Tuesday, January 18, 2011

အထူးလက်ဆောင်...


ဒီလေးလမြောက်မွေးနေ့လေးအတွက် လက်ဆောင်ပို့စ်လေးပါခင်ဗျာ...
ပြောသာပြောရတာ လေးလသားဘလော့ခ်လေးကလည်းဗျာ
မတန်မရာကြီးထွားနေလိုက်တာ လေးလသားနဲ့မတန်အောင်ပါပဲနော်...
ဘာဖြစ်ဖြစ် မွေးနေ့အထူးပို့စ်လေးတင်မယ်ဗျာ...
သိတယ်မလားတောင်ကြီးသားလေးအထူးလုပ်ပြီဆိုရင် တောင်ကြီးနဲ့ပတ်သတ်နေရမယ်လေ... :P
ကိုယ်တိုင်ကြိုးစားထားတဲ့ပို့စ်တော့ဟုတ်ဘူး ဟဲဟဲ
တောင်ကြီးသူ မမ နိုင်းနိုင်းစနေလေ သိတယ်မလား...
အဲ့ဒီမမရဲ့ဘာသာပြန် လေးပါဗျာ...
အရမ်းမိုက်တာပဲ အဲအဲ အရမ်းရှည်သွားလိမ့်မယ်
တန်ဖိုးရှိတာလေးတင်လိုက်မယ် ဖတ်ကြည့်နော်...
အချစ်သမားတွေအတွက်ပေါ့ဗျာ...



အချစ်အက္ခရာ A to Z


Accept (လက်ခံသည်)

"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"
သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။

Belief (ယုံကြည်ခြင်း)

အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ
အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ
လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။

Care (ဂရုစိုက်ခြင်း)

တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို
ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ "အလုပ်ပင်ပန်းလား?"ဆိုတဲ့ ဂရုစိုက်တဲ့
အမေးလေးမေးနိုင်သလို "မိုးအေးပြီနော်... အနွေးထည်ထပ်ဖို့
မမေ့နဲ့နော်"ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက
တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို
နွေးထွေးကြည်နူးစေနိုင်ပါလိမ့်
မယ်။

Devoted (သစ္စာခိုင်မြဲသည်)

လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက
ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ
အဆုံးသတ်ရတတ်တယ်။

Enjoy (ကျေနပ်စွာခံစားသည်)

တစ်ဘက်သားရဲ့အရာအားလုံးကို ကျေကျေနပ်နပ်လက်ခံတဲ့အပြင်
အချစ်ကြောင့်ဖြစ်လာတဲ့ ပျော်ရွှင်၊ ကြည်နူးခြင်းတွေကိုလည်း
ကျေကျေနပ်နပ်ခံစားသင့်ပါတယ်။ ဒါမှ ချစ်ခရီးလမ်းက ပိုတာရှည်တည်မြဲ
ပျော်ရွှင်မှာဖြစ်တယ်။

Freedom (လွတ်လပ်မှု)

လက်ထပ်ပြီးအတူနေသည့်တိုင် တစ်ဘက်သားကို ကိုယ်ပိုင်လွတ်လပ်မှုနဲ့
လျှို့ဝှက်ချက်တချို့ ရှိစေသင့်တယ်။ ကိုယ်နဲ့အိမ်ထောင်ကျတာဟာ
ထောင်ထဲရောက်သွားသလို အချုပ်နှောင်ခံတာမျိုး တစ်ဘက်သားကို
မခံစားစေချင်ဘူး။ ဒါကြောင့် သူကိုယ်ပိုင်လွတ်လပ်မှုဆိုတာ ရှိသင့်ပါတယ်။

Give (ပေးဆပ်ခြင်း)

