Wednesday, April 6, 2011

ယောကျာင်္းတစ်ယောက်ကိုလိမ္မာလာအောင်ဘယ်လိုလုပ်ရမလဲ?

4 Apr 11, 06:02 PM
မေးမြန်းသူု:mnချစ်သူက 6လပိုင်းဆို ပြန်လာရတော့မှာ ပြန်လာရင်စေ့စပ်ရတော့မှာ မိဘတွေကော သူငယ်ချင်းတွေကောအားလုံးသိပါတယ်ဒါပေမယ့် သူညတိုင်းကျူနေတယ်လေ မိတာလည်းခဏခဏပဲ ပြောလိုက်ရင်နောက်မလုပ်တော့ပါဘူးဆိုပြီး နောက်လုပ်တာပဲ သူ့ကိုလမ်းခွဲချင်ပေမယ့် အသိုင်းအ၀ိုင်းတွေကြောင့်ပါ သူ့စရိုက်တွေလုံးဝမကြိုက်ဘူး ဘာလုပ်သင့်လဲ? ယောကျာ်းတစ်ယောက်ကိုကော လိမ်မာအောင်ဘယ်လိုလုပ်ရမလဲ ညီမက သူ့ထက် 5နှစ်ငယ်တယ် ပြီးတော့ သူကအရာရှိတစ်ယောက် မိဘတွေလည်းသိနေတာကို သူဘာလို့ဒီလိုလုပ်နေရတာလဲ?စိတ်ညစ်တယ် သူ့ကိုဘယ်လိုပြောရမလဲ ဘယ်လိုထိန်းချုပ်ရမလဲ အကြံပေးပါဦး လမ်းခွဲလည်းသူကလက်မခံဘူး။

.............................................................................................................................

လူ့မူ့ရေးမေးမြန်းရန်မှာ mn ရဲ့ မေးမြန်းထားတာလေးကို ဖြေဆိုပေးလိုက်ပါတယ်နော်။
mn ရဲ့ အမေးကိုဖြေရမယ်ဆိုရင် မိန်းခလေးဖက်ကနေကြည့်ရင်တော့ ညီမရဲ့ ချစ်သူက
ညီမအပေါ် သစ္စာမရှိဘူးလို့ ပြောလို့ရသလို ညီမရဲ့ ချစ်သူဖက်ကနေကြည့်ပြန်ရင်လည်း
သူရဲ့ လိုချင်တဲ့ဆန္ဒ သဘောတရားကို ညီမ မလိုက်မှီနိုင်သေးတာလည်းဖြစ်နိုင်တယ်လေ။
အွန်လိုင်းပေါ်က အချစ်မျိုးလား.ကိုယ့်ကိုတကယ်လက်ထပ်ယူမဲ့ အချစ်မျိုးလားဆိုတာပဲ
ညီမ အနေနဲ့ အရင်ဆုံးသေချာအောင် လေ့လာဆုံးဖြတ်ဖို့တော့လိုတယ်နော်။

ဘာလို့လည်းဆိုတော့ ညီမနဲ့လည်း စေ့စပ်မယ်လူကြီးတွေလည်းသိပြီးသားကို ညတိုင်းကျူ
နေတယ်ဆိုတဲ့စကားအရပေါ့။
သူရဲ့ အကျူဇယားထဲမှာ ကိုယ်ပါနေသလား မပါဘူးလားဆိုတာကို အရင်သိအောင်လုပ်ပါ။
မဟုတ်ခဲ့ရင်တော့ ညီမ မရှိတဲ့အချိန်မှာ သူအတွက် စိတ်လေတာတွေ ရှိကောင်းရှိမယ်လေ။
 ကိုယ်ဖက်က အချိန်ပြည့် သူရှိတတ်တဲ့ အချိန်မျိုးကိုစောင့်ပြီး သူဘာဖြစ်ချင်တယ်
ဘယ်လိုမျိုးကြိုက်တတ်တယ်။ ကိုယ့်ချစ်သူ အလိုက်အကြိုက်ဆောင်ပေးနေရင်တော့..သူမကျူ
လောက်တော့ပါဘူး။

