ဖေမြင့် ရေးတဲ့ လူသုံးပစ္စည်းရောင်းသူများ ၀တ္ထုတိုလေးပါ။ တအားရယ်ရတယ်၊ ဖတ်ကြည့်ပါဗျာ။ :)
Friday, March 4, 2011
စင်ကာပူရှိ မိုဘိုင်းဖုန်းများကို အင်တာနက်မှ အခမဲ့ မက်ဆေ့ခ်ျပို့နိုင်ပြီ
စင်ကာပူနိုင်ငံရှိ မိုဘိုင်းဖုန်းများသို့ SMS ခေါ် စာတိုပို့စနစ်သုံး မက်ဆေ့ခ်ျစာတိုများ အင်တာနက်မှ တစ်ဆင့် အခမဲ့ ပေးပို့ဆက်သွယ် နိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ စနစ်ကို သက်ဆိုင်ရာ ၀က်ဘ်ဆိုက်များမှ အခမဲ့ ၀န်ဆောင်မှု ပေးထားခြင်း ဖြစ်ပြီး စာတိုတစ်စောင်လျှင် အင်္ဂလိပ်ဘာသာဖြင့် စာလုံးအရေအတွက် ၁၄၀ အထိ ပေးပို့နိုင်မည် ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံတွင် လက်ရှိ အသုံးပြုနေသည့် မိုဘိုင်းဖုန်း စနစ်များ ဖြစ်ကြသော Singtel, M-1, Starhub ဟူသော စနစ်သုံးမျိုးစလုံးသုံး မိုဘိုင်းဖုန်းများကို စာတိုများ စောင်ရေ အကန့်အသတ်မရှိဘဲ မည်သူမဆို အခမဲ့ ပေးပို့နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
မက်ဆေ့ခ်ျပို့လိုသူသည် မိမိပို့မည့် မက်ဆေ့ခ်ျကို လက်ခံမည့် သူ၏ မိုဘိုင်းဖုန်းသည် အထက်ပါ အမျိုးအစား သုံးခုမှ မည်သည့်အမျိုးတွင် ပါဝင်နေသည်ကို သိရှိရန် လိုအပ်ပြီး Starhub လိုင်းသုံး ဖုန်းအမျိုးအစား ဖြစ်ပါက အင်တာနက်ဝက်ဘ်ဆိုက် http://websms.starhub.com ကို ၀င်ရောက်ရမည် ဖြစ်ပြီး Singtel အတွက် ဆိုလျှင် http://sms.singtel.com/internetsms ၊ M-1 အတွက်ဆိုလျှင် http://www.freebiesms.hk/SMSByPrefix.aspx/M1,Singapore သို့မဟုတ် http://www.m1.com.sg/M1/site/M1Corp/ တို့သို့ အသီးသီး ၀င်ရောက်ရမည် ဖြစ်ပြီး စာတိုပို့ ပုံစံတွင် ပို့လိုသူ၏ ဖုန်းနံပါတ်၊ အကြောင်းအရာနှင့် ပို့သူအမည် စသည့် အချက်အလက်များကို ဖြည့်စွက်ကာ send ခလုတ်ကို နှိပ်ရုံဖြင့် အလွယ်တကူ ပို့နိုင်ပြီ ဖြစ်ကြောင်း၊ Starhub နှင့် M-1 အမျိုးအစား မိုဘိုင်းဖုန်းများကို မက်ဆေ့ခ်ျပို့ရန် သက်ဆိုင်ရာ ဆိုက်များတွင် အကောင့်တစ်ခု ပြုလုပ်ထားရန် မလိုသော်လည်း Singtel အမျိုးအစား ဖုန်းများအတွက်မူ ၄င်း၏ ၀က်ဘ်ဆိုက်တွင် အကောင့်တစ်ခု ဖွင့်ထားရန် လိုအပ်ကြောင်း၊ http://smsfree4all.com/free-sms-singapore.php ကဲ့သို့သော ဆိုက်များမှလည်း စင်ကာပူနိုင်ငံရှိ မိုဘိုင်းဖုန်းများသို့ အွန်လိုင်းမှတစ်ဆင့် SMS စာတိုများ အခမဲ့ ပေးပို့နိုင်ကြောင်း လှည်းတန်းလမ်းဆုံအနီးရှိ အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးက ပြောပြခဲ့သည်။

