Tuesday, February 15, 2011

နိယာမတွေလွန်သော အခါတွင်...



images?q=tbn:ANd9GcStcBIv9H-hlqxwMTDiN1rNWzWqNVajLuSob9Xef4tpWRRl1ffDzuJi4SCV

ဖေဖေ့မေတ္တာ ပန်းရွှေကြာနှင့်
ပမာနိုင်းဆို၊ မနိုင်းလိုပါ၊
ထိုပန်းနွေခါ နွမ်းသောကြောင့်။

(ကံကြမ္မာလှိုင်းကရိုက်တွေကြားတွေထဲမှာ.
အပူအပင်ကင်းစွာ မေမေ နဲ့ ကျမ ကို
လူ့လောကထဲ စိတ်ချလက်ချ ထားသွားတဲ့ဖေဖေ
ဘ၀တစ်ပါးကို မမျှော်လင့်ပဲ ရုတ်တရက် ထွက်ခွါသွားပါသောဖေဖေ
 ဖေဖေကို သတိသရ လွမ်းဆွတ်မိတဲ့ ရက်တွေကြားက
မနေ့က အဖြစ်လေးတစ်ခု ကြောင့် ဖေဖေ့ မေတ္တာ ထုထည်အတိမ်အနက်
ကို ပိုပြီးထိတွေ့ လက်တွေ့ကျကျ လိုလိုချင်ချင်ကြီးကို  ပြန်ခံစားချင်နေမိပါတယ်ဖေဖေ။)


images?q=tbn:ANd9GcTN14xqfEKRl8QHC9fLyLAYPP1vabGZGf6BGMdHGeICkrMiQW6uLTVQBjex
 
မိခင်မေတ္တာ လစန္ဒာနှင့်
ပမာနှိုင်းဆို၊ မနိုင်းလိုပါ၊
ထိုလတိမ်ဖုံး၊ မသာသောကြောင့်။

(အသက်အရွယ်ရလာပြီ ဖြစ်တဲ့ မေမေရင်ခွင်မှာ
နှစ်ရိုက်စွာ အိပ်နေရင်း..နိုးတစ်ဝက်နဲ့ မော့ကြည့်မိစဉ်
မေမေ့မျက်နှာလေးမှာ ပါးရည်လေးတွေတောင် တွန့်နေပါပေါ့လား။
မေမေ့တစ်ယောက်ထဲ ဖေဖေမရှိတဲ့နောက်ပိုင်း ကျမ အပေါ်မှာ
အစားလက္ခဏာ နဲ့မဟုတ်တဲ့ အမြှောက်လက္ခဏာတွေနဲ့
မေတ္တာတရားစေတနာ ပလပွတွေတိုးပြီးရင်းတိုးလို့ မေမေ့ မျက်နှာလေးပြုံးနေပေမဲ့
ဒီနေ့ မေမေငိုနေတာ သမီးသိလိုက်ပါတယ်မေမေ။
အခက်အခဲများစွာနဲ့အတ္တတရားလွန်ဆွဲနေတဲ့ မေမေ့ကို  သမီးသနားလှပါပေ့။
သမီးကို ချစ်တဲ့ မေမေတစ်ယောက် မောပန်းနေရော့ပေါ့)


images?q=tbn:ANd9GcSmUOvvqLY2FG5GXIHemVStajGZZYbUrZT3yyGnH2t_spf_3wLdg7ZptCQ6eA


ချစ်သူမေတ္တာ၊ စမ်းရေပြာနဲ့
ပမာနှိုင်းဆို၊ မနှိုင်းလိုပါ၊
ထိုစမ်းနွေခါ၊ ခမ်းသောကြောင့်။

(ချစ်သူအလိုကျု အရာရာပေးစွမ်းနိုင်သမျှကာလပတ်လုံး
ချစ်ဆုံးသူရဲ့ ရင်ခွင်တစ်စုံသာ အနွေးထွေးဆုံး အလုံချုံဆုံးထင်မိလိုက်စဉ်
တစ်နေ့တစ်ချိန် ချစ်သူ့အလိုမပေးနိုင်လျှင် နွေမှာခမ်းမဲ့ စမ်းပြာပြာလားချစ်သူရယ်။)

(၀မ်းနည်းစရာ တစ်ခုခုနဲ့ တိုက်ဆိုင်လာတိုင်း တွန်တွဲသွားတတ်တဲ့ ကျမစိတ်ကလေးပါ)

                                                                                   ***ဧကရီ***