Sunday, March 13, 2011

500_Games For Nokia NSeries

Nokia games ပေါင်း 500 ပါဝင်ပါတယ်
ဖုန်းထဲမှာဂိမ်းဆော့ချင်သူတွေအတွက်အဆင်ပြေပါတယ်
လိုချင်ရင်တော့ဒေါင်းယူလိုက်ပါ...




myanmar-technicians. ဖိုရမ်မှကူးယူမျှဝေပါသည်။




မိသားစုဘ၀အတွက်


"How can Buddhism help our family life?”

ဗုဒ္ဓဘာသာက မိသားစုဘ၀ကို ဘယ်လိုများ အထောက်အကူ ပေးနိုင်ပါသလဲ။

ဘုရားရှင်ရဲ့ အဆုံးအမ တရားတော်တွေကို မိသားစုဝင်တိုင်းက လိုက်နာကျင့်သုံးကြတယ်ဆိုရင် ဗုဒ္ဓဘာသာက မိသားစု ဘ၀ကို အထောက်အကူ ပေးနိုင်တာပေါ့။ တရားတော်တွေကို လေ့လာ၊ လေ့လာပြီး ဆင်ခြင်သုံးသပ်၊ နောက်ဆုံး လက်တွေ့ ကျင့်သုံးကြတယ်ဆိုရင် တစ်ဦးတစ်ယောက်ချင်းစီ အကျိုးရှိသလို မိသားစု တစ်ခုလုံးလည်း အကျိုးရှိပါတယ်။ စိတ်ဖိစီးတာ စိတ်လှုပ်ရှားတာကို ဘယ်လိုတုံ့ပြန်ရမယ်၊ ချစ်ခြင်းမေတ္တာ နဲ့ သနားကြင်နာခြင်းကို ဘယ်လိုပြုစုပျိုးထောင်ရမယ်၊ အသိဉာဏ်ကို ဘယ်လိုဆည်းပူးရမယ် ဆိုတဲ့ သွန်သင်ချက်တွေ တရားတော်မှာ အပြည့်အ၀ ပါရှိပါတယ်။ အဲဒါတွေကို လေ့လာကျင့်သုံးခြင်းအားဖြင့် ပိုပြီး ပျော်ရွှင်လာနိုင်တာပေါ့။ ပိုပြီး ငြိမ်းချမ်းလာနိုင်တာပေါ့။ နောက်ပြီး ပေါင်းလို့သင်းလို့ ကောင်းတဲ့သူတွေ၊ သည်းခံခွင့်လွှတ်တတ်သူတွေ ဖြစ်လာမှာပေါ့။ တစ်ဘက်သားကို တလေးတစား နားထောင်တတ်သူတွေ ဖြစ်လာမှာပေါ့။ ဘုရားရှင် သင်ပြတော်မူခဲ့တဲ့ ဒီ အရည်အသွေးတွေကို ဖွံ့ဖြိုးအောင် လုပ်နိုင်တဲ့ဆိုရင် မိသားစုဘ၀ဟာ အံ့သြစရာ ကောင်းလောက်အောင် ငြိမ်းချမ်းလာပါလိမ့်မယ်။

မိသားစုရဲ့ ဦးစီးခေါင်းဆောင် လင်နဲ့မယား နှစ်ယောက်ထဲကိုပဲ ကြည့်ပါအုံး။ နှစ်ယောက်လုံးက တရားတော်ကို ဗဟိုပြုကြမယ်ဆိုရင် သူတို့ရဲ့ ဆက်ဆံရေးဟာ ကျေနပ်စရာ ကောင်းနေပါလိမ့်မယ်။ ဗုဒ္ဓဘာသာရဲ့ အခြေခံ အကျဆုံး ငါးပါးသီလကို ကျင့်သုံးတယ် ဆိုရင်ပဲ သိက္ခာရှိတဲ့ သစ္စာရှိတဲ့ ကြင်နာတတ်တဲ့ ရိုးသားတဲ့ ဘ၀ဖော်တွေ ဖြစ်နေပါလိမ့်မယ်။ တစ်ယောက်ယောက်က တရားနဲ့ မလျော်တဲ့ အတွေးလမ်းကြောင်း အကျင့်လမ်းကြောင်းပေါ် ရောက်နေပြီဆိုရင် တစ်ယောက်က သနားငဲ့ညှာမှု အပြည့်နဲ့ လမ်းကြောင်းမှန်ပေါ်ရောက်အောင် ပြန်တင်ပေးနိုင်ပါလိမ့်မယ်။ မပြေလည်တဲ့ စုံတွဲတွေကို လေ့လာကြည့်ရင် တစ်ယောက်ယောက်က ငါးပါးသီလလုံအောင် မကျင့်သုံးနိုင်တာကို တွေ့ရပါလိမ့်မယ်။