အဆိုပါ အခမဲ့ ဖုန်းမက်ဆေ့ခ်ျပို့ခြင်း ၀န်ဆောင်မှုကို လွန်ခဲ့သောလက စတင်၍ အသုံးပြုနိုင်နေပြီ ဖြစ်ကြောင်း၊ အင်တာနက်ဆိုင်များမှ တစ်ဆင့် စင်ကာပူရှိ ဆွေမျိုးမိတ်ဆွေများကို Pfingo, Skype စသော VOIP ဖုန်းများဖြင့် လာရောက်ဆက်သွယ်သူများကို ပိုမို အဆင်ပြေလွယ်ကူစေရန် ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြခဲ့သည်။
credit mmdailynews

အော် . . . ဒုက္ခ ဒုက္ခ
ဝဘ်ဆိုဒ်တခု လုပ်ရတာ လွယ်သလောက် ထိန်းသိမ်းရတာ မလွယ်ပါဘူး။ ကျွန်တော်တို့ ကျောက်ပန်းတောင်း ဆိုဒ်က ဇာတိမြေကို အခြေခံတဲ့ဆိုဒ် ဇာတိမြေ ၇ဲ့ ဂုဏ်သတင်း ဆောင်နိုင်အောင် ထိန်းထိန်းသိမ်းသိမ်း ရေးရတယ်။ အများသူငှာ မငြိုညင်အောင် လဲ လုပ်ရတယ်။ သတင်း ဖတ်စရာ မှတ်စရာ စာပေ များတင်တဲ့အခါမှာလဲ ကိုယ်ပိုင် မူပိုင်ဆို ပြသနာ မရှိပေမယ့် ကော်ပီကူးယူ တယ်ဆိုရင် မူရင်း ပိုင်ရှင်ကို အသိပေးရပါတယ်။ ခွင့်ပြု မပြု မသိပဲ ကူးယူ ဖေါ်ပြမိပြန်တော့ ပြသနာက ရှင်းနေရမယ်။ စာပေ အနုပညာ နယ်ထဲ မေ၇ာက်ပေမယ့် ဆိုဒ်တခု ထူထောင်သူမှာ မူပိုင်ခွင့် ကို သဘာဝ လူမှုရေး သဘာတရား အတိုင်း လိုက်နာ ရပါတယ်။ စေတနာဖြင့် လူမှုရေး လုပ်သည် ဆိုသော်လဲ အစိုးရ နဲ့ မငြိအောင် ရေးရ ပြုရပါတယ်။
စကားဝါမြေ အွန်လိုင်း စာကြည့်တိုက်က အများသိကြတဲ့ အတိုင်း ကျောက်ပန်း တောင်းသားလေး ကိုရဲ ရဲ့ စာပေ မြတ်နိုးမှု နဲ့ မျှဝေလိုစိတ်ဖြင့် ထူထောင် ထားတဲ့ ဆိုဒ်ဖြစ်ပါတယ်။ စာအုပ်ဆိုဒ်က တော်တော်လေး လူသိများပြီး အောင်မြင်လာတယ်။ ဘာကြောင့်လဲဆိုတော့ နည်းပညာ စာအုပ်များ၊ သုတ ရသ စာအုပ်များ ထောင်နဲ့ချီလို့ တနေရာတည်းမှာ စုစည်းပေးထားခြင်းကြောင့် ဖြစ်ပါတယ်။ အွန်လိုင်းမှာ ပြန့်ကျဲနေတဲ့ အီးဘွတ်တွေကို စုစည်းပြီး အညွန်းများတပ် စနစ်တကျ ထားသိုကာ နိုင်ငံတာမှ စာဖတ်ပရိတ်သပ်တို့ လွယ်ကူစွာ ဖတ်နိုင်ရန် စေတနာထား လုပ်ဆောင်ပေးနေခြင်းဖြစ်ပါတယ်။ အောင်မြင်လာတော့ စာအုပ်ကို ပိုက်ဆံနဲ့ ရောင်းတဲ့သူအတွက် ဒါဟာ ကြီးမားတဲ့ အနှောက်ယှက် ဖြစ်နေတယ်။
အခုတော့ စကားဝါမြေ အွန်လိုင်း စာကြည့်တိုက်ကို အတ္တကြီး စီးပွားရေးသမား (စာအုပ်သည်) က လူမိုက်ငှားကာ တိုက်ခိုက်ခြင်း ခံလိုက်ရပါတယ်။ ဒီနေ့ နံနက် အီးမေး စစ်တော့ အောက်ဖေါ်ပြပါ မေးကို တွေ့ရှိရခြင်ဖြစ်ပါတယ်။ စကားဝါမြေ ပြန်လည် ရပ်တည်နိုင်ရေး အတွက် ကူညီလိုသူများ ဆက်သွယ်နိုင်ကြရန် ဖေါ်ပြလိုက်ပါတယ်ခင်ဗျာ။
သို့ / စကားဝါမြေ အွန်လိုင်း စာကြည့်တိုက်မှ စာချစ်သူ/တေးချစ်သူ မိတ်ဆွေ များခင်ဗျာ..