အချစ်ဆိုတဲ့အရာက ကိုယ်ပေးဆပ်တိုင်း ပေးဆပ်သလောက် ပြန်ရမယ့်အရာမဟုတ်ပါဘူး။
ဒါပေမယ့် မပေးဆပ်ရင်တော့ လုံးဝပြန်ရဖို့ မရှိပါဘူး။ ကိုယ်ပေးဆပ်သလိုမျိုး
တစ်ဘက်သားက ပြန်ပေးဆပ်ခဲ့ရင် ဒါဟာ စစ်မှန်တဲ့အချစ်လို့ ပြောနိုင်ပါတယ်။

Heart (နှလုံးသား)

အချစ်မှာ အရေးအပါဆုံးအရာက နှလုံးသားတစ်စုံပဲဖြစ်တယ်။ တစ်ဘက်သားကို
နှလုံးသားနဲ့ရင်းပြီး ချစ်သင့်တယ်၊ ကြင်နာနားလည်သင့်ပါတယ်။ တကယ်လို့
ချစ်ခြင်းမှာ နှလုံးသားတစ်စုံသာ မပါခဲ့ရင် အချစ်စစ်လို့မည်လိမ့်မှာ
မဟုတ်ပါဘူး။

Independence (မမှီခို၊ အားမကိုးဘူး)

စကားပြောကောင်းတဲ့ချစ်သူက "ငါဟာ မင်းအတွက်မွေးဖွားလာတာပါ"
လို့ပြောတတ်ကြတယ်။ တကယ်တော့ လူတိုင်းမှာ ကိုယ်ပိုင်ရှင်သန်မှုတွေရှိကြတယ်
တစ်ဘက်သားကို အလွန်အကျွံ မှီခို၊ အားကိုးတာက သူ့ကိုတာဝန်ပိုစေတဲ့အပြင်
စိတ်ပင်ပန်းနွမ်းနယ်စေပါတယ်။

Jealousy (မနာလို၊ သဝန်တို)

သင့်တင့်တဲ့ မနာလို၊ သဝန်တိုမှုတွေက သူဟာ ကိုယ့်အတွက်
ဘယ်လောက်အရေးပါကြောင်း တစ်ဘက်သားကို ခံစားစေတယ်။ သဝန်တိုဖို့
အကျိုးအကြောင်းညီမျှရမယ်ဆိုတာ မမေ့သင့်ပါဘူး။ အကျိုးအကြောင်း
အဆက်အစပ်မရှိတဲ့ သဝန်တိုမှုတွေက တစ်ဘက်သားကို မလိုလားမှုတွေ
ဖြစ်ပေါ်စေပါတယ်။

Kiss (အနမ်း)

အနမ်းတစ်ပွင့်က စကားအခွန်းထောင်သောင်းထက် သာလွန်ပါသတဲ့။
ညင်သာတဲ့အနမ်းတစ်ပွင့်နဲ့ ကိုယ့်မြတ်နိုးမှု၊ ကြင်နာမှုကို ပြသနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ချစ်တဲ့သူကိုနမ်းဖို့ မတွန့်တိုသင့်ပါဘူး။

Love (ချစ်တယ်)

ချစ်တာနဲ့ နှစ်သက်တာမတူပါဘူး။ ချစ်မိပြီဆိုရင် တစ်ဘက်သားအတွက်
အရာရာပေးဆပ်ရဲပါတယ်။ "ချစ်တယ်"ဆိုတဲ့စကားတစ်ခွန်းက
တခြားတန်ဖိုးကြီးလက်ဆောင်တွေထက် တစ်ဘက်သားရဲ့ရင်ကို
နွေးထွေးကြည်နူးစေပါတယ်။

Mature (ရင့်ကျက်)

