Saturday, February 12, 2011

ဒီနေ့ကိုမေ့နေကြပြီလား?


တောင်စဉ်ရေမရ အတွေးစတွေပါ။ Gmail မှာ ဖတ်လိုက်ရတာ တစ်ခုကနေ စခဲ့တာ ဖြစ်ပါတယ်။ တစ်ယောက် Forward လုပ်လိုက်တဲ့ အထဲမှာ ဖြစ်ပါတယ်။ မနက်ဖန် ဖေဖော်ဝါရီ ၁၃၊ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တဲ့။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဘာတွေသိသလဲ စဉ်းစားကြည့်တော့ သိတာဆိုလို့ မယ်မယ်ရရ မရှိလှ။ ဒဂုံတာရာရဲ့ “အောင်ဆန်း သို့မဟုတ် အရိုင်း”ဆိုတာကို နာမည်ပဲ ကြားဖူးပါတယ်။ ခုထိ မဖတ်ဖူးသေးပါ။ ဗိုလ်ချုပ်အောင်ဆန်း အယ်ဒီတာလုပ် ထုတ်ဝေခဲ့တယ်ဆိုတဲ့ “ငရဲခွေးကြီး . . .”ဆိုတာကိုလည်း နာမည်သာ ကြားဖူးပါတယ်။ ခုထိ မဖတ်ဖူးသေးပါ။ တက္ကသိုလ်နေ၀င်းရဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာတွေကို ခုံကျော်ကွက်ကြား ဖတ်ဖူးပါတယ်။ ဘာကိုမှ ပီပီပြင်ပြင် မမှတ်မိတော့ပါ။

မူလတန်း ဖတ်စာထဲမှာ ဖတ်ခဲ့ရတာ ထင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဆင်းရဲသားတွေအပေါ် စာနာတတ်ပုံ။ ခပ်ရေးရေးပဲ စဉ်းစားလို့ ရပါတော့တယ်။ အမျိုးသမီး တစ်ယောက်က မိခင်ကြီး ဒေါ်စုဆီ အကြွေးလာယူတော့ ကြွေးဟောင်းတောင် မကျေသေးလို့ ဒေါ်စုက နောက်ထပ် အကြွေးမပေးချင်ဘူးတဲ့။ သူလည်း ရှိရင်တော့ ပေးချင်မှာပေါ့၊ မရှိသေးလို့ မပေးသေးတာနေမှာပေါ့၊ ပေးလိုက်ပါလို့ သားလေးအောင်ဆန်းက ၀င်ပြောတယ်တဲ့။ အဲဒီလို ထင်တာပါပဲ။

“ဖေဖောဝါရီ ဆယ့်သုံးမှာ၊
ဗိုလ်ချုပ်မွေးနေ့ပါ။”
၂၀ရာစုခေတ်မှာ ထင်ရှားတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ မွေးနေ့မှတ်တမ်း မှန်ကန်လိမ့်မယ် ထင်ပါတယ်။

“ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ၊
ဗိုလ်ချုပ်ချမှတ်သွား။”
ဟုတ်ချင် ဟုတ်ပါလိမ့်မယ်။ ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မယ်။ ဆိုရှယ်လစ်ခေတ်ကစာမို့ ခေတ်အလိုက် ရေးထားတာ ဆိုရင်တော့ ဆိုရှယ်လစ်ခေတ် မဟုတ်တော့တဲ့ ခုခေတ်မှာ ကဗျာစာသားကို ပြင်ရပါတော့မယ်။

