Sunday, April 3, 2011

ကဗျာ့စီးချင်းလေးပါ..

တောင်းဆိုသူဦးဧကရာဇ်ကြီး က ကဗျာရေးပေးပါလို့တောင်းဆိုလို့ မရေးတတ်ပေမဲ့
ရှိစုမဲ့စု ဖြစ်ညစ်ထုတ်လိုက်တဲ့ ဧကရီ ရဲ့  ကဗျာစီးချင်းလေးတွေပါ။ အတွေးထဲက လာတဲ့
ပလုပ်ချုပ်ခလေးတွေနော်..မျက်စိအရှုပ်ခံလို့ ဝေဖန်ရင်းခံစားကြည့်ပေးပါ..:D
ဘာရယ်လို့မဟုတ်ရေးမိရေးရာ တွေးမိတွေးရာလေးတွေပါ။
********************************************************************************
185.jpg

(နင်ရယ် ငါရယ် ဒီတစ်ရက်နေ့ရယ်)

ငိုသံတွေထဲကလူ ပုရစ်တစ်ကောင်လိုဟစ်ကြွေး
လူမသိ သူမသိ ကဗျာတစ်ပုဒ်ရေးဖို့ ကာရံပျောက်တဲ့
စိတ်ရူးပေါက် စီးချင်းထဲလွှင့်မျောလို့..


ဟိုးးးးးးးးအရင့်အရင် မနေ့တစ်ရက်ကအစ
ရှေ့ရက်တွေများ တမ်းချင်းထိမဲ့
လွမ်းချင်းလေးတွေပေါ့..

သံယောဇဉ် မနိုင့်တနိုင်နဲ့ ချို့ငဲ့ငဲ့ အချစ်တွေကြား
ယိုင်တိယိုင်တိုင် နဲ့ ဇာတ်မျောကြီး တစ်ပုဒ်ကို
အဆွေးခန်းတွေ နဲ့ ငိုချင်းစွေ လွမ်းချင်းချလို့

အဆွေးဇာတ်ထဲက တေးသံတွေနဲ့ အပြိုင်
ရယ်လိုက် ငိုလိုက် နဲ့ အတ္တကြီးတဲ့ ငါ
ကိုယ့်ကြမ္မာ ကိုယ်ဖန်တော့မယ်။

နှလုံးသား မှတ်ကျောက်တစ်ခုအတွက်
မေတ္တာအိမ်အချစ်ခရီး မှင်နီတားလို့
ငါသိတဲ့  နင်နဲ့ ဒီလိုတစ်ရက်နေ့တိုင်း
အဖြေညှိကြရင်..နင်မမှားပါဘူး

ယောကျာင်္းလည်းမာန ရှိတတ်ရမယ်လေ
နင့်ရဲ့ နာကျင်မူ့ အပေါ် အဆိပ်ထပ်မခပ် ချင်တော့လို့

ငါဆိုတဲ့ သူကပဲ
တစ်ရက်နေ့လေးရောက်တိုင်း
မျှော်လင့်ရက်ပေးတဲ့ နင့်အတွက်
အသက်ဆက်ရှိနေသရွေ့ပေါ့။

ညီမျှခြင်းဆေးစက်ချလို့
မာနဆိုတဲ့ တည်ကိန်းတစ်ခုကို
ခက်ခက်ခဲခဲ မစားပါနဲ့တော့။

အနိုင်ရသူ နာကျင်တတ်စမြဲဆိုရင်.
ငါအရှုံးပေးလို့..ခပ်ပြုံးပြုံးလေး
အဝေးဆုံးမဟုတ်တဲ့ နင့်ရဲ့ အနီးတစ်နေရာမှာပဲ
တိတ်တိတ်လေး မှ တကယ့်တိတ်တိတ်လေး
နင်မသိအောင်   ငိုကျွေးပါရစေ.

The Basic Method of Meditation - အခြေခံ တရားရှုမှတ်နည်း

The Basic Method of Meditation - အခြေခံတရားရှုမှတ်နည်း