တချို့က အချစ်ဦးနဲ့ ဘာကြောင့်အလွယ်တကူ ကွေကွင်းကြရသလဲ?
အကြောင်းက ငယ်ရွယ်စဉ် ရည်းစားထားချိန်မှာ ကလေးဆန်စိတ်တွေ
များနေခဲ့လို့ဖြစ်တယ်။ ဘယ်သူကမှ အဆင်ခြေမရှိ စူစူအောင့်အောင့်
မကြီးပြင်းတတ်တဲ့ကလေးကို အမြဲအလိုလိုက် ချစ်နိုင်မှာမဟုတ်ပါဘူး။
ဒါကြောင့် လူရင့်ကျက်ရင် အချစ်လည်းရင့်ကျက်ပြီး လှပတဲ့အဖူးအပွင့်တွေ
မြန်မြန်ဆန်ဆန် ဖူးပွင့်နိုင်မှာဖြစ်တယ်။

Natural (ပင်ကို၊ ပကတိ)

ချစ်စကြင်စမှာ လူတွေက ကိုယ့်အားနည်းချက်၊ အနာအဆာကို သိုဝှက်ပြီး
ဟန်ဆောင်နေတတ်ကြတယ်။ အဲဒီအားနည်းချက်တွေက နှစ်ကြာမှ တဖြေးဖြေး
ပေါ်လာတတ်တယ်။ ချစ်စတည်းက ပကတိအတိုင်းချစ်မယ်၊ သဘာဝအတိုင်း
ဟန်ဆောင်မှုတွေကင်းခဲ့ရင် အချစ်က ပိုတာရှည်တည်မြဲမှာဖြစ်တယ်။

Observe (ဂရုတစိုက် ကြည့်ရှုမှတ်သား)

တစ်ဘက်သားရဲ့ ဝါသနာ၊ ကြိုက်နှစ်သက်တာတွေကို ဂရုတစိုက်မှတ်သားခြင်းဖြင့်
တစ်ဘက်သားကို ပိုနားလည်စေသလို တစ်ခါတလေမှာ သူ့ကို ထူးဆန်းအံ့သြအောင်
လုပ်နိုင်ပါတယ်။ ဥပမာ- မဂ္ဂဇင်းအတူကြည့်တုန်း စာအုပ်ထဲကနာရီကို
သူသဘောကျကြောင်းပြောခဲ့ရင် သူ့မွေးနေ့မှာ သူအံ့သြဝမ်းသာအောင်
လက်ဆောင်ပေးတာမျိုးဖြစ်တယ်။ အဲဒီလို တစ်ဘက်သားရဲ့အကြိုက်ကို
ဂရုစိုက်တတ်တဲ့စိတ်က လက်ဆောင်ပစ္စည်းတွေထက် ပိုတန်ဖိုးရှိကြောင်း
တစ်ဘက်သားကို ခံစားစေနိုင်ပါတယ်။

Protect (ကာကွယ်စောင့်ရှောက်)

ယောက်ျားလေးချစ်သူက မိန်းကလေးချစ်သူကို ကာကွယ်စောင့်ရှောက်တယ်ဆိုတာ
သဘာဝပါ။ ဒါပေမယ့် မိန်းကလေးချစ်သူကလည်း ယောက်ျားလေးချစ်သူရဲ့ လေးစားမှု၊
မျက်နှာသာပေးမှုကို ကာကွယ်စောင့်ရှောက်ပေးရပါမယ်။ လူတွေကြားမှာ
သူ့အရှက်မရဖို့၊ ထိခိုက်နာကျင်မှုတွေ မရဖို့ သတိထားရပါမယ်။

Quarter (ခွင့်လွတ်သည်းခံ)

ခွင့်လွတ်သည်းခံခြင်းတွေ အချစ်မှာမရှိမဖြစ်တဲ့ အရာတွေဖြစ်တယ်။
တစ်ဘက်သားရဲ့အမှားကို ပြည့်ဝတဲ့သဘောထားတဲ့ ခွင့်လွတ်သင့်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ရဲ့အချစ်ဆုံးသူ ဖြစ်နေလို့ပါပဲ။

Receive (လက်ခံ)

