အချစ်စစ်ကို ရှာဖွေခြင်း။

အစတုန်းကတော့ ဒီဆောင်းပါးလေးကို ရေးဖို့စိတ်ကူးမရှိပါဘူး။ကျွန်တော်ချစ်သူဧကရီကလဲ
လူမှုရေးမေး/ဖြေကဏ္ဍမှာ ဖြေပေးပြီးသားပါ။ဒါပေမယ့် မေးမြန်းတဲ့သူတွေက ထပ်ထပ်တိုးလာတော့
ရေးပေးသင့်တယ်လို့ ထင်မိလို့ပါ။ကိုယ်ချစ်သူက တကယ်ချစ်မချစ်သိချင်တဲ့ မိန်းကလေးများအတွက်
ကျွန်တော့်လို ယောကျာ်းလေးတစ်ယောက်ရဲ့ အဖြေက သူတို့အတွက် ကျေနပ်စေမယ့်အဖြေဖြစ်စေမယ်လို့
ထင်ပါတယ်။ယောကျာ်းတစ်ယောက်ရဲ့စိတ်ကို ယောကျာ်းလေးတွေဘဲ သိမှာပါ။ဒီနည်းလမ်းက
ယောကျာ်းမိန်းမမခွဲပါဘူး။မည်သူ့ကိုမဆို ဆန်းစစ်ကြည့်နိုင်ပါတယ်။လူကဲခတ်ပညာလို့လဲ ဆိုနိုင်ပါတယ်။
၁။ကိုယ်ချစ်သူနဲ့ ရင်းရင်းနှီးနှီးနေပါ။စကားပြောပါ။
ဒီအချက်က အရမ်းအရေးကြီးပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ကမ္ဘာပေါ်မှာတကယ်ချစ်မချစ်
စမ်းသပ်တဲ့စက်လဲ မပေါ်သေးပါဘူး။ဘယ်သူ့ကိုမှလဲ တကယ်ချစ်မချစ်ဆိုတာ ခေါ်စမ်းသပ်ခိုင်းလို့
မရပါဘူး။ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်မှ လေ့လာမှ ကိုယ့်ချစ်သူတကယ်ချစ်မချစ်ဆိုတာ
သိနိုင်မှာပါ။ဘယ်လိုလေ့လာရမလဲဆိုတော့ ကိုယ့်ချစ်သူနဲ့ ရင်းရင်းနှီးနှီးနေပြီး လေ့လာရပါမယ်။ဒါမှ သူ့အကြောင်းသိမှာပါ။ဘယ်လိုရင်းရင်းနှီးနှီးနေရမလဲ။သူနဲ့ တွေ့တဲ့အချိန်ကို တတ်နိုင်သမျှ များအောင်လုပ်ရမယ်။သူ့ကိုအမြဲ အကဲခတ်နေရမယ်။နောက်သူနဲ့ စကားများများပြောရပါမယ်။
စကားပုံရှိပါတယ်။စကားထဲက ဇာတိပြ တဲ့။သူစိတ်သဘောကို သူပြောတဲ့စကားတွေကနေ လေ့လာနိုင်ပါတယ်။ဘယ်လိုစကားတွေ ပြောရမလဲဆိုတော့ အနာဂတ်ဘ၀ရှေ့ရေးအကြောင်းတွေ ဆွေးနွေးရပါမယ်။ဘယ်လိုရည်မှန်းထားလဲ။ဘယ်အချိန်လက်ထပ်မလဲ။ဘာတွေပြင်ဆင်ထားလဲ စသဖြင့်
နှစ်ယောက်သား ရှေ့ရေးအတွက် တိုင်ပင်ရပါမယ်။အဲ့လိုတိုင်ပင်တဲ့အချိန်မှာ သူ့မျက်နှာအရိပ်အကဲကို
ကြည့်နေပါ။သူပြောတဲ့စကားတွေက စိတ်ပါလက်ပါနဲ့ပြောနေတာလား။ဟန်ဆောင်နေသလား။ပေါ့ပျက်
ပျက်လုပ်နေသလား လေ့လာကြည့်ပါ။တကယ်ချစ်တဲ့သူဟာ စိတ်ပါလက်ပါနဲ့ သူတတ်နိုင်သမျှ ကြိုးစားနေတဲ့အကြောင်း သေချာပြောပြပါလိမ့်မယ်။ဘယ်လိုရည်မှန်းထားတယ်။ကိုယ့်ကိုဘယ်လိုတန်ဖိုး
ထားတယ်ဆိုတာ သူ့စကားတွေ သူ့အမူအရာတွေနဲ့ ဖော်ပြနေပါလိမ့်မယ်။
တစ်ခုသတိထားသင့်တာက တချို့အနည်းစုဟာ တခြားအခက်အခဲတွေကြောင့်စိတ်မပါဖြစ်တတ်တယ်
ဆိုတာလဲ သတိပြုသင့်ပါတယ်။ဘယ်လိုလူတွေလဲဆိုတော့ ငယ်ငယ်ထဲက ရည်မှန်းချက်ထားတဲ့သူ ၊ သူ့ရည်မှန်းချက်မပြည့်မချင်း အိမ်ထောင်ပြုဖို့ မစဉ်းစားချင်တဲ့သူ။နောက် မိသားစုအခက်အခဲရှိနေတဲ့သူတွေ ဒီလိုလူမျိုးတွေကျတော့ အချစ်ရေးထက် တခြားအရေးတွေ ပိုပူနေတဲ့အတွက် အကဲခတ်မှားစေနိုင်ပါတယ်။ကိုယ့်ချစ်သူ ဘယ်လိုဆိုတာတော့ ကြိုတင် နားလည်ပေးထားဖို့လိုပါတယ်။
၂။သာမန်ကိစ္စလေးတွေ ခိုင်းကြည့်ပါ။