ငယ်ငယ်က ရွာသားကြီးတစ်ယောက် ခဏခဏ ပြောတာကို နားထောင်ခဲ့ရဖူးပါတယ်။ “အဲဒီကောင် အောင်ဆန်း သေသွားလို့။ မသေလို့ သူသာ တိုင်းပြည်အုပ်ချုပ်ရင် ခုနေ ဗုဒ္ဓဘာသာ ပျက်လောက်ပြီ။ တစ်ရွာတစ်ကျောင်းတဲ့။ တစ်ကျောင်းတစ်ပါးတဲ့။ ဘုရားလည်း တစ်ဆူပဲတဲ့။ ဘယ်လိုလုပ်မလဲ။ အဲဒီကောင် ကွန်မြူနစ်။” ဆိုရှယ်လစ်ပဲဖြစ်ဖြစ်၊ ကွန်မြူနစ်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပါ။ ဗိုလ်ချုပ်အောင်ဆန်း အုပ်ချုပ်ရင် ဗုဒ္ဓဘာသာ ပျက်မယ်ဆိုတာကို သိပ်မယုံ။ လက်မခံချင်။ ကလေးမို့သာ ဘာမှပြန်မပြောရဲခဲ့တာ။ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာလည်း နတ်မောက်ဦးသောဘိတရဲ့ တပည့်ပဲ။ ဗုဒ္ဓဘာသာကို ဖျက်လိုဖျက်ဆီးတော့ မလုပ်လောက်ဘူး ထင်ပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်း” ကဗျာကို တတိယတန်းမှာ ကျက်ခဲ့ရတာ ထင်ပါတယ်။ အဲဒီတုန်းက မူလတန်း ဆရာမကြီးက တည်တည်ရိုးရိုးကြီး။ ကဗျာကျက်ခိုင်း။ စကားပြေရေးခိုင်း။ ဒါပဲ။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း အထွေအထူး ပြောမပြ။ လေးစားဖို့လည်း မပြော။ အားကျဖို့လည်း လမ်းမညွှန်။ သူကိုယ်တိုင် မသိလို့ ပြောမပြတာလည်း ဖြစ်မယ်ထင်ပါတယ်။ သူက အပျိုကြီး။ စာသင်တာ တာဝန်ကျေပေမယ့် ဘာသာရေး ပိုပြီး စိတ်ဝင်စားတဲ့ပုံ။ သူက သီတင်းတိုင်း ဥပုသ်စောင့်တာဆိုတော့ စနေ တနင်္ဂနွေမှာ ကျောင်းမပိတ်ဘဲ အဖိတ် ဥပုသ်ကျမှ ကျောင်းပိတ်ပါတယ်။ အထက်က မူချမှတ် ပေးသလား၊ သူ့သဘောနဲ့သူ လုပ်သလားတော့ မသိပါဘူး။ တန်းကျောင်းသားတွေကို ဘုန်းကြီးကျောင်းမှာလို တန်းစီထိုင်ပြီး ဘုရားရှိခိုးခိုင်းတာ ကျောင်းဆင်းချိန်မှာ နေ့တိုင်းပဲ။ သူက တောသူဌေး။ ခုတော့ သူ့ရှိတာတွေ အကုန်လုံး တူတွေတူမတွေကို ခွဲပေးလိုက်ပြီး၊ သူ့အတွက်တော့ မိုးညှင်းသမ္ဗုဒ္ဓေမှာ ကျောင်းလေးတစ်ဆောင်ဆောက်ပြီး ရာသက်ပန်ယောဂီ လုပ်နေပြီ။