ကိုယ့်အတွက် ချစ်သူပေးဆပ်တဲ့အရာတိုင်းကို ကြိုက်သည်ဖြစ်စေ၊
မကြိုက်သည်ဖြစ်စေ စိတ်ပျက်သွားတဲ့အမှုအရာမျိုး၊
စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ ပုံစံမျိုး ထုတ်မပြသင့်ပါဘူး။
အဲဒီအပြုအမှုတွေက သူ့ကို စိတ်ဓာတ်ကျအားငယ်စေပါတယ်။ ကိုယ့်အတွက်
ချစ်သူပေးဆပ်တာကို ကျေနပ်ပျော်ရွှင်တဲ့အသွင်နဲ့ လက်ခံပေးသင့်ပါတယ်။ ဒါဟာ
နှစ်ဦးသားရဲ့ အကြင်နာကို ပိုမိုခိုင်မြဲစေပါတယ်။

Share (မျှဝေ)

တကယ်ချစ်ကြပြီဆိုရင် ဘဝရဲ့ပျော်ရွှင်၊ ဝမ်းနည်းခြင်းတွေကို
အတူတကွမျှဝေသင့်ပါတယ်။ ဒါဟာ ဘဝဖော်တစ်ဦးရဲ့ အရိုးရှင်းဆုံး
ဝတ္တရားပဲဖြစ်တယ်။

Tender (နူးညံ့)

အချစ်မှာ နူးညံ့မှုတွေရှိသင့်ပါတယ်။
အချစ်မှာ နူးညံ့မှုတွေကင်းခဲ့ရင် အချစ်က ချစ်စရာမကောင်းတော့ပါဘူး။

Understand (နားလည်)

တစ်ဘက်သားရဲ့ အမူအကျင့်ကို နားမလည်နိုင်ခဲ့ရင် အချစ်ဟာ အထီးကျန်ပြီး
ဆက်ဆံရေးမဲ့သွားနိုင်ပါတယ်။ တစ်ဘက်သားရဲ့ ရှုထောင့်ကနေပြီး
တွေးတောခံစားပေးခြင်းအားဖြင့် တစ်ဘက်သားကို ပိုနားလည်စေနိုင်ပါတယ်။

Veracity (ဖြောင့်မှန်၊ မှန်ကန်ခြင်း)

အချစ်မှာ ဖြောင့်မှန်၊ မှန်ကန်ခြင်းတွေ အဆတစ်ရာလိုပါတယ်။ ကိုယ်ကလည်း
ကိုယ့်ချစ်သူကို "အပြောသမား" တစ်ယောက် မဖြစ်စေချင်သလို သူကလည်း
ကိုယ့်ကိုဖြစ်စေချင်မှာ မဟုတ်ပါဘူး။ အချင်းချင်း အချစ်ညာစားသူ
မဖြစ်စေချင်ကြပါဘူး။

Wait (စောင့်သည်)

အချစ်မှာ စောင့်တာက အခြေခံလိုအပ်ချက်လေးဖြစ်တယ်။ တစ်ဘက်သားနဲ့
အတူကြီးပြင်းရှင်သန်သင့်ပါတယ်။ ခရီးလမ်းဆုံးထိ တစ်ဦးကိုတစ်ဦး
ဖေးမစောင့်စားသင့်ပါတယ်။ ကိုယ်အရင် ခြေလှမ်းလှမ်းပြီး တစ်ဘက်သားကို
နောက်ချန်ထားရစ်ခဲ့လို့ မသင့်ပါဘူး။

X (အမြှောက်သင်္ကေတ)

ချစ်သူအပေါ်ထားတဲ့ ကိုယ့်အချစ်ကို နေ့တိုင်းဆတိုးပြီး မြှောက်သွားခဲ့ရင်
အချစ်ကအလိုလိုနေရင်း အဆုံးမရှိဖြစ်သွားနိုင်ပါတယ်။

Yield (အလျော့ပေး)

