ။ နေ့ခင်းကြောင်တောင်လို လင်းနေပါစေ။ အလင်းကို အာရုံစိုက်ပါ။ အိပ်ချင်ပြေသွားပါလိမ့်မယ်။”

၇။ လမ်းလျှောက်ပါ။
“ဒါမှ အိပ်ချင်မပြေသေးရင် ထပြီး လမ်းလျှောက်လိုက်ပါ။ အိပ်ချင်ပြေသွားပါလိမ့်မယ်။”

“ဒါမှ အိပ်ချင် မပြေသေးရင်တော့ အိပ်သာ အိပ်လိုက်ပါတော့။ အိပ်တယ် ဆိုပေမယ့် ဘယ်အချိန် ဘယ်အချိန်မှာ ထမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သတိ ၀ီရိယထားပြီး အိပ်ပါ။”

ငြိမ်းချမ်းကြပါစေ။
ကျမ်းညွှန်း -
ပစလာယမာနသုတ်
အဗျာကတ၀ဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တရနိကာယ် (သုတ္တန္တပိဋက)