၁၉၈၆ခုနှစ်မှာတုန်းက အင်္ဂလိပ်စာ သင်ပေးတဲ့ ဆရာကြီးကတော့ ခရစ်ယန်။ သူလည်း သူ့ဘာသာနဲ့သူတော့ ဘာသာရေး ကိုင်းရှိုင်းတာပါပဲ။ သူနဲ့တွေ့တော့ စာပေလွတ်လပ်ခွင့်တို့ လူ့အခွင့်အရေးတို့ ဆိုတာတွေ သူ့ဆီက ကြားခဲ့ရတယ်။ သူက ၈၈၈၈  မတိုင်ခင်ကတည်းက အဲဒီအကြောင်းတွေ ပြောနေတာ။ “ဦးဇင်းတို့ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေ မတရားပါဘူး။ သဘောထားက သေးလွန်းတယ်။ စာအုပ်တစ်အုပ် ရေးတာနဲ့ စာရေးတဲ့ ဘုန်းကြီးကို ၀ိုင်းဆော်ကြတယ်တဲ့။ စာပေလွတ်လပ်ခွင့် မရှိလို့ပေါ့။” သူက သျှင်ဥက္ကဋ္ဌရဲ့ “လူသေလူဖြစ်”ကိစ္စကို ပြောတာပါ။ ၂၀၀၃ ခုနှစ် ရောက်တော့ စီနီယာ သူငယ်ချင်း ဘုန်းကြီးတစ်ပါးက ပြောပြပါတယ်။ “လူသေလူဖြစ် စာအုပ်ကိုရေးတာ ဗိုလ်ချုပ်အောင်ဆန်းက တိုက်တွန်းလို့ ရေးရတာ။ ဂျပန်စစ်သားတွေက ဂျပန်ကြီးသေရင် ဂျပန်လေး ပြန်ဖြစ်တယ်လို့ ယုံထားတော့ သေရမှာ မကြောက်ဘူး။ စစ်တိုက်တာ ရဲတယ်။ ဗမာစစ်သားတွေလည်း အဲဒီလိုရဲအောင် ဆရာတော် စာရေးပါအုံးဆိုလို့ ရေးပေးရတာ။ အဲဒီစာအုပ်ကို ထုတ်ဝေမယ်လို့ ဆရာတော်က ယတိပြတ် မဆုံးဖြတ်ရသေးခင် သူထောင်ကျနေတုန်း တပည့်တွေက ထုတ်ဝေလိုက်တာ။” ဘာပဲဖြစ်ဖြစ် ဖတ်ကြည့်တော့ လူသေလူဖြစ် သီအိုရီကို မကြိုက်ပါ။ တစ်ခြားစာအုပ်တစ်ချို့ ဖတ်မိသလောက်တော့ ကောင်းတာတွေ ပါပါတယ်။  ဥက္ကဋ္ဌစရိယာဆိုတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှာဆိုရင် အရေးအသား ခန့်လည်းခန့်တယ်။ သွက်လည်း သွက်တယ်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီးတို့ရဲ့ “လယ်တီတရားသတင်းစာ”မှာ ရေးခဲ့တာတွေလည်း ကောင်းပါတယ်။ နောက်ဆုံး နှိပ်ကွပ်ခံလိုက်ရပေမယ့် သူလည်း ဗုဒ္ဓဘာသာအတွက် တကယ်အလုပ်လုပ်ခဲ့တာပါ။ ရွှေချိန်ခွင်။ ကျောက်ကွင်းအရေးတော်ပုံ။ တောင်တွင်းကြီးမှာ အခြေချပြီး အလုပ်လုပ်ခဲ့တာပါ။

တောင်တွင်းကြီးက အသံတစ်သံ မှတ်မိပါသေးတယ်။ စာပေဟောပြောပွဲ ကက်ဆက်တိတ်ခွေမှာ နားထောင်ခဲ့ဖူးတာပါ။ စာပေလူကြမ်းမင်းသား အောင်သင်း။ တောင်တွင်းက အောင်းသင်း။ ထောင်တွင်းက အောင်သင်း။ “ဗိုလ်ချုပ်အောင်ဆန်းက မစားဘဲနဲ့ စွန့်ခဲ့လို့ ခုလူတွေ မစွန့်ဘဲနဲ့ စားနေရတာပေါ့။”

နောက်တစ်ခုက “မျိုးဆက်သစ်တိုးတက်ရစ်ဖို့”ထဲမှာ ထင်တာပါပဲ။ (ဒကာကြီး)အောင်သင်း ညွှန်းထားလို့ ဖတ်မိတဲ့ စာအုပ်။  “သောင်းထိုက်”၊ “အမှန်တရား မြတ်နိုးခြင်း”။ အဲဒီထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသားပွင့်လင်းမှုကို ချီးကျူးထားတာ ဖတ်ရပါတယ်။ “မကြာခဏ ကျွန်တော်တို့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို သွားသတိရမိ၏။ လူပုံအလယ်တွင် လိုအပ်လာပြီဆိုလျှင် အပေါ်အင်္ကျီချွတ်၍ စွပ်ကျယ်အပြဲနှင့် နေရဲသူ၊ လူထုဟောပြောပွဲ၌ ‘ဖာနိုင်ငံ’ ‘ပြဲနေအောင် လုပ်နိုင်မှ’ ဟူသည့် အသုံးအနှုန်းများ သုံးရဲသူ၊ ကက်ဗိနက် ထိုင်နေစဉ် ‘ကြည်ရေ . . . . ပဲပြုတ်နဲ့ နံပြားစားချင်တယ်’ စာရေးခဲ့သူမှာ တကယ့် သစ္စာတရား မြတ်နိုးသူ၊ ဟန်မဆောင်တတ်သူ ဆင်းဆီးယားဖြစ်သည့် ခေါင်းဆောင်ကြီး မဟုတ်ပါလော။” “အမှန်တရား မြတ်နိုးခြင်း”ဆိုတဲ့ စာအုပ် e-Copyကို အင်တာနက်မှာ ရှာဖတ်နိုင်ပါတယ်။