ယနေ့ (၃.၃.၂၀၁၁) နေ့ မနက်ပိုင်းမှာ စကားဝါမြေ အွန်လိုင်း စာကြည့်တိုက် Website ကို ( http://www.sagarwarmyae.org/ ) DDoS Attack ဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရပြန်ပါတယ်။ ဘာကြောင့် DDoS Attack လို့ပြောရတာလဲလို့မေးရင်တော့ ကျွန်တော် ကိုယ်တိုင် ထို DDoS Attack ဆိုတာကို ကြားသာ ကြားဖူးသော်လည်း သေချာ မသိပါ။ ဒီနေ့ မနက် ဆိုဒ်ကို ဖွင့်ကြည့်တဲ့အခါ မရတော့ Hosting ကို လှမ်း အကြောင်းကြားရာမှာ ယခုကဲ့သို့ပြန်လာပါတယ်။
We are getting massive DDOS attack on this site and we can’t host these kind of sites in our shared server. We can provide you with a backup of your site. Please provide us with your FTP info at your new host and we will upload a full backup of your site.
ထို့ကြောင့်သာ DDOS attack လို့ သုံးလိုက်ရခြင်း ဖြစ်ပါတယ်။ ပြန်လည်ပြုပြင်နိုင်ရန် ဘယ်လောက် အချိန်ယူရမည်ကိုတော့ ကျွန်တော်ကိုယ်တိုင် မသိသေးပါခင်ဗျာ။ မူလ ၀ယ်ယူထားသော Hosting တွင်တော့ ကျွန်တော့် ဆိုဒ်ကို လက်မခံနိုင်တော့တဲ့အကြောင်းနဲ့  နောက်ထပ် အသစ်ဝယ်ယူပါကလည်း သူတို့ဆီမှ ၀ယ်ယူပါက ယခုကဲ့သို့ ထပ်မံ ဖြစ်နိုင်ကြောင်းသာ ပြန်ကြားလာပါတယ်။ ဒါကြောင့် သုံးစွဲသူ တိုးတက်လာသောအခြေအနေတွင် ယခုကဲ့သို့ ဖြစ်သွားခြင်းအတွက် တောင်းပန်အပ်ပါတယ်။ တတ်နိုင်သမျှ ပြန်လည် ရနိုင်အောင် ကြိုးစားကြည့်ပါဦးမည်။ မရတော့လည်း သဗ္ဗေသတ္တာ ပေါ့ဗျာ။
ယခုတော့ စကားဝါမြေ အတွက် Hosting အသစ် တစ်ခု လိုအပ်လျက်ရှိပါတယ် ခင်ဗျာ။ ဒါကြောင့် Hosting အတွက် ဒါနပြုလိုသူများ ဒီ မေးလ်ကို ဆက်သွယ်နိုင်ပါတယ်။ အမှန်ပြောရလျှင် ယခု အချိန်ထိ ကိုယ်ပိုင် ငွေကြေးဖြင့်သာ မြန်မာ စာအုပ်များကို Free Sharing လုပ်နေခြင်း ဖြစ်ပါတယ်။ ယခုကဲ့သို့ဖြစ်ပေါ်လာတဲ့အခါ တစ်လလျှင် $ 30 ခန့် အနည်းဆုံး ကုန်ကျမည် ဖြစ်ပါတယ်။ ထိုကုန်ကျငွေသည် Hosting Plan တစ်ခုအတွက်သာဖြစ်ပါတယ်။ ထိုကြောင့် ပါဝင်ကူညီလိုသူ များ အနေနဲ့ ဒီမေးလ် ကို ဆက်သွယ်ပေးပါရန် လေးစားစွာ အသိပေး အပ်ပါတယ်။
ဆက်သွယ်ရန် – ကိုရဲ (စကားဝါမြေ) yephyothu@gmail.com
လေးစားစွာဖြင့် - စကားဝါမြေ - http://www.sagarwarmyae.org/
ဆက်သွယ်ရန် – ကိုရဲ (စကားဝါမြေ) yephyothu@gmail.com
လေးစားစွာဖြင့် - စကားဝါမြေ - http://www.sagarwarmyae.org/
From (4 March 2011):
http://kyaukpadaung.com/?p=598
အကြင်နာနန်းတော် ကျန်းမာပါစေ။
မေတ္တာဖြင့်
ရှင်အာစာရ
Flock Browser
NN: Flock Browser လိုချင်ပါတယ်ခင်ဗျ ကူညီပါဦး
ပုံစံလေးကဒီလိုလေး
Browser Theme တွေလည်းပြောင်းသုံးလို့ရမယ်နော်
ကျွန်တော်တော့ ဒီ Browser ကိုမသုံးတော့သေချာမသိဘူးဗျ
Font ကနေရာတိုင်းမှာအဆင်ပြေပါ့မလားပဲ
အဆင်ပြေသလိုသာလုပ်ပေတော့နော် :D
*************** တောင်ကြီးသားလေး... ***************