နှစ်ယောက်အတူနေချိန်မှာ ငြင်းခုန်မှုက ရှိစမြဲဖြစ်တယ်။
နောက်ခြေတစ်လှမ်းဆုတ် အလျော့ပေးတာက ဒေါသမုန်တိုင်းကို ငြိမ်းအေးစေပါတယ်။
နောက်ပြီး ပြဿနာကို သဲသဲကွဲကွဲ မသိခင် "လမ်းခွဲကြရအောင်" ဆိုတဲ့စကားကို
အလွယ်တကူမပြောမိဖို့ သတိထားရပါလိမ့်မယ်။ စိတ်တွေငြိမ်သွားမှ
ပြဿနာရင်းမြစ်ကိုရှာပြီး ဖြေရှင်းနည်းတွေ ရှာတာဟာ အကောင်းဆုံးဖြစ်တယ်။

Zero (စမှတ်)

အိမ်ထောင်ရေးတည်မြဲပြီလို့ မှတ်ယူတာပဲဖြစ်ဖြစ်၊ အချစ်ရေးခိုင်မြဲပြီလို့
ထင်မြင်တာပဲဖြစ်ဖြစ် ချစ်နေချိန်မှာ အရင်ညားစ၊ ချစ်စ၊ ကြင်နာစက
ခံစားချက်မျိုး၊ စိတ်သဘောထားမျိုးထားဖို့ မမေ့သင့်ပါဘူး။ တည်မြဲပြီလို့
မှတ်ယူပြီး အချစ်ကို ပစ္စလက္ခမထားဘဲ၊ အနယ်မထိုင်စေဘဲ နေ့တိုင်းအချစ်ကို
အသစ်အသစ်အဖြစ်နဲ့ ချစ်နိုင်၊ ခံစားနိုင်ခဲ့ရင် အချစ်ဟာ
အမြဲနုပျိုလန်းဆန်းနေမှာဖြစ်တယ်

လူတွေက အချစ်ကို အမျိုးမျိုးဖွဲ့ဆိုကြပါတယ်။ ဖွဲ့ဆိုကြတဲ့အထဲမှာ
အချစ်တာရှည်ခိုင်မြဲဖို့၊ ချစ်ခရီးလမ်းဖြောင့်ဖြူး သာယာဖို့ အဓိကထား
ရေးဖွဲ့ကြပါတယ်။ အချစ်အက္ခရာ A to Zကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာနဲ့
ဖတ်ဖူးကောင်း ဖတ်ဖူးကြပါလိမ့်မယ်။ အချစ်က ဘယ်တော့မှ ဘာသာပြန်ဆိုလို့
ပြီးနိုင်မယ့်အရာမဟုတ်တာကြောင့် အဲဒီအချစ်တွေကိုပဲ ကျွန်မက
ထပ်ဘာသာပြန်ဆိုပါတယ်။ အချစ်အက္ခရာ A to Z လက်ခံသည်ကပဲ စမှတ်စခဲ့ပါတယ်။
အားလုံး ချစ်နိုင်ကြပါစေ...

နိုင်းနိုင်းစနေ ဘာသာပြန်သည်။
............................

ကဲမမိုက်ဘူးလားဗျာ...နော်...
ဒီပို့စ်လေးရဲ့နောက်မှာတခုရေးလိုက်ချင်တာကတော့...
နန်းတွင်းက ဧကရာဇ် နဲ့ ဧကရီတို့ရဲ့ ဘယ်လောက်မြောက်
ဘာမွေးနေ့ပွဲလေး ရှိသေးလည်း သိချင်တာပါ
ဟဲဟဲ အဲ့ဒီနေ့လေးကိုပါနန်းတွင်းသားတွေစောင့်မျှော်နေပါကြောင်း
လျှောက်ထားအပ်ပါတယ်ခင်ဗျာ...










*************** တောင်ကြီးသားလေး... ***************

photo shop အကြောင်းမြန်မာလိုသိချင်လျှင်..

18 Jan 11, 09:07 AM
k: photo shop အကြောင်းမြန်မာလိုသိချင်လို့ပါ
................................................................................................................