အင်တာနက်မှာ သိချင်တာ အားလုံးမဟုတ်တောင်မှ တော်တော်များများကို ရနိုင်တာမို့ ၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက် မွေးနေ့ရှင် ဘယ်သူတွေ ရှိသေးလဲ သိရအောင် Googleနဲ့ ရှာကြည့်တာ တစ်ယောက်တွေ့ပါတယ်။ Lyle S. Bettger. မွေးဖွား - ဖေဖော်ဝါရီ ၁၃၊ ၁၉၁၅။ ကွယ်လွန် - စက်တင်ဘာ ၂၄၊ ၂၀၀၃။ Hollywoodမင်းသား။ The Greatest Show on Earthမှာ Oscarဆုရ။ ဗိုလ်ချုပ်အောင်ဆန်း အသက်တိုသလောက် သူကျတော့ အသက်ရှည်လိုက်တာ။ ၈၈နှစ် နေသွားရတယ်။ ကံလို့ပဲ ပြောရမှာလား။ ဗုဒ္ဓဘာသာ အလိုအရ ဘာဖြစ်ဖြစ် ကံအကြောင်းနဲ့ မကင်းပေမယ့် ကံချည်းသက်သက်တော့လည်း မဟုတ်ပြန်။ ဖြစ်ပျက်ကြုံတွေ့ရသမျှအကျိုးရလဒ် <= အတိတ်/ပစ္စုပ္ပန်ကံ + အထောက်အပံ့ အခြေအနေ။ ကံ။

ကံကို ယုံတဲ့အနေနဲ့ သွားလေသူ ဗိုလ်ချုပ်အောင်ဆန်းအတွက် ရေစက်ချက် အမျှဝေလိုက်ရမလား။ ထုံးစံအတိုင်း “ကောင်းရာသုဂတိ လားပါစေ”လို့ ဆုတောင်းရမှာလား။ မွေးနေ့ဆိုတော့ မကြားနိုင်လောက်ပေမယ့် “Happy Birthday”လို့ ပြောလိုက်ရမလား။ ဟိုနေ့က တင်ခဲ့တဲ့ “အိမ်အစစ်”ထဲမှာတော့ သေတာကို ငိုတယ်ဆိုရင် မွေးတာကိုလည်း ငိုရမှာပဲတဲ့။ မွေးလာရင် သေရမှာမို့ပါတဲ့။ တောင်စဉ်ရေမရ အတွေးစတွေပါ။

Picture from (12 February 2011):
https://picasaweb.google.com/niknayman.niknayman/GeneralAungSan#5360136920350776626A

ဒီနေ့ကိုမေ့နေကြပြီလား?

သူငယ်ချင်းတို့ရေ..လာမဲ့ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့လေးက ဘာနေ့လဲ?

သိပြီးသားပါ..ချစ်သူများနေ့လေ.လို့ မှတ်မှတ်ရရရှိစွာ ဖြေကြမှာပဲနော်..

ဒါဆိုဒီနေ့လေးကကောဟင်?
 
ဧကရီမေးလိုက်မှ သူငယ်ချင်းတို့ ပြက္ခဒိန်လေး ဆီ မျက်လုံးရောက်သွားပြီမလား.?

အင်းးးးးးဒီနေ့ ဖေါ်ဖေါ်ဝါရီလ ၁၂ ရက်နေ့လေလို့ သူငယ်ချင်းတို့ပြန်ဖြေမှာသိနေတယ်..

ဟောဒါဆို မနက်ဖန်ကကော..ဘာနေ့လဲ..မှတ်ကောမှတ်မိကြပါ့မလားဟင်?

