Saturday, January 22, 2011

အချိန်ကို စီမံခန့်ခွဲခြင်း

အချိန်ကို စီမံခန့်ခွဲဖို့ နည်းလမ်းလေး တချို့ ကို ဖော်ပြပါမယ်။

လုပ်ဆောင်ရန် အလုပ်များကို ဦးစားပေးအဆင့်အတန်း သတ်မှတ်ခြင်း

ခင်ဗျားရဲ့  လုပ်ဆောင်ရန် အလုပ်များစာရင်း ကိုကြည့်လိုက်ပါ။ တချို့  ဟာတွေက ခင်ဗျားဘ၀ အတွက် အရေးပါတယ်၊ တချို့ ဟာတွေက လုပ်လုပ်၊ မလုပ်လုပ် အရေးမပါဘူး။ ဒီတော့ ခင်ဗျားဘ၀ကို အရေးမပါတာတွေ လုပ်ရင်း အချိန်ကုန်မခံပါနဲ့ ။ မိမိရဲ့  ဘ၀ရည်မှန်းချက်တွေ အောင်မြင်ရေးသို့ ဦးတည်တဲ့ အလုပ်တွေကိုပဲ ဦးစားပေးပြီး လုပ်ပါ။ ဘယ်အလုပ်တွေက အရေးပါတယ်၊ ဦးစားပေးရမယ် ဆိုတာကို သုံးသပ်နိုင်တဲ့ နည်းလေးတွေကို ဖော်ပြပါမယ်။

(က) အချင်းချင်း နှိုင်းယှဉ်သုံးသပ်နည်း (Paired Comparison Analysis)

ဒါကတော့ ခင်ဗျားရဲ့  လုပ်ဆောင်ရန်အလုပ်များ ကို (၂)ခုချင်းစီ နှိုင်းယှဉ် သုံးသပ်နည်း ဖြစ်ပါတယ်။ နံပါတ်(၁) အလုပ်နဲ့  နံပါတ်(၂) အလုပ်ကို နှိုင်းယှဉ်ကြည့်ပါ။ ဘယ်ဟာက အရေးပိုကြီးလဲ။ ပြီးရင် (၁) နဲ့  (၃)နဲ့၊ ပြီးရင် (၁)နဲ့ (၄) နဲ့ စသည်ဖြင့် နှိုင်းယှဉ်သွားပါ။ နောက်တဆင့် (၂)နဲ့(၃)၊ (၂)နဲ့(၄)၊ နောက် (၃)နဲ့(၄) အစဉ်လိုက် နှိုင်းယှဉ်ကြည့်ပါ။ ဘယ်လုပ်တွေက အရေးအကြီးဆုံးလဲဆိုတာ ပေါ်လာပါလိမ့်မယ်။ မိမိရဲ့  အချိန် အများစုကို အဲဒီအလုပ်တွေလုပ်ဆောင်ရင်းကုန်လွန်ပါစေ။



(ခ) လုပ်အား-ရလဒ် အချိုးအစားဖြင့် သုံးသပ်ခြင်း (Action Priority Matrix)

အလုပ်တစ်ခုဟာ အားဘယ်လောက်စိုက်ထုတ်ပြီး လုပ်ကိုင်ရလဲ။ အကျိုးရလဒ်ကရော ဘယ်လောက်များလဲ ဆိုတဲ့ အချက်(၂)ခုနဲ့ နှိုင်းယှဉ်သုံးသပ်ကြည့်ပါ။

အကျိုးရလဒ်များ၊ အားစိုက်ရမှု များ = ကြီးမားသော လုပ်ငန်းကြီးဖြစ်သည်။
အကျိုးရလဒ်များ၊အားစိုက်ရမှုနည်း = ဒါဟာလုပ်သင့်တဲ့အလုပ်ဖြစ်ပါတယ်။
အကျိုးရလဒ်နည်း၊အားစိုက်ရမှုများ = လုံးဝမလုပ်သင့်တဲ့အလုပ်ပါ။
အကျိုးရလဒ်နည်း၊အားစိုက်ရမှုနည်း= ခင်ဗျားမှာအချိန်တွေပိုနေမှလုပ်ပါ။
အရေးကြီးတာပေါ်လာရင်မလုပ်နဲ့တော့။


(ဂ) အရေးကြီးမှု-အလျင်လိုမှု ဖြင့် သုံးသပ်ခြင်း (Urgent-Important Matrix)

အလုပ်တစ်ခုဟာ ချက်ခြင်းလုပ်ရမှာလား၊ အေးအေးဆေးဆေးလုပ်လို့ ရသလား။ ဘ၀အတွက်ရေးကြီးသလား၊ မကြီးဘူးလား ဆိုတဲ့ အချက်(၂) ချက်နဲ့ နှိုင်းယှဉ် သုံးသပ်နည်းပါ။