ုk  သိချင်တာကို ဧကရီ  အွန်လိုင်းပေါ်ကနေ ရှာတင်ပေးလိုက်ပါတယ်..နော်။
အကြင်နာ နန်းတော်လေးမှာရှိတဲ့ ဟာလေးပါ ထပ်တင်ပေးပါလိုက်ပါတယ်။

ဒီနေရာလေးမှာသွားကြည့်ပါနော်။

တစ်ခြားပို့စ်လေးတွေလည်းရှိပါသေးတယ် ရှာဖတ်ကြည့်ပါ။
အဆင်ပြေပါစေ။

...............................................................................................................
အပိုင်း(၁)
Basic Concepts


1. ပုံရိပ်များရဲ့ဖွဲ့စည်းပုံသဘာဝ
2. အရောင်များ
3. Photoshop's File Formats များအကြောင်း
4. အလင်းအမှောင်ကိုသုံး၍ထုများ ဖန်တီးခြင်း
5. ဖန်ပြားပုံသဏ္ဍာန်များ ဖန်တီးခြင်း
6. Layer Mask များအကြောင်း
7. Anti-aliasing
8. အို... အရိပ်လေးရယ်
9. Layers in CS2
10. Fading the effect
11. The art of Pattern (Part 1)
12. The art of Pattern (Part 2)
13. The art of Pattern (Part 3)
14. Layer Mask Blending
15. တစ်စက္ကန့်ပဲလိုတယ် (သို့) Actions
16. Operation of Selections
17. Photoshop Brushes
18. ညအခါ လသာသာ
19. Grayscale and Monochrome
20. Hair Selection
21. Layer တွေကို အဖြေရှာကြမယ်
22. Sharpen the image
23. ပုံရိပ်တွင် Focus ဖန်တီးခြင်း
24. စာရွက်ဟောင်းလေး
25. Perspective Crop
26. Logo ကောင်းတစ်ခုဖြစ်ဖို့ဆိုရင်
27. Logo တစ်ခုကိုဖန်တီးခြင်း
28. Photo Repairing Guide (Part 1)
29. Photo Repairing Guide (Part 2)
30. Barcode maker


အပိုင်း(၂)
Applied

31. AutoCAD Drawing file များအား Photoshop သို့ ကူးပြောင်းခြင်း
32. AutoCAD Drawing file များအား Photoshop သို့ ကူးပြောင်းခြင်း ( Using Distiller Printer)
33. AutoCAD Landscape Library အတွက် Custom Context များဖန်တီးခြင်း
34. AutoCAD Elevation တစ်ခုအား အရောင်ဖြည့်သွင်းခြင်း
35. မင်္ဂလာခန်း (သို့) Custom Furniture များဖန်တီးခြင်း
36. Using image printer


အပိုင်း(၃)
Special Effects


37. ဘီယာအေးအေးလေးတစ်ခွက်
38. Space Lighting Effects
39. Abstract Effects
40. Lighting Effects
41. Standup Effects
42. ဘယ်ပန်းချီရေးလို့မမီ
43. ဘ၀အပိုင်းအစများ
44. အထဲမှာမနေချင်တဲ့သူ
45. မီးတောက်အသွင်
46. ရေလိုနေတယ်
47. Nature 1 (ဘုရာစူး မိုးကြိုးပစ်)
48. Hazel Nut ပူပူလေး
49. Nature 2 (နှင်းဝေတဲ့ဆောင်း)
50. ပန်းချီကားတစ်ချပ်အား အသက်သွင်းခြင်း
51. Scan Line Pattern
52. သင်္ကြန်မိုး
53. ဆံကေသာရောင်ဆန်းများ
54. ဆေးရောင်လှလှခြယ်ရအောင်
55. ကာတွန်းရုပ်လေး
56. နတ်သမီးလေးလို လှနေလို့
57. ဟောင်းနွမ်းသွားတဲ့နောက်
58. နူးညံ့ကျော့ရှင်း လှယမင်း
59. Mirror Effect 1
60. Mirror Effect 2
61. Mirror Effect 3 (ရေပေါ် အရိပ်ထင်)
62. Color Burn (လှပစွာ လောင်ကျွမ်းခြင်း)
63. သင်းပျံ့တဲ့ အမှတ်ရစရာတွေ
64. Auto-Align & Blend Layers (CS3)
65. SumoPaint: Online Image Editor
66. ပုံတူပွားခြင်းနဲ့ ပတ်သက်၍
67. Overlay နှင့် အပျင်းပြေ