သူ့စရိုက်ကိုလုံးဝမကြိုက်ဘူးဘာလုပ်သင့်လဲ? ယောကျာင်္းတစ်ယောက်ကို လိမ္မာအောင်ဘယ်လို
လုပ်ရမလဲ ?ဆိုတဲ့မေးခွန်းကြတော့ ဖြေရရင်အရှည်ကြီးပေါ့နော်။
အဓိက ကကံရာကံရှင် ညီမ က အရေးကြီးပါတယ်။ အစကတည်းက မချစ်ခင်ကတည်းက အဓိက
လက်မထပ်ခင် ကတည်းက သူ့စရိုက် ဘယ်လိုရှိတယ်ဆိုတာလေ့လာထားသင့်တယ်။
ချစ်ပြီးမှလက်ထပ်ပြီးမှ ( မိန်းမကောင်းတစ်ပွင့် ပန်းကောင်းပန် )ဆိုတဲ့ရှေးစကားလည်းရှိတာပဲ။ သူ့စရိုက်မကြိုက်လို့ ကွာရှင်းပြတ်စဲပြီးဖြတ်လိုက်ရင်လည်း ကိုယ်ကမိန်းမကောင်းတစ်ယောက် သိက္ခာဆိုတာကရှိသေးတယ်လေ။
တစ်လင်ကွာ တစ်ခုလပ် ဆိုတဲ့ ဂုဏ်ပုဒ်ကြီးက ဘ၀ရဲ့  အမည်းစက်ကြီး ဖြစ်သွားတတ်ပါတယ်။
သူ့စရိုက်က အရမ်းဆိုးနေလားဆိုတာရယ်..လူမူ့ရေးဖေါက်ပြန်မူ့တွေနဲ့ ခွင့်မလွတ်နိုင်တဲ့အထိဆိုး
နေလား။  ဒါမှမဟုတ်  အွန်လိုင်းပေါ်ကအကျူဇယားလောက်ပဲလား..အဲဒါကို သေချာစုံစမ်းစေချင်
ပါတယ်။  အရမ်းဆိုးသွမ်းတဲ့ စာရင်းထဲကဆို ရင်ညီမ အနေနဲ့ ရေထဲကြမယ်မှန်းသိသိနဲ့ အကျီမချွတ်
မိမှာစိုးလို့ သေချာစဉ်းစား ဆုံးဖြတ်စေချင်ပါတယ်။
သူမှာစရိုက်ကြမ်းတွေ ခွင့်မလွတ်နိုင်တဲ့ အမှားမျိုး မရှိဘူးဆိုရင်တော့ ညီမ ပြုပြင်ထိန်းသိမ်းဖို့အချိန်
မှီပါသေးတယ်။ ဒါကြောင့် ညီမမကြိုက်တာတွေ ရှိရင် နှစ်ယောက်သားမျက်နှာချင်းဆိုင် အေးဆေး
ဆွေးနွေးပါ။တိုင်ပင်ပါ။ သူ့အကြိုက် ကိုယ့်အကြိုက်ညှိနိုင်းပါ။သဘောတူညီချက် ကတိတွေ တောင်းပါ။
အဓိက ညီမ က သူအကြိုက်ဘာလဲဆိုတာအရင်လေ့လာစုံစမ်းပါလို့ပြောပါရစေ။ဒါမှ သူကျူတဲ့ အဖြစ်မှန်
ကိုသိမှာဖြစ်ပြီး ကိုယ်အတွက်သူ့အတွက် ရှေ့ရေးညှိနိုင်းလို့ရမှာ ဖြစ်ပါတယ်။

