Friday, March 18, 2011

Warning – Keylogger Device on Public PC’s

ဒီနေ့ အကြင်နာနန်းတော် ဆိုက်ဒ်လေးကိုလာလည်ကြတဲ့ သူငယ်ချင်းတွေကို ဧကရီ လက်ဆောင်လေး
တစ်ခုပေးလိုက်ပါ့မယ်။။
ဒါလေးက ဘာလဲဆိုတော့..Black Device လို့လည်းခေါ်တဲ့

Warning – Keylogger Device Hardware  လေးပါ။




black-device-keylogger-1.jpg


သူ့ကို ဘယ်နေရာမှာ အသုံးပြုကြသလဲဆိုတာပြောပြချင်လို့ပါ။
ကိုယ်တိုင်တော့ မသုံးဖူးပါဘူး( အမှန်ဝန်ခံခြင်းပါ)
မြန်မာပြည်က ဟက်ကာနာမည်ခံတဲ့သူတွေ တော်တော်များများ သုံးနေကြတဲ့ ပစ္စည်းလေးလို့ပြောရမှာပေါ့နော်။:P

ဒါလေးက System Casingနှင့် ချိတ်ဆက်ထားတဲ့Keyboard ကြိုးမှာကြားခံတပ်ဆင်ထားရင်
 အမှတ်မထင် ကြည့်မယ်ဆိုရင် Keyboard Adaptor တစ်ခုလိုပဲထင်နိုင်ပါတယ်။
သူ့က ကွန်ပျူတာမှာ ရိုက်နှိပ်လိုက်သမျှ အချက်အလက်များကို ခိုးယူသိမ်းဆည်းထားနိုင်ပြီး
 စာလုံးတိုင်း၊ အက္ခရာတိုင်းကိုသာမက Email Addressနှင့် Passwordများကိုပါ ခိုးယူသွားနိုင်တဲ့
Deviceတစ်ခုဖြစ်ပါတယ်။

တချို့အင်တာနက်ဆိုင်တွေမှာ တပ်ဆင်ထားမှု ရှိမရှိကို စစ်ပြီး မှသုံးသင့်ပါတယ်။
အောက်ကပုံလေးမှာကြည့်ပါ။မျှားလေးပြထားတဲ့နေရာလေးမှာ တပ်ဆင်တာဖြစ်ပါတယ်။


device2.jpg


အင်တာနက်ဆိုင်ကနေသုံးကြတဲ့သူတွေဆိုရင်ကိုယ်သုံးတဲ့ကွန်ပျူတာမှာ Keyboardကေဘယ်လ်ကြိုးကို အရင်စစ်ဆေးသင့်ပါတယ်။
ဒီပစ္စည်းလေးနဲ့တူတဲ့.. ယူဆရဖွယ်ရှိတဲ့ အရာတစ်ခုခု တွေ့လိုက်ရပြီဆိုရင်တော့အဲဒီစက်ကို မထိုင်ပါနဲ့တော့။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ခိုးယူတဲ့နည်းကနေ ဥာဏ်ရှိသလို  ကာကွယ်သင့်ပါတယ်။ ဒါလေးကဒေါ်လာ(၃၀)လောက်ပဲ ဈေးရှိတယ်လိုပြောကြပါတယ်။


black-device-keylogger-2.jpg

နိုင်ငံကြီးတော်တော်များများမှာ အသုံးပြုကြပေမဲ့ တရားဝင်ရောင်းချခွင့်ပေးထားခြင်းမရှိတဲ့ ကိရိယာလေးပါ။
အောက်က လင်ခ်လေးကိုကလစ်ပြီးဖတ်ရှူ့ နိုင်ပါတယ်ရှင့်။

ဒီနေရာမှာ ကြည့်နိုင်ပါသည်။

                                           ခင်မင်လေးစားလျှက် ***ဧကရီ***



ဇီဝလှိုင်း ဗေဒင် (Biorhythm)