သာမန်ကိစ္စဆိုတော့ ဘာမှန်းမသိဘူးဖြစ်သွားပီထင်တယ်။ကျွန်တော် ရှင်းပြပါမယ်။
လူတစ်ယောက်အနေနဲ့ သူ့ချစ်သူက ခိုင်းလိုက်တဲ့ သာမန်ကိစ္စလေးတစ်ခုကို စိတ်ပါလက်ပါနဲ့ ဖြစ်မြှောက်အောင် လိုက်ပေးမှာလား။မလုပ်ပေးဘူးလား။လုပ်ပေးမှာပါနော်။အခက်အခဲရှိနေလို့ မလုပ်ပေးနိုင်တာ။မလုပ်ချင်တာမျိုးက လွဲရင် အတတ်နိုင်ဆုံးတော့ လုပ်ပေးမှာပါ။
ဘယ်လိုကိစ္စလေးတွေလဲဆိုတော့သာမန်ကိစ္စလေးတွေပါ။အခြေအနေအရဖြစ်ပေါ်လာတဲ့ကိစ္စရပ်လေး
တွေမှာ အကူအညီသဘောမျိုးတောင်းကြည့်ပါ။အိမ်ထောင်ပြုတယ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ကူညီတဲ့သဘောပါ။တစ်ယောက်မှာ လိုအပ်နေတာ တစ်ယောက်ဖြည့်ပေးရမှာပါ။သူ့အခြေအနေကိုတော့ ကြည့်သင့်တာပေါ့။သူမနှစ်သက်တဲ့အရာ မလုပ်ခိုင်းပါနဲ့။သူ စိတ်ကြည်လင်နေတဲ့အချိန်ရွေးပါ။
ဥပမာတစ်ခုပြောမယ်နော်။ချစ်သူနှစ်ဦး တူတူ ဈေးဝယ်ထွက်တယ်ပေါ့ဗျာ။ကြိုတင်တော့ မချိန်းနဲ့ပေါ့ဗျာ။ကြိုတင်ချိန်းရင် အများစုက စိတ်ညစ်တတ်တယ်။လမ်းကြုံတဲ့ အချိန်မှာ ပစ္စည်းတစ်ခုဝယ်ကြည့်ပါ။ကိုယ့်အတွက်ရွေးခိုင်းကြည့်ပါ။စိတ်ပါလက်ပါနဲ့ လုပ်ပေးလား။မလုပ်ပေးလား ကြည့်ကြည့်ပေါ့။တကယ်ချစ်တဲ့သူဆို သူအတွက် မပင်ပန်းဘူး သူ့မှာလဲ စိတ်ရှုပ်စရာမရှိရင် လုပ်ပေးပါလိမ့်မယ်။ကျွန်တော်ပြောတဲ့ဥပမာ အတိုင်းတော့ လိုက်မလုပ်ပါနဲ့နော်။ကြုံလာတဲ့အခြေအနေ
ပေါ်မူတည်ပြီး ကိုယ့်အတွက်စေတနာထားလားမထားဘူးလား လေ့လာကြည့်ပါ။ဒီအချက်ကလဲ
ရာနှုန်းပြည့် လေ့လာနိုင်မယ်လို့ အာမ မခံပါဘူး။
၃။စုံစမ်းဖို သူလျှိုထားပါ။
ရင်ခုန်သွားလား။ကိုယ်ချစ်သူရဲ့ ဘေးနားမှာ ကိုယ့်လူထားဖို့ပါ။သူ့သူငယ်ချင်းတစ်ယောက်ကို ပေါင်းထားရမှာပေါ့နော်။ဒါမှ ကိုယ့်ချစ်သူဘာလုပ်တယ်။ဘယ်လိုကိုယ့်ကိုသဘောထားတယ်ဆိုတာ သိနိုင်မှာပေါ့။အဲ ကိုယ် ရွေးတဲ့သူကိုလဲ သေချာရွေးနော်။ကိုယ့်ချစ်သူသ၀န်မတိုအောင်လဲ သတိထားအုံး။
စိတ်ထားကောင်းတဲ့သူဖြစ်မှ သူ့အကြောင်းကိုအမှန်အတိုင်းပြောပြမှာနော်။ကိုယ့်အကြောင်း သူဘာတွေ ပြောလဲ မေးကြည့်ပါ။စုံစမ်းပါ။ပတ်ဝန်းကျင်က သတင်းတွေလဲ လေ့လာနေရပါမယ်။
ကဲ ဒီလောက်ဆို စမ်းသပ်ဖို့ နည်းလမ်းလေးတွေ ရသွားပြီပေါ့နော်။ဒီအချက်တွေ အားလုံးနဲ့ မငြိရင်တောင်
အချစ်စစ်ဖြစ်မယ်လို့ လုံးဝအာမ မခံနိုင်သေးပါဘူး။ဘာလို့လဲဆိုတော့ အရမ်းကို ထက်တဲ့ လူတွေ ရှိနေလို့ပါ။လိမ်ချင်တဲ့သူက လိမ်မယ်လို့ ကြံစည်ထားပြီဆိုရင် ကြိုတင်ပြင်ဆင်ထားမှာ အမှန်ပါဘဲ။
အိမ်ထောင်တစ်ခု ပြုဖို့ဆိုရင် သေချာစဉ်းစားစေချင်ပါတယ်။ကိုယ့်ဘ၀တစ်ခုလုံးနဲ့ ရင်းထားရတာပါ။
ဆုံးဖြတ်ချက်တစ်ခုမှားသွားရင် တစ်သက်လုံး နောင်တ ရနေပါလိမ့်မယ်။ စိတ်တူ ကိုယ်တူ ဘ၀တူ ကို ရှာဖွေပါ။အားလုံး ကိုယ်ချစ်တဲ့သူ ကိုယ့်ကိုလဲ အချစ်စစ်နဲ့ ချစ်တဲ့သူနဲ့ ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်ခင်ဗျာ။