တကယ်ဆို တို့များ မြန်ပြည်ကြီးလွတ်ငြိမ်းချမ်းသာခွင့်ကြီးရအောင် တို့ဗိုလ်ချုပ်အောင်ဆန်းနဲ့ခေါင်းဆောင်ကြီးများပင်လုံစာချူပ်ချုပ်တဲ့နေ့ပေါ့။

ပြည်ထောင်စုနေ့ကြီးလေ..(၆၄)နှစ်မြှောက်ခဲ့ပါပြီ မမေ့အပ်တဲ့နေ့ထူးနေ့မြတ်ကြီးနောနေ့လေးနဲ့ပါတ်သက်တဲ့
ဧကရီဖတ်မိလေ့လာထားသမျှလေးတွေပြန်မျှဝေ ပေးလိုက်တယ်နော်။ဖတ်ကြည့်ပြီး သမိုင်းဝင်ပုံလေးတွေကော
အမှတ်တရ သိမ်းထားလိုက်ကြပါလို့်။ 

images?q=tbn:ANd9GcRwkA_9JF52Uxcjl4QS4VBCOrlzY8irQSzbUUnbYoFE4XhS0Bthc2aDiNHVqw


180px-PinLone.JPG



ဒီပုံလေးက ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် စာချုပ်ချုပ်ရာမှာ ပါဝင်ကြတဲ့ နိုင်ငံခေါင်းဆောင်များရဲ့ ပုံပါ။


180px-DSC00060.JPG


ဒါက ယခုလက်ရှိသမိုင်းဝင်ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ အထိမ်းအမှတ်ကျောက်တိုင်ကြီးပါ။

2Q==


Agreement.JPG

ဒါက သမိုင်းဝင် ပင်လုံစာချုပ်ကြီးပါ။


images?q=tbn:ANd9GcQJrg9He8JzVz-rC0DJxrgh_6-Tbklmwamx0X6Vxvp_m0e8aYw4yBNufhBY_g

ပင်လုံစာချုပ် ချုပ်ဆိုအပြီး ဗိုလ်ချုပ်အပါအ၀င် ညောင်ရွှေစော်ဘွား နှင့် ခေါင်းဆောင်ကြီးများ ရဲ့ အမှတ်တရပုံလေးပါ။

images?q=tbn:ANd9GcSPAzNiaARaLM8Nyrdyx0ZqZ1HQ0D9JOb2wm5DITVsxsA4n2W1xWYb9fqd2

ပင်လုံစာချုပ်ခဲ့သော ၁၉၄၇ခုနှစ်ဖေါ်ဖေါ်ဝါရီလ၁၂ ရက်နေ့က ပင်လုံကျောက်တိုင်ကြီးပုံပါ။

images?q=tbn:ANd9GcQMbpaqof47Oo-nzTv1JBZxh77vB_omS3oEqKGf84JtxsQmjUUFEFMh_QzpFw

ထိုနေ့က ဗိုလ်ချုပ်၏ အမှတ်တရ ပုံလေးတွေပါ။

images?q=tbn:ANd9GcRqtsenxuFF4uugBhMXydmTWuIY4h-Of1JSBcoNp5_rU7io8Dxt



သမိုင်းဝင်ပင်လုံစာချုပ်




မြန်မာနိုင်ငံတော်အစိုးရ
(ပုံ)
အောင်ဆန်း
၁၂-၂-၄၇
ကချင်ကော်မတီ
(ပုံ)
ဆမားဒူးဝါးဆင်ဝါးနောင်
မြစ်ကြီးနား
(ပုံ)
ဇော်ရစ်
မြစ်ကြီးနား
(ပုံ)
ဒိန်ရတန်
မြစ်ကြီးနား
(ပုံ)
ဇော်လ
ဗန်းမော်
(ပုံ)
ဇော်လွန်း
ဗန်းမော်
(ပုံ)
လဗန်းဂရောင်း
ဗန်းမော်
ချင်းကော်မတီ
(ပုံ)
ဦးလွှာမှုန်း
အေတီအမ်။
အိုင်တီအက်(စ်)အမ်၊ ဖလမ်း။
(ပုံ)
ဦးသောင်ဇာခပ်အေတီအမ်၊ တီးတိန်။
(ပုံ)
ဦးကွယ်မန်းအေတီအမ်၊ ဟားခါး။
ရှမ်းကော်မတီ
(ပုံ)
ခွန်ပန်းစိန်
တောင်ပိုင်းစပ်ဖလုံ
(ပုံ)
စဝ်ရွှေသိုက်‎
ညောင်ရွှေစပ်ဖလုံ
(ပုံ)
စပ်ဟုံဖ
မြောက်ပိုင်းသိန္နီစပ်ဖလုံ
(ပုံ)
စပ်နွံ
လဲချားစပ်ဖလုံ
(ပုံ)
စပ်စံထွန်း
မိုင်းပွန်စပ်ဖလုံ
(ပုံ)
စပ်ထန်းအေး
သာမိုင်းခမ်းစပ်ဖလုံ
(ပုံ)
ဦးဖြူ
သထုံစပ်ဖလုံ၏ ကိုယ်စားလှယ်
(ပုံ)
ခွန်းဖုံး
မြောက်ပိုင်းသိန္နီ
(ပုံ)
ဦးတင်ဧ
(ပုံ)
ဦးထွန်းမြင့်
(ပုံ)
ဦးကြာပု
(ပုံ)
ဦးခွန်စော
(ပုံ)
စပ်ရစ်ဖ
(ပုံ)
ဦးခွန်ထီး