လိုရင်းပြောရရင် အချင်းချင်း နားလည်နိုင်မှု၊ အချင်းချင်း ပံ့ပိုးနိုင်မှု၊ အချင်းချင်းအပေါ် ရိုးသားမှု စတဲ့ အရည်အချင်းကောင်း ဖွံ့ဖြိုးစေခြင်းအားဖြင့် ဘုရားအဆုံးအမတွေကို လက်တွေကျင့်သုံးကြသူတွေရဲ့ မိသားစု ဘ၀ကို ဗုဒ္ဓဘာသာက ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုချင်ပါတယ်။

ငြိမ်းချမ်းကြပါစေ။


ရည်ညွှန်း

pp 14-16, “Dealing with Life's Issues, a Buddhist Perspectives” by Ven Thubten Chodron; 1st Edition, January 2008; 4th reprint of 5, 000 copies, May 2010; Printed by Fabulous Printers Pte Ltd (Singapore)

Mozilla Browser မှာ Gmail တွေ တစ်ခုထက်ပိုဖွင့်ချင်သူတွေအတွက်ပါ။

မသိသေးသူအတွက်ပေါ့နော်..
ဂျီမေးလ်အကောင့် ကို တစ်ခုပဲ ဖွင့်ရတယ်..နှစ်ခုဖွင့်လို့မရဘူးးလားဆိုပြီး သူငယ်ချင်းတစ်ယောက်ကမေးလို့
တင်ပေးလိုက်တာပါ။အရင်ဆုံး
ကိုယ့်မေးလ်ဖွင့်ပြီးလျှင်.

Mail Settings ထဲ က
Accounts and Import
ကိုကလစ်ပေးပြီး
Other Google Account settings

ကို ၀င်ပြီးPersonal Settings ထဲက

Multiple sign-in
  • On - Edit 
  • မှ Edit ကို ကလစ်ပေးပါ။
ဒီလင့်ခ် ထဲကနေ ကလစ်ပြီးဝင်လျှင်လည်းရပါတယ်။

2gmail.JPG?width=721



On - Use multiple Google Accounts in the same web browser. ကို အမှတ်ပေးပြီး ဘောက်ထဲမှာ
 Select each of the checkboxes below to confirm you understand how to use multiple sign-in
တွေကို အကုန်လုံး အမှန်ခြစ်ပေးပါ။

ပြီးလျှင်Save လုပ်လိုက်ပြီးလျှင် ..


အဲဒီစာမျက်နှာအပေါ်ဘားမှာ..
18akarai18@gmail.com
| My Account | Help | Sign out  ကိုမြင်ရပါ့မယ်။

အဲဒီထဲမှMy Account ဘေးနားကတြိဂံမျှားလေးကိုကလစ်လိုက်လျှင်
Sign in to another account ဆိုတာလေးပေါ်လာမယ် အဲ့မှာနှိပ်ပြီး နောက်ထပ် gmail အကောင့်တွေ ထပ်ဝင်လို့ရပါပြီ။
ပထမ ဖွင့်ထားတဲ့မေးလ် ကို ထွက်စရာမလိုပါဘူး။
ဒါဆို မေးလ်ဘောက်အသစ်တစ်ခု ထပ်ကျလာရင် နောက် ကိုယ်ဖွင့်မဲ့ အကောင့်သစ်ကို ၀င်လိုက်လို့ရပါပြီ။

ဒီလိုပဲ နောက်မေးလ်တစ်ခု ထပ်ဝင်ချင်လျှင် အပေါ်ကလို Sign in to another account  ကို ကလစ်လုပ်ပြီးမေးလ်အသစ် ၀င်လိုက်ပေါ့နော်..:D

Gmail Account Locked ကျသွားသူများအတွက်ပါ။

ညီမလေးတစ်ယောက် က အကူအညီတောင်းလို့ပါ။ သူ့ gmail account locked ကျသွားလို့ဆိုပြီး

ဖုန်းဆက်မေးတာနဲ့ ..လုပ်နည်းလေး ပြောပြပေးလိုက်ပါတယ်ရှင့်.
ပြီးရင် အောက်က ပုံလေးအတိုင်း လိုအပ်တာဖြည့်ပေးပြီး Unlock  ကလစ်လိုက်ရင် အဆင်ပြေသွားမှာပါ။


unlock.JPG

နောက်တစ်နည်းက ကိုယ်ဝင်ထားတဲ့ မေးလ်အကောင့် ဘားတန်းလေးမှာ
ဥပမာ.(https://mail.google.com/mail/?..............................)  s ထည့်ပေးပြီးEnter ပြန်ခေါက်ရင်လည်းရပါတယ်။

နောက်တစ်နည်းက google ကနေ ဖုန်းနံပါတ်တို့ မေးလ်လိပ်စာတို့တောင်းတဲ့ လင့်ခ်လေးကျလာရင် မထည့်ပဲနဲ့
မော်စီလာဘားတန်းအပေါ်က Reload currend page ကို ကလစ်ပြန်ပေးလိုက်ပါ။
ကိုယ့်မေးလ် ပွင့်လာပါလိမ့်မယ်။
အဆင်ပြေပါစေရှင့်...