ယောကျာင်္းတစ်ယောက်ကိုလိမ္မာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ အမေးကျတော့လည်း..
ဘယ်လိုဖြေရမလဲ ညီမ..:P
ဗီဇ နဲ့ လိမ္မာရေးခြား  ရှိပြီးတဲ့သူက အစကတည်းက လိမ္မာတယ် စရိုက်မကြမ်းဘူး။အပြောအဆို
အနေအထိုင် လူမူ့ဆက်ဆံရေးကအစ မိကောင်းဖကောင်းဆရာသမားကောင်းရဲ့ အရိပ်အာဝါသ
အောက်က ကြီးလာတဲ့သားသမီးတိုင်း သိသာပါတယ်ညီမ။
ညီမက လက်ထပ်မယ်လို့အပီအပြင်ဆုံးဖြတ်ထားပြီးသားဆိုရင်တော့..ညီမရဲ့ ချစ်သူ ကို ညီမကိုယ်တိုင်
ယဉ်ကျေးပြလိုက်ပါ။ ဘုရားတရားသံဃာတော်တွေနဲ့ နေ့တိုင်းထိတွေ့ နိုင်အောင် ညီမက စပြီးဆောင်
ရွက်ပေးပါ. ဓမ္မစကားနေ့တိုင်းကြားနေရမယ်ဆိုရင် သတ္တ၀ါတိုင်းစိတ်ထားနူးညံ့ သိမ့်မွေ့သွားတတ်ကြ
ပါတယ်ညီမ။ အသိဆရာတော်တွေနဲ့ မိတ်ဆက်ပေးပါ။အသိမရှိရင် ဆရာတော်များ ရေးသားထားတဲ့
အွန်လိုင်းပေါ်က ဘလော့ခ်တွေ ကို ဖတ်ခိုင်းပါ။
လူတစ်ယောက်ဟာ အဓိက ကစိတ်ထားဟာ အရေးကြီးပါတယ်။ တရားကိုဖတ်တာထက် တရားကိုလေ့လာ လိုက်စားနိုင်ပါမှ  နူးညံ့သိမ့်မွေ့ ပါလိမ့်မယ်။

ကိုယ့်အပေါ်သစ္စာရှိပြီး တစ်ယောက်ဆို တစ်ယောက်ပိတောက်ဆို ပိတောက် ဖြစ်ချင်တယ်ဆိုရင်
တော့ လိုင်း လုံးဝမသုံးခိုင်းပါနဲ့လို့ အကြံပဲပေးပါရစေနော်..::P
ညီမကလမ်းခွဲချင်တယ်..သူ့အသိုင်းအ၀ိုင်းကြောင့်ရယ်..သူကလမ်းခွဲတာ လက်မခံဘူးဆိုရင်..
ညီမဆုံးဖြတ်ရမှာပါ။ သူ့အသိုင်းအ၀ိုင်း နဲ့ရေရှည်နေရမှာ မဟုတ်ဘူးလေ. သူနဲ့နေရမှာမို့.သူက
လက်မခံဘူး အရာရှိတစ်ယောက်လဲ ဖြစ်နေတယ် ညီမထက်လည်း ငါးနှစ်ကြီးတယ်။
ဒါဆို သူညီမထင်သလောက် စရိုက်မကြမ်းလောက်ပါဘူး။
ဒါကြောင့် သူ့အကြိုက် ကိုယ့်အကြိုက် ညှိုနိုင်းပြီး တိုင်ပင်ကြပါလို့ အကြံပေးဖြေကြားလိုက်ရပါတယ်။
ချစ်သူ နှစ်ဦး တစ်ယောက်ကို တစ်ယောက် သစ္စာရှိပြီး အထင်လွဲခြင်း ကင်းရှင်းနိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်နော် ညီမ။
ပျော်ရွှင်ကြပါစေနော်။