ကျွန်တော်တို့ မွေးတဲ့အချိန်က စပြီး ကိုယ်လှိုင်း၊ စိတ်လှိုင်း နဲ့ ဥာဏ်လှိုင်း သုံးမျိုးဟာ တက်လိုက် ကျလိုက်နဲ့ လှုပ်ရှားလည်ပါတ်နေပါတယ်။ ကိုယ်လှိုင်းက (၂၃)ရက်၊ စိတ်လှိုင်းက (၂၈)ရက်၊ ဥာဏ်လှိုင်းက (၃၃)ရက် ကြာတိုင်း တစ်ပါတ်လည်ပါတယ်။ ဒီလှိုင်းသဘောတရားတွေကို အထူးကု ဆရာဝန်တွေ သုတေသနလုပ်ရင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကိုယ်လှိုင်း တက်နေတဲ့ ရက်တွေမှာ ခန္ဓာကိုယ်က ခွန်အားပြည့် လန်းဆန်းတက်ကြွနေပါတယ်။ ကိုယ်လှိုင်း ကျနေချိန်နဲ့ သုည အမှတ်ကို ဖြတ်ချိန်တွေမှာ နွမ်းနယ် အားနည်းနေတတ်ပါတယ်။ အဲဒီအချိန်တွေမှာ အနေအထိုင် မဆင်ခြင်မိရင် ဖျားနာတတ်ပါတယ်။ စိတ်လှိုင်း တက်နေချိန်မှာ စိတ်စူးစိုက်နိုင်မှု၊ စိတ်စွမ်းအား ပြည့်ဝနေပြီး အလုပ်တွေကို အောင်မြင်အောင် လုပ်နိုင်ပါတယ်။ ကျနေချိန်၊ သုညမှတ်ကို ဖြတ်နေချိန်တွေမှာ စိတ်စူးစိုက်နိုင်မှု၊ စိတ်ထိန်းချုပ်နိုင်မှု မရှိဖြစ်နေတတ်ပါတယ်။ အလုပ်အကိုင်ကြီးတွေ၊ အရေးကြီးတာတွေကို အဲဒီအချိန်တွေမှာ မလုပ်ပါနဲ့။ ဥာဏ်လှိုင်း တက်နေချိန်မှာ တီထွင်ဖန်တီးတဲ့ အလုပ်တွေ၊ ဦးနှောက်သုံးရတဲ့ လုပ်ငန်းတွေလုပ်သင့်ပါတယ်။ သင်ကြားလေ့လာမှုတွေ လုပ်သင့်ပါတယ်။ ဥာဏ်လှိုင်းကျနေချိန်၊ သုညမှတ်ဖြတ်ချိန်တွေမှာ ဦးနှောက်သုံးရတဲ့ လုပ်ငန်းတွေသိပ်မလုပ်ပါနဲ့။ ဗေဒင်ဆရာဆီသွားပြီး အခါရွေးခိုင်းမနေတော့ပဲ ဒါလေးကို အသုံးချနိုင်ကြပါတယ်။ သိပ္ပံနည်းကျ နည်းလမ်းလေး ဖြစ်ပါတယ်။

အောက်က အချက်တွေကို မှတ်ထားပါ။
(၁) အလုပ်အကိုင်ကြီးတွေ၊ အရေးကြီးတာတွေ လုပ်မယ်ဆိုရင် လှိုင်းအားလုံး တက်နေချိန်မှာ လုပ်ပါ။
(၂) လှိုင်း နှစ်ခု၊ သုံးခု သုညမှတ် ဖြတ်နေချိန်မှာ ကျန်းမာရေး ဂရုစိုက်ပါ။ နားနေပါ။ အရေးကြီးတာတွေ၊ လုပ်ငန်းကြီးတွေ မလုပ်ပါနဲ့။
(၃) လှိုင်းတွေ ကျနေချိန်ဟာ လုပ်ဆောင်နိုင်စွမ်း ကျနေတဲ့ ကာလတွေ ဖြစ်ပါတယ်။

အောက်မှာ သင့်ရဲ့ မွေးရက်၊ လ၊ ခုနှစ်တွေကို ဖြည့်ပေးပါ။ သင် တွက်ချက်ကြည့်လိုတဲ့ လ ကို ရွေးပေးပါ။ စိမ်းပြာရောင်က ကိုယ်လှိုင်း၊ အနီရောင်က စိတ်လှိုင်း၊ အပြာရောင်က ဥာဏ်လှိုင်းတွေ ဖြစ်ပါတယ်။ တွက်ကြည့်ပါဗျာ။



ပျော်ရွှင် အောင်မြင်ပါစေ။ :)