ဒါက ပင်လုံစာချုပ်ချုပ်ဆိုရာမှာပါဝင်ခဲ့ကြတဲ့ ခေါင်းဆောင်များရဲ့ နာမည်တွေပါ။





images?q=tbn:ANd9GcS594izN2bOvxwfyId4zzFIsWyEhRwW_E6eZiIEsh-9K3oxoD4p

ဒီပုံက ဗိုလ်ချုပ်အောင်ဆန်း တောင်ကြီးမြို့လေးကို ရောက်ခဲ့စဉ်က ပုံလေးပါ။

သမိုင်းဝင်ပင်လုံစာချုပ်ပါ အကြောင်းအရာများ။

  ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်

မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံးတို့အပြင် ရှမ်းပြည် နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ...ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည်လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။
  • (၁)တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။
  • (၂)ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင် ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ် ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။
  • (၃)အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကို၎င်းနှင့်လူမျိုးချင်းမတူသောဒုတိယအတိုင်ပင်ခံနှစ်ဦးကကူညီစေရမည်။ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည်၎င်းတို့အသီးသီးသက်ဆိုင်သည့်နယ်များ ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြား နယ်စပ်ဒေသအားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက် တာဝန် ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။
  • (၄)အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။
  • (၅)အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြ စ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင် အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာလက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။နယ်စပ်ဒေသများအတွက်နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးရာခိုင်နှုန်း အပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။
  • (၆)ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခုနယ်နိမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်းဤကဲ့သို့
သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက်အထ မြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရအက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း (၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင်နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်အားဆွေးနွေးတိုင်ပင်ရမည်။
  • (၇)နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိ အမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။
  • (၈)ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်း မရှိစေရန်။
  • (၉)ဤစာချုပ်တွင်သဘောတူညီကြသည့်အစီအစဉ်မှာမြန်မာပြည်အခွန်တော်ငွေများမှကချင် တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များကရသင့်ရထိုက်သောဘဏ္ဍာရေးအကူအညီကို
ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီအစဉ်များကို ထားရှိ ကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။


180px-848241027_c73f2897b9_o.jpg
ပင်လုံစာချုပ်ကိုဗိုလ်ချုပ်အောင်ဆန်းလက်မှတ်ရေးထိုးနေတဲ့ပုံပါ။