ဆင်ဖြူကျွန်းဆရာတော် ဦးဓမ္မသာရ ဟောကြားတော်မူသောတရားတော်များ

MP3 Disc 1

၁။ ၂၄-၁၁-၁၉၉၈ နံက် ပဋိစ္စသမုပ္ပါဒ် အခြေခံ (၁)
၂။ ၂၄-၁၁-၁၉၉၈ ည ကိုယ့် ကိုယ် ကိုယ် ဒိဠိ အရင်ခွာ
၃။ ၂၅-၁၁-၁၉၉၈ နံက် ပဋိစ္စသမုပ္ပါဒ် အခြေခံ (၂)
၎။ ၂၅-၁၁-၁၉၉၈ ည ရှင်ဆန္န အားဒိဋ္ဌိသတ်ပေးပုံ
၅။ ၂၆-၁၁-၁၉၉၈ နံက် အင်္ဂါ ၁၂ ပါးအမှောင် ၅ စင်းအလင်း ၅ ချက်
၆ ၂၆-၁၁-၁၉၉၈ ည ရှင်ယမကရဟန်းအားဒိဋ္ဌိသတ်ပေးပုံ
၇။ ၂၇-၁၁-၁၉၉၈ နံက် ၃ ပါးအစပ်နှင့်နှလုံးသွင်းမှန်
၈။ ၂၇-၁၁-၁၉၉၈ ည ရှင်ဆန္နအားဒိဋ္ဌိ နှင့်တဏှာ သတ်ပေးပုံ
၉။ ၂၈-၁၁-၁၉၉၈ နံက် ၀ဋ်လည်ပုံ နှင့် ၀ဋ် ပြတ်ပုံ
၁၀။ ၂၈-၁၁-၁၉၉၈ ည သစ္စညဏ် ကိစ္စညဏ် ကတညဏ် - ၁
၁၁။ ၂၉-၁၁-၁၉၉၈ နံက် ကာလ ၃ဖြာ နှင့် ၀ိသာခ-ဓမ္မဒိန္နာ
၁၂။ ၂၉-၁၁-၁၉၉၈ ည သစ္စညဏ် ကိစ္စညဏ် ကတညဏ် - ၂
၁၃။ ၃၀-၁၁-၁၉၉၈ နံက် ခြင်းရာ ၂၀ နှင့် သမာဒိဋ္ဌိ ၅ မျိုး

 
 
MP3 Disc 2
 
 
၁။ ၃၀-၁၁-၁၉၉၈ ည သစ္စညဏ် ကိစ္စညဏ် ကတညဏ် - ၃
၂။ ၁-၁၂-၁၉၉၈ နံက် နိဝရဏတရား ၅ ပါး နှင့် သောတာပန် အင်္ဂါ ၇ ပါး
၃။ ၁-၁၂-၁၉၉၈ ည နိဗ္ဗာန်အကြောင်းအဂိဝစ္ဆသုတ် နှင့်စုပေါင်းရေစက်ချ
၎။ ၆-၁-၁၉၉၅ နံက်
၅။ ၆-၁-၁၉၉၅ ညနေ
၆။ ၇-၁-၁၉၉၅ နံက်
၇။ ၇-၁-၁၉၉၅ ညနေ
၈။ ၈-၁-၁၉၉၅ နံက်
၉။ ၈-၁-၁၉၉၅ ညနေ သက္ကပညှာသုတ် မစ္ဆရိယ
၁၀။ ၉-၁-၁၉၉၅ နံက်
၁၁။ ၉-၁-၁၉၉၅ ညနေ
 
 
 