အပိုင်း(၄)
Text Effects


68. 3D Text
69. Metal Text
70. ရွှေအိုရောင်လို မှုန်းတဲ့စာသား
71. အဖန်ဖန်မှန်
72. သတိ၊ ဓါတ်လိုက်တတ်သည်
73. အေးတိအေးစက် ရေခဲ Text
74. ဆယ့်ကိုးဇူလိုင် မမေ့နိုင်

အပိုင်း(၅)
Animations


75. More about GIF
76. Animation Method 1 (Frames from Layers)
77. Animation Method 2 (Tweening) Part 1
78. Animation Method 2 (Tweening) Part 2
79. Animation Method 2 (Tweening) Part 3
80. ရှုပ်ရှုပ်ရှက်ရှက် GIF Animation Text
81. ဖောင်း ၀ ကြီး Animation Text
82. Animation ads
83. Wipe Transition
84. Dissolve Transition

Photoshop အခြေခံအထိတတ်ထားရန် ဒီမှာ Downloads ရယူပါ။
Adobe PhotoShop 7.0.pdf

ဒီမှာ Downloads ရယူပါ။
1. AK001 - Final Photoshop Lesson Index.doc

2. AK002 - Final Photoshop Lesson 1-50.doc

3. AK003 - Final Photoshop Lesson 51-100.doc

4. AK004 - Final Photoshop Lesson 101-150.doc

5. AK005 - Final Photoshop Lesson 151-200.doc

6. AK006 - Final Photoshop Lesson 201-250.doc

7. AK007 - Final Photoshop Lesson 251-300.doc

8. AK008 - Final Photoshop Lesson 301-350.doc

9. AK009 - Final Photoshop Lesson 351-400.doc

forverfriend စုစည်းတင်ပြသူ - အောင်ကျော်မိုးမှ ကူးယူ တင်ပြပေးလိုက်ပါတယ်။

                                                           ***ဧကရီ***

မိမိကွန်ပျူတာရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး ဆော့ဝဲ

TuneUpUtilities2011_en-US


















ဒီဆော့ဝဲလေးက တော်တော်ကောင်းတယ်ခင်ဗျ။1 click maintenance လဲပါတော့ ဖိုင်တာတွေ သန့်ရှင်းရေးလုပ်တာတွေကို ကလစ်တစ်ချက်ပေးရုံနဲ့ အားလုံးလုပ်ပေးတယ်ခင်ဗျ။ကျွန်တော်ကိုယ်တိုင်လဲ
ဒီဆော့ဝဲလေးဘဲ သုံးပါတယ်။key လဲ အများကြီးပါပါတယ်။အဆင်ပြေတဲ့ key စမ်းပြီးထည့်ကြည့်ပါ။
ဖိုင်ဆိုဒ်က 19 MB ဘဲရှိပါတယ်။သုံးကြည့်ပါခင်ဗျာ။

ဒေါင်းရန်

http://www.mediafire.com/?6ir9zn38u223rq0

http://www.ziddu.com/download/13443244/TuneUpUtilities2011_en-US.rar.html

http://depositfiles.com/files/w3lf06vbe

http://oron.com/x654fri2n7g7/TuneUpUtilities2011_en-US.rar.html

http://www.mirrorcreator.com/files/08WRZ54B/

Scholarship Info


Monday, January 17 - 23, 2011
The Voice Weekly: Vol. 07/No.06