သမိုင်း

မြန်မာ့သမိုင်း တစ်လျှောက်လုံး၌ အနော်ရထာဘုရင့်နောင်အလောင်းမင်းတရား ဤမင်းသုံးပါး လက်ထက်တွင်သာ မြန်မာတနိုင်ငံလုံး တစ်ပေါင်းတစ်စည်းတည်း ရှိခဲ့ဖူသည်။ ဗြိတိသျှအစိုးရ လက်အောက်တွင်မူ တိုင်းရင်းသားများအား ခွဲခြားအုပ်ချုပ်ခဲ့သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေး ပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီး မရှိပဲ သွေးကွဲမှုပင် ရှိခဲ့သည်။
ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်ရေးကို အနှစ် ၇၀ မျှကာလပတ်လုံး အမျိုးမျိုး အဖုံဖုံ ကြိုးပမ်းရာ၌ လွင်ပြင်သားနှင့် တောင်တန်းသားတို့ တစ်ကြိမ်မျှ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည် မရှိပေ။ သို့သော် ဖက်ဆစ်ဂျပန်ကို တော်လှန်ကြရာတွင် တိုင်းရင်းသားအားလုံး ညီညွတ်ခဲ့သည်။ သွေးစည်းပူးပေါင်း၍ ဂျပန်ကို တွန်းထုတ်နိုင်ခဲ့သည်။
ဂျပန်တို့လက်အောက်မှ လွတ်မြောက်ပြီးနောက် လွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းသည့်အခါတွင်လည်း လွင်ပြင်သား၊ တောင်တန်းသား မခွဲခြားပဲ တိုင်းရင်းသားပေါင်းစုံ သွေးစည်းမှုကို ရှာကြံခဲ့ကြသည်။ ဤသို့ဖြင့် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကြောင့် မြန်မာ့လွတ်လပ်ရေးကို မျှော်မှန်းနိုင်သည့်အခါသို့ပင် ဆိုက်ရောက်ခဲ့လေသည်။ သို့တိုင်အောင် ဗြိတိသျှနယ်ချဲ့တို့သည် တောင်တန်းသားများအား မိမိတို့လက်အောက်မှ မလွတ်စေလိုသေးပေ။ ထို့ကြောင့် တောင်တန်းသားများအား အမျိုးမျိုး နားလှည့်ခဲ့ကြသည်။
၁၉၄၆-ခုနှစ် ဇန္နဝါရီလအတွင်း ရွှေတိဂုံဘုရား ကုန်းတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလညီလာခံကြီးက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တိုင်းရင်းသားအားလုံး လက်တွဲ၍ ဆောင်ရွက်ပြီးလျှင် အတူတကွ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံ ထူထောင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အတိုင်း ဖြစ်မြောက်နိုင်ရန် မြန်မာခေါင်းဆောင်ကြီးများ ကြိုးပမ်းခဲ့ကြသည်။
ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း ဗဟိုချက်တွင်ရှိသော ပင်လုံမြို့ကလေးတွင် ရှမ်းစော်ဘွားများ ညီလာခံကို ၁၉၄၆ ခုနှစ် ဇန္နဝါရီလအတွင်းမှာပင် ကျင်းပခဲ့ရာ မြန်မာခေါင်းဆောင်ကြီးများဖြစ်သော သခင်နုဦးဘဂျမ်းနှင့် မန်းဘခိုင်တို့ တက်ရောက်ခဲ့ကြသည်။ ဗြိတိသျှနယ်ချဲ့တို့၏ ဝါဒဖြန့်မှု​​ကြောင့် တွေဝေနားယောင်နေသော ရှမ်းအမျိုးသားများအား ပြတ်ပြတ်သားသား ရှင်းလင်း ပြောဆိုခဲ့ကြသည်။
၁၉၄၇ ခုနှစ် ဇန္နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်တော်အဖွဲ့သည့် ဗြိတိန်နိုင်ငံသို့ မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက် အရေးဆိုကြရာ ပြည်မကြီးရော တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ကြသည်။ ဗြိတိသျှတို့ကမူ ပြည်မကြီးကိုသာ လွတ်လပ်ရေးပေးပြီးလျှင် တောင်တန်းဒေသများကို ဆက်လက် သိမ်းပိုက်ထားရန် အကြံအစည်ရှိခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းတို့ကမူ တောင်တန်းဒေသများ မပါသော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိသော လွတ်လပ်ရေး ဖြစ်သဖြင့် တောင်တန်းဒေသများကို ပြည်မကြီးနှင့်တပြိုင်တည်း လွတ်လပ်ရေးပေးရန် အရေးဆိုခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် ဗြိတိသျှအစိုးရတို့ ဗိလပ်၍ ဆွေးနွေးနေစဉ် ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံ၍ တောင်တန်းသားများ နှင့် လွင်ပြင်သားများ အစေးမကပ်ကြသယောင် ဝါဒဖြန့်ကြသည်။ ထို့ကြောင့် မြန်မာ့ခေါင်းဆောင်ကြီးများသည် တောင်တန်း ဒေသများသို့ သွားရောက်ကာ တိုင်းရင်းသား စည်းလုံးရေးကို ဟောပြောလှုံ့ဆော်ခဲ့ကြသည်။
ဗိလပ်တွင် ​ဆွေး​နွေးလျက်ရှိသော လွတ်လပ်ရေးကိစ္စတွင် ဗြိတိသျှတို့က ပရိယာယ်သုံးကာ တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူပါက ပြည်မကြီးရော တောင်တန်းဒေသများပါ တပြိုင်တည်း လွတ်လပ်ရေးပေးမည်၊ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကို တောင်တန်းသားများက ယင်းတို့ဘာသာ ဆုံးဖြတ်ပါစေဟု ပြောဆိုပြီးလျှင် ယင်းသဘောတရပ် သက်ဝင်သော အောင်ဆန်း အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ဆိုက်ရောက်လာသည်။ ထို့နောက် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့် တောင်တန်းဒေသ ပူးပေါင်းရေးကို ဆွေးနွေးကြသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညနေတွင် မြန်မာတိုင်းရင်းသားပေါင်းစုံ ညီညွတ်မှုကို ရရှိခဲ့သည်။ နောက်တစ်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ် (၂၁)ဦးတို့သည် တိုင်းရင်းသား သွေးစည်းမှု အဆောက်အအုံကို တည်ဆောက်ပေးသည့် တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြသည်။ ယင်းသို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို ''ပြည်ထောင်စုနေ့'' ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။
ဗြိတိသျှအစိုးရသည်လည်း ပြည်မကြီးရော တောင်တန်းဒေသများပါ တပြိုင်တည်း လွတ်လပ်ရေးပေးရန် သဘောတူညီ ရလေသည်။ ဤသို့လျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်မြောက်ရေးကို ထိုနေ့တွင် အုတ်မြစ်ချခဲ့သဖြင့် ပြည်ထောင်စု တိုင်းရင်းသားတိုင်း မမေ့လျော့အပ်သော နေ့ထူးနေ့မြတ်တစ်ခု ဖြစ်လာသည်။