Image Format ပြောင်းကြည့်မယ်။

9k=


တိုစ မိုစလေးတွေပါ။ ဧကရီ တို့လို  Photoshop ၀ါသနာပါသူတွေအတွက်

Image Format ပြောင်းဖို့အတွက် Photoshop တို့ကို သုံးဖို့ မလိုဘဲ Image တွေကို
 Right Click လုပ်ပြီး တိုက်ရိုက်ပြောင်းပေးနိုင်တဲ့ Right Click Image Converter ပါနော်။
စမ်းကြည့်ကြရအောင်....
ဒီနေရာလေးမှာ ဒေါင်းယူပါ။

images?q=tbn:ANd9GcRHd7QANlM9H9LNPCUdxapZlCOR_QVW8_tssJdC8C8xp4MM2OBhFXKQy2r9ig


7MB ရှိတဲ့ ဖိုင်လေးကို ဒေါင်းလုတ် ပြီး စက်ထဲ အင်စတော ထည့်သွင်းပြီးရင် ကြိုက်တဲ့
Image တွေကို Right Click လုပ်ရုံနဲ့  Format ပြောင်းနိုင်ပါပြီ။
images?q=tbn:ANd9GcRn7-aikJc5zIxGxAGR-kzgGnmKyQClFNLr9uHslFF0xJkOYILSXA


JPGE, BMP, GIF, PNG, ICO (favicon), TIF အပြင် အခြား Format တွေလည်း ပြောင်းပေးနိုင်ပါသေးတယ်။
နည်းနည်းပါးပါးသိတာလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်ရှင့်။

                                                                    ***ဧကရီ***

ချစ်သူများနေ့အတွက် ဖောင်းကြွကတ်

ချစ်သူများနေ့အတွက် ဖောင်းကြွကတ်လေး ကိုယ်တိုင်လုပ်ချင်သူများအတွက် လုပ်နည်းလေးကို http://www.burmeseclassic.com/ မှာ တွေ့လို့ ကြည့်ချင်တဲ့သူများကြည့်ရအောင် တင်ပေးလိုက်ပါတယ်။
ဆိုဒ်ကိုသီးသန့်ဖွင့်ချင်တဲ့သူများအတွက် တိုက်ရိုက်ကြည့်ရန်

VLC Media Player 1.1.5 Final

VLC Media Player 1.1.5 Final | 24.39 MB



စီဘောက်ထဲမှာ လာတောင်းထားလို့ တင်ပေးလိုက်ပါတယ်ခင်ဗျာ။ကျွန်တော်လဲ ဒီပလေယာလေးသုံးနေတာပါ။ကောင်းပါတယ်။အဆင်ပြေပါစေ။
ဒေါင်းရန်

http://www.mediafire.com/?s5ac88980197u8w

http://ifile.it/y3p0kad/VLC_Media_Player_1.1.5__x86__Final.rar

http://www.zshare.net/download/85344452ca861ad0/

http://www.ziddu.com/download/13431041/VLC_Media_Player_1.1.5__x86__Final.rar.html

http://www.mirrorcreator.com/files/1YPW1HZP/