၁။ ချက်ခြင်းလုပ်ဖို့လိုသည်၊ အရေးကြီးသည် = ဒါကတော့ ခင်ဗျားလုပ်ကိုလုပ်မှရမယ်။
၂။ ချက်ခြင်းလုပ်ဖို့လိုသည်၊အရေးမကြီးပါ = ဒီဟာမျိုးတွေနဲ့ သိပ်အချိန်ကုန်မခံပါနဲ့။
၃။ အေးအေးဆေးဆေးလုပ်နိုင်၊အရေးကြီးသည်= ခင်ဗျားရဲ့  အချိန်အများစုကိုဒီမှာသုံးပါ။
၎။ အေးအေးဆေးဆေးလုပ်နိုင်၊အရေးမကြီးပါ = ဒီအလုပ်မျိုးတွေ လုပ်မနေပါနဲ့။

ခင်ဗျားရဲ့  အချိန်အများစုကို နံပါတ်(၃) မှာ သုံးခြင်းဖြင့် နံပါတ်(၁) လိုအခြေအနေမျိုးတွေ နည်းသွားမယ်။ နံပါတ်(၂) နဲ့ (၄) မှာ အချိန်သိပ် အကုန်မခံနဲ့။

သိတဲ့သူများ ဖြေပေးကြပါ

မနေ့က Gtalk မှာ ပဟေဠိတစ်ပုဒ် မေးခံရပါတယ်။

လူတစ်ယောက်က ဆိုင်ထဲကိုဝင်သွားတယ်တဲ့။ ခွေးတစ်ကောင်က အဲဒီဆိုင်ထဲက ထွက်သွားတယ်တဲ့။ အဲဒါ ဘာဆိုင်လဲတဲ့။

သိတဲ့သူများ Comment box မှာ ဖြေပေးကြပါဗျာ။ ကျွန်တော့်အတွက် ဟဲ... အရေးကြီးလို့ပါ။ မနက်ဖြန်မှ အဖြေမပေးနိုင်ရင် သူပြန်ဖြေရပါလိမ့်မယ် တဲ့...

PhotoZoom ဆော့(ဖ)၀ဲ အသုံးပြုနည်း

21 Jan 11, 07:25 PM
zaw: ဓါတ်ပုံသေးသေးလေးတွေကိုပုံကြီးချဲ.ကြည်.တဲ.ဟာက ဘယ်လိုလုပ်၇တာပါလဲ။ဒေါင်းလိုက်တော့real playerထဲေ၇ာက်သွားပြီး ဖွင်.လို.လဲမ၇ဘူး။ဘယ်လိုသုံး၇ပါသလဲ ၇ှင်းပြပေးပါလား။အားလုံးပျော်နိုင်ကြပါစေ။


cbox မှာ ကိုဇော်မေးထားတာကို ပြန်ကြားပေးခြင်းဖြစ်ပါတယ်။
မိမိတို့ရဲ့ ပုံတွေ သေးငယ်နေရင် အကြီးချဲ့ ကြည့်တဲ့ ဆော့(ဖ)၀ဲ လေးပါ။ ပုံကို ၀ါးမသွားအောင် ပြန်လည်ပြုပြင် ချိန်ညှိပေးပါတယ်။
အဲဒီ ဆော့(ဖ)၀ဲ လေးကို ဒီနေရာလေးမှာ ပို့စ် တင်ပေးပြီးဖြစ်ပါတယ်။ အရင်ဆုံး ဒေါင်းလိုက်ပါ။ (ဥပမာ ထိပ်ဆုံးက Mediafire လင့်မှ)။ .rar ဖိုင်လေး ရရှိလာပါမယ်။ အဲဒါကို Double Click လုပ်လိုက်ပါ။
ပြီးရင် ပေါ်လာတဲ့ PhotoZoom_Pro_Portable_4.0.6_Multilingual ဆိုတဲ့ ဖိုလ်ဒါလေးကို Double Click လုပ်ပါ။ ဆက်ပြီးတော့ PhotoZoomPortable.exe ဆိုတဲ့ ဖိုင်လေးကို ဖွင့်ပါ။

ဒါဆိုရင် အဲဒီ ဆော့(ဖ)၀ဲလေး ပွင့်လာပါမယ်။ မိမိဖွင့်လိုတဲ့ ဖိုင်ကို File-->Open ဖြင့် မီနူးမှ ဖွင့်ယူပါ။



ကျွန်တော်တို့ ပုံကို ၄ဆ ချဲ့ ကြည့်ပါမယ်။ New size မှာ မူလ 100.0 ရာနှုန်းအစား 400.0 လို့ ပြင်ရိုက်ပေးလိုက်ပါ။ (အနီနဲ့ ၀ိုင်းပြထားပါတယ်)။



ဒါဆိုရင် ပုံလေးဟာ ၀ါးမသွားပဲ ၄ဆ ကြီးလာပါမယ်။ ကျန်တဲ့အပိုင်းတွေကို ဆက်လက် စမ်းသပ်ကြည့်ပါ။



ပျော်ရွှင်ပါစေ။ :)