 အထိမ်းအမှတ်ပွဲများ ကျင်းပ

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ''ပြည်ထောင်စုနေ့''ဟူ၍ မြန်မာနိုင်ငံတော် အစိုးရက အသိအမှတ်ပြုပြီး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။ ''ပြည်ထောင်စုနေ့'' အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ဆင်ယင်ကျင်းပခဲ့သည်။ ၁၉၄၈ နှင့် ၄၉ ခုနှစ်များတွင် ''ပြည်ထောင်စုနေ့'' သဘင်ကို ပင်လုံမြို့၌ ကျင်းပခဲ့ပြီးလျှင် ၁၉၅၀ ပြည့်နှစ်မှစ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။
ပြည်ထောင်စုနေ့သဘင်ကို ကျင်းပသည့်အခါ ကချင်၊ ရှမ်း၊ ကရင်၊​ ချင်း၊ နာဂ၊ ကယား၊ ဆလုံစသော ပြည်နယ်အသီးသီးမှ ဧည့်သည်တော်များကို ဖိတ်ကြား တက်ရောက်စေသည်။ ထိုဧည့်သည်တော်များကလည်း မိမိတို့၏ ယဉ်ကျေးမှု အကများဖြင့် ပြန်လည်ဧည့်ခံကြသည်။
၁၉၅၄ ခုနှစ်မှစတင်၍ ထူးခြားချက်မှာ ပြည်ထောင်စု အလံတော်ကို အလှည့်ကျရာ ပြည်နယ်အသီးသီးမှ ပြည်ထောင်စုနေ့သဘင် ကျင်းပချိန်အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်း သယ်ယူစေခြင်းပင်ဖြစ်သည်။ ထိုနှစ်တွင် တိုင်းရင်းသား လူမျိုးစုတို့ ပူးပေါင်းသွေးစည်းရာ ပင်လုံမြို့မှ ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စုနေ့အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်း သယ်ယူလာပြီးလျှင် နိုင်ငံတော်ဝန်ကြီးချုပ်လက်သို့ ပေးအပ်ခဲ့သည်။
ကိုးကား..wikimyanmar