 
MP3 Disc 3
 
 
၁။ ၁၀-၁-၁၉၉၅ နံက် အမှောင်ငါးစင်း အလင်ငါးချက်နှင့် စရုက်နှင့်ကမ္မဋ္ဌာန်ရွေးပုံတရာတောိ
၂။ ၁၀-၁-၁၉၉၅ ညနေ ယမကရဟန်း
၃။ ၁၁-၁-၁၉၉၅ နံက်
၎။ ၁၁-၁-၁၉၉၅ ညနေ ၀ိပ္ပလ’ာသ၊့ိံသုကောပမသုတ်
၅။ ၁၂-၁-၁၉၉၅နံက်
၆။ ၁၂-၁-၁၉၉၅ ညနေ သစ္စ၊ကိစ္စကတဥာဏ်
၇။ ၁၃-၁-၁၉၉၅ နံက်
၈။ ၁၃-၁-၁၉၉၅ ညနေ သစ္စ၊ကိစ္စကတဥာဏ်
၉။ ၁၄-၁-၁၉၉၅ နံက်
၁၀။ ၁၄-၁-၁၉၉၅ ညနေ သစ္စ၊ကိစ္စကတဥာဏ်
၁၁။ ၁၅-၁-၁၉၉၅ နံက်
၁၂။ ၁၅-၁-၁၉၉၅ ညနေ နိဗ္ဗာန်တရား
 
 
**** the following audio uploaded and published on 22 Aug  2010****
****** အောက်ပါ တရားတော်များသည် ဆရာတော်၏ တူဖြစ်သူ ကိုကျော်ဝဏ္ဏ (LotusFoundation)မှ စီစဉ်လှုဒါန်းပါသည် *******
 
 
ဆင်ဖြူကျွန်းမြို့ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ဓမ္မာရုံကြီးပေါ်တွင် ဟောကြားတော်မူသောတရားတော်များ
 
 
 
 
 
 
 
 
 
 
 
 
 
 

PhotoScapeSetup_V3.5.exe

9k=

PhotoScapeSetup_V3.5.exe  လေးပါနော်။ ဓါတ်ပုံဝါသနာရှင်လေးများအတွက်အသုံးဝင်ပါတယ်။
ဓါတ်ပုံပေါ်မှာစာလုံးမျိုးစုံရေးမယ်။
ပိုစ့်စကတ်တို့ ကြော်ငြာစာလုံးဒီဇိုင်းတွေကို စိတ်ကြိုက်ဖန်ဆင်းမယ်။ လိပ်စာကဒ်လေးတွေလုပ်ကြည့်မယ်ဆိုရင်
အဆင်ပြေပါတယ်။ မြန်မာစာလုံးဖေါက်စုံနဲ့ လည်းရေးလို့ပါတယ်။
အောက်မှာဒေါင်းလုပ်ဆွဲယူပြီး စမ်းကြည့်ကြတာပေါ့။



http://www.mediafire.com/?6bq81srneelvpr9#2

http://ifile.it/5gmks7r

9k=


မြန်မာဖေါက်စာလုံးအစုံ အတွက် ဒီမှာဒေါင်းယူပါ။


သင်သေသွားသော်



တစ်ဘ၀ဟာ
ထမင်းပွဲတစ်ပွဲ သေပွဲ
ဝင်အပြီး သင် သိလိမ့်မယ်။

ကဗျာဆန်ဆန်
မှော်ဆန်ဆန် အညာဆန်
ရထားထဲမှာ ခရီးသည် သင်။

ညထဲက ရထား ရထားထဲက
သင်
အဖော်မဲ့စွာ အဆင်း
အသံ ရနံ့ ရသ တိုးတိတ် ဆိတ်ညံစွာ။

သင့်အကြောင်း သင်
စဉ်းစား အမှတ်သညာ
ခပ်ပါးပါးလေး မချစ်ကြသူတွေ
ချစ်ကြသူတွေ ရခဲ့တာတွေ
မရလိုက်တာတွေ အရာရာတွေ
ဝေေ၀၀ါးဝါး သေခြင်း
ဟာ တရား ထင်ကြ
သလောက် မခါး။

သေခြင်းရဲ့
ရသတွေထဲမှာ အိမ်ကိုလွမ်း
နေရတာ ချိုနေမယ်။

Picture from (6 Apr 2011):
http://www.deshow.net/cartoon/picasso-abstract-